လန်ကြွယ်ဟာ ခြောက်ကပ်စွာ ပြုံးသည်။
"ငါ့မင်းရဲ့ ငယ်ရွယ်မှုကို မဖြုန်းစေချင်ဘူး"
ရှိုးရှိုးက သူ့ကို လှည့်ကြည့်သည်။
"ငါ တစ်ခါမှ ဘာမှ မတောင်းခဲ့ဘူးလေ။ ငါ ဒီတိုင်းလေးပဲ နင့် ဘေးမှာ နေချင်တာ။ နင်ကပါ ငါ့ကို မောင်းထုတ်မယ်ဆိုရင်တော့ ငါ့မှာ ရှင်သန်စရာ အကြောင်းပြချက် မရှိတော့ဘူး။ "
လန်ကြွယ်က ကြောင်သွားသည်။
"အဲ့ဒီလောက်တော့ မပြင်းထန်ပါဘူး ဟုတ်တယ်မလား။ "
သူ ရှိုးရှိုးရဲ့ အကျင့်စရိုက်ကို ကောင်းကောင်း သိတယ်။ ဒီကောင်မလေးက အပြင်ဘက်မှာ ညင်သာတဲ့ ပုံစံမျိုးဆိုပေမဲ့ စိတ်က အရမ်းမာတာ။ သူမ စိတ်ဆုံးဖြတ်လိုက်ရင် ပြောင်းတော့မှာ မဟုတ်ဘူး။
ရှိုးရှိုးက ရိုးရိုးသားသား ဖြေသည်။
"အမှန်ပဲ။ "
လန်ကြွယ်က ခြောက်ကပ်စွာ ပြုံးပြန်သည်။
"ကောင်းပြီ ကောင်းပြီ သဘောပဲ။ "
ရှိုးရှိုးက ခပ်တိုးတိုး ပြောသည်။
"နင် ဒီကိစ္စတွေကို ထပ်ပြီး မပြောနဲ့နော် ဟုတ်ပြီလား။ ငါ နင့်ကို မကြာခဏ တွေ့ချင်တယ်။ နင့်ရဲ့ ဘေးမှာပဲ နေချင်တယ်။ ငါ့အတွက် လုံလောက်ပါတယ်။ ငါက အခြားသူတွေနဲ့ မတူဘူးလေ။ ငါ့ရဲ့ နင့်ပေါ် ခံစားချက်က ဘယ်တုန်းကမှ ကျေးဇူးတင်စိတ်သီးသန့် မဟုတ်ဘူး။ ဒီတိုင်း ရိုးရှင်းပါတယ်။ "
လန်ကြွယ်၏နှလုံးသားက အနည်းငယ် လေးလံသွားသည်။ သူသည် ရှိုးရှိုးကို အရင်ဦးဆုံး ပြောပြသည်မှာ ဇု၏ မိန်းမပျိုလေးယောက်ထဲတွင် သူမကသာ သူ့ပေါ် အနက်ရှိုင်းဆုံး ခံစားချက်ရှိသူ ဖြစ်သောကြောင့် ဖြစ်သည်။
ထိုကောင်မလေးများသည် အသက် ၂၀ အစောပိုင်း အရွယ်များ ဖြစ်ကြသည်။ သူတို့သည် သူ့၏နံဘေးနားတွင် တစ်ချိန်လုံး နေပြီး သူတို့၏ ငယ်ရွယ်မှုကို ထိုအတိုင်း ဖြုန်းတီးနေ၍ မရပေ။ သူသည် သူတို့ကို အမှန်တကယ် မည်သည့်ကတိမှ မပေးနိုင်ပါပေ။
ရှိုးရှိုးသည် ငယ်ငယ်တည်းက သူနှင့်အတူ ကြီးပြင်းလာခဲ့သည်။ သူ့အတွက် သူမအပေါ် လုံးဝ ခံစားချက် မရှိရန် ခက်သည်။ သို့ရာတွင် အစပိုင်းတွေကတည်းက သူသည် ရှိုးရှိုးအား ညီမငယ်လေး တစ်ယောက်ကဲ့သို့ သဘောထားခဲ့သည်။ အချိန်ကြာလာသောအခါ ထိုခံစားချက်က အနည်းနှင့် အများဆိုသလို ပြောင်းလဲရန် ခက်သည်။ သူ ဟီရာနှင့် တွေ့ဆုံပြီးနောက် ထိုခံစားချက်သည် ပို၍သာ ပြင်းထန်လာခဲ့၏။
