လန်ကြွယ်မှ မျက်လုံးလှန်သည်။
"ခင်ဗျားက မသိရင် ငါ ဘယ်လို သိမှာလဲ။ "
ဝိုင်ဆရာက မေးသည်။
"မင်း ဆရာကို တွေ့ခဲ့တာ မဟုတ်ဘူးလား။ "
လန်ကြွယ်က ခေါင်းညိတ်သည်။
"ငါ သူတို့ကို အတူတွေ့တာ ဒါပေမဲ့ သူတို့ကြားမှာ ဘာဖြစ်နေလဲဆိုတာ ငါ ပြောလို့ မရဘူးလေ။ ငါ မြင်ခဲ့တယ် ကြားခဲ့ရတယ်ဆိုရင်တောင်မှ ငါ မသိချင်ယောင်ပဲဆောင်ရမှာ။ "
"အင်း။ ဒါလည်း ဟုတ်တာပဲ။ "
ဝိုင်ဆရာကလည်း ဆက်ပြောလိုစိတ်ရှိပုံ မရချေ။ မည်သို့ပင်ဆိုစေ ထိုကိစ္စဟာ ပြိုင်ဘက်ကင်း ဧကရာဇ်နှင့် ပါဝင် ပတ်သတ်နေလေရာ သတိထားသင့်သည်။ မည်သို့ပင်ဆိုစေ တစ်ဖက်လူသည် ဒီနေ့ခေတ်လောကမှာ အင်အားအကြီးဆုံးသူအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။
လန်ကြွယ် "ငါ့အမေ ဘာလို့ ပြန်လာဖို့ ရွေးချယ်မှန်းတော့ မသိဘူး။ အဲ့ဒီအချိန်မှာ သူမက ငါ့အဖေဘေးမှာပဲနေဖို့ စဉ်းစားထားတာ။ သူမ ပြန်လာရတဲ့ အကြောင်းပြချက်ကို သူမကိုယ်တိုင်ပဲ သိမှာ။ "
ဝိုင်ဆရာက ညင်သာစွာပြုံးသည်။
" ဘယ်လိုပဲဖြစ်ဖြစ်ပါ အခု ဒီလိုဖြစ်သွားပြီလေ။ အခုဆိုရင် မင်းနဲ့ငါပဲ ဒီအကြောင်းကိုသိတာနော်။အစားကြူးသူ ရယ် ပညာသင်ကြား အိုကြီးရယ် စာဂျပိုးတို့တွေရယ် သူတို့တောင် မသိဘူး။ နောက်ပြီး သူတို့ကလည်း ငါ့အဒေါ်နဲ့ မရင်းနှီးဘူး။ သူမက သူတို့ရောက်လာပြီး သိပ်မကြာခင်မှာပဲ ဒီကောင်းကင်မီးတောက်လမ်းက ထွက်သွားခဲ့တာ။ ဆိုတော့ အကယ်၍ လော့ရှမ်းနီ မင်္ဂလာဓာတ်ပုံဆိုင်ကို ပြန်ဖွင့်မယ်ဆိုရင် သူတို့အနေနဲ့လည်း တော်တော်လေးကို ခက်ခက်ခဲခဲ ခန့်မှန်းနေကြရမယ်ထင်တယ်။ ဆိုတော့ ဒါကို လျှို့ဝှက်ချက်အဖြစ် ထားရအောင်။ "
သူတို့နှစ်ယောက်က အကြည့်ချင်း ဖလှယ်လိုက်သည်။ ထိုကဲ့သို့သော ကိစ္စကို လျှို့ဝှက်ချက်အဖြစ်ထားသည့်ကိစ္စနဲ့ပတ်သက်ပြီး သူတို့နှစ်ယောက်သာနားလည်သည်။
"ကံကြမ္မာဟောသူက ဘာလုပ်နေတာလဲ။ "
လန်ကြွယ်က ဝိုင်ဆရာကို မေးသည်။
ဝိုင်ဆရာ၏ အမူအရာက တင်းမာသွားသည်။ သူ၏မျက်ဝန်းထဲတွင် ငေးငိုက်သလိုအကြည့်မျိုးလည်း ပေါ်လာသည်။
