လန်ကြွယ် " မင်း အမှန်အတိုင်း ပြောနေတာ မဟုတ်ဘူး။ အခြေအနေက မင်း ပြောတာထက် ဆိုးနေတယ်မလား။ အပြန်လမ်းမှာ ငါ ခရမ်းနီရောင် သတ္တဝါတစ်ကောင်နဲ့ ဆုံတယ်။ သူက အရမ်း အင်အားကြီးမားတာ။ သူ့ရဲ့ အာကာသပြင်ထဲမှာတိုက်ခိုက်နိုင်တဲ့စွမ်းရည်ကလည်းကြောက်စရာကောင်းတယ်။ ငါ သော်ကို မောင်းပြီး သူ သတိမေ့သွားတာကို အခွင့်ကောင်းယူခဲ့ပြီးမှ ခန္ဓာကိုယ်ထဲဝင်ပြီး ပေါက်ထွက်လို့ သတ်ခဲ့ရတာ။ ဒီသတ္တဝါတွေက လူသားတွေ ထိန်းချုပ်မှု အောက်မှာရှိနေတဲ့ အာကာသပြင်ထဲကို ဝင်နိုင်နေပြီဆိုတော့ သေချာတည်ရှိနေတာ။ မဟုတ်တော့ဘူး။ အစ်ကို မင်း ငါ့ကိုဖုံးကွယ်ထားစရာ မလိုဘူးနော်။ မင်းက ငါ့အစ်ကို ဖြစ်နေလို့ ငါ မင်းကို ကူညီနေတာမဟုတ်ဘူး ငါတို့ရဲ့လူသားမျိုးနွယ်အတွက်။ "
လန်ကြွယ်ဟာ လေးနက်သော အသံနှင့်ပြောသည်။
"မင်းသာ တကယ် ကူညီချင်ရင် တပ်ထဲ မဝင်နဲ့။ မင်းလုပ်နိုင်တာတွေ အများကြီးရှိသေးတယ်။ မင်းရဲ့ကောင်းကင်မီးတောက်လမ်းကလည်း လှုပ်ရှားပါလိမ့်မယ်။ လက်ရှိ လေ့လာထားတဲ့ အတိုင်းဆိုရင် သဘာဝလွန် စွမ်းအားရှင်တွေက ပိုင်ဆိုင်ထားတဲ့စွမ်းအားတွေက နည်းပညာ သီးသန့်နဲ့ ဖန်တီးထားတဲ့တိုက်ကွက်တွေထက်တောင် အဲ့ဒီသတ္တဝါတွေ အပေါ် သက်ရောက်မှုရှိသေးတယ်။ ဆိုတော့ သူတို့က သက်ရှိတွေဆိုတဲ့ဖြစ်ရပ်နဲ့ ပတ်သက်နေလိမ့်မယ်ထင်တယ်။ ဒီသတ္တဝါတွေက အရမ်း အင်အားကြီးမားတယ်။ သူတို့ရဲ့တိုးတက်တဲ့ လမ်းကြောင်းကလည်း ငါတို့နဲ့ လုံးဝ ခြားနားတယ်။ ငါတို့က ဖွံ့ဖြိုး တိုးတက်အောင် လုပ်ထားနိုင်တဲ့နည်းပညာ တွေက ငါတို့တွေက ပြင်ပ အကူအညီဖြစ်နေပေမဲ့လည်း သူတို့ကိုယ်တိုင်ကတော့ သူတို့ရဲ့ ခန္ဓာကိုယ်ကို ဆက်တိုက်ဆိုသလို ဗီဇပြောင်း ဝါးမြိုပြီး ပြောင်းလဲနေတာ။ ဆိုတော့ ဒီလို ပြောင်းလဲနေတဲ့ ဖြစ်စဉ်အတောအတွင်းမှာပဲ သူတို့က အမျိုးမျိုးသောရေဒီယို သတ္တိကြွ ရောင်ခြည်တန်းပေါင်းများစွာနဲ့ ကျင့်သားရလာလိမ့်မယ်။ ဆိုတော့ စကြဝဠာထဲက ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်တွေနဲ့လည်းလိုက်လျောညီထွေဖြစ်လာတယ်။
