~"ထျန်းကျီဘုံ ပညာရှင်ပါလား..."
ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါကို ခံစားလိုက်ရသောအခါ၊ ဂူအတွင်းရှိ ကျင့်ကြံသူများ အားလုံး၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှု လှိုင်းတံပိုးကြီးများ ရိုက်ခတ်သွားတော့၏။
သတ္တိနည်းသော သူများဆိုလျှင် ကြောက်လန့်လွန်းသဖြင့် မြေကြီးပေါ်သို့ပင် ပုံကျသွားကြ၏။
ရွှမ်ဟော့ တောင်တန်း ပေါ်ရှိ ကျင့်ကြံသူ အများအပြားမှာလည်း ပြဿနာ ကြားညပ်မည်ကို စိုးရိမ်သဖြင့်၊ လျှို့ဝှက် မီးတောက် ဂူ နှင့် ဝေးရာ တောင်တန်းများ၏ အနက်ရှိုင်းဆုံး နေရာများသို့ ကပျာကယာ ပုန်းရှောင်သွားကြတော့၏။
ရွှမ်ဟော့မြို့ နှင့် ပတ်ဝန်းကျင် တစ်ဝိုက်ရှိ ကျင့်ကြံသူတိုင်း ကျောက်မိသားစု ၏ ကြမ်းတမ်းသော အင်အားကို ကောင်းစွာ သိရှိထားကြသည်။
"ကျောက်မိသားစု ရဲ့ မိသားစုခေါင်းဆောင် နဲ့ အကြီးအကဲတွေ ကိုယ်တိုင် ရောက်လာတာဆိုတော့... ဂူထဲမှာ ကျင့်ကြံနေတဲ့ ဟိုကောင်လေးတော့ သေချာပေါက် သေပြီပဲ"
"အခုမှ ပြေးမယ်ဆိုရင်တောင် နောက်ကျနေပြီလေ။ အဲဒီကောင်လေး ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ... ကျောက်ခေါင်းဆောင် တို့ကိုတော့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး"
"အဲဒီကောင်လေးက တကယ်ကို မိုက်မဲလွန်းတယ်။ သူ့ကိုယ်သူ အရမ်း အထင်ကြီးနေတာ။ ငါသာ သူ့နေရာမှာဆိုရင် စောစောကတည်းက လစ်နေလောက်ပြီ"
"သူက အရမ်းကို အစွမ်းထက်တာတော့ အမှန်ပဲ။ သေချာပေါက် ပါရမီရှင် တစ်ယောက်ပဲ။ ဒါပေမဲ့ အရမ်းကို မောက်မာပြီး ဘဝင်မြင့်လွန်းနေတယ်။ အဲဒီလို ပါရမီရှင်တွေက သူတို့ရဲ့ မာနကြောင့်ပဲ သေရတတ်တာလေ"
ရွှမ်ဟော့ တောင်တန်း ပေါ်ရှိ လူများက ကြောက်လန့်တကြား အချင်းချင်း တီးတိုး ပြောဆိုနေကြပြီး... အားလုံးက ဖုန်းဝူချန် အတွက် စိတ်ထဲမှ နှမြောတသ ဖြစ်နေကြလေ၏။
"ငါ့သားကို ဘယ်ကောင် လုပ်လိုက်တာလဲ။ အခုချက်ချင်း ထွက်ခဲ့စမ်း... ထွက်ပြီး သေပေးလိုက်တော့"
ရှေ့ဆုံးမှ ဦးဆောင်လာသော လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦးက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သူ၏ အသံက လွှမ်းမိုးနိုင်စွမ်း ရှိပြီး ကြားရသူတိုင်းကို သွေးပျက်သွားစေတော့သည်။
ထိုသူမှာ အခြားသူ မဟုတ်၊ ထျန်းကျီဘုံ အဆင့် (၂) လွှာ ပညာရှင်၊ ကျောက်မိသားစု ၏ အရှင်သခင် ကျောက်ထျန်းကျန့်ပင်။
