လူတိုင်းကြည့်လိုက်သောအခါ ဟွားရှန်းယွမ်တစ်ယောက် မြေပြင်ကနေ တွားထွက်လာသည်ကို တွေ့လိုက်ရသည်။ ထိုအခြေအနေ၌ သူ အလွန် ကြောက်မက်ဖွယ်ကောင်းနေသည်။
သူ၏စွမ်းအင်များ ပွက်ပွက်ဆူနေကာ ပေပေါင်းများးစွာ မြင့်သော
ဧရာမလူတစ်ယောက်အဖြစ် ပြောင်းလဲသွားကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
လေဝိညာဉ်စွမ်းအင်က သူ့၏ ခြေလက် အသားများအဖြစ်ပြောင်းလဲသွားကာ သူ့ကို လေနတ်ဘုရားတစ်ပါးအလား ထင်ရစေသည်။
ထိပ်တန်းတပည့်များပင် အံ့သြသင့်သွားကြသည်။ ဟွားရှန်းယွမ်က ထိပ်တန်းတပည့်တချို့နှင့် ယှဉ်ပြိုင်နိုင်လောက်အောင် ခွန်အားကြီးမားကြောင်း သံသယဖြစ်စရာမလိုပေ။ ယင်းက ဟွားရှန်းယွမ်၏ အစစ်အမှန်ခွန်အားနှင့် အောင်ပွဲခံကတ်ဖြစ်သည်။
"ဒါဆို ဒါက မင်းရဲ့ လျှို့ဝှက်ချက်ပဲ" ချူးယွင်ဖန်းက ဟွားရှန်းယွမ်ကို လှမ်းကြည့်လိုက်သည်။
လေဝိညာဉ်ခန္ဓာကိုယ်သည် အတိတ်မှ ရှည်လျားသော သမိုင်းကြောင်းတွင် နာမည်တစ်လုံးရရန် ထိုခန္ဓာကိုယ်များထဲမှ မည်သည့် ခန္ဓာကိုယ်မျှ ကျွမ်းကျင်ရန် မလွယ်ကူဟု ပြော၍ ရသည်။ သို့သော် ထိုခန္ဓာကိုယ်များကို အဆင့်အမျိုးမျိုးခွဲထားလျှင်ပင်ဖြစ်သည်။
မိုးကြိုးဓားခန္ဓာကိုယ်ဖြစ်စေ၊ ဧကရာဇ် ခန္ဓာကိုယ်ဖြစ်စေ၊
နှစ်ယောက်စလုံးကအကောင်းဆုံး တည်ရှိမှုအနည်းငယ်ထဲတွ၍် ပါဝင်သည်။
"ဒါပေမယ့် ဒီအဆင့်တစ်ခုတည်းနဲ့တော့ အခြေအနေတွေကို ပြောင်းလဲလို့မရဘူး" ချူးယွင်ဖန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ဟွားရှန်းယွမ်က မျက်မှောင်ကြုတ်၍ ခုန်လိုက်သည်။ မရေမတွက်နိုင်အောင် များပြားလှသော လေနဂါးများက သူ့ပတ်ပတ်လည်တွင် အော်ဟစ်နေကြသည်။ သဘာဝတရား၏
ဝိညာဉ်စွမ်းအင်ကို ပြောင်းပြန်လှန်ပစ်သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။
ဟွားရှန်းယွမ်က စွမ်းအင်ဖြင့်ပြုလုပ်ထားသော ဧရာမလက်ကြီးတစ်လက်ကို ဝှေ့ယမ်းထုတ်လိုက်သည်။ ၎င်းသည် လေဝိညာဉ်စွမ်းအင်မှ စုစည်းထားသော ကြောက်မက်ဖွယ်ကောင်းသော လက်တစ်ဖက်ဖြစ်သည်။ ၎င်းသည် ချူးယွင်ဖန်ထံသို့ ချက်ချင်းပြေးဝင်လာကာ ချူးယွင်ဖန်း၏ အထက်အောက် နေရာလွတ်အားလုံးကို ပိတ်ဆို့လိုက်သောကြောင့် သူ့အား နောက်ဆုတ်ရန် နည်းလမ်းမရှိတော့ပေ။
