"ဆေးဆရာမက တော်တော် ကောင်းတာပဲ။ "
ကြွယ်သိကပင် ခေါင်းညိတ်သည်။
"ဒါပဲ။ ငါ ကောင်းကင်မီးတောက်လမ်းကို ပြန်ရောက်ပြီးတာနဲ့ အိမ်ပြန်လာခဲ့တာ။ အာ။ ဟုတ်တာပဲ အဖေ ပြောတာ မှန်တယ်။ ချန်လင်းက တကယ် အချို့ ရှုပ်ထွေးမှုတွေ ရှိနေနိုင်တယ်။ သူက ငါ့ကို လော့ရှန်းဂြိုလ်မှာ ငြင်းခဲ့တုန်းက အမူအရာက လုံးဝကို သဘာဝမကျဘူး။ အဲ့သည်အချိန်တုန်းက ငါလည်း စိတ်ဓာတ်ကျနေတာနဲ့ အများကြီး မစဉ်းစားမိဘူး အခုကြည့်ရတော့ တစ်ခုခု ဖြစ်နေတာ ဖြစ်မယ်"
သူ၏ သုန်မှုန်နေသော အမူအရာကို ကြည့်ခြင်းအားဖြင့် ကြွယ်သိဟာ ဇတ်ပိုးကို ဖြောင်းခနဲ အုပ်သည်။ လန်ကြွယ်က ယိုင်သွားသည်။
"ဟေ့ ဘာလို့ ရိုက်တာလဲ။ "
လော့ရှမ်းနီ၏ မျက်ခုံးက ပင့်တက်သွားပြီး ချက်ချင်း ထအော်သည်။ ရှင်းလင်းစွာပင် လန်ကြွယ်၏ အမေ ဆိုသော စကားက အသုံးဝင်သွားသည်။
ကြွယ်သိက သူ့ကို စူးစိုက် ကြည့်သည်။ အာဏာအပြည့်ကိုလည်း ဖော်ပြထား၏။ သူက ပြောသည်။
"ငါ့ကလေးကို သွန်သင်နေတယ် ဝင်မပါနဲ့။ "
လန်ကြွယ်ကို အများကြီး အံ့အားသင့်စေသည်မှာ လော့ရှမ်းနီက ချက်ချင်း ပါးစပ်ပိတ်သွားပြီး ဘာမှ ထပ်မပြောတော့ပေ။
ကြွယ်သိက လန်ကြွယ်ကို အေးစက်စွာ ကြည့်သည်။
"မင်းက မိန်းမ မရှိပဲ မနေနိုင်ဘူးလားဟင်။ ကြောက်စရာကောင်းတဲ့ရန်သူက အနားကပ်နေတာကို အသုံးမဝင်တဲ့ ကိစ္စတွေ စဉ်းစားမနေစမ်းနဲ့။ အဲ့တာကို ရပ်လိုက်စမ်းပါ။ အနည်းဆုံး ကျိုးချန်လင်းက မင်းအပေါ် မကောင်းတဲ့ ဆန္ဒ မရှိဘူး။ အဲ့ဒီ လူလိမ်က သူ့ကိုယ်သူ အရမ်းကို စိတ်အားထက်သန်မှု ရှိတယ် ညှာတာပေးတတ်တယ် စတေးမှုတွေ လုပ်တယ် ဆိုပြီးတော့ ထောင်လွှားနေကျလေ။ သူက မင်းကို အကွက်ချ ကြံစည်ခဲ့ရင်တောင်မှ မကောင်းတဲ့ ရည်ရွယ်ချက်ကြောင့် မဟုတ်တာ သေချာတယ်။ အနည်းဆုံးတော့ သူက လူလိမ် ဆိုပေမယ့်လည်း လူလိမ်ပေါ့။ မင်း အတွက် ပိုပြီး အရေးတကြီး လုပ်ရမယ့် ကိစ္စက မင်းကိုယ်မင်း အင်အားမြှင့်ဖို့ပဲ။ အဲ့ဒီ လူလိမ်က မင်းရဲ့ ကံကြမ္မာကို ကြိုးကိုင်တယ် ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ငါ လုံးဝ သဘောမကျဘူး ဆိုပေမဲ့လည်း မင်း ကောင်းကင်မီးတောက်လမ်းထဲမှာ အိမ်ခြေရာမဲ့လို လေလွင့် နေရတာထက်စာရင် အများကြီး ကောင်းသေးတယ်။ "
