" ဟဲရန်မြို့က ချောင်မိသားစုရဲ့ အကြီးအကဲလိုပေါ့.. သူက သက်ရှည်လက်သီးကို ပြီးပြည့်စုံတဲ့အဆင့်အထိ ကျွမ်းကျင်ခဲ့တော့ အသက် ၈၀ မှာတောင် သူ့ရဲ့သွေးနဲ့ချီက သန်မာနေတုန်းပဲ အတွင်းအားကလည်း ထိပ်တန်းထဲမှ ပါတယ်.. ဒီရေနားစွင့်မျှော်စင်က ထုတ်ပြန်တဲ့ ခွန်အား စာရင်းထဲမှာ သူက ထိပ်ဆုံး ဆယ်ယောက်ထဲမှာတောင် ပါတယ်လေ .."
" ကျွမ်းကျင်မှု အဆင့်ကတော့ ကျုပ်လို သိုင်းပညာရပ်တွေကို အဓိကထားပြီး လေ့ကျင့်တာမျိုးပေါ့.. "
" သိုင်းလောကမှာ အကျော်ကြာဆုံး ဒဏ္ဍာရီပုဂ္ဂိုလ်က အသက်ကြီးလို့ သွေးနဲ့ချီ စွမ်းအင် ကျဆင်းသွားပေမဲ့.. ဓားစွမ်းရည်က အံ့မခန်းပဲ ..သစ်သားဓားတစ်ချောင်းကို သုံးပြီး ရုံးတော်က အဆင့် ၃ သိုင်းပညာရှင်တစ်ယောက်ို အနိုင်ယူခဲ့တယ်တဲ့ .."
" အတွင်းအား ..ခွန်အား..နဲ့ ကျွမ်းကျင်မှု တွေမှာ ထူးချွန်တဲ့ သိုင်းပညာရှင်တွေကပဲ ဒီရေနားစွင့်မျှော်စင်က ထုတ်ပြန်တဲ့ စာရင်းထဲမှာ ပါဝင်နိုင်တာ.. "
" ပြီးတော့ စိတ်ဝိညာဥ်သန့်စင်ပြီးတဲ့ သိုင်းပညာရှင်တွေအတွက် စာရင်းရှိသေးတယ်တဲ့.. ဒါပေမဲ့ ကျုပ်မသိဘူး.. "
" မင်းလို လူမျိုးတောင် အဆင့်သတ်မှတ်ချက်ထဲ မဝင်နိုင်ဘူးလား .."
" ဟဲဟဲ.. ကျုပ်က ဘာမှ မဟုတ်ပါဘူးဗျာ.. "
ဓားသမားဟူက ရယ်လိုက်ပြီး...
" ခင်ဗျား ခုနက ပြောတာ ကျုပ်နဲ့ သိုင်းကျင့်စဥ် မလဲရသေးလို့ ကန်လိုက်တာလို့ ပြောတာနော်.."
" ဟုတ်တယ်လေ.."
ချောင်မူက ခေါင်းညိတ်လိုက်၏ ။
" ခင်ဗျားလိမ်တာက ဆိုးရွားလိုက်တာ.. ဒီလောကမှာ ဒီလို လူမျိုး ရှိမှာ မဟုတ်ဘူး.. "
ဓားသမားဟူက ခေါင်းခါလိုက်သည် ။
" မင်းပဲ ဒီကမ္ဘာကြီးမှာ ကာမကျမ်းဖြန့်ပြီး ကျင့်ကြံသူတွေကို အနိုင်ယူမယ်ဆို.. မင်းလို ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ငါဘယ်လိုလုပ်ပြီး အသေခံနိုင်မှာလဲ.. "
ချောင်မူက ရုပ်တည်ကြီးနှင့် ပြောလိုက်၏ ။
" ခင်ဗျားပြောတာ.. ခင်ဗျားကိုယ်တိုင်တောင် ယုံရဲ့လား.. "
ဓားသမားဟူက ခဏတာ ကြောင်အသွားကာ အင်္ကျီအိတ်ထဲမှ စာအုပ်များကို ထုတ်ယူပြီး ချောင်မူကို ပစ်ပေါက်လိုက်၏ ။
ချောင်မူက စာအုပ်များကို ဖမ်းပြီး ဝမ်းသာအားရ ကြည့်လိုက်ရာ.. ရနံ့ခွဲခြားမှု အနုပညာ ၊ တုတ်ကြီးဖြင့် ပြင်းပြင်းထန်ထန် ရိုက်နည်း ၊ အဝါရောင်နဂါး၏ တိမ်ဖမ်းလက် ။
ချောင်မူ ဆွံ့အနေချိန်တွင် ဓားသမားဟူက ချောင်မူ၏ ပတ်တီးစီးထားသော လက်ကိုကြည့်၍ တည်ကြည်စွာ ပြောလိုက်၏ ။
" ခင်ဗျားဘာပဲ တွေးတွေး ကျုပ်နဲ့ ခင်ဗျားနဲ့ အကြွေး မရှိတော့ဘူးနော်.. "
" ကျုပ် ခင်ဗျားရဲ့ အကူအညီကို မလိုဘူး နောက်တစ်ခါကျုပ်ကို မကူညီနဲ့တော့ .."