ချူးယွင်ဖန်းက ထိတ်လန့်တုန်လှုပ်ခြင်းမရှိပေ။
သူ့ခန္ဓာကိုယ်သည် မိုးကြိုးပစ်သံနှင့်အတူ ပေါက်ကွဲထွက်သွားသည်။ သူ၏နတ်ဘုရားစွမ်းအားသည် ဆူပွက်လာကာ မိုးကြိုးသမုဒ္ဒရာတစ်ခု ဖြစ်လာသည်။ သူသည် မိုးကြိုးများကြားတွင် တစ်ဦးတည်းသော အမြင့်မြတ်ဆုံးသတ္တဝါကဲ့သို့ပင်ဖြစ်သည်။ သူသည် နတ်ဘုရားသုတ်သင်သူ(ဓား)ကို ပေါ့ပေါ့တန်တန် ထုတ်ယူလိုက်သည်။ တောက်လောင်သံတစ်ခု ထွက်ပေါ်လာပြီးနောက် ဓားအလင်းရောင်တစ်ခု ထွက်ပေါ်လာကာ ဟွားရှန်းယွမ်၏ ဦးတည်ရာသို့ ချက်ချင်းကျရောက်သွားသည်။
လူများစွာ၏ မျက်လုံးများ တောက်ပသွားကြသည်။ ဤသို့သော
လူမျိုး၏ လက်ထဲတွင်ရှိသည့် မှော်ကိရိယာမျိုးသည် အလားတူစွမ်းအားမျိုးရှိမည်ကို သိထားရပေမည်။ ယွီဝမ်ရှင်း၏ လက်ထဲတွင် ရှိစဥ်ကနှင့်ယှဥ်ပါက ကျိုးနေသော ဓား၏ အလင်းရောင်က နှစ်ဆထက်မက ပိုတောက်ပနေသည်။
ဝှဏ်
ထိုဓားအလင်းက စွမ်းအင်လက်ကို ဆွဲဖြဲလိုက်သည်။
လူတိုင်း အံ့အားသင့်သွားကြသည်။ ဟွားရှန်းယွမ်သည် ထိုမျှလောက် အစွမ်းထက်သော ခွန်အားကို ပြသခဲ့သော်လည်း ချူးယွင်ဖန်းကမူ အားနည်းချက်မရှိခဲ့ပေ။
ဧရာမလက်ကို ဆွဲဖြဲပြီးနောက် ဓားအလင်းသည် အရှိန်အဟုန်မလျော့ဘဲ ဟွားရှန်းယွမ်အပေါ်သို့ ကျရောက်သွားသည်။
"ဘယ်လောက်တောင် ကောင်းတဲ့ ဓားနည်းစနစ်လဲ!"
ဟွားရှန်းယွမ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ချူးယွင်ဖန်းက သူ့ကို ဤမျှ လွယ်လွယ်နှင့် ဖမ်းမိလိမ့်မည်မဟုတ်ဟု မမျှော်လင့်ထားသော်လည်း ပြင်ဆင်ထားခြင်းမျိုးမဟုတ်ပေ။ သူ၏ တုနှိုင်းမရသော ခန္ဓာကိုယ်က သူ့ခန္ဓာကိုယ်နှင့်ဆန့်ကျင်နေသည့် လျင်မြန်မှုကို အသုံးပြုပြီး အတားအဆီးတစ်ခု တည်ဆောက်လိုက်သည်။ ဓားအလင်းရောင်က အတားအဆီးဒါဇင်ပေါင်းများစွာကို ထိုးဖောက်ပြီးနောက်၌ပင် လုံးဝ ထိုးဖောက်နိုင်ခြင်းမရှိသေးပေ။
နှစ်ဖက်တိုက်ခိုက်မှုကြောင့် ပြိုင်ကွင်းတစ်ခုလုံး ပြိုလဲသွားခဲ့သည်။ ငြိမ်ဝပ်ပိပြားမှုကို ထိန်းသိမ်းနေသော ထိပ်တန်းတပည့်များပင် အနည်းငယ် တင်းမာသွားကြသည်။ သို့သော် ဤသည်မှာ ၎င်းတို့၏တိုက်ပွဲ၏ အစသာဖြစ်သည်။
"သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်အချိုးအစားက အရမ်းထူးခြားတယ်။ အံ့သြစရာပဲ!"