"အခုက စပြီး သုံးရက်နေရင် သူ ကျင့်ကြံရာကနေ ထွက်လာလိမ့်မယ်။ သူ့ရဲ့နောက်ဆုံးခရီးကို ငါတို့အတူ သွားပို့တာပေါ့။ လွန်ခဲ့တဲ့တပတ်တုန်းက သူငါ့ကို ဆက်သွယ်သေးတယ်။ သူကို လိုက်ပို့ချင်တဲ့သူရဲ့စာရင်းကို ပေးထားတယ်။ အဲ့ဒီထဲမှာ ငါ့အဒေါ်လည်းပါတယ်။ မင်းတို့လေးယောက်လည်း ပါတယ်။ ငါတို့ အရှင်သခင်တွေလည်းပါတယ်။"
လန်ကြွယ်က ခေါင်းသာညိတ်သည်။ သူ၏နှလုံးသားထဲတွင် ဝမ်းနည်းမှုက လှိုက်တက်လာသည်။ လူသားမျိုးနွယ်နှင့် ကောင်းကင်မီးတောက်လမ်းအတွက် ကံကြမ္မာဟောသူဟာ သေဆုံးရတော့ပေမည်။ သူသည်လည်း ကောင်းကင်မီးတောက်လမ်းကို နှစ်ပေါင်းများစွာ ကာကွယ်ခဲ့သည်။ ဒါဟာ အမှန်ပင် အမှတ်အသားပြုလောက်ပေသည်။
လန်ကြွယ်က မေးလိုက်သည်။
"ငါ့အကိုတို့တွေ ရောက်ပြီလား။ "
ဝိုင်ဆရာ " မရောက်သေးဘူး။ ဒါပေမဲ့ သူတို့ရောက်လောက်တော့မယ် ထင်တယ်။ အာကာသ သင်္ဘောအခြေစိုက်စခန်းကတော့ ဆင်းသက်ဖို့ တောင်းဆိုချက်ကို လက်ခံရရှိထားတယ်လို့ပြောတယ်။ ဆိုတော့ သူတို့ နောက်ထပ် တရက် ဒါမှမဟုတ် နှစ်ရက်လောက်အတွင်းမှာ ရောက်မှာပဲ။ ငါမင်းကို ဒီနေရာကို ခေါ်တယ်ဆိုတာက ငါ့အဒေါ်အပြင် အခြားဆွေးနွေးစရာကိစ္စတွေရှိနေလို့။ "
"ပြောပါ။ "
ဝိုင်ဆရာ "အဲ့ဒီ သားရဲကောင်တွေက လူသားလောကထဲမှာ အချိန်မရွေးပေါ်လာနိုင်တယ်။ သူတို့ရဲ့အင်အားပေါ် ငါတို့လက်ရှိ ခန့်မှန်းချက်ထုတ်ထားတဲ့အတိုင်းဆိုရင် တကယ့်ကို ကြမ်းတမ်းတဲ့ တိုက်ပွဲဖြစ်မှာ သေချာတယ်။ ကံကြမ္မာဟောသူရဲ့ ဟောစာတမ်းနဲ့ပေါင်းလိုက်မယ်ဆိုရင် ငါတို့ အပြည့်အဝကို ပြင်မှဖြစ်တော့မှာ။ ကံကြမ္မာဟောသူက ညွှန်ကြားထားတဲ့အတိုင်းပဲ သူ တည်ထောင်ထားတဲ့ ကြယ် မဟာမိတ်က ဆက်လက်ပြီး ဖြန့်ကြက်မယ် လက်ရှိအချိန်မှာ ကောင်းကင်မီးတောက်လမ်းပေါ်က အသက် ၆၀ အောက် သဘာဝလွန် စွမ်းအားရှင်တွေအားလုံးက မတ်ရှ် မောင်းနှင်မှုကို ကျင့်နေကြတယ်။ "
လန်ကြွယ်က တအံ့တသြ မေးသည်။
