ဇု ရတနာဆိုင်မှ ထွက်ခွာလာခဲ့ပြီးနောက် လန်ကြွယ်က လမ်းမျက်နှာချင်းဆိုင်တွင်ရှိသော ဂေါ့သစ်ဝိုင်သိုလှောင်ရုံသို့ ထွက်လာခဲ့သည်။ ကောင်းကင်မီးတောက်လမ်းပေါ်တွင် အေးအေးဆေးဆေး မနေရသည်မှာ အချိန်တစ်ခုကြာပြီဖြစ်သည်။ သူဟာ ဖြတ်သွားဖြတ်လာ လုပ်ဖြစ်သော်လည်း ရင်းနှီးကျွမ်းဝင်ပြီး ကြိုဆိုခံရသည့် ခံစားချက်မျိုးက သူ့ကို လွှမ်းခြုံလာသည့်အခါ စိတ်အခြေအနေက အများကြီး တိုးတက်သွားသည်။
ဝိုင်ဆရာက သူ့ကို လော်ဘီတွင် စောင့်ဆိုင်းနေပြီး ပြုံးကာပြောသည်။
"ကျေးဇူးတင်ပါတယ်။ "
"ဟမ်။ "
လန်ကြွယ်က တအံ့တသြ မေးသည်။
"ဘာကို ယဉ်ကျေးနေတာလဲ။ "
ဝိုင်ဆရာ "မင်း ဝင်လာရင် သိလိမ့်မယ်။ "
လန်ကြွယ်က ရယ်သည်။
"မင်းပါမင်း ဘာပဲ ကျေးဇူးတင်ချင် ကျေးဇူးတင်ချင်ပါ ဝိုင်ကောင်းတစ်ခုခုနဲ့ ဖော်ပြရင် ရပြီ။ "
ဝိုင်ဆရာက ရယ်သည်။
"ကောင်းပြီ ငါ မင်းကို ခဏနေရင် တိုက်မယ် အချိန်ရှိရင်ပေါ့။ "
လန်ကြွယ်၏ နှလုံးသားက လှုပ်ခတ်သွားသည်။ သို့သော် ဘာမှ မပြောလိုက်ဘဲ နောက်မှလိုက်ကာဝင်သွားလိုက်သည်။
ရှည်လျားသော စားပွဲကြီး၏ ခေါင်းရင်းနားသို့ ရောက်သွားပြီးနောက် တစ်စုံတစ်ယောက်ကို ထိုင်နေကြောင်း မြင်ရသည်။ လန်ကြွယ်က သူမကို မြင်လိုက်သည်နှင့် မှင်သက်သွားသည်။
သူတို့ ခွဲလာတာ သိပ်မကြာသေးဘူးလေ။
" အမေ ဘယ်လိုဖြစ်ပြီး ရောက်နေတာလဲ။ "
အဓိက ထိုင်ခုံတွင် ထိုင်နေသည်မှာ လော့ရှမ်းနီ ဖြစ်သည်။ ရှင်းလင်းစွာပဲ သူမသည် ထိုဂြိုလ်မှထွက်လာခဲ့ပြီးနောက် ဒီနေရာသို့ ရောက်လာသည်။
လော့ရှမ်းနီ က သူ့ကို စူးစိုက်ကြည့်သည်။
"ငါ့ကို နင် ပုံမှန်ခေါ်နေကျအတိုင်း လေသံကောင်းကောင်းနဲ့ ခေါ်လို့ရပါတယ်။ ဟမ်။ ငါ ဒီကို ပြန်ရောက်လာတာနဲ့ နင့်အမေ မဟုတ်တော့လို့လား"
နောက်ဘက်မှာ တိတ်တိတ်ဆိတ်ဆိတ် နားထောင်နေတော့ ဝိုင်ဆရာက တုန်သွားပြီး လန်ကြွယ် ကိုတအံ့တသြကြည့်သည်။
လန်ကြွယ် ကလည်း အကူအညီမဲ့နေပုံပေါ်သည်။
"အမေ ဘယ်လိုဖြစ်ပြီး ရောက်နေတာလဲ။ "
ထိုသို့ ရည်ရည်မွန်မွန်နှင့် သုံးနှုန်းခေါ်ဆိုသံကို ကြားသောအခါ ဝိုင်ဆရာက ယာယီအားဖြင့် မှင်သက်သွားပြီး ဆွံ့အသွားသည်။
လော့ရှမ်းနီ " ဒါ နဂိုတည်းက ငါ့အိမ်ပဲလေ။ ငါက အဲ့ဒီ လူလိမ် နဲ့အတူ ဒါကို တည်ထောင်ထားတာ။ ငါဘာလို့ ပြန်မလာရမှာလဲ။ ဟမ်။ နင်ပြန်လာတာ ကောင်းတယ်။ လာ ဝင်ထိုင်။ "
