ပိတ်ဆို့တန့်ရပ်နေခဲ့တဲ့ ဂျူဟွာရဲ့ နှလုံးသားအင်အားဟာ ဉာဏ်အလင်းပွင့်တဲ့ အခြေအနေမျိုးနဲ့ ဆင်တူတဲ့ အနေအထားတစ်ခုကို ရောက်ရှိသွားတာကြောင့် နှလုံးသားအင်အား တတိယမြောက် အလွှာကို အောင်မြင်စွာ ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။
(စာကြွင်း။ နှလုံးသားအင်အားကို အလွှာအဖြစ် စာရေးသူ ပြောင်းလဲအသုံးပြုထားပါတယ်။)
ဂျူဟွာ တစ်ယောက် လျိုဖုန်းတောင်ဆီကို ရောက်သွားတဲ့ အချိန်ကျမှသာ သူဟာ အဲဒီဈာန်ဝင်စားမှု အခြေအနေကနေ ပြန်လည် နိုးထလာခဲ့တာပါ။
ဒီအချိန်ကျမှပဲ သူ့ရဲ့ နှလုံးသားအင်အားဟာ တတိယမြောက် အလွှာကို ရောက်ရှိနေပြီဆိုတာကို ဂျူဟွာ သတိထားမိလိုက်ပါတယ်။
"ဒီပုံစံအရဆိုရင် မိစ္ဆာအာရုံ ထင်ယောင်ထင်မှား နယ်မြေကို သွားစရာတောင် မလိုတော့ဘူးထင်တယ်"
ဂျူဟွာဟာ သူ့ဟာသူ ပြုံးလိုက်ပါတယ်။ သူ့ရဲ့ စိတ်ခံစားချက်ကလည်း အများကြီး ပိုကောင်းလာခဲ့ပါပြီ။
သူ့ရဲ့ နှလုံးသားအင်အားက တတိယမြောက် အလွှာကို ရောက်သွားပြီဆိုတော့ ပထမအချက်အနေနဲ့ သူဟာ မိစ္ဆာအာရုံ ထင်ယောင်ထင်မှား နယ်မြေဆီကို သွားဖို့ နည်းလမ်းရှာနေစရာ မလိုတော့ပါဘူး။
ဂျူဟွာ ရှင်းလင်းစွာ သိထားတာက သူ့ရဲ့ လက်ရှိ တာအိုနှလုံးသားနဲ့ဆိုရင် မိစ္ဆာအာရုံ ထင်ယောင်ထင်မှား နယ်မြေရဲ့ ဗဟိုချက်မဒေသ အလယ်ဗဟိုကို သွားရင်တောင်မှ အဲဒီက ပုံရိပ်ယောင်တွေက သူ့ကို နည်းနည်းလေးတောင် လွှမ်းမိုးနိုင်စွမ်း ရှိတော့မှာ မဟုတ်ဘူး ဆိုတာပါပဲ။
ဒါ့အပြင် သူ့ရဲ့ တန်ခိုးစွမ်းအားကလည်း အဆမတန် တိုးတက်လာခဲ့ပါပြီ။
နှလုံးသားအင်အား တတိယမြောက် အလွှာဟာ သူ့ရဲ့ သိုင်းကွက်တွေရဲ့ စွမ်းအားကို ကြီးကြီးမားမား မြင့်တက်စေရုံသာမက ဓာသိုင်းထုတ်သုံးနိုင်တဲ့ အကြိမ်အရေအတွက်ကိုလည်း ပိုများလာစေခဲ့ပါတယ်။
သူ့ရဲ့ နှလုံးသားအင်အား ဒုတိယမြောက် အလွှာမှာ ရှိနေတုန်းကဆိုရင် သာမန် ကောင်းကင်အင်မော်တယ် တစ်ပါးကို ချက်ချင်း သတ်ပစ်နိုင်လောက်အောင် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုတစ်ခုကို လုပ်လိုက်တာနဲ့ သူ့ရဲ့ နှလုံးသားအင်အား သုံးပုံတစ်ပုံလောက် ကုန်ဆုံးသွားမှာ ဖြစ်ပြီး အများဆုံး သုံးကြိမ်လောက်ပဲ သုံးနိုင်မှာပါ။
