တစ်ချိန်တည်းမှာပင် လုမိသားစုတို့ ရှိရာနှင့် ကီလိုမီတာ ဒါဇင်နှင့်ချီ ဝေးကွာသော အခြားနေရာတစ်ခု၌…။
အရပ် လေးမီတာကျော် မြင့်ကာ အပြာရင့်ရောင် အသားအရေရှိပြီး အမြီးရှည်နှင့် နားရွက်ချွန်ချွန်များ ပါရှိသော သန်မာသည့် အမျိုးသားတစ်ဦးသည် ရှေ့မှ မြင်ကွင်းကို ကြောင်စီစီဖြင့် ကြည့်နေမိသည်။
သူသည် ရှေးဦးမျိုးနွယ်စုမှ စစ်သည်တော်တစ်ဦးကဲ့သို့ ဝတ်ဆင်ထားသည်။ သူသည် ဧရာမ ကန်တော့ပုံ အလင်းတန်းကြီး၏ အောက်ခြေတွင် ရှိနေခြင်းပင်။
ရေတံခွန်ကြီးထဲသို့ တိုးဝင်နေသော မရေမတွက်နိုင်သော တိမ်တိုက်များနှင့် အလင်းတန်းများကို သူ ကိုယ်တိုင် မြင်တွေ့နေရသည်။ ထိုအရာများက ရေတံခွန်တစ်ခုလုံးအား တောက်ပနေသော အလင်းစီးကြောင်းကြီးတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။
"ဝှစ်…"
ရုတ်တရက် ရေတံခွန်ထဲမှ ရေစင်များ လွင့်ထွက်လာသည်။
အရပ်ရှည်ပြီး သန်မာသော သမင်ထီးကြီးတစ်ကောင်မှာ ရေထဲမှ လမ်းလျှောက်ထွက်လာသည်။
ထိုအမျိုးသား၏ အပြာရင့်ရောင် မျက်စိသူငယ်အိမ်များမှာ ကျုံ့သွားရသည်။
အကြောင်းမှာ ထိုသမင်မှာ သူကိုယ်တိုင် လှံဖြင့် ထိုးထားခဲ့ပြီး သေလုမျောပါး ဖြစ်နေသဖြင့် ဤနေရာသို့ မောင်းထုတ်လာခဲ့သော သားကောင်ဖြစ်နေသောကြောင့်ပင်။ သို့သော် ယခုအခါ ထိုသမင်မှာ ဘာဒဏ်ရာမှ မရှိတော့ဘဲ ကျန်းမာသန်စွမ်းစွာဖြင့် သူ့အား ပြန်ကြည့်နေသည်။
"အဘား…အဘား…"
ထိုအမျိုးသားသည် ထူးဆန်းသော အော်သံတစ်ခုကို လွှတ်လိုက်ပြီး လက်ထဲမှ လှံကို ပစ်ချကာ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်တော့သည်။
ထို့နောက် ရေတံခွန်ဘက်သို့ ဦးတည်ကာ အသည်းအသန် ဦးချလေတော့သည်။ ခဏကြာ ဦးချပြီးနောက်တွင် သူသည် လှံကို ပြန်ကောက်ကာ လေလို အမြန်နှုန်းဖြင့် နောက်သို့ လှည့်မကြည့်ဘဲ ထွက်ပြေးသွားတော့သည်။
ရွှမ်လင်းဘောလုကျင့်စဉ်ကို စတင်လည်ပတ်လိုက်သည်နှင့် တစ်ပြိုင်နက် မိမိ၏ အတွေး မှန်ကန်ကြောင်း လုရှန် ချက်ချင်းပင် သဘောပေါက်လိုက်သည်။
စကြာဝဠာဟင်းလင်းပြင်အတွင်းရှိ သဘာဝစွမ်းအင်တို့သည် အတိုင်းအဆမရှိသော ပမာဏဖြင့် သူ၏ခန္ဓာကိုယ်အတွင်းသို့ အလုံးအရင်းနှင့် တိုးဝင်လာကြတော့သည်။
မသေမျိုးဆဲလ်တို့သည် တစ်ခုပြီးတစ်ခု စတင်ဖြစ်တည်လာကြသည်။
