လန်ကြွယ်က အသက်ပြင်းပြင်းရှူသည်။
" ငါ မလုပ်လို့ ရမလား။ "
ဝိုင်ဆရာက လက်ဖဝါးကို ဆန့်ထုတ်သည်။
"ကြည့်။ မင်း ကောင်းကင်မီးတောက် လမ်းကို စပြီးပူးပေါင်းပေးကတည်းက ပြဿနာတွေ ဘယ်လောက်ရှာထားသလဲဆိုတာ ငါ တွက်ချက်ပေးမယ်။ အရင်ဦးဆုံး မိန်းမတစ်ယောက်ကို အတင်းပြန်ပေးဆွဲတဲ့ ကိစ္စတွေအကြောင်းကို ပြန်ပြောရအောင်။ "
"တော်တော့။ တော်တော့။ "
လန်ကြွယ်ကလည်း ခပ်မြန်မြန် တားလိုက်သည်။
"ကျေးဇူးပြုပြီး မပြောပါနဲ့တော့နော်။ ငါ ဒီကိစ္စကို သဘောတူထားပြီးသား။ ငါ သဘောမတူတာကိုမြင်ရင် ငါ့ကိုခွင့်လွှတ်ပေးနော် ဟုတ်ပြီလား။ ဒါပေမယ့် ငါ လိုရင်းပြောမယ်။ ခင်ဗျားတို့က ငါ့ကို ဒီတပ်ဖွဲ့ကို တာဝန်ယူခိုင်းလိုက်ပြီဆိုကတည်းက အရာအားလုံးကို ငါနဲ့လွှဲထားရမယ်။ နောက်ပြီး ဘယ်လိုအရင်းအမြစ်ကို လိုလို ကောင်းကင်မီးတောက်လမ်းက ထောက်ပံ့မယ်လို့ ပြောထားတယ် ဟုတ်တယ်မလား။ "
ဝိုင်ဆရာက ခေါင်းညိတ်ပြီး သဘောတူသည်။
"ဒါပေါ့။ ငါတို့က ပိုက်ဆံကို ထောက်ပံ့ပေးမယ်။ မင်းက အင်အားစိုက်။ ငါတို့က မင်းမှာ တောင်းဆိုသမျှ လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးနိုင်အောင် အကောင်းဆုံး ကြိုးစားသွားမှာ။ "
လန်ကြွယ်က ခေါင်းညိတ်သည်။
"ကောင်းပြီ။ အခု အဲ့ဒီတပ်ရင်းကိုဖွဲ့စည်းပြီးပြီ ဆိုတော့ ဗိုလ်ချုပ်အနေနဲ့ ပြင်းထန်တဲ့ အရှိန်အဝါမျိုးကို လိုအပ်လာမယ်။ အဲ့ဒီလိုမှ မဟုတ်ရင်လည်း ဒီလူတွေကို ထိန်းချုပ်ဖို့ ခက်သွားမယ် ဟုတ်တယ်မလား။ "
ဝိုင်ဆရာ "မင်းလည်း မြင်တာပဲ။ ငါ့ ဒါကို မကူညီနိုင်ဘူး။ ငါ့ရဲ့အရိုးတွေက အိုနေပြီ။ အသက် ၆၀ကျော်ပြီလေ။ "
လန်ကြွယ်ဟာ သည်းမခံနိုင်သလို ပြောသည်။
"ငါ ခင်ဗျားကို မပြောပါဘူး။ ပညာသင်သားနဲ့ စာဂျပိုးကိုလည်း မေးလိုက်။ ခင်ဗျားက ငါတို့ရဲ့ စီမံရေးကိစ္စတွေကိုပဲ အာရုံစိုက်ပေါ့။ အဓိကအားဖြင့်ထောက်ပံ့ရေးပဲ။ အစားကြူးသူက အသက် ၆၀ မပြည့်သေးဘူး ဟုတ်တယ်မလား။ အာ။ ငါ့အထင် ငါသူ့ကို ငါနဲ့ ပူးပေါင်းစေချင်တယ်။ သူက ငါ့ရဲ့လက်ထောက်ခေါင်းဆောင် လုပ်ရမယ်။ နောက်ပြီးဆေးဆရာမလည်း ပါရမယ်။ ဒီနှစ်ယောက်ဆိုရင်တော့ ကိစ္စ မရှိတော့ဘူး။ "
ဝိုင်ဆရာက ခေါင်းညိတ်သည်။
"အစားကြူးသူကို ဖြောင်းဖြတာကတော့ ငါတာဝန်ယူပေးလို့ ရတယ်။ ဆေးဆရာမကတော့ မင်းဘာသာ မင်းပဲ ကိုင်တွယ်လိုက်။ သူမရဲ့အခြေအနေက နည်းနည်း ထူးခြားတယ်။ ငါ ဘာမှ မတတ်နိုင်ဘူး။ "