လူမိုက်ကြီး (၇) ယောက် အိမ်ပြန်ရောက်လာပြီး ကျောက်ဟိုင်ယွင် အပြင်းအထန် ဒဏ်ရာရသွားကြောင်း သတင်းပို့လိုက်သောအခါ၊ ကျောက်ထျန်းကျန့် မှာ ဒေါသအမျက် ခြောင်းခြောင်းထွက်ခဲ့၏။ ဘာစကားမှ ဆက်မပြောတော့ဘဲ၊ သူ၏ လူများကို ခေါ်ဆောင်ကာ ရွှမ်ဟော့ တောင်တန်း ဆီသို့ အပြေးအလွှား ရောက်ရှိလာခြင်းပင် ဖြစ်၏။
ကျောက်ထျန်းကျန့် ၏ စကားသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်... သူ၏ ကြီးမားလှသော အရှိန်အဝါကြီးကြောင့် လူတိုင်း၏ ဝိညာဉ်များပင် လွင့်ထွက်မတတ် ကြောက်လန့်သွားကြရသည်။
သိပ်မကြာခင်မှာပင်... ဖုန်းဝူချန် သည် လျှို့ဝှက် မီးတောက် ဂူ အတွင်းမှ ဖြည်းညင်းစွာ လျှောက်ထွက်လာခဲ့၏။ သူ၏ မျက်နှာပေါ်တွင် မည်သည့် စိုးရိမ်မှု အရိပ်အယောင်မျှ မရှိဘဲ၊ ရေပြင်တစ်ခုပမာ တည်ငြိမ် အေးဆေးနေ၏။
သို့သော် ဖုန်းဝူချန် ၏ နောက်မှ လိုက်ပါလာကြသော ကူတင့်၊ ရိုရွှေ နှင့် အခြားသော ကျင့်ကြံသူ များစွာ၏ မျက်နှာများပေါ်တွင်မူ ထိတ်လန့် ကြောက်ရွံ့မှုများ အထင်းသား ပေါ်လွင်နေကြတော့သည်။
ဆန့်ကျင်ဘက် အနေဖြင့် ဆရာကြီးဟယ် နှင့် နယ်ပယ်ကြီး လေးခုလုံးမှ အစွမ်းထက် ပညာရှင်များ ကမူ အနည်းငယ်မျှပင် မလန့်ကြချေ။
သူတို့သည် အခြားသူများ မပိုင်ဆိုင်နိုင်သော အထူး အဆင့်အတန်းများကို ပိုင်ဆိုင်ထားကြပြီး၊ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ရိုသေလေးစားမှုကို ရရှိထားကြသူများ ဖြစ်ရာ... ကျောက်မိသားစု ကို လုံးဝ ဂရုမစိုက်ကြပေ။
ယခု ဖုန်းဝူချန် ၏ နောက်မှ လိုက်ပါလာကြခြင်းမှာ၊ ဖုန်းဝူချန် အတွက် ကျောထောက်နောက်ခံ အဖြစ် ရပ်တည်ပေးရန် အသင့်ရှိနေသည့်ဟန် ပေါ်နေလေ၏။
"ညီလေးဖုန်း... ဟိုရှေ့ဆုံးက တစ်ယောက်က ကျောက်မိသားစု ရဲ့ အရှင်သခင် ကျောက်ထျန်းကျန့် ပဲ။ သူ့ရဲ့ ခွန်အားက အရမ်းကို ကြောက်စရာကောင်းတာနော်"
ကူတင့် က ခပ်တိုးတိုး သတိပေးလိုက်သည်။
ဖုန်းဝူချန် က ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပြီး၊ သူတို့ကို အမှုမဲ့အမှတ်မဲ့ပင် တစ်ချက် ဝေ့ကြည့်လိုက်၏။ သူ၏ မျက်နှာ အမူအရာမှာ စိုးစဉ်းမျှပင် မပြောင်းလဲချေ။
"အကောင်သေးလေးတွေ အရိုက်ခံရတော့... နောက်က အကောင်ကြီးတွေ ထွက်လာပြီပေါ့လေ"
ဖုန်းဝူချန် က ခေါင်းခါယမ်းရင်း ခပ်ဟဟ ရယ်မောကာ မှတ်ချက်ချလိုက်၏။
"မိသားစုခေါင်းဆောင်... အဲဒီကောင်လေးပဲ"
ဖုန်းဝူချန် ထွက်လာသည်ကို မြင်သောအခါ၊ လူမိုက်ကြီး တစ်ယောက်က သူ့ကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် ရက်စက်သော အလင်းတန်းများ တဖျတ်ဖျတ် လက်နေ၏။