အစပိုင်း၌ အရှိန်အဟုန်မှာ မထူးခြားသော်လည်း တဖြည်းဖြည်းနှင့် နှင်းဘောလုံးလိမ့်သကဲ့သို့ အရှိန်ရလာကာ နောက်ဆုံးတွင် ကြယ်တာရာလေ့ကျင့်ရေးကွင်း အတွင်းရှိ အရှိန်နှုန်းကိုပင် မှီလုနီးပါး ဖြစ်သွားခဲ့သည်။
ဤစကြာဝဠာစွမ်းအင်တို့သည် ရွှမ်လင်းဘောလုကျင့်စဉ်၏ ဆွဲဆောင်မှုကြောင့် ရှုပ်ထွေးသော်လည်း သန့်စင်သော အခြေအနေဖြင့် ဧရာမမြစ်ကြီးတစ်စင်းအလား သူ၏ကိုယ်တွင်းသို့ စီးဝင်ကာ ဆဲလ်တိုင်းကို အားဖြည့်ပေးနေသည်။
မူလက ရှိပြီးသားဖြစ်သော မသေမျိုးဆဲလ် ရှစ်သောင်းမှာလည်း စဉ်ဆက်မပြတ် အသွင်ပြောင်းလဲလာပြီး ပင်မကြယ်တာရာအဆင့်မှ ကြယ်နီကြီး ပုံစံသို့ လျင်မြန်စွာ ကူးပြောင်းနေပြီဖြစ်သည်။
လုရှန်သည် သူ၏စိတ်စွမ်းအားကို ထုတ်လွှတ်၍ အပြင်ဘက်တွင် မိမိဖန်တီးထားသော ခမ်းနားထည်ဝါသည့် မြင်ကွင်းကို ကြည့်ရှုရင်း အတွေးနယ်ချဲ့နေမိသည်။
"ငါ့ရဲ့ပါရမီက အတော်လေး ကောင်းတယ်လို့ ပြောလို့ရမလား"
ချန်ယွီရှု၏ မှတ်ဉာဏ်များအရ မသေမျိုးလမ်းစဉ်ယဉ်ကျေးမှုရှိ ကျင့်ကြံသူတို့၏ ဝိညာဉ်အမြစ်ကို အဆင့်ကိုးဆင့် ခွဲခြားထားပြီး အထက် အလယ် အောက် ဟူ၍ သတ်မှတ်ထားကြသည်။
အဆင့်တစ်ခုချင်းစီ၏ ကွာဟချက်မှာ ကျင့်ကြံခြင်းအရှိန်နှုန်းကို သိသိသာသာ ကွာခြားစေသည်။
ချန်ယွီရှုသည် အဆင့်နှစ် ဝိညာဉ်အမြစ်ပိုင်ရှင် ပါရမီရှင်တစ်ဦးဖြစ်ပြီး မွေးဖွားစဉ်ကပင် ထူးခြားသော နိမိတ်များ ပြခဲ့သူဖြစ်သည်။ သို့သော် လုရှန် သူ၏မှတ်ဉာဏ်နှင့် နှိုင်းယှဉ်ကြည့်လိုက်သောအခါ မိမိ၏ စကြာဝဠာစွမ်းအင် စုပ်ယူနိုင်စွမ်းမှာ ချန်ယွီရှုထက် အဆပေါင်းတစ်ရာကျော်မျှ ပိုမိုအားကောင်းနေသည်ကို တွေ့လိုက်ရသည်။
"တစ်နည်းအားဖြင့် ပြောရရင် ငါ့ရဲ့ သိုင်းလမ်းစဉ် စစ်မှန်သောဝိညာဉ် အမှတ်အသားက ချန်ယွီရှုရဲ့ ဝိညာဉ်အမြစ်ထက် အဆတစ်ရာမက ပိုပြီး အစွမ်းထက်နေတာပဲ"
မည်သို့ပင်ဖြစ်စေ ရွှမ်လင်းဘောလု ကျင့်စဉ်မှာ လုရှန်အတွက် အံ့အားသင့်ဖွယ် လက်ဆောင်မွန်တစ်ခု ဖြစ်ခဲ့သည်။
ဤမျှအစွမ်းထက်သော စွမ်းအင်စုပ်ယူမှုမှာ သူယခင်က လေ့ကျင့်ခဲ့ဖူးသမျှသော မည်သည့်သိုင်းကျင့်စဉ်နှင့်မျှ နှိုင်းယှဉ်၍မရပေ။ မသေမျိုးလမ်းစဉ်နှင့် သိုင်းလမ်းစဉ်ကို မပေါင်းစပ်နိုင်ခဲ့လျှင်ပင် နှစ်မျိုးလုံးကို တွဲဖက်ကျင့်ကြံရုံဖြင့် သူသည် အကျိုးကျေးဇူး အမြောက်အမြား ရရှိနိုင်မည်ဖြစ်သည်။
