ကြွယ်သိ၏ အမူအရာကလည်း တည်ငြိမ်သွားသည်။ အခန်းက လှုပ်ခါသွား၏။ နောက်ဆုံး အနေနဲ့ ဦးတည်ရာသို့ ရောက်သွားပြီဖြစ်သည်။
ကြွယ်သိက အရင်ဦးဆုံး မတ်တပ်ထိုင်ရကာ ထွက်သွားလေသည်။ လန်ကြွယ်က လော့ရှမ်းနီကို ကြည့်ကာ စိုးရိမ်တကြီး ခေါ်လေသည်။
" အမေ။ "
လော့ရှမ်းနီက ရုတ်တရက် ပြုံးသည်။
"မစိုးရိမ် ပါနဲ့။ ငါ အဲ့ဒီလောက် အလွယ်တကူ အရှုံး မပေးပါဘူး။ သူက ငါ့ကို ထွက်သွားစေချင်လေလေ ငါ မသွားလေလေပဲ။ တစ်ရက်မှာ သူ့အနားမှာ ငါ ရှိတာကို သူ ကျင့်သားရသွားလိမ့်မယ်။ လာ လာလာ သွားမယ် သွားမယ်။ "
လန်ကြွယ်နှင့် လော့ရှမ်းနီတို့က အခန်းထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ လန်ကြွယ်သည်လည်း ထိုလူကြီး နှစ်ယောက် ကြားမှ ရှုပ်ထွေးသော ခံစားချက် အတွင်း ဝင်ပါလို စိတ် မရှိသလို ဝင်လည်း မပြောရဲပေ။ သို့ရာတွင် သူသည် လော့ရှမ်းနီဘက်သို့ အနည်းငယ် ယိမ်းနေပြီးဖြစ်သည်။
အဖေ ပြောတာ မှန်တယ်။ သူက တကယ်ကို အငြိမ် မနေနိုင်တဲ့သူ။ သူနဲ့ လန်ချင် ငယ်ငယ်တုန်းကတောင်မှ သူ့အဖေက မကြာခဏ ပျောက်ပျောက် သွားတာ။ ဆိုတော့ တစ်ရက် နှစ်ရက် လောက် ပျောက်သွားတာကတောင် ပုံမှန်လို ဖြစ်နေတာ။
"ချီပုဖန်း။ "
လော့ရှမ်းနီက ရုတ်တရက် ထအော်လေသည်။
ကြွယ်သိက ခေါင်း လှည့်ကြည့်သည်။
"မင်း သိပြီလား။ "
လော့ရှမ်းနီက တည်ငြိမ်စွာ ပြုံးသည်။
"ငါ သိပြီ။ နင် ငါ့ကို မလိုချင်ဘူး ဟုတ်တယ်မလား။ "
ကြွယ်သိ၏ အမူအရာဟာ အနည်းငယ် နူးညံ့ သွားသည်။ သူဟာ ခြောက်ကပ်စွာ ပြုံးသည်။
"ငါ မလိုချင်တာ မဟုတ်ဘူး။ ငါ မယူရဲတာ။ ငါ ငါ့ကိုယ် ငါ ကောင်းကောင်း သိတယ်။ ငါ ဘယ်တော့မှ တည်ငြိမ် နိုင်မှာ မဟုတ်ဘူး။ ငါ မင်းကို တကယ် သဘောကျတာ ငါ သိပါတယ်။ ဒါပေမယ့်။ "
"တော်ပြီ တော်ပြီ တော်ပြီ။ ငါ သွားတော့မယ်။ "
ထိုသို့ပြောပြီးနောက် လော့ရှမ်းနီက ထွက်သွားလေသည်။
အပြောင်းအလဲက မြန်လိုက်တာ။ မသွားဘူးလို့ ပြောထားတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး သွားပြန်တာလဲ။