ကုန်လွန်ခဲ့သော နှစ်များတွင် ရှိုးရှိုးဟာ မည်သည့် အထွန့် စောဒကမျှ မတက်ပါပေ။ သူ့၏နံဘေးနားတွင် အမြဲတစေ နေပေးခဲ့သည်။ မည်သည့် တောင်းဆိုမှုမျှ မလုပ်သလို သူ့အတွက် ခက်ခဲအောင်လည်း မလုပ်ခဲ့ပေ။ သို့သော် သူမဟာ ထိုသို့ ဖြစ်လေလေ လန်ကြွယ်ဟာ ပို၍ ခံစားရလေလေ ဖြစ်သည်။
သိပ်မကြာခင်မှာပဲ ကားပျံက ထျန်းဟော် လမ်းအဆုံးနားသို့ ရောက်သွားသည်။ ကားကို ရပ်ပြီးသည်နှင့် လန်ကြွယ်က တံခါးကို ဖွင့်၍ထွက်သည်။ သူဟာ ကောင်းကင်မီးတောက်လမ်းသို့ သွားတော့မည့် အချိန်တွင် နောက်ဘက်မှာ နွေးထွေးမှု့ကို ခံစားရသည်။
ရှိုးရှိုးဟာ သူ့၏ ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားသည်။ နုနယ်သောကိုယ်က အနည်းငယ် တုန်နေ၏။
"ကျေးဇူးပြုပြီး ငါ့ကို မထားခဲ့ပါနဲ့ ဟုတ်ပြီလား။ နော် ကျေးဇူးပြုလို့။ "
နှလုံးသားမာသော လန်ကြွယ်ကပင် ချက်ချင်းနူးညံ့ သွားရသည်။ သူက သက်ပြင်းချပြီး ပြောသည်။
"ကောင်းပြီ ကောင်းပြီ ငါ ကတိပေးတယ်။ ငါ ဒီလို စကားမျိုးတွေ ထပ်မပြောတော့ဘူး ရှိုးရှိုး မင်းကို အရမ်း ဆွဲထည့်မိမှာ ငါ ကြောက်လို့ပါ။ "
"ငါ မကြောက်ဘူးလေ။ "
ရှိုးရှိုးက ခိုင်မာစွာ ပြောသည်။
လန်ကြွယ်သည် တစ်ဖက်လှည့်ကာ သူမ၏ခေါင်းကို ပုတ်သည်။ သို့သော် ရှိုးရှိုးက ရုတ်တရက် သူ့၏ရင်ခွင်အတွင်း ပစ်ဝင်ပြီး ငိုလေသည်။
ထိုအချိန်တွင် လန်ကြွယ်သည် တစ်စုံတစ်ရာကိုခံစားမိကာ ဦးတည်ရာဘက်တစ်ခုသို့ ကြည့်လိုက်ချိန်တွင် နောက်ထပ် ငိုနေသည့် လှပသော မျက်နှာကို မြင်လိုက်ရသည်။
ကျိုးချန်လင်းက ထိုနေရာတွင် တိတ်တဆိတ်ရပ်နေသည်။ လက်ထဲတွင်လည်း သေတ္တာတစ်ခုကို ကိုင်ထားသည်။ သူမ၏ နုနယ်သောကိုယ်က အနည်းငယ် တုန်နေသည်။ သူမ၏ နှုတ်ခမ်းကို တင်းတင်း စေ့ပိတ်ထားသည်။
သူမဟာ သူမ၏ လည်ပင်းမှ ဝိဉာဉ်ဆင့်ခေါ်ခြင်း ကျောက်ကို ဆွဲထုတ်လိုက်သည်။ ထိုအရာကို သူမဟာ အမြဲတစေ တန်ဖိုးထားခဲ့သည်။ ရုတ်တရက် လက်ကောက်ဝတ်တွင် အဖြူရောင်အလင်းက လက်လာပြီးနောက် ပင်လယ်နတ်ဘုရား ပုလဲ လက်ပတ်က ပြုတ်ကျသည်။