လန်ကြွယ်ဟာ တိတ်သွားသည်။
ဟုတ်တယ်။ သူ အဲ့ဒီ ကာလတုန်းက ထက်တောင် အများကြီး ပိုပြီး တက်ကြွလာတာ။ သူ့အဖေ ပြောတာမှန်တယ် လက်ရှိ အခြေအနေမျိုးမှာ သူ့ရဲ့ အင်အားကို တိုးတက်အောင် လုပ်တာက အရေးအကြီးဆုံးပါ။
ကြွယ်သိက မတ်တပ်ထရပ်ပြီး အပြင်သို့လျှောက်သည်။
"ငါနဲ့ လိုက်ထွက်ခဲ့။ "
လန်ကြွယ်ကလည်း ဖခင်ဖြစ်သူက သူ့အား ညွှန်ကြားချက်များ ပေးတော့မည် ဟု သိလိုက်သည်။ ထို့ကြောင့် ခပ်မြန်မြန် လိုက်သွားလိုက်သည်။
လော့ရှမ်းနီက နောက်မှ လိုက်လာသည်။ သို့သော် သူမက အဝေးကြီး အထိ မလိုက်လာပေ။ တံခါးကိုသာ မှီနေပြီးနောက် လူအိုကြီးနှင့် လူငယ်လေး တို့ကိုသာ ကြည့်နေသည်။
ကြွယ်သိက လက်ကို ရမ်းပြီး လန်ကြွယ်ကို အမူအရာ ပြသည်။ လန်ကြွယ်ကလည်း အနားသို့ ချက်ချင်း သွားကာ သူ့လက်ပေါ် လက်တင်သည်။
ကြွယ်သိက သူ၏ လက်ကို တဖြည်းဖြည်း စလှုပ်သည်။ သူ၏ လှုပ်ရှားမှုများက နှေးကွေးသည်။ သို့သော် စွမ်းအင်အပြောင်းအလဲများက လိုက်ပါလာသည်။
လက်ကို တွန်းသော အမူအရာသည် ထိုက်ချီမှာ အလွန်ပင် သာမန်ကျလွန်းသော အကွက်သာ ဖြစ်သည်။ လန်ကြွယ်ကလည်း ဒီနေရာမှ မထွက်ခင်ကတည်းက ရှင်းရှင်းလင်းလင်း မှတ်မိပြီးသား ဖြစ်သည်။ သို့သော် သူသည် ဆယ်စက္ကန့်ထက်ပိုပြီး မထိန်းနိုင်ပေ။
နှစ်ပေါင်းများစွာကြားပြီးနောက် သူတို့က လက်တွန်းသည့် အမူအရာကို ထပ်လုပ်ရပြန်သည်။ သူဟာ ချက်ချင်းဆိုသလို အာရုံကို စူးစိုက် လိုက်ပြီးနောက် သူ၏ ထိုက်ချီ နတ်သိုင်းက ယင်နှင့်ယန် ကို ထုတ်ဖော်ကာ ကြွယ်သိ၏ လှုပ်ရှားမှု အတိုင်း တဖြည်းဖြည်း လိုက်ပါလာသည်။
မမြင်ရသော စုပ်ဝဲတစ်ခုက ၂ ယောက်အကြားတွင်ပေါ်ထွက်လာသည်။ လန်ကြွယ် အတွက် ကြွယ်သိသည် ကျယ်ပြောလွန်းသော အသူရာချောက်ကြီးနှင့် တူသည်။ အရာအားလုံးကို စုပ်သွင်း သွားနိုင်၏။ သူသည်လည်း ထိပ်တိုက်ရင်ဆိုင် နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် ထို ဆွဲစုပ်အား နောက်သို့ လိုက်ပါသွားခဲ့ခြင်း အားဖြင့် သူ၏ ထိုက်ချီ နတ်သိုင်းကို အသုံးပြုကာ အားကို သွေးဖယ်သည်။ ထို့နောက် အဆုံးအနားမှ တောက်လျှောက် ကပ်ကာ သွားလာလေပြီး ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံး ထိန်းညှိ တည်ငြိမ်အောင် လုပ်ရန် ကြိုးစားလေသည်။