အဲ့ဒီအတွက်ကြောင့်ပဲ ငါတို့ရဲ့ ဒီ လေဆာလက်နက်တွေ အမြောက်တွေက သူတို့အပေါ် သက်ရောက်မှုတအား နည်းတယ်။ အကန့်အသတ်နဲ့လို့ပဲ ပြောရမယ်။ နောက်ပိုင်း မဟာမိတ်က ရလာတဲ့ တင်ပြချက်တွေအတိုင်းဆိုရင် ဒီလို သတ္တဝါတွေကို လူသားတွေက ထိန်းချုပ်ထားတဲ့ မတ်ရှ်တွေက တစ်ဆင့်သတ်ဖြတ် ဖို့ နည်းလမ်းက အကောင်းဆုံးပဲတဲ့။ သဘာဝလွန် စွမ်းအားရှင်တွေနဲ့ နည်းပညာတွေပေါင်းသုံးတာကတော့ အကောင်းဆုံးပါပဲ။ "
လန်ကြွယ်၏ နှလုံးသားက အခုန်နှုန်းမြန်ဆန်သွားသည်။
"ဆိုတော့ မဟာ့ မဟာမိတ်က ကျင်းပတဲ့ သဘာဝလွန် စွမ်းအားရှင်ပြိုင်ပွဲက အဲ့ဒီကိစ္စနဲ့ ပတ်သတ်တာလား။ "
"ဟုတ်တယ်။ ပတ်သတ်တယ်။ ပြိုင်ပွဲက လက်ရှိစွမ်းအင်အသုံးပြုသူတွေရဲ့ အရေအတွက်ကို အတည်ပြုချင်တာလေ။ အထူးသဖြင့် အဆင့်မြင့်အဆင့်က လူတွေပေါ့။ အဲ့ဒီနောက် တရားဝင် ခန့်အပ်မှုတွေကို စတင်မယ်။ မြောက်ပိုင်း မဟာမိတ်တင် မဟုတ်ဘူးနော်။ ငါတို့ရဲ့ တရုတ် မဟာမိတ်လည်းတူတူပဲ။ "
လန်ချင်ဟာ လေးနက်သော အသံနှင့် ပြောသည်။
လန်ကြွယ်ဟာ ရုတ်တရက် မည်သည့်အတွက်ကြောင့် သူတို့ လော့ရှင်းမှ ထွက်သွားခဲ့ချိန်တွင် မြောက်ပိုင်း မဟာမိတ်က တားရစ်ခဲ့သည့်တိုင်အောင် အဆုံးသတ်သူဖြစ်စေ အချိန်နှင့် အာကာသ အုပ်ချုပ်သူကပင်ဖြစ်စေ သူတို့ကို အထူးတလည် အနှောင့်အယှက်ပေးရန် မကြိုးစားခဲ့သည့်အချက်ကို နားလည်လိုက်သည်။
လက်စသတ်တော့ အနာဂတ်မှာ လူသားတွေရဲ့ ကပ်ဘေးက သူတို့ သဘာဝလွန် စွမ်းအားရှင်တွေအပေါ် မူတည်နေတာကိုး။
ထိုအကြောင်းကို တွေးမိသည့်အခါ သူသည်ပင် စိတ်အခြေအနေ အနည်းငယ် ပြောင်းသွားသလို ခံစားရသည်။ သူ အများကြီး လုပ်သင့်သည်ဟုထင်သည်။
"အင်း။ ငါ ဘာလုပ်ရမလဲ။ သိပြီ။ ငါ ရက်အနည်းငယ်လောက်နေရင် ကောင်းကင်မီးတောက်လမ်းကို ပြန်မယ်။ "
လန်ကြွယ်က လန်ချင်ကိုပြောလိုက်သည်။
"အင်း။ "
လန်ချင်က ပြောသည်။
"ငါ အစည်းအဝေးရှိသေးတယ်။ အဆက်အသွယ်မပြတ်စေနဲ့။ "
"ကောင်းပြီ။ "
လန်ကြွယ်ဟာ ဖုန်းကို ချက်ချင်းချသည်။ ဖုန်းကိုချပြီးသည်နှင့် သူဟာ စတွေးသည်။ သဘာဝလွန်စွမ်းအားရှင်များသည် လူသားလောကမှ အချက်အချာကျသော အဆင့်သို့ ဝင်ရောက်ရတော့မည်နှင့်တူသည်။ သူသည်လည်း ကိုယ့်ကီုယ်ကို တိုးတက်အောင် လုပ်သင့်သည်။
