ဟွမ်ရုံမှာလည်း မျက်နှာပူ နေမိသည်။ သခင်မထန်က ကောင်မလေး တစ်ယောက်လို ပျော်ရွှင်စွာဖြင့် စုန့်ချင်းရှု၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားသည်ကို မြင်သောအခါ၊ သူမ၏ စိတ်အောက်ခြေတွင် တိတ်တဆိတ် အထင်သေး ရှုတ်ချမိသည့် အရိပ်အယောင်ပင် ဖြတ်ပြေးသွားသည်။
သတင်းအချက်အလက်များအရ ဤ သခင်မထန်သည် အိမ်ထောင်ရှင်မ တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား သို့သော် သူမ ကိုယ်တိုင်၏ ကြုံတွေ့ခဲ့ရမှုများကို ပြန်တွေးမိသောအခါ တစ်ဖက်လူကို အပြစ်တင်ဖို့ အခွင့်အရေး မရှိတော့သလို ခံစားလိုက်ရသည်။
သခင်မထန်၏ မျက်နှာပေါ်ရှိ အံ့သြ ဝမ်းသာမှုများနှင့် အပြုံးများမှာ ဟန်ဆောင်နေခြင်း မဟုတ်ဘဲ၊ ရင်တွင်းမှ အမှန်တကယ် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သိသာလှသည်။ ဤသည်က ဟွမ်ရုံကို ပို၍ပင် ဇဝေဇဝါ ဖြစ်သွားစေသည်။ ဤအမျိုးသားတွင် အိမ်ထောင်သည် မိန်းမ တစ်ယောက်ကို ဤမျှလောက် အရူးအမူး ဖြစ်သွားစေနိုင်သည့် မည်ကဲ့သို့သော ကြီးမားသည့် ဆွဲဆောင်မှုမျိုး ရှိနေသနည်း
သို့သော် ဟွမ်ရုံ လျင်မြန်စွာပင် နားလည် သဘောပေါက်သွားသည်။ မည်သို့ပင်ဖြစ်စေ စုန့်ချင်းရှုသည် အလွန် ဆွဲဆောင်မှု ရှိသော အမျိုးသား တစ်ယောက် ဖြစ်သည်။ မနေ့ညက ကိစ္စများ မဖြစ်ပျက်ခင်က ဆိုလျှင် သူမ၏ ရင်ထဲတွင် သူ့အပေါ် မသိမသာ သဘောကျသည့် စိတ်လေးပင် ရှိနေခဲ့သည်။ သူမကိုယ်တိုင် အတွေးများ မလွန်ကျူးစေရန် ကာကွယ်သည့် အနေဖြင့်၊ သမီးဖြစ်သူကို သူ့အား ပေးစားရန်ပင် စိတ်ကူးမိခဲ့သည် မဟုတ်ပါလား...
ယနေ့ည ကိစ္စများ မဖြစ်ပျက်ခင် အချိန်အထိပင် သူမ၏ စိတ်ထဲတွင် စုန့်ချင်းရှုအပေါ် အမြင်ကောင်း ရှိနေဆဲ ဖြစ်သည်။ မနေ့ညက အခြေအနေများကြောင့် မတော်တဆ သူ့လက်ထဲသို့ ပေးအပ်ခဲ့ရသည် ဆိုလျှင်တောင်မှ အဲဒါက မတော်တဆမှု တစ်ခု သက်သက်သာ ဖြစ်သည်။ ထို့အပြင် သူမကိုယ်တိုင် ဖန်တီးခဲ့မိသည့် အမှားများက ပိုများနေသဖြင့် သူ့ကို အပြစ်တင်ရန် အလွန် ခက်ခဲလှသည်။
သို့သော် ယနေ့ ဖြစ်ပျက်ခဲ့သော ကိစ္စများကတော့ ဟွမ်ရုံအနေဖြင့် သူ့ကို ခွင့်လွှတ်ရန် အလွန် ခက်ခဲသွားစေသည်။ အရင်က သူ့အပေါ် ရှိခဲ့သော သဘောကျမှုများ အားလုံး မျက်တောင်တစ်ခတ် အတွင်းမှာပင် သုညအထိ ကျဆင်းသွားခဲ့ပြီ။ သို့သော် ဘာကြောင့်မှန်း မသိ၊ သဘောကျစိတ်များ မရှိတော့သော်လည်း ဤအမျိုးသားကို မုန်းချင်သော်လည်း တကယ် မုန်း၍ မရနိုင် ဖြစ်နေသည်။ သူက သခင်မထန်နှင့် အချစ်ရည်လူးကာ ဖက်တွယ်နေသည်ကို မြင်ရသောအခါ သူမ၏ စိတ်အောက်ခြေတွင် သဝန်တိုပြီး နေရခက်သည့် ခံစားချက်လေးပင် ဖြစ်ပေါ်လာတော့သည်။