လန်ကြွယ်က လုံးဝ မှင်သက်သွားသည်။ ကြွယ်သိလည်း အလားတူ ဖြစ်၏။ သူသည်လည်း လော့ရှမ်းနီကို ကောင်းကောင်း သိသည်။ ထို အမျိုးသမီးသည် ဉာဏ် ကောင်းလွန်းသည်။ သူတို့၏ ဆက်ဆံရေးသည် နှစ် တစ်ရာ နီးပါး ရှုပ်ထွေး နေခဲ့ခြင်း ဖြစ်သည်။ သူတို့သည် လမ်းခွဲလိုက် ပြန်ဆက်လိုက်နှင့် အကြိမ်ပေါင်းများစွာပင် ကြာခဲ့သည်။
သူမ ဒီလောက် အလွယ်တကူကြီးအရှုံး ပေးလိုက်တာလား။ မဟုတ်သေးဘူး။ တစ်ခုခုတော့ မှားနေတယ်။ သူမနဲ့တောင် မတူတော့ဘူး။
သူဟာ တွေးတောနေသည့် အချိန်တွင် ကြွယ်သိ ကိုယ်တိုင်ကလည်း သံသယ ဝင်လာသည်။
ဒီလောက် လွယ်နေတာလား။
လော့ရှမ်းနီသည် အမှန်ပင် ထွက်သွားလေသည်။ အနောက်ပင် လှည့်မကြည့်သွားချေ။ သူမ၏ အတွေးကိုလည်း မည်သူကမျှ မသိနိုင်ပေ။ သို့သော် ကြွယ်သိနှင့် လန်ကြွယ်တို့ ၂ ယောက်လုံးကလည်း တစ်စုံတစ်ရာဟာ မှားယွင်း နေသည်ဟု ခံစားရသည်။
"ငါ နဲ့ လိုက်ခဲ့။ "
ကြွယ်သိက လန်ကြွယ်ကို လက်ယမ်းပြသည်။ လန်ကြွယ်က ခပ်မြန်မြန် လိုက်သွားသည်။
သိပ်မကြာခင်မှာပင် သူတို့က ကျယ်ပြောသော သတ္တုကန်ထဲသို့ ရောက်သွား၏။ ထိုနေရာသည် မတ်ရှ်ထုတ်လုပ်သော အလုပ်ခန်းတစ်ခုဖြစ်သည်။ အမျိုးမျိုးသော စက်ပစ္စည်းများ အပြည့်အစုံ ရှိသည်။
"မင်းရဲ့ ဆွဲထားတဲ့ ဒီဇိုင်း ပုံစံ အကြောင်းကို ပြစမ်းပါဦး။ "
ကြွယ်သိသည် အမြဲတစေ ဆုံးဖြတ်ချက် ပြတ်သားသည်။ ပြောရဆိုရလည်း လွယ်သည်။ လော့ရှမ်းနီ မရှိတော့သည့် အခါ သူသည် စိတ်အေးစွာ သက်ပြင်းချသည်။ သူ၏ အမြင် အရ သူ၏ အာရုံခံမှုက တစ်ဆင့် ထို အမျိုးသမီးသည် တကယ် ထွက်သွားပြီး ဖြစ်သည်။
လန်ကြွယ်ကလည်း သူ ဆွဲထားသော ပုံစံ အကြမ်းကို ကွန်ပျူတာ ထဲတွင် တိတ်တဆိတ် မိတ္တူကူးလိုက်သည်။
ခရမ်းရောင် ကြယ်စင် အရပ်သား အာကာသ သင်္ဘော အခြေစိုက်စခန်းတွင် ဖြစ်သည်။
လန်းလန်းဆန်းဆန် ဖြစ်စေမည့် ဝတ်စုံကို ပြောင်းလဲ ဝတ်ဆင် ပြီးသည်နှင့် လော့ရှမ်းနီဟာ အာကာသသင်္ဘော ပေါ်သို့ တက်သည်။ ပထမတန်း အဆင့် ထိုင်ခုံတွင် ဝင်ထိုင်ပြီးနောက် ဆိုးသွမ်းစွာ ပြုံးနေသည်။
"ချီပုဖန်း မျိုးမစစ်အိုကြီး ဟင်းဟင်း။ နင် ငါ့ကို အကြာကြီး အချိန် ဆွဲထားတာ။ အဲ့ဒီနောက် ငါ နင့်ကို ကိုယ်တိုင် လာရှာဖို့ မလိုတော့ဘူး ဟိဟိဟိ။ "
ထိုအချိန်တွင် သာယာသော အမျိုးသမီး စက်ရုပ်သံ ထွက်လာသည်။
