~"ဝုန်း... ဝုန်း... ဝုန်း..."
"ဝီ..."
ကောင်းကင်ယံထက်၌ ပြင်းထန်လှသော တိုက်ပွဲကြီး ဆက်လက် ဖြစ်ပွားနေလေ၏။ ကျောက်ကျိရန် သည် သူ၏ အစွမ်းကုန် ခွန်အားများကို ထုတ်ဖော်ကာ၊ သူ၏ လျှို့ဝှက် ကိုယ်ဖော့ပညာကိုပါ အသုံးပြု၍ တိုက်ခိုက်နေသော်ငြားလည်း ဖုန်းဝူချန် ကိုမူ အပ်ဖျားခန့်မျှပင် ဖိနှိပ်နိုင်ခြင်း မရှိခဲ့ချေ။
"မင်းမှာ ဒီလောက်တောင် ကြောက်စရာကောင်းတဲ့ ခွန်အားတွေ ရှိနေလိမ့်မယ်လို့ ငါ တကယ်ပဲ ထင်မထားခဲ့ဘူး"
ကျောက်ကျိရန် က သွားကို ကျိတ်ကာ ရုန်းကန်ရင်း အေးစက်စက် လေသံဖြင့် မှတ်ချက်ချလိုက်၏။
"ခင်ဗျားက ကျွန်တော့်ကို အထင်သေးလွန်းနေတာကိုး"
ဖုန်းဝူချန် က ခပ်ဟဟ လှောင်ပြုံးလေး ပြုံးရင်း ပြန်ဖြေလိုက်၏။ သူ၏ မျက်လုံးအိမ်အတွင်း၌ ရက်စက်သော အလင်းတန်းများ တဖျတ်ဖျတ် လက်သွားတော့သည်။
ထိုရက်စက်သော အလင်းတန်းကို မြင်လိုက်ရသောအခါ၊ ကျောက်ကျိရန် ၏ မျက်နှာ အမူအရာ အကြီးအကျယ် ပျက်ယွင်းသွားပြီး ဝိညာဉ်လွင့်ထွက်သွားမတတ် ထိတ်လန့်သွားရလေ၏။
'ဒါ... ဒါက... ဒီကောင်လေးက သူ့ရဲ့ အစွမ်းကုန် ခွန်အားကို မထုတ်ရသေးတာများလား'
ဖုန်းဝူချန် ၏ မျက်ဝန်းများထဲမှ ရက်စက်မှုကို မြင်တွေ့လိုက်ရသောအခါ၊ ကျောက်ကျိရန် ၏ ရင်ထဲတွင် အကြီးအကျယ် လန့်ဖြန့်သွားတော့သည်။
"ဝှစ်..."
နောက်တစ်စက္ကန့်တွင်... ဖုန်းဝူချန် ၏ ပုံရိပ်မှာ အလွန်တရာမှ ထူးဆန်း ဆန်းကြယ်လှသော နည်းလမ်းဖြင့် လျှပ်တစ်ပြက် ပျောက်ကွယ်သွားလေတော့၏။
"ဘာ..."
ကျောက်ကျိရန် ၏ မျက်နှာ နောက်တစ်ကြိမ် ထပ်မံ ပျက်ယွင်းသွားပြန်သည်။ ဖုန်းဝူချန် ပျောက်ကွယ်သွားသည့် အခိုက်အတန့်၌၊ ကျောက်ကျိရန် သည် တစ်စုံတစ်ရာ ပျောက်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရ၏။
အဲဒါက ဖုန်းဝူချန် ၏ အရှိန်အဝါပင် ဖြစ်၏။ ကျောက်ကျိရန် သည် ဖုန်းဝူချန် ၏ အရှိန်အဝါကို လုံးဝ အာရုံခံ၍ မရတော့ချေ။
"ဒါက ဘယ်လို ကိုယ်ဖော့ပညာ မျိုးလဲ"
ကျောက်ကျိရန် အစွန်းရောက်အောင် အံ့အားသင့် သွားရ၏။
"မြေကမ္ဘာအဆင့် ကိုယ်ဖော့ပညာ များလား"
ပွဲကြည့်နေသော ကျောက်ထျန်းကျန့် မှာလည်း မျက်မှောင်ကြီး ကုတ်သွားတော့၏။ ထျန်းကျီဘုံ အဆင့် (၂) လွှာ ပညာရှင် တစ်ဦး ဖြစ်သော သူကိုယ်တိုင်ပင်လျှင် ဖုန်းဝူချန် ၏ အရှိန်အဝါကို အပ်ဖျားခန့်မျှ အာရုံမခံနိုင်တော့ချေ။