"တကယ်ကို ကြောက်စရာကောင်းတယ်။ ဒီလိုလူမျိုးရဲ့ ကျင့်ကြံမှုတိုးတက်မှုက တစ်နေ့ကို မိုင်တစ်ထောင်လောက်ပဲရှိတယ်၊ အထူးသဖြင့် ဟွားရှန်းယွမ်ရဲ့ လေဝိညာဉ်ခန္ဓာကိုယ်က ကြောက်စရာကောင်းတယ်။ လေရဲ့ အစွန်းရောက်မှုကို ကိုယ်စားပြုပြီး လေကို နားလည်နိုင်တဲ့ သဘာဝစွမ်းရည် ပြင်းထန်တယ်။ အနာဂတ်မှာ အချိန်အလုံအလောက်ရှိသရွေ့ သူ့ရဲ့အနာဂတ်က အကန့်အသတ်မရှိဘူး။"
"ဒါပေမယ့် တကယ်ကြောက်စရာကောင်းတဲ့သူက ချူးယွင်ဖန်းပဲ။ သူ့မှာ ဘယ်လိုခန္ဓာကိုယ်မျိုးရှိလဲ။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ဟွားရှန်းယွမ်လောက် မမြင့်ပေမယ့် ဟွားရှန်းယွမ်နဲ့ တန်းတူတိုက်ခိုက်နိုင်တယ်။"
"ဒီနှစ်ယောက်က တကယ့် ထူးထူးဆန်းဆန်းလူတွေ၊ တကယ့် ပါရမီရှင်တွေပဲ။ အတွင်းစည်းပြိုင်ပွဲမှာ ဒီလောက် ထိတ်လန့်စရာကောင်းတဲ့ မြင်ကွင်းမျိုး မြင်ရမယ်လို့ ငါ မမျှော်လင့်ထားဘူး!"
လူတိုင်းက ၎င်းတို့နှစ်ယောက်၏ ဝှက်ဖဲများအားလုံးကို အသုံးပြုပြီးဟု ထင်ကြသည်။ ၎င်းတို့နှစ်ယောက်က မမျှော်လင့်ထားသည့် အံ့အားသင့်စရာများကို ထပ်ခါတလဲလဲ ယူဆောင်လာလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
"အပြင်ကနေ အလကားပြန်လာတာ မဟုတ်ဘူး။ဟွားရှန်းယွမ်ရဲ့ စွမ်းရည်ကို မြင်ချင်ပေမယ့် မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာတစ်ခု ရှာတွေ့လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။"
လူတိုင်းက စိတ်အားထက်သန်စွာ ဆွေးနွေးနေကြပြီးနောက် မြင်ကွင်းပေါ်ရှိ လူနှစ်ဦး၏ တိုက်ပွဲသည် ပြင်းထန်သော အဆင့်သို့ ရောက်ရှိလာသည်။
"ရပ်လိုက်!"ဟွားရှန်းယွမ် အော်လိုက်သောအခါ ချူးယွင်ဖန်းက သူ့ပတ်ဝန်းကျင်ရှိ လေထုက ရွှံ့နွံထဲ၌ ပိတ်ဆို့နေကြောင်း ချက်ချင်းခံစားလိုက်ရသည်။
ချူးယွင်ဖန်းတွင် မည်သည့်အရာများဖြစ်ပျက်နေကြောင်း မည်သို့ မသိဘဲ နေမည်နည်း။ သူ့ပတ်ဝန်းကျင်မှ လေထုကို ဟွားရှန်းယွမ်က ထိန်းချုပ်ထားကြောင်း သံသယဖြစ်ရန်မလိုပေ။ ယင်းက လေဝိဉာဥ်ခန္ဓာကိုယ်၏ စွမ်းရည်ပင်ဖြစ်သည်။
ထိုလှုပ်ရှားမှုကို မြင်သောအခါ ထိပ်တန်းတပည့်များပင် မျက်နှာတွင် ကြောက်ရွံ့မှုများကို ပြသနေကြသည်။ ထိုလှုပ်ရှားမှုက ချူးယွင်ဖန်းအပေါ် ထိရောက်မှုရှိရုံသာမက သူကိုယ်တိုင်လည်း
ထိရောက်မှုရှိလျှင် ရလဒ်က ကောင်းလှမည်မဟုတ်ပေ။ သို့သော် ဓာတ်ငွေ့မရှိသော လေဟာနယ်အခြေအနေတွင် ထိုလှုပ်ရှားမှုကို ကာကွယ်ရန် နည်းလမ်းမရှိသလောက်ပင်ဖြစ်သည်။