သူဟာ ထိုသို့ စဥ်းစားပြီးနောက် မျက်လုံးကို တဖြည်းဖြည်း မှိတ်ကာ စတင်ကာ ကျင့်ကြံသည်။ သူဟာ သူ၏ အုတ်မြစ်ကို ဆက်လက်ပြီး ခိုင်မာအောင်လုပ်ပြီးမှသာ အဆင့် ဆက်တက်နိုင်မည်ဖြစ်သည်။ ထိုအခါမှသာ အဆင့်ကိုး၏ အထွတ်အထိပ်သို့ အမြန်ဆုံး ရောက်အောင် ကြိုးစားရပေမည်။
အချိန်မည်မျှ ကြာမှန်း မသိလောက်အောင် ကြာညောင်းပြီးနောက် ထူးဆန်းသည့် ခံစားချက်က သူ့အား နိုးထလာစေသည်။ မျက်လုံးကို ဖွင့်လိုက်သည်နှင့် အရှေ့မှ အရပ်ရှည်ရှည်နှင့် ပုံရိပ်ကို မြင်ရသည်။
ထို အရပ်ရှည်ရှည်နှင့် ပုံရိပ်နံဘေးတွင်လည်း နောက်ထပ် ပုံရိပ်တစ်ခု ရှိသည်။
ကြွယ်တိက အဝတ်အစားလဲပြီးသားဖြစ်သည်။ သူနိုးလာကြောင်းမြင်သည်နှင့် ခေါင်းညိတ်ပြသည်။
"တိုးတက်မှု နည်းနည်းတော့ ရှိသားပဲ။ မင်း ကျင့်ကြံခြင်း အဆင့် ပြန်စနေတာလား။ "
သူ့အဖေက တော်လိုက်တာ။ သူ ကျင့်ကြံနေတာကို ခဏကြည့်ရုံနှင့်တင် အခြေအနေ အပြောင်းအလဲကိုသိတယ်။
လန်ကြွယ်၏ ယခင်ပြောပြသော ပုံပြင်က မဆုံးသေးပေ။ သူ ယခင်နှစ်က အဖြစ်အပျက်ထိသာ ပြောရသေးသည်။
"လာ။ ပြန်လာခဲ့။ ခုဏက ပုံပြင်ကို ဆက်ပြော။ "
ကြွယ်တိက သူ့ကို ခေါင်းညိတ်ပြသည်။ အမူအရာက အနည်းနှင့်အများဆိုသလို အေးစက်ကာ မာကျောသည်။ ယခင်သူ့အတိုင်းဖြစ်သွားသည်။
လော့ရှမ်းနီက သူ၏ နံဘေးနားတွင် ရှိနေသည်။ ယခင်က ကြမ်းတမ်းမှုများက ပျောက်သွားပြီး ညင်သာသော အပြုံးမျိုးနှင့်ဖြစ်သည်။
အာ။ အများကြီး ပြောင်းသွားတာပဲ။ အဖေ ဘယ်လိုလုပ်လိုက်တာလဲ။
လန်ကြွယ်သည် စိတ်ထဲတွင် အထွန့်တက်နေသောလည်း သိသာစွာပင် ထုတ်မပြောရဲပေ။ သူသည်လည်း အရိုက်ခံရမည်အား ကြောက်သည်။ ဖခင်ဖြစ်သူကလည်း စိတ်အခြေအနေ ကောင်းမနေမှန်း သိနိုင်သည်။
အခန်းထဲသို့ ပြန်ရောက်သွားသည်နှင့် လန်ကြွယ်ဟာ လော့ရှမ်းနီကို ကြည့်သည်။
လော့ရှမ်းနီ " ကောင်လေး ဘာကြည့်တာလဲ။ အခုက စပြီး နင် ငါ့ကို အမေလို့ ခေါ်ရမယ်။ နားလည်လား။ "
ကြွယ်တိ၏ အမူအရာဟာ အနည်းငယ် တွေသွားသည်။ သို့သော် သူသည် မငြင်းရဲပေ။ လန်ကြွယ်က စူးစမ်းသလိုပြောသည်။
"စီနီယာလော့။ စီနီယာလော့က ဒီလောက် ငယ်သေးတာ။ အမေလို့ ခေါ်လိုက်ရင် အသက်ကြီးတဲ့ပုံပေါက်သွားမှာပေါ့"
လော့ရှမ်းနီက အေးစက်စွာ နှာခေါင်းရှုံ့သည်။
"မလိုပါဘူး။ ငါ မကြောက်ဘူး။ နင် ငါ့ကို အမေလို့ ခေါ်။ "
"ဟုတ်ကဲ့။ "
လန်ကြွယ်ဟာ သဘောတူလိုက်ရသည်။
