~ယဲ့ဖန်သည် တိုက်ပွဲ အတွေ့အကြုံ ရင့်ကျက်သူ တစ်ဦး ဖြစ်သော်လည်း၊ ယခု အခြေအနေတွင် စက္ကန့် အနည်းငယ်ကြာအောင် ထိန်းချုပ်ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။
ကျူးရှောင်ကျောင်း သည် သူ မတွေ့ရသည့် ကာလ အတောအတွင်း ဒုတိယ အကြိမ် ဖွံ့ဖြိုးလာသကဲ့သို့ ထင်သည်။ သူမသည် ဒဏ္ဍာရီ ထဲက သွယ်လျသော်လည်း ဆွဲဆောင်မှု ရှိသော ကိုယ်လုံးကိုယ်ပေါက်မျိုးကို အမှန်တကယ် ပိုင်ဆိုင်ထား၏။
ပို၍ ကြောက်စရာ ကောင်းသည်မှာ သူမ၏ အသားအရေသည် ထူးထူးခြားခြား ကောင်းမွန်နေခြင်းပင်။
သူမ ယဲ့ဖန်ကို ဖက်ထားလိုက်သော အခိုက်အတန့်တွင်၊ သူမ အသားအရေ၏ နူးညံ့ချောမွတ်မှုကို ယဲ့ဖန် ခံစားလိုက်သည်။
တချိန်တည်းမှာပင်၊ ဒီလို မတော်တဆမှုမျိုး ဖြစ်လာလိမ့်မယ်လို့ ကျူးရှောင်ကျောင်း မျှော်လင့်မထားခဲ့ပုံ ရ၏။
သူမ၏ ချစ်စရာ မျက်နှာလေး ချက်ချင်း နီရဲလာပြီး၊ ဘာလုပ်ရမှန်း မသိသလို ကြောင်အသွားသည်။
ယဲ့ဖန်က ပထမဆုံး တုံ့ပြန်လိုက်၏။ မျက်နှာသုတ်ပုဝါကို အမြန် ပြန်ဆွဲယူပြီး သူမ ကိုယ်ပေါ် လွှမ်းခြုံပေးလိုက်၏။ ထိုအခါမှသာ သွေးသားဆန္ဒ အာရုံများကို ခေတ္တ တားဆီးနိုင်ခဲ့သည်။
ကျူးရှောင်ကျောင်း ကို ဖုံးအုပ်ပေးလိုက်သည်နှင့်၊ ယဲ့ဖန် သူ့လက်ကို ပြန်ရုပ်ပြီး ထွက်ခွာရန် အလိုအလျောက် ပြင်ဆင်လိုက်၏။
"ယဲ့ဖန်..."
သို့သော် မမျှော်လင့်ဘဲ သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲ ဖြစ်နေသည်။
သူ ခေါင်းလှည့်ကြည့်လိုက်ရာ၊ ကျူးရှောင်ကျောင်း သည် ဖော်ပြ၍ မရနိုင်သော စိတ်ခံစားမှုများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်၏။
သူမ စကားတစ်ခွန်းမှ မပြောသော်လည်း၊ ဒီအချိန်မှာ ယဲ့ဖန် နားလည်လိုက်သည်။
သူ တံတွေး တစ်ချက် မမြိုဘဲ မနေနိုင်တော့ပေ။ ရှေ့ဆက်တိုးလိုက်၏။
မျှော်လင့်ထားသည့် အတိုင်းပင်၊ သူ နမ်းလိုက်သည်နှင့် တပြိုင်နက်၊ ကျူးရှောင်ကျောင်းက ယဲ့ဖန်လည်ပင်းကို သိုင်းဖက်ကာ ခုတင်ပေါ်သို့ ဆွဲချလိုက်သည်။
နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သည်များမှာ လျှပ်စီးက မြေကမ္ဘာ မီးကို မွှေးပေးလိုက်သလို၊ မီးတောင် ပေါက်ကွဲမှုက ငလျင် တစ်ခုနှင့် ကြုံတွေ့လိုက်ရသလိုပင်...၊
ယဲ့ဖန် ပြန်နိုးလာသောအခါ နောက်တစ်နေ့ မနက် ရောက်နေပြီ ဖြစ်၏။ ကျူးရှောင်ကျောင်း သူ့ရင်ခွင်ထဲတွင် လှဲနေပြီး၊ သူ့ရင်ဘတ်ပေါ်တွင် လက်ချောင်းလေးဖြင့် စက်ဝိုင်းများ ရေးဆွဲနေသည်။
ယဲ့ဖန် ခေါင်းကိုက်လာ၏။
သူ့သူငယ်ချင်းလေး ထပ်မံ ဂနာမငြိမ် ဖြစ်လာသည်ကို ခံစားလိုက်ရသဖြင့်၊ ချက်ချင်း ပါးရိုက်လိုက်၏။
"မင်းကွာ... ဘာလို့ ဒီလောက် စိတ်ပျက်စရာ ကောင်းရတာလဲ"
ထို့နောက် ယဲ့ဖန် ဒေါသဖြေရန် ထပ်ရိုက်ဖို့ ပြင်လိုက်သော်လည်း၊ သူ့လက်ကို ကျူးရှောင်ကျောင်း ဖမ်းဆုပ်လိုက်၏။
"မရိုက်ပါနဲ့တော့..."
