ဝိုင်ဆရာက ပြောသည်။
"အရမ်းတော့ မကောင်းဘူး။ သူမ အုပ်ချုပ်သူ မဖြစ်ခင်ကတောင်မှ ငရုပ်သီးတောင့်လေးဆိုပြီး ခေါ်ကြတာလေ။ နောက်ပြီး စိတ်ထားကြီးတာကြောင့် အရမ်းနာမည်ကြီးတယ်။ "
လန်ကြွယ် "ဆိုတော့ ငါ ကြိုးစားကြည့်လိုက်မယ်။ ဒါပေမဲ့ ရွေးချယ်စရာတော့ အများကြီး မရှိဘူး။ ငါနောက်ထပ် နှစ်အနည်းငယ်လောက် အသက်ရှင်ချင်သေးတယ်။ "
ဝိုင်ဆရာက ခြောက်ကပ်စွာ ပြုံးသည်။
"မင်း အကောင်းဆုံးသာ လုပ်။ နောက်ပြီး မင်းနောက်ထပ် သတင်းတွေ သိရရင် ငါ့ကိုပြောဦးနော်။ ငါ့အဒေါ်ကိုလည်း ပြောလိုက်ပါ။ ကံကြမ္မာဟောသူက သေတော့မှာ။ သူ သက်တမ်းကုန်တော့မှာလို့။ သူမ ဘာ ဆက်လုပ်မလဲဆိုတာကို ဆုံးဖြတ်ခိုင်းလိုက်။ "
"အင်း။ "
လန်ကြွယ်ဟာ သေချာပေါက် ထိုသို့လုပ်ပေးမည်ဖြစ်သည်။
ထိုအချိန်တွင် အင်အားကြီးမားသော စွမ်းအင် လှုပ်ခတ်မှုသည် အပြင်ဘက်မှ စတင်ကာ ထွက်ပေါ်လာပြီး အနက်ရောင် အလင်းစက်ဝိုင်းကြီးက ပေါ်လာသည်။ အနက်ရောင်တွင်းပေါက်က ပြန်ပေါ်လာပြီးနောက် ပုံရိပ်တစ်ခုက မြက်ခင်းပြင်ပေါ်တွင် ပေါ်လာသည်။
သူတို့သည် လျှောစီးလာပြီး ပြုတ်ကျလာသကဲ့သို့ ဖြစ်လာသည်။ ပထမဦးဆုံး ပြုတ်ကျလာသည်မှာ ကြွယ်တိ ဖြစ်သည်။ သူ၏ အပေါ်ပိုင်း အဝတ်အစားများ မရှိတော့ချေ။ တောင့်တင်း သန်မာသော ခန္ဓာကိုယ်က ပေါ်ထွက်နေသည်။ ဘောင်းဘီရှည်ကလည်း အနည်းနှင့်အများဆိုသလို ဖရိုဖရဲဖြစ်နေသည်။
လော့ရှမ်းနီက နောက်မှ ဆင်းသက်လာကာ သူ့အပေါ်တိုက်ရိုက်ကျသည်။ ကြွယ်တိက သူမကို လှမ်းထူပေးသော်လည်း သူမက ရုန်းကန်သည်။ သို့သော် အမှန်တကယ် လွတ်မြောက်အောင် မရုန်းခဲ့ပါပေ။
"နင် ငါ့ကို လွှတ်ပေးရဲလား။ "
လော့ရှမ်းနီက အော်သည်။
ကြွယ်သိက ခြောက်ကပ်စွာပြုံးသည်။
"ဒါဆိုလည်း ပြဿနာ မရှာနဲ့တော့။ မင်း ရပ်မယ်ဆို ငါလည်း လွှတ်ပေးမယ်။ "
"ကောင်းပြီလေ။ "
လော့ရှမ်းနီက ချက်ချင်း သဘောတူလိုက်သည်။
ဧကရာဇ်ကြွယ်တိက လွှတ်ပေးလိုက်ရုံသာရှိသေးသည် လော့ရှမ်းနီက ရုတ်တရက်တစ်ဖက်သို့လှန်လိုက်ပြီး သူ့ကို အောက်ဖက်တွင် ဖိထားကာ ပုခုံးကိုကိုက်သည်။
"အား။ မင်း ဘာလို့ ငါ့ကို ကိုက်တာလဲ"