အား။ သူ့အဖေတောင် ဒီ အမေကို ဘာမှ မလုပ်နိုင်တာ။ သူက ဘာလုပ်နိုင်မှာလဲ။ သူ လိမ်မာယုံပဲ ရှိတာပေါ့။
သူဟာ ချက်ချင်း လေးလေးစားစား ခေါ်သည်။
"အမေ။ "
"အင်း။ လိမ္မာလိုက်တဲ့ ကလေး။ "
ယခု တစ်စက္ကန့်လေးအတွင်း ထောင်လွှားမှု အပြည့်နှင့် လော့ရှမ်းနီက ပျော်ရွှင်မှုများနှင့် ပြည့်နှက်သွားသည်။ သူမ လက်ကောက်ဝတ်ကို တစ်ချက်ရမ်းပြီးနောက် တစ်စုံတစ်ရာကို ထုတ်လိုက်သည်။ ထို့နောက်လန်ကြွယ်ဆီ ပစ်ပေးသည်။
"ဒီမှာ အမေဖြစ်သူက ပထမဆုံး တွေ့ဆုံခြင်းလက်ဆောင်။ "
လန်ကြွယ်က အလိုအလျောက် ယူလိုက်ပြီးနောက် ကြည့်လိုက်သောအခါ နှင်းကဲ့သို့ ဖြူဖွေးသော သတ္တုတုံးဖြစ်ကြောင်း မြင်လိုက်ရသည်။ လက်တစ်အုပ် အရွယ်အစားခန့်ရှိ၏။ အပေါ်ယံ မျက်နှာပြင်ကအနည်းနှင့် အများဆိုသလို ကြမ်းတမ်းနေသည်။ သိသာစွာပင် အချော သပ်ထားခြင်း မရှိပေ။
ဒါက ...
လန်ကြွယ်က မျက်လုံးပြူးသွားသည်။
"အမေ။ ဒါက စွမ်းအင်သတ္တုလား။ "
ဒီတစ်ခေါက် သူ ခေါ်သည့် အမေက အများကြီးရိုးသားသွားသည်။
စွမ်းအင်သတ္တုက ဘာလဲ။
စွမ်းအင်သတ္တုဆိုတာက စွမ်းအင်ကျောက်တွေနဲ့ တူတယ်။ ဒီလို စွမ်းအင်တွေ ပါဝင်နေတဲ့ တွင်းထွက် အမျိုးအစားပဲ။ ဒါပေမဲ့ သတ္တုတုံးတွေကကျောက်ရိုင်းတုံးတွေမှာ မရှိတဲ့ အားသာချက်ရှိတယ်။ ဒီစွမ်းအင်ကျောက်တွေက မကွဲမချင်းပုံသဏ္ဌာန်ကို ပြောင်းခိုင်းလို့ မရဘူး။ ဒါပေမဲ့ သတ္တုတွေက ပြောင်းလို့ ရတယ်။
စွမ်းအင်သတ္တုတွေက စွမ်းအင်ကျောက်တွေထက် ပိုပြီး ရှားတယ်ဆိုတာကလည်း သာမန် သတ္တုတွေက ကျောက်တွေလို စွမ်းအားတွေ မသယ်ဆောင်ထားနိုင်လို့ပဲ။ ဒါပေမဲ့ သူတို့က အချို့ သေချာတဲ့ ဝိသေသ လက္ခဏာတွေကို သယ်ဆောင်ထားနိုင်တယ်။ စွမ်းအင်ကျောက်တွေအတွင်းမှာ ပါဝင်တဲ့ အမျိုးမျိုးသော သိပ်သည်း ဖိနှိပ်ထားတဲ့ စွမ်းအင်တွေမျိုးတော့ မပိုင်ဆိုင်ထားဘူး။
လန်ကြွယ်သည် စွမ်းအင်ကျောက် စီးပွားရေးကိုလုပ်ကိုင်နေသူ ဖြစ်သည်။ သို့သော် သူသည် စွမ်းအင်သတ္တုကို မမြင်ဖူးသေးပေ။ အကြောင်းမူကား အလွန်အမင်း ရှားပါးသောကြောင့်ဖြစ်သည်။ စွမ်းအင်သတ္တုများတွင် အသုံးပြုနိုင်သော နေရာပေါင်းများစွာ ရှိသည်။