ကျောက်ထျန်းကျန့် က ဖုန်းဝူချန် ကို အကဲခတ်လိုက်ပြီး၊ ဖုန်းဝူချန် ၏ အလွန်တရာ ငယ်ရွယ်လှသော အသွင်အပြင်ကို မြင်လိုက်ရသောအခါ အတော်လေး အံ့အားသင့် သွားရတော့သည်။
'ဒီကောင်လေး က အလွန်ဆုံး ရှိလှ အသက် (၂၀) လောက်ပဲ ရှိဦးမှာ... သူက တကယ်ပဲ ယွင်အာ ကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တာလား။'
ကျောက်ထျန်းကျန့် စိတ်ထဲမှ အံ့အားသင့်စွာ တွေးတောနေမိပြီး၊ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေရ၏။
သို့သော် ကျောက်ထျန်းကျန့် ကို ပို၍ အံ့အားသင့်သွားစေခဲ့သည်မှာ... ထျန်းကျီဘုံ ပညာရှင် တစ်ဦး ဖြစ်သော သူကိုယ်တိုင်ပင်လျှင်၊ ဖုန်းဝူချန် ၏ ကျင့်ကြံခြင်း အဆင့် မည်မျှ နက်နဲသည်ကို လုံးဝ ခန့်မှန်း၍ မရနိုင်ခြင်းပင် ဖြစ်၏။
"ဒီကောင်လေး က သူ့ကိုယ်သူ တော်တော်လေး ဖုံးကွယ်ထားနိုင်တာပဲ... သူက ဘယ်သူများလဲ"
အကြီးအကဲ တစ်ဦးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ဖုန်းဝူချန် ၏ နောက်ခံ အကြောင်းအရင်းကို သူ အလွန်အမင်း သိချင်နေရ၏။
"သူ့နာမည်က ဖုန်းဝူချန် တဲ့... ဘယ်ကလာလဲ ဆိုတာတော့ ကျွန်တော်လည်း မသိဘူး"
ကျောက်ဟိုင်ယွင် က ဝင်ဖြေလိုက်သည်။
"ဒီကောင်လေး က သာမန်တော့ မဟုတ်လောက်ဘူး"
အခြား အကြီးအကဲ တစ်ဦးကလည်း တည်ကြည်လေးနက် စွာဖြင့် မှတ်ချက်ချလိုက်သည်။
ကျောက်ဟိုင်ယွင် က အေးစက်စွာဖြင့်...
"သူက သာမန် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကျွန်တော် ဂရုမစိုက်ဘူး။ ဒီနေ့ သူ သေချာပေါက် သေကို သေရမယ်။ အဖေ... သူ့ကို သတ်ပစ်လိုက်" ဟု ဒေါသတကြီး တောင်းဆိုလိုက်၏။
"ငါ အရင် သွားစမ်းကြည့်လိုက်မယ်"
လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦးက ရေခဲတမျှ အေးစက်သော လေသံဖြင့် ပြောလိုက်၏။ ထိုသူမှာ ကောင်းကင်ဘုံလူသား အဆင့် (၇) လွှာ ပညာရှင် တစ်ဦး ဖြစ်ပြီး၊ သူ၏ ခွန်အားမှာ ကျောက်ဟိုင်ယွင် ထက် အဆပေါင်းများစွာ သာလွန်လေသည်။
စကားဆုံးသည်နှင့် တစ်ပြိုင်နက်... ထိုအမျိုးသား က ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်ရာ၊ လှိုင်းလုံးကြီးများပမာ အရှိန်အဝါ တစ်ခုက ဖုန်းဝူချန် ထံသို့ လိမ့်ဆင်းသွားတော့၏။
"ကောင်လေး... အခုချက်ချင်း လာပြီး သေပေးလိုက်တော့" ဟု သူက အေးစက်စွာ ဟိန်းဟောက်လိုက်သည်။
ထိုစကားကို ကြားသောအခါ ဖုန်းဝူချန် က ထိုအမျိုးသား ကို ကြည့်ကာ...
