လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားပြီးနောက် တစ်စုံတစ်ယောက်က တစ်စုံတစ်ခုကို သတိရသွားသည်။
"လေဝိညာဉ်ခန္ဓာကိုယ်... ငါဒီလိုဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ဒီလိုထူးခြားတဲ့ ခန္ဓာကိုယ်ရှိတဲ့ ဘုရင်တစ်ပါးရှိခဲ့ဖူးတယ်။ ရှေးခေတ်တုန်းက သူဟာ အနိုင်ယူလို့မရတဲ့သူတစ်ယောက်ဖြစ်ပြီး ကမ္ဘာကြီးကို အချိန်အကြာကြီးအုပ်စိုးခဲ့တယ်"
ထိပ်တန်းတပည့်တစ်ယောက်က ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။
"ဒီခန္ဓာကိုယ်က လေနဲ့ ဆက်နွယ်မှုရှိတယ်။ သူနဲ့ ယှဉ်နိုင်တဲ့ ခန္ဓာကိုယ်မရှိဘူး။ လေတိုက်ခတ်မှုရှိနေသရွေ့ ဒါက သူတို့ရဲ့ အိမ်ပဲ။"
ရုတ်တရက် အတွင်းစည်းတပည့်ဖြစ်စေ၊ အပြင်စည်းတပည့်ဖြစ်စေ၊ ၎င်းတို့၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။
ဟွားရှန်းယွမ်ကို အထက်လူကြီးများက အဘယ်ကြောင့် ဤမျှတန်ဖိုးထားကြောင်း နောက်ဆုံးတွင် သူတို့ နားလည်သွားကြသည်။ သူသည် ဘုရင်တစ်ပါး၏ ထူးခြားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။
ကမ္ဘာပေါ်တွင် အထူးခန္ဓာကိုယ်အမျိုးမျိုးရှိကာ ခန္ဓာကိုယ်များကို အဆင့်များခွဲထားသည်။ ရှေးခေတ်က အသန်မာဆုံးလူ၏ အဆင့်ပေါ်မူတည်၍ လူများသည် အထူးခန္ဓာကိုယ်ကို ပိုင်းခြားကြသည်။ ထိုခန္ဓာကိုယ်ကို အားကိုး၍ ဧကရာဇ်ဖြစ်လာပါက ဧကရာဇ် ခန္ဓာကိုယ်ဖြစ်လာမည်ဖြစ်သည်။
ခန္ဓာကိုယ်တည်ဆောက်ပုံများစွာထဲတွင် ဧကရာဇ်ခန္ဓာကိုယ်တည်ဆောက်ပုံသည် သဘာဝအတိုင်း အကောင်းဆုံးဖြစ်သည်။ ရှေးခေတ်ကတည်းက ပေါ်ပေါက်လာသော ဧကရာဇ်ခန္ဓာကိုယ်တိုင်းကို ချီးကျူးဂုဏ်ပြုခဲ့ကြကာ ၎င်းတို့၏ အနာဂတ်သည်လည်း အကန့်အသတ်မရှိပေ။
လက်ရှိ တရှတွင် ကမ္ဘာကိုအုပ်ချုပ်သူများကို ဧကရာဇ်များဟု မခေါ်နိုင်ပေ။ ၎င်းတို့၏လေ့ကျင့်မှုသည် ကမ္ဘာကြီးကို ဖိနှိပ်ရန် မလုံလောက်သောကြောင့်သာ ဘုရင်များဟု ခေါ်နိုင်သည်။ သို့သော် ထိုသို့သောကျွမ်းကျင်သူသည် ကမ္ဘာ့ထိပ်တန်းပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်ပြီးဖြစ်သည်။ ၎င်းတို့သည် တရှ မြို့တော်တွင် တပ်စွဲထားကာ ၎င်းတို့၏ တားဆီးနိုင်စွမ်းသည်လည်း နျူကလီးယားလက်နက်နှင့် ညီမျှသည်။