ကြွယ်တိက နာကျင်စွာ အော်သည်။ သူ၏ ခန္ဓာကိုယ်ကား သန်မာလွန်းသဖြင့် ကြမ်းတမ်းသော သားရဲကြီးကပင် ကိုက်၍ မရလောက်သော်လည်း သူဟာသူ၏ ကျင့်ကြံခြင်းအဆင့်ကို အသုံးပြုရန် တုန့်ဆိုင်းနေပြီး လော့ရှမ်းနီကို မခါချခဲ့ပေ။
လန်ကြွယ်ကလည်း သူ့ကိုယ်သူ မျက်လုံးကို အဝတ်ဖြင့် အုပ်ကာလိုက်ပြီး အတွင်းခန်းထဲသို့သာ ဝင်သွားလိုက်သည်။ သူသည် ထိုကဲ့သို့ ကိစ္စများကို ရှင်းရှင်းလင်းလင်း မမြင်ရလေ အကောင်းဆုံးဟုထင်သည်။ ထိုအခါ ပြဿနာမများနိုင်တော့ပေ။ အချိန်တန်ကြာပြီးမှသာ တံခါးဖွင့်သံကို ကြားရသည်။
"မင်း ကောင်စုတ်လေး အခု ချက်ချင်း ထွက်လာခဲ့စမ်း မြန်မြန်လုပ်။ "
ဧကရာဇ် ကြွယ်တိ၏ ဒေါသသံက ထွက်လာသည်။
လန်ကြွယ်ကလည်း သူကလေးဘဝ အရွယ်က ဖခင်ဖြစ်သူဟာ သူနှင့်အစ်ကိုဖြစ်သူကို နေ့တိုင်း လိုလို နှိပ်စက်ခဲ့သည့် ကာလသို့ ပြန်ရောက်သွားသလို ခံစားရသည်။ သို့သော် ထိုခံစားချက်သည် သူ့အား အလွန်အမင်း နွေးထွေးပြီး ရင်းနှီးသလို ခံစားရစေသည်။ ထို့ကြောင့် ခပ်မြန်မြန် ထွက်လိုက်သည်။
"အဖေ ဘာဖြစ်တာလဲ။ "
ကြွယ်တိနှင့် ရှမ်းနီတို့က တစ်ယောက်ပြီး တစ်ယောက် ဝင်လာသည်။ နှစ်ယောက်လုံးသည် ဖရိုဖရဲပုံသဏ္ဌာန်များဖြစ်သည်။ လော့ရှမ်းနီက အခြေအနေကောင်းသေးသည်။ အနည်းဆုံး အဝတ်အစားများက သပ်သပ်ရပ်ရပ် ရှိသေးသည်။ သို့သော် ကြွယ်တိ၏ အနေအထားကမူ လုယက်ခံထားရသည်နှင့်တူသည်။ အလွန်မင်း အရှက်ရဖွယ်ရာဖြစ်သည်။
ကြွယ်တိက သည်းမခံနိုင်သလိုပြောသည်။
"ငါ့ကို အဖေလို့ ခေါ်နေတုန်းကလား ဟမ်။ မင်းငါ့ကို ဘယ်လိုပြဿနာရှာထားလဲ။ ကြည့်ဦး ရှမ်းနီ သွား သွားပြီး စမ်းသပ်လိုက်။ သူ့မှာ ငါနဲ့ တကယ်ကို ဘာသွေးသားတော်စပ်မှုမှ မရှိတာ။ ငါသူတို့ နှစ်ယောက်လုံးကို ကလေးဘဝကတည်းက မွေးစားထားတာ။ သူတို့က ငါ့ရဲ့ တပည့်တွေ။ နောက်ပြီး ငါ့ရဲ့ မွေးစားသားတွေပေါ့။ "
ကြွယ်တိက သူ့အား ထိုအခြေအနေမှ ခွာထုတ်နိုင်ရန် ကြိုးစားနေကြောင်းမြင်သဖြင့် ဉာဏ်ရည်မြင့်သော လန်ကြွယ်က ထို စီနီယာလော့နှင့် ဖခင်ဖြစ်သူ၏ အကြားတွင် ပြောမပြအပ်သော ပုံပြင်တစ်ခုခုရှိရမည်ဟု သိလိုက်သည်။ သူဟာ ခပ်မြန်မြန်ပြောလိုက်သည်။