"ခင်ဗျား က ကျုပ်ကို ပြောနေတာလား" ဟု အေးအေးဆေးဆေးပင် ပြန်မေးလိုက်၏။
ဖုန်းဝူချန် ၏ စကားကြောင့် ရွှမ်ဟော့ တောင်တန်း မှ လူများ အားလုံး လုံးဝ ကြောင်အ သွားကြပြီး၊ သူ့ကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေမိကြတော့သည်။
ကျောက်မိသားစု ၏ မိသားစုခေါင်းဆောင် နှင့် အကြီးအကဲများ ကိုယ်တိုင် ရောက်ရှိနေသည့်တိုင်အောင်၊ ဖုန်းဝူချန် က ဤမျှ မောက်မာရဲသေးသည်လား။
'ဆရာဖုန်း မှာ ငါတို့ စိတ်ကူးနဲ့တောင် မှန်းဆလို့ မရနိုင်တဲ့ အလွန် ကြီးမားတဲ့ နောက်ခံ ရှိနေလောက်တယ်။'
ဆရာကြီးဟယ် စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမ်ိသည်။
ကျောက်မိသားစု ၏ အင်အားကို သူ အလွန် ရှင်းလင်းစွာ သိရှိထားသော်ငြားလည်း၊ ဖုန်းဝူချန် ၏ မျက်နှာပေါ်တွင် အပ်ဖျားခန့်မျှပင် ကြောက်ရွံ့မှု အရိပ်အယောင် မတွေ့ရသောကြောင့်ပင်။
ဖုန်းဝူချန် သည် ဤမျှ ငယ်ရွယ်စဉ်မှာပင် ဤမျှ ကြောက်မက်ဖွယ် ကောင်းလှသော နတ်ဘုရား စွမ်းရည်များကို ပိုင်ဆိုင်ထားရာ၊ သူသည် သာမန် လူတစ်ယောက် မည်သို့များ ဖြစ်နိုင်မည်နည်း။
"မင်းက နားကန်းနေတာလား... ဒါမှမဟုတ် မျက်ကန်းနေတာလား"
ထိုအမျိုးသား က ဒေါသအမျက် ခြောင်းခြောင်းထွက် ကာ ဟိန်းဟောက်လိုက်ပြီး၊ ရက်စက်သော သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာတော့၏။
"ညီလေးဖုန်း... အဲဒီ ကျောက်ယွင်ဖေး က ကောင်းကင်ဘုံလူသား အဆင့် (၇) လွှာ ပညာရှင် တစ်ယောက်ပဲ။ သတိထားမှ ရမယ်နော်"
ကူတင့် က စိုးရိမ်တကြီးဖြင့် ကပျာကယာ သတိပေးလိုက်သည်။
သူ၏ နဖူးပေါ်တွင် ချွေးများ ရွှဲနစ်နေပြီး မျက်နှာမှာလည်း သွေးဆုတ်ဖြူရော် နေတော့၏။
"စိတ်မပူပါနဲ့ အစ်ကိုကြီး ကူတင့်"
ဖုန်းဝူချန် က ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်ပြီး၊ စကားပြောနေစဉ်မှာပင် သူ၏ ပုံရိပ်က ကောင်းကင်ယံသို့ ဖြည်းညင်းစွာ ပျံတက်သွားသည်။