"ခရီးသည်တွေအားလုံး ဒီလေယာဉ်ပေါ်ကို တက်လာတာ ကြိုဆိုပါတယ်။ ငါတို့၏ ဦးတည်ရာကတော့ ကောင်းကင်မီးတောက် ဂြိုလ် ကောင်းကင်မီးတောက် မြို့ပါ။ "
အန်လွန်းဂြိုလ်တွင် ဖြစ်သည်။
လန်ချင်က ကြီးမားသော ပြတင်းပေါက်ကြီးအနားတွင် ရပ်နေရင်း အပြင်ဘက်မှာ ရှုပ်ထွေးသော မြင်ကွင်းပေါ် ကြည့်နေသည်။ သူ၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းက လက်လာ၏။
ကံကြမ္မာဟောသူနှင့် ပြောထားသည့် အချိန်က နီးလာပြီ ထွက်သွားဖို့ ပြင်ဆင်သင့်နေပြီ။
အန်လွန်းဂြိုလ်သည် အခုအခါ ကြီးမားသော စက်ကြီးနှင့် တူသည်။ ဆက်တိုက်ဆိုသလို လည်ပတ်နေရသည်။ တရုတ် မဟာမိတ်မှာ အရေးအကြီးဆုံး စစ်ဘက်ဆိုင်ရာ ဂြိုလ် တစ်ခု ဖြစ်သည့် အနေနှင့် ဆက်တိုက်ဆိုသလို ရရှိလာသည့် အရင်းအမြစ်များကိုလည်း လက်ခံနေရသလို စစ်ဖက်ဆိုင်ရာ ချဲ့ထွင်မှုများကိုလည်း လုပ်ဆောင်နေရသည်။ အန်လွန်းဂြိုလ်ပေါ်မှာ လေ့ကျင့်မှုများသည်လည်း သိသိသာသာ ပြင်းထန်လာသည်။
ဘိဘိ။
"အားချန်။ "
လန်ချင်က ကြယ်တာရာ ဆက်သွယ်ရေးကို ချိတ်ဆက်လိုက်သည်။
"ခေါင်းဆောင်။ ငါတို့ ထျန်းဟော်ဂြိုလ် ကို ဘယ်တော့သွားမှာလဲ။ "
ချူချန်း၏ ပျင်းတိပျင်းရွဲ့ အသံက ထွက်လာသည်။
"ငါ သဘက်ခါ သွားမယ်။ "
လန်ချင်က ဖြေလိုက်သည်။
"အိုး။ ငါလည်း ထွက်ဖို့ အသင့် ပြင်ရတော့မယ် ထင်တယ်။ စကားမစပ် ငါ အဲ့သည် ကလေး အားကြွယ်ကို အခုတစ်လော မတွေ့မိဘူး။ သူ ပျောက်သွားသလိုပဲ။ ငါ ခေါ်တော့လည်း မကိုင်ဘူး။ လဝက် ကျော်လောက် ကြာပြီနော်။ သူ ဘယ် သွားလည်း မသိဘူး"
လန်ချင် "အဆင်ပြေတယ် သူ အချိန်မှီ ရောက်လာလိမ့်မယ်။ "
ချူချန်း "မြောက်ပိုင်း မဟာမိတ်ရဲ့ လေထုက တော်တော်လေး တင်းကျပ်နေတာ။ ကြယ်စနစ် အဆုံးဘက်က ဂြိုလ် တော်တော်များများက စပြီး ရွှေ့ပြောင်း နေကြပြီ။ အာကာသ ခံတပ်တွေကလည်း လှုပ်ရှားမှုတွေ များလာတယ် ခေါင်းဆောင်။ ခေါင်းဆောင်ဘက်က ဘာ သတင်းရလဲ။ "
လန်ချင် " စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်။ "
ချူချန်းက ရယ်သည်။