"ဟုတ်တယ် ဟုတ်တယ်။ အဖေနဲ့ ငါက သွေးသားတော်စပ်မှု မရှိပါဘူး။ "
လော့ရှမ်းနီက အေးစက်စွာ နှာခေါင်းရှုံ့သည်။
"မရှိရင် အကောင်းဆုံးပဲ။ ရှိခဲ့ရင်တော့ ငါသူ့ကို သင်းပစ်မှာ။ "
ဧကရာဇ်ကြွယ်တိက ရုတ်တရက်ကျောစိမ့်သွားသည်။ သူက အလျင်စလိုပြောသည်။
"မင်း ကလေးရှေ့မှာ ငါ့ကို မျက်နှာသာပေးလို့ ရမလား။ ဟမ်"
"ဒါဆို ငါ့ရဲ့ ငယ်ရွယ်မှုက ဘယ်လိုလုပ်မလဲ။ ဟမ် ငါ နင့်ကို ၃၆နှစ်တောင်ရှာနေတာလေ။ နင် ငါ့ကို အဲ့ဒီမျက်နှာအကြောင်း ပြောချင်သေးလား။ "
လော့ရှမ်းနီက အော်သည်။ သူမ၏ မျက်ဝန်းက မျက်ရည်များဖြင့် လဲ့လာ၏။
"၃၆ နှစ်တောင် ရှာနေတာ။ အဖေ အဖေ တကယ်ကို လုပ်နိုင်တာပဲ။ "
လန်ကြွယ်ကလည်း တွေးလိုက်သည်။ တစ်ချိန်တည်းတွင်ပင် သက်ပြင်းချမိ၏။
ဟား။ ဒါက တကယ်ကို မထိုက်တန်တဲ့ ကံဆိုးမှု မဟုတ်လား။
သူက သူ့အဖေကို လာပြန်တွေ့တာလေ။ ဒီလိုအခြေအနေမျိုးနဲ့ ကြုံနေရတယ်။
"အဖေ အဖေ ဘာလို့ စီနီယာ လော့နဲ့စကားခဏလောက် မပြောတာလဲ။ ငါ အပြင်ထွက်ပြီး လမ်းလျှောက်လိုက်ဦးမယ်။ ငါ ပြန်မရောက်တာကြာပြီလေ။ ဟင်းဟင်း"
သူဟာ ထိုသို့ပြောပြီး ခပ်မြန်မြန် အပြင်ထွက်သည်။
"နေဦး။ "
လော့ရှမ်းနီက ရုတ်တရက် လှမ်းခေါ်သည်။ လန်ကြွယ်ကလည်း သူ့စကားသုံးလုံးကို အလွန်မုန်းလာပြီဖြစ်ကြောင်း သိလိုက်သည်။
"ဘာများလုပ်ပေးရမလဲ။ "
လန်ကြွယ်ဟာ အားတင်းကာ ပြုံး၍ ပြောလိုက်သည်။
လော့ရှမ်းနီက သူ့ကို ပဟေဌိ ဖြစ်သလို ကြည့်သည်။
" နင်က ဘာလို့ ငါ့ရဲ့ မျိုးရိုးနာမည်က လော့ဆိုတာ သိနေတာလဲ သူ ပြောတာလား ဒါမှမဟုတ် နင် ခန့်မှန်းကြည့်တာလား။ "
လန်ကြွယ်က ဖခင်ဖြစ်သူကို ကြည့်သည်။ ကြွယ်တိက သူ့ကို အကြည့်တစ်ချက်ပေးသည်။
လန်ကြွယ်ကလည်း ချက်ချင်း နားလည်လိုက်၏။
"ဟုတ်တယ် ဟုတ်တယ်။ အဖေက ဒီလောက အလှဆုံး အမျိုးသမီးတစ်ယောက်နဲ့ ဘယ်လို ဆုံဖူးတဲ့အကြောင်း ခဏခဏ ပြောနေကြ။ သူမရဲ့ နာမည်က လော့ရှမ်းနီတဲ့။ ဒါကြောင့် ဒီနေ့ စီနီယာကိုမြင်တာနဲ့ မှတ်မိသွားတာ။ "
လော့ရှမ်းနီက နှာခေါင်းရှုံ့သည်။
