~ဒီစကား ပြောပြီးနောက်၊ သူမ နည်းနည်း သိသာလွန်းသွားသည် ဆိုတာကို ကန်နလိုင်းနား သဘောပေါက်သွားပုံ ရ၏။
သူမ ယဲ့ဖန်၏ မျက်နှာကို ခိုးကြည့်လိုက်ပြီး၊ အကြည့်ကို အမြန် လွှဲလိုက်ရာ မျက်နှာပေါ်တွင် ရှက်သွေးဖြာသွား၏။
ယဲ့ဖန် သူမကို ဖွင့်မချဘဲ နေလိုက်၏။
"ဘာဖြစ်လို့လဲ"
ကန်နလိုင်းနား၏ စိုးရိမ်ပူပန်နေသော မျက်နှာထားကို မြင်လိုက်ရသောအခါ၊ ယဲ့ဖန် မအောင့်နိုင်ဘဲ ရယ်လိုက်မိသည်။
"ကျွန်တော့် အချက်အလက်တွေကို ပါးစပ်နဲ့ ပြောပြစေချင်တာလား"
ကန်နလိုင်းနား သိသိသာသာ မှင်သက်သွား၏။ ထို့နောက် သူမ မျက်နှာ ပိုမို နီရဲလာ၏။
"တောင်း... တောင်းပန်ပါတယ် မစ္စတာ ယဲ့... ကျွန်မ သတိမထားမိလိုက်လို့ပါ... စာရွက်နဲ့ ဘောပင် အခု သွားယူပေးပါ့မယ်"
ပြောရင်းနှင့် သူမ အမြန် ထွက်ခွာသွားပြီး ယဲ့ဖန် အတွက် စာရွက်နှင့် ဘောပင် သွားယူပေးလိုက်သည်။
ယဲ့ဖန် စာရွက်နှင့် ဘောပင်ကို ယူပြီး သူ့ဆက်သွယ်ရန် လိပ်စာကို ရေးပေးလိုက်သောအခါ၊ ကန်နလိုင်းနား ရတနာ တစ်ပါး ကဲ့သို့ လေးလေးနက်နက် သိမ်းဆည်းလိုက်၏။
"လေယာဉ် ဆိုက်တာနဲ့... ဒီ accessories တွေကို စုစည်းဖို့ ကျွန်မ ချက်ချင်း စတင် လုပ်ဆောင်ပါ့မယ်"
ယဲ့ဖန် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
"ကျေးဇူးပါ"
ကန်နလိုင်းနား ရတနာသိုက် ရရှိသွားသူ တစ်ယောက် ကဲ့သို့ ယဲ့ဖန်၏ ဆက်သွယ်ရန် လိပ်စာကို ကိုင်ဆောင်ပြီး အမြန် ထွက်ခွာသွား၏။
ထိုအချိန်တွင် ယဲ့ဖန် ဘေးနား၌ အိပ်ချင်ယောင် ဆောင်နေသော ဖူမာကျန်းဝူ မျက်လုံး ဖွင့်လာသည်။
သူမ ကန်နလိုင်းနား၏ ကျောပြင်ကို ကြည့်ပြီး ယဲ့ဖန်၏ နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်၏။
"သခင်... ဒီ လေယာဉ်မယ်လေး က သခင့်ကို (၁၀၀) ရာခိုင်နှုန်း စိတ်ဝင်စားနေတာပါ... ဒါပေမဲ့ သူက နည်းနည်း ရှက်နေသေးတယ်... ကျွန်မ ကူညီပေးရမလား... သူ့အတားအဆီးကို ချိုးဖျက်ပေးရမလား"
