ရွှယ်အန် ပျောက်ကွယ်သွားပြီးနောက် အင်မော်တယ်ဘုရင်၏ ဧရာမ ပုံရိပ်ယောင်ကြီးမှာ ပတ်ဝန်းကျင်ကို အေးစက်စွာ တစ်ချက်ဝေ့ကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ဟင်းလင်းပြင်ထဲ၌ပင် ထပ်မံကွယ်ပျောက်သွားလေသည်။ လီဟန်အရှင်နှင့် ကျီဝေ့ကြယ်တာရာသခင်တို့ နှစ်ဦးသား သက်ပြင်းရှည်ကြီး ချလိုက်နိုင်ကြတော့သည်။
"နောက်ဆုံးတော့ သူ သေသွားပြီပဲ"
ရွှယ်အန်၏ ဝိညာဉ်ကို ဖမ်းဆီးပြီး ရတနာများ၏ လျှို့ဝှက်ချက်ကို မနှိုက်ထုတ်နိုင်ခဲ့သည်မှာ နှမြောစရာဖြစ်သော်လည်း ဤမျှကြီးမားသော အန္တရာယ်ရန်စူးကို ဖယ်ရှင်းနိုင်ခဲ့ခြင်းကပင် သူတို့ရင်ထဲမှ အလေးကြီးတစ်ခုကို မချလိုက်ရသလို စိတ်အေးသွားစေသည်။
သို့သော် ထိုစဉ်မှာပငမ ရှောင်ထျန်းက ဝမ်းနည်းပူဆွေးစွာဖြင့် အော်ဟစ်လိုက်လေသည်။
"အရှင်ရွှယ်"
ထို့နောက် သွေးရောင်လွှမ်းနေသော မျက်ဝန်းများဖြင့် လီဟန်အရှင်နှင့် ကျီဝေ့ကြယ်တာရာသခင်တို့ကို စိုက်ကြည့်ကာ ပြောလာသည်။
"မင်းတို့နှစ်ယောက်လုံးကို ငါ အသေသတ်မယ်"
ရှောင်ထျန်းသည် ပြောပြောဆိုဆိုဖြင့် သူ၏ ကျင့်စဉ်အဆင့်အားလုံးကို ရုန်းကန်လောင်မြိုက်စေပြီး သေမထူးနေမထူး အနေအထားဖြင့် ရှေ့သို့ ပြေးဝင်သွားတော့သည်။ သို့သော် ရှောင်ထျန်း၏ အစွမ်းအစမှာ လီဟန်အရှင်တို့အတွက်မူ တစ်ချက်ကလေးပင် လှည့်ကြည့်ရန် မထိုက်တန်ပေ။
သူ လမ်းတစ်ဝက်သို့ ရောက်စဉ်မှာပင် ရဲ့လျိုယန်က ရှေ့မှ ရုတ်တရက် ပေါ်လာပြီး လမ်းပိတ်လိုက်သည်။ သူ၏ မျက်နှာတွင် မသကာသော အပြုံးတစ်ခု ရှိနေသည်။
"ရှောင်ထျန်း... မင်းက ငါ့ခမည်းတော် နှစ်ယောက်ကို ရင်ဆိုင်ဖို့ အရည်အချင်းရှိတယ်လို့ ထင်နေတာလား၊ မင်းကို ငါပဲ အနောက်နိုင်ငံဆီ ပို့ပေးလိုက်မယ်"