"ငါ့ကို ဒီလိုတွေ လာ မပြောနဲ့။ သုံးနှစ်အရွယ်ကလေးကိုပဲ နင် အရူးလုပ်လို့ ရမယ်။ သူသာ ငါ့ကို နည်းနည်းလေးလောက် ဂရုစိုက်မယ်ဆိုရင် ငါ သူ့ကို ဒီလို လာ ရှာရပါ့မလား။ ဟမ် သူက ငါ့ကို အရင်လာရှာနေမှာပေါ့။ အခြားသူတွေက မရှာနိုင်တော့ရော သူက ဘာလို့ မရှာနိုင်ရမှာလဲ အမှန်တရားကိုပြော။ "
လန်ကြွယ်က ခေါင်းစောင်းသွားသော ကြွယ်တိကို ကြည့်ပြီး ကိုယ့်နဖူးကိုယ် အုပ်လိုက်သည်။
"ဝိုင်ဆရာ ပြောတာ။ ငါ သူ့ကို မေးလိုက်တာလေ။ "
လန်ကြွယ်က ရွေးချယ်စရာမရှိပဲ အမှန်အတိုင်းပြောလိုက်သည်။
"ဝိုင်ဆရာလား။ "
ထိုစကားကို ကြားသည့်အခါ လော့ရှမ်းနီက ကြောင်သွားသည်။ သူမ၏ မျက်ဝန်းထဲတွင် အတိတ်ကို သတိရသလို အရိပ်အယောင်က ပေါ်လာသည်။ နဂိုက ကြမ်းတမ်းသော အရှိန်အဝါကလည်း အနည်းနှင့် အများဆိုသလို နူးညံ့သွားသည်။
"ဆိုတော့ နင်က ကောင်းကင်မီးတောက်လမ်းကပေါ့လေ။ နာမည်က ဘာလဲ။ "
လန်ကြွယ် " ရတနာဆရာပါ။ "
လော့ရှမ်းနီက ကြွယ်တိကို လှမ်းကြည့်သည်။
"ချီပုဖန်။ အနည်းဆုံးတော့ နင့်မှာ အသိစိတ်ရှိနေသေးတာပဲ နင် နင့်တပည့်ကို ကောင်းကင်မီးတောက်လမ်းဆီ လွှတ်ပြီး ကြည့်ခိုင်းသေးတယ်။ "
ကြွယ်သိက သက်ပြင်းချသည်။
"ငါ တောင်းပန်ပါတယ်။ အချိန်တွေက ကြာသွားပြီ အတိတ်အကြောင်း မပြောပဲ နေရအောင်။ "
လန်ကြွယ်က သူ့ကို မယုံနိုင်သလို ကြည့်သည်။
"အဖေ အဖေပဲ အဲ့ကိုသွားခိုင်းတာ မဟုတ်ဘူးလား။ "
သူ ခုဏတုန်းက မျက်နှာကို အုပ်ထားတာ မအံ့သြတော့ပါဘူး။ တရုတ်စာ စွမ်းရည်နဲ့ ပတ်သတ်လာရင် သူနဲ့ သူ့အဖေက အဆင့်မှ မတူတာ။
"မပြောတော့ဘူး ဟုတ်လား။ နင် ဆုတောင်းလေ။ ငါသာ ဒီတစ်ခေါက် နင့်ကို ရှာတွေ့ပြီးသွားပြီဆိုရင် နင်ငါ့ကို မသတ်လိုက်သမျှ ငါ နင့်ကို ထာဝရခြောက်လှန့်နေပြီး အချိန် အကြာကြီး နင့်ကို မငြိမ်းချမ်းရအောင် အနှောင့်အယှက် ပေးနေဦးမှာ။ နင်ဘယ်တော့မှ ဦးမမော့နိုင်စေရဘူး"
ဘယ်လို ရန်ငြိုးတွေများ ရှိနေလို့လဲ။
လန်ကြွယ်ဟာ တံတွေးမျိုချပြီးနောက် တံခါးဘက်သို့ တိတ်တဆိတ် ရွေ့သွားလိုက်သည်။ သူဟာ ထိုနှစ်ယောက်ကြားမှ နက်ရှိုင်းလွန်းသော ရန်ငြှိုးအကြားတွင် ဝင်မပါလျှင် အကောင်းဆုံးဖြစ်သည်။ အနည်းအကျဥ်းအားဖြင့်တော့ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှု မရှိချေ။
ကြွယ်တိက အနားသို့ လာပြီး ထိုင်သည်။