ယဲ့ဖန် သူမ ခန္ဓာကိုယ်ကို ပုတ်လိုက်ပြီး၊ ခေါင်းခါကာ တခစ်ခစ် ရယ်မောလိုက်သည်။
"မလုပ်ပါနဲ့တော့"
"ငါ သူ့ကို တကယ် စိတ်မဝင်စားပါဘူး... သူ့ accessories တွေက တကယ် ကောင်းပြီး သခင့် မိတ်ဆွေ တစ်ယောက်နဲ့ လိုက်ဖက်မယ် ထင်လို့ပါ"
ဖူမာကျန်းဝူ ဒါကို ကြားတော့ နည်းနည်း နှမြောသွားပုံ ရ၏။ သူမ တိုးတိုးလေး ချက်ချင်း ပြောလာ၏။
"နှမြောစရာ ကောင်းလိုက်တာ"
"ဖူမာရဲ့ ကျွမ်းကျင်တဲ့ အကဲဖြတ်ချက် အရ... ဒီလေယာဉ်မယ်လေး က အပျိုစစ်စစ်လေး ဆိုတာ တစ်ချက်ကြည့်ရုံနဲ့ ပြောနိုင်တယ်... သခင်သာ စိတ်ကူး ရှိရင်... သူက သူ့ရဲ့ တန်ဖိုးရှိတဲ့ ပထမဆုံး အကြိမ်ကို စွန့်လွှတ်ဖို့ သေချာပေါက် ဆန္ဒရှိနေမှာပါ..."
"တော်တော့"
ယဲ့ဖန် ဖူမာကျန်းဝူ၏ ခန္ဓာကိုယ်ကို ဖွဖွလေး ရိုက်လိုက်သည်။
"မင်း သခင် မှာ အမျိုးသမီး မိတ်ဆွေတွေ များပေမဲ့... ကိုယ်ပိုင် ရည်မှန်းချက်တွေ ရှိပါတယ်"
"အိပ်တော့"
"ဒီမှာလား ငါ..... ဒါမှမဟုတ် နောက်မှ ရေချိုးခန်းထဲ လိုက်ပို့ပေးရမလား"
ဖူမာကျန်းဝူ ၏ မျက်လုံးများတွင် ကောက်ကျစ်စဉ်းလဲသော အရောင်များ လက်ခနဲ ဖြစ်သွား၏။ ယဲ့ဖန် နားနားသို့ ကပ်ထားသော သူမ၏ နှုတ်ခမ်းများက ယဲ့ဖန်၏ နားရွက်ဖျားလေးကို ဖွဖွလေး ကိုက်လိုက်သည်။
ယဲ့ဖန် အစပိုင်းတွင် ထူးခြားသော အတွေး မရှိသော်လည်း၊ သူမ၏ စနောက်မှုကြောင့် ရင်ထဲတွင် ဖော်မပြနိုင်သော စိတ်ဆန္ဒ တစ်ခု ဖြစ်ပေါ်လာ၏။
သူ့ဘေးနားရှိ မြေခွေးမလေးကို တစ်ချက် ကြည့်လိုက်ပြီး...
"ခဏလောက် နားလိုက်ဦး... လေယာဉ် ငြိမ်သွားရင်... အေးချမ်းတဲ့နေရာသွားဖို့ အခွင့်အရေး ရှာကြတာပေါ့"
"ဟုတ်ကဲ့ပါ သခင်"
ဖူမာကျန်းဝူ ၏ မျက်လုံးများတွင် မျှော်လင့်ချက်များ တောက်ပလာ၏။
...
