~နီရှန် နန်းတော် သခင်မ၊ ရွှီယွင်ပင်း နှင့် အခြားသူများသည် ရှေးဟောင်း စာအုပ်ထဲရှိ မှတ်တမ်းများကို ကြည့်ပြီးနောက် တောင်ပိုင်းမြစ်ဝှမ်းဒေသ တစ်ခုတည်းမှာတင် သူမတို့လို လက်ခွဲဂိုဏ်းပေါင်း ရာချီ ရှိခဲ့ကြောင်း တွေ့ရှိလိုက်ရသည်။
သို့သော် အများစုကတော့ ပျက်စီးသွားကြပြီ ဖြစ်၏။
အဓိက အကြောင်းရင်းမှာ သွေးနတ်ဆိုး ခန်းမဆောင်သည် ပေါ်ပေါ်ထင်ထင် မလှုပ်ရှားရဲသောကြောင့် ဖြစ်၏။ ထို့ကြောင့် သူတို့ တည်ထောင်ထားသည့် လက်ခွဲဂိုဏ်းများမှာ ‘ထိပ်တန်းအဆင့် ဂိုဏ်း’ အဆင့်လောက်သာ ရှိကြလေသည်။
‘ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်’ ကျင့်ကြံသူ တစ်ဦးခန့်ကသာ စောင့်ကြပ်ထားပြီး အင်အားမှာ (၁၀၀) မှ (၂၀၀) ဝန်းကျင်ခန့်သာ ရှိရာ အတိုင်းအတာအားဖြင့် ကြီးမားကျယ်ပြန့်မှု မရှိပေ။
ထိုသို့သော အင်အားစုများသည် အနည်းငယ် ပို၍ သန်မာသည့် ရန်သူနှင့် ရင်ဆိုင်ရပါက လွယ်လင့်တကူ ပြိုလဲသွားတတ်ကြ၏။ ထို့ကြောင့် ရေရှည် ရပ်တည်နိုင်စွမ်း မရှိကြခြင်း ဖြစ်လေသည်။
“ရှေးဟောင်း စာအုပ် မှတ်တမ်းတွေအရ... ဒီလို လက်ခွဲဂိုဏ်းတွေက ယေဘုယျအားဖြင့် အမျိုးသမီး တပည့်တွေကိုပဲ လက်ခံကြတယ်။ ပြီးတော့ ငယ်ရွယ်နုပျိုပြီး လှပဖို့ လိုအပ်တယ်တဲ့”
“ဒါပေမဲ့ တချို့ အင်အားစုတွေကျတော့ အမျိုးသား တပည့်တွေကိုပဲ လက်ခံကြတယ်။ သန်မာထွားကြိုင်းပြီး ရုပ်ရည်ချောမော တင့်တယ်ဖို့ လိုအပ်တယ်။ သူတို့ကိုလည်း မီးဖို အဖြစ် မွေးမြူဖို့ပါပဲ”
“ဟာ သွေးနတ်ဆိုး ခန်းမဆောင်... ဒီလို နည်းလမ်းတွေ သုံးပြီး သူတို့ကိုယ်သူတို့ အားဖြည့်နေတာလား။ ငါတို့ တောင်ပိုင်းမြစ်ဝှမ်းဒေသ ကို ဖြည်းဖြည်းချင်း ဝါးမြိုနေတာပဲ။ ယုတ်မာလိုက်တာ”
မှတ်တမ်းများကို ဖတ်ရှုပြီးနောက် မိန်းကလေးများ ဒေါသထွက်လွန်းသဖြင့် သွားကျိုးမတတ် ကြိတ်ထားမိသည်။ လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး လက်သည်းများက နုနယ်သော အသားထဲသို့ စိုက်ဝင်နေ၏။
“ဒေါသထွက်နေလို့ ဘာထူးမှာလဲ”
ယဲ့ဖုန်း ကုလားထိုင်ပေါ်တွင် ပြန်ထိုင်လိုက်ပြီး လက်ဖက်ရည် သောက်နေတော့သည်။ ဓာတ်ကြီးငါးပါး စုစည်းခြင်း ပဉ္စမအဆင့် ပညာရှင် တစ်ယောက်ကို လက်သီးတစ်ချက်တည်းနှင့် ဖောက်ခွဲပစ်လိုက်တာက သူ့အတွက် စိတ်လှုပ်ရှားစရာ ကိစ္စ မဟုတ်သလိုမျိုး အေးဆေးတည်ငြိမ်နေ၏။
ထိုစကားကို ကြားသောအခါ နီရှန် နန်းတော် သခင်မ နှင့် အခြားသူများ ခါးသီးစွာ ပြုံးလိုက်ကြသည်။