"မင်းက အရင်က အတိုင်း ပျင်းဖို့ ကောင်းနေတုန်းပဲ ဟ။ စကားမစပ် အခု အားကြွယ်ကလည်း အရမ်း အင်အား ကြီးလာပြီ ဆိုတော့ မင်း သူ့ကို နိုင်သေးလားလို့ ငါ သိချင်မိတယ်။ "
လန်ချင် "အားကြွယ်က ပြောတယ်။ မင်းလည်း အရမ်း အင်အား ကြီးလာတယ်တဲ့။ "
" အာ။ ခေါင်းဆောင်။ ငါ ဘာမှ မပြောခဲ့သလို ဟန်ဆောင် ပေးပါလား။ "
ဖုန်းကို ချလိုက်ချိန်တွင် လန်ချင်၏ မျက်နှာတွင် အပြုံးက ပေါ်လာသည်။
"သတင်း ပို့။ "
"ဝင်ခဲ့။ "
"မာရှယ့်ကို တင်ပြပါတယ်။ သံမဏိ သွေးရန်ဟွမ် တပ်ရင်းက စစ်ဆေးမှု အတွက် အသင့်ပါပဲ။ "
ဗိုလ်ချုပ် အဆင့် ရာထူးရှိသော အရာရှိ တစ်ယောက်က အလေးပြုထားရင်း တင်ပြသည်။
"ကောင်းပြီ။ "
လန်ချင်က ခေါင်းညိတ်လိုက်သည်။
"သွားမယ်။ "
သံမဏိ သွေးရန်ဟွမ် တပ်ရင်းသည် အန်လွန်းဂြိုလ်ကို ပြန်လည် ဖွဲ့စည်းပြီးနောက် ဖန်တီးထားသော မတ်ရှ်တပ်ရင်း တစ်ခု ဖြစ်သည်။ နောက်ဆုံးပေါ် ရန်ဟွမ် မတ်ရှ်များဖြင့်သာ ဖွဲ့စည်းထားပြီး တိုက်ခိုက်ရေးမတ်ရှ်သုံးထောင် ပါဝင်သည်။
မတ်ရှ်လေယာဉ်မှူး တစ်ယောက်ချင်းစီ တိုင်းက အနည်းဆုံး ကျင့်ကြံခြင်းအဆင့်လေးတွင် ရှိသော သဘာဝလွန် စွမ်းအင်ရှင်များ ဖြစ်သည်။
ထို တပ်ရင်းသည် လန်ချင်က လျှောက်လာသည့် လမ်းကြောင်း ဖြစ်သည်။ ထိုသို့အားဖြင့် တပ်ဖွဲ့ဘက်မှ အသိအမှတ်ပြုကာ တည်ထောင်ခွင့် ပေးခဲ့ခြင်း ဖြစ်သည်။ ဒါဟာ လန်ကြွယ်၏ အထူး လေ့ကျင့်ရေး ပရိုဂရမ် ထံမှ အကြံ ရသွားခြင်း ဖြစ်သည်။
မတ်ရှ်တပ်ရင်း တစ်ခုသည် အာကာသပြင် ပျောက်ကြား စနစ် တိုက်ခိုက်သည့် အခြေအနေ မျိုးတွေ ကြီးမားသော အဖွဲ့အစည်းကြီး ဖြစ်နေရန် မလိုအပ်ပေ။ သို့သော် တရုတ် မဟာမိတ် တစ်ခုလုံးမှ အထူးချွန်ဆုံးသော သဘာဝလွန် စွမ်းအင်ရှင် မတ်ရှ်လေယာဉ်မှူး အများစုဖြင့် ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်လေသည်။ ထို တပ်ရင်းမှာ ဗိုလ်ချုပ်ကြီးသည်လည်း အခြားသူ မဟုတ်ပဲ ပရိုမီးသီးယပ်စ်ဆိုသော အန်လွန်း စစ်နတ်ဘုရား လန်ချင် ဖြစ်လေသည်။ သံသယဝင်စရာ မလိုလောက်အောင် ကျူးကျော်ဝင်စီးသူများ ပေါ်လာသည်နှင့် အစစ်အမှန် တိုက်ပွဲကြီးက စတင်မည် ဖြစ်ကာ ထိုတပ်ရင်းကလည်း စစ်ပွဲ၏ ရှေ့တန်းတွေ ပေါ် ထွက်လာပေလိမ့်မည်။
...