ဖုန်းဝူချန် ၏ ပုံရိပ်နှင့် အရှိန်အဝါ နှစ်ခုစလုံး လုံးဝ ပျောက်ကွယ်သွားရာ... လောကကြီးထဲမှ အပြီးတိုင် အငွေ့ပျံသွားသည့်အလား ဖြစ်နေတော့သည်။ ရွှမ်ဟော့ တောင်တန်း မှ လူများ အားလုံး အလွန်အမင်း အံ့အားသင့် မှင်သက်သွားကြပြီး၊ ဤမျှ ဆန်းကြယ်သော ကိုယ်ဖော့ပညာ မျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။
"အရှိန်အဝါကို လုံးဝ အာရုံခံလို့ မရတော့ဘူး။ ဟိုကောင်လေး ထွက်ပြေးသွားတာများလား"
"မဖြစ်နိုင်တာ။ သူ့ခွန်အားက ကျောက်မိသားစု ရဲ့ အကြီးအကဲကြီး နဲ့တောင် ရင်ပေါင်တန်းနိုင်နေတာပဲ။ သူ ထွက်ပြေးစရာ အကြောင်း ဘာရှိလို့လဲ။ ပြီးတော့ သူ့ရဲ့ နောက်ခံကလည်း အရမ်းကို ကြောက်စရာ ကောင်းလောက်တယ်။ ဧရာမ အင်အားစုကြီး တစ်ခုကလွဲရင်... ဘယ်သူကများ ဒီလို ကြောက်စရာကောင်းတဲ့ ပါရမီရှင်ကို မွေးထုတ်ပေးနိုင်မှာလဲ"
"ငါလည်း အရှိန်အဝါကို လုံးဝ အာရုံခံလို့ မရတော့ဘူး။ တကယ်ပဲ ထွက်သွားပြီနဲ့ တူတယ်"
လူအုပ်ကြီးမှာ အလွန်အမင်း အံ့အားသင့် နေကြပြီး၊ ဖုန်းဝူချန် ကို ရှာဖွေရန် အရပ်မျက်နှာ အသီးသီးသို့ လှည့်ပတ် ကြည့်ရှုနေကြ၏။
"ဝုန်း..."
ထိုအခိုက်အတန့်၌... ကောင်းကင်ယံထက်တွင်၊ ဖုန်းဝူချန် သည် ကျောက်ကျိရန် ၏ ရှေ့သို့ တစ္ဆေတစ်ကောင်ပမာ တိတ်ဆိတ်စွာဖြင့် လျှပ်တစ်ပြက် ပြန်လည် ရောက်ရှိလာပြီး၊ အကြင်နာ ကင်းမဲ့စွာဖြင့် လက်သီး တစ်ချက် ထိုးချလိုက်လေတော့၏။ ကြောက်မက်ဖွယ် စွမ်းအားကြီးကြောင့် ကျောက်ကျိရန် မှာ နောက်သို့ လွင့်ထွက်သွားပြီး လေဟာနယ် တစ်ခုလုံး တဝီဝီ မြည်သံများနှင့်အတူ ပြင်းထန်စွာ တုန်ခါသွား၏။
ရုတ်တရက် ကြီး ပေါ်လာပြီး တိုက်ခိုက်လိုက်ခြင်းကြောင့် ကျောက်ကျိရန် မှာ အကြီးအကျယ် လန့်ဖြန့်သွားပြီး၊ ရှောင်တိမ်းရန် အချိန် လုံးဝ မရလိုက်တော့ချေ။
အနီးကပ် ထိပ်တိုက် ရင်ဆိုင်မှုတွင်၊ ကျောက်ကျိရန် သည် ဖုန်းဝူချန် ၏ ပြိုင်ဘက် လုံးဝ မဟုတ်ခဲ့ပေ။
အံ့အားသင့်စရာပင်။ အစွန်းရောက်အောင် အံ့အားသင့်စရာ ကောင်းလှ၏။
ရုတ်တရက် ပေါ်လာပြီး တိုက်ခိုက်လိုက်ခြင်းကြောင့် ထိုနေရာတွင် ရှိနေသူတိုင်း လုံးဝ အဆင်သင့် မဖြစ်ခဲ့ကြသကဲ့သို့ တုံ့ပြန်ရန် အခွင့်အရေးလည်း မရလိုက်ကြချေ။
လူတိုင်း၏ မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသည်မှာ... လေဟာနယ် အတွင်း၌ ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေသော ကျောက်ကျိရန် မှာ ရုတ်တရက် ကြီး လွင့်ထွက်သွားခြင်းပင် ဖြစ်၏။ တကယ့်ကို မျှော်လင့်မထားသော အဖြစ်အပျက် တစ်ခုပင်။