‘သွေးနတ်ဆိုး ခန်းမဆောင် ဆိုတာ မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင်တွေ ရှိတဲ့ ကြယ်သုံးပွင့် အင်အားစုကြီးလေ။ ခရိုင်ဘုရင်မြို့တော် တောင် မီးစနဲ့ မကစားရဲဘူး။ ဘာလို့ ယဲ့ဖုန်း က ဒီလောက် အေးဆေးနေရတာလဲ။
သူလည်း မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် ဖြစ်နေလို့များလား။’
“ဂိုဏ်းချုပ်ယဲ့... ရှင် ကျွန်မတို့ဘက်က ရပ်တည်ပေးရမယ်နော်”
နီရှန် နန်းတော် သခင်မ သည် ချက်ချင်းပင် ယဲ့ဖုန်း ရှေ့၌ ဒူးထောက်လိုက်ပြီး အကူအညီ တောင်းခံလိုက်တော့၏။
ယဲ့ဖုန်း မရှိလျှင်... နီရှန် နန်းတော် ရဲ့ အင်အားလောက်နှင့် သွေးနတ်ဆိုး ခန်းမဆောင် လို ဧရာမ အဖွဲ့အစည်းကြီးကို ဘယ်လိုမှ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပေ။
“နီရှန် နန်းတော် ဆိုတာ ကျွန်တော်တို့ ရေပေါ်ဖြူမြို့တော် ရဲ့ အင်အားစု တစ်ခုပဲ။ ရေပေါ်ဖြူမြို့တော် ဆိုတာကလည်း ကျွန်တော်တို့ မြူခိုးဂိုဏ်း ရဲ့ လက်အောက်ခံ မြို့တော်လေ။ ဂိုဏ်းချုပ် တစ်ယောက် အနေနဲ့... သူများတွေ ကျွန်တော့်ခေါင်းပေါ် လာတက်နင်းတာကို ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ”
ယဲ့ဖုန်း လက်ဖက်ရည်ခွက်ကို ချလိုက်၏။
“ဒီနေ့ကိစ္စ ဒီမှာတင် ပြီးပါပြီ။ ကျွန်တော်ပြန်တော့မယ်”
‘ရွှစ်...’
သူ ကောင်းကင်သို့ ပျံတက်သွားပြီး အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ အဝေးသို့ ပျောက်ကွယ်သွားတော့သည်။
နီရှန် နန်းတော်မှ လူများသည် စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုများဖြင့် ကျန်ရစ်ခဲ့ကြ၏။
“သခင်မ... ဂိုဏ်းချုပ်ယဲ့ က တကယ်ပဲ ကျွန်မတို့ဘက်က ရပ်တည်ပေးပါ့မလား”
မိန်းကလေး တပည့်များ အလွန် စိုးရိမ်နေကြ၏။ အရေးကြုံလာလျှင် ယဲ့ဖုန်း ကူညီပါ့မလား ဆိုတာ မသေချာပါလေ။
“ဂိုဏ်းချုပ်ယဲ့ က ဖြောင့်မတ်မှန်ကန်ပြီး ကတိတည်တဲ့သူပါ။ သူ့ဘေးနားက လူတွေကို ဘယ်တော့မှ စွန့်ပစ်လေ့ မရှိဘူး။ ငါတို့ နီရှန် နန်းတော် သာ မြူခိုးဂိုဏ်း အပေါ် သစ္စာရှိမယ် ဆိုရင်... သူ ဒီကိစ္စကို လစ်လျူရှုထားမှာ မဟုတ်ပါဘူး”
နန်းတော် သခင်မ အသက်ပြင်းပြင်း ရှူလိုက်ပြီး နှစ်သိမ့်လိုက်သည်။
တကယ်တမ်းကျတော့ သူမကိုယ်တိုင်လည်း ရင်ထဲမှာ မယုံကြည်မှုတွေ ရှိနေပါသည်။
သို့သော်၊ လူတွေကို စိတ်ငြိမ်အောင် ထိန်းဖို့အတွက် ဒီလိုပဲ ပြောရမည်ပင်။
မြူခိုးတောင်ထိပ်...