ဆင့်ခေါ်ခြင်း ကျောက်။
ကျိုးချန်လင်း " နင့် ကို ပြန်ပေးလိုက်ပြီ"
ထိုသို့ ပြောပြီးသည်နှင့် သူမဟာ ဆောင့်ကြောင့်ထိုင်လိုက်ကာ လည်ဆွဲနဲ့ လက်ပတ်တို့အား မြေပြင်ပေါ်သို့ ချပြီးသည်နှင့် နောက်လှည့်ကာ ထွက်ပြေးသွားသည်။
လန်ကြွယ်က နောက်မှ လိုက်သွားလိုသည်။ သို့သော် ရှိုးရှိုးက တင်းတင်း ဖက်ထားပြီး ခါးသီးစွာ ငိုနေသည်။ ကျောက် မရှိတော့သည့်အခါ သူသည်လည်း ကျိုးချန်လင်းနှင့် မဆက်သွယ်နိုင်တော့ပေ။
သူသည် ရှိုးရှိုးကို မမြင်နိုင်ပေ။ သို့သော် သူ့ရဲ့ ရင်ခွင်ထဲမှ ရှိုးရှိုးကမူ မျက်ဝန်းထောင့်မှတစ်ဆင့် ကျိုးချန်လင်း ထွက်သွားသောဘက်သို့ ကြည့်နေသည်။ ရှိုးရှိုးသည် ၁၀ မိနစ်လောက် ငိုသည်။ ထို့နောက်မှ ပြန်လည် သက်သာသွားသည်။
" သူဌေး အိမ် ပြန်ရအောင်။ "
သူမက လန်ကြွယ်ရဲ့ လက်မောင်းကို ဖက်ပြီး ခေါင်း ငိုက်စိုက်ချပြီး ပြောသည်။
"အင်း။ "
လန်ကြွယ်က ပြန်ဖြေသည်။ နှလုံးသားကလည်း လေးလံနေသည်။ သူ့ရဲ့ ညာဘက် လက်က လက်နောက်ဖက်သို့ ပို့ပြီး လက်ကို ရမ်းလိုက်သည့်အခါ အဝေးမှာ လက်ပတ်နှင့် လည်ဆွဲက ပျံသန်း၍ လက်ထဲ ရောက်လာသည်။
ကောင်းကင်မီးတောက်လမ်း သို့ပြန်ရောက်သည့်အခါ လန်ကြွယ်က သူ၏အိမ်သို့ တိုက်ရိုက် သွားလိုက်သည်။ မြေပြင်ပေါ်မှ ဇု ရတနာ ဆိုင်က ဖွင့်နေသေးသည်။ သာမန်ကျောက်ရိုင်းတုံးများကိုသာ ပြထား၏။
ရှိုးရှိုး၏ နီရဲကာ ယောင်ကိုင်းနေသော မျက်လုံးကို မြင်သည့်အခါ အခြားသော ကောင်မလေး သုံးယောက်က ပဟေဠိဖြစ်သွားကြသည်။ သို့သော် လန်ကြွယ်ကမူ ဘာကိုမှ မရှင်းပြပဲ သူသည် အတွင်းသို့ တိုက်ရိုက် ပြန်သွားသည်။ အမူအရာကလည်း သုန်မှုန်နေ၏။
" ပိ ပိ ပိ "
ကြယ်တာရာ ဆက်သွယ်ရေးစက်က ဆက်တိုက် မြည်နေသည်။ သို့သော် အဖြေ မရှိပေ။
လက်ထဲတွင် ကိုင်ထားသော စိတ်ဝိဉာဉ် ဆင့်ခေါ်ခြင်း ကျောက်ကို ကြည့်နေရင်းမှ လန်ကြွယ်၏ နှလုံးသားက ရုတ်တရက် နာကျင်လာသည်။