ဥပမာအားဖြင့်၊ ကြယ်ကြွေကောင်းကင် ဂိုဏ်းခေါင်းဆောင်သည် ဂိုဏ်းကြီးဆယ်ဂိုဏ်းအနက်မှ တစ်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သော်လည်း သူသည် မြို့ဝန်တစ်ဦးသာဖြစ်သည်။ သူနှင့် ဘုရင်တစ်ပါးကြားတွင် ကြီးမားသော ကွာဟချက်တစ်ခုရှိသည်။ ဧကရာဇ်ခန္ဓာကိုယ်တစ်ခု၏ ရှားပါးမှုကို မြင်ယောင်ကြည့်နိုင်သည်။ ထိုသို့သောလူတစ်ဦးသည် ရှေးခေတ်က ဘုန်းအသရေကို ပြန်လည်မဖန်တီးနိုင်လျှင်ပင်၊ ၎င်းတို့ကို ကောင်းမွန်စွာ ပြုစုပျိုးထောင်သရွေ့ အနာဂတ်တွင် ကြီးကျယ်သော အရာရှိတစ်ဦး ဖြစ်လာလိမ့်မည်။
ဟွားရှန်းယွမ်တွင် လေဝိညာဉ်ခန္ဓာကိုယ်ရှိကြောင်း ယင်းမတိုင်ခင်က မည်သူမျှ မသိခဲ့ကြပေ။
ဂိုဏ်း၏ အထက်လူကြီးများသည် ယင်းကို တမင်တတကာ ဖုံဂကွယ်ထားကြသည်မှာ ထင်ရှားသည်။ ယင်းဘုရင်ခန္ဓာကိုယ်ကို ဖော်ထုတ်လိုက်သည်နှင့် အဆုံးမဲ့သော ဒုက္ခများကို သယ်ဆောင်လာလိမ့်မည်။
သို့သော် ဟွားရှန်းယွမ်က ဂရုမစိုက်ပေ။ ထို ဒုက္ခမျိုးကို သူ အလေးအနက် မထားပေ။ ဒုက္ခမရှိပါက ဉာဏ်အလင်းမရနိုင်ကြောင်း သူသိသည်။ ရှေးခေတ်ကတည်းက ဖန်လုံအိမ်ထဲ၌ ကြီးပြင်းလာသူကား မည်သူနည်း။ ၎င်းတို့ထဲမှ မည်သူက သွေးများ မြစ်ကဲ့သို့ စီးဆင်းသည်အထိ မသတ်ဖြတ်ဘဲ ၎င်းတို့၏ ဂုဏ်သတင်းကို ရရန် အပြင်းအထန် ကြိုးစားခဲ့သည်။
“ဟားဟား မင်း အချိန်မှန်ပဲ”
"လေဝိညာဉ်ခန္ဓာကိုယ်" ဟူသောအမည်ကို ကြားသောအခါ ချူးယွင်ဖန်းက မကြောက်တော့ပေ။
ယင်းအစား သူ့သွေးများဆူပွက်လာသည်ကို ခံစားလိုက်ရသည်။ သာမန်လူများအတွက် လေဝိညာဉ်ခန္ဓာကိုယ်သည် ကြောက်စရာကောင်းသည်။ သို့သော် ဆေးဧကရာဇ်မှတ်ဉာဏ်ပိုင်ဆိုင်ထားသော ချူးယွင်ဖန်းအတွက်မူ ဘုရင်ခန္ဓာကိုယ်ထက် များစွာပို၍ကြောက်စရာကောင်းသော ခန္ဓာကိုယ်များစွာကို မြင်တွေ့ခဲ့ရသည်။ ဧကရာဇ်ဖြစ်လာရန် အရည်အချင်းပြည့်မီသော ကြောက်စရာကောင်းသော ခန္ဓာကိုယ်များရှိသည်။ ထိုအရာနှင့်နှိုင်းယှဉ်လျှင်ဟွားရှန်းယွမ်သည် ဘာမှမဟုတ်ပေ။
ဟွားရှန်းယွမ်က ချူးယွင်ဖန်းအံ့အားသင့်ခြင်းမရှိဘဲ ပျော်ရွှင်နေသည်ကို မြင်လိုက်ရသည်။ မုန်တိုင်း၏ အသေးစိတ်အချက်အလက်တိုင်းကို ထိန်းချုပ်ကာ လှံများအဖြစ် ပြောင်းလဲလိုက်သောအခါ သူ့မျက်လုံးများသည် အေးစက်သောအလင်းတန်းများဖြင့် တောက်ပသွားသည်။ ထို့နောက် သူသည် ထိုလှံများကို ချူးယွင်ဖန်းထံသို့ ပစ်လိုက်၏။
ဝှစ် ဝှစ် ဝှစ်
လှံများသည် ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်ကာ ကြောက်မက်ဖွယ်ကောင်းသော အသံတစ်ခုကို ယူဆောင်လာခဲ့သည်။ ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီးကို ချေမှုန်းတော့မည့် ဧရာမနဂါးကြီးများကဲ့သို့ ဖြစ်သည်။
“မိုးကြိုး ငါ့ဆီလာ ခရမ်းရောင်မိုးကြိုးဓားခုနှစ်စင်း”