လေဟာနယ်အခြေအနေ မဟုတ်သရွေ့ ထိုလှုပ်ရှားမှုကို အသုံးပြုနိုင်သည်။
"အသုံးမဝင်ဘူး။ ငါ့ရဲ့ လေထောင်ချောက်ကနေ ဘယ်သူမှ လွတ်မြောက်နိုင်ခဲ့တာ မရှိဘူး။" ဟွားရှန်းယွမ်က ချူးယွင်ဖန်းကို ဂရုမစိုက်သကဲ့သို့ ကြည့်လိုက်သည်။
ထိုအချိန်၌ သူအနိုင်ရပြီးဖြစ်သ်ည။ ထိုပတ်ဝန်းကျင်မျိုးတွင် သူ့၌ ပြိုင်ဘက်လုံးဝမရှိပေ။
တစ်ယောက်ယောက်၏ ကျင့်ကြံမှုက သူ့ထက်မြင့်နေလျှင်ပင် ၎င်းတို့ ခုခံရန် ပိုခက်ခဲမည်ဖြစ်ကာ ချူးယွင်ဖန်း၏ အဆင့်က သူ့ထက်နိမ့်ကျသည်ကို ထည့်မပြောတော့ပေ။
"ငါ့ကို ပိတ်မယ်ဟုတ်လား။ မင်းက ယုံကြည်မှုလွန်ကဲလွန်းတယ်!" ချူးယွင်ဖန်းအော်ပြောလိုက်သည်။
လေဝိညာဉ်ခန္ဓာကိုယ်၏ အားသာချက်ကို အပြည့်အဝပြသခဲ့သည်။ ဤအဆင့်တွင် အခက်ခဲဆုံးခန္ဓာကိုယ်များထဲမှ တစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။ သာမန်လူတစ်ယောက်ဆိုလျှင် ၎င်းတို့၌ ထွက်ပေါက်မရှိနိုင်သော်လည်း သူက ချူးယွင်ဖန်နှင့်သာ တွေ့ဆုံရခြင်းဖြစ်သည်။
ချူးယွင်ဖန်းအော်လိုက်သည်နှင့် သူ့လက်မောင်းမှ ဆံပင်ရှည်များ ပေါက်လာသည်။ ရွှေရောင်ဆံပင်များက ချက်ချင်းပင် သူ့လက်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
“ချိုးဖျက်”
ချူးယွင်ဖန်းက လေထောင်ချောက်ကို ဆွဲဖွင့်၍ ဖြိုခွဲလိုက်သည်။ ထို့နောက် သူသည် ခုန်တက်ကာ လျှပ်စီးတစ်စင်း၏ အရှိန်ဖြင့် အပြေးအလွှားသွားလိုက်သည်။
"မဖြစ်နိုင်ဘူး!"
ဟွားရှန်းယွမ်က အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။ သူ ထိုးဖောက်၍မရနိုင်ဟု ထင်မြင်ယူဆထားသော လေထောင်ချောက်သည် ချူးယွင်ဖန်း၏ လှုပ်ရှားမှုတစ်ခုကိုပင် မခံနိုင်ဘဲ စုတ်ပြဲသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ရှေးခေတ် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်က ပစ်မှတ်ထားနေသကဲ့သို့ ခံစားလိုက်ရသည်။
"ဒါက ဘာလဲ"ဟွားရှန်းယွမ်က သူ့ဆံပင်များ ထောင်မတ်နေသည်ကို ခံစားမိ၍ အသက်ရှုမဝဖြစ်သွားသည်။
နောက်ထပ်တစ်ခဏအတွင်း၌ ချူးယွင်ဖန်းက ဟွားရှန်းယွမ်ဆီသို့ အပြေးအလွှားသွားခဲ့သည်။ သူ့လက်သီးများသည် လေးလံသော တူနှစ်စင်းကဲ့သို့ဖြစ်သွားကာ ဟွားရှန်းယွမ်၏ ရင်ဘတ်သို့ တိုက်ရိုက်ထိမှန်သွားသည်။
ဘမ်း
ဟွားရှန်းယွမ် လွင့်ထွက်သွားခဲ့ပြီဖြစ်သည်။
***