ထျန်းကျီဘုံ အဆင့် (၅) လွှာ ပညာရှင် ကိုပင် လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် နှစ်ယောက်တွဲ သတ်ပစ်နိုင်သော သူအနေဖြင့်... အဆင့် (၂) လွှာ မျှသာ ရှိသော ကျောက်ထျန်းကျန့် ကို ဂရုစိုက်နေစရာ အကြောင်း လုံးဝ မရှိချေ။ အခြားသော အကြီးအကဲ သုံးဦးထဲတွင်လည်း တစ်ဦးကသာ ထျန်းကျီဘုံ အဆင့် (၁) လွှာ ဖြစ်ပြီး၊ ကျန်သူများမှာ ကောင်းကင်ဘုံလူသား အဆင့် များသာ ဖြစ်ကြရာ... ဖုန်းဝူချန် ..မဖြုံပေ။
"အဲဒီ ကောင်လေး က စိန်ခေါ်မှုကို လက်ခံရဲသေးတယ်ပေါ့လေ... သူက ကျောက်ယွင်ဖေး ထက် ပိုပြီး အစွမ်းထက်နေလို့များလား"
ပွဲကြည့်နေသူများ အားလုံး နောက်တစ်ကြိမ် ထပ်မံ၍ အံ့အားသင့် သွားကြပြီး အချင်းချင်း တီးတိုး ဆွေးနွေးနေကြပြန်လေသည်။
ဖုန်းဝူချန် ကောင်းကင်ယံသို့ ပျံတက်လာသည်ကို မြင်သောအခါ၊ ကျောက်ဟိုင်ယွင် က ရက်စက်စွာဖြင့်...
"ခွေးကောင်လေး... ဒီနေ့ မင်း ရွှမ်ဟော့ တောင်တန်း ပေါ်ကနေ အသက်ရှင်လျက် ပြန်ဆင်းသွားနိုင်မှာ မဟုတ်ဘူး။ ရွှမ်ဟော့ တောင်တန်း က မင်းရဲ့ သင်္ချိုင်း ဖြစ်လာစေရမယ်" ဟု ကြိမ်းမောင်းလိုက်၏။
"ဪ... ဟုတ်လား"
ဖုန်းဝူချန် က အေးစက်စက် လှောင်ပြုံးလေး ပြုံးရင်း ပြန်ပြောလိုက်၏။ သူ၏ မျက်နှာပေါ်တွင် မည်သည့် ကြောက်ရွံ့မှုမျှ မရှိချေ။
"သေစမ်း"
ကျောက်ယွင်ဖေး က ဒေါသတကြီး အော်ဟစ်လိုက်ပြီး၊ သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ တဝုန်းဝုန်း ထတောက်လာတော့၏။ သူသည် သူ၏ အစွမ်းကုန် ခွန်အားကို ထုတ်ဖော်ကာ အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်း မရှိဘဲ ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားလေတော့သည်။
"ဝီ... ဝီ..."
ကျောက်ယွင်ဖေး ၏ အဟုန်မှာ လွှမ်းမိုးဖိနှိပ်နိုင်စွမ်း ရှိပြီး၊ သူ၏ စွမ်းအားများမှာ အလွန်တရာ ကြမ်းတမ်း ရက်စက်လှ၏။ သူ ဖြတ်သန်းသွားရာ လေဟာနယ် တစ်လျှောက်တွင် တဝီဝီ မြည်သံများ ထွက်ပေါ်နေပြီး၊ အက်ကွဲကြောင်းများ လျင်မြန်စွာ ပေါ်ပေါက်လာတော့သည်။
ကျောက်ယွင်ဖေး ၏ ခွန်အားမှာ ကျောက်ဟိုင်ယွင် ထက် အဆပေါင်းများစွာ သာလွန်နေ၏။
"ဝှစ်..."
"ဝုန်း..."
