[ ငါ့ရဲ့ အရာရှိ တိုက်ခိုက်ခံလိုက်ရပြီး အခုထိ သတိမေ့နေတုန်းပဲ။ သူ့အခြေအနေက သိပ်မကောင်းဘူး။ ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ အသက်ရှင်နိုင်ရင် ဒါဟာ အံ့သြစရာပဲ။ သူ ပြန်နိုးလာပါ့မလားတောင် ငါမသေချာဘူး။]
ချားလ်စ်သည် ကလောင်တံကို အဖုံးပိတ်ပြီး အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ သက်ပြင်းချရင်း လက်ရှိအခြေအနေကို စိတ်ပျက်လက်ပျက် ဖြစ်နေစဉ်မှာပင် သူသည် ဒိုင်ယာရီကို ကောက်ယူပြီး အမှတ်မဲ့ လှန်ကြည့်လိုက်မိ၏။ သို့သော် စာမျက်နှာတစ်ခုအရောက်တွင် သူ၏ အသက်ရှူသံများ ရပ်တန့်သွားပြီး နှလုံးခုန်သံများ မြန်ဆန်လာတော့သည်။
ထိုအခိုက်အတန့်တွင် ထိုစာမျက်နှာကို ဖတ်မိခဲ့ခြင်းအတွက် သူ နောင်တရသွားခဲ့၏။
ဒိုင်ယာရီကို ပိတ်လိုက်ပြီးနောက် သူသည် ရူးသွပ်စွာ တဟားဟား ရယ်မောရင်း ခေါင်းကို ခါယမ်းနေတော့သည်။
"ဘာတွေ ဒီလောက် ရယ်နေရတာလဲ" အကွာအဝေးတစ်ခုမှာ ရပ်နေတဲ့ အန်နာက သိချင်စိတ်ဖြင့် လှမ်းမေးလိုက်၏။
ချားလ်စ်သည် သူမကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေပြီးနောက် ပတ်တီးဆီသို့ လျှောက်သွားကာ သူ၏လက်ထဲက အနက်ရောင်ဓားကို ပြန်ယူလိုက်သည်။ ထို့နောက် အန်နာကို အပြင်သို့ ထွက်ခဲ့ရန် လက်ဟန်ပြလိုက်၏။
"အားလုံး စုစုစည်းစည်းနေတာ ပိုဘေးကင်းတယ်လို့ နင်ပဲ ပြောခဲ့တာ မဟုတ်ဘူးလား။ အခု ဘာလို့ အပြင်ပြန်ထွက်မှာလဲ" ပဲ့ကိုင်ခန်းထဲက ထွက်လာရင်း အန်နာက မေးလိုက်သည်။
ချားလ်စ်သည် သူမ၏ ဖြူစင်သော မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ နှုတ်ခမ်းကို အသာအယာ နမ်းလိုက်၏။ အန်နာမှာ အံ့သြသွားသဖြင့် မျက်လုံးလေးများ ဝိုင်းစက်သွားသည်။
ချားလ်စ်က ခွာလိုက်သည့်အခါ အန်နာ၏ ပါးပြင်လေးများမှာ နီရဲနေ၏။ သူမက ချားလ်စ်၏ ရင်ဘတ်ကို လက်သီးဆုပ်လေးဖြင့် အသာထုရင်း "နင် ဘာတွေ ဖြစ်နေတာလဲ ရုတ်တရက်ကြီး" ဟု ချွဲနွဲ့စွာ ပြောရှာသည်။
"ကျားကျား... ငါတို့က ငယ်သူငယ်ချင်းတွေလေ။ ဒီနှစ်တွေမှာ နင် ငါ့တစ်ယောက်တည်းကိုပဲ ချစ်ခဲ့တာလား" ချားလ်စ်က သင်္ဘောနံရံကို မှီရင်း တည်ငြိမ်သော မျက်နှာပေးဖြင့် မေးလိုက်၏။
အန်နာက သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လာပြီး "ဒါပေါ့ ငအ၊ ရဲ့။ မူကြိုတုန်းက သဲပုံထဲမှာ နင် ငါ့ကို ဂေါ်ပြားလေး ပေးကတည်းက ငါ နင့်တစ်ယောက်တည်းကိုပဲ ချစ်ခဲ့တာ"