စုန့်ချင်းရှုအနေဖြင့် ယခုအချိန်တွင် ဟွမ်ရုံ၏ စိတ်ကို အတိအကျ မသိနိုင်ပေ သို့သော် ယနေ့ည သူ၏ လုပ်ရပ်များက မည်ကဲ့သို့သော အကျိုးဆက်များကို ဖြစ်ပေါ်စေမည်ကိုတော့ သူ အကြမ်းဖျင်း ခန့်မှန်းမိသည်။
အမှန်တကယ်တော့ အစက သူသည် ဟွမ်ရုံ၏ အချစ်ကို ဖြည်းဖြည်းချင်း ရယူရန် အစီအစဉ် ဆွဲထားခဲ့ခြင်း ဖြစ်သည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ အစီအစဉ်က အပြောင်းအလဲများကို မမီနိုင်ခဲ့ပေ၊ တိုက်ဆိုင်မှုများ အောက်တွင် သူမ၏ ခန္ဓာကိုယ်ကို အရင်ဆုံး ရရှိသွားခဲ့ခြင်း ဖြစ်သည်။
သူသည် အချစ်ရူး ကောင်လေး တစ်ယောက် မဟုတ်ပေ၊ ဟွမ်ရုံ၏ ခန္ဓာကိုယ်ကို ရရှိသွားခြင်းက သူ့ကို အများကြီး ပျော်ရွှင်သွားစေခြင်း မရှိပေ ဆန့်ကျင်ဘက် အနေဖြင့် အခြေအနေ မကောင်းတော့ကြောင်း သူ ရှင်းလင်းစွာ သိလိုက်သည်။ သူ၏ အရည်အချင်းဖြင့် ဟွမ်ရုံ၏ ခန္ဓာကိုယ်ကို ရယူရန် ဆိုသည်မှာ လက်ဖဝါး လှန်ရသလောက်ပင် လွယ်ကူလှသည်။ ဤမျှလောက် အချိန်ကြာအောင် လှုပ်ရှားမှု မရှိခဲ့ခြင်းမှာ ဟွမ်ရုံ ကိုယ်တိုင် သဘောဆန္ဒ အလျောက် သူ့ကို ဆက်သလာစေရန် အလိုရှိသောကြောင့် ဖြစ်သည်။
မနေ့ညက ကိစ္စများ ဖြစ်ပျက်သွားလိမ့်မည်ဟု ဘယ်သူ ထင်မည်နည်း ထိုအရာက သူ မနည်း အချိန်ယူ တည်ဆောက်ထားခဲ့ရသော ရင်ခုန်စရာ ဆက်ဆံရေးများကို ရေစုန်မျောသွားစေခဲ့သည်။ ဟွမ်ရုံသည် ရင့်ကျက်သော မိန်းမ တစ်ယောက် ဖြစ်ပြီး၊ ဉာဏ်ကောင်းခြင်းဖြင့်လည်း တစ်လောကလုံးတွင် နာမည်ကြီးသည်။ ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်ပျက်သွားပြီးနောက် သူမသည် အချိန်မီ ရုန်းထွက်သွားမည်မှာ သေချာသည်။ အင်္ကျီလက်စကို တစ်ချက် ဝှေ့ယမ်းပြီး တိမ်တိုက် တစ်စွန်းတစ်စလေးကိုတောင် ယူဆောင်သွားမည် မဟုတ်ပေ၊(မည်သည့် ခြေရာလက်ရာမျှ ချန်ထားခဲ့မည် မဟုတ်ပေ)
စုန့်ချင်းရှု အလိုရှိသည်မှာ တစ်သက်တာလုံး အတူရှိနေရန် ဖြစ်ပြီး၊ တစ်ညတာ အပျော်အပါးလေးဖြင့် ကျေနပ်နေမည့်သူ မဟုတ်ပေ သို့သော် ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်ပျက်သွားပြီးနောက် ဟွမ်ရုံက သူမ၏ နှလုံးသားထဲသို့ ဝင်ရောက်ရန် အခွင့်အရေးကို ဘယ်လိုလုပ် ထပ်ပေးတော့မည်နည်း