ယဲ့ဖုန်း သူ့နေရာတွင် ပြန်ထိုင်နေ၏။
နဖူးကို ပွတ်သပ်လိုက်ပြီး ‘ပျော်ရွှင်ခြင်း ရေ’ တစ်ခွက် သောက်လိုက်သည်။ ဘေးနားရှိ စားပွဲကို ကြည့်လိုက်ရာ ဘာမှ မရှိတော့ကြောင်း တွေ့လိုက်ရ၏။
ထို့ကြောင့် ၊ အနီးနားရှိ ကမ်းပါးစွန်းသို့ လျှောက်သွားလိုက်သည်။
ကျားယွိလန် နှင့် ယန်ရူယွီ တို့သည် ပေါက်ပြားများကို ကိုင်ဆောင်လျက် ကမ်းပါးစွန်းတွင် တွင်း (၅) တွင်း တူးထားကြ၏။ တွင်းများကို အမြဲ စိုစွတ်နေစေရန် ဝိညာဉ်စမ်းရေတွင်းမှ ရေအချို့ သွယ်ယူထားသည်။
တွင်းများထဲတွင် နှစ်တစ်ထောင် မီးနဂါးသီးပင် ၏ အကိုင်းအခက်များကို စိုက်ပျိုးထားပြီး ဖြစ်၏။
မြေအောက် ပင်လယ်ကမ္ဘာမှ မထွက်ခွာမီ ပင်လယ်လူသား ခေါင်းဆောင်ကြီးက မီးနဂါးသီးပင်မကြီးမှ အကိုင်း (၅) ကိုင်း ခုတ်ဖြတ်ပြီး ဟိုယွင်ကျဲ ကို ပေးလိုက်ခြင်း ဖြစ်သည်။
ယခုတော့ ကျားယွိလန်နှင့် ယန်ရူယွီ တို့ စိုက်ပျိုးပြီးကြလေပြီ။
‘အသက်ဝိညာဉ် စွမ်းအား’ ၏ အထောက်အပံ့ဖြင့် အကိုင်း (၅) ကိုင်းစလုံး အမြစ်တွယ်ပြီး ကြီးထွားလာကြပြီ။ မကြာခင် အသီးသီးတော့မည်။
ဆေးစွမ်းထက်မြက်မှုက မူရင်းအတိုင်း ကောင်းမွန်ပါ့မလား ဆိုတာတော့ ယဲ့ဖုန်း အာမမခံနိုင်ပေ။
“ဂိုဏ်းချုပ် ရောက်လာပြီလား။ ကျွန်မတို့ မီးနဂါးသီး အကိုင်း (၅) ကိုင်း စိုက်ပြီးပါပြီ။ အမြစ်တွယ်နေပါပြီ”
ယန်ရူယွီ သည် ပေါက်ပြားကို ကိုင်လျက် ပြေးလာပြီး ပြုံးရွှင်စွာ ပြောလိုက်၏။
“တော်လိုက်တာ”
ယဲ့ဖုန်း သူမ၏ နှာခေါင်းထိပ်လေးကို ခပ်ဖွဖွ ဆွဲလိုက်၏။ ကျားယွိလန် ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ဘေးပတ်လည်ကို ကြည့်လိုက်ရာ အပင်ပေါက်လေးများစွာကို တွေ့ရှိလိုက်ရသည်။
ဒါတွေက မီးနဂါးသီး အတွင်းက အစေ့တွေကနေ ပေါက်လာသော အပင်တွေပင်။
အကိုင်းဆက်တာနှင့် ယှဉ်ရင် အစေ့ကနေ စိုက်တာက ကြီးထွားနှုန်း နှေးကွေးပေမယ့်... နောက်ပိုင်းကျလျှင် နေရာအနှံ့ ရွှေ့ပြောင်း စိုက်ပျိုးလို့ ရသည်။
ထို့ပြင်၊... အလားအလာ ပိုကောင်းလေ၏။
...
တောင်ပိုင်းမြစ်ဝှမ်းဒေသ ၏ တောင်ဘက်၊ သဲကန္တာရ နှင့် ကပ်လျက်တွင် ကျောက်စရစ် ကန္တာရ တစ်ခု ရှိသည်။
ထိုနေရာတွင် ပျက်စီးနေသော ဘုရားကျောင်း တစ်ဆောင် ရှိ၏။
အတွင်း၌ ‘အနိမ့်အဆင့် နတ်ဆိုးဗိုလ်ချုပ် ထိပ်ဆုံး’အဆင့် ရှိသော ကျားရဲတစ်ကောင် နေထိုင်ပြီး၊ မိုင် (၁၀၀) ပတ်လည် ဖြတ်သန်းသွားလာသော သက်ရှိမှန်သမျှကို စားသောက်လေ့ ရှိသည်။
ဒီကျားနတ်ဆိုးက သဘာဝအတိုင်း ပေါက်ဖွားလာတာ မဟုတ်ဘဲ၊ သွေးနတ်ဆိုး ခန်းမဆောင် ဌာနခွဲ တစ်ခု၏ ဂိတ်စောင့် ဝိညာဉ်သားရဲ ဆိုတာ ဘယ်သူမှ မသိကြပါချေ။
မြေအောက် အနက်ပိုင်းတွင်...၊
‘ကလစ်...’