ရှောင်ထျန်းမှာ လူသတ်လိုစိတ်ကြောင့် မျက်လုံးများ နီမြန်းနေပြီဖြစ်ရာ ဘာမှ ပြန်မပြောတော့ဘဲ ချက်ချင်းပင် တိုက်ခိုက်တော့သည်။ စွမ်းအားအရဆိုလျှင် ကျီဝေ့နတ်သားနှင့် အခြား အစွမ်းထက်ဝိညာဉ်တစ်ခု ပေါင်းစပ်ထားသော ယဲ့လျိုယန်မှာ ရှောင်ထျန်းထက် သိသိသာသာ ပို၍ သန်မာသည်။ သို့သော် သူသည် ယခုမှ ပြန်လည်ရှင်သန်လာခြင်းဖြစ်သလို၊ ခန္ဓာကိုယ်တစ်ခုတည်းတွင် ဝိညာဉ်နှစ်ခုရှိနေသည့် ခံစားချက်ကို မကျင့်သားသေးသဖြင့် စွမ်းအားများကို အပြည့်အဝ မထုတ်နိုင်ဘဲ ရှိနေသည်။ ရှောင်ထျန်းကလည်း နာကြည်းချက်များဖြင့် အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်နေသဖြင့် တိုက်ပွဲမှာ အခြေအနေ တူညီနေပြီး မည်သူမျှ အသာစီးမရဘဲ အကြိတ်အနယ် ဖြစ်နေကြသည်။
တစ်ချိန်တည်းမှာပင် လီဟန်အရှင်က
ယန်ကျန့်ကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။
"ကွမ်ခိုအားလန်... လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းတုန်းက မင်းမျက်စိရှေ့မှာတင် ဟွာမျိုးနွယ်စုက လူငယ်စစ်သည်တော်တွေကို ငါ အမှုန့်ကြိတ်ခဲ့တယ်၊ အခု အဲဒီအရသာကို တစ်ခါပြန်မြည်းစမ်းရတာ ဘယ်လိုနေလဲ"
ယန်ကျန့်၏ မျက်နှာမှာ ဒေါသကြောင့် ညိုမည်းနေပြီး လီဟန်အရှင်ကို စိုက်ကြည့်နေသော သူ၏ မျက်ဝန်းများမှ သွေးများပင် စီးကျလာတော့မယောင် ရှိနေသည်။
"လီဟန်အရှင်... ငါတို့ ဟွာမျိုးနွယ်စုက တစ်ယောက်တည်း ကျန်ခဲ့ရင်တောင် မင်းတို့အားလုံးကို အမြစ်ပြတ်အောင် ချေမှုန်းပစ်မယ်"
"ဟားဟားဟား... ရယ်စရာကောင်းလိုက်တာ ယန်ကျန့်ရာ၊ မင်း ဒီမှာ ပိတ်လှောင်ခံထားရတာ ကြာလွန်းလို့ စိတ်ကူးယဉ်နေပြီလား၊ ဒီကိစ္စပြီးသွားရင် ဟွာမျိုးနွယ်စုကို ငါ ဆက်ပြီး အသက်ရှင်ခွင့်ပေးမယ်လို့ မင်း ထင်နေတာလား"
လီဟန်အရှင်က ရက်စက်စွာ ပြုံးလိုက်သည်။ ရန်ကျန့်မှာ ထိုစကားကြောင့် လန့်သွားပြီးနောက် ဒေါသတကြီးဖြင့်ပြောလာသည်။
"မင်း..."