လန်ကြွယ် ကိုယ်ပေါ်တွင် အဖြူအမည်း အလင်းတန်းက စတင်ကာ ပေါ်လာသည်။ သူသည် ဇုန်အတွင်းသို့ တဖြည်းဖြည်း ဝင်ရောက် သွားသည်မှာ ပြိုင်ပွဲ စင်မြင့်ပေါ်သို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ ဒီနေရာမှ ထွက်သွားခဲ့ချိန်ကနှင့် နှိုင်းယှဉ် ကြည့်သော် သူ၏ အင်အားမှာ အများကြီး တိုးတက်လာပြီး ဖြစ်သည်။ သူဟာ သဘာဝကျကျပင် အရွယ်ရောက်လာပြီး ဖြစ်တယ်။ သို့သော် အရွယ်ရောက်လာ လေလေ သူ ဖခင်ဖြစ်သူထံမှ ခံစားရသည့် အင်အားကလည်း ပို၍ နက်ရှိုင်းလာ လေလေ ဖြစ်သည်။
တိုင်းတာ၍ပင် မရနိုင်တော့ပေ။ သူသည် အခုအခါမှသာ ဖခင်ဖြစ်သူက အင်အား အများကြီး မထည့်ထားမှန်း မြင်တာသည် သူက လက်ကို ရိုရိုရှင်းရှင်း စွာနဲ့ တွန်းထုတ်ထားသည် သို့သော် တစ်လောကလုံးက လက်အပြောင်းအလဲတိုင်း ပြောင်းလဲနေသည်နှင့် တူသည်။
အရာအားလုံးက လန်ကြွယ် လုံးဝ မလုပ်နိုင်သော အရာများ ဖြစ်နေသေးသည်။ သူသည် သူ၏ ကိုယ်ပိုင် လောက သေးသေးလေးကိုသာ ဖန်တီးနိုင်သေးသည်။ သူ၏ ထိုက်ချီ တိုင်းကို သုံးပြီး ချိန်ညှိနိုင်နေသေးသည်။ အတတ်နိုင်ဆုံး ကြိုးစားပြီး ယင်းသို့ ဝင်ရောက်ခြင်း အားဖြင့် ကြွယ်သိက ထုတ်လွှတ်သော လောကကြီးထဲသို့ တိုးဝင် နေရလေသည်။
ကြွယ်သိက စတင်ကာ လှုပ်ရှားသည်။ သူ၏ လှုပ်ရှားမှုများလေ နှေးသည်။ သို့သော် မြန်ဆန် ချောမွေ့နေကာ လန်ကြွယ်အား သူနဲ့ အတူ ရွေလျားမှုတိုင်း လိုက်ပါ ခေါ်ဆောင် သွားသည်။ သူ၏ လက်မောင်းများကလည်း လှုပ်ရှားမှု တစ်ခုချင်းစီ တိုင်းမှာ ကျော့ရှင်းသော စက်ဝိုင်း ခြမ်းများကို ထုတ်ဖော်နေသည်။
အစပိုင်းတွင် လန်ကြွယ်ဟာ အနည်းငယ် ယိုင်ထိုးနေသေးသည်။ သို့သော် ကိုယ်ပေါ်မှ အဖြူအမည်း အလင်းဟာ ရုတ်တရက် သိပ်သည်းသွားသည်။ ယင်ယန် သင်္ကေတက အနောက်ဖက်တွင် ထင်ရှားစွာ ပေါ်ထွက်လာသည်။ ချက်ချင်းဆိုသလိုပင် သူဟာ တည်ငြိမ် သွားသည်။ ကြွယ်သိ၏ လမ်းပြမှုက တစ်ဆင့် အလေးချိန် ပေါ့ပါးသွားသည့်အတိုင်း လိုက်ပါရွေ့လျား နေချိန်တွင် သူ၏ လက်များကလည်း အရှေ့ဖက်သို့ ဆက်တိုက် ဆိုသလို တွန်းနေပြီး ကြွယ်သိ၏ လှုပ်ရှားမှုနောက်သို့ လိုက်လေသည်။