အရာအားလုံးက မြန်ဆန်လွန်းလှရာ... မည်သူကမျှ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ကြချေ။
ရွှမ်ဟော့ တောင်တန်း မှ ကျင့်ကြံသူတိုင်း အိပ်မက် မက်နေသည့်အလား ခံစားနေကြရပြီး၊ ယုံကြည်ရန် ခက်ခဲလွန်းလှ၏။
ကောင်းကင်ဘုံလူသား အဆင့် (၈) လွှာ အထွတ်အထိပ် က ထျန်းကျီဘုံ အဆင့် (၁) လွှာ ကို လွှမ်းမိုးထားနိုင်ရုံသာမက၊ ဤမျှ ဆန်းကြယ်လှသော တစ္ဆေပမာ ကိုယ်ဖော့ပညာ ကိုပါ ပိုင်ဆိုင်ထားသေးသည်လား။
လုံးဝ မဖြစ်နိုင်သော အရာ တစ်ခုပင်။
ကျောက်ကျိရန် လွင့်ထွက်သွားသော အရှိန် မရပ်တန့်သေးခင်မှာပင်၊ ဖုန်းဝူချန် သည် တစ္ဆေတစ်ကောင်ပမာ နောက်တစ်ကြိမ် လျှပ်တစ်ပြက် ပေါ်လာပြန်ပြီး၊ နောက်ထပ် လက်သီး တစ်ချက် ထပ်မံ ထိုးချလိုက်ပြန်သည်။ ကျောက်ကျိရန် မှာ နောက်တစ်ကြိမ် လွင့်ထွက်သွားရပြန်ပြီး၊ ဖုန်းဝူချန် မည်သည့် အချိန်တွင် ပေါ်လာမည်ကို သူ လုံးဝ မသိရှိနိုင်တော့ချေ။
ပြင်းထန်လှသော နာကျင်မှုက ကျောပြင်မှတစ်ဆင့် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး၊ အရိုးများပင် ကျိုးကြေသွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
"ဝုန်း... ဝုန်း... ဝုန်း..."
ဖုန်းဝူချန် ၏ တစ္ဆေပမာ ပုံရိပ်လေးမှာ အဆက်မပြတ် ပေါ်လာလိုက်၊ ပျောက်သွားလိုက်ဖြင့် ရူးသွပ်သော တိုက်ခိုက်မှုများကို ဆက်တိုက် ပြုလုပ်နေလေ၏။ ကျောက်ကျိရန် မှာ ပြန်လည် ခုခံရန် အခွင့်အရေး လုံးဝ မရရှိတော့ဘဲ၊ ဖုန်းဝူချန် ၏ လက်ထဲတွင် ဘောလုံး တစ်လုံးပမာ ဟိုဘက်ဒီဘက် လွှင့်ပစ်ခံနေရလေတော့သည်။
ဖုန်းဝူချန် ၏ ခွန်အားမှာ အလွန်တရာမှ လွှမ်းမိုးနိုင်စွမ်း ရှိပြီး ကြောက်မက်ဖွယ် ကောင်းလှ၏။ လက်သီးချက် အနည်းငယ် အပြီးတွင်ပင် ကျောက်ကျိရန် မှာ အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။
ကျောက်ကျိရန် ကို ဖုန်းဝူချန် က ဤမျှ ရက်စက်စွာ ရိုက်နှက်နေသည်ကို မြင်တွေ့လိုက်ရသောအခါ၊ ရွှမ်ဟော့ တောင်တန်း မှ လူများ အားလုံး ကြောင်အ မှင်သက်သွားကြပြီး သူတို့၏ မျက်နှာများပေါ်တွင် ကြောက်ရွံ့မှုများ အထင်းသား ပေါ်လွင်နေတော့၏။
"အကြီးအကဲကြီး က ပြန်တောင် မခုခံနိုင်ဘူးလား..."