အခုတော့ သူဟာ အဲဒီထက် ပိုအစွမ်းထက်တဲ့ တိုက်ခိုက်မှုတွေကိုတောင် ဆယ်ကြိမ်မက အသုံးပြုနိုင်လောက်ပါပြီ။
"နှမြောစရာကောင်းတာက ငါ့အစွမ်းက မလုံလောက်သေးဘူး၊ ငါ ဒီထက်ပိုပြီး အစွမ်းထက်လာဖို့ လိုသေးတယ်"
အဲဒီလို တွေးရင်းနဲ့ပဲ ဂျူဟွာဟာ ကျွမ်းရွှေ ကလန်ရဲ့ တပ်မဟာ စခန်းဆီကို ပျံသန်းသွားပါတော့တယ်။
ဂျူဟွာဟာ အရင်ဆုံး အင်မော်တယ် ချင်းမူလင်းဆီကို သွားတွေ့ပြီး တပ်မဟာရဲ့ လတ်တလော အခြေအနေတွေကို နားလည်အောင် လုပ်ပြီးတဲ့နောက်မှာတော့ နှုတ်ဆက်ပြီး ထွက်ခွာလာခဲ့ပါတယ်။
ကျင့်ကြံသူ တစ်ယောက်အတွက်က ဆယ်နှစ်ဆိုတာ အရမ်းကို တိုတောင်းလွန်းတဲ့ အချိန်တစ်ခုပါ။ ဒါ့အပြင် တပ်မဟာကလည်း လျိုဖုန်းတောင်ရဲ့ တောင်ခြေမှာ ကြီးကြီးမားမား လှုပ်ရှားမှု ဘာမှမရှိဘဲ စောင့်ကြည့်ရုံပဲ ရှိခဲ့တာ ဆိုတော့ တပ်ထဲမှာ ထူးထူးခြားခြား ပြဿနာကြီးတွေ ဘာမှ မရှိခဲ့ပါဘူး။
ဒါက ဂျူဟွာ မျှော်လင့်ထားတဲ့ အတိုင်းပါပဲ။ အဲဒီလိုမှ မဟုတ်ရင်လည်း အဲဒီတုန်းက သူ မိစ္ဆာအာရုံ ထင်ယောင်ထင်မှား နယ်မြေဆီကို အဲဒီလောက် အလွယ်တကူ သွားနိုင်ခဲ့မှာ မဟုတ်ဘူးလေ။
အဲဒီနောက် ဂျူဟွာဟာ ဘိုးဘေးကြီး ထျန်ယန်နဲ့ ဆက်သွယ်လိုက်ပါတယ်။ ဘိုးဘေးကြီး ထျန်ယန်ဟာ တပ်မဟာ စခန်းနဲ့ မလှမ်းမကမ်းမှာ တံခါးပိတ် ကျင့်ကြံနေတယ်ဆိုတာ သိရပြီးနောက်မှာတော့ ဂျူဟွာဟာ အဲဒီကို ပျံသန်းသွားပါတော့တယ်။
ဂျူဟွာ ဘိုးဘေးကြီး ထျန်ယန်ကို တွေ့လိုက်ရတဲ့ အချိန်မှာတော့ ဘိုးဘေးကြီးဟာ ဝိညာဉ်ဆေးပင် တစ်ပင်ကို ပြုစုပျိုးထောင်နေတာ တွေ့လိုက်ရပါပြီ။
"ဘိုးဘေးကြီး"
ဂျူဟွာက လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလိုက်ပါတယ်။
"မင်း ပြန်လာပြီပဲ၊ သတင်း တစ်ခုခု ကြားခဲ့ရသေးလား"
ဘိုးဘေးကြီး ထျန်ယန်က မေးလိုက်ပါတယ်။
"ထျန်ဟယ် ကလန်က ထုံးယို ကောင်းကင်အင်မော်တယ်နဲ့ တုန်းဖူ ကလန်က အံ့ဖွယ်ကိုးပါး ကောင်းကင်အင်မော်တယ်တို့က တစ်ခုခုကို လိုက်ရှာနေပုံရတယ်။ ပြီးတော့ ထုံးယို ကောင်းကင်အင်မော်တယ်က မိစ္ဆာအာရုံ ထင်ယောင်ထင်မှား နယ်မြေက မလုံခြုံတော့ဘူးလို့တောင် တပည့်ကို သတိပေးခဲ့သေးတယ်"