မတတ်သာသည့် အဆုံး စုန့်ချင်းရှုအနေဖြင့် နည်းဗျူဟာကို ပြောင်းလဲရတော့သည်။ ပြောင်းပြန် လုပ်ဆောင်ကာ၊ 'နှလုံးသားမှ တစ်ဆင့် ခန္ဓာကိုယ်သို့' ဆိုသည့် အနေအထားမှ၊ 'ခန္ဓာကိုယ်မှ တစ်ဆင့် နှလုံးသားသို့' ဆိုသည့် လမ်းကြောင်းကို ပြောင်းလဲရတော့သည်။ တစ်ဖက်လူက မိမိကို တဖြည်းဖြည်း မေ့ပျောက်သွားစေမည်ထက် စာလျှင် သူမကို မိမိအပေါ် မုန်းတီးသွားအောင် လုပ်လိုက်တာက ပိုကောင်းသည်။ အချစ်မှ အမုန်းသို့ ပြောင်းလဲရန် လွယ်ကူသလို အမုန်းမှ အချစ်သို့ ပြောင်းလဲရန် ဆိုသည်မှာလည်း မခက်ခဲလှပေ၊ သူတို့ နှစ်ဦးစလုံးက ထိုညက ကိစ္စကို တိတ်တဆိတ် မသိချင်ယောင်ဆောင်ပြီး၊ သိုင်းလောကထဲတွင် တစ်ယောက်ကို တစ်ယောက် တဖြည်းဖြည်း မေ့ပျောက်သွားကြမည် ထက်တော့ အများကြီး ပိုကောင်းသည်။
စုန့်ချင်းရှုနှင့် ဟွမ်ရုံတို့မှာ ကိုယ်စီ အတွေးများဖြင့် ရှုပ်ထွေးနေကြသည်။ သို့သော် သခင်မထန်ကမူ ထိုမျှလောက် အတွေးနက်ရှိုင်းသူ မဟုတ်ပေ၊ သူမက ချက်ချင်းပင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး၊ နောက်လှည့်ကာ ထွက်သွားရန် ပြင်လိုက်သည်။ "သခင်လေးမှာ မိန်းမလှလေး တစ်ယောက် အဖော် ပါလာပြီပဲ။ ကျွန်မဆီကို ဘာကိစ္စ လာရှာနေရသေးလဲ။"
ထိုအခါမှသာ စုန့်ချင်းရှု သတိပြန်ဝင်လာပြီး ခါးသက်သက် ပြုံးကာ ပြောလိုက်သည်။ "သခင်မ... တကယ်တော့ ဒီတစ်ကြိမ် လာတာက ခင်ဗျားဆီက အကူအညီ လာတောင်းတာပါ။"
သခင်မထန်မှာ ကြားလိုက်ရသဖြင့် ရင်ထဲတွင် အလွန် ကျေနပ်သွားသည်။ 'ဟွန်း... ဟွမ်ရုံက ဒီလောက် လှနေပေမယ့် သူမ မလုပ်နိုင်တဲ့ ကိစ္စတွေလည်း ရှိသေးတာပဲ...' ထိုသို့ တွေးရင်း တွေးရင်း သူမ၏ ပါးပြင်လေးများ အလိုအလျောက် နီရဲလာတော့သည်။ 'သူမ ဘာလုပ်မပေးနိုင်လို့ သခင်လေးစုန့်က ငါ့ဆီကို လာရှာရတာလဲ မသိဘူး။ သူမက အရမ်းကို အရှက်အကြောက် ကြီးလွန်းလို့... သခင်လေးရဲ့ တောင်းဆိုချက်တွေကို ငါ့လိုမျိုး စိတ်ရောကိုယ်ပါ အပြည့်အဝ မဖြည့်ဆည်းပေးချင်လို့များလား'
အရင်က တစ်ခါမှ မကြားဖူးသော ထို ဆွဲဆောင်မှုရှိသည့် ကိုယ်ဟန် အနေအထားများကို တွေးမိသောအခါ သခင်မထန်မှာ ကာမဂုဏ် အပျော်အပါးများကို ကျွမ်းကျင်သူ တစ်ယောက် ဖြစ်သော်လည်း ရင်ထဲတွင် ဒိန်းဒိန်း ခုန်သွားရသည်။ ဟွမ်ရုံက ထိုကဲ့သို့ လုပ်ဆောင်ရန် ငြင်းဆန်မည် ဆိုသည်မှာလည်း နားလည်နိုင်စရာပင် ဖြစ်သည်။