ကျောက်ထျန်းကျန့် အောက်မေးရိုးများ ပြုတ်ကျသွားရသည်။
"မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး"
ကျောက်ကျိရန် မှာလည်း လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေရ၏။ ဖုန်းဝူချန် က သူ့ကို လွှမ်းမိုးထားနိုင်သည်ကို သူ လုံးဝ လက်မခံနိုင်ချေ။ သူ၏ ထျန်းကျီဘုံ အဆင့် (၁) လွှာ ကျင့်ကြံခြင်း ဖြင့် ဖုန်းဝူချန် ၏ ရှေ့တွင် ဤမျှလောက် အားနည်းနေမည်ကို သူ အိပ်မက်ထဲတွင်ပင် တစ်ခါမျှ မတွေးထင်ခဲ့ဖူးချေ။
သူ၏ ထျန်းကျီဘုံ ကျင့်ကြံခြင်း မှာ အတုအယောင်များ ဖြစ်နေသလားဟုပင် ကျောက်ကျိရန် ကိုယ်တိုင် သံသယ ဝင်လာမိတော့သည်။
"ထျန်းကျီဘုံ အဆင့် (၁) လွှာ ဆိုတာ ဘာများ အထင်ကြီးစရာ ရှိလို့လဲ"
ဖုန်းဝူချန် က မထီမဲ့မြင် လေသံဖြင့် အေးစက်စွာ လှောင်ပြောင်လိုက်၏။
ဤအခိုက်အတန့်၌... လေဟာနယ် အတွင်း၌ ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေသော ဖုန်းဝူချန် သည် ပြိုင်ဘက်ကင်း သွေးစစ်မက် နတ်ဘုရား တစ်ပါးအလား ဖြစ်နေပြီး၊ ထိုနေရာတွင် ရှိနေသူတိုင်းကို အစွန်းရောက်သော ဖိနှိပ်မှုများ ပေးစွမ်းနေတော့သည်။
ဖုန်းဝူချန် သည် အလွန်တရာ အစွမ်းထက်လွန်းလှ၏။ မည်သူမျှ စိတ်ကူး၍ မရနိုင်လောက်အောင်ပင် အစွမ်းထက်နေခြင်း ဖြစ်၏။
အံ့အားသင့် မှင်သက်နေသော ကျောက်ကျိရန် သည် ဖုန်းဝူချန် ၏ အထင်အမြင်သေးသော စကားများကို ကြားလိုက်ရသောအခါ၊ ရင်ထဲမှ ဒေါသမီးတောက်ကြီး ဟုန်းခနဲ တောက်လောင်လာတော့သည်။
"ခွေးကောင်လေး... မင်းက ငါ့ကို အထင်သေးရဲတယ်ပေါ့လေ"
ကျောက်ကျိရန် က ရက်စက်စွာ ဟိန်းဟောက်လိုက်၏။ သူ၏ မျက်နှာကြီးမှာ ဒေါသကြောင့် ပုံပျက်သွားပြီး မျက်လုံးများပင် သွေးရောင် လွှမ်းလာကာ... အိုမင်းနေသော မျက်နှာပေါ်ရှိ အသားစိုင်များပင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် တုန်ရီနေတော့သည်။
"ဝီ... ဝီ..."