ချူးယွင်ဖန်းက ဓားကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သောအခါ အလွန်ထက်မြက်သော ဓားအလင်းတစ်ခုက လေထဲသို့ မြင့်တက်လာသည်။ သူ့ဓားထိပ်ရှိ ဓားအလင်းက ချက်ချင်းပင် ကြောက်မက်ဖွယ် လွှမ်းမိုးမှုတစ်ခုအဖြစ်ပြောင်းလဲ၍ လှံများဆီသို့ ဦးတည်သွားသည်။
ဘမ်း
ချူးယွင်ဖန်းက လှံများကို ပေါ့ပေါ့တန်တန် ခုတ်ဖြတ်ချလိုက်သည်။ ထိပ်တန်းတပည့်များက ထိန်းထားသည့် အတားအဆီးသာ ကျန်တော့သည့် ကွင်းတစ်ခုလုံး ပြိုကွဲသွားသည်။ မဟုတ်ပါက ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ရှားဟော်ကျဲ၊ စွန်းယောင်နှင့် အနီးနားရှိ အခြားတပည့်များအားလုံးကို ပြင်းထန်စွာ ဒဏ်ရာရရှိစေနိုင်သည်။
"ဒါ အရမ်းကောင်းတယ်!"ဟွားရှန်းယွမ် ရယ်လိုက်သည်။
သူ့ဆံပင်များသည် လေထဲတွင် လွင့်နေကာ နတ်ဆိုးနတ်ဘုရားတစ်ပါးဟုပင် ထင်ရသည်။ သူ့လက်ထဲတွင် လေနဂါးများကို ထိန်းချုပ်၍ ချူးယွင်ဖန်းကို ထပ်မံတိုက်ခိိုက်သည်။ ကောင်းကင်တစ်ခုလုံးတွင် လေနဂါးအမျိုးမျိုးက ရှေ့တိုးနောက်ငင် လှုပ်ရှားသွားလာနေကာ တိုက်ပွဲကွင်းကို ဖျက်ဆီးနေကြသည်။
သို့သော် ချူးယွင်ဖန်းကမူ လုံးဝ ကွဲပြားသည်။ သူ၏ လှုပ်ရှားမှုများသည် မယုံကြည်နိုင်လောက်အောင် မြန်ဆန်ကာ တိုက်ခိုက်မှုတိုင်းက လေနဂါးတစ်ကောင်ပြီးတစ်ကောင်ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။
တစ်ဆင့်ပြီးတစ်ဆင့် သူက ဟွာရှန်းယွမ်ထံသို့ ချဥ်းကပ်လာခဲ့သည်။ ဟွားရှန်းယွမ်ကို ဝိုင်းရံထားသည့် လေနဂါးများသည် ချူးယွင်ဖန်းကို လုံးဝ မထိခိုက်စေနိုင်ခဲ့ပေ။
ရုတ်တရက် ချူးယွင်ဖန်းက လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်သည်။ သူ့လက်ထဲတွင် ဓားကို ဝှေ့ယမ်းလိုက်သောအခါ ခရမ်းရောင်မိုးကြိုးဓားခုနစ်ချောင်းသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားစီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ဤဓားစီးကြောင်းသည် အရာအားလုံးကို ဖောက်ထွင်းဝင်ရောက်ကာဟွားရှန်းယွမ်ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ချူးယွင်ဖန်၏ တိုက်ခိုက်မှုသည် အလွန်မြန်ဆန်လွန်းသဖြင့် ဟွားရှန်းယွမ် တုံ့ပြန်ရန် အချိန်မရတော့ပေ။ သူ ယင်းနှင့်ထိမှန်၍ ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် လွင့်စင်သွားသည်။
အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲသည် စတင်နေပြီဖြစ်ပြီး ချူးယွင်ဖန်းက မရပ်တန့်ခဲ့ပေ။ ဟွားရှန်းယွမ်အား တစ်ချက်တည်းဖြင့် လွင့်စင်သွားစေပြီးနောက် သူသည် ဆက်လက်တိုက်ခိုက်ကာ တစ်ချက်ချင်းစီ ခုတ်ပိုင်းလိုက်သည်။
အတွင်းစည်းတပည့်များအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဤဓားအလင်းများထဲမှ တစ်ခုခုသည် ၎င်းတို့ကို လောင်ကျွမ်းစေသော်လည်း ချူးယွင်ဖန်းက ပေါ့ပါးသော တိုက်ခိုက်မှုများနှင့်တိုက်ခိုက်နေခြင်းဖြစ်သည်။ ချူးယွင်ဖန်း မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ၎င်းတို့ မတွေးတတ်ကြတော့ပေ။
“ဟွားရှန်းယွမ် ရှုံးတော့မှာလား”
"ဒါက အရမ်းကြောက်စရာကောင်းတာပဲ။ ဟွားရှန်းယွမ်က အရမ်းကြောက်စရာကောင်းနေပြီ။ ထိပ်တန်းတပည့်တွေတောင် သူ့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး၊ ဒါပေမယ့် အခု သူ့ကို ချူးယွင်ဖန်းက အနိုင်ယူလိုက်ပြီ”
"ဟုတ်တယ်။ဟွားရှန်းယွမ် ဘာမှမတတ်နိုင်ဘူးလို့ မဆိုလိုပါဘူး။ သူက ရာစုနှစ်တစ်ခုအတွင်း အင်အားအကြီးဆုံး လူသစ်ဖြစ်နိုင်တယ်။ ကံမကောင်းစွာပဲ၊ အင်အားကြီးသူတွေကြားမှာ အင်အားကြီးတဲ့ပြိုင်ဘက်တွေ ရှိပြီး ပိုအင်အားကြီးတဲ့သူက ချူးယွင်ဖန်းပဲလေ”
"အနိုင်ရသူကို ဆုံးဖြတ်တော့မလို့လား။"
လူများစွာက စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ တိုက်ပွဲက ရှည်လျားလိမ့်မည်ဟု သူတို့ ထင်ခဲ့ကြသည်။ ခူျးယွင်ဖန်းက ဟွားရှန်းယွမ်ကို ဒဏ္ရာရစေကာ ရူးသွပ်စွာ တိုက်ခိုက်မည်ဖြစ်ကြောင်း မည်သူ သိနိုင်မည်နည်း။
ထိုတိုက်ခိုက်မှုများတွင် အမှန်တရားများ မည်မျှထိ ပါဝင်နေသနည်း။
လူတိုင်းက ချူးယွင်ဖန်း အနိုင်ရလိမ့်မည်ဟု ထင်နေကြသောအခိုက်၌ စွားရှန်းယွမ်က ပြောလိုက်သည်။
"မင်း အခု ငါ့ကို အလေးအနက် မတိုက်ခိုက်ရင် နောက်တစ်ခါ အခွင့်အရေး ရှိမှာမဟုတ်ဘူး။ ဒီအဆင့် တိုက်ခိုက်မှုတွေက ငါ့ကို အနိုင်ယူဖို့ မလုံလောက်ဘူး!"
လူတိုင်း အံ့အားသင့်သွားကြသည်။ ဤအဆင့်ရှိသော တိုက်ခိုက်မှုတစ်ခုကဟွားရှန်းယွမ်ကို မည်သို့ဘာမှ မဖြစ်စေဘဲ နေနိုင်မည်နည်း။
မြေမှုန့်အဖြစ် ကြေမွသွားသော လက်တစ်ဖက် ရုတ်တရက် ဆန့်ထွက်လာပြီး လူတိုင်းရှေ့တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။
"ချူးယွင်ဖန်း ငါ့ကို ဒီအခြေအနေရောက်အောင် ဖိအားပေးခဲ့တဲ့အတွက် မင်းဂုဏ်ယူသင့်တယ်။ အစွမ်းကုန်ကြိုးစားပါ၊ မဟုတ်ရင် မင်းမှာ အခွင့်အရေးမရှိတော့ဘူး။"
ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။
***