"အဲ့ဒါ ကျွန်မ ရတနာလေးပါ... ကျိုးသွားရင် ဘယ်လို လုပ်မလဲ"
ယဲ့ဖန် သက်ပြင်းချလိုက်၏။
"ဒီကောင်က သန်မာလွန်းတယ်... သတိမထားရင် ငါ အမှားတွေ လုပ်မိလိမ့်မယ်"
"ဘာပဲဖြစ်ဖြစ်... ထပ်မရိုက်ပါနဲ့"
ကျူးရှောင်ကျောင်း ယဲ့ဖန် ကိုယ်ပေါ် တက်လိုက်၏။
"ဒါ့အပြင်... ရှင်က အခု ကျွန်မ အပိုင် ဖြစ်သွားပြီ... ထွက်ပြေးဖို့ စိတ်ကူးတောင် မယဉ်နဲ့"
"ငါ ထွက်ပြေးဖို့ မစဉ်းစားပါဘူး"
ယဲ့ဖန် ခေါင်းခါလိုက်၏။
"ဒါဆို ဘာလို့ ကျွန်မဘေးနားမှာ နိုးလာတာ မပျော်တဲ့ ပုံစံ ပေါက်နေတာလဲ"
ကျူးရှောင်ကျောင်း မကျေမနပ် ဖြစ်သွား၏။
"ငါ့မှာ အချစ်ကြွေးတွေ များလွန်းနေလို့ပါ"
ယဲ့ဖန် ဘာမှ ဖုံးကွယ်မထားပေ။
"မင်း လိုအပ်ချက်တွေ အားလုံးကို ဖြည့်ဆည်းပေးနိုင်မယ် လို့ ငါ အာမမခံနိုင်ဘူး..."
"အော်... ဒါကြောင့်ကိုး...ကျွန်မကို မကြိုက်ဘူးလို့ ထင်နေတာ"
ကျူးရှောင်ကျောင်း သက်ပြင်းချလိုက်ပြီး စိတ်ပြန်လည် တည်ငြိမ်သွား၏။
"ရှင့်စိတ်ထဲမှာ ကျွန်မကို ထားပေးရင် ရပါပြီ... အာမခံချက်တွေ၊ လိုအပ်ချက်တွေက အရေးမကြီးပါဘူး"
"ရှင့်ကို မတွေ့ခင်တုန်းက... ကျွန်မက မနက်ဖြန် ဆိုတာ မရှိတဲ့ လူတစ်ယောက်ပါ"
"အခု ကျွန်မ ကျန်းမာပြီး သက်ဝင်လှုပ်ရှားနေပြီ... လောကကြီးရဲ့ ပျော်ရွှင်မှု၊ မိန်းမ တစ်ယောက် ဖြစ်ရခြင်းရဲ့ ပျော်ရွှင်မှုကို ခံစားနေရပြီ... အရမ်း အရမ်း ကျေနပ်နေပါပြီ"
ကျူး မိသားစု၏ သမီးလေး ဒီလောက် သဘောထားကြီးလိမ့်မည်ဟု ယဲ့ဖန် မထင်ထားခဲ့မိပါ။
သူ ကျူးရှောင်ကျောင်း ကို တည့်တည့် ကြည့်လိုက်၏။
ကျူးရှောင်ကျောင်း ပြုံးလိုက်ပြီး သူ့ပါးကို နမ်းလိုက်၏။
"မနေ့ညက ရှင် ..... ဒါက ရှင့်အတွက် ဆုလာဘ်"
ပြောရင်းနှင့် သူမ ထပြီး အဝတ်အစား ဝတ်ရန် ပြင်လိုက်၏။
"ပင်လယ်ပြင် ခရီးစဉ် ဆက်သွားကြရအောင်"
"မနက်ခင်းက ပင်လယ်ပြင် ထွက်ဖို့ အကောင်းဆုံး အချိန်ပဲ... ပစ္စည်း ရှာရ အလွယ်ကူဆုံး အချိန်ပေါ့"
သို့သော် သူမ ထရန် ကြိုးစားလိုက်သည်နှင့် တပြိုင်နက်၊ မနေ့ညက မုန်တိုင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားလိုက်ရပုံ ရ၏။
ဒါကို မြင်တော့ ယဲ့ဖန် ချက်ချင်း ထထိုင်လိုက်ပြီး သူမကို တွဲထူပေးလိုက်၏။
" မနေ့ညက ငါ ပြောသားပဲ... မင်းမှ နားမထောင်တာ"
"လှဲနေလိုက်... ငါ ကုသပေးမယ်"
ကျူးရှောင်ကျောင်း လိမ္မာစွာ လှဲချလိုက်၏။ သူမ၏ မျက်လုံးများတွင် ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေ၏။
"ကျွန်မ ရှင့်ကို အရမ်း ချစ်တယ်..."
"ဒုက္ခပေးမိလို့ တောင်းပန်ပါတယ် ယောကျာ်း.."
ပြောရင်းနှင့် သူမကို ကုသပေးနေသော ယဲ့ဖန်ကို ချစ်ခင်စွာ ကြည့်နေ၏။
ဒါက ယဲ့ဖန်၏ နှလုံးသားကို လှုပ်ခတ်သွားစေသည်။
ခဏတာ သူ ဒီအချိန်လေးကို ထာဝရ ရပ်တန့်နေချင်စိတ် ပေါက်သွားရ၏။
***