( ဒီမှာ ဟူ ပြောတာက... ချောင်မူက အသက်ကို ရင်းပြီး ကယ်လိုက်တာလို့ ခံစားနေမိလို့ မကျေမနပ် နဲနဲ ဖြစ်နေတာဗျ.. ပုံမှန် တွေ့ကြုံနေကြ သိုင်းလောက သားတွေလို မဟုတ်ဘဲ တမင် ကယ်လိုက်တော့ အကြွေးကြီးကြီး တင်နေသလို ခံစားမိတာဗျာ.. အကြွေးကျေပြီ ပြောတာက လက်ကို ကယ်လိုက်တာကို ပြောတာ.. )
" အေးပါ.. အေးပါ.. "
ချောင်မူက သေရမည်ကို မကြောက်သော်လည်း မလိုအပ်ဘဲ အန္တရာယ်တောထဲ ရောက်မည်ကို မလိုလားသဖြင့် သဘောတူလိုက်၏ ။
ထို့အပြင် ဓားသမားဟူက ဝမ်စုန့်ဟဲလို လူမျိုးသာ ဖြစ်ပါက သူ့အား ခဏခဏ ကယ်နေမည်ကို စိုး၏ ။
တစ်ခဏအကြာတွင် လူတိုင်းက ဒဏ်ရာအသေးစားလေးများကို ကုသပြီး အနားယူပြီးသည်နှင့် သူတော်စင်မ၏ နောက်သို့ ဆက်လိုက်သွားကြသည် ။
ကောင်းကင်ကြီးက မှောင်မိုက်လာပြီး လေပြင်းများ တိုက်ခတ်ကာ သစ်ရွက်များ တဝေါဝေါ ကြွေကျနေသည် ။
လေထုထဲတွင် ညည်းသံအမျိုးမျိုး ပေါ်ထွက်နေသဖြင့် ကျောချမ်းစရာ ကောင်းလာ၏ ။
အဝေးမှ သစ်ပင်ကြီး တစ်ပင်၏ အောက်တွင် မီးရောင်မှိန်ပြပြ မြင်လိုက်သဖြင့် သူတို့ ချဥ်းကပ်လာကြသည် ။
အနီးသို့ ရောက်လျှင် ဖျင်ကြမ်းအဝတ်အစားများ ဝတ်ဆင်ထားသော အသက်လေးဆယ်ကျော်အမျိုးသမီးတစ်ယောက် က လက်မောင်းတွင် လီမီးတောက် တောက်လောင်နေပြီး နာကျင်စွာ ညီးညူနေ၏ ။
" ဒီ ဝူချင်းရှင်းက သာမန်လူတွေကိုပါ နှိပ်စက်နေတာပဲ.. "
ချောင်မူ၏ အကြည့်က အေးစက်သွားပြီး ရှေ့သို့ အလျင်စလို ပြေးထွက်သွား၏ ။
" ငြိမ်ငြိမ်နေ မလှုပ်နဲ့.. "
ချောင်မူက ဓားကို ဆွဲထုတ်ရင်း သတိပေးလိုက်သည် ။ သူ့တွင် လီမီးတောက်နှင့် ပက်သက်သည့် အတွေ့အကြုံများစွာ ရှိ၍ လက်ကို ဖြတ်တောက်ရန်ပြင်လိုက်သည် ။
သို့သော်လည်း ချောင်မူ အနားသို့ ကပ်လာသည်နှင့် ထိုအမျိုးသမီး၏ မျက်နှာတွင် ရူးသွပ်သည့် အမူအရာ ပေါ်လာပြီး ချောင်မူထံသို့ ပြေးဝင်လာ၏ ။
" သန့်ရှင်းသောမီးလျှံကို လောင်ကျွမ်းစေ..ကျွန်ုပ်၏ခန္ဓာကိုယ်ကို လောင်ကျွမ်းပါစေ..ကျွန်ုပ်တို့၏ သူတော်စင်မကို ကာကွယ်ပါ..ကျွန်ုပ် နောင်တမရှိဘဲ သေဆုံးပါမည်..."
