~ယဲ့ဖန်သည် ရတနာ ရှာဖွေခြင်း လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်၏။
စနစ် မျက်နှာပြင် ပေါ်တွင် မီတာ တစ်ထောင် ပတ်လည် ကမ်းရိုးတန်း တစ်လျှောက်ရှိ ပင်လယ်စာများ၏ အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နေ၏။
မည်သည့် ကမ်းခြေများတွင် ပစ္စည်းများ ရှိသည်၊ မည်သည့် သဲသောင်ပြင်မှ ကြည့်လျှင် ဘာမျှ မရှိသကဲ့သို့ ထင်ရသော်လည်း တကယ်တမ်း ပစ္စည်းများ ရှိနေသည် ဆိုသည်မှာ အလွန် ရှင်းလင်းနေ၏။
ကျူးရှောင်ကျောင်း၏ တောင်းဆိုမှုကို သဘောတူရန် ပြင်လိုက်စဉ်၊ ကောင်လေး တစ်ယောက်၏ အသံသည် ဘေးနားမှ ရုတ်တရက် ထွက်ပေါ်လာ၏။
"အစ်မရှောင်ကျောင်း... အစ်မ ထပ်ပြီး စိတ်ပျက်ရတော့မယ် ထင်တယ်"
"ဒီရက်ပိုင်း ရွာသားတွေ ဘယ်သူမှ ကောင်းကောင်း ရိတ်သိမ်းလို့ မရကြဘူးဗျ"
"အစ်မတို့ လာတာ အချိန်အခါ မကောင်းဘူး ထင်တယ်ဗျ"
ဆယ်ကျော်သက် အရွယ် ကောင်လေး တစ်ယောက်နှင့် အသက် (၂၀) အောက်ဟု ထင်ရသော လှပသည့် ကောင်မလေး တစ်ယောက် လျှောက်လာကြ၏။
ကောင်လေး၏ စကားကို ကြားလိုက်ရသောအခါ၊ လှပသော ကောင်မလေးသည် ကောင်လေးကို ချက်ချင်း ခေါက်လိုက်လေ၏။
"အဆိုး မမြင်စမ်းပါနဲ့"
"အစ်မရှောင်ကျောင်း... ကောင်းကင်ဘုံက ကောင်းချီးပေးမှာပါ... အစ်မ လိုချင်တာ သေချာပေါက် ရမှာပါ"
"အစ်မရှောင်ကျောင်း... ခုနက ရဟတ်ယာဉ် ပျံသန်းလာတာ မြင်ကတည်းက အစ်မမှန်း သိလိုက်တယ်... ဒါနဲ့ ရှောင်ယောင်ကို ခေါ်ပြီး သမီးတို့ အမြန် လာခဲ့ကြတာ"
ကျူးရှောင်ကျောင်းသည် ထိုကောင်လေးနှင့် ကောင်မလေးကို မြင်လိုက်ရသောအခါ အမြန် သွားရောက် စကားပြောလိုက်၏။ ထို့နောက် ယဲ့ဖန်နှင့် မိတ်ဆက်ပေးလိုက်၏။
"ယဲ့ဖန်... ဒါ ငါ ပြောတဲ့ ကျွန်းပေါ်က သူငယ်ချင်းသစ်တွေလေ... ဟိုင်လင်းအာ နဲ့ ဟိုင်ရှောင်ယောင်..."
"သူတို့က မောင်နှမတွေပါ"
ယဲ့ဖန်သည် ချက်ချင်း ပြုံးလိုက်ပြီး ဟိုင်လင်းအာနှင့် ဟိုင်ရှောင်ယောင် တို့ကို နှုတ်ဆက်လိုက်၏။
ဟိုင်ရှောင်ယောင် လည်း ယဲ့ဖန်ကို ပြန်လည် နှုတ်ဆက်လိုက်၏။
သို့သော် ဟိုင်လင်းအာ မှာမူ စူးစမ်းချင်စိတ် ပြင်းပြနေပုံ ရ၏။ ယဲ့ဖန်ကို အကဲခတ်ပြီးနောက်၊ ကျူးရှောင်ကျောင်း နားနားကပ်ပြီး တီးတိုး မေးမြန်းလိုက်၏။
ယဲ့ဖန် တမင်တကာ နားမထောင်သော်လည်း၊ သူ၏ အစွမ်းထက်သော အာရုံငါးပါးကြောင့် "ချစ်သူ"၊ "အရမ်း ချောတယ်" စသည့် သော့ချက်စာလုံး အချို့ကို ကြားလိုက်ပါသည်။
သူတို့ လေးဦး ခဏတာ စကားပြောပြီးနောက်၊ ရဟတ်ယာဉ်မှ ထွက်ခွာလာပြီး ဟိုင်လင်းအာနှင့် ဟိုင်ရှောင်ယောင် တို့၏ ရွာသို့ ဦးတည် လျှောက်လှမ်းသွားကြ၏။
ထိုနေရာတွင် လူတစ်ယောက်သည် ကျူးရှောင်ကျောင်းနှင့် ယဲ့ဖန် တို့ကို ကြိုဆိုရန် အစားအသောက်နှင့် ဝိုင်များ ပြင်ဆင်ထားပြီး ဖြစ်သည်။
အစားအသောက် စားသောက်ပြီး အားလုံး အနားယူပြီးနောက်၊ ကျူးရှောင်ကျောင်းသည် လက်ဝါးချင်း ပွတ်သပ်လိုက်ပြီး ယဲ့ဖန်၊ ဟိုင်လင်းအာနှင့် ဟိုင်ရှောင်ယောင် တို့ကို ပင်လယ်ပြင် ခရီးစဉ် သွားရန် ဆွဲခေါ်ချင်နေလေ၏။
ဟိုင်လင်းအာ သည် ကျူးရှောင်ကျောင်း ကို သိသိသာသာ နားချနေ၏။ ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"အစ်မရှောင်ကျောင်း... အစ်မတို့ ခရီးပန်းလာတာဆိုတော့ ပင်ပန်းနေလောက်ပြီ... အရင် အနားယူပြီး မနက်ဖြန် မနက်မှ သွားရင် မကောင်းဘူးလား"
ဟိုင်ရှောင်ယောင်သည် သူ့အစ်မကို တစ်ချက် ကြည့်လိုက်ပြီး တီးတိုး ပြောလိုက်၏။
"ရွာထဲက ဦးလေးတွေ၊ အဒေါ်တွေ အကုန် ပြောနေကြတာ... ဒီရက်ပိုင်း ပင်လယ်ပြင် ထွက်ဖို့ မကောင်းဘူး တဲ့"
"လတ်တလော ဘာမှ မရနိုင်ပါဘူး..."