ဂျူဟွာက ပြန်ဖြေပါတယ်။
"ဒါကြောင့် တပည့်လည်း ပြန်လာခဲ့တာပါ"
"ဟုတ်တယ်၊ မလုံခြုံတော့ဘူး"
ဘိုးဘေးကြီး ထျန်ယန်က ခေါင်းညိတ်လိုက်ပြီး တိုက်ရိုက်ပဲ ဆက်ပြောလိုက်ပါတယ်။
"ကောင်းကင်အင်မော်တယ် တစ်ပါး အဲဒီထဲမှာ သေသွားတယ်"
"ဟုတ်လား"
"ငါတို့တွေက မိစ္ဆာအာရုံ ထင်ယောင်ထင်မှား နယ်မြေထဲက ဖင်းဂေါ့တွေ ထောင်ထားတဲ့ ထောင်ချောက်တွေကို ရှောင်နိုင်ခဲ့ပေမဲ့ နောက်ဆုံးမှာ ကောင်းကင်အင်မော်တယ် တစ်ပါးကတော့ အဲဒီထဲကို ကျသွားခဲ့ရတာပဲ"
ဘိုးဘေးကြီး ထျန်ယန်က သက်ပြင်းချလိုက်ပါတယ်။
ဘိုးဘေးကြီး ထျန်ယန် သက်ပြင်းချနေတာကို ကြည့်ပြီး ဂျူဟွာဟာ တစ်ခုခုကို တွေးမိသွားပုံရကာ မေးလိုက်ပါတယ်။
"ဘိုးဘေးကြီးက အဲဒီသေသွားတဲ့ ကောင်းကင်အင်မော်တယ်နဲ့ မိတ်ဆွေကောင်းတွေလားဟင်"
"မိတ်ဆွေကောင်း ဟုတ်လား။ ငါတို့က တစ်ခါပဲ ဆုံဖူးတာပါ"
ဘိုးဘေးကြီး ထျန်ယန်က ရယ်မောလိုက်ပါတယ်။
"အဲဒီကောင်က ငါ့စိတ်နဲ့ မကိုက်ဘူး၊ သူ့ကို ငါ ဂရုတောင် မစိုက်အားပါဘူးကွာ"
"..."
ဂျူဟွာ တစ်ယောက် နှုတ်ဆိတ်သွားပါတော့တယ်။
အဲဒီအဘိုးကြီး သူ့ကို သတ်ချင်ခဲ့ရတဲ့ အကြောင်းရင်းက သူ့ရဲ့ ကျွမ်းရွှေ ကလန် နောက်ခံအကြောင်းကို ကြားဖူးပြီး သူဟာ ဘိုးဘေးကြီး ထျန်ယန် အလွန်တန်ဖိုးထားတဲ့ ဂျူနီယာ တပည့်တစ်ယောက် ဖြစ်မယ်လို့ ကောက်ချက်ချလိုက်လို့လေ။
ဒါပေမဲ့ အခု ဘိုးဘေးကြီး ထျန်ယန်ကကျတော့ အဲဒီသေသွားတဲ့ ကောင်းကင်အင်မော်တယ်နဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိဘူးလို့ ပြောနေခဲ့ပါတယ်။
အဲဒီလိုသာဆိုရင် ဘိုးဘေးကြီး ထျန်ယန် ကိုယ်တိုင်တောင် တစ်ဖက်လူကို ဘယ်တုန်းက သွားစော်ကားမိလို့ တစ်ဖက်လူက အခုလို အငြိုးထားသွားမှန်းတောင် သိမှာ မဟုတ်လောက်ပါဘူး။
ဒါက တကယ့်ကို မတန်တဲ့ ကပ်ဘေးတစ်ခုပါပဲ။
"မိစ္ဆာအာရုံ ထင်ယောင်ထင်မှား နယ်မြေထဲမှာ ဆယ်နှစ်ကျော် နေခဲ့ရတာ ဘာတွေများ အကျိုးအမြတ် ရခဲ့လဲ"
"အများကြီး အကျိုးရှိခဲ့ပါတယ်"
ဂျူဟွာက မဆိုင်းမတွ ပြန်ဖြေလိုက်ပါတယ်။