သူတို့ နှစ်ယောက်ကို ကြည့်နေသော လော့ရှမ်းနီ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုကို ဖော်ပြလေသည်။ ထို့နောက် သူမသည် ခေါင်း အသာ ငြိမ့်သည်။ ဒါဟာ ထိုက်ချီ နိယာမကို နားလည်သဘောပေါက်ပြီးမှ ရောက်နိုင်သော အဆင့် ဖြစ်သည်။
ထို ကလေး သည် ငယ်ငယ် ရွယ်ရွယ် နဲ့ ထိုသို့ လုပ်နိုင်သည်။ ဆိုလိုသည်မှာ သူသည် ထိုက်ချီ အဆင့် မှာ အနှစ်သာရကို ဖမ်းဆုပ် မိနိုင်သွားပြီ ဖြစ်သည်။ တကယ်ကို မှတ်သား လောက်ပါပေရဲ့။
အချိန် က တစ်စက္ကန့်ချင်းစီ ကုန်လာသည်။ နောက်ဆုံး တွင် ကြွယ်သိ က ရပ်တန့်ကာ လက်များကို ညင်သာစွာ လှုပ်ကာ ချက်ချင်း ဆိုသလိုပင် လန်ကြွယ် က ထိပ်ဆုံး သို့ တိုးတက် သွားသကဲ့သို့ မြောက်တက် သွားပြီး နောက်တွင် ဆယ်ကြိမ်မက လှည့်ထွက် သွားပြီးမှသာ ရုတ်တရက် ရပ်သွားသည်။ သူဟာ သူ၏ လက်များကို အထက်မှ အောက်သို့ တဖြည်းဖြည်း လေလျှော့ ချလိုက်သလို သက်ပြင်း ချလိုက်သလို မျိုး အောက်သို့ ဖိချသည့် ညင်သာသော ဟန်အမူအရာ ကို လုပ်လိုက် ချိန် တွင် အမူအရာ ဟာ တည်ငြိမ် အေးဆေး နေသည်။ သူ၏ အနောက်ဖက် မှ ယင်ယန်ငါး ကလည်း အလင်းတန်း အဖြစ်ပြောင်းလဲကာ ခန္ဓာကိုယ် ထဲ ပြန်ဝင်သည်။
ကြွယ်သိက ခေါင်းသာ ငြိမ့်သည်။
" မဆိုးဘူး။ မင်း အခြေခံ ကို ဖမ်းဆုပ် မိထားတာပဲ ချုပ်ထိန်းတယ် ဆိုတာက မင်းရဲ့ အုတ်မြစ် ကို အများကြီး ခိုင်မာ သွားစေတယ် ဆက်ပြီး ကျင့် မင်း အများကြီး ပို ရလာလိမ့်မယ်"
"ဟုတ်ကဲ့"
လန်ကြွယ်က လေးနက်စွာဖြေသည်။ သူ၏ မျက်လုံး ကလည်း အံ့အားသင့်မှု တောက်ပမှု များကို ဖော်ပြ လေသည်။
တိုတောင်းသော အချိန်ကာလ အတောအတွင်း တွင် သူဟာ လက်ကို တွန်းထုတ် ထားရုံသာ လုပ်ထား သော်လည်း ကြွယ်သိကမူ သူ၏ စွမ်းအင် များကို ဆက်တိုက်ဆိုသလို စည်းချက်ကျကျ လမ်းညွှန် ပေးနေခဲ့ခြင်း ဖြစ်ပြီး သူ၏ ထိုက်ချီ အပေါ် ဆက်တိုက် ဆိုသလို တူများ ထု ပေးလျက် ကိုယ်ပိုင် စွမ်းအင် ကို ထုဆစ် ပေးနေသည် နှင့် တူသည်။