နတ်ဘုရားတို့၏ ဘုရင်... ဇု။
နံပါတ် တစ်က အဆုံးအစမဲ့သော စကြာဝဠာထဲတွင် ဖြတ်သန်းသွားလာ နေသည်။ အရှိန်နှုန်းသည် နှေးကွေး သည်ဟု ထင်ရသော်လည်း ဖော်ပြရန် ခက်ခဲလောက်အောင် မြန်နေသေးသည်။ အလင်း၏ အရှိန်နှုန်း နှစ်ဆ နီးပါး ခန့် ပျံသန်း နေခြင်း ဖြစ်ကာ သာမန် အာကာသ သင်္ဘောများထက် စီး၍ ကောင်းသည်။ သို့သော် ထို အရှိန်နှုန်း သည် အကန့်အသတ် မဟုတ်သေးပေ။
ဇု နံပါတ် တစ်တွင် လူ တစ်ယောက် ထဲသာ ရှိသည်။ ဒါဟာ မတ်ရှ် တိုက်ခိုက်ရေး တပ်ရင်း တစ်ခုလုံး အတွက်ပင် ဆန့်သော ထို စစ် သင်္ဘောကြီး အတွက် ရှင်းလင်း လွန်း နေသည်။
လန်ကြွယ်က အဓိက ထိန်းချုပ် ထိုင်ခုံ တွင် ထိုင်နေပြီး ဖျော့တော့စွာ ပြုံးနေသည်။
ထို နတ်ဘုရင် နံပါတ် တစ်သည် အမှန်ပင် မှင်သက်ဖွယ်ရာ ဖြစ်သည်။ ဇု နံပါတ် တစ်တွင် ထည့်ထားသော အသစ်စက်စက် မွန်းမံ ပြင်ဆင်ထားသော ကိုယ်ရောင် ဖျောက်နိုင်သည့် စွမ်းရည်မျိုး မရှိခြင်း က လွဲပြီး အခြားသော အဖက်ဖက် တိုင်းတွင် ဇု၏ အသီးသီးသော ယာဥ်တိုင်းကို သာလွန်နေပြီးသား ဖြစ်သည်။ သူဟာပို၍ကြီးသည်။ ပို၍လည်း အင်အားကြီးမားသည်။ သိသာ ထင်ရှားစွာ သာလွန် သည့် အရှိန် အမြန်နှုန်းနှင့် အားသာချက် ရှိနေသည်။
ဒါဟာ ဖခင် ဖြစ်သူက သူ ထွက်မလာခင် ပေးလိုက်ခြင်း ဖြစ်သည်။ ထို့နောက် ဖခင် ဖြစ်သူကလည်း ထွက်သွားသည်။ သူကမူ ဇု နံပါတ် နှစ် ကို စီးသွားသည်။ ကြွယ်သိကလည်း လော့ရှမ်းနီသည် လျင်လျင်မြန်မြန် ထွက်သွားခဲ့သည်မှာ မကောင်းသော ရည်ရွယ်ချက် ရှိနေရမည်ဟု ခံစား မိနေ ပုံရသည်။ သူမ ဘာ ဆက် လုပ်မလဲ မသိနိုင် သေးပေ။ ထို့ကြောင့် ကြွယ်သိကလည်း မခန့်မှန်း ချင်သည့် အလျောက် ထွက်သွားရန် ဆုံးဖြတ် လိုက်သည်။