ကျောက်ယွင်ဖေး သည် မျက်တောင် တစ်ခတ်မျှသာ ဖြစ် သော အချိန်အတွင်းမှာပင် ရောက်ရှိလာပြီး၊ သူ၏ လက်သီးက ဖုန်းဝူချန် ၏ ရင်ဘတ်ကို တည့်တည့်မတ်မတ် အရှိန်ပြင်းပြင်း ထိုးချလိုက်လေ၏။ မိုးခြိမ်းသံကြီးပမာ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး၊ ကြောက်မက်ဖွယ် စွမ်းအားများက အရပ်မျက်နှာ အသီးသီးသို့ ရူးသွပ်စွာ လိမ့်ဆင်းသွားကာ ရွှမ်ဟော့ တောင်တန်း တစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ်သွားစေတော့သည်။
"ဟွန်း... ငါ့ရဲ့ အမြန်နှုန်း က အရမ်းမြန်လွန်းတော့ မင်း ရှောင်ဖို့ အချိန်တောင်..."
ကျောက်ယွင်ဖေး ၏ မျက်နှာပေါ်တွင် မောက်မာသော အပြုံးတစ်ခု ပေါ်လာသော်ငြားလည်း၊ သူ၏ စကား မဆုံးခင်မှာပင် ထိတ်လန့် ကြောက်ရွံ့မှုများက သူ၏ မျက်နှာတစ်ခုလုံးကို လျင်မြန်စွာ လွှမ်းမိုးသွားလေတော့၏။
ကျောက်ယွင်ဖေး မှာ ဖုန်းဝူချန် ကို .. ကြောင်အစွာဖြင့် ငေးကြည့်နေမိပြီး၊ စကားတစ်ခွန်းမျှပင် ဆက်မပြောနိုင်တော့ဘဲ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ် တုန်ယင်လာလေတော့သည်။
"ဒါ... ဒါက..."
ထိုမြင်ကွင်းကို မြင်လိုက်ရသော ကျောက်ဟိုင်ယွင် မှာ ဝိညာဉ်လွင့်ထွက်သွားမတတ် ထိတ်လန့်သွားပြီး၊ သူ၏ ရင်ထဲတွင် အတိုင်းအဆမဲ့ ကြောက်ရွံ့မှုများ ပြည့်နှက်သွားတော့၏။
ပွဲကြည့်နေကြသော ကျင့်ကြံသူ အားလုံး အပါအဝင်၊ ကျောက်မိသားစု မှ အစွမ်းထက် ပညာရှင်များ အားလုံးမှာလည်း နေရာတင် ကျောက်ရုပ်ကြီးများပမာ မှင်သက်သွားရသည်။
ကျောက်ယွင်ဖေး ၏ လက်သီးက ဖုန်းဝူချန် ၏ ရင်ဘတ်ကို အားပါးတရ ထိမှန်ခဲ့ခြင်း ဖြစ်၏။ ကောင်းကင်ဘုံလူသား အဆင့် (၇) လွှာ ၏ ခွန်အားမှာ ယုံမှားဖွယ်မရှိ အကြွင်းမဲ့ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
သို့သော် ဖုန်းဝူချန် မှာမူ အပ်ဖျားခန့်မျှပင် ဒဏ်ရာ မရရှိခဲ့ချေ။
ကျောက်ယွင်ဖေး သည် အစွမ်းကုန် အားဖြင့် တိုက်ခိုက်ခဲ့သော်ငြားလည်း၊ သူ၏ ကြောက်မက်ဖွယ် စွမ်းအားများက ဖုန်းဝူချန် ကို ခြေတစ်လှမ်းမျှပင် နောက်ဆုတ်သွားအောင် မလုပ်နိုင်ခဲ့ချေ။
ပို၍ အံ့အားသင့်စရာ ကောင်းသည်မှာ ဖုန်းဝူချန် သည် အစစ်အမှန်ယွမ် ကိုပင် မသုံးရသေးဘဲ၊ ကျောက်ယွင်ဖေး ၏ ကြောက်မက်ဖွယ် လက်သီးချက်ကို သူ၏ ရုပ်ခန္ဓာ သက်သက်ဖြင့်သာ ခုခံလိုက်ခြင်းတည်း။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ကျောက်ယွင်ဖေး မှာ ဖုန်းဝူချန် ကို မယုံကြည်နိုင်စွာဖြင့် ကြည့်ရင်း၊ အကြောက်တရား ဖိစီးသွားရသည်။
"ဝေါ့..."