ချားလ်စ်သည် သူမကို ကြင်နာစွာ ပွေ့ဖက်ထားရင်း အပြင်ဘက်က အမှောင်ထုကို စိုက်ကြည့်နေသည်။ "ကျားကျား... နင်ဟာ တကယ့်ကို ပြည့်စုံတဲ့ ဇနီးလောင်းလေးပဲ။ လှတယ်၊ ယဉ်ကျေးတယ်၊ သစ္စာရှိတယ်"
အန်နာက ပြုံးရင်း ချားလ်စ်၏ လည်ပင်းကို ဖက်လိုက်၏။ "ဒီလို အပြောချိုတာတွေကို ငါ သဘောကျတယ်။ အများကြီး ထပ်ပြောဦး"
"နင့်မှာရှိတဲ့ နှုတ်ခမ်းနီတွေက ဘယ်တံဆိပ်တွေလဲ နင်မှတ်မိလား" ချားလ်စ်က မေးလိုက်သည်။
"ဒါကို ဘာလို့ လာမေးနေတာလဲ။ ကြာလှပြီပဲ၊ ငါ ဘယ်လိုလုပ် မှတ်မိတော့မှာလဲ" အန်နာက စိတ်တိုသလို ပြန်ဖြေ၏။
"အင်းလေ... နင် မှတ်မိမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ငါကိုယ်တိုင်ကလည်း အဲဒီတံဆိပ်တွေကို ဘာမှ မသိတဲ့ ငအ၊ တစ်ယောက်ဖြစ်နေလို့ ငါ့မှတ်ဉာဏ်ထဲမှာ ဘာတံဆိပ်မှ မရှိနေတာလေ"
ချားလ်စ်၏ နှုတ်ခမ်းများ တုန်ရီလာသည်။ ရုတ်တရက် သူ၏ မျက်ဝန်းတွင် မျက်ရည်များ ပြည့်လျှံလာ၏။ သူ၏ ဘယ်ဘက်လက်က ခါးကြားသို့ ရောက်သွားပြီး ခြောက်လုံးပြူးတစ်လက် ထွက်ပေါ်လာသည်။ ပြောင်းဝက အန်နာ၏ ဝမ်းဗိုက်ဆီသို့ တည့်တည့်မတ်မတ် ချိန်ရွယ်ထား၏။
"ကောင်းကျိမင်... နင် ဘာလုပ်တာလဲ" အန်နာ၏ မျက်နှာတွင် မကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာသည်။
"နင်က ငါ့ရဲ့ နာမည်ရင်းကိုတောင် သိနေတာပဲ... ဒါဆို ဘာလို့ အတုအယောင် ဖြစ်နေရတာလဲ။ ဘာလို့လဲ" ချားလ်စ်၏ မျက်နှာမှာ နာကျင်မှုကြောင့် ပုံပျက်နေပြီး ခလုတ်ကို အတင်း ညှစ်ချလိုက်တော့သည်။
ဒိုင်း။ ဒိုင်း။ ဒိုင်း
ကျည်ဆန်ထိမှန်မှုကြောင့် အန်နာသည် နောက်သို့ ယိုင်သွားပြီး အစိမ်းရင့်ရောင် သွေးများ နေရာအနှံ့ စင်ထွက်ကုန်၏။ သူမ၏ မျက်လုံးများက မယုံကြည်နိုင်လောက်အောင် ဝိုင်းစက်သွားသည်။
အန်နာသည် တုန်တုန်ရီရီဖြင့် ခေါင်းငုံ့ကြည့်လိုက်သည်။ သူမ၏ ဝမ်းဗိုက်ထဲမှ လက်တံများ လှုပ်ရှားရုန်းကန်ကာ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ သူမသည် စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ ဆံပင်များကို ဆွဲဖွတော့သည်။ ဒီအမှန်တရားကို သူမ လက်မခံနိုင်ပုံရ၏။
"ဒါက ဘာကြီးလဲ။ ငါ့ဗိုက်ထဲမှာ ဒါတွေက ဘာလို့ ရှိနေရတာလဲ။ ကောင်းကျိမင်... ငါ့ကို ကယ်ပါဦး။ ကျေးဇူးပြုပြီး" သူမ အော်ဟစ်တောင်းပန်နေရှာသည်။