လန်ကြွယ်က ကြောင်တောင်တောင်ဖြစ်နေသော ဝိုင်ဆရာကို တစ်ချက်ကြည့်ပြီးမှသာ လော့ရှမ်းနီ နံဘေးသို့ ဝင်ထိုင်သည်။ ဝိုင်ဆရာက သံသယအပြည့်ဖြစ်နေသော်လည်း ဘာမှ မမေးနိုင်ပေ။ ထို့ကြောင့် သူသည်လည်း လော့ရှမ်းနီ၏ အခြားတစ်ဖက်တွင် ဝင်ထိုင်သည်။
လော့ရှမ်းနီက တည်ငြိမ်စွာပြောသည်။
"လူလိမ်ရဲ့ အသက်က အဆုံးသတ်တော့မှာ။ သူ့ရဲ့ အရင်မိတ်ဆွေ တစ်ယောက်အနေနဲ့ ငါသူ့ကို နောက်ဆုံးခရီးမှာ လိုက်ပို့ရမှာပေါ့။ ဒါပေမဲ့ နင်တို့တွေ ငါ ပြန်လာတာကို လျှို့ဝှက်ချက်ထားရမယ်နော်။ "
လန်ကြွယ်ဟာ စူးစမ်းသလို မေးလိုက်သည်။
"အမေ ဒီတစ်ခေါက် ပြန်လာပြီးရင် ပြန်သွားမှာလား။ "
လော့ရှမ်းနီက သူ့ကို တစ်ချက်ကြည့်သည်။
"နင် ငါ့ကို ထွက်သွားစေချင်တာလား။ "
လန်ကြွယ်က ချက်ချင်း ခေါင်းခါပြီး ပြောသည်။
"ငါ သေချာပေါက် မသွားစေချင်ဘူးပေါ့။ အမေက ဒီကောင်းကင်မီးတောက်လမ်းမှာ ရှိနေတော့ ငါတို့ အများကြီး စိတ်အေးရပါတယ်။ "
လော့ရှမ်းနီက ပြောသည်။
"ကောင်းပြီ ငါ မသွားတော့ဘူး။ "
" ဒေါ်လေး တကယ်မသွားဘူးလား။ "
ဝိုင်ဆရာက အံ့အားတကြီး ဝင်မေးသည်။
လော့ရှမ်းနီက နှာခေါင်းရှုံ့သည်။
"ငါ့ရဲ့ အဖိုးတန်သားလေး ဒီမှာရှိနေသမျှ ငါ မသွားဘူး။ "
လန်ကြွယ်ဟာ ကူကယ်ရာမဲ့သွားသည်။
" ဘယ်လိုပဲကြည့်ကြည့် လော့ရှမ်းနီက သူ့အမေနဲ့ကို မတူဘူး သူမက သူ့အဖွား ဖြစ်လောက်အောင် အသက်ကြီးနေပြီဆိုပေမဲ့လည်း ရုပ်ရည်က လူအများဂရုစိုက်တာလေ။ "
သို့ရာတွင် ကောင်းကင်မီးတောက်လမ်းအတွက် ထိုမျှအင်အားကြီးမားလွန်းသော ကျွမ်းကျင်ပညာရှင်ကြီးက တည်ရှိနေသည့်အခါ မဟာ့ မဟာမိတ်နဲ့ အခြားသော ရဲတိုက်နှစ်ခုက မည်သို့ပင်ဆိုစေ လာမယှဥ်နိုင်တော့ပေ။ အထူးသဖြင့် လက်ရှိအခြေအနေမျိုးတွင် လူသားမျိုးနွယ်က ကျူးကျော်လာမည့်သူများနှင့် ရင်ဆိုင်ရမည့်အချိန်တွင် ပို၍အင်အားကြီးမားသော အင်အားစုများကို လိုအပ်လေသည်၊
ဝိုင်ဆရာက လန်ကြွယ်ကို ကြည့်သည်။
သူ ပြောနိုင်တယ်။ ဒါပေါ့။ လော့ရှမ်းနီနဲ့ လန်ကြွယ်က တကယ်တော့ သွေးသားမတော်စပ်လောက်ပါဘူး။ ဒါပေမဲ့ ဘာလို့ လန်ကြွယ်က ဒီခရီးက ပြန်လာပြီးတဲ့နောက်မှာ သူ့အဒေါ်ကို ပြန်ခေါ်လာတဲ့အပြင် ဆက်ဆံရေးအသစ်တစ်ခု ရသွားမှန်း နားမလည်နိုင်ဘူး။ ကြည့်ရတာ သူ့အဒေါ်ကလည်း သူ့ကို အရမ်းတန်ဖိုးထားတဲ့ပုံပဲ။ ကြည့်ရတာ ဧကရာဇ်ကြွယ်သိနဲ့ ပတ်သက်မယ် ထင်တယ်။ သူနောက်မှာပဲ လန်ကြွယ်ကို ခိုးမေးရမယ်။