"အသက် ၆၀ အောက်က စွမ်းအင် အသုံးပြုသူတိုင်းလား။ "
ဝိုင်ဆရာက ခေါင်းညိတ်သည်။
"ဒါပေါ့။ ငါက လူတိုင်း သဘောတူထားတဲ့ကိစ္စပါ။ မဝင်ချင်တဲ့သူတွေက ထွက်လို့ ရတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ကောင်းကင်မီးတောက် လမ်းကလည်း ဘယ်တုန်းကမှ အမိန့်အာဏာ ဆိုတဲ့အပေါ် ဖိနှိပ်ချုပ်ချယ်ထားတာမျိုးလုပ်ထားတာလည်းမဟုတ်ဘူး။ ဒါ့ပေါ့။ ငါတို့ အုပ်ချုပ်သူတွေကတော့ မတ်ရှ် လေ့ကျင့်မှုမှာ ဝင်ပါမှာမဟုတ်ဘူး။ ငါတို့အတွက် ဒီမတ်ရှ်က ဘာမှ မပြောပလောက်တော့ဘူးလေ။ သေချာသာ မသုံးနိုင်ဘူးဆိုရင် ငါတို့ရဲ့ကိုယ်ပိုင်အင်အားလောက်တောင် အင်အားကြီးတာမဟုတ်ဘူး။ "
လန်ကြွယ်သည် ထိုအချက်ကို သဘောတူသည်။ မတ်ရှ်များက အရှင်သခင် တစ်ပါး၏ ဆတိုးပွားနိုင်သောအားမျိုးကို မထုတ်နိုင်သောကြောင့် မဟုတ်ပေပင်။ အခြေအနေများ၏ စွမ်းအင်များကို အဆပေါင်းများစွာ တိုးမြှင့်ရန်အတွက် လိုအပ်သောထိပ်တန်းအဆင့်ပစ္စည်းများ၏ လိုအပ်ပုံဟာကြောက်စရာကောင်းနေသည်။ ထိုအဆင့် ကုန်ဆုံးမှုနှုန်းသည် နတ်ဘုရားအဆင့် မတ်ရှ်များနှင့်ပင် ယှဥ်၍ရသည်။
ပို၍ အချက်အချာကျသည်မှာ ဒီနေ့ခေတ်တွင် အရှင်သခင်ဟာ အလွန် နည်းပါးသည်။ ထိုထဲမှ ပို၍နည်းပါးသော ပမာနကသာ မတ်ရှ်အပေါ် အသုံးပြုချင်ကြသည်။ အရှင်သခင်အဆင့်သို့ ရောက်ရှိသွားပြီးနောက်တွင် သူတို့သည်လည်း အလုံးအရင်းနှင့် တိုက်ခိုက်နိုင်သော အာကာသပြင်အတွင်းမှ တိုက်ခိုက်နိုင်စွမ်းအားကို ပိုင်ဆိုင်လာကြပြီဖြစ်သည်။ အရှင်သခင်အဆင့်သို့ ခြေတစ်လှမ်းတည်းနှင့် ဝင်ရောက်သွားခြင်းသည် ကောင်းကင်ဘုံနှင့် တစ်တန်းတည်း ခုန်တက်သွားသည်နှင့်တူသည်။
လန်ကြွယ် " ခင်ဗျား ဆိုလိုတာက ငါတို့က မဝေးတော့တဲ့ အနာဂတ်မှာဖြစ်မဲ့ အဲ့ဒီစစ်ပွဲထဲမှာ မတ်ရှ်တပ်ရင်းကို ဝင်ပါခိုင်းမယ်လို့လား။ "