ထိုစကားများ ပြောအပြီးမှာပင် သူမ၏ လှပသော မျက်နှာလေးသည် အရည်ပျော်နေသော ဖယောင်းတိုင်အလား ပျက်စီးသွားတော့သည်။ ဝါစိမ်းရောင် အကျိအချွဲများ ဖုံးလွှမ်းနေသော ရုပ်ဆိုးလှသည့် သတ္တဝါကြီးတစ်ကောင် ထိပ်တန်းကြွက် သင်္ဘော၏ ကုန်းပတ်ပေါ်တွင် ပေါ်လာ၏။ ၎င်းသည် ကျွန်းပေါ်က သတ္တဝါများနှင့် အမျိုးအစားတူပင် ဖြစ်သည်။ လက်တံ ၇ ခု၊ ၈ ခုခန့်က ရေဘဝဲတစ်ကောင်လို ရမ်းခါနေ၏။
ထိုသတ္တဝါကို ကြည့်ရင်း ချားလ်စ်၏ မျက်နှာတွင် မျက်ရည်များ စီးကျလာသည်။ သူ၏ တုန်ရီနေသော လက်များက သေနတ်ကို မြဲမြဲဆုပ်ကိုင်ထား၏။ အားလုံးဟာ အတုအယောင်တွေပဲ။ အန်နာနဲ့ ပတ်သက်တဲ့ သူ၏ မှတ်ဉာဏ်တွေ အားလုံးဟာ လိမ်ညာမှုတွေပဲ ဖြစ်သည်။
နောက်တစ်စက္ကန့်တွင် ထိုမိစ္ဆာကြီးသည် ပါးစပ်ကြီးကို ဖြဲကာ ဟိန်းဟောက်ပြီး ချားလ်စ်ဆီသို့ ပြေးဝင်လာတော့သည်။
ချားလ်စ်သည် ဘေးသို့ လှိမ့်ရှောင်လိုက်ပြီး မျက်လုံးများ ပြတ်သားသွား၏။ လက်များက ကျွမ်းကျင်စွာပင် ကျည်ဆန်များကို အမြန် ပြန်ဖြည့်လိုက်သည်။
ကျည်ဆန် ထိမှန်တိုင်း အစိမ်းရောင် သွေးများ စင်ထွက်လာသော်လည်း ထိုဒဏ်ရာများက သတ္တဝါကြီးကို မတားဆီးနိုင်ပါဘူး။ ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ အနက်ရောင် လက်တံငယ်လေးများ ပါသည့် လက်တံကြီးတစ်ဖက်က ချားလ်စ်၏ လက်ကို ရိုက်ချလိုက်သဖြင့် သေနတ် လွင့်ထွက်သွား၏။
"ဘာလို့လဲ" ချားလ်စ်က သွားကြိတ်ရင်း အနက်ရောင်ဓားကို ဆွဲထုတ်ကာ ထိုလက်တံကို ပိုင်းချလိုက်သည်။ ပြတ်သွားသော လက်တံသည် ကုန်းပတ်ပေါ်တွင် တရွတ်တိုက် လှုပ်ရှားနေ၏။
ထိုအသားစိုင်မိစ္ဆာကြီးသည် ဒေါသတကြီး ဟိန်းဟောက်ကာ နောက်ဆုတ်သွားသည်။ ချားလ်စ်ကလည်း ဓားကို ကိုင်ကာ ရှေ့သို့ လွှတ်ခနဲ ခုန်ဝင်လိုက်၏။
သင်္ဘောဦးပိုင်းသို့ ရောက်သည့်အခါ သူတို့ ထပ်မံ ရင်ဆိုင်မိကြပြန်သည်။ မိစ္ဆာ၏ လက်တံပေါ်က အမွေးအမှင်လို လက်တံငယ်လေးများသည် ပိုက်ကွန်ကြီးတစ်ခုအလား ဖြန့်ထွက်လာပြီး ချားလ်စ်ကို တင်းကြပ်စွာ ရစ်ပတ်ပိတ်ဆို့လိုက်တော့သည်။
တင်းကြပ်လှသော ရစ်ပတ်မှုကြောင့် ချားလ်စ်သည် သူ၏ အရိုးများ ကျိုးကြေသွားသည့် အသံကို ကြားနေရ၏။
ဂျွတ်...သူ၏ နံရိုးများ တစ်ခုပြီးတစ်ခု ကျိုးသွားသည်။ ပြင်းထန်လှသော နာကျင်မှုကြောင့် ချားလ်စ် ညည်းတွားလိုက်မိ၏။
ထိုမျှော်လင့်ချက် ကင်းမဲ့နေသော အချိန်မှာပင် ပဲ့ကိုင်ခန်း၏ ဖန်သားပြင်ကို ဖောက်ထွက်ကာ ကျည်ဆန်တစ်တောင့် ရောက်လာပြီး မိစ္ဆာ၏ ဧရာမ ဝါရောင်မျက်လုံးကြီးကို ထိမှန်သွားတော့သည်။ ဖရဲသီးတစ်လုံး ပေါက်ကွဲသွားသလိုပင်။