လော့ရှမ်းနီက ဆက်ပြောသည်။
"ငါ ပြန်လာတာကို အားလုံးဆီကနေ ဖုံးကွယ်ထားဦး။ နင်တို့ ပုံမှန်နေတဲ့အတိုင်းပဲ နေ။ ငါ အဲ့ဒီလူလိမ်ထွက်လာမှ သူ့ကို သွားကြည့်လိုက်ဦးမယ်။ "
"ဟုတ်ကဲ့။ "
ဝိုင်ဆရာက ခပ်မြန်မြန် သဘောတူလိုက်သည်။ သူသည် ယခုအခါ အုပ်ချုပ်သူဆိုသော်လည်း ငယ်ငယ်တည်းက လော့ရှမ်းနီနှင့်အတူ ကြီးပြင်းလာခဲ့ခြင်းဖြစ်သည်။ သူ၏စွမ်းရည်များအားလုံးကို လော့ရှမ်းနီက သင်ပေးထားခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် သူ့၏အဒေါ်ကို အလွန်အမင်း လေးစားသည်။ ချစ်သည်။
လော့ရှမ်းနီ " နင် ကုန်လွန်ခဲ့တဲ့ နှစ်တွေမှာ ဘာမှ မတိုးတက်လာပါလား။ ဟမ်။ နင့်ရဲ့အတွင်းပိုင်း စိတ်ရှုပ်ထွေးမှုကို မဖြေရှင်းရသေးဘူးလား"
ဝိုင်ဆရာ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ခါးသီးသော အမူအရာက ပေါ်လာ၏။
"အဒေါ်ရော ဒါကို မှတ်မိသေးတာလား"
လော့ရှမ်းနီ "ဒါပေါ့။ အချိန်တွေကြာသွားပြီ။ နင်လက်လွှတ်သင့်တာတွေကို လက်လွှတ်သင့်နေပြီ ပင်လယ်ထဲမှာ ငါးတွေမှ အများကြီးပဲ။ သူမက မြောက်ဘက် မဟာမိတ်ကို ရောက်နေတာ။ ဒီလောက်ကြာနေပြီ ဆိုကတည်းက နင့်ကို ဂရုမစိုက်တာ သက်သေပြနေတာပဲလေ။ နင် ဘာလို့ ဒီလောက် အများကြီးတွေးနေမှာလဲ။ ငါ နင့်ကို နောက်မှ အခြားတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ ငါအားကြွယ်ဆီက ကြားထားတဲ့အတိုင်းဆို ဘာလဲ။ ဆေးဆရာမလို့ ခေါ်တဲ့ သူတစ်ယောက်ရှိတယ်ဆိုပဲ တော်တော်လေး တော်တာနော်။ နင် ဘာလို့ သူ့နဲ့ မတွဲတာလဲ။ "
ဝိုင်ဆရာ၏ အမူအရာဟာ ပြောင်းသွားသည်။
"ဒေါ်လေး ကျေးဇူးပြုပြီး အောင်သွယ်တော် မလုပ်ပါနဲ့။ "
"ဘာကို အောင်သွယ်တော်လုပ်တာဖြစ်ရမှာလဲ။ မမေ့နဲ့နော်။ နင့်ဒေါ်လေးက တစ်ချိန်က သမိုင်းမှာ အတော်ဆုံး အောင်သွယ်တော်။ "
ဝိုင်ဆရာသည် နာကျင်သော အမူအရာဖြင့် ပြောသည်။
"မဟုတ်ဘူး။ ကျေးဇူးပြုပြီး မလုပ်ပါနဲ့။ ငါ ကြောက်တယ်။ "
လော့ရှမ်းနီက မေးသည်။
"ဒါနဲ့ ငါ့ဆိုင်ကို နင် သန့်ရှင်းတာ ဘယ်လိုဖြစ်သွားပြီလဲ ဖွင့်လို့ရပြီလား။ "
ဝိုင်ဆရာ "အဆင်သင့်ပါပဲ။ နှစ်ရက်လောက်နေရင် ရပြီ။ "
လန်ကြွယ်က လော့ရှမ်းနီကို ကြည့်ပြီး တအံ့တသြမေးသည်။