လီဟန်အရှင်က အေးစက်စွာ ခေါင်းညိတ်ပြသည်။
"ဒီရွှယ်အန်က ငါတို့အတွက် သတိပေးချက်ပဲ၊ ဟွာမျိုးနွယ်စုက တကယ်ကို ကြောက်ဖို့ကောင်းလွန်းတယ်၊ နှစ်ပေါင်း တစ်သောင်းအတွင်းမှာတင် ဒီလောက် အစွမ်းထက်တဲ့သူ တစ်ယောက် ပေါ်လာတယ်လေ၊ ဒါကြောင့် ငါ အမိန့်ပေးထားပြီးပြီ၊ ဒီကိစ္စပြီးတာနဲ့ စစ်တပ်ကို ငါကိုယ်တိုင် ဦးဆောင်ပြီး မင်းတို့မျိုးနွယ်စုရဲ့ ဇာတိဆီ သွားမယ်၊ ပြီးရင် ဟွာမျိုးနွယ်စုဝင် တစ်ယောက်မကျန် သတ်ပစ်မယ်"
ယန်ကျန့်၏ မျက်နှာမှာ စက္ကူကဲ့သို့ ချက်ချင်းပင် ဖြူလျော်သွားတော့သည်။
"ဟားဟားဟားဟား၊ ကွမ်ခိုအာလန်... အခုတော့ ကြောက်သွားပြီမလား၊ ငါ့ကို တောင်းပန်စမ်း၊ မင်းတို့ ဟွာမျိုးနွယ်စုကို ချန်ထားပေးဖို့ ငါ့ကို တောင်းပန်စမ်းပါ၊ မင်း ငါ့ကို တောင်းပန်ရင် ငါ စဉ်းစားပေးကောင်း စဉ်းစားပေးမယ်"
လီဟန်အရှင်က မာန်တက်စွာ ရယ်မောလိုက်သည်။ ယန်ကျန့်၏ တစ်ကိုယ်လုံးမှာ တုန်ယင်နေပြီး မျက်ဝန်းများမှာ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေသည်။ သူ သေရမှာကို မကြောက်ချေ။ အမှန်တွသ် နှစ်ပေါင်းတစ်သောင်းတိုင်တိုင် နှိပ်စက်မှုများကို ခံနိုင်ရည်ရှိရန်မှာ သေခြင်းထက်ပင် ပို၍ သတ္တိလိုသည်။ ယန်ကျန့်ကို ယနေ့တိုင် တောင့်ခံစေခဲ့သည်မှာ ခိုင်မာသော ယုံကြည်ချက်တစ်ခုကြောင့်သာ ဖြစ်သည်။
ဟွာမျိုးနွယ်စု ပြန်လည် ထွန်းကားလာမည့်နေ့ကို သူ မျက်မြင်ကိုယ်တွေ့ မြင်ချင်ခဲ့သည်။ သို့သော် လီဟန်အရှင် ပြောသလို ဟွာမျိုးနွယ်စုသာ အမြစ်ပြတ်သွားခဲ့လျှင် သူ အသက်ရှင်နေရခြင်းမှာ အဓိပ္ပာယ်မဲ့သွားပေလိမ့်မည်။ မိမိမျိုးနွယ်စုမရှိဘဲ နတ်ဘုရားတစ်ပါး ဖြစ်နေလျှင်ပင် ဘာအသုံးကျတော့မည်နည်း။
ထိုအတွေးကြောင့် ။န်ကျန့်၏ စိတ်ထဲတွင် လှိုင်းထန်သွားရသည်။ လီဟန်အရှင်ကလည်း ၎င်းကို သတိပြုမိသဖြင့် ဆက်လက် လှောင်ပြောင်နေခြင်းဖြစ်သည်။ သို့သော် ထိုခဏမှာပင် တောက်ပသော ပုံရိပ်နှစ်ခုမှာ ။န်ကျန့်၏ ရှေ့တွင် လာရောက်ရပ်တန့်လိုက်ကြသည်။
"ဆွေ့မန်... ယုရန်... မင်းတို့ကောင်တွေ ဘာလုပ်နေကြတာလဲ"
ယန်ကျန့်ရှေ့တွင် မားမားမတ်မတ် ရပ်လိုက်သူများမှာ ဆွေ့မန်နှင့် ယုရန်တို့ပင် ဖြစ်သည်။ လီဟန်အရှင်၏ အော်ဟစ်သံကြောင့် သူတို့နှစ်ဦး တုန်လှုပ်သွားသော်လည်း နောက်ဆုတ်မည့် အရိပ်အယောင် မရှိပေ။