လန်ကြွယ်က ခရမ်းနီရောင် သလင်းတုံးကြီး၏ အရှေ့တွင် လဲနေခြင်း ဖြစ်သည်။ ကြွယ်သိက စစ်ဆေးခဲ့ပြီးနောက် လန်ကြွယ်၏ အရှေ့တွင် ခရမ်းနီရောင် သလင်းတုံး ရှိနေသည်။ ကြွယ်သိ ကိုယ်တိုင်က စစ်ဆေးခဲ့ပြီးနောက် ထိုသလင်းတုံးထဲတွင် သိပ်သည်းလွန်းစွာ မြောက်မြားလွန်းသည့် အသက်စွမ်းအင်များ ပါဝင်ကြောင်း သဘာဝလွန် စွမ်းအင် ပညာရှင်များ၏ စွမ်းအင်အမြူတေနှင့်ပင် တူကြောင်းပြသည်။
ထိုသလင်းတုံးသည် အပြင်ဘက်မှ ကျူးကျော်လာမည့် သားရဲကောင်ကြီးများ၏အမြူတေ ဖြစ်နိုင်သည်။
ထို သလင်းတုံး ထဲတွင်ပါဝင်သော စွမ်းအင်များ S အဆင့် စွမ်းအင်ကျောက်နှင့်ပင် ယှဥ်နိုင်သည်။ ယခင်က သူသည် ထိုက်ဟွားဂြိုလ်ပေါ်တွင် ရရှိခဲ့သော သလင်းတုံးက ပညာသင်သားအိုကြီးနှင့် စာဂျပိုးတို့၏ အသက်ကို ဆန့်ပေးနိုင်ခဲ့သည်။စာဂျပိုး၏ အရှင်သခင်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းက အဲ့ဒီသလင်းတုံးနှင့် ပတ်သတ်နိုင်သည်။
ထိုအကြောင်းပြချက်ကြောင့်လည်း လော့ရှင်း၏ ကယ်ဆယ်ရေး စီမံကိန်း ကို လုပ်ဆောင်နေသည့် အတောအတွင်းတွင် ထိုဆရာကြီးနှစ်ယောက်လုံးကလည်း လန်ကြွယ်အပေါ် အကြွေး အများကြီးတင်နေသလို ခံစားနေကြခြင်း ဖြစ်သည်။
သူ၏ အရှေ့မှ ထိုသလင်းတုံးအတွင်း ရှိအသက်စွမ်းအင်များသည် မသန့်စင်မှု များလွန်းသည်။ ထို့ကြောင့် ပိုဆိုက်ဒန်၏ မျက်ရည်နှင့် သန့်စင်ပြီးမှသာ အသုံးပြု နိုင်လောက်မည်။
သူ ဖခင် ဖြစ်သူထံမှရရှိလာသည့် အချက် အလက်များ အတိုင်း ဆို လျှင် ထို ကဲ့သို့သော သလင်းတုံးများ သည် လူသား နှင့် ကျူးကျော်သူများ အကြားမှ တိုက်ပွဲတွင်ပေါ်လာခဲ့ပြီးသား ဖြစ်သည်။ အားလုံး ကို သေဆုံး သွား သည့် ခရမ်းနီရောင် သတ္တဝါများက ချန်ထားရစ်ခဲ့ခြင်း ဖြစ် သည်။ အချို့သောသူများဆိုလျှင် ပင်လယ်ဝိညာဉ် ဂြိုလ်သို့ သွားကာ ပင်လယ်နတ်ဘုရား မျက်ရည်များကို စတင်ကာဝယ်ယူနေကြသည်။ အားလုံးထဲတွင် ပထမဦးဆုံးလှုပ်ရှားသည်မှာ ကောင်းကင်မီးတောက် လမ်းဖြစ်သည်။ သူတို့သည် အကျိုးအမြတ် အများဆုံးရလိုက်သည်။