"ဒီပုံစံအတိုင်းဆိုရင် အဆင့် ၁၁ ကို ရောက်ဖို့က သိပ်မဝေးတော့ဘူး"
လုရှန်သည် လောလောဆယ်တွင် အဆင့် ၁၀ သာ ရှိသေးသော်လည်း သူ့တွင် အဆင့် ၅ အထွတ်အထိပ်သို့ ရောက်ရှိပြီး နိယာမများကို ထိန်းချုပ်နိုင်သည့် သိုင်းပညာ ခုနစ်မျိုး ရှစ်မျိုးခန့် ရှိနေပြီဖြစ်သည်။
အဆင့် ၁၀ မှ အဆင့် ၁၁ ထိုမှတစ်ဆင့် အဆင့် ၁၂ အထိ...။
သူ့အတွက်မူ အဆင့်တက်ရန် အတားအဆီးဟူ၍ အလျဉ်းမရှိချေ။ လုံလောက်သော စွမ်းအင်များကို စုဆောင်းနိုင်ရုံဖြင့် အလွယ်တကူ တက်လှမ်းသွားနိုင်မည်ဖြစ်သည်။
လုရှန်၏ ခန္ဓာကိုယ်ကို ခွက်တစ်ခုနှင့် ဥပမာပေးရလျှင် သူ၏ခွက်မှာ အဆင့် ၁၂ အရွယ်အစားအထိ ကြီးမားနေပြီဖြစ်သည်။
သို့သော် ထိုခွက်ထဲတွင် စွမ်းအင်များ ပြည့်ဝမနေသေးဘဲ ဟာလာဟင်းလင်း ဖြစ်နေသဖြင့် စွမ်းအင်များ ဖြည့်တင်းရန် လိုအပ်နေခြင်းသာ ဖြစ်သည်။
သူသည် ယခင်က အစွမ်းကုန် ကြိုးစားခဲ့သော်လည်း သူ၏တိုးတက်မှုနှုန်းမှာ မြန်လွန်းလှသဖြင့် ခွက်ကြီးထွားလာသည့် အရှိန်မှာ စွမ်းအင်ဖြည့်တင်းသည့် အရှိန်ထက် ပိုမိုမြန်ဆန်နေခဲ့သည်။ မသေမျိုးဆဲလ်များ တိုးလာတိုင်း ခွက်မှာလည်း ပို၍ ကြီးမားလာသည်။
ထိုစွမ်းအင်စုဆောင်းမှုမှာ လုရှန်၏ ခွက်ဝအရွယ်အစားပေါ်တွင် မူတည်သည်။ ခွက်ဝ ကြီးမားလေလေ စွမ်းအင်စီးဝင်မှု များပြားလေလေဖြစ်ပြီး စုဆောင်းမှုမှာလည်း လျင်မြန်လေလေဖြစ်သည်။
ယခင် လုရှန်၏ ခွက်ဝမှာ ထိုမျှ မကြီးမားခဲ့ချေ။
ယခု ရွှမ်လင်းဘောလု ကြောင့် သူ၏ခွက်ဝမှာ အတိုင်းအဆမရှိ ကျယ်ပြန့်သွားခဲ့ပြီဖြစ်ပြီး ခွက်ကြီးထွားလာသည့် အရှိန်အား ကောင်းကောင်း လိုက်မှီနိုင်နေပြီဖြစ်သည်။
ဤအချက်တစ်ခုတည်းနှင့်ပင် လုရှန်အနေဖြင့် မသေမျိုးကျင့်စဉ်ကိုပါ တွဲဖက်ကျင့်ကြံရခြင်းမှာ အလွန်တန်သည်ဟု ခံစားလိုက်ရသည်။
ပင်လယ်ပြင်ကဲ့သို့ အဆုံးအစမဲ့သော စွမ်းအင်တို့သည် လုရှန်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်။
မသေမျိုးဆဲလ် ရှစ်သောင်းကျော်မှာ ရေငတ်နေသော မျိုးစေ့များအလား ထိုစွမ်းအင်များကို လောဘတကြီး စုပ်ယူကာ လျင်မြန်စွာ ကြီးထွားလာကြသည်။
မသေမျိုးဆဲလ် အရေအတွက်မှာလည်း အရှိန်အဟုန်ဖြင့် တိုးပွားလာတော့သည်။