ဖြစ်စဉ်ကြီး တစ်ခုလုံး က အပေါ်ယံ တွင် သူဟာ ခုခံရသည့် ဘက်မှဟု ထင်ရ သော်လည်း အမှန်တကယ် အားဖြင့် လန်ကြွယ် ၏ စွမ်းအင် များဟာ ယုံကြည်သက်ဝင်မှု စွမ်းအား ကို စုပ်ယူ ပစ်ပြီး နောက် အဆင့် မြင့်တက် သွားခဲ့ခြင်း ဖြစ်လေရာ လျင်မြန်စွာပင် တည်ငြိမ်သွားခဲ့သည်။ ထို့ကြောင့် သူ၏ ထိုက်ချီ ၏ နိယာမ အပေါ် နားလည် သဘောပေါက်မှု ကလည်း ခိုင်မာ လာပြီ ဖြစ်ကာ နားလည် သဘောပေါက်မှု က နက်ရှိုင်း လာသည်။
ယင်နှင့် ယန် စွမ်းအင် အကြား မှာ အဆက်သွယ် လုပ်မှု က တစ်ဆင့် သူ့အား ပို ကြီးမားသော ဉာဏ် ကို ရရှိစေသည်။ ထိုသို့ဖြင့် ဆင်ခြင်သုံးသပ်ဉာဏ်က တိုးတက် လာစေပြီး နောက် ယင် သည်ယန် ၏ နောက်သို့ လိုက်သည်။ ယန်က ယင် ကို ဦးမော့ မြင့်တက် စေနိုင်၏။
ထိုသို့ဖြင့် အချင်းချင်း သဟဇာတ ဖြစ်ကာ လိုက်ဖက် ညီမှု ရှိပြီး ထောက်ပံ့ ပေးနေမှု များသည် သူ့အား ထိုက်ချီ လမ်းကြောင်း ထဲသို့ ပို၍ နက်ရှိုင်းစွာ ဝင်ရောက် သွားစေ လေသည်။
"ကျူးရှန်း ဓားလေးလက် နဲ့ ပတ်သက်ပြီး မင်း သတိထား ဖို့ လိုအပ်တယ်။ ဓားတွေက လောက ကို ဖျက်စီး နိုင်တဲ့ စွမ်းအား ကို ပိုင်ဆိုင် ထားတာ အမှန်ပဲ မင်း ကျူးရှန်း ဝင်္ကပါ ပုံစံ ခွက် ကို ရှာ တွေ့ နိုင်ရင်တော့ ဒီလောက က ဘယ်သူကမှ ဒီအား ကို ခံနိုင်တော့မှာ မဟုတ်ဘူး။ မင်း ဒီဓားတွေ ကို မ စုစည်း နိုင်ရင်တောင်မှ အနည်းဆုံးတော့ ဓား တစ်လက် ကိုတော့ ပိုင်နိုင် သင့်တယ်။ အဲ့သည်နည်းအားဖြင့် အနည်းဆုံး သူတို့ မင်း ကို မယှဥ်နိုင်တော့ဘူး။ မင်း က ဒီဓားကို ရွေးချယ် ပြီးပြီ ဆိုကတည်းက ငါ မင်း ကို ထိုက်ချီ နဲ့ လိုက်ဖက်တဲ့ ဓားသိုင်း သင်ပေး မယ်။ စွမ်းအား ချင်းယှဥ်ရင်တော့ ဓား နှစ်လက်ပူးပေါင်းတာကတော့ ပိုပြီ လေးစား ဖို့ ကောင်းတာပေါ့။ ဒါပေမယ့် ခုခံမှု အားဖြင့်ယှဥ်မယ် ဆိုရင်တော့ဒီလောက မှာ ဘယ်ဓားသိုင်းကမှ ထိုက်ချီကို မယှဥ်နိုင်ဘူး။ "
"ဟုတ်ကဲ့။ "
နောက်ရက်အနည်းငယ်အတွင်းတွင် လန်ကြွယ်သည် သစ်သားအိမ်ထဲတွင်နေပြီး ကြွယ်သိနှင့် နေ့တိုင်း ကျင့်ကြံသည်။
အတိတ် နဲ့ နှိုင်းယှဉ် ကြည့် သော် လက်ရှိ ကြွယ်သိ ဟာ သိသိသာသာ ငြိမ်းချမ်းလွန်းနေသည်။ လမ်းညွှန်မှုအများကြီးလည်း ပေးနိုင်သည်။ လန်ကြွယ် ဟာ သူ ကျင့်ကြံမှု တွေ ကြောင့် တွေ့ရသည့် အချို့သောပြဿနာ များအား ကြွယ်သိ ကို ညှိနှိုင်း တိုင်ပင် သည်။ သူ၏ ကျင့်ကြံခြင်းကို ပြန်လည်စတင်ရမှ ဖြစ်ပေါ် လာသောအတွေးများ အတွေ့အကြုံများကိုလည်း ပြောပြ သည်။ ကြွယ်သိ ကလည်း တစ်ခုချင်းစီ ဖြေရှင်း ပေးသည်။