ချောင်မူက ရုတ်တရက် ထိတ်လန့်သွားပြီး ချက်ချင်းကန်ထုတ်လိုက်၏ ။ သို့သော်လည်း သူ့ရှေ့တွင် မီးတောက်များ ပိုမိုများပြားလာပြီး တောအုပ်ထဲမှ လူလေးငါးဆယ်ခန့်က အစွန်းရောက်၍ ရူးသွပ်နေသော အမူအရာများဖြင့် ပြေးထွက်လာကြသည် ။
" သန့်ရှင်းသောမီးလျှံ..ကျွန်ုပ်၏အကြွင်းအကျန်များကို လောင်မြိုက်ပါ..."
ဤလူများသည် သာမန်လူများဟု ထင်ရသော်လည်း ဝူချင်းရှင်းက ချောင်မူ၏ ထက်မြက်သည့် အာရုံခံနိုင်စွမ်းကို နည်းတစ်မျိုးမျိုးနှင့် ဖုံးကွယ်ပေးထားပုံရသည် ။
ချောင်မူက နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ သူ၏ အဖွဲ့က ခြေလှမ်း ဆယ်လှမ်း အကွာမှသာ ရပ်ကြည့်နေကြ၏ ။ သူတစ်ယောက်ထဲ ရှေ့သို့ ပြေးထွက်လာခြင်းဖြစ်သည် ။
" သူ့နှလုံးသားက နူးညံ့လွန်းတယ်.. ဒီအရွယ်အထိ အသက်ရှင်နေသေးတာ အံ့သြစရာပဲ.. "
ဓားသမားဟူက သက်ပြင်းချလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည် ။ ဤသည်က ထောင်ချောက်ဟုတ်မဟုတ် မသေချာသော်လည်း တောအုပ်အလယ်တွင် ထူးဆန်းသော မီးတောက်ဖြင့် အော်ဟစ်နေသူ တစ်ဦးကို တွေ့လျှင် ကယ်တင်ရန် ကြင်နာမှု ပြမည် မဟုတ်ပေ ။
" ဒါဆို ဒီလိုမျိုးပေါ့.. "
ရူးသွပ်နေကြသူများကို ကြည့်ပြီး ချောင်မူ၏ အမူအရာမှာ အေးစက်သွား၏ ။ သူ သေရမည်ကို မကြောက်သဖြင့် ဒုက္ခတွေ့နေသူအား ကယ်တင်ရန် အပြေးလာမိခြင်းပင် ။
" ဒီလူတွေက စိတ်ထိန်းချုပ် ခံရတာနဲ့ မတူဘူး.. ဘာသာရေး အစွန်းရောက်တွေလိုပါပဲလား ...ဟူးး... "
ချောင်မူက သက်ပြင်းချလိုက်ပြီး သူ့ထံသို့ တဖန်ပြန်ပြေးဝင်လာသည့် အမျိုးသမီးကို ကိုင်ထားသည့် ဓားဖြင့် ခေါင်းဖြတ်လိုက်လေသည် ။
" သူက မိန်းမတစ်ယောက်ကို ဂရုဏာပြတက်ပေမယ့် ခုအခြေအနေကို ကြည့်ရရင် အရမ်းကြီး မစိုးရိမ်ရသေးဘူး.. "
ဓားသမားဟူက အနားသို့ ကပ်လာပြီး မှတ်ချက်ပေးလိုက်၏ ။
ကျန်လူများမှာမူ လီမီးတောက်ကို ကြောက်သဖြင့် ရှေ့မတိုးရဲပေ ။
ဓားသမားဟူက ရွာသားများကိုကြည့်ပြီး ခံစားချက်မဲ့စွာ ပြောလိုက်၏ ။
" အသိဉာဏ်နိမ့်ကျတဲ့ သူတွေဟာ မျက်လုံးစုံမှိတ်ပြီး နတ်ဘုရားတွေနဲ့ ရုပ်ထုတွေကို မိုက်မိုက်ကန်းကန်း ကိုးကွယ်ယုံကြည်နေကြတယ်.. သူတို့ အတွေးအခေါ်တွေက ပြောင်းလဲလို့မရအောင် ပျက်ဆီးနေပြီမို့ သတ်ပစ်လိုက်တာ အကောင်းဆုံးပဲ.. "
ဓားသမားဟူ၏ ဓားစွမ်းရည်မှာ ကောင်းလွန်းလှသဖြင့် မီးလောင်နေသော လူအုပ်ကြားတွင် လိပ်ပြာတစ်ကောင်သဖွယ် ရွေ့လျားနေ၏ ။
***