မိစ္ဆာကြီးသည် နာကျင်စွာ အော်ဟစ်ရင်း ချားလ်စ်ကို လွှတ်ပေးလိုက်ပြီး သင်္ဘောဘေးဘက်သို့ ထွက်ပြေးရန် ကြိုးစားသည်။
ထိုစဉ်မှာပင် အင်ဂျင်ခန်းထဲမှ လူများ သေနတ်ကိုယ်စီဖြင့် ပြေးထွက်လာကြပြီး ဝိုင်းဝန်း ပစ်ခတ်ကြတော့သည်။
သန်မာလှသည်ဆိုသော်လည်း ထိုမိစ္ဆာသည် အသားနှင့် သွေးဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ ကျည်ဆန်မိုးများအောက်တွင် ၎င်း၏ ခန္ဓာကိုယ်မှာ စုတ်ပြတ်သတ်သွားတော့သည်။
သေနတ်သံများ ငြိမ်သက်သွားသည့်အခါ ရွံရှာဖွယ်ကောင်းသော သွေးအိုင်ထဲတွင် ထိုမိစ္ဆာကြီးသည် အသက်ငင်နေ၏။ သူ၏ လက်တံများမှာ အားနည်းစွာ တုန်ရီနေသည်။
ချားလ်စ်သည် နာကျင်နေသော ဝမ်းဗိုက်ကို ဖိထားရင်း မိစ္ဆာအနားသို့ လျှောက်သွား၏။
သူသည် သေနတ်ကို မြှောက်ကာ မိစ္ဆာ၏ ပါးစပ်သို့ ချိန်ရွယ်လိုက်စဉ်မှာပင် ထိုအသားစိုင်မိစ္ဆာကြီး၏ ရှေ့ပိုင်းမှာ ဆရာဝန်မလေး အန်နာ၏ မျက်နှာအဖြစ် ပြောင်းလဲသွားပြန်သည်။
အန်နာ၏ မျက်နှာမှာ ဝမ်းနည်းဖွယ် အပြုံးတစ်ခု ပေါ်လာပြီး မျက်လုံးထောင့်မှ အစိမ်းရောင် သွေးများ စီးကျလာ၏။
"ကောင်းကျိမင်... ငါ တောင်းပန်ပါတယ်... ငါကိုယ်တိုင်လည်း ငါဟာ အတုအယောင်မှန်း မသိခဲ့ဘူး..."
ထိုစကားလုံးများက ချားလ်စ်၏ နှလုံးသားကို ဓားဖြင့် အချက်ပေါင်းများစွာ ထိုးလိုက်သလိုပင်။ ထိုမိစ္ဆာက သူ့ကို ဆဲဆိုနေမည်ဆိုလျှင် သူ ပို၍ စိတ်သက်သာရာ ရဦးမည်။
"ငါ... ငါကိုယ်တိုင်လည်း ဒါကို မထိန်းချုပ်နိုင်ဘူး။ ငါက သူ့ရဲ့ သားကောင်ဖမ်းတဲ့ အစာသက်သက်ပဲ။ သူ အချိန်ဆွဲနေတာ။ သူ့မျက်လုံးအောက်ကို ပစ်လိုက်... အဲဒါ သူ့ရဲ့ အားနည်းချက်ပဲ" အန်နာက ပြောရှာသည်။
သူ၏ အဖော်ကို ကြည့်ရင်း ဦးနှောက်ထဲက မှတ်ဉာဏ်ပေါင်းများစွာကို ပြန်တွေးမိသည့်အခါ လက်ထဲက သေနတ်မှာ အဆပေါင်းများစွာ လေးလံလာသလို ခံစားရ၏။
"ကောင်းကျိမင်။ မြန်မြန်လုပ်။ သူက အနာကျက်နှုန်း အရမ်းမြန်တယ်" အန်နာက အတင်း တိုက်တွန်းနေသည်။
ချားလ်စ် တွေဝေနေသည်ကို မြင်သောအခါ အန်နာသည် ဒစ်ပ်ဘက်သို့ လှည့်ကာ "ကောင်လေး... မင်းပဲ လုပ်လိုက်ပါ" ဟု ပြောလိုက်၏။
ဒစ်ပ် တွေဝေနေစဉ်မှာပင် ချားလ်စ်သည် သွားကို တင်းတင်းကြိတ်ကာ သေနတ်ကို မြှောက်ပြီး ခလုတ်ကို ဆက်တိုက် ညွှစ်ချလိုက်တော့သည်။
ဒိုင်း။ ဒိုင်း။ ဒိုင်း။ ဒိုင်း။ ဒိုင်း။ ဒိုင်း။
ကျည်ဆန်များ ထိမှန်သွားစဉ် အန်နာ၏ မျက်နှာတွင် ဝမ်းနည်းဖွယ် အပြုံးတစ်ခု ပေါ်လာ၏။ "ကျေးဇူးတင်ပါတယ်... ငါ တကယ်တော့ နင့်နဲ့အတူ အိမ်ကို ပြန်ချင်ခဲ့တာပါ..."