ရက်အနည်းငယ်သာ ကြာသေးသော်လည်း လန်ကြွယ် သည် လုံးဝ ပြောင်းလဲ သွားသကဲ့သို့ ဖြစ်သွား သည်။ ထိုက်ချီ ဓားသိုင်းကို သင် နိုင်ခဲ့ရုံ တင် မကသေးဘဲ ထိုက်ချီ နတ်သိုင်း အပေါ် နားလည်သဘောပေါက်မှု အများကြီးလည်း ရရှိလာကာ ပို၍ နက်ရှိုင်း လာလေသည်။
ထို့သို့ဖြင့် သုံးရက် ထပ်ပြီး ကုန်သွားသည်။ ဗဟုသုတများကလည်း ပို၍ ခိုင်မာ လာသည်။
"ကောင်းပြီ ငါတို့ သည်မှာ သင်ဖို့ လုံလောက် ပြီ သွားမယ်"
ကြွယ်သိက အလုပ်ဝတ်စုံကို ပြောင်းဝတ်ထားပြီး လန်ကြွယ်ကို လက်ယမ်းပြနေသည်။
" အဖေ ဘယ် သွားမှာလဲ။ "
လန်ကြွယ်က အလျင်စလိုလိုက်ရသည်။
"သုတေတန အခြေစိုက်စခန်းကို သွားမယ်လေ။ မင်းပဲအဆင့်မြှင့်ချင်တာဆို ပစ္စည်းတွေအားလုံး ရှိနေပြီ မဟုတ်ဘူးလား။ မြန်မြန်လေး သွားလုပ် ရအောင် ပေါ့။ "
ကြွယ်သိက လေးနက်သောအသံနှင့် ပြောသည်။
လန်ကြွယ်က ကြောင်သွားသည်။
ဒါပေမယ့် ငါ ယူလာတဲ့ စွမ်းအင် ကျောက် တွေက မ လုံလောက် ဘူးလေ အမ် အချို့ စွမ်းအင် ကျောက် တွေကို ထပ်ထည့်ဖို့ တွေးထားသေးတာ"
ကြွယ်သိ "ငါ့မှာ နည်းနည်း ရှိ သေးတယ် ဒါပေမယ့် လောက်မှာ မဟုတ်ဘူး မင်းအရင်ဦးဆုံး စွမ်းအင်ကျောက် စက်ကိုပဲ အရင်လုပ်သွားလိုက်လေ။ ပြီးတော့မှ အဲ့ဒီ လွတ်နေတဲ့ နေရာအကွက်တွေမှာ စွမ်းအင်ကျောက်တွေ ရှာပြီး ထိုးထည့်လိုက်ပေါ့ ရတာပဲ။ "
"ဟုတ်ကဲ့။ " လန်ကြွယ်ဟာ တုန့်ဆိုင်းမနေတော့ပေ။
လောကတွင်ကြွယ်သိဟာ အင်အားအကြီးဆုံးအုပ်ချုပ်သူဟုသာ သိထားသည်။ သို့သော် သူ၏ အစစ်အမှန်နာမည် ဟာ ချီပုဖန်း ဖြစ်ပြီး သူသည်လည်း တရုတ် သိပ္ပံမဟာမိတ်သုသေသန အသိုင်းအဝိုင်းထဲမှာ ထိပ်တန်းအဆင့် သုတေသန ပညာရှင် ဖြစ်ကာ လူနည်းစု သာ သိကြ သည်။ သူ၏ အဆင့် အတန်း သည်လည်း စာဂျပိုးနှင့် ပညာသင်သားအိုကြီးတို့ထက် မနိမ့်ပါပေ။
သို့သော် သူသည် နောက်ခံ ကို ဖုံးကွယ် ရန် လိုအပ် သောကြောင့် နောက်ခံအသစ်တစ်ခုနှင့်သာ ပေါ်လာတတ်ခြင်းအားဖြင့် အခြားနှစ်ယောက်လောက်မကျော်ကြားဖြစ်သည်။