ရှစ်သောင်းတိတိမှသည် ရှစ်သောင်းတစ်ထောင် ရှစ်သောင်းနှစ်ထောင် သုံးထောင် လေးထောင်...။
ဤလုပ်ငန်းစဉ်အတွင်း၌ စကြာဝဠာစွမ်းအင်များသည် ရွှမ်လင်းဘောလု ကျင့်စဉ်၏ အသွင်ပြောင်းလဲပေးမှုကြောင့် ဓာတ်ငွေ့အခြေအနေမှ အရည်အခြေအနေသို့ ထိုမှတစ်ဆင့် သလင်းကျောက်ကဲ့သို့ ခဲသွားသော အခြေအနေသို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။
နောက်ဆုံးတွင် လုရှန်၏ ဒန်ထျန်းနေရာ၌ ကြက်ဥအရွယ်အစားရှိသော အဖြူရောင်အလုံးလေးတစ်ခုအဖြစ် စုစည်းသွားတော့သည်။
၎င်းမှာ အဆင့်ရှစ် သိုင်းမဟာသခင်များ၏ ရွှေရောင်အမြုတေနှင့် ဆင်တူလှသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုအဖြူရောင်အလုံးလေးမှာ လျင်မြန်စွာ ကြီးထွားလာပြီး ကြက်ဥအရွယ်မှ လက်သီးဆုပ်အရွယ် ထိုမှတစ်ဆင့် ဖရဲသီးအရွယ်အစားအထိ ဖြစ်လာသည်။
"သောက်ကျိုးနည်း... ဒါကြီးက ငါ့ဆီးအိမ်ကိုများ ဖောက်ထွက်သွားမလား မသိဘူး"
လုရှန်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသော်လည်း မြင်နေရသော အရာများက သူ၏စိုးရိမ်မှုမှာ အပိုဖြစ်ကြောင်း သက်သေပြလိုက်သည်။
ဤအဖြူရောင်အလုံးကြီးမှာ စဉ်ဆက်မပြတ် ကြီးထွားနေပြီး အချင်းမှာ တစ်မီတာ နှစ်မီတာ ဆယ်မီတာအထိ လျင်မြန်စွာ ကျော်လွန်သွားသည်။
သို့သော် လုရှန်၏ ဒန်ထျန်းမှာလည်း အဆုံးအစမရှိ ကျယ်ပြောလှပုံရသည်။
ထိုအဖြူရောင်အလုံးကြီး မည်မျှပင် ကြီးထွားလာပါစေ ကောင်းကောင်း ဆံ့နေသေးသည်။
"ဒါက... ငါ့ရဲ့ မသေမျိုးလမ်းစဉ် ရွှေရောင်အမြုတေလား"
လုရှန် မျက်တောင်တဖျပ်ဖျပ် ခတ်ရင်း အံ့အားသင့်နေမိသည်။
သူသည် ချန်ယွီရှု၏ မှတ်ဉာဏ်များနှင့် နှိုင်းယှဉ်ကြည့်လိုက်သည်။ မသေမျိုးလမ်းစဉ် ရွှေရောင်အမြုတေနှင့် သိုင်းလမ်းစဉ် ရွှေရောင်အမြုတေကြား သိသိသာသာ ကွာခြားမှု ရှိသော်လည်း ယေဘုယျအားဖြင့် ကြက်ဥအရွယ် သို့မဟုတ် အများဆုံး လက်သီးဆုပ်အရွယ်သာ ရှိတတ်ကြသည်။
ဤမျှလောက်အထိ ကြီးမားလာသည်ကို သူ တစ်ခါမှ မကြားဖူးချေ။
"ယုတ္တိဗေဒအရ ပြောရင်တော့ ရွှေရောင်အမြုတေက အတိုင်းအတာတစ်ခုအထိ ကြီးလာပြီး လပြည့်တာနဲ့ ပြန်ဆုတ်သလိုမျိုး... အမြုတေက ကွဲထွက်ပြီး နို့စို့ကလေးပုံစံ ပေါ်လာရမှာ။ အဲဒါမှ နောက်တစ်ဆင့်ကို တက်တာ..."