ဝိုင်ဆရာ "အကြံအစည်ရဲ့အကြမ်းဖျဉ်းကတော့ အဲ့ဒီအတိုင်းပဲ။ ငါ မင်းရဲ့ ထင်မြင်ချက်ကို ကြားချင်တယ်။ ငါတို့အရှင်သခင်တွေက ဒီတပ်ရင်းမှာဝင်ပါမှာပါ။ ဒါပေမဲ့ ငါတို့ရဲ့ရန်သူအပေါ် သုံးသပ်ထားတဲ့အတိုင်းဆိုရင် ငါတို့ဘက်က အင်အား အားဖြင့် အားသာချက်တော့ မရှိဘူးဆိုပေမဲ့လည်း တစ်ယောက်ချင်းစီရဲ့အင်အားကတော့ သာမန် မတ်ရှ်တွေနဲ့အပြတ်အသတ်သာနေပြီးသား။ ဆိုတော့ အလုံးအရင်းနဲ့ တိုက်ခိုက်တဲ့ တိုက်ပွဲသေးသေးလေးတွေပဲဖြစ်ဖြစ် ချိုးဖျက်ဖောက်ထွက်ဖို့ တိုက်ခိုက်တာမျိုးပဲဖြစ်ဖြစ် အပြောင်းအလဲဖြစ်ဖို့ တိုက်ခိုက်တာမျိုးတွေအတွက်ပဲဖြစ်ဖြစ် ငါတို့က ရလဒ်ကောင်းအောင်လုပ်နိုင်ချေ များလောက်တယ်။ ဒါပေမဲ့ ငါတို့က အချို့အခြေအနေမှာ ကျွမ်းကျင်ပညာရှင်တွေမဟုတ်ဘူး။ ဆိုတော့ မင်းနဲ့ မင်းအကိုကို တိုင်ပင်ရလိမ့်မယ်။ "
လန်ကြွယ်က မျက်မှောင်ကြုံသည်။
"ဒီကိစ္စက အရမ်း အရေးကြီးတယ်။ ငါ သေချာစဉ်းစားရမယ်။ ငါ အခုတော့ ခင်ဗျားကို အဖြေမပေးနိုင်သေးဘူး။ ဒါပေမဲ့ အင်း ဆိုးရွားတဲ့ ကိစ္စတော့မဟုတ်ပါဘူး ဒါပေမဲ့ သဘာဝလွန်စွမ်းအားရှင်တွေတိုင်းမှာလည်း သူတို့ ကိုယ်ပိုင်အားသာချက်တွေဆိုတာရှိတယ် အဲ့ဒီအားသာချက်တွေကလည်း အရမ်းကို ပြင်းထန်နေပြီးသားဆိုတော့ သူတို့နဲ့သာ လုံးဝ ကွက်တိ သင့်တော်မယ့် မတ်ရှ်မျိုးကို လုပ်ပေးနိုင်တယ်ဆိုရင် အချိန် ပိုကြာဦးမှာ။ အရင်းအမြစ်လည်း ပိုလိုလာမှာ။ "
ဝိုင်ဆရာက ပြုံးသည်။
"မင်း ဒီကိစ္စတွေကို စိုးရိမ်စရာ မလိုဘူး။ ငါတို့ကောင်းကင်မီးတောက်လမ်းရဲ့ နှစ်ရာပေါင်းများစွာသက်တမ်းရှိနေတယ်ဆိုတာက အလကားမဟုတ်ဘူးနော်။ နောက်ပြီး ဒီမတ်ရှ်တွေအားလုံးကိုလည်း ငါတို့ဘာသာ ရန်ပုံငွေ သုံးပြီး တည်ဆောက်သွားမှာ။ ပိုဆိုးတာက ဒီအလုပ်က စနေတာ ကြာပြီ။ စာဂျပိုးနဲ့ ပညာသင်သားအိုကြီးတို့ကလည်း ကာကွယ်ပေးနိုင်မှာ သူတို့ရဲ့ ဟွားမာန် နည်းပညာအသိုင်းအဝိုင်းထဲက အဆင့်အတန်းမျိုးနဲ့ဆိုရင်တော့ ဒါတွေကို စိုးရိမ်စရာ မလိုတာ အသေအချာပဲ။ "
လန်ကြွယ်က မေးသည်။
"အခု ဆန္ဒရှိတဲ့လူတွေ ဘယ်လောက်များပြီလဲ။ "