"ရှမ်းနီ။ မင်းငါ့ကို ရိုက်လည်းရိုက်ပြီးသွားပြီ ဆူလည်း ဆူပြီးသွားပြီ။ ထိုင်ပြီး ရေတစ်ခွက် လောက်သောက်ပါဦး"
လော့ရှမ်းနီက အေးစက်စွာ နှာခေါင်းရှုံ့ပြီး သိပ်မဝေးသော နေရာတွင် ဝင်ထိုင်သည်။ ကြွယ်တိ၏ ပုခုံးပေါ်မှာ အသားရောင် အမှတ်အသားသည် အလွန်အမင်း ရှင်းလင်းနေပြီး အတော်လေးလည်း ထူးဆန်းသည်။ လန်ကြွယ်ကလည်း အခု ဖခင်ဖြစ်သူ၏ ပုံကို ဓာတ်ပုံရိုက်ပြီး လန်ချင်ဆီသို့ ပို့ပေးချင်လာသည်။ လန်ချင်သာမြင်ရင်တော့ ဖခင်ဖြစ်သူက နောက်ဆုံးပြိုင်ဘက်တွေ့တဲ့အကြောင်းကို နားလည်သွားမှာ။
ကြွယ်သိက နှာခေါင်းရှုံ့သည်။
"ထွက်သွားစမ်း။ "
လန်ကြွယ်က နောက်လှည့်ကာ ပြေးသည်။ သူသည် ထိုနေရာတွင် တစ်စက္ကန့်တောင် မနေချင်တော့ပါပေ။ လေထုဟာ ထူးဆန်းလွန်းသဖြင့် သည်းမခံနိုင်စရာဖြစ်နေသည်။
အိမ်အပြင်ဘက်သို့ ရောက်သည်နှင့် သူဟာ စိတ်အေးစွာ သက်ပြင်းချပြီး အဝေးရှိတောအုပ်သို့ တိုက်ရိုက်ပြေးလိုက်သည်။ သူသည် ဖခင်ဖြစ်သူနှင့် ရှမ်းနီအကြားက ဆက်ဆံရေးအကြောင်း မသိချင်ပါပေ။ အုပ်ချုပ်သူ ၂ ယောက်ကြားမှာ ရည်မှန်းချက်ကြီးသော ဆက်ဆံရေး စိတ် ခံစားချက်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုမျိုး ဖြစ်နေနိုင်သည်။ သူ၏ ဖခင်ဖြစ်သူကဲ့သို့ အမျိုးသမီးများကို လုံးဝ ဂရုမစိုက်သော အမျိုးသားတစ်ယောက်ကပင် ထိုကဲ့သို့သော အဆက်အနွယ်မျိုး ရှိလိမ့်မည်ဟု မထင်ထားမိပေ။ ပို၍ဆိုးသည်မှာ စုံတွဲပင် ဖြစ်နိုင်သည်။
ရင်းနှီးသော လေကို ရှူရှိုက်ရသည့်အခါ လန်ကြွယ်က သစ်ပင်ကြီးတစ်ပင်နားသို့ ရောက်သည်အထိ ဆက်ပြေးလိုက်သည်။ ထိုသစ်ပင်ကြီးသည် အလွန်အမင်း စိမ်းလန်းစိုပြေသည်။ သို့သော် ထိပ်ပိုင်းကို မမြင်ရချေ။ အရိပ် နေရာအကျယ်ကြီးကို ပေးနိုင်လောက်အောင် လုံလောက်အောင် ကြီးမားလေသည်။ တုတ်ခိုင်လွန်းသော ပင်စည်ကလည်း လူဆယ်ယောက်ကျော်မက ဝိုင်းပတ်ထား၍ရသည်။