"အင်.. ဘာမှ မရနိုင်ဘူးလား"
ကျူးရှောင်ကျောင်း အနည်းငယ် စိတ်ပျက်သွား၏။
"ဒါပေမဲ့ ဒီတစ်ခါ အစ်မ..ယဲ့ဖန် ကို ခေါ်လာတာ ငါ့ဆန္ဒ ပြည့်ဝဖို့လေ... ရိတ်သိမ်းမှု ကြီးမားတဲ့ ပျော်ရွှင်မှုကို ခံစားချင်လို့ပါ ဆို..."
"ယဲ့ဖန် က ဒီနေ့မှ နိုင်ငံခြားက ပြန်ရောက်တာ... နားချိန်တောင် မရလိုက်ဘဲ အစ်မ ဆွဲခေါ်တာ ခံလိုက်ရတာဟယ်..."
ဟိုင်လင်းအာ သည် တကယ် ရိုးသား၏။ သူမသည် ပိုပြီး အလိုက်အထိုက် သိတတ်သော်လည်း ချက်ချင်း ပြောလိုက်၏။
"ညီမ ရွာထဲက ဦးလေးတွေ၊ အဒေါ်တွေကို ကြိုမေးထားပြီးပါပြီ... ရွာနားက ကမ်းရိုးတန်းက နောက်ရက် အနည်းငယ် အတွင်း သွားရကျိုးနပ်မှာ မဟုတ်ဘူး တဲ့"
"အစ်မရှောင်ကျောင်း တကယ် သွားချင်တယ် ဆိုရင်... ဆိုင်ကယ် ငှားပြီး ရွာနဲ့ ဝေးတဲ့ ကမ်းခြေ တစ်ခုမှာ ကံစမ်းကြည့်ကြမလားနော်"
"ဒါ ဖြစ်နိုင်တယ်"
ကျူးရှောင်ကျောင်း ချက်ချင်း စိတ်ပြန်လည် တည်ငြိမ်သွား၏။
အဖွဲ့လိုက် ဆုံးဖြတ်ချက် ချလိုက်ကြ၏။ ဟိုင်လင်းအာ ဆိုင်ကယ် သွားငှားလိုက်ပြီး၊ သူတို့ လေးဦး သုံးဘီးဆိုင်ကယ် တစ်စီး ရရှိလိုက်ကြ၏။ အတူတူ ရွာနှင့် ဝေးကွာသော ကမ်းရိုးတန်း ဆီသို့ အမြန် ထွက်ခွာလာခဲ့ကြ၏။
ကမ်းရိုးတန်းသို့ သွားနေစဉ်၊ ဟိုင်လင်းအာ သည် ကျူးရှောင်ကျောင်း စိတ်ပျက်သွားမည်ကို စိုးရိမ်ပုံ ရ၏။ လမ်းတစ်လျှောက်လုံး လွန်ခဲ့သော ရက်အနည်းငယ်က ရွာသားများ၏ ရိတ်သိမ်းမှု နည်းပါးပုံ အကြောင်း ပြောပြပြီး ကျူးရှောင်ကျောင်း ကို သတိပေးနေ၏။
ကျူးရှောင်ကျောင်း မှာမူ အဆင်ပြေပါတယ် ဟု ပြောနေသော်လည်း၊ သိသိသာသာ စိတ်ဓာတ်ကျနေ၏။
ဒါကို မြင်တော့ ယဲ့ဖန် ဝင်မပြောတော့ပေ။ လမ်းညွှန်ချက် စနစ်ကို အသက်သွင်းလိုက်ပြီး၊ သူ၏ စနစ်ကို အသုံးပြုကာ ဧရိယာကို စကင်န် ဖတ်လိုက်၏။
လူသူကင်းမဲ့ပြီး လူသားများ လာရောက်လေ့ မရှိပုံ ရသော သစ်တောနှင့် ကမ်းရိုးတန်း တစ်ခုကို ဖြတ်သန်းသွားသောအခါ၊ သူ၏ မျက်လုံးများ ရုတ်တရက် အရောင်လက်သွားပြီး သုံးဘီးဆိုင်ကယ်ကို ရပ်ခိုင်းလိုက်၏။
"ငါတို့ ဒီနေ့ ကံကောင်းပြီး အကြီးကြီး ရိတ်သိမ်းနိုင်လိမ့်မယ် လို့ ခံစားမိနေတယ်"
ဆိုင်ကယ် ရပ်လိုက်သည်နှင့် ယဲ့ဖန် ပထမဆုံး ခုန်ဆင်းလိုက်၏။ ကမ်းရိုးတန်းကို ပိတ်ဆို့ထားသော သစ်တောအုပ်ကြီးကို ကြည့်လိုက်၏။
***