သူသည် သူမဟာ သူ့အတွက်ကြောင့် အပြေးအလွှား လာခဲ့မှန်း သိထားသည်။ သူမသည်လည်း သူတို့၏ ပေါင်းစပ်ထားသော စွမ်းအင်များမှ တစ်ဆင့် သူ ပြန်ရောက်လာတာ သိခြင်း ဖြစ်ရပေမည်။ သူမဟာ သူ့ကို အထူးတလည် လာစောင့်သည်။ ဖြစ်နိုင်သည်မှာ သူ့ကို တစ်စုံတစ်ရာ ပြောချင်သောကြောင့် ဖြစ်နိုင်သည်။ သို့သော် ရှိုးရှိုးက သူ့ကို ဖက်ထားကြောင်း မြင်ပြီး သူမဟာ နားလည်မှု လွဲသွားခဲ့သည်။
ကြယ်တာရာ ဆက်သွယ်ရေးစက်က မဖြေသေးပေ။ လန်ကြွယ်ကလည်း မျက်မှောင်ကိုကြုံ့နေသည်။ ထို့နောက် အသက်ကို ပြင်းပြင်း ရှူပြီး စိတ်ကို အာရုံစူးစိုက်လိုက်ကာ ဝိဉာဉ် စွမ်းအား ပေါင်းစည်းမှုကတစ်ဆင့် သူမကို ဆင့်ခေါ်သည်။
သို့ရာတွင် လန်ကြွယ်ကို အံ့အားသင့်စေသည်မှာ ကျိုးချန်လင်းက ဆက်နွယ်မှုကို ဖြတ်တောက်ထားသည်။ သူသည်လည်း ကျိုးချန်လင်း၏ စွမ်းအင် လှုပ်ခတ်မှုကို ခံစားမိသော်လည်း သူမ၏ ပူးပေါင်းမှုကင်းမဲ့ခြင်းသည် ဆင့်ခေါ်မှုကို မအောင်မြင်စေခဲ့ပေ။
ဘာဖြစ်တာလဲ။
သူက သူ့ချစ်ကြောင်း ဖော်ပြလိုက်တဲ့ အချိန်မှာ နားလည်လွဲမှားမှုက စတင်တယ်။ ၂ ယောက်လုံး စိတ်ငြိမ်ငြိမ်ထားပြီး ကိစ္စတွေကို ကောင်းကောင်း တွေးတောလို့ ရအောင်လို့ သူ ထွက်သွားတာလေ။ ဒါပေမဲ့ ဒီအခြေအနေက ပိုဆိုးသွားမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
ဒီတိုင်း ဆက်ဖြစ်နေလို့ မရဘူး။
လန်ကြွယ်၏ မျက်လုံးထဲတွင် ဆုံးဖြတ်ချက်ပြတ်သားသောအလင်းက လက်လာသည်။ သူ မရှိနေချိန်အတောအတွင်းတွင် သူဟာ တက်တက်ကြွကြွနေခဲ့သော်လည်း ကျိုးချန်လင်း၏ လှပသော ပုံရိပ်က အမြဲ စိတ်ထဲ ရစ်လွှမ်းနေသည်။ သူ ယခုအခါမှသာ သူမသည် သူ၏ နှလုံးသားထဲတွင် ခွဲထုတ်၍ မရနိုင်သော နေရာတစ်ခုကို ပိုင်သွားပြီဖြစ်ကြောင်း သိလိုက်သည်။
ကိစ္စများကို အတည်ပြုပြီး စိတ်ကိုလည်း ဆုံးဖြတ်ချက်ချထားပြီးသည်နှင့် သူသည်လည်း တုန့်ဆိုင်းမနေတော့ပေ။ ဟီရာထံမှ ထိုးနှက်ချက်ကို တွေ့ကြုံခဲ့ပြီးနောက် သုံးနှစ်လုံးလုံး ဒုက္ခရောက်ခဲ့ပြီးမှ ပြန်လည်အသိဝင်လာခဲ့သည့် ကာလမျိုးတွင် သူဟာ သဘာဝကျကျပင် ရင့်ကျက်လာပြီဖြစ်သည်။ သူ၏ ထို ကြီးထွားမှုသည် အချိန်နှင့် အတွေ့အကြုံက ယူဆောင်လာပေးသည်။ အခြားတစ်ယောက်အတွက် ဒီထက်ပိုပြီး အရေးကြီးသော အရာ မရှိတော့ပေ။