များစွာသောဂြိုလ်များတွင် ထွက်သည်။ ထို့အပြင်အဓိက အဖွဲ့ချုပ်၃ခုကလည်း တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားသေးသည်။ မူလ ရည်ရွယ်ချက်ကမူ စွမ်းအင်ကျောက် ချိတ်ဆက်သည့် စက်ကြီးများကိုဖန်တီးရန်ဖြစ်သည်။
အတိုချုပ်အားဖြင့် ပြောရသော် ရောင်စုံစွမ်းအင်ကျောက်များကို အတူတကွ စုဝေးချင်ပြီး သူတို့၏ တစ်ဦးချင်းစီမှ လုပ်ဆောင်မှုစွမ်းအားများကို ထုတ်သုံးချင်ပါက အကောင်းဆုံးနည်းလမ်းသည် ချိတ်ဆက်ခြင်း စက်တစ်မျိုးကတစ်ဆင့် ထို စွမ်းအင်ကျောက်များအားလုံးကို ဆက်သွယ်ထားခြင်းဖြစ်သည်။
သို့သော် စွမ်းအင်သတ္တုကို အသုံးပြုရန် လိုအပ်သည်။ စွမ်းအင်သတ္တုနှင့်မှသာ စွမ်းအင်ကျောက်များအားလုံးကို လုံလောက်အောင် ထောက်ပံ့နိုင်သည့် စွမ်းအင်မျိုးကို ပိုင်ဆိုင်ထားသည် ဖြစ်သည်။
ရိုးရိုးရှင်းရှင်း ပြောရသော် စစ် သင်္ဘောတစ်စီး၏ အမြူတေ ဓာတ်ပေါင်းဖိုကို အဆင့်အမြင့်ဆုံးနည်းလမ်းမျိုးကို အသုံးပြုကာ ထုတ်လုပ်ထားခဲ့လျှင်စွမ်းအင်သတ္တုပါ ရပေမည်။ စစ်သင်္ဘောတစ်စီးက စွမ်းအင်သတ္တုကို အသုံးပြုထားမှသာ အခြားသောစွမ်းအင်များအားလုံးကို ဆက်သွယ်ပေးနိုင်သည်။ အချက်အချာကျသည့် ဆုံချက်မျိုးကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
ထိုအခါမှသာ ထိပ်တန်းအဆင့်ဟု သတ်မှတ်နိုင်သည်။ ထုတ်လုပ်သည့် ဖြစ်စဉ်တစ်ခုလုံးကို စွမ်းအင်သတ္တု သီးသန့်ဖြင့်သာ လုပ်ထားခဲ့ပါကအလွန်ပင် အဆင့်အတန်း မြင့်သွားပြီဟု ပြောရပေမည်။
အာကာသ ခံတပ်များ မိခင် သင်္ဘောများအတွင်းမှာ စွမ်းအင်အမြူတေများထဲတွင်လည်း စွမ်းအင်သတ္ထုများ ပါဝင်သည်။ ထို့အပြင် ထို ပါဝင်သော ပမာဏကလည်း သိပ်မကြီးနိုင်ပေ။
ထို့အပြင် စွမ်းအင်များသည် အလွန်အမင်း သန့်စင်လွန်းသည်။ ထို့ကြောင့် စွမ်းအင်ကျောက် ချိတ်ဆက်သည့် စက်များ လုပ်ရာတွင် အသင့်လျော်ဆုံး ဖြစ်နေသည်။ စစ်သင်္ဘောအတွက် မလုံလောက် လောက်သော်လည်း မတ်ရှ်တစ်စီးအတွက် မူ လုံလောက်သည်ထက် ပိုသည်။ လန်ကြွယ်က ရှာဖွေရန် ကြိုးစားကြည့်သေးသည်။
သို့သော် ဖော်ပြရန် ခက်ခဲလောက်အောင် စျေးကြီး လွန်းနေခဲ့၏။ ထို စွမ်းအင်သတ္တုတုံးလေး တစ်တုံး ဆိုလျှင်ပင် S အဆင့် စွမ်းအင်ကျောက် တစ်တုံးစာနဲ့ ညီမျှသည်။ ထို့ကြောင့် သူသည် အမြဲတစေ တွန့်ဆုတ်နေတတ်ပြီး ယခုအချိန်ထိ မရသေးပေ။ သို့သော် မမျှော်လင့်ထားစွာနှင့် အလကားရလိုက်သည်။