လန်ကြွယ်က သစ်ပင်ကြီး၏ အောက်ဘက်တွင် ထိုင်နေလိုက်သည်။ သူသည်လည်း သူနှင့် အစ်ကိုဖြစ်သူဟာ ဒီသစ်ပင်ပေါ်တွင် တွဲလောင်း အဆွဲခံရကာ အရိုက်ခံခဲ့ရကြောင်းမှတ်မိနေသေးသည်။ ထိုအချိန်က သူတို့၏ ဖခင်သည် သူတို့အား လေထဲမှ ကြာပွတ်ကို ရအောင် ရှောင်ခိုင်းသည်။ ကြာပွတ်ကို ရအောင်ရှောင်နိုင်ရန်အလို့ငှာ သူတို့၏ ခြေထောက်ကို ချည်ထားသော ကြိုးကို လှုပ်ခါရပေလိမ့်မည်။ ထိုသို့ဖြင့် ထိုရိုက်ချက်ကို အတတ်နိုင်ဆုံး ရှောင်ရှားရခြင်းဖြစ်သည်။
ထိုအချိန်က သူတို့၏ တစ်ကိုယ်လုံးဒဏ်ရာများ ပြည့်နှက်နေခဲ့သည်။ ထို့အပြင် ထိုနေရာတွင်လည်း ဆယ်ရက်ကျော်ကျော်လောက်ထိ အဆွဲခံရပြီး ကြာပွတ်ဖြင့် အရိုက်ခံရသည်။ ထို့နောက် ဆေးရည်ဖြင့် အစိမ်ခံရသည်။ ထို့နောက် ထပ်ရိုက်ခံရသည်။ ထို့နောက် အစိမ်ခံရပြန်သည်။
ထိုဖြစ်ရပ်သည် သူတို့နှစ်ယောက် သေခါနီးအချိန်ထိကြာခဲ့သည်။ နောက်ဆုံးမှသာ ရပ်တန့်သွားခဲ့၏။ ယခုအခါ ထိုအတွေ့အကြုံကို ပြန်တွေးပါက ကြက်သီးများပင် ထလာလေသည်။ သို့သော် ထိုကိစ္စပြီးနောက် သူနှင့် အစ်ကိုဖြစ်သူ၏ တုန့်ပြန်နိုင်သော စွမ်းရည်က အနည်းဆုံး နှစ်ဆယ်ရာခိုင်နှုန်းလောက်ထိ တိုးတက်သွားသည်ဟု ပြောရပေမည်။
ထိုတောအုပ်သည် မှတ်ဉာဏ်များ ပြည့်နှက်နေသည်။သူနှင့် လန်ချင်တို့၏ မှတ်ဉာဏ်များ ဖြစ်သည်။
အချိန်ဟာ ကုန်လွန်သွားသည်။ ယခုအခါ ခံစားချက်က မတူတော့ပေ။
ဖခင်ဖြစ်သူသည် တဖြည်းဖြည်းအသက်ကြီးလာသည်။ သူ၏ စိတ်နေသဘောထားကလည်း ပြောရဆိုရလွယ်လာသည်။ သူသည် အတိတ်ကို သတိရတတ်လာသည်။ ထိုအခြေအနေသည် လန်ကြွယ်အား သူ၏ နှလုံးသားကို လေးလံသော ကျောက်တုံးကြီးက လာဖိသလိုမျိုး ခံစားရစေသည်။
အဆင့်လွန် ဧကရာဇ် ကြွယ်တိသည် အသက် မည်မျှ ကြီးပြီးဖြစ်ကြောင်း မည်သူမျှ မသိကြပေ။ သို့သော် လန်ကြွယ်အနေနှင့်မူ အုပ်ချုပ်သူများသည်လည်း သက်တမ်းကုန်ဆုံးနိုင်ကြောင်း သေချာနားလည်ထားသည်။ သူ့ အဖေကလည်း အဲ့ဒီအခြေအနေနားကို ကပ်နေလောက်ပြီ။
ဒါဟာ သူ မမြင်ချင်သော အရာဖြစ်သည်။ လုံးဝ မမြင်ချင်သောအရာဖြစ်သည်။ အတိတ်မှ မှတ်ဉာဏ်များသည် ပျော်ရွှင်ဖွယ် မကောင်းပေ။ သို့သော် အနည်းဆုံးတော့ သူ သူ့အဖေနှင့် သူ့အစ်ကိုတို့ ကြောင့်သာ မဟုတ်ရင် ဒီနေ့ ဒီနေရာသို့ ရောက်လာမည်မဟုတ်ပေ။ ထို့အပြင် သူ့ကို ပျိုးထောင်ပြုစုပေးခဲ့သော ကျေးဇူးကြွေးကြီးကလည်း အရာအားလုံးကို ဖိနှိပ်နိုင်ခဲ့သည်။