"အမေက ဘယ်လို ဆိုင်ဖွင့်ချင်တာလဲ။ "
ကောင်းကင်မီးတောက် လမ်းရဲ့ စည်းမျဥ်းတွေအတိုင်းဆိုရင် အဖွဲ့ဝင် တစ်ယောက်ချင်းဆီတိုင်းက ဆိုင်တစ်ဆိုင်တော့ ပိုင်ရတယ်။ အပေါ်ပဲဖြစ်ဖြစ် အောက်ပဲဖြစ်ဖြစ်ပေါ့။ ဝိုင်ဆရာနဲ့ ကံကြမ္မာဟောသူတို့က အုပ်ချုပ်သူတွေ ဆိုရင်တောင်မှ ချွင်းချက် မရှိဘူး။ စာကျပိုးအိုကြီးကသာ ပညာသင်သားနဲ့အတူတူ နေနေလို့ ကိုယ်ပိုင် ဆိုင်မဖွင့်ရသေးတာ။ "
လော့ရှမ်းနီက ရယ်သည်။
"အင်း။ အရင်တုန်းက ငါ့ရဲ့ ကောင်းကင်မီးတောက်လမ်းပေါ်က နာမည်ပြောင်က ဓာတ်ပုံဆရာတဲ့။ နင်လက်ထပ်တဲ့အချိန်မှာ ငါ့ဆီလာပြီး မင်္ဂလာဓာတ်ပုံရိုက်နော်။ ငါ့ဆိုင်ကို လော့ရှမ်းနီ မင်္ဂလာဓာတ်ပုံဆိုင်လို့ ခေါ်တယ်။ "
လန်ကြွယ်က သူမကို တအံ့တသြကြည့်သည်။ သူ့ရဲ့ စိတ်က လော့ရှမ်းနီ၏ ပြသဖူးသော စွမ်းရည်များအကြောင်း ပြန်တွေးမိသွားသည်။
အင်း။ အာကာသ စွမ်းရည်ကိုမှ ဗီဇပြောင်းသွားတဲ့ စွမ်းရည်မျိုးနဲ့တူတယ်။
"တော်ပြီ တော်ပြီ ငါ သွားတော့မယ် ဆိုင်ပြင်ပြီးတော့မှ ငါ ပြန်လာတော့မယ်။ ဒီနေရာက အရက်နံ့တွေကို ပြည့်နေတာပဲ။ ရွံစရာကောင်းလိုက်တာ။ ငါ ငါ့ယောက်ျားရဲ့ စီးကရက်အနံ့ပဲ ကြိုက်တယ်။ "
ထိုသို့ပြောပြီးသည်နှင့် သူမက ထရပ်ကာ ထွက်သွားသည်။
အား။ ကိုယ့်မိသားစုဝင်ကတော့ ဘယ်တော့မှ မဝဘူးဆိုတဲ့ အတိုင်းပဲ။
လန်ကြွယ်သည်လည်း သူ့အဖေသာ ထိုစကားများကို ကြားလျှင် မည်သို့ တုန့်ပြန်မည်မှန်း မသိပေ။ သို့သော် ထူးခြားသည်မှာ လုံးဝ သေချာနေသည်မှာ ငြင်းတဲ့သူ မဟုတ်ပေ။
လော့ရှမ်းနီက ကောင်းကင်မီးတောက်လမ်းသို့ ပြန်ရောက်လာသည်။ သူမ ပြန်လာသည်မှာလည်း ကံကြမ္မာဟောသူ သေခါနီးအချိန်တွင် ဖြစ်သည်။
ဒါဟာ ကောင်းကင်မီးတောက် တစ်လမ်းလုံးအတွက် အကောင်းဆုံးဖြစ်သည်။
သူမ ပြန်လာကတည်းက ကောင်းကင်မီးတောက်လမ်း၏ ထိုအင်အားက အများကြီး အစွမ်းကုန် ထိုးတက်သွားပြီး ဖြစ်သည်။ အုပ်ချုပ်သူ ပိုများသွားရုံ တင်မဟုတ်ဘဲ အင်အားကလည်း အများကြီးသာလွန်သွားသည်။
"အဟမ်း။ ရတနာ ဆရာ ပြောပါဦး ဘာတွေဖြစ်နေတာလဲ။ "
ဝိုင်ဆရာဟာ အဒေါ်ဖြစ်သူ ထွက်သွားပြီးသည်အထိ စောင့်ပြီး သူ၏ စိတ်ဝိညာဉ် အာရုံခံနိုင်စွမ်းအားဖြင့် စမ်းသပ်ကာ သူမ အမှန်တကယ် ထွက်သွားကြောင်း သေချာပြီးမှသာ ခပ်တိုးတိုး မေးလိုက်သည်။
အပိုင်း ၅၀၆ ပြီး၏။
***