"ရုံအာ... မင်းလား"
ထိုအချိန်မှာပင် ထွက်ပေါ်လာသော အသံတစ်သံကြောင့် ဟွမ်ရုံ၏ ဝိညာဉ်များ လွင့်ထွက်မတတ် ဖြစ်သွားသည်။ သူမ ဖြည်းညှင်းစွာ နောက်လှည့်ကြည့်လိုက်ရာ ကော်ကျင့်က မတ်မတ် ထိုင်နေပြီး သူတို့ နှစ်ဦးကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
'ပြီးပြီ' ဟွမ်ရုံ၏ ခေါင်းထဲတွင် ဗလာကျင်းသွားတော့သည်။
စုန့်ချင်းရှုလည်း အလွန် လန့်သွားသည်။ ကော်ကျင့်ကို တကယ်ကြီး သူတို့၏ ကိစ္စများ သိသွားစေရန် ရည်ရွယ်ခဲ့ခြင်း မဟုတ်ပေ ကော်ကျင့်က သူတို့ နှစ်ဦးကို စိုက်ကြည့်နေသည်ကို မြင်သောအခါ၊ သူ၏ တစ်ကိုယ်လုံးရှိ အပူငွေ့များ အားလုံး ရေခဲရေ တစ်ပုံး အလောင်းခံလိုက်ရသကဲ့သို့ ချက်ချင်း အေးစက်သွားတော့သည်။
ယခု အခြေအနေအထိ ရောက်နေပြီ ဖြစ်ရာ ဘယ်လိုပဲ ရှင်းပြ ရှင်းပြ အသုံးဝင်တော့မည် မဟုတ်ပေ။
"ရူးနေပြီ၊ ရူးနေပြီ၊ တကယ် ရူးနေပြီပဲ!"
ဤသည်မှာ သူမ၏ ခေါင်းထဲတွင် ကျန်ရှိနေသော တစ်ခုတည်းသော အတွေးပင် ဖြစ်သည်။
"ဟင်" စုန့်ချင်းရှု၏ ပြင်းထန်သော အသက်ရှူသံများကို ကြားသောအခါ ကော်ကျင့်၏ မျက်နှာပေါ်တွင် အံ့သြသည့် အရိပ်အယောင်လေး ဖြတ်ပြေးသွားသည်။ "သခင်လေးစုန့်လည်း ဒီမှာ ရှိနေတာလား"
ဟွမ်ရုံနှင့် စုန့်ချင်းရှုတို့ ချက်ချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်မိကြသည်။ သူက ဘာအဓိပ္ပါယ်လဲ
စုန့်ချင်းရှုသည် ကော်ကျင့်က တမင်တကာ သဘောထားကြီးပြပြီး ဘာမှ မမြင်လိုက်သလို ဟန်ဆောင်ကာ ဤကိစ္စကို ဖုံးကွယ်သွားရန် ကြိုးစားနေတာလား ဟုပင် တွေးလိုက်မိသည်။ သို့သော် လျင်မြန်စွာပင် ခေါင်းခါလိုက်သည်။ သူတို့ နှစ်ယောက်က ဒီလောက်တောင် သိသာလွန်းနေတာကို၊ ဘာမှ မဖြစ်သလို ဘယ်လိုလုပ် ဟန်ဆောင်နိုင်မှာလဲ ထို့အပြင် ကော်ကျင့်က ရိုးသား တုံးအသူ တစ်ယောက် ဖြစ်ရာ၊ ဒီလို လျင်မြန်တဲ့ ဉာဏ်မျိုး ရှိမယ့်သူ မဟုတ်ပေ
"ရုံအာ... သခင်လေးစုန့် ရောက်လာတာကို ဘာလို့ မီးမထွန်းတာလဲ" ကော်ကျင့်၏ စကားက ထပ်မံ ထွက်ပေါ်လာပြန်ရာ သူတို့ နှစ်ဦးကို ပို၍ပင် နားမလည်နိုင် ဖြစ်သွားစေသည်။ ယခု အခန်းထဲရှိ ဆီမီးခွက်က လင်းထိန်နေသည် မဟုတ်ပါလား
ဟွမ်ရုံ၏ ရင်ထဲတွင် နာကျင်သွားသည်။ 'အစ်ကိုကျင့်က ငါ့ရဲ့ မျက်နှာကို ထောက်ထားပြီး ဒီအရှက်ကွဲစရာ ကိစ္စကို ဖြေရှင်းပေးဖို့ တမင်တကာ ဒီလို ပြောနေတာ သေချာတယ်။'
စုန့်ချင်းရှုက ပိုမို တည်ငြိမ်သူ ဖြစ်ရာ သူ၏ ထက်မြက်သော အမြင်အာရုံဖြင့် ကော်ကျင့်၏ မျက်ခုံး ကြားတွင် မည်းမှောင်နေသော အရိပ်အယောင် တစ်ခု ရှိနေသည်ကို သတိထားမိသွားပြီး အလန့်တကြား မေးလိုက်သည်။ "ကော်သူရဲကောင်းကြီး... ခင်ဗျား အဆိပ်မိထားတာလား"
"အဆိပ်မိတယ်။" ကော်ကျင့် အံ့သြသွားပြီး သူ၏ အတွင်းအားကို စုစည်းကြည့်လိုက်ရာ ဝမ်းဗိုက်ထဲတွင် အတွင်းအားများ လုံးဝ မရှိတော့ကြောင်း တွေ့လိုက်ရသဖြင့် အလွန် လန့်သွားတော့သည်။ "ဒါကြောင့် ငါက သခင်လေးစုန့် ဘယ်အချိန် ဝင်လာလဲ ဆိုတာကိုတောင် မကြားလိုက်ရတာကိုး ငါ တကယ်ပဲ အဆိပ်မိသွားတာ ထင်တယ်။"
ထိုအခါမှသာ ဟွမ်ရုံ သတိပြန်ဝင်လာပြီး အလန့်တကြား အော်လိုက်သည်။ "အစ်ကိုကျင့်... ဘာဖြစ်သွားတာလဲ" သူမက ရုန်းကန်ကာ ခင်ပွန်းဖြစ်သူ၏ အခြေအနေကို သွားရောက် စစ်ဆေးရန် ပြင်လိုက်သော်လည်း စုန့်ချင်းရှုက သူမကို တင်းကျပ်စွာ ဖက်ထားပြီး လွှတ်ပေးမည့် အရိပ်အယောင် မပြပေ
ကော်ကျင့်လည်း ထိုအချိန်မှသာ သတိပြုမိသွားသည်။ သူ၏ သိုင်းပညာ အရ ဆိုလျှင် ညအမှောင်ထဲတွင်ပင် အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်စွမ်း ရှိသည်။ သို့သော် ယခု သူ၏ မျက်စိရှေ့တွင် ဘာကြောင့် အမှောင်ထု ကြီးသာ ဖုံးလွှမ်းနေရသနည်း သူက လက်ကို မြှောက်ကာ မျက်နှာရှေ့တွင် ဝှေ့ယမ်းကြည့်လိုက်ရာ သူ မည်မျှပင် တည်ငြိမ်သူ ဖြစ်ပါစေ တစ်ကိုယ်လုံး တုန်ရီသွားပြီး ပြောလိုက်သည်။ "ငါ ဘာမှ မမြင်ရတော့ဘူး"
***