"တကယ်တော့ သခင်မ ကိုယ်တိုင် ထွက်ပြီး ဝမ်ယန်လျန်ကို ဒီကို လာဖို့ ဖိတ်ခေါ်ခိုင်းချင်လို့ပါ။" စုန့်ချင်းရှု၏ စကားကို ကြားသောအခါ သခင်မထန်မှာ ရှည်လျားစွာ စိတ်ကူးယဉ် နေမှုများထဲမှ နောက်ဆုံးတွင် နိုးထလာခဲ့သည်။ တစ်ကိုယ်လုံး ရေခဲရေ တစ်ပုံး အလောင်းခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး သဘာဝမကျစွာဖြင့် ပြုံးကာ ပြောလိုက်သည်။ "ကောင်းပါပြီ"
'ဟုတ်တာပေါ့။ တခြား ယောက်ျား တစ်ယောက်ကို မြှူဆွယ်ရမယ့် ဒီလို ကိစ္စမျိုးကို သခင်လေးစုန့်က ရေခဲလို ဖြူစင် သန့်ရှင်းတဲ့ ဟွမ်ရုံကို ဘယ်လိုလုပ် ခိုင်းရက်မှာလဲ၊ ဒီလို ကိစ္စမျိုးက ငါ့လိုမျိုး ကြွေနွမ်းနေတဲ့ပန်းကပဲ လုပ်ရမှာပေါ့...' သခင်မထန်မှာ မနေနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် သနားကာ ဝမ်းနည်းလာတော့သည်။
"သူ့ကို ဒီခေါ်ပြီး ဘာလုပ်မလို့လဲ လို့ ခင်ဗျား မမေးဘူးလား" စုန့်ချင်းရှုသည် ပန်းခင်းများ ကြားတွင် အချိန်ကြာမြင့်စွာ ကျင်လည်ခဲ့သူ ဖြစ်ရာ မိန်းမများ၏ စိတ်ကို အကဲခတ်ရာတွင် အမြင့်ဆုံး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သခင်မထန်၏ မျက်နှာထား မှိုင်းကျသွားသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် သူမ အတွေးလွန်သွားပြီ ဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်သည်။
"သခင်လေး ဒီလို လုပ်တာက သခင်လေးရဲ့ အကြောင်းပြချက် ရှိမှာ သေချာပါတယ်။ ကျွန်မက ခိုင်းတဲ့ အတိုင်း လုပ်ရုံပါပဲ၊ ဘာလို့လဲ လို့ မေးနေစရာ မလိုပါဘူး" သခင်မထန်က ခေါင်းကို ငုံ့ထားရာ ဘာအမူအရာ ရှိနေသလဲ ဆိုသည်ကို သေချာ မမြင်ရပေ
စုန့်ချင်းရှုက အသာပြုံးလိုက်ပြီး ဆက်ပြောသည်။ "အချိန်ကျရင် သူ့ကို ဒီရောက်အောင် ဖိတ်ပေးရုံပါပဲ။ ကျန်တဲ့ ကိစ္စတွေကို ကျွန်တော် ဆက်လုပ်ပါ့မယ် အရင်တုန်းက သူ့ကို စိတ်ညှို့ပညာ သုံးခဲ့တာကို ခင်ဗျား မေ့သွားပြီလား"
သခင်မထန်၏ ရင်ထဲတွင် ဝမ်းသာသွားပြီး အလိုအလျောက် ခေါင်းမော့ကာ မေးလိုက်သည်။ "ကျွန်မက သူ့ကို အဖော်ပြုပေးစရာ မလိုဘူးလား"
စုန့်ချင်းရှုက နှာခေါင်းရှုံ့လိုက်သည်။ "အဲဒီ ကံဆိုးတဲ့ ကောင်က ဒီလိုမျိုး မိန်းမလှလေးနဲ့ ပျော်ပါးခွင့် ဘယ်လိုလုပ် ရမှာလဲ၊ သခင်မကို သူ့ဆီ အဖော်လုပ်ဖို့ ဘယ်ခွင့်ပြုနိုင်ပါ့မလဲ"
ထိုအခါမှသာ သခင်မထန်သည် ဆက်လက် သည်းမခံနိုင်တော့ဘဲ စုန့်ချင်းရှု၏ ရင်ခွင်ထဲသို့ တိုက်ရိုက် ပြေးဝင်သွားကာ ရှိုက်ငိုတော့သည်။ "ကျွန်မက... သခင်လေးက ကျွန်မကို မလိုချင်တော့ဘူးလို့ ထင်နေတာ..."