"လီဟန်အရှင်... ရှင်က ကျွန်မတို့ရဲ့ သခင်ကို သတ်ခဲ့တယ်၊ ဒီရန်ငြိုးကတော့ ကောင်းကင်အောက်မှာ အတူယှဉ်တွဲလို့ မရဘူး၊ ကျွန်မ ဆွေ့မန်က ရှင့်ကို ဆန့်ကျင်မယ်"
"ဟုတ်တယ်"
ယုရန်ကလည်း ထောက်ခံလိုက်သည်။
ထိုသူနှစ်ဦး၏ ရပ်တည်ချက်က လီဟန်အရှင်ကို ဒေါသအထွတ်အထိပ် ရောက်စေသည်။ ဆွေ့မန်မှာ သူ၏ ဒုတိယမြောက် ဇနီး မဟုတ်ပါလား၊ ယခုမူ သူမက သူ့ကို မကူညီသည့်အပြင် ရန်သူဖြစ်သူ ရွှယ်အန်ဘက်မှ ရပ်တည်နေပြန်သည်။ စိတ်ပျက်စရာကောင်းလှသော ကျီဟွမ်၏ လုပ်ရပ်များအပြီးတွင် ဤအခြင်းအရာက လီဟန်အရှင်ကို အရှက်ရစေကာ ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။
"သေချင်နေတဲ့ အသုံးမကျတဲ့ အကောင်တွေ"
သူက လက်ဝါးရိုက်ချက် တစ်ချက် ပစ်လွှတ်လိုက်သည်။ ဆွေ့မန်နှင့် ယုရန်တို့ ခုခံရန် ကြိုးစားသော်လည်း သူတို့၏ ကျင့်စဉ်မှာ လီဟန်အရှင်ကို မယှဉ်နိုင်ပေ။ ထိုလက်ဝါးချက်ကြောင့် သူတို့နှစ်ဦးမှာ လွင့်ထွက်သွားကြရသည်။ သို့သော် သူတို့မှာ ဇွဲရှိလှသည်။ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းကာ ထပ်မံ တိုက်ခိုက်ရန် ပြင်ကြပြန်သည်။
ထိုစဉ် ရန်ကျန့်က အော်ဟစ်လိုက်သည်။
"တော်တော့"
သူတို့နှစ်ဦးမှာ ကြောင်သွားကာ ချက်ချင်း ရပ်တန့်သွားကြသည်။ ထို့နောက် ယန်ကျန့်က လီဟန်အရှင်ကို ကြည့်လိုက်သည်။
"မင်း အခုနက ပြောတယ်လေ... ငါ မင်းကို တောင်းပန်ရင် ဟွာမျိုးနွယ်စုကို အသက်ရှင်ခွင့် ပေးမယ်ဆိုတာလေ"
လီဟန်အရှင်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
"မှန်တယ်၊ မင်း ဒူးထောက်ပြီး ငါ့ကို တောင်းပန်ရင် ငါ သနားစိတ်ဝင်ပြီး မင်းတို့ ဟွာမျိုးနွယ်စုရဲ့ အမြစ်ကို ချန်ထားပေးကောင်း ချန်ထားပေးမယ်၊ မဟုတ်ရင်တော့..."
သူ့ စကားမဆုံးခင်မှာပင် ယန်ကျန့်က အမြန်ပြောလာသည်။
"ကောင်းပြီ... ငါ သဘောတူတယ်"
လီဟန်အရှင်မှာ လန့်သွားသည်။ သူသည် ။န်ကျန့်ကို နှစ်ပေါင်းတစ်သောင်းတိုင် ပိတ်လှောင်ပြီး ရက်စက်စွာ နှိပ်စက်ခဲ့သော်လည်း ရန်ကျန့်၏ စိတ်ဓာတ်ကို မချိုးနှိမ်နိုင်ခဲ့ပေ။ သို့သော် မမျှော်လင့်စွာ ယနေ့တွင် ယန်ကျန့်က အညံ့ခံလာသည်။ ၎င်းက လီဟန်အရှင်ကို စိတ်လှုပ်ရှားသွားစေပြီး အောင်နိုင်သူတစ်ယောက်လို ရယ်မောလိုက်သည်။
"ကောင်းပြီ၊ ဒါဆို ဒူးထောက်စမ်း"