ကြောက်မက်ဖွယ် စွမ်းအားကြီး တစ်ခု ပေါက်ကွဲထွက်လာပြီး၊ ကျောက်ကျိရန် သည် လက်တစ်ချက် ဝှေ့ယမ်းကာ အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် လက်ကောက် တစ်ကွင်းကို ထုတ်ယူလိုက်လေ၏။ သူ၏ အရှိန်အဝါမှာ တဟုန်ထိုး မြင့်တက်လာပြီး လေဟာနယ် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားကာ... ဒီရေလှိုင်းများပမာ ပြင်းထန်လှသော စွမ်းအင်လှိုင်းများက လေမုန်တိုင်း တစ်ခုပမာ တရဟော လိမ့်ဆင်းသွားတော့သည်။
"ခွေးကောင်လေး... ငါ့ရဲ့ မြေကမ္ဘာအဆင့် သိုင်းကွက် ကို မင်း ဘယ်လိုများ ရင်ဆိုင်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့"
ကျောက်ကျိရန် က သွားကို ကြိတ်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး၊ လက်များဖြင့် ဆန်းကြယ်သော လက်ဟန် အမြန် ရေးဆွဲလိုက်၏။ အပြာရောင် အလင်းတန်းများ တဖျတ်ဖျတ် လက်သွားပြီး... ကြီးစိုးသော အရှိန်အဝါ ရိုက်ခတ်သွားတော့သည်။
"မြေကမ္ဘာအဆင့် အလယ်အလတ် သိုင်းကွက်... ကမ္ဘာမြေ ချန်ခွင်း တံဆိပ်တုံး"
ကျောက်ကျိရန် က ဒေါသတကြီး အော်ဟစ်လိုက်ပြီး၊ လက်နှစ်ဖက်ကို ပူးကပ်လိုက်ရာ... ကြောက်မက်ဖွယ် စွမ်းအားကြီး.. သူ၏ ခေါင်းပေါ်တွင် လျှပ်တပြက် စုစည်းနေ၏။ ပေတစ်ထောင်ခန့် အရွယ်.. ဧရာမ အပြာရောင် စွမ်းအင် တံဆိပ်တုံးကြီး တစ်ခု ဖွဲ့တည်လာသည်။
ကျောက်ကျိရန် သည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး၊ ထို စွမ်းအင် တံဆိပ်တုံးကြီးကို ဖုန်းဝူချန် ထံသို့ အနည်းငယ်မျှ မတုံ့ဆိုင်းဘဲ ပစ်လွှတ်လိုက်လေသည်။
ထိုတံဆိပ်တုံးကြီးမှာ တောင်ကြီး တစ်လုံး ပြိုကျလာသည့်အလား လေးလံသော အရှိန်အဟုန်ဖြင့် လေဟာနယ် တစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ်သွားစေပြီး... အောက်ဘက်ရှိ ရွှမ်ဟော့ တောင်တန်း မှ မီးတောင်ဝ ကိုပင် ချော်ရည်များ ပန်းထွက်လာစေတော့၏။
ကောင်းကင်ယံထက်မှ ဧရာမ ကြောက်မက်ဖွယ် စွမ်းအင် တံဆိပ်တုံးကြီးကို မြင်တွေ့လိုက်ရသောအခါ၊ ရွှမ်ဟော့ တောင်တန်း မှ ကျင့်ကြံသူများ အားလုံး အလန့်တကြား နောက်သို့ ဆုတ်ခွာသွားကြသည်။ ထိုကြောက်မက်ဖွယ် စွမ်းအားများ ရိုက်ခတ်လာမှုကြောင့် မီးတောင် ပေါက်ကွဲမည်ကို သူတို့ အလွန် စိုးရိမ်နေကြခြင်း ဖြစ်၏။
တစ်ခဏအတွင်းမှာပင် ရွှမ်ဟော့ တောင်တန်း တစ်ခုလုံး လူသူကင်းမဲ့သွားပြီး၊ အားလုံးက တောင်တန်းများ၏ အနက်ရှိုင်းဆုံး နေရာများတွင် သွားရောက် ပုန်းအောင်းနေကြတော့သည်။
"ဒီလောက် ကြောက်စရာကောင်းတဲ့ ခွန်အားကြီးကို... ညီလေးဖုန်း တားနိုင်ပါ့မလား"
ကူတင့် မှာ အကြောက်တရားကြောင့် အသံများပင် တုန်ယင်နေပြီး၊ လက်ဖဝါးများ ချွေးပြန်ကာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်၏။
"သေချာပေါက် တားနိုင်မှာပါ"
ရိုရွှေ က သူမ၏ လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် တင်းကျပ်စွာ ယှက်ထားရင်း ဆုတောင်းနေမိသည်။