ဇုဟယ်က ထိုသို့ ပစ္စည်းများဝယ်ယူမှုတွင် ကောင်းကင်မီးတောက် လမ်းကို ကိုယ်စားပြုထားသည်။ ကောင်းကင်မီးတောက်လမ်းက ပင်လယ်နတ်ဘုရား မျက်ရည် မည်မျှ ရရှိထားကြောင်းကိုပင် မသိပေ။ လန်ကြွယ်ကိုယ်တိုင်လည်း မသိပေ။ သို့သော် ဒါဟာ အရေးကြီးသော လျှို့ဝှက်ချက်ဖြစ်နေသည်။
လန်ကြွယ်သည် သူ၏ ဖခင်အား ပင်လယ်နတ်ဘုရား မျက်ရည်ရအောင် ယူပေးပါမည်ဟု ကတိပေးထားသည်။ ဖခင်ဖြစ်သူ၏ အနည်းနှင့်အများဆိုသလို အိုမင်းလာသော အနေအထားမျိုးက သူ့အားစိတ်မအေးနိုင်အောင် ဖြစ်စေသည်။ ဖြစ်နိုင်သည်မှာ ထိုအသက်စွမ်းအင်များ ပြည့်နှက်နေသော ကျောက်တုံးက ဖခင်ဖြစ်သူ၏ အသက်ကို ရှည်စေနိုင်လောက်သည်။ အကြားအမြင်ဆရာလည်း လုပ်နိုင်မလား မသိဘူး။
သဘောတူထားသော သုံးလဆိုသည့် ကာလဟာ လျင်မြန်စွာ ချဉ်းကပ်လာနေပြီဖြစ်သည်။ ထိုအတွက်ကြောင့်လည်း လန်ကြွယ်ဟာ ကောင်းကင်မီးတောက်ဂြိုလ်ဆီသို့ အလျင်စလို ပြန်လာရခြင်းဖြစ်သည်။
တိုးတက်လာသော အရှိန်နှုန်းကြောင့် နတ်ဘုရင်နံပါတ်တစ်သည် သူ စတင် လာရောက်ခဲ့ချိန်က ယူခဲ့ရသည့် အချိန်တစ်ဝက်သာ လိုအပ်လေသည်။ အရပ်သား အာကာသ သင်္ဘောအခြေစိုက် စခန်းသို့ ချောမွေ့ စွာဆင်းသက်ပြီးနောက် လန်ကြွယ်က ပြဿနာအသစ်တစ်ခုကို ကြုံတွေ့ရသည်။ သူ၏ အာကာသ သင်္ဘော ကာဂိုနေရာသည် နတ်ဘုရင်နံပါတ်တစ်အတွက် မလုံလောက်ပေ။ ထို့ကြောင့်သူသည် ယာယီအားဖြင့် ပိုကြီးသောနေရာကို ငှားလိုက်ပြီးမှ ရပ်တန့်လိုက်ရသည်။
အရှိန်နှုန်းမြင့် မောင်းနှင်လာသည့် ကားပျံတစ်စီးက အပြင်ဘက်တွင် စောင့်နေပြီးသားဖြစ်သည်။ ရှိုးရှိုးက ထိုနေရာတွင် လာကြို သည်။
"သူဌေး။ "
လန်ကြွယ်က အာကာသ သင်္ဘောထဲမှ ခုန်ဆင်းလိုက်သည်နှင့် ရှိုးရှိုးက ချိုမြိန်စွာပြုံးပြီး အနားသို့လာကာ သူ့အတွက် တံခါးဖွင့်ပေးသည်။