ဖုန်းဝူချန် သည် ရုတ်တရက် တန်ပြန် တိုက်ခိုက်လိုက်ပြီး၊ ကျောက်ယွင်ဖေး ၏ ဝမ်းဗိုက်ကို လက်သီးဖြင့် အားကုန် ထိုးချလိုက်လေ၏။ မိုးခြိမ်းသံကြီးပမာ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး၊ လွှမ်းမိုးနိုင်စွမ်း ရှိသော ကြောက်မက်ဖွယ် စွမ်းအားကြီးကြောင့် ကျောက်ယွင်ဖေး မှာ သွေးများ အန်ကျကာ... အမည်းရောင် မျဉ်းကြောင်း တစ်ခုပမာ လေထဲသို့ လွင့်ထွက်သွားတော့သည်။
ဖုန်းဝူချန် ၏ လက်သီးချက်မှာ အလွန်တရာမှ ကြောက်မက်ဖွယ် ကောင်းလွန်းလှရာ... ကျောက်ယွင်ဖေး အသက်ရှင်နိုင်မလား၊ မရှင်နိုင်ဘူးလား ဆိုသည်မှာ သူ၏ ကံကြမ္မာ အပေါ်တွင်သာ မူတည်တော့၏။
ကျောက်ယွင်ဖေး လွင့်ထွက်သွားသည်ကို ကြည့်ရင်း လူအုပ်ကြီးမှာ အံ့အားသင့် မှင်သက်သွားကြသည်။ ကျောက်မိသားစု ၏ မိသားစုခေါင်းဆောင် နှင့် အကြီးအကဲများ ပင်လျှင် တုံ့ပြန်ရန် အချိန်မရလိုက်ကြချေ။ သူတို့ ထင်မှတ်ထားခဲ့သည်များနှင့် လုံးဝ ဆန့်ကျင်ဘက် အခြေအနေကြီး ပေါ်ပေါက်လာခဲ့ပြီ မဟုတ်ပါလော။
ဖုန်းဝူချန် ၏ လက်သီးချက်က ပွဲကြည့်နေသူများ အားလုံး၏ နှလုံးသားများကို ရင်ဘတ်ထဲမှ ခုန်ထွက်မတတ် ဖြစ်သွားစေခဲ့၏။
တိတ်ဆိတ် ငြိမ်သက်ခြင်း။ ရွှမ်ဟော့ တောင်တန်း တစ်ခုလုံး သေမင်းတမန် တိတ်ဆိတ်ခြင်း သို့ ရောက်ရှိသွားတော့သည်။
ကောင်းကင်ဘုံလူသား အဆင့် (၇) လွှာ ပညာရှင် တစ်ဦး သည်... ဖုန်းဝူချန် ၏ လက်သီး တစ်ချက်တည်းဖြင့် လုံးဝ အရေးနိမ့်သွားခဲ့၏။
သူ၏ ကြမ်းတမ်း ရက်စက်လှသော ခွန်အားက တစ်ကွင်းလုံးကို နောက်တစ်ကြိမ် ထပ်မံ ဖိနှိပ် ခြိမ်းခြောက်လိုက်ပြန်သည်။
"နောက်ထပ် ဘယ်သူကျန်သေးလဲ"
ဖုန်းဝူချန် က အေးအေးဆေးဆေးပင် မေးလိုက်ပြီး၊ သူ၏ ရေခဲတမျှ အေးစက်သော အကြည့်များက ကျောက်ခေါင်းဆောင် နှင့် အခြားသူများထံသို့ စူးစိုက်ကျရောက်သွားတော့၏။
သူ၏ ဟန်ပန်မှာ အလွန်တရာမှ မောက်မာလွန်းလှပေတော့သည်။