ဝိညာဉ်မီးအိမ် တစ်လုံး ကွဲကြေသွား၏။
မီးအိမ်စောင့်က မျက်မှောင်ကြုတ်လိုက်ပြီး သတင်းပို့လိုက်သည်။
မကြာမီ ရှေးဟောင်း ချပ်ဝတ်များ ဝတ်ဆင်ထားသော လူပုံစံ ရုပ်သေးရုပ် (၅) ရုပ်သည် ပျက်စီးနေသော ဘုရားကျောင်းထဲမှ ထွက်ခွာလာကြ၏။ သူတို့နောက်တွင် မျက်လုံးတစ်ဖက်တည်းသာ ရှိသော ဆံပင်ဖြူ အဘိုးအိုတစ်ဦး လိုက်ပါလာသည်။
“စစ်ဆေးပြီးပြီ... ဝူဝူခိုင် က ရေပေါ်ဖြူမြို့တော် နီရှန် နန်းတော် မှာ အသတ်ခံလိုက်ရတာ။ သွေးနတ်ဆိုး ခန်းမဆောင် ရဲ့ အကြီးအကဲ တစ်ယောက်ကို လက်ဖျားနဲ့ ထိရဲတယ်ပေါ့လေ။ ဟွန်း... ဒီနေ့ အဲဒီက အင်အားစုတွေ အကုန်လုံးကို မျိုးဖြုတ်ပစ်မယ်”
ဆံပင်ဖြူ အဘိုးအိုသည် ခါးကိုင်းနေသော်လည်း၊ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများ ထုတ်လွှတ်နေ၏။ ကောင်းကင်ကို ခွဲခြားပြီး မြေကြီးကို ချေမှုန်းနိုင်မည့်အလား ရင်တုန်စရာ ကောင်းလှသည်။
“သွားကြ... ရေပေါ်ဖြူမြို့တော် ကို မြေလှန်ပစ်ကြ”
အဘိုးအိုသည် ရေပေါ်ဖြူမြို့တော် ရှိရာဘက်ကို လက်ညှိုးထိုးပြလိုက်၏။ လူပုံစံ ရုပ်သေးရုပ် (၅) ရုပ်သည် ချက်ချင်းပင် ကောင်းကင်သို့ ပျံတက်သွားပြီး လျင်မြန်စွာ ဦးတည်သွားကြ၏။
အဘိုးအိုကတော့ ဆေးတံကို တစ်ဖွာ ရှိုက်လိုက်ပြီးနောက် အေးဆေးစွာ နောက်မှ လိုက်ပါသွားသည်။ သူ့မျက်လုံးများထဲတွင် အေးစက်သော အရောင်များ တောက်ပနေ၏။
*
ရေပေါ်ဖြူမြို့တော်ဝယ်၊
ကုန်းချင်းချိုးသည် လေထဲတွင် ပျံဝဲနေပြီး ‘အလယ်အလတ်အဆင့် အဆောင်’ များကို အဆက်မပြတ် ပစ်ချနေသည်။ တချို့က လေထဲတွင် ပျော်ဝင်သွားပြီး၊ တချို့က မြေကြီးထဲသို့ စိမ့်ဝင်သွားကာ၊ တချို့က မြို့ရိုးများပေါ်တွင် ကပ်ငြိသွားကြ၏။
မကြာမီ အဆောင် စာရွက်ပေါင်း (၁၀၀) ကျော် ကုန်ဆုံးသွားသည်။
“မြို့တော် အကာအကွယ် ဒိုင်း... ပွင့်စေ”
ကုန်းချင်းချိုး လက်သင်္ကေတများ ဖော်ဆောင်လိုက်၏။ ‘ အစစ်အမှန်ယွမ်’ စွမ်းအားမျှင် (၁၀၀) ကို ထုတ်လွှတ်လိုက်ပြီး အဆောင်များထဲသို့ စီးဝင်စေလိုက်၏။
‘ဝုန်း...’