လော့ရှမ်းနီ ကလည်း ထိုနေရာတွင်သာ အခြေချနေ နေသည်။ သူမ ပထမ ဦးဆုံး ရောက်လာ ခဲ့သည့် နေ့ က ကြမ်းတမ်းသော စိတ် ကို ပြသ ခဲ့ခြင်း က လွဲပြီး နောက်ပိုင်းတွင် ဆက်တိုက် ဆိုသလို ညင်သာ ကျော့ရှင်းစွာ နေတယ်။ သို့သော် သိသာသည့် အချက် တစ်ခု ရှိသည်။ ကြွယ်သိ ရှိသောနေရာ အနားတွင် သူမလည်း ရှိနေသည်။ ဘယ်တော့အခါမှ ဝေးဝေးတွင် မနေတတ်ပေ။
လန်ကြွယ်သည်လည်း လော့ရှမ်းနီအကြောင်း မမေးခဲ့ပါပေ။ ကြွယ်သိကလည်း ပြောချင်ပုံ မရပေ။ နဂို အတိုင်းသာဆက်ဖြစ်နေသည်။ လွန်ခဲ့သော ရက်အနည်းငယ် အတွင်းတွင် လန်ကြွယ်က သူ၏ ကျင့်ကြံမှု့ကိုသာ အာရုံစိုက်ထားသည်။
ထို့ကြောင့် သူတို့ သုတေသနအခြေစိုက်စခန်းသို့ သွားသောအခါ လော့ရှမ်းနီက လိုက်လာသည်။
ကြွယ်သိက လော့ရှမ်းနီကို ကူကယ်ရာမဲ့သလို ကြည့်သည်။
"ရှမ်းနီ မင်း သွားသင့်ပြီ။ ဒီနေရာက မင်းအတွက် မသင့်တော်ဘူး။ မင်းက စည်ကားတဲ့ နေရာတွေ ကြိုက်တာလေ။ ဒီနေရာက ပျင်းစရာကောင်းတယ်။ မင်းအတွက် မကောင်းပါဘူး"
လော့ရှမ်းနီက သူ့ကို အေးစက်စွာ ကြည့်သည်။
"နင်က ငါ့ကို ထပ်ပြီး ကန်ထုတ်ချင်နေတာလား။ ငါ နင့်ကို ပြောမယ်နော်။ စဥ်းတောင် မစဉ်းစားနဲ့။ ငါ ဒီတစ်ခေါက် နင်နဲ့ ကပ်နေတော့မှာ။ နင် ဘာပဲပြောပြော ငါ မသွားဘူး။ နင် သတ္တိရှိရင် လာသတ်ကြည့်စမ်းပါ။ ဟမ်။ နင် ငါ့ကို သတ်ရဲလို့လား။ နင် အမြဲတမ်းပဲ ရက်စက်တာ မဟုတ်ဘူးလား။ နင် ငါ့ကို သတ်လိုက်ရင် ဒါဆို ငါ နင့်ကို ပြဿနာ မရှာနိုင်တော့ဘူး"
ကြွယ်သိက ကူကယ်ရာမဲ့စွာ ပြောသည်။
"အားကြွယ် ဘာပြောလဲ မကြားဘူးလား။ လူလိမ်က သေတော့မှာတဲ့။ ကောင်းကင်မီးတောက်လမ်းက အုပ်စိုးမဲ့ လူလိုနေပြီ။ မဟုတ်ရင် မင်းက အဲ့ဒီတပည့်တွေ မြေးတပည့်တွေ အနိုင်ကျင့် ခံရတော့မှာလေ။ မင်း ဘာလို့မြန်မြန်ဆန်ဆန် မပြန်တာလဲ။ မစိုးရိမ်ပါနဲ့။ ငါ ထွက်မပြေးဘူး။ ငါ ဒီနေရာကဘဝကို ကျင့်သားရလာပြီ။ မင်း သာဆန္ဒရှိတဲ့ အချိန်မရွေး ပြန်လာ။ ငါ စောင့်နေမယ်"
"ငါ မသွားဘူး" လော့ရှမ်းနီက ချက်ချင်း ဖြတ်ပြောသည်။
ကြွယ်သိက သက်ပြင်းချသည်။
"ငါ မိန်းမတွေကို စိတ်မဝင်စားဘူး"
လော့ရှမ်းနီ "ငါ နင့်ကို စိတ်ဝင်စားရင် လုံလောက်ပြီလေ။ "
ကြွယ်သိ "ငါ့အသက် ကြီးနေပြီ။ "
လော့ရှမ်းနီ " ငါလည်း မငယ်တော့ဘူး။ "
ကြွယ်သိ "..."