သူမကို သွားတွေ့ပြီး စကားပြောရမယ်။ ကိစ္စတွေကို ရှင်းလင်းရမယ်။ ဒါမှ နှစ်ယောက်လုံး ဒုက္ခမခံရမှာ။ သူမရဲ့ ဒီနေ့ အပြုအမူအရ သူမလည်း သူ့အပေါ်ခံစားချက်မရှိတာမှ မဟုတ်တာ။ မဟုတ်ရင် ဘာလို့ အဲ့ဒီလိုတွေ ဖြစ်ရမှာလဲ။
သူက စိတ်ကို တည်ငြိမ်အောင်ထားပြီးသည်နှင့် လန်ကြွယ်၏ အတွေးများသည် ရှင်းလင်းသွားသည်။ တစ်ခါတစ်ရံတွေ အချစ်သည် အကျိုးအကြောင်း သိစိတ်လည်း လိုအပ်သေးသည်။ အများစုသော နားလည်လွဲမှားမှုများက အချိန်ဆွဲနေခြင်းအားဖြင့် မဖြေရှင်းနိုင်ပေ။ ထိုသို့ တွေးပြီးသည်နှင့် သူဟာ ရေချိုးသည်။ အဝတ်အစားလဲပြီးနောက် အိမ်ထဲမှ ထွက်လာသည်။
"သူဌေး။ "
ဇု ၏ မိန်းမပျို လေးယောက်တို့က ဆိုင်ထဲတွင် ရှိနေကြသည်။ သူ့ကို မြင်သည်နှင့်တစ်ပြိုက်နက်တည်းခေါ်သည်။
သူတို့သည်လည်း လန်ကြွယ်နှင့် သိလာသည်မှာကြာပြီဖြစ်သည်။ ဒီနေ့ သူ၏ စိတ်အခြေအနေဟာ မကောင်းမှန်းသိသည်။ သို့သော် ယခုအခါ ပြန်လည်သက်သာသွားပုံပေါ်သည်။ ထိုအချိန်တွင် လန်ကြွယ်၏ ကြယ်တာရာဆက်သွယ်ရေးစက်က မြည်လာသည်။
"ဝိုင် ဆရာ။ "
လန်ကြွယ်ဟာ ချက်ချင်းဖြေလိုက်သည်။
" ပြန်လာပြီလား။ "
ဝိုင် ဆရာ၏ လေးနက်သော အသံ ထွက်လာသည်။
လန်ကြွယ်က ဖြေသည်။
ဝိုင်ဆရာ၏ လေးနက်သော အသံက ထပ်ထွက်လာသည်။
"ဒါဆိုရင် ငါ့ဆီ လာခဲ့ဦး။ "
လန်ကြွယ်က မျက်မှောင်ကြုံ့လိုက်သည်။
"အခုလား။ "
ကိစ္စတွေ မရှုပ်ထွေးခင်မှာ သူ ကျိုးချန်လင်းဆီသွားပြီး ဖြေရှင်းမလို့လေ။ ဘာလို့ ဝိုင်ဆရာက ရုတ်တရက် ခေါ်နေတာလဲ။
ဝိုင်ဆရာက ပြောသည်။
"မင်းမှ အထူးတလည် အရေးတကြီး လုပ်ရမှာမျိုး မရှိရင် အခု လာခဲ့ဦး"
"ကောင်းပြီလေ"
လန်ကြွယ်သည် ကူကယ်ရာမဲ့စွာ သဘောတူလိုက်ရသည်။ ဝိုင်ဆရာ ထိုသို့ပြောတည်းက သူနှင့်ပြောမှဖြစ်မည့် အရေးကြီးသော ကိစ္စတစ်ခုရှိနေသောကြောင့် ဖြစ်ရပေမည်။
ကံကြမ္မာဟောသူနှင့်ပင် ပတ်သက်လောက်၏။
အပိုင်း ၅၀၅ ပြီး၏။
***