ဝိုင်ဆရာ "နဂိုကတော့ သုံးပုံ တစ်ပုံပဲ။ ဒါပေမဲ့ မင်းကသဘာဝလွန် စွမ်းအားရှင်ပြိုင်ပွဲကို နိုင်သွားတယ်လေ ဆိုတော့ အရေအတွက်က ဂဏန်းနှစ်လုံးအထိရောက်လာတယ်။ အမ်။ ၅၀ ရာခိုင်နှုန်းလောက်အထိ ဖြစ်သွားတယ်လို့ ပြောရမှာပဲ။ နောက်ပြီး ဒီထက် တက်နေတုန်းပဲ။ "
လန်ကြွယ်က ဝိုင်ဆရာကို တအံ့တသြကြည့်သည်။ သူသည်ပင် ကြယ် မဟာမိတ် မတ်ရှ်တပ်ရင်းနဲ့အတူတူ အများကြီးက စာရင်းသွင်းမည်ဟု မထင်ထားပေ။ နားလည်ထားရမည်မှာ ဒါဟာ ဂြိုလ်သား သတ္တဝါနှင့် တိုက်ခိုက်ခြင်း ဖြစ်သည်။ အလွန်အမင်းအန္တရာယ်များသည်။
တိတိကျကျ ပြောရမည်ဆိုလျှင် ကောင်းကင်မီးတောက်လမ်းတွင် စာရင်းသွင်းထားသော သဘာဝလွန် စွမ်းအားရှင်များ၏ အရေအတွက်ဟာ လေးသောင်းကျော်သည်။ အနည်းဆုံး ထိုစစ်ပွဲမှာ တစ်ဝက်ခန့်ကသာ အသက် အရေအတွက်ကြောင့် ကိုက်ညီလောက်သည်။ အကယ်၍ ထိုထဲမှ နောက်ထပ် တစ်ဝက်ဝက်မည်ဆိုရင်လည်း တစ်သောင်းနီးပါး ဖြစ်နေသေးသည်။
အဲ့ဒီက တစ်သောင်းခန့်ရှိမှ မတ်ရှ် လေယာဉ်မှူးများသည် အတိုင်းအတာတစ်ခုထိ အင်အားကြီးမားနေပြီဖြစ်သည်။ အခုလိုမျိုး မတ်ရှ် သီးသန့် တပ်ရင်းတစ်ခုလုံးကို သဘာဝလွန် စွမ်းအားရှင်များနဲ့ ဖွဲ့စည်းထားခဲ့ရင်မူ ကြောက်စရာကောင်းသွားလောက်ပြီ ဖြစ်သည်။
"မင်းလို လူမျိုးတွေ မများဘူး။ "
ဝိုင်ဆရာဟာ သူ့ရဲ့ အတွေးကို သိသည်။
လန်ကြွယ်က သူ့ကို နားမလည်သလို ကြည့်သည်။
"ဒါဆိုရင် ဘယ်လောက် များတာလဲ။ "
ဝိုင်ဆရာ "ငါတို့မှာ အင်အား လိုအပ်ချက် ရှိတယ်။ လိုအပ်လို့ စွမ်းအား အဆင့် ၆ရဲ့အထက်ကိုပဲ ဝင်ခိုင်းထားတာလေ။ နောက်ပြီးအသက် ၆၀ အောက်လည်းဖြစ်ရဦးမှာ အဲ့ဒါပဲ။ "
လန်ကြွယ်က ကူကယ်ရာမဲ့စွာ ပြုံးသည်။
ပြင်းပြင်းထန်ထန် အသက်ရှူနေတာမျိုးကို ရပ်ပေးလို့ ရမလား။ ဒါ လူ သတ်နေတာပဲ။ ခင်ဗျား ဒီလို ကန့်သတ်ချက်ထည့်ထားတော့ လျှောက်တဲ့လူရဲ့အရေအတွက်က အနည်းဆုံး ဆယ်ဆလောက်နည်းသွားမှာ။ "
ဝိုင်ဆရာက ရယ်သည်။