လော့ရှမ်းနီဟာ နူးညံ့စွာ ဝင်ပြောသည်။
"နင် အသက်ကြီးတဲ့ အရွယ်မှာ နင့်ကို အဖော်ပြုမယ့် တစ်ယောက်ယောက် ရှိတာ မကောင်းလို့လား။ ကြည့်။ ငါ နင့်ကို နှစ်ပေါင်းများစွာ ရှာနေခဲ့တာနော်။ ငါ နင့်အတွက် ဘာမဆို ပြောင်းလဲဖို့ ဆန္ဒရှိနေတာ။ နင် ငါ စိတ်ကြီးတာ မကြိုက်ဘူး ဆိုတာ သိတယ်။ ဒါကြောင့်ပဲ နင် ငါ့ကို ထားခဲ့တာ မဟုတ်ဘူးလား ငါ ညင်သာတဲ့သူ ဖြစ်နိုင်ပါတယ်။ နင် ငါ့ကို မကျေနပ်သေးဘူး ဆိုရင်လည်း နင် ငါ့ကို ပြောလေ။ ငါ ဘာလုပ်ရမလဲ။ ငါ့ကို ဘာလုပ် စေချင်လဲ။ နင် ပြောလို့ရတာပဲ။ ငါ လုပ်မှာပေါ့ ဘာဖြစ်ဖြစ် ငါ မသွားဘူး ငါနင်နဲ့ပဲ နေမှာ"
"အဲ့ဒီကတည်းက ငါတို့က အချင်းချင်း မသင့်တော်ဘူးလို့ ငါ မင်းကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသား။ ငါ သွားမယ့် ငါ ဦးတည်ထားတဲ့ လမ်းကြောင်းက မင်း ဦးတည်ထားတဲ့ လမ်းကြောင်းနဲ့ မတူဘူး။ ငါက တစ်နေရာမှာ တည်တည်ငြိမ်ငြိမ် နေနေနိုင်တဲ့ သူမျိုး မဟုတ်ဘူး။ ငါက သည်လောကက လှပတဲ့ အရာတွေ အများကြီးကို တွေ့ကြုံ ခံစားချင်သေးတယ်။ ငါ တစ်ဘဝလုံး ငြိမ်ငြိမ် မနေနိုင်ဘူး။ "
လော့ရှမ်းနီ " ဒါဆို ငါလည်း နင်နဲ့ လိုက်မှာပေါ့။ နင် ဘယ်ကို သွားချင် သွားချင် ငါ လိုက်မယ်လေ။ "
ကြွယ်သိက အော်သည်။
"မင်း ဘာလို့ နားမလည်တာလဲ ဟမ်။ ငါ လိုချင်တာ လွတ်လပ်မှု။ ငါ ဘယ်သူနဲ့မှ ရှုပ်ထွေး မနေချင်ဘူး။ အနှောင့်အယှက်တွေ မလိုချင်ဘူး။ မင်းက မိန်းမကောင်း တစ်ယောက်ပါ။ ငါကသာ မကောင်းတာ။ ငါက အမှိုက်ကောင်ပါ။ ငါက လူယုတ်မာ ဟုတ်တယ်။ ဘာလို့ ငါနဲ့ပဲ အတူ ရှိချင်နေရတာလဲ။ ငါ ငါ့ရဲ့ ဘေးနားမှာ တစ်ယောက်ယောက် အတင်း ကပ်တွယ်နေတာ ငါ တကယ် သည်းမခံနိုင်ဘူး။ မင်း နားလည်လား"
လော့ရှမ်းနီက တိတ်သွားသည်။
တစ်ဖက်ခြမ်းတွင် ထိုင်နေသော လန်ကြွယ်ကလည်း ဆက်ပြီး မကြည့်နိုင်တော့ပေ။ အား။ သူ့အဖေက တကယ်ကို အမှန်တိုင်း ပြောလိုက်တာ။
သူက တကယ်ကို အမှိုက်ကောင်။ လူယုတ်မာ မျက်နှာများတဲ့ ကောင်။
အပိုင်း ၅၀၃ ပြီး၏။
***