"အစကတော့ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ဆိုတာ အရမ်းကို တိုတောင်းလွန်းတယ်လို့ ငါထင်ခဲ့တာ။ ဒါပေမဲ့ မင်းက အများကြီး အကျိုးရှိခဲ့တယ်လို့ ပြောတော့လည်း ငါ စိတ်အေးသွားပါပြီ"
ဘိုးဘေးကြီး ထျန်ယန်က ပြုံးလိုက်ပြီး လက်ကာပြကာ ပြောလိုက်ပါတယ်။
"သွားချေတော့"
ဂျူဟွာ ဘာမှ ထပ်မပြောတော့ပါဘူး။ အရိုအသေပေး နှုတ်ဆက်ပြီးတဲ့နောက် သူဟာ လှည့်ထွက်လာခဲ့ပါတော့တယ်။
ဘိုးဘေးကြီး ထျန်ယန်ဆီက ပြန်လာပြီးတဲ့နောက် ဂျူဟွာဟာ သူ့တဲဆီကို ပြန်သွားခဲ့ပြီး ဝင်္ကပါတစ်ခု ချထားလိုက်ကာ သူ့ရဲ့ လက်ရှိ အခြေအနေကို စဉ်းစား သုံးသပ်ကြည့်ပါတော့တယ်။
သေချာတာကတော့ သူဟာ လုံးဝ စိတ်ချရတဲ့ အခြေအနေမှာ မရှိသေးပါဘူး။ သူလုပ်ခဲ့တဲ့ ကိစ္စ ဘယ်အချိန် ပေါ်သွားမလဲ ဆိုတာကို သူ အာမမခံနိုင်သလို၊ ပေါ်သွားတဲ့ အချိန်ကျရင်တော့ သူ ထွက်ပြေးရမှာပါပဲ။
တကယ်လို့ သူ မပြေးဘူးဆိုရင် ရှအင်ပါရီယာပြည့်ရှင်က သူ့ကို သတ်ချင်မှ သတ်မှာ ဆိုပေမဲ့ ဂျူဟွာကတော့ သူ့ကံကြမ္မာကို သူများလက်ထဲ ထည့်မထားချင်ပါဘူး၊ အဲဒါက လူမိုက်တွေ လုပ်တဲ့ အလုပ်ပါ။
"တကယ်လို့ ငါ ပြေးရမယ်ဆိုရင်လည်း ငါ့အစွမ်းက ပိုအစွမ်းထက်လေ ပိုကောင်းလေပဲ။ အခု ငါ ဒါပိ ဓားသိုင်းရဲ့ အဋ္ဌမမြောက် သိုင်းကွက်ကို နားလည်သဘောပေါက်ခါစပဲ ရှိသေးတာဆိုတော့ အချိန်တိုအတွင်းမှာ ထူးထူးခြားခြား တိုးတက်မှု ထပ်ရဖို့ဆိုတာ အရမ်းကို ခက်ခဲလိမ့်မယ်။ ဒီအချိန်မှာ ငါလုပ်နိုင်တာက စကြဝဠာ မဟာတာအိုကနေပဲ စတင်ရမှာပဲ"
ဒီအတွေးက ဂျူဟွာရဲ့ စိတ်ထဲမှာ တစ်ချက်ဖြတ်သွားပါတယ်။
စကြဝဠာ မဟာတာအို တစ်ခုတည်းကိုပဲ သီးသန့် နားလည်သဘောပေါက်နေတာက ဂျူဟွာရဲ့ လက်ရှိ စွမ်းအားကို ကြီးကြီးမားမား တိုးတက်စေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဓားတာအိုနဲ့ စကြဝဠာ မဟာတာအိုကို ဒီထက်ပိုပြီး နက်နက်ရှိုင်းရှိုင်း ပေါင်းစည်းနိုင်မယ်ဆိုရင်တော့ သူ့ရဲ့ စွမ်းအားဟာ အရှိန်အဟုန်နဲ့ တိုးတက်လာနိုင်ပါသေးတယ်။