"မင်းက အမြဲတွေးပေးတတ်တာပဲ။ "
လန်ကြွယ်က ပြုံးလိုက်သည်။
ရှိုးရှိုးက ပြုံးပြီးနောက် အနည်းငယ် စိတ်ဆိုး စိတ်ကောက်သလို ကြည့် သည်။ ထို့နောက် ယာဥ်မောင်းသူနေရာ သို့ သွားသည်။ အရှိန် နှုန်း မြင့်ပျံသန်းသော ကားကြီး ဟာ စတင်ကာ မောင်းနှင်ချိန်တွင် လန်ကြွယ်ဟာ ခုံနောက်ဘက်သို့ မှီလိုက်ပြီးနောက် သက်တောင့်သက်သာရှိစွာ ထိုင်နေသည်။
"ဒီရက်တွေ အလုပ်များနေတာလား။ "
ရှိုးရှိုး "အားလုံး အဆင်ပြေပါတယ်။ သူဌေး ညွှန်ကြားသလိုပေါ့။ ငါတို့ ကိစ္စကို ထိန်းထိန်းသိမ်းသိမ်းပဲ ကြိုးကိုင်နေတာ။ ငါတို့ရဲ့ မတ်ရှ်တွေအားလုံးကိုတော့ ပြင်ဆင်လို့ ပြီးသွားပြီ။ "
"အွန်း။ ရှိုးရှိုး ငါ ဒီတစ်ခေါက် ပြန်သွားတဲ့အချိန်မှာ ငါ့အဖေက ငါ့ကို ဓားသိုင်းသင်ပေးလိုက်တယ်။ ငါ နောက်မှ မင်းကို သင်ပေးမယ်။ "
လန်ကြွယ်ဟာ ပြုံးပြီး ပြောလိုက်လေသည်။
"ဟုတ်ကဲ့။ "
ရှိုးရှိုး၏ မျက်ဝန်းကလည်း တောက်ပသည်။
လန်ကြွယ်သည် အချိန်တစ်ခု ကြာသည်အထိ တိတ်ဆိတ်သွားသည်။
"ရှိုးရှိုး မင်း ဒီနှစ်တွေ အတောအတွင်း အများကြီး ဒုက္ခခံခဲ့ရပြီ။ " ရှိုးရှိုးက ပြုံးသည်။
"ခေါင်းဆောင် ဘာလို့ ရုတ်တရက် ဒီအကြောင်းကို ပြောနေတာလဲ။ နင့်ကို ကူညီတာက ငါ့ရဲ့ တာဝန်လေ"
လန်ကြွယ် " ရှိုးရှိုး ငါ မင်းကို ဘယ်တော့မှ အစေခံလို လက်အောက်ငယ်သားတစ်ယောက်လို ဆက်ဆံတာမျိုး မရှိပါဘူး။ မင်း သိပါတယ်။ မင်းက ငါ့ရဲ့ ညီမငယ်လေးတစ်ယောက်လိုပဲ။ မင်း အဲ့ဒီလို ထပ်လုပ်စရာ မလိုတော့ဘူး။ ငါတို့က အပေါင်းအဖော်တွေ မိတ်ဆွေတွေ သူငယ်ချင်းတွေ မောင်နှမတွေ ဟုတ်တယ်မလား"
ရှိုးရှိုး၏ မျက်နှာဟာ အနည်းငယ် ဖြူဖျော့သွားသည်။ သူမ နှုတ်ခမ်းကို မဲ့၏။
"သူဌေး ဘာကို ပြောချင်နေတာလဲ။ "
အပိုင်း ၅၀၄ ပြီး၏။
***