စုန့်ချင်းရှုက သူမ၏ ပခုံးလေးကို အလျင်အမြန် ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ ဘေးမှ ဟွမ်ရုံက ထိုမြင်ကွင်းကို ကြည့်ရင်း မျက်မှောင် ပြင်းပြင်း ကြုတ်သွားပြီး စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။ "ဟန်ဆောင်ကောင်းတဲ့ မြေခွေးမလေးပဲ"
……
"ရှည်လျားလှတဲ့ ညဉ့်ယံမှာ၊ အိပ်မပျော်နိုင်ဖြစ်နေလို့၊
သခင်ဝမ်နဲ့ အတူ အရက်သောက်ပြီး
လမင်းကြီးကိုကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်..."
စာရွက်လေး ပေါ်မှ သင်းပျံ့သော ရနံ့လေးကို ရှူရှိုက်ရင်း ဝမ်ယန်လျန်၏ မျက်နှာပေါ်တွင် ရမ္မက်ကြီးသော အပြုံးတစ်ခု အလိုအလျောက် ပေါ်လာတော့သည်။ 'ဒီ မြေခွေးမလေးက ညကြီးမိုးချုပ် ငါ့ကို လာဖိတ်နေတာ... သေချာပေါက် အထီးကျန်ပြီး မနေနိုင်တော့လို့ပဲ ဖြစ်ရမယ် ဟီးဟီး... ညသန်းခေါင်ကြီး အရက် အတူတူ သောက်မယ် ဆိုတော့... ဒီစာက တကယ့်ကို ပေါ်တင်ကြီး မြှူဆွယ်နေတာပဲ'
ဝမ်ယန်လျန်သည် အလွန် စိတ်အားထက်သန်စွာဖြင့် မတ်တတ်ရပ်လိုက်သည်။ သို့သော် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ရုတ်တရက် သံသယ ဖြစ်သွားသော အမူအရာ ပေါ်လာသည်။ ပုံမှန်ဆိုလျှင် ဤကဲ့သို့သော ကိစ္စမျိုး ကြုံရပါက သူက အလွန် စိတ်လှုပ်ရှား တက်ကြွနေမည် ဖြစ်သည်။ အခုကျမှ ဘာလို့ ခန္ဓာကိုယ်က ဘာတုံ့ပြန်မှုမှ မရှိရတာလဲ။
သခင်မထန်၏ အလွန် လှပ ဆွဲဆောင်မှု ရှိသော မျက်နှာ၊ စိုရွှဲ နီရဲနေသော နှုတ်ခမ်းများ၊ ပြည့်ဖြိုး စွဲမက်ဖွယ် ကောင်းသော ခန္ဓာကိုယ်များကို အစွမ်းကုန် ပြန်လည် မြင်ယောင် ကြည့်လိုက်သည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ ဘာမှ အသုံးမဝင်ခဲ့ပေ ဝမ်ယန်လျန်သည် သူ၏ ဝမ်းဗိုက် အောက်ပိုင်းမှ ပူလောင်သော မီးတောက်ကို အနည်းငယ်မျှပင် မခံစားရသေးပေ။
ဤသည်မှာ အရင်က စုန့်ချင်းရှု အသုံးပြုခဲ့သော စိတ်ညှို့ပညာကြောင့် ဖြစ်ကြောင်းကို သူ သေချာပေါက် မသိနိုင်ပေ၊ သူ၏ စိတ်အောက်ခြေတွင် သခင်မထန်အပေါ် စိတ်ဝင်စားမှု လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ဤတစ်ကြိမ် သခင်မထန် ကိုယ်တိုင်သာ လာမဖိတ်ခေါ်လျှင် သူက ဤအမျိုးသမီးကို သတိရလာမည်ပင် မဟုတ်ပေ...