သူ ပထမဆုံးအကြိမ် တာအိုနှစ်ခုကို ပေါင်းစည်းခဲ့တုန်းက ပေါင်းစည်းမှုက အများကြီး မဟုတ်ခဲ့ပါဘူး။ ဒါတောင်မှ သူ ထုတ်သုံးလိုက်တဲ့ ဒါပိ ဓားသိုင်းရဲ့ ပဉ္စမမြောက် သိုင်းကွက်ဟာ ဆဋ္ဌမမြောက် သိုင်းကွက်နဲ့ ညီမျှတဲ့ စွမ်းအားရှိခဲ့တာပါ။
ဒါပေမဲ့ သူ့ရဲ့ ဓားသိုင်းက ပိုအစွမ်းထက်လာတာနဲ့အမျှ ဓားတာအိုနဲ့ စကြဝဠာ မဟာတာအို ပေါင်းစည်းမှုကနေ ရလာတဲ့ စွမ်းအားတိုးပွားမှုကလည်း တဖြည်းဖြည်း လျော့ကျလာခဲ့ပါတယ်။
အခုအချိန်မှာဆိုရင် စကြဝဠာ မဟာတာအိုကို ထည့်ပေါင်းလိုက်ရင်တောင်မှ သူ့ရဲ့ ဒါပိ ဓားသိုင်း အဋ္ဌမမြောက် သိုင်းကွက်ကနေ ထွက်ပေါ်လာတဲ့ စွမ်းအားဟာ နဝမမြောက် သိုင်းကွက်ရဲ့ အဆင့်ကို ရောက်ဖို့ အများကြီး လိုနေပါသေးတယ်။
(ဒါက တာအိုနှစ်ခု ပေါင်းစည်းထားတဲ့ ဉာဏ်အလင်း အပိုင်းအစတွေက အရမ်းကို သေးငယ်လွန်းနေလို့ ဖြစ်ရပါမယ်။)
(တကယ်လို့ ငါသာ တာအိုနှစ်ခုကို ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပေါင်းစည်းနိုင်မယ်ဆိုရင် ဒါပိ ဓားသိုင်းရဲ့ အဋ္ဌမမြောက် သိုင်းကွက်နဲ့တင် နဝမမြောက် သိုင်းကွက်ရဲ့ စွမ်းအားကို ရရှိဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။)
"ကြယ်တာရာ နန်းတော်ကို ထပ်သွားဖို့ အချိန်တန်ပြီ"
ဂျူဟွာဟာ သူ့စိတ်ထဲမှာ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
ဒီနှစ်တွေ တစ်လျှောက်လုံး သူဟာ တပ်မဟာနဲ့အတူ စစ်ချီနေခဲ့ရတာကြောင့် ကြယ်တာရာ နန်းတော်ဆီကို ထပ်ပြီး မသွားဖြစ်ခဲ့ပါဘူး။
အခုတော့ သူဟာ ဓားတာအိုမှာရော စကြဝဠာ မဟာတာအိုမှာပါ အများကြီး တိုးတက်လာခဲ့ပြီဖြစ်ပြီး နက်ရှိုင်းတဲ့ ဉာဏ်အလင်း နားလည်သဘောပေါက်မှုတွေကိုလည်း စုဆောင်းထားနိုင်ခဲ့ပါပြီ။
တကယ်လို့ သူသာ ကြယ်တာရာ နန်းတော်ရဲ့ အကူအညီကို ထပ်ရမယ်ဆိုရင် တာအိုနှစ်ခုကို ပိုပြီး ပြည့်စုံအောင် ပေါင်းစည်းနိုင်ဖို့ မျှော်လင့်ချက် ရှိလာမှာပါ။
ဆုံးဖြတ်ချက်ချပြီးတာနဲ့ ဂျူဟွာဟာ တာအိုဖခင်ကြီး အသက်သုံးချောင်း ချန်ထားခဲ့တဲ့ အင်မော်တယ်ဂူနန်းထဲကို ဝင်ရောက်သွားပါတော့တယ်။
အဝါရောင်ဆံပင်နဲ့ ဝက်ဝံကြီးကို နှုတ်ဆက်ပြီးတဲ့နောက် သူဟာ ကြယ်တာရာ နန်းတော်ထဲကို ဝင်သွားခဲ့ပါပြီ။
