~"ပင်လယ်ပြင် ခရီးစဉ် ဟုတ်လား"
ဒီဝေါဟာရကို ကြားလိုက်ရသောအခါ ယဲ့ဖန် အနည်းငယ် အံ့ဩသွား၏။
သူ ဒီကိစ္စကို သိပ်မရင်းနှီးသော်လည်း၊ ဗီဒီယိုအတို ပလက်ဖောင်းတွေ ပေါ်မှာ မကြာခဏ တွေ့ဖူး၏။
တံငါသည် တချို့က ပင်လယ်ကမ်းစပ်မှာ ပင်လယ်စာ အမျိုးမျိုး လိုက်ကောက်နေကြတာ မလား။
သို့သော် ဗီဒီယိုတွေထဲမှာ လွယ်ကူသယောင် ထင်ရသော်လည်း၊ တကယ်တမ်းကျတော့ တော်တော် ခက်ခဲ၏။ ယဲ့ဖန် သူတို့ကို မfollowထားသော်လည်း၊ ထိပ်တန်း တိုက်ရိုက် ထုတ်လွှင့်သူ (Streamers) အများစုက ဇာတ်ညွှန်းတွေနှင့် အတုအယောင်တွေကို အားကိုးနေကြသည် ဆိုတာ သိ၏။
အကယ်၍သာ ပင်လယ်ကမ်းစပ်တွင် တန်ဖိုးကြီးလှသော ပင်လယ်စာများကို ကောက်ယူရသည်မှာ ဤမျှလောက် လွယ်ကူနေပါက တံငါသည်အားလုံးမှာလည်း ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးများ ဖြစ်နေကြပေလိမ့်မည်။
အထူးသဖြင့် ဆိုရှယ်မီဒီယာပေါ်တွင် ဗီဒီယိုအတိုများ ခေတ်စားလာပြီးနောက်ပိုင်း၌ ကစားသမား အများအပြားသည် အိပ်မက်ကိုယ်စီဖြင့် ကမ်းခြေသို့ အလုအယက် ပြေးလွှားခဲ့ကြလေ၏။
သို့သော်လည်း လက်တွေ့ဘဝမှာမူ စိတ်ကူးယဉ်သလောက် မလှပခဲ့ချေ။ ရှိရင်းစွဲ အနည်းငယ်မျှသော ပင်လယ်စာလေးများကိုပင် လူအုပ်ကြီးက ဝိုင်းဝန်းလုယက် နေကြသောကြောင့် ကမ်းခြေတွင် အဖိုးတန်ပစ္စည်း ရှာဖွေရသည့် အလုပ်မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုခက်ခဲ လာခဲ့ရလေတော့သည်။
ကျူးရှောင်ကျောင်း ခေါင်းညိတ်လိုက်၏။ မျှော်လင့်ချက် အရိပ်အယောင်များ သူမ မျက်လုံးထဲတွင် ဖြတ်ပြေးသွားပြီး ပြောလိုက်၏။
"ဟုတ်တယ်... ပင်လယ်ပြင် ခရီးစဉ်ပါ... ကျွန်းရဲ့ လှပတဲ့ ရှုခင်းတွေကို မြင်ရရုံတင် မကဘူး... လုပ်အား နဲ့ ရိတ်သိမ်းမှုရဲ့ ပျော်ရွှင်မှုကိုလည်း ခံစားနိုင်တယ်"
"ပင်လယ်ပြင် ခရီးစဉ် အတွက် အလွယ်ကူဆုံး ကျွန်းငယ်လေး တစ်ကျွန်းမှာ ဇိမ်ခံ အတွေ့အကြုံ အစီအစဉ် (Luxury Experience Package) တစ်ခု ကြိုတင် မှာယူခိုင်းထားပြီးပြီ"
"အခု အဲ့ဒီ ပင်လယ်ပြင် ဧရိယာကို ကျွန်မတို့က ကန်ထရိုက် (Contract) ယူထားလိုက်ပြီ"
ဒါကို ကြားတော့ ယဲ့ဖန် မရယ်ဘဲ မနေနိုင်တော့ပေ။
သူ့ရှေ့က လူက ဘယ်သူလဲ ဆိုတာ သူ မေ့လုနီးပါး ဖြစ်သွား၏။
သူမကဲ့သို့ အရှိန်အဝါ ကြီးမားသူ တစ်ဦးအဖို့ ပင်လယ်ပြင်ခရီးစဉ်တစ်ခု ထွက်မည်ဆိုလျှင်ပင် သာမန်လူတန်းစားများ သွားလာရာ နေရာမျိုးကို ရွေးချယ်လိမ့်မည် မဟုတ်ပေ။
ကျွမ်းမိသားစု၏ ယုံကြည်စိတ်ချရသော လက်ထောက်များကလည်း နိုင်ငံအတွင်းရှိ မည်သည့်ပင်လယ်ပြင် ဧရိယာသည် ပင်လယ်စာ ရိတ်သိမ်းရန် အလွယ်ကူဆုံး ဖြစ်ပြီး မည်သည့် နေရာသည် အလှပဆုံး ရှုခင်းများကို ပိုင်ဆိုင်ထားသနည်း ဆိုသည်ကို သူမအတွက် ကြိုတင်စုံစမ်း ထားပြီးဖြစ်လိမ့်မည်။