"နင်က ပစ္စည်းကောင်းကို သိသားပဲ။ "
လော့ရှမ်းနီကလည်း သူမ၏ ဘဝင်မြင့်နေသောစိတ်ကို မဖုံးကွယ်ထားပေ။
"အဟင်း။ မင်း ကိစ္စကို ပြော။ "
ကြွယ်တိက ဝင်ပြီး သတိပေးလိုက်သည်။
"အိုး။ "
လန်ကြွယ်ဟာ ပြန်ဖြေပြီးနောက် ချက်ချင်းဆိုသလို ယခင်က အတွေ့အကြုံကို ပြန်ပြောသည်။ ကံကောင်းသည်မှာ လော့ရှမ်းနီ မရောက်ခင်က သူသည် ကျိုးချန်လင်းကို သတို့သမီး အဖြစ်မှား ခိုးခဲ့သည့် ကိစ္စကို ပြောပြီးသား ဖြစ်သွားသည်။ သို့မဟုတ်ပါက ဒုက္ခများတော့ ပေမည်။
ကျော်ကြည့်နေသော ရှမ်းနီတို့က လန်ကြွယ်၏ ပုံရိပ်ကို ဂရုတစိုက် နားထောင်သည်။ သူတို့၏ အမူအရာက မကြာခဏဆိုသလို ပြောင်းလဲသည်။
လန်ကြွယ်က လာရော့စ်ဟာ သူနှင့် ကျိုးချန်လင်းကို ပေါင်းစည်းပေးသည့် အကြောင်းကို ကြားခဲ့ချင်သည်။ ကြွယ်တိက မျက်မှောင်ကြုံ့သည်။
"အဲ့ဒီ လူလိမ်ပဲ ဖြစ်ပြန်ပြီ။ သူက ငါ့လူတွေကိုပဲ အကွက်ချ ကြံစည်နေတာ။ "
လန်ကြွယ်က ရပ်ပြီး သူ့ကို ကြည့်နေသည်။
" အဖေ ဘာကိုဆိုလိုတာလဲ။ "
ဧကရာဇ်က အေးစက်စက်နှင့် နှာခေါင်းရှုံ့သည်။
"အဲ့ဒီ ကံကြမ္မာဟောသူက လူလိမ်လေ။ သူက သူ့ရဲ့ စွမ်းရည်နဲ့ ဘယ်လို ထိန်းချုပ်တယ်။ ဘယ်လို အကွက်ချ ကြံစည်တယ် ဆိုတာကို အမြဲတစေ ကြွားနေကြ။ ဒါတွေ အားလုံးက သူ တွက်ချက်ထားတဲ့ အထဲမှာပဲ ပါလိမ့်မယ်။ ကျိုးချန်လင်း ပေါ်လာတယ် ဆိုတာကလည်း တိုက်ဆိုင်တာ မဖြစ်နိုင်ဘူး။ အဲ့ဒီလိုမှ မဟုတ်ရင် မင်းက ဘယ်လိုကြောင့် ကောင်းကင်မီးတောက်ဂြိုလ်မှာ ဟီရာနဲ့ တထေရာတည်း တူတဲ့လူကို သွားတွေ့ရမှာလဲ။ ကျိုးချန်လင်းက ဘုရင်မ အသွင်ပြောင်းလဲမှု ဆိုတဲ့ ရှားပါးတဲ့ စွမ်းအင်ကိုလည်း ပိုင်ဆိုင်နေသေးတယ်။ ဒါက မင်းအတွက် သီးသန့် လုပ်ပေးထားသလိုပဲ။ ဒီကိစ္စက ရုတ်တရက် ဖြစ်လာတယ်လို့ မင်း ထင်တာလား။ တိုက်ဆိုင်လွန်းတယ်လို့ မင်း မထင်ဘူးလား။ သူနဲ့ ပတ်သက်နေတာ သေချာတယ်။ မင်း ပြန်သွားတဲ့ အချိန်မှာ ဒါကို သေချာ သိရဖို့ စုံစမ်းဖို့ လိုအပ်လိမ့်မယ်။ သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူး ဆိုရင်တောင်မှ ငါက ငါ့ရဲ့ ကလေးကိုတော့ နယ်ရုပ် အဖြစ် မခံနိုင်ဘူး။ "