ချန်ယွီရှု၏ ဦးခေါင်းခွံထဲမှ ထွက်ပေါ်လာခဲ့သော ထွားထွားကျိုင်းကျိုင်း ကလေးငယ်ပုံရိပ်ကို လုရှန် မှတ်မိနေသေးသည်။
၎င်းမှာ ရွှေရောင်အမြုတေအဆင့်မှ နောက်တစ်ဆင့်ဖြစ်သော ကနဦးဝိညာဉ် နယ်ပယ်သို့ ကူးပြောင်းခြင်းပင် ဖြစ်သည်။
သို့သော် လုရှန်၏ ရွှမ်လင်းဘောလု ကျင့်စဉ်မှ ရရှိလာသော ရွှေရောင်အမြုတေမှာမူ ယုံကြည်နိုင်စရာမရှိလောက်အောင် ပါးစပ်အဟောင်းသား ဖြစ်သွားရလောက်အောင် ကြီးမားလွန်းနေသည်။
ချန်ယွီရှု၏ ဘဝနှစ်ခုစာ ကျင့်ကြံခြင်း အတွေ့အကြုံဖြင့်ပင် ဤအရာကို ရှင်းပြ၍ မရနိုင်ချေ။
"ပြဿနာက ကျင့်စဉ်မှာလား ဒါမှမဟုတ် ငါ့ဆီမှာလား"
လုရှန်လည်း မသေချာတော့ပေ။
ဤအချိန်တွင် ပင်လယ်ပြင်ကဲ့သို့ စကြာဝဠာစွမ်းအင်များမှာ လုရှန်၏ ခန္ဓာကိုယ်ထဲသို့ စဉ်ဆက်မပြတ် စီးဝင်နေဆဲပင်။
ရွှေရောင်အမြုတေမှာလည်း ဆက်လက် ကြီးထွားနေဆဲ ဖြစ်သည်။
ဤနှုန်းအတိုင်းသာဆိုလျှင် လုရှန်သည် ခေတ္တမျှနေ၍ ရွှေရောင်အမြုတေကို ပြန်ထွေးထုတ်လိုက်ပါက ဧရာမ အဖြူရောင်ဂြိုဟ်ကြီးတစ်လုံး ထွက်လာမည်လားဟုပင် သံသယဝင်မိတော့သည်။
အကျိုးကျေးဇူးကမူ ထင်ရှားလှသည်။ မသေမျိုးလမ်းစဉ် ရွှေရောင်အမြုတေမှ သယ်ဆောင်လာသော ဧရာမစွမ်းအင်များကြောင့် လုရှန်၏ မသေမျိုးဆဲလ် အရေအတွက်မှာ ပေါက်ကွဲထွက်မတတ် မြင့်တက်လာသည်။
ယခုအခါ ဆဲလ်ပေါင်း တစ်သိန်းခွဲအထိ ကျော်လွန်သွားပြီဖြစ်သည်။
နဂိုထက် နှစ်ဆနီးပါး တိုးလာခြင်းပင်။
ထို့ပြင် အရှိန်လျော့မည့် လက္ခဏာလည်း မရှိဘဲ နှင်းဘောလုံးလိမ့်သကဲ့သို့ ပို၍ပင် မြန်ဆန်လာသည်။
ဤဖြစ်စဉ်အတွင်းမှာပင် လုရှန်၏ သိုင်းခန္ဓာကိုယ်မှာ အံ့အားသင့်ဖွယ် အသွင်ပြောင်းလဲမှုကို ကြုံတွေ့နေရသည်။
မူလက သူ၏သိုင်းခန္ဓာမှာ အဆင့် ၁၅ ကြယ်တာရာလမ်းစဉ်အတွက် အထူးသီးသန့် ပြုလုပ်ထားသော ကြယ်တာရာ အထွတ်အထိပ် ခန္ဓာကိုယ် ဖြစ်သည်။
ထိုခန္ဓာကိုယ်မှာ ကြယ်တာရာလမ်းစဉ်၏ အသင့်တော်ဆုံး ဆင့်ကဲပြောင်းလဲမှုအတိုင်း ကြီးထွားလာခဲ့ခြင်းပင်။
ယခုမူ မသေမျိုးလမ်းစဉ် ရွှေရောင်အမြုတေ ပေါ်ထွက်လာမှုကြောင့် လုရှန်၏ ကြယ်တာရာ အထွတ်အထိပ် ခန္ဓာကိုယ်ပေါ်တွင် တောက်ပသော အဖြူရောင် ရှိကာ ရှင်းပြရခက်ပြီး နက်ရှိုင်းလှသော အမှတ်အသားများ စတင်ပေါ်ပေါက်လာတော့သည်။
"မသေမျိုးလမ်းစဉ် အမှတ်အသားတွေပဲ"
လုရှန်၏ မျက်လုံးများထဲမှ ထက်ရှသော အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။
သူသည် မသေမျိုးလမ်းစဉ်နှင့် သိုင်းလမ်းစဉ်ကို ပေါင်းစပ်ရန် ရည်မှန်းချက် ရှိခဲ့သော်လည်း ၎င်းမှာ အလွန်ခက်ခဲလိမ့်မည်ဟု ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် လောလောဆယ်တွင် ပထမဆုံးခြေလှမ်းမှာ သူထင်ထားသည်ထက်ပင် ပိုမို ချောမွေ့နေပုံရသည်။
***