အခြား တစ်ဖက်တွင်၊ ယဲ့ဖန်နှင့် ဖူမာကျန်းဝူ တို့ အသစ်အဆန်းနှင့် ပျော်စရာကောင်းသော အရာတစ်ခု လုပ်ဆောင်ရန် စဉ်းစားနေကြချိန်၌ ဖြစ်သည်။
အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံရှိ အနည်းငယ် ဆိုးရွားသော ပုံစံ ပေါက်နေသည့် ခြံဝင်းကြီး တစ်ခု အတွင်း၌ ဖြစ်၏။
ခေါင်းပေါ်တွင် ပန်းသီး တင်ထားသော သက်ရှိ ပစ်မှတ်များကို အသုံးပြုပြီး သေနတ်ပစ် လေ့ကျင့်နေသည့် အသက်လတ်ပိုင်း လူကြီး တစ်ဦးသည်၊ လက်အောက်ငယ်သားများ၏ အစီရင်ခံစာကို ရရှိပြီးနောက် ဒေါသထွက်လွန်းသဖြင့် ကျည်ဆန် အနည်းငယ် ဆက်တိုက် ပစ်ခတ်လိုက်သည်။ ခေါင်းပေါ် ပန်းသီး တင်ထားသော သက်ရှိ ပစ်မှတ်များ ကြောက်လွန်းသဖြင့် ဘောင်းဘီထဲ နေရာမှာတင် ရှူးပေါက်ချလိုက်ကြပြီး၊ တုန်ရီနေကြ၏။
သတင်း လာပို့သော ယုံကြည်ရသည့် လက်ထောက် ပင်လျှင် တုန်ရီနေသည်။
"ဘော့စ်... နေမဝင်အင်ပါယာ ဘက်က ဘော့စ်ရဲ့ သတင်းကို စောင့်နေကြပါတယ်"
"လွန်ခဲ့တဲ့ တစ်ခေါက် ဟွမ်ရှူချိုင် ကြောင့် နေမဝင်အင်ပါယာ က ဒီလူတွေကို ဖော်ထုတ်လိုက်တယ်... ဆက်စပ် လုပ်ငန်းတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေလို့... အဲ့ဒီက ကျွန်တော်တို့ စီးပွားရေးတွေ လုံးဝ ရှေ့ဆက်မတိုးနိုင်တော့ဘူး... အဖွဲ့ခေါင်းဆောင် အသေးစားလေးတွေလည်း အန္တရာယ် ရှိနေကြတယ်"
"နေမဝင်အင်ပါယာ ကနေ မထွက်ပြေးရင်... တစ်နေ့နေ့ကျရင် အဖမ်းခံရလိမ့်မယ် လို့ အားလုံးက ထင်နေကြတယ်..."
အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံ၏ မီးခိုးရောင် စီးပွားရေး လုပ်ငန်း၏ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်သလို၊ စစ်ဆင်ရေး ခေါင်းဆောင်များ ထဲမှ တစ်ဦးလည်း ဖြစ်သော အသက်လတ်ပိုင်း လူကြီး ဝေဆောချန် (Wei Suocheng) သည် သေနတ်ကို မြေကြီးပေါ် ပစ်ချလိုက်ပြီး ပြောလိုက်၏။
"စီးပွားရေး ရှေ့ဆက်မတိုးနိုင်မှတော့... အဲ့ဒီမှာ နေပြီး စွန့်စားနေစရာ အကြောင်း မရှိတော့ဘူး... အားလုံးကို ဆုတ်ခွာခိုင်းလိုက်တော့"
ယုံကြည်ရသည့် လက်ထောက် ဒါကို ကြားသောအခါ အလျင်အမြန် တုံ့ပြန်လိုက်ပြီး အမိန့်ကို သွားရောက် လုပ်ဆောင်ရန် ပြင်လိုက်သည်။
"နေဦး"
ဝေဆောချန် မျက်နှာထား တင်းမာစွာ ပြောလိုက်၏။
ယုံကြည်ရသည့် လက်ထောက် ခြေလှမ်း ချက်ချင်း ရပ်တန့်သွား၏။
ဝေဆောချန်၏ မျက်လုံးများတွင် ရက်စက် ကြမ်းကြုတ်မှုများ အရောင်တောက်သွားသည်။
"ဒီကောင်တွေ လက်ဗလာနဲ့ ပြန်မလာစေနဲ့... နေမဝင်အင်ပါယာ ကနေ မထွက်ခွာခင် ငါ့အတွက် တစ်ခုခု လုပ်ပေးခဲ့ခိုင်းလိုက်"
***