ထို့ကြောင့်ပင် သူမနှင့်အတူ ပင်လယ်ပြင်သို့ ခရီးဆန့်ရခြင်းမှာ အခြားသော နေရာများသို့ သွားရောက်ခြင်းထက် အဆပေါင်းများစွာ ပိုမိုလွယ်ကူ ချောမွေ့နေမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်၏။ ဤခရီးစဉ်မှ ရရှိမည့် အတွေ့အကြုံများမှာလည်း အခြား အရာအားလုံးထက် သာလွန် ထူးကဲနေမည်မှာ အသေအချာပင် ဖြစ်တော့သည်။
"ကောင်းပြီလေ... နောက် သုံးရက် အတွက် မင်းက ဘော့စ် ပဲ... မင်း စီစဉ်တာ ငါ နားထောင်ပါ့မယ်"
ယဲ့ဖန် ဘာမှ ဆက်မပြောတော့ပေ။
ကျူးရှောင်ကျောင်း နှင့် အတူ လေဆိပ်မှ ထွက်ခွာပြီးနောက်၊ သူ ချန်းရွှမ်၊ ကျန်းယိုထင် နှင့် ရွှီကျင်းရှင်း တို့ကို အသီးသီး နှုတ်ဆက်လိုက်ပြီး၊ နောက် သုံးရက် အတွင်း ကိစ္စ တစ်ခု ရှိနေ၍ လင်းနန်ကို လောလောဆယ် ပြန်မလာနိုင်သေးကြောင်း ပြောပြလိုက်၏။
ရွှီကျင်းရှင်း က အလွန် စာနာ နားလည်ပေးတတ်၏။ မက်ဆေ့ခ်ျ မြင်သောအခါ၊ သူမ ယဲ့ဖန်ကို ချက်ချင်း နှစ်သိမ့်ပေးပြီး အဆင်ပြေကြောင်း၊ သူ့ကိစ္စ အရင် ရှင်းဖို့ ပြောလိုက်၏။
ကျန်းယိုထင် ကတော့ သူမ၏ အထောက်အထားနှင့် နေရာကို ရှင်းရှင်းလင်းလင်း သိထား၍၊ ဘာမှ မပြောရဲပေ။ သူမလည်း ကျက်သရေ ရှိသော စကားအနည်းငယ် ပြောလိုက်၏။
သို့သော် ချန်းရွှမ် ကတော့ မတူပေ။
ယဲ့ဖန် လင်းနန် ပြန်လာမည့် ရက်ကို နောက်ထပ် သုံးရက် ရွှေ့ဆိုင်းလိုက်တာ မြင်တော့၊ သူမ ယဲ့ဖန်ကို နောက်ကျလျှင် သင်ခန်းစာ ပေးမည်ဟု ဖုန်းထဲမှ ချက်ချင်း ပြောလိုက်၏။
အလွန် မလျော်ကန်သော သင်ခန်းစာ တစ်ခု ဖြစ်ပါလိမ့်မည်။
ဖုန်းပြောနေရင်း ယဲ့ဖန် စိတ်မထိန်းနိုင် ဖြစ်လုနီးပါး ဖြစ်သွား၏။
"ကောင်စုတ်လေး... စောင့်နေလိုက်"
ယဲ့ဖန်ကို ခြိမ်းခြောက်ပြီး စနောက်ပြီးနောက်၊ ချန်းရွှမ် ဒေါသတကြီး ဖုန်းချလိုက်၏။
ယဲ့ဖန်လည်း မတတ်နိုင်ပေ။
သူ့စိတ်ခံစားမှုတွေကို တစ်ယောက်တည်း ခဏလောက် ဖြေဖျောက်ပြီးနောက်၊ ကျူးရှောင်ကျောင်း ဘေးနား ပြန်သွားပြီး ကမ်းရိုးတန်း မြို့တစ်မြို့သို့ လေယာဉ်စီးကာ လိုက်ပါသွား၏။ ထို့နောက် ရဟတ်ယာဉ် တစ်စီး စီးပြီး ကျွန်းတစ်ကျွန်းသို့ တန်းသွားလိုက်ကြသည်။
"ဒီကျွန်းငယ်လေးက ခရီးသွား လုပ်ငန်း အတွက် မဖွံ့ဖြိုးသေးဘူး... ရှားပါးတဲ့ မူလ ဂေဟစနစ်ကို ထိန်းသိမ်းထားနိုင်တယ်"
"ဒီက အရင်းအမြစ်တွေက တခြား နေရာတွေထက် အနည်းဆုံး (၁၀) ဆ လောက် ပိုကြွယ်ဝတယ်... ပြီးတော့ ဒီက ရှုခင်းတွေက အရမ်း လှတယ်"
"ငါ အရင်က တစ်ခေါက် ရောက်ဖူးတယ်... ပင်လယ်စာ ကောက်တာက ကံတရား ပေါ် မူတည်ပေမဲ့... တကယ်ကို အရမ်း ပျော်ဖို့ ကောင်းပြီး အရမ်း သက်တောင့်သက်သာ ရှိတယ်..."