"ကောင်းကင်မီးတောက် လမ်းက နက်နဲတဲ့ အုတ်မြစ်ကို ပိုင်ဆိုင်ထားတယ်ဆိုပေမဲ့လည်း နတ်ဘုရားအဆင့်မတ်ရှ် တစ်သောင်းလောက်ကိုတော့ မလုပ်ပေးနိုင်ဘူးလေ။ ဟုတ်တယ်မလား။ ပိုဆိုးတာက ငါတို့ အခုလိုနေတာက လက်ရွေးစဉ်တွေ။ ဒီစစ်ပွဲထဲမှာ တိုက်ရိုက်အရေးပါတဲ့ ကဏ္ဍ မျိုးကို ယူနိုင်မဲ့သူတွေဆိုတော့ သဘာဝကျကျပင် တစ်ယောက်ချင်းစီတိုင်းရဲ့အင်အား လိုအပ်ချက်က တင်းကျပ်တယ်။ "
သဘာဝလွန်စွမ်းအား အဆင့်လေးနှင့်အထက် အဆင့်များကသာ လက်တွေ့ စာရင်းသွင်းနိုင်သည်။ ထို့အပြင် အဆင့် ၆ အထက်အဆင့်ဆိုလျှင် အများစုက ဖယ်ထုတ်ခံရပြီးသား ဖြစ်သည်။
"ဒါဆိုရင် ပြောပါဦး။ အတိအကျ ဘယ်လောက်များလဲ။ "
လန်ကြွယ်က ထပ်ပြောသည်။
ဝိုင်ဆရာ "လက်ရှိမှာတော့ ၆၀၀ ကျော်ပဲ အရေအတွက်ကတော့ တိုးနေတုန်းပဲ။ "
လန်ကြွယ် " ငါ့ကို ဘာလို့ ဒါတွေ ပြောပြနေရတာလဲ။ "
ဝိုင်ဆရာ " မသိသာဘူးလား။ ကံကြမ္မာဟောသူ ကြယ် မဟာမိတ်တစ်ခုလုံးကို မင်းကို ပုံအပ်ပြီးသား။ မင်း စွန့်ပစ်လို့တော့ မရဘူးလေ ဟုတ်တယ်မလား။ ငါတို့ မင်းအတွက် အစောပိုင်းအဆင့်တွေကိုလုပ်ပေးထားတာ။ ကျန်တာက မင်းအပိုင်းဖြစ်သွားပြီ။ မင်းအနေနဲ့ လူသားတွေရဲ့တိုက်ခိုက်နိုင်စွမ်းအားတိုးတက်လာတာ သေချာအောင်လုပ်ပေးရမယ်။ ကောင်းမွန်ပြီး တော်လွန်းတဲ့ သဘာဝလွန်စွမ်းအားရှင်တစ်ယောက်က တကယ် တော်တဲ့ မတ်ရှ်လေယာဉ်မှူးတစ်ယောက် သီးသန့် မဟုတ်ဘူး။ ဒါကမင်း သူတို့ကို ဘယ်လို လေ့ကျင့်ပေးသွားမလဲဆိုတာပေါ် မူတည်သွားတယ်။ ငါ ကြားတာတော့ မင်းက ဟွားမှန်နိုင်ငံအဆင့် အကယ်ဒမီမှာ ညွှန်ကြားသူသွားလုပ်နေတုန်းက လူငယ်တွေကို ကောင်းကောင်းသင်ပေးနိုင်ခဲ့တယ်ဆိုပဲ။ ငါ အထူး ခြွင်းချက်အဖြစ်ထားပေးပြီး မင်းကို ကောင်းကင်မီးတောက်လမ်းကို ဒီလူတွေနဲ့အတူ ဝင်ခွင့်ပြုမယ်။ သူတို့အတွက် သီးသန့် မတ်ရှ်တွေ လုပ်ပေးမယ်။ အလကားနော်။ ဘယ်လိုထင်လဲ။ "
"နေဦး။ နေဦး။ "
လန်ကြွယ်ဟာ လက်မြောက်၍ တားလိုက်သည်။ သူဟာ တဖက်သူကို မကျွမ်းဝင်သော မျက်လုံးမျိုးနှင့် ကြည့်နေသည်။
"ခင်ဗျားပြောတဲ့အတိုင်းဆိုရင် ခင်ဗျားက ငါ့ကို ဒီ ဒီတပ်ဖွဲ့ကို တာဝန်ယူစေချင်နေတာလား။ "