"ထားလိုက်ပါတော့... အဲဒီရောက်မှပဲ ဆက်ပြောကြတာပေါ့" ဝမ်ယန်လျန်က ဤရက်ပိုင်း အတွင်း စိတ်ပင်ပန်းနေ၍ ဖြစ်မည်ဟုသာ ထင်မှတ်ပြီး သိပ်ပြီး ဂရုမစိုက်တော့ပေ၊ သခင်မထန်၏ ပြိုင်ဘက်ကင်း လှပသော နှုတ်ခမ်းနီနီလေးတွေ ရှိနေမှတော့... ခဏနေရင် 'စိတ်ဝင်စားမှု' ပြန်ရလာဖို့ ဆိုတာ အရမ်း လွယ်ကူပါတယ် ဟု စိတ်ထဲတွင် တွေးလိုက်သည်။
ဝမ်ယန်လျန်သည် အစောင့်အကြပ် တစ်သိုက်ကို ခေါ်ဆောင်ကာ သခင်မထန်၏ အဆောင်ဆီသို့ ခမ်းနား ကြီးကျယ်စွာ ထွက်ခွာသွားတော့သည်။ ခြံဝင်း တံခါးဝသို့ ရောက်သောအခါ သူ၏ လူများကို အပြင်ဘက်တွင်သာ နေခဲ့ရန် အမိန့်ပေးလိုက်ပြီး အတွင်းသို့ လိုက်မဝင်ခိုင်းတော့ပေ၊ မည်သို့ပင်ဖြစ်စေ သခင်မထန်သည် အိမ်ထောင်သည် မိန်းမ တစ်ယောက် ဖြစ်ရာ၊ အကျိုးဆက်များကို သူ အနည်းငယ်တော့ ထည့်သွင်း စဉ်းစားရမည် မဟုတ်ပါလား၊ သူက သခင်မထန်၏ ခင်ပွန်းကို မကြောက်သော်လည်း၊ လုပ်ရပ်က အရမ်း အရုပ်ဆိုးလွန်းသွားလျှင် တစ်ဖက်လူက ခွေးလို ရူးသွပ်ပြီး ပြန်ကိုက်လာမည်ကို စိုးရိမ်ရသည်။
လုံခြုံရေး ပြဿနာ အတွက်တော့ သူ လုံးဝ စိုးရိမ်မနေပေ၊ သူ မလာခင် ကတည်းက အစောင့်များကို ဤခြံဝင်း တစ်ခုလုံးကို ပိုက်စိပ်တိုက် ရှာဖွေခိုင်းထားပြီး ဖြစ်ရာ ဘာအန္တရာယ်မှ မရှိကြောင်း သေချာနေပြီ ဖြစ်သည်။
"သခင်မထန်... ညသန်းခေါင်ကြီး လာဖိတ်တယ် ဆိုတော့... တကယ်ကို ရိုမက်တစ် ဆန်လွန်းတာပဲ" ဝမ်ယန်လျန်က အလွန် စိတ်အားထက်သန်စွာဖြင့် အတွင်းသို့ ပြေးဝင်သွားသော်လည်း၊ လူကြီးလူကောင်း တစ်ယောက်၏ အမူအရာကို ဟန်ဆောင် ထိန်းသိမ်းထားပြီး၊ သူ၏ ရမ္မက်ကြီးနေသော ပုံစံကိုတော့ အပြင်သို့ ထုတ်မပြခဲ့ပေ။
မီးရောင် အောက်တွင် သခင်မထန်၏ အလှမှာ ပြိုင်ဘက်ကင်းလောက်အောင် ပိုမို ဆွဲဆောင်မှု ရှိနေသည်။ ဝမ်ယန်လျန် ဝင်လာသည်ကို မြင်သောအခါ သူမက ချွဲနွဲ့စွာဖြင့် တိုးတိုးလေး ပြောလိုက်သည်။ "မင်းသားသာ တံခါးကို ပိတ်ပေးလိုက်မယ် ဆိုရင်... ကျွန်မက ပိုပြီး ရိုမက်တစ်ဆန်ပြလို့ ရတာပေါ့"
***