စကားအဆုံးမှာပင် သူမ၏ မျက်နှာမှာ အရည်ပျော်သွားပြီး မိစ္ဆာ၏ အသက်မဲ့သော ခန္ဓာကိုယ်ထဲသို့ ရောနှောသွားတော့သည်။
ချားလ်စ်သည် ရုတ်တရက် ရူးသွပ်စွာ တဟားဟား အော်ဟစ်ရယ်မောလိုက်၏။ သူသည် ရှေ့သို့ ပြေးဝင်ကာ ထိုမိစ္ဆာအလောင်းကို မပြီး ပင်လယ်ထဲသို့ အစွမ်းကုန် လွှင့်ပစ်လိုက်တော့သည်။
"ငါ့ကို နောက်တစ်ခါ ထပ်မလှည့်စားနဲ့တော့။ ငါ ထပ်ပြီး အလိမ်မခံတော့ဘူး။ မှတ်ဉာဏ်တွေကို ဖျက်ဆီးတဲ့ မိစ္ဆာတွေ။ အားလုံးက အတုတွေ။ အတုတွေ။ အတုတွေ။"
ချားလ်စ်၏ ထူးဆန်းသော အပြုအမူကြောင့် ဂျိမ်းစ်က စိုးရိမ်တကြီး ကြည့်ရင်း "ကပ္ပတိန်... ဘာမှမဖြစ်ဘူး မဟုတ်လား" ဟု လှမ်းမေးရှာသည်။
"ဘာမှမဖြစ်ဘူး။ ဟားဟားဟား။ ငါ ဘာဖြစ်ရမှာလဲ။ အန္တရာယ်က ပြီးသွားပြီလေ၊ လူစားတဲ့ မိစ္ဆာကြီး သေသွားပြီ။ ဒါဟာ အောင်ပွဲပဲ။ စားဖိုမှူး... စားပွဲကြီးကြီး ပြင်စမ်း။ ဒစ်ပ်... ဂျက်ကို ခေါ်ပြီး ဒီနေရာကို သန့်ရှင်းရေးလုပ်။ ငါ တက်မသွားကိုင်မယ်"
ကျန်တဲ့ တစ်နေ့လုံးမှာတော့ သင်္ဘောသားတွေဟာ ကပ္ပတိန်ကို ကြောက်ကြောက်လန့်လန့်နဲ့ပဲ ဆက်ဆံနေကြရသည်။
ဒါပေမဲ့ ချားလ်စ်ကတော့ ပုံမှန်အတိုင်းပါပဲ။ သူ သင်္ဘောကို မောင်းတယ်၊ ထမင်းစားတယ်။ ဒါပေမဲ့ သူ တော်တော်လေးကို တက်ကြွလွန်းနေသလို ဖြစ်နေ၏။
စားသောက်ပြီးနောက် ချားလ်စ်သည် သူ၏ အခန်းထဲသို့ ပြန်ဝင်သွားသည်။ အခန်းထဲမှာ မှောင်မည်းနေသော်လည်း သူ မီးမဖွင့်ပါဘူး။ နာကျင်နေသော မျက်နှာပေးဖြင့် အောက်ဆုံးစင်က အရက်ပုလင်းကို ယူလိုက်သည်။ ကုတင်ပေါ်မှာ ထိုင်ရင်း သူ တစ်ငုံပြီးတစ်ငုံ သောက်နေမိ၏။
"အန်နာ... နင်က ဘာလို့ လူသားတွေကို စားရတာလဲ..."
"တကယ်လို့ နင်သာ ငါ့သင်္ဘောသားတွေကို မစားခဲ့ရင်... ငါ ဘာမှမသိသလိုမျိုး ဟန်ဆောင်ပြီး နေပေးခဲ့မှာပါ..."
(ဘာသာပြန်သူမှတ်ချက်။ ။ ချားလ်စ်အတွက် တကယ်ကို စိတ်မကောင်းစရာပါပဲ။ မရှိခဲ့ဖူးတာထက် ရှိခဲ့ပြီးမှ ဆုံးရှုံးလိုက်ရတာက ပိုပြီး နာကျင်ရတယ် မဟုတ်လား။)
***