အဝါရောင်ဆံပင်နဲ့ ဝက်ဝံကြီးက အဝေးကနေ ကြည့်နေခဲ့ပါတယ်။
ရုတ်တရက် အဝါရောင်ဆံပင်နဲ့ ဝက်ဝံကြီးရဲ့ ဘေးမှာ ဆံပင်နီနီနဲ့ ပုံရိပ်တစ်ခု ပေါ်လာပါပြီ။
"မင်း ရောက်လာပြီလား"
အဝါရောင်ဆံပင်နဲ့ ဝက်ဝံကြီးက မေးလိုက်ပါတယ်။
"ဒါ လက်ရှိ နန်းတော်ရှင်လား။ အစစ်အမှန် နတ်ဘုရား ဒါမှမဟုတ် တာအိုဖခင် တစ်ပါး ဝင်စားတယ်လို့ သံသယရှိရတဲ့ တစ်ယောက်လား"
ဆံပင်နီနီနဲ့ ပုံရိပ်ကလည်း ကြယ်တာရာ နန်းတော်ထဲမှာ နားလည်သဘောပေါက်အောင် ကြိုးစားနေတဲ့ ဂျူဟွာကို လှမ်းကြည့်လိုက်ပါတယ်။
"လွန်ခဲ့တဲ့ အနှစ်သုံးဆယ်တုန်းက သူက ထိပ်တန်း လွတ်မြောက်အင်မော်တယ် တစ်ပါးအဆင့်ပဲ ရှိသေးတယ်။ အနှစ်သုံးဆယ် ကြာပြီးတဲ့နောက်မှာတော့ သူက ကောင်းကင်အင်မော်တယ် တစ်ပါးကို သတ်ပစ်နိုင်သွားပြီ"
အဝါရောင်ဆံပင်နဲ့ ဝက်ဝံကြီးက ပြောလိုက်ပါတယ်။
"သာမန် အဆင့် ကောင်းကင်အင်မော်တယ် တစ်ပါးလား"
ဆံပင်နီနီနဲ့ ပုံရိပ်က မေးလိုက်ပါတယ်။
"မဟုတ်ဘူး။ အဲဒီ ကောင်းကင်အင်မော်တယ်ရဲ့ စွမ်းအားက အလယ်အလတ်ပဲ ရှိပေမဲ့ သာမန် ကောင်းကင်အင်မော်တယ်ထက်တော့ အများကြီး ပိုအစွမ်းထက်တယ်"
အဝါရောင်ဆံပင်နဲ့ ဝက်ဝံကြီးက ဖြေပါတယ်။
ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ဆံပင်နီနီနဲ့ ပုံရိပ်က ဖြည်းဖြည်းချင်း ပြောလိုက်ပါတယ်။
"ပါရမီ ကောင်းတယ်ဆိုတိုင်း အစစ်အမှန် နတ်ဘုရားတို့ တာအိုဖခင် ဝင်စားတာလို့တော့ ပြောလို့မရသေးပါဘူး"
"ဒါပေမဲ့ သူ့ရဲ့ အရင်တုန်းက ပါရမီက သာမန်လောက်ပဲလို့ ပြောလို့ရတယ်"
အဝါရောင်ဆံပင်နဲ့ ဝက်ဝံကြီးက ဆက်ပြောပါတယ်။
"တချို့လူတွေက အခြေအနေ တစ်ခုခုအောက်မှာ ကြီးမားတဲ့ အသွင်ကူးပြောင်းမှုတွေ ဖြစ်သွားပြီး အဲဒီအချိန်ကစလို့ အရှိန်အဟုန်နဲ့ တိုးတက်သွားတတ်တယ်ဆိုတာကို ငါသိပါတယ်။ ဒါပေမဲ့ ဂျူဟွာရဲ့ အခြေအနေက အဲဒီလို အသွင်ကူးပြောင်းမှုမျိုး မဖြစ်နိုင်ဘူး။ သူ တိုးတက်လာတာ အရမ်းကို မြန်လွန်းနေတယ်"
"ဖြစ်နိုင်တာက သူ တစ်ခုခု ထူးထူးခြားခြား ကံကောင်းမှုမျိုး ကြုံခဲ့ရတာများလား"
ဆံပင်နီနီနဲ့ ပုံရိပ်က ဆက်ပြောပါတယ်။
"ငါတို့ စောင့်ကြည့်ကြသေးတာပေါ့"
"အင်း"
***