အဆောင်များ လောင်ကျွမ်းသွားပြီး ရောင်စုံ အလင်းတန်းများ အဖြစ် ပြောင်းလဲသွားသည်။ လေထဲတွင် အချင်းချင်း ချိတ်ဆက်သွားပြီး မိုင် (၅၀) အချင်းရှိသော အမိုးခုံးပုံစံ အကာအကွယ် ဒိုင်းကြီး တစ်ခု ဖြစ်ပေါ်လာကာ ရေပေါ်ဖြူမြို့တော် တစ်ခုလုံးကို လွှမ်းခြုံသွား၏။
အရှေ့၊ အနောက်၊ တောင်၊ မြောက် တံခါးပေါက် (၄) ခုကို ဖွင့်ထားသည်မှလွဲ၍ ကျန်နေရာအားလုံး ဒိုင်းဖြင့် ကာကွယ်ထားသည်။ ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့် အောက် မည်သူမျှ ဖျက်ဆီး၍ မရနိုင်ပေ။
“နောက်ဆုံးတော့ ပြီးသွားပြီ”
ကုန်းချင်းချိုး နဖူးမှ ချွေးများကို သုတ်လိုက်၏။ မီတာဝက်ခန့် ထူထဲပြီး ကြည်လင်နေသော အကာအကွယ် ဒိုင်းကြီးကို ကြည့်ရင်း ကျေနပ်အားရနေသည်။
သို့သော် ထိုအချိန်တွင်... တောင်ဘက်မှ ရှေးဟောင်း ချပ်ဝတ် ဝတ်ဆင်ထားသော လူပုံစံ ရုပ်သေးရုပ် (၅) ရုပ် ပျံသန်း ရောက်ရှိလာသည်။ ထိုအထဲမှ တစ်ရုပ်သည် ရုတ်တရက် မီတာ (၁၀၀) အထိ ကြီးထွားလာပြီး ခြေထောက်ဖြင့် နင်းချလိုက်၏။
‘ဂျွတ်...’
အသစ်စက်စက် တည်ဆောက်ထားသော အကာအကွယ် ဒိုင်းကြီး အက်ကွဲသွားပြီး အစိတ်အပိုင်း အများအပြား ကွဲကြေသွားသည်။
ကုန်းချင်းချိုး ၏ မျက်လုံးများထဲတွင် ဒေါသအိုး ပေါက်ကွဲသွားရ၏။
တိုက်ခိုက်လိုက်သော ရုပ်သေးရုပ်ကို အေးစက်စွာ စူးစိုက်ကြည့်လိုက်ပြီး၊ ခန္ဓာကိုယ် လှုပ်ရှားလိုက်ကာ ‘ဝိညာဉ်ပန်းချီကားချပ်’ ကို ထုတ်ဖော်လိုက်သည်။ ရေဓား ပေါင်းများစွာ ပန်းချီကားထဲမှ ထွက်ပေါ်လာပြီး ရုပ်သေးရုပ်ကို အပိုင်းပိုင်း ခုတ်ဖြတ်ပစ်လိုက်၏။
လူပုံစံ ရုပ်သေးရုပ်များသည် ‘ထိပ်တန်းအဆင့် နတ်ဆိုးဗိုလ်ချုပ်’ စွမ်းအား ရှိကြ၏။
သို့သော် ဒေါသထွက်နေသော ကုန်းချင်းချိုး နှင့် ယှဉ်လိုက်လျှင် မပြောပလောက်ပေ။ အထူးသဖြင့် ပန်းချီကားချပ် ကမ္ဘာထဲမှ နွယ်ပင်များ၏ ချည်နှောင်ခြင်း ခံထားရချိန်တွင် ပို၍ အားနည်းသွားကြသည်။
“သတ်ပစ်စမ်း”
ရုပ်သေးရုပ် တစ်ရုပ်ဆီမှ အေးစက်ပြီး အိုမင်းသော အသံတစ်ခု ထွက်ပေါ်လာ၏။ ရေပေါ်ဖြူမြို့တော် တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
မြူခိုးတောင်ထိပ် ပေါ်ရှိ ယဲ့ဖုန်း ပင်လျှင် ကြားလိုက်ရ၏။
“ဟေ... ဒီလောက် မြန်မြန် ရောက်လာပြီလား”
ယဲ့ဖုန်း မတ်တတ်ရပ်လိုက်သည်။ လက်ဖဝါးပေါ်တွင် ‘ဟင်းလင်းပြင် သံလိုက်အိမ်မြှောင်’ ပေါ်လာလေသည်။
သွေးနတ်ဆိုး ခန်းမဆောင် က လူတွေ ရောက်လာပြီ ဆိုတာ သူ ခန့်မှန်းမိလိုက်၏။
“ဝိုး... တိုက်လို့ ရပြီလား”
ဟူဖေးဖေး သည် ‘ပေါက်ကွဲစေသော တုတ်တို’ ကို ထမ်းလျက် ‘ပထမ တိုက်ခိုက်ရေး အဆင့်’ သို့ ဝင်ရောက်လိုက်သည်။ ထို့နောက် ‘ဒုတိယ တိုက်ခိုက်ရေး အဆင့်’ သို့ပါ ဆက်လက် ဝင်ရောက်လိုက်၏။
“နေဦး... မင်း အလှည့် မရောက်သေးဘူး”
ယဲ့ဖုန်း ဟူဖေးဖေး ကို တားလိုက်သည်။
သူမက လက်ရှိ မြူခိုးဂိုဏ်းရဲ့ အသန်မာဆုံး တိုက်ခိုက်ရေး အင်အားစုပင်။ လွယ်လွယ်နှင့် ထုတ်သုံး၍ မဖြစ်ချေ။
“ဟွန်း...”