ဝိုင်ဆရာက တုန့်ဆိုင်းမနေဘဲ ခေါင်းညိတ်သည်။
"ဒါပေါ့။ မင်းပဲ ကံကြမ္မာဟောသူရဲ့တောင်းဆိုမှုကို သဘောတူထားတာ မဟုတ်ဘူးလား။ အခုမှနောင်တရရင် နောက်ကျသွားပြီနော်။ "
"ငါ " လန်ကြွယ်က သူ့ကို မယုံနိုင်သလို ကြည့်သည်။
" ခင်ဗျား ဒါကို တောက်လျှောက် ကြံစည်နေခဲ့တာမဟုတ်လား။ "
ဝိုင်ဆရာက ချက်ချင်း ခေါင်းညိတ်သည်။
"ဟုတ်တယ်လေ။ အဲ့ဒီလိုမှ မဟုတ်ရင် ကြယ်မဟာမိတ်က မင်းရဲ့ နတ်ဘုရင်လေးပါးနဲ့ ဘာလို့တိုက်ခိုက်ခဲ့မှာလဲ။ ဒီအတိုင်း ကြယ်မဟာမိတ်ကို ရှေ့တန်းထုတ်ဖို့ မဟုတ်ဘူးလား။ အဲ့ဒါအပြင် ကံကြမ္မာဟောသူရဲ့သေတမ်းစာကို အမွေဆက်ခံဖို့လည်း ရှိသေးတယ်။ မင်းလည်း လက်ခံပြီးသား။ "
လန်ကြွယ်၏ နှုတ်ခမ်းက တွန့်သွားသည်။
"ခင်ဗျားက တော်တော်လေး ရိုးသားတာပဲ။ "
ဝိုင်ဆရာက ပြုံးနေသည်။
"အမြဲတမ်း အဲ့ဒီလိုပါပဲ။ "
"ဆိုတော့ အခု ဘာလုပ်စေချင် နေတာလဲ။ "
ဝိုင်ဆရာက အံ့ဩသွားပုံ ရသည်။
"ငါ ဘယ်လို သိမှာလဲ။ ငါ မင်းကို ပြောထားပြီးသားလေ။ ငါတို့က အစောပိုင်းအဆင့်တွေ လုပ်ပေးထားပြီးပြီလို့ ပိုက်ဆံလည်းပေးမယ်။ အရင်းအမြစ်လည်း ပေးမယ်။ မင်းက ငါတို့ အဖိုးကြီးတွေကို ကျန်တဲ့ကိစ္စပါ ဆက်လုပ်စေချင်တာလားဟင်။ ငါတို့က တအား အိုနေပါပြီ။ ဘာမှ မလုပ်နိုင်တော့ပါဘူး။ အနာဂတ်က မင်းတို့ လူငယ်တွေအပိုင်ပါပဲ။ "
လန်ကြွယ်က သွေးတက်လို့ အန်ချင်သွားသည်။
အာ။ သူ ပင်လယ် ဓားပြ သင်္ဘောပေါ် တက်မိသွားပြီ။
သူဟာလည်း ရုတ်တရက် ကံကြမ္မာဟောသူအပေါ် စာနာသနားမှုများအားလုံး ပျောက်သွားကြောင်း ခံစားလိုက်ရသည်။
သဘာဝလွန် စွမ်းအားရှင် အယောက် ၆၀၀ ကို လေ့ကျင့်ပြီး အရည်အချင်းပြည့်မီသော လေယာဉ်မှူးများဖြစ်အောင် လုပ်ဆောင်ခြင်းသည် ခက်ခဲလွန်းသည်ဟု မထင်ရပေ။ အထူးသဖြင့် သူ့အတွက်ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူသည်လည်း နတ်ဘုရားအဆင့် မတ်ရှ် လေယာဉ်မှူးတစ်ယောက်ဖြစ်သည်။ အထူးအတန်းကို လေ့ကျင့်ရာတွင်လည်းအတွေ့အကြုံ ရှိသည်။