ရဟတ်ယာဉ် ပေါ်တွင် ကျူးရှောင်ကျောင်း အလွန် စိတ်လှုပ်ရှားနေပြီး၊ အခြေအနေကို ယဲ့ဖန်အား မရပ်မနား ရှင်းပြနေ၏။
သူမ၏ မိတ်ဆက်စကားကို နားထောင်ရင်း၊ ယဲ့ဖန် အကြမ်းဖျင်း နားလည်လိုက်သည်။
ဒါက နဂါးနိုင်ငံ နယ်စပ် အနီးက ကျွန်းတစ်ကျွန်း ဖြစ်ပြီး၊ ပြင်ပကမ္ဘာကို သွားလာဖို့ သိပ်အဆင်မပြေလှပေ။
ပုံမှန် အားဖြင့် အဝင်အထွက် လုပ်ဖို့ အနည်းဆုံး နှစ်ဆင့်လောက် ပြောင်းစီးရလေ့ ရှိ၏။
ဒါကြောင့်လည်း မူလ သဘာဝ ရှုခင်းတွေ မပျက်မစီး ကျန်ရှိနေခြင်း ဖြစ်၏။ ပင်လယ်ရေ ကြည်လင်ပြီး ပင်လယ် သယံဇာတတွေ အတော်လေး ကြွယ်ဝသည်။ လူအများစုကလည်း အတော်လေး ရိုးသားကြ၏။
နိမ္ဗာန် ဘုံ တစ်ခုလိုပါပင်။
လေးဖက်နာ ရောဂါ ရှိသည့် သူတွေကလွဲလျှင်၊ လူအများစု အတွက် အားလပ်ရက် အပန်းဖြေဖို့နှင့် ကျန်းမာရေး ပြန်လည် ထူထောင်ဖို့ တကယ် သင့်တော်သော နေရာပါပင်။
"ကျွန်မ ဒီမှာ သူငယ်ချင်းကောင်း နှစ်ယောက်တောင် ရထားသေးတယ်"
ကျူးရှောင်ကျောင်းက ကျွန်းအခြေအနေကို မိတ်ဆက်ရင်း၊ သူမ အရင်က ကြုံတွေ့ခဲ့ရသော အတွေ့အကြုံတွေကိုပါ ယဲ့ဖန်ကို ပြောပြနေ၏။
သူမ ရခဲ့သော မိတ်ဆွေတွေ၊ စားခဲ့သော အရသာ ရှိသည့် အစားအစာတွေ၊ ကြုံတွေ့ခဲ့ရသည့် ပျော်စရာ ကိစ္စတွေ အစရှိသဖြင့်ပေါ့။
ရဟတ်ယာဉ် ဆင်းသက်ပြီး လူအချို့ လာရောက် ကြိုဆိုသည့် အချိန်တွင်၊ ကျူးရှောင်ကျောင်း စကားမပြောဘဲ မနေနိုင်သေးပေ။
"တစ်ခုတည်းသော နောင်တရစရာကတော့... ပြီးခဲ့တဲ့ အခေါက် လာတုန်းက ငါ့ကံ သိပ်မကောင်းခဲ့ဘူး... ကောင်းတာ ဘာမှ မကောက်နိုင်ခဲ့ဘူး"
"ဒီတစ်ခါတော့... ယဲ့ဖန်... နင် ငါ့ အိပ်မက်ကို အကောင်အထည် ဖော်ပေးရမယ်နော်”
***