။န်ကျန့်က လီဟန်အရှင်ကို စိုက်ကြည့်ပြီးနောက် ခေါင်းကို ဖြည်းဖြည်းချင်း ငုံ့လိုက်ကာ ဒူးထောက်ရန် ပြင်လေသည်။ ထိုစဉ် ရဲ့လျိုယန်နှင့် တိုက်ခိုက်နေသော ရှောင်ထျန်းက ဝမ်းနည်းပူဆွေးစွာဖြင့် အော်ဟစ်လာသည်။
"သခင်... မလုပ်ပါနဲ့"
သူသည် ရန်ကျန့်နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါခဲ့သူဖြစ်ရာ သူ၏ ဆရာမှာ မည်မျှ မာနကြီးကြောင်း ကောင်းကောင်းသိသည်။ မည်သူ့ရှေ့မှာမျှ ခေါင်းမငုံ့ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ဤမြင်ကွင်းကို မြင်ရသောအခါ ရှောင်ထျန်းမှာ ရင်ကွဲမတတ် ခံစားရလေသည်။
ထိုသို့ စိတ်လွတ်သွားသော ခဏတွင် ယဲဘလျိုယန်က အခွင့်ကောင်းယူကာ ရှောင်ထျန်း၏ ကျောပြင်ကို လက်သီးဖြင့် အရှိန်အဟုန်ပြင်းစွာ ထိုးနှက်လိုက်သည်။ ရှောင်ထျန်းမှာ သွေးများ အန်ထွက်ကာ ပေထောင်ချီ လွင့်ထွက်သွားရသော်လည်း ယန်ကျန့်ကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်နေဆဲဖြစ်သည်။
"မလုပ်ပါနဲ့..."
သို့သော် အရာအားလုံးက တားဆီးတော့မည့်ပုံပင်။ လီဟန်အရှင်နှင့် ကျီဝေ့ကြယ်တာရာသခင်တို့က အောင်နိုင်သူအပြုံးဖြင့် ကြည့်နေကြသည်။
သို့သော် ရန်ကျန့် ဒူးထောက်တော့မည့် ဆဲဆဲတွင် သူ၏ ဒူးအောက်မှ မမြင်ရသော အစစွမ်းအားတစ်ခုက သူ့ကို မားမားမတ်မတ် ပြန်လည် ထိန်းမပေးလိုက်သလို ခံစားလိုက်ရသည်။ ထို့နောက် ဟင်းလင်းပြင်ထဲမှ သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာသည်။
"စီနီယာအားလန်... ဟွာမျိုးနွယ်စုရဲ့ ကံကြမ္မာဆိုတာ တောင်းပန်ပြီး ရယူရတာ မဟုတ်ဘူးဆိုတာ ခင်ဗျား မေ့သွားပြီလား"
ထိုစကားလုံးများက လူတိုင်းကို တုန်လှုပ်သွားစေသည်။ ယန်ကျန့်မှာ မိုးကြိုးပစ်ခံလိုက်ရသလို ထိတ်လန့်တကြား မော့ကြည့်လိုက်မိသည်။ တစ်ပြိုင်နက်တည်းမှာပင် ဟင်းလင်းပြင်ထဲ၌ အေးစက်သော အလင်းတန်းများ ဖြာထွက်နေသော တံဆိပ်တစ်ခု ပေါ်လာလေသည်။
ထိုအလင်းအောက်တွင် ရွှယ်အန်၏ ပုံရိပ်မှာလည်း တဖြည်းဖြည်း ပြန်လည် ထင်ရှားလာတော့သည်။ ချက်ချင်းပင် ရွှယ်အန်က ထိုနေရာတွင် ပေါ်လာပြီး သူ၏ ရင်ဘတ်ရှေ့မှ တံဆိပ်ကို ကြည့်ကာ ပြုံးလိုက်သည်။
"မမျှော်လင့်ဘဲ အရေးကြီးတဲ့ အချိန်ကျမှ ထိုက်ယင် နတ်ဘုရားမျိုးနွယ်စုရဲ့ တံဆိပ်က ငါ့ကို လာကယ်တာပဲ”