သို့သော် ဒါပေမဲ့ အဲ့ဒီလို ဟုတ်ပါ့မလား။
မဟုတ်ဘူးပေါ့။
ထို သဘာဝလွန် စွမ်းအားရှင်များသည် ကျောင်းသားများ မဟုတ်ကြပေ။ ဟွားမန်နိုင်ငံအဆင့် အကယ်ဒမီမှ ကျောင်းသားများသည် ငယ်သည်။ တုံးအသည်။ ကြမ်းတမ်းသော လူ့အသိုင်းအဝိုင်းမှာအတွေ့အကြုံလည်း မရှိကြပေ။ ပို၍ဆိုးသည်မှာ သူတို့၏ အင်အားကလည်း ထင်သလောက် မမြင့်နေချေ။ ထို့ကြောင့် သူတို့ကို စီမံကွပ်ကဲရခြင်းသည် ကိုယ်ပိုင်လက်ကို စိတ်ကြိုက် ကွေးညွတ်နေသည်နှင့်တူသည်။
သို့သော် သဘာဝလွန် စွမ်းအားရှင်များကမူ ခြားနားသွားသည်။ ထိုလူများသည် ကောက်ကျစ်စဥ်းလဲသူများ မဟုတ်လျှင်ပင် အားလုံးဟာ လူမှုအသိုင်းအဝိုင်းထဲတွင် အတွေ့အကြုံရှိပြီးသားသူများ ဖြစ်ကြသည်။ အသန်မာဆုံးများထဲမှ အသန်မာဆုံးများ ဖြစ်နေကြသည်။
လန်ကြွယ်သည်လည်း ရဲတိုက် နှစ်ခုက ရောက်လာပြီး ကောင်းကင်မီးတောက် လမ်းပေါ်မှ သဘာဝလွန်စွမ်းအားရှင်များကို တိုက်ခိုက်တော့မည်အချိန်တွင် ကောင်းကင်မီးတောက်လမ်း အတွင်းရှိ သဘာဝလွန်စွမ်းအားရှင်အယောက် ၁၀၀ နီးပါးက လေပေါ်သို့ ပျံတက်သွားခဲ့ကြောင်း မှတ်မိနေသေးသည်။ ထိုထဲမှာအချို့က ပျံသန်းမှုတွင် အမှန်တကယ် ကျွမ်းကျင်နေခဲ့လျှင်ပင် အဆင့်ကိုးအထက်ရှိသောအရေအတွက်ဟာ မနည်းပါးခဲ့ချေ။ ဆိုတော့ သူ ဒီလိုလူတွေကို ဘယ်လိုများသွားပြီး အမိန့်ပေးရမှာလဲ။
ထို့အပြင် ကောင်းကင်မီးတောက်လမ်းကလည်း စီမံကွပ်ကဲမှု ပေါ့လျော့သည်။ ထိုလူများကလည်း ထိုအဖွဲ့အစည်းထဲတွင် နေသားကျနေပြီးသားဖြစ်သည်။ တပ်ဖွဲ့တစ်ခုသည် တင်းကျပ်သော စစ်ပုံစံ စီမံအုပ်ချုပ်မှုမျိုးကို လိုအပ်သည်။ ထို့ကဲ့သို့သော မတ်ရှ် တပ်ရင်းဟာ လေ့ကျင့်ပြီး တိုက်ခိုက်ခိုင်းရန် အလွန်ခက်သည်။
လန်ကြွယ်၏ သုန်မှုန်သော မျက်နှာကို မြင်ပြီး ဝိုင်ဆရာကပြောသည်။
"ဘာလဲ ပြဿနာရှိလို့လား။ ပြဿနာရှိရင်ပြောလေ မစိုးရိမ်ပါနဲ့။ ကော်မတီဘက်က အတတ်နိုင်ဆုံး ကူညီပြီး ဖြေရှင်းပေးမှာပါ။ "
အပိုင်း ၅၀၇ ပြီး၏။
***