ကောင်းကင်ယံထက်တွင်မူ... ဖုန်းဝူချန် ၏ မျက်နှာပေါ်တွင် မည်သည့် ကြောက်ရွံ့မှု အရိပ်အယောင်မျှ မရှိဘဲ တည်ငြိမ်နေဆဲပင် ဖြစ်၏။ အနည်းငယ်မျှပင် စိုးရိမ် ပူပန်နေပုံ မရချေ။
"ရှေးဦး ကမ္ဘာဦးခေတ် နဂါးနတ်ဘုရား လက်သီး"
ဖုန်းဝူချန် က ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။
သူ၏ လက်သီး နှစ်ဖက်စလုံးတွင် ကြောက်မက်ဖွယ် စွမ်းအင်များ စုစည်းသွားပြီး၊ မျက်စိကျိန်းမတတ် တောက်ပလှသော သွေးရောင် အလင်းတန်းများနှင့်အတူ... လောကကြီး တစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်းရှိသော အဟုန်ကြီး ပေါက်ကွဲထွက်လာတော့သည်။
"ဒီအဟုန်က... မြေကမ္ဘာအဆင့် အမြင့်ဆုံး သိုင်းကွက် ပါလား"
ကျောက်ထျန်းကျန့် ၏ မျက်နှာ အမူအရာ အကြီးအကျယ် ပျက်ယွင်းသွား၏။
ဖုန်းဝူချန် ၏ လက်သီးများက အကြင်နာ ကင်းမဲ့စွာဖြင့် လွှမ်းမိုးနိုင်စွမ်း ရှိသော ခွန်အားများနှင့်အတူ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။ မျက်တောင် တစ်ခတ်စာ အချိန်လေး အတွင်းမှာပင် သူသည် လက်သီးချက် ရာပေါင်းများစွာကို ပစ်လွှတ်လိုက်ပြီး၊ ထိုလက်သီးချက် အားလုံးမှာ ဧရာမ စွမ်းအင် တံဆိပ်တုံးကြီး အပေါ်သို့ တရဟော ဝင်ရောက် ရိုက်ခတ်သွားတော့၏။
ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ရွှမ်ဟော့ တောင်တန်း တစ်ခုလုံးကို သိမ့်ခါသွားစေရာ... တောင်တန်း အတွင်း၌ ပုန်းအောင်းနေသော ကျင့်ကြံသူများပင် အကြီးအကျယ် လန့်ဖြန့်သွားကြရသည်။
"ဒိုင်း..."
ဖုန်းဝူချန် သည် ရူးသွပ်စွာဖြင့် အဆက်မပြတ် လက်သီးများ ပစ်လွှတ်နေ၏။
.. ထိုအခိုက်အတန့်လေး အတွင်းမှာပင်၊ ကြောက်မက်ဖွယ် စွမ်းအင် တံဆိပ်တုံးကြီးမှာ အက်ကွဲကြောင်းများ.. ပေါ်နေတော့သည်။ နောက်ဆုံးတွင် 'ဒိုင်း' ခနဲ မြည်သံကြီးနှင့်အတူ လုံးဝ ပြိုကွဲ ပျက်စီးသွားလေတော့သည်။
ဧရာမ စွမ်းအင် တံဆိပ်တုံးကြီးမှာ ဖုန်းဝူချန် ၏ လက်သီးချက်များ အောက်တွင် အပိုင်းပိုင်း အစစ အဖြစ် ပြိုကျ ပျက်စီးသွားခဲ့၏။
လက်သီး တစ်ချက်လေးကိုပင် ခံနိုင်ရည် မရှိခဲ့ချေ။
"ရှူး..."
ထိုကြောက်မက်ဖွယ် မြင်ကွင်းကြီးကို မြင်တွေ့လိုက်ရသောအခါ၊ ကျင့်ကြံသူများ အားလုံး အကြောက်တရားကြောင့် လေအေးများကို တရှူးရှူး စုပ်သွင်းမိကြပြီး... မျက်လုံးများ ပြူးကျယ်ကာ ခန္ဓာကိုယ်များ တဆတ်ဆတ် တုန်ယင်နေကြတော့၏။ သူတို့၏ မျက်နှာများမှာလည်း လုံးဝ သွေးဆုတ်ဖြူရော် နေရသည်။
"..."
ကျောက်ကျိရန် ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေပြီး... ပြိုကွဲ ပျက်စီးသွားသော စွမ်းအင် တံဆိပ်တုံးကြီးကို ကြောင်အစွာဖြင့် ငေးကြည့်နေမိ၏။ သူ၏ ရင်ထဲတွင် အစွန်းရောက်သော အံ့အားသင့်မှုများ လွှမ်းမိုးနေပြီး... စကားတစ်ခွန်းမျှပင် မဟနိုင်တော့ချေ။
"နောက်ထပ် လက်သီး တစ်ချက် ကျန်သေးတယ်နော်"
ဖုန်းဝူချန် က အေးစက်စက် လှောင်ပြုံးလေး ပြုံးရင်း ဆိုလိုက်ပြီး၊ စကားပြောနေစဉ်မှာပင် အကြင်နာ ကင်းမဲ့စွာဖြင့် လက်သီး တစ်ချက် ထိုးချလိုက်လေတော့သည်။
ထိတ်လန့် ကြောက်ရွံ့နေသော ကျောက်ကျိရန် မှာ ပြင်းထန်စွာ တုန်လှုပ်သွားရလေတော့၏။