တိုက်ခိုက်ခွင့် မရသောအခါ၊ ဟူဖေးဖေး နှုတ်ခမ်းစူလိုက်တော့၏။
ရေပေါ်ဖြူမြို့တော် အထက်တွင်...၊
ကျန်ရစ်သော ရုပ်သေးရုပ် (၄) ရုပ်သည် ပေါင်းစည်းလိုက်ပြီး ‘သတ်ဖြတ်ခြင်း ဝင်္ကပါ’ တစ်ခု ဖွဲ့စည်းကာ ကုန်းချင်းချိုး ကို တိုက်ခိုက်လိုက်ကြ၏။
“ဟွန်း... ကလေးအထာတွေပါ”
ကုန်းချင်းချိုး အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ လက်သင်္ကေတများ ပြုလုပ်လိုက်ရာ ဝိညာဉ်ပန်းချီကားချပ် ကမ္ဘာကြီး ထပ်မံ ပွင့်လာသည်။ နွယ်ပင်ပေါင်းများစွာ ထိုးထွက်လာပြီး ရုပ်သေးရုပ် အားလုံးကို ရစ်ပတ်လိုက်၏။
ထို့နောက် ရေဓားပေါင်းများစွာ ခုတ်ပိုင်းလိုက်သည်။
ရေပေါ်ဖြူမြို့တော်ရှိ ပြည်သူ (၂) သန်းနီးပါး၏ မျက်စိရှေ့မှောက်တွင် ထိပ်တန်းအဆင့် နတ်ဆိုးဗိုလ်ချုပ် စွမ်းအားရှိသော ရုပ်သေးရုပ် (၄) ရုပ်သည် အပိုင်းပိုင်းအစစ ဖြစ်သွားကြ၏။
ထိုမြင်ကွင်းကို ကြည့်ပြီး မြို့သူမြို့သားများ အံ့သြမှင်သက်သွားကြသည်။
“မြို့စားမင်း ကျန်းမာပါစေ”
မကြာမီ ပြည်သူ သန်းပေါင်းများစွာ၏ အော်ဟစ် အားပေးသံများ ထွက်ပေါ်လာ၏။
ကုန်းချင်းချိုး ၏ ဂုဏ်သတင်းသည် တစ်ရှိန်ထိုး တက်သွားတော့သည်။
“မင်းက ရေပေါ်ဖြူမြို့တော် မြို့စားမင်း ဆိုတာကိုး။ ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့်တောင် ရောက်နေပြီပဲ။ ကောလာဟလ သတင်းတွေထက် အများကြီး ပိုစွမ်းတာပဲ။ ဒါပေမဲ့... ဝမ်းနည်းစရာ ကောင်းတာက မင်းရဲ့ အဆင့်လောက်နဲ့ ငါ့ရှေ့မှာ ဘာမှ မဟုတ်ဘူး”
ထိုအေးစက်ပြီး မောက်မာသော အိုမင်းသည့် အသံသည် အရပ်မျက်နှာ အနှံ့အပြားမှ ထွက်ပေါ်လာသည့်နှယ်..
လူတိုင်း၏ နားထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး အလွန် ထိတ်လန့်သွားစေတော့၏။
***