လန်ကြွယ် နှလုံးသားက အခုန်နှုန်း မြန်ဆန်သွားသည်။ ကျိုးချန်လင်း ပေါ်လာပြီးချိန်ကတည်းက သူ၏ ဘဝသည် သိသိသာသာ သက်ရောက်ခံရသည်။
ဆိုရိုးစကားတစ်ခုအတိုင်းပင် စိုးရိမ်ပူပန်မှုသည် တိမ်စိုင်ကဲ့သို့သော စုစည်းမှုမျိုးပဲ ဖြစ်ပေါ်လာစေလေသည်။ အကြောင်းမူကား ကျိုးချန်လင်းသည် ဟီရာနှင့် တူလွန်းသည်။ ဒါဟာ သူ၏ တွေးတောနိုင်စွမ်းရည်ကို အများကြီး သက်ရောက်သွားသည်။
ထိုအချိန်တွင် ကြွယ်တိက ထိုမေးခွန်းကို ကွက်တိ ထုတ်ပြလိုက်သောအခါ သူ၏ စိတ် မျက်နှာပြင်ပေါ်သို့ မေးခွန်းများကလည်း မြောက်တက်လာသည်။
"ဟုတ်တယ်။ အရာအားလုံးက တိုက်ဆိုင်လွန်းတယ်လို့ ထင်ရတယ်။ ချန်လင်းကလည်း သူ အလိုအပ်ဆုံးအချိန်မှာ အမြဲတမ်း ပေါ်လာတာ။ ပြောရမယ်ဆိုရင် သူမကြောင့်ပဲ။ သူက အဲ့ဒီ သုန်မှုန်အုံ့ဆိုင်းပြီး တစ်ယောက်တည်း အထီးကျန်နေတဲ့ အခြေအနေကနေ လွတ်မြောက်လာနိုင်ခဲ့တယ်။ ဖြစ်နိုင်တာက သူမက။ "
ထိုသို့ တွေးမိပြီးနောက် လန်ကြွယ်က တုန်သွားသည်။
ဧကရာဇ် ကြွယ်သိက ပြော၏။
"ဆက်ပြော။ "
လန်ကြွယ်က ဆက်ပြောသည်။ နောက်ပိုင်း ဝိုင် နတ်ဘုရားနှစ်ပါးနဲ့ ရှုပ်ထွေးခဲ့သည့် ကိစ္စအကြောင်းကိုလည်း ပြောပြသည်။ ကြင်နာမှုများ အကြောင်း ကြားသည့်အခါ ကြွယ်သိ၏ မျက်လုံးက မှေးကျဉ်းသွားသည်။ သို့သော် ဖြတ်မပြောတော့ပဲ တိတ်ဆိတ်နေသည်။
လော့ရှမ်းနီကမူ အလွန်အမင်း တည်ငြိမ်နေသည်။ သူမက လုံးဝ ဖြတ်မပြောပဲ ကြွယ်သိ၏ နံဘေးနားတွင် ငြိမ်ငြိမ်လေး နေပြီး နားထောင်နေသည်။
သူဟာ နောက်ပိုင်း အဖြစ်အပျက်များ အားလုံးကို ပြောပြလိုက်သည်။ ထိုထဲတွင် ပုတ်ရဟန်းမင်းကြီးမြို့စောင့်တပ်နှင့် အရှုပ်အထွေးအပြင် နောက်ပိုင်း ဆက်ဖြစ်သည့် ပြိုင်ပွဲ အကြောင်း ပြောသည်။
သူနှင့် ဆေးဆရာမ၏ ရင်းနှီးပုံ။ ဆေးဆရာမမှ ပြောပြသည့် ကျူးရှန်း အရှင်သခင် ဓားလေးလက် အကြောင်း စသည်ဖြင့် အားလုံးကို ပြောပြလိုက်သည်။
လန်ကြွယ်က ကျူးရှန်း နတ် ဓားလေးလက် အကြောင်း ပြောပြသည့်အခါ ကြွယ်သိနှင့် လော့ရှမ်းနီတို့ နှစ်ယောက်လုံး၏ အမူအရာက အံ့အားသင့်မှုများကို ဖော်ပြသည်။
ရှင်းလင်းစွာပင် သူတို့သည်လည်း ထို ဓားလေးလက်၏ အင်အားကို ကောင်းကောင်း နားလည်ထားကြလေသည်။
အပိုင်း ၅၀၂ ပြီး၏။
***