သူတို့တွင် ချစ်ရသော ချစ်ပေးတတ်သော မိခင် မရှိပေ။ သို့သော် တင်းကြပ်သော ဖခင် ရှိလေသည်။
ကြယ်တာရာ ဆက်သွယ်ရေးစက်ကို ဖိလိုက်ပြီးနောက် သူသည် လန်ချင်၏ နံပါတ်ကို တိတ်တဆိတ်ခေါ်သည်။ လန်ချင်ဟာ အလွန် အလုပ်များနေမှန်း သိနေသေးသည့်တိုင်အောင် ရွေးချယ်စရာ မရှိပဲ ခေါ်လိုက်သည်။
"ပိ ပိ ပိ။ "
ဖုန်းက ဝင်သွားပြီး ဆယ်ကြိမ်မက မြည်သွားသည်။ လန်ကြွယ်ကလည်း ဖုန်းချတော့မည့်အချိန်တွင် လန်ချင်၏ အသံထွက်လာသည်။
"မင်း ပြန်သွားတာလား။ "
လန်ချင်က မေးသည်။
"အင်း။ ပြန်ရောက်နေပြီ။ "
လန်ကြွယ်က ခေါင်းညိတ်လိုက်သည်။
"အဖေ။ "
လန်ချင်၏ အသံဟာ တုန့်ဆိုင်းမှုများပါသည်။
"အဖေက တော်တော်လေးခြားနားသွားတယ်။ သူ ငါ့ကို ဖက်တယ်။ "
လန်ကြွယ်၏ အမူအရာဟာ ခါးသီးနေသည်။ သူသည် ဖခင်ဖြစ်သူနှင့် တွေ့ဆုံခဲ့မှုကို အသေးစိတ်ပြန်ပြောလိုက်သည်။
"ငါ့အဖေ အသက်ကြီးလာပြီ။ "
လန်ကြွယ်က သက်ပြင်းချသည်။
"..."
လန်ချင်ကလည်း တိတ်သွာသည်။
အချိန်အတော်အတန်ကြာပြီးနောက် လန်ကြွယ်ဟာ နောက်ဆုံးတွင် တိတ်ဆိတ်မှုကို ဖြိုခွဲသည်။
"အစ်ကို မင်းဘက်က ဘယ်လိုလဲ။ "
လန်ချင် " အခုတော့ တော်တော်လေး တည်ငြိမ်ပါသေးတယ်။ ငါတို့ စုဆောင်းထားတဲ့ အချက်အလက်တွေအတိုင်းဆိုရင်တော့ အဲ့ဒီ ကျူးကျော်မဲ့ ဂြိုလ်ကြီး သုံးခု ပေါ်လာခဲ့ရင်တောင်မှ သူတို့ရဲ့ မူလပစ်မှတ်က မြောက်ပိုင်းမဟာမိတ်ပဲဖြစ်မှာ။ မြောက်ပိုင်း မဟာမိတ်နဲ့ သဘောတူညီမှုရထားတယ်။ ငါတို့ အဲ့ဒီ သတ္တဝါတွေ ပေါ်လာပြီဆိုတာနဲ့ အတတ်နိုင်ဆုံးတပ်ကို စေလွှတ်ပြီး ကူညီပေးမယ်။ လက်ရှိမှာ ငါတို့ရဲ့ တပ်ဖွဲ့တွေကို မြှင့်ပြီး ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကို လုပ်နေတယ်။ "
လန်ကြွယ် " ငါ ငါ့အဖေဘက်က ကိစ္စတွေကို လုပ်လို့ပြီးသွားရင် ငါ မင်းဆီလာပြီး ကူညီမယ်။ "
လန်ချင် "မလာနဲ့။ မင်းက တပ်သားမဟုတ်ဘူး။ "
လန်ကြွယ်ဟာ ခေါင်းမာစွာပြောသည်။
"အခုမှ ဝင်လည်း နောက်မကျသေးဘူး ဟုတ်တယ်မလား။ "
အချိန်တစ်ခုကြာအောင် တိတ်နေပြီးနောက် လန်ချင်က ပြောသည်။
"ငါမင်းကို မလာစေချင်ဘူး။ "
အပိုင်း ၅၀၁ ပြီး၏။
***