"ကောင်းပြီ ကော်မတီကိုသာ အယုံသွင်းဖို့ ပြင်ထား။ ဒီကိစ္စက ကော်မတီက ထောက်ပံ့ပေးဖို့ လိုတယ်လေ။ "
ဝိုင်ဆရာက အပြစ်ကင်းစင်စွာ ပြောသည်။
မင်း မရှိတဲ့ ရက်တွေ အတောအတွင်းမှာ ငါတို့အကြိမ်ပေါင်းများစွာ အတည်ပြုပြီးပြီ။ မစိုးရိမ်နဲ့။ လူတိုင်းကလည်း မင်းက ခေါင်းဆောင်ဖြစ်သင့်တယ်လို့ သဘောတူထားတယ်။ "
လန်ကြွယ်၏ မျက်လုံးက ချက်ချင်းပြူးသွားသည်။
"ဆိုတော့ ငါ မရှိတဲ့ အတောအတွင်းမှာ ခင်ဗျားက ငါ့ကို အကွက်ချ ကြံစည်နေတာပေါ့လေ ဟုတ်လား။ "
ဝိုင်ဆရာ " အေး။ အဲ့ဒီလိုကြီး မပြောပါနဲ့။ ဘယ်လိုကြောင့် အကွက်ချကြံစည်ရမှာလဲ။ နောက်ပြီး မင်းအတွက် ပိုက်ဆံကို ကူရေပေးနေတာ မဟုတ်ဘူးလား။ မင်းဆီမှာ ဘာမှ မဖုံးကွယ်ထားဘူးလေ "
လန်ကြွယ်က ရုတ်တရက် မတ်တပ် ထရပ်လိုက်သည်။
"ငါ အရင်သွားတော့မယ်။ "
ဝိုင်ဆရာ "ပစ္စည်းတွေအားလုံးကို သိပ်မကြာခင် မင်းဆီ ပို့လိုက်မယ်။ နောက်ပြီး လူတိုင်းနီးပါးက ရောက်နေကြပြီ။ မင်းလည်း မင်းရဲ့အထူးလေ့ကျင့်ရေးအတန်းကို ခေါ်လာသင့်ပြီ။ ငါတို့အားလုံး စုစည်းပြီးပြီဆိုတာနဲ့ ပြင်းထန်တဲ့ လေ့ကျင့်မှုကို စကြမယ်။ "
လန်ကြွယ်က ခွေယိုင်လဲချင်သွားသည်။ ရုတ်တရက် သူ ဒီနေ့ မလာခဲ့သင့်ကြောင်း သိလိုက်သည်။
ဒါမှမဟုတ်ရင် သူ ခရမ်းကြယ်က ပြန်မလာခဲ့သင့်တာ။ ကောက်ကျစ်တဲ့ မြေခွေးတွေ သူတို့ရဲရက်စက်တဲ့ အကြံအစည်တွေကို ကြည့်စမ်း။
ထွက်သွားတဲ့သူ့ကို ကြည့်နေသော ဝိုင်ဆရာ၏ အပြုံးက ပျောက်သွားပြီး သက်ပြင်းချသည်။
"အရူးကောင်လေး။ မင်းကသာ ကံကြမ္မာဟောသူက ရွေးချယ်တာကို ခံရတဲ့သူ။ ငါတို့က မင်းကို ကူညီပြီး ဒီဝန်ထုပ်ကို ကူထမ်းပေးတာ။ "
လန်ကြွယ်က ဂေါ့စ်သစ်ဝိုင်ဆိုင်မှ ထွက်ချိန်တွင် စိတ်က မုန်တိုင်းထန်နေသည်။ သူသည် ကျိုးချန်လင်းကို ရှာရန် အချိန် မရှိသေးပေ။ ဝိုင်ဆရာ၏ သူ့အပေါ် ထိုမျှ ကြီးလေးသော တာဝန်ကြီးကို ယုံကြည်အပ်နှံမှုက ဖော်ပြရန် ခက်ခဲလောက်အောင် လေးလံလာသော ခံစားချက်ကို ရစေသည်။ ထိုကိစ္စကိုကိုင်တွယ်ခြင်းသည် ရိုးရှင်းသော တာဝန်မျိုး မဟုတ်ပေ။
သူက အရှေ့သို့ လမ်းလျှောက်နေရင်းမှ ရင်းနှီးကျွမ်းဝင်သောဆိုင်ကို မြင်လိုက်ရသည်။
သူဟာ အလိုအလျောက်ပင် လျှောက်သွားလိုက်သည်။ သို့သော် ဆိုင်တံခါးက ပိတ်ထားသည်။ အမြဲတစေကဲ့သို့ ပိတ်ထားပြီး ကြိုတင်ချိန်းဆိုထားမှသာလက်ခံတတ်သည်။
သူက တံခါးကို အကြိမ်နည်းနည်းခေါက်လိုက်သည်။ သိပ်မကြာခင်မှာတင် အပ်ချုပ်ဆရာမ ထွက်လာသည်။ သူ့ကို မြင်သည်နှင့် အံ့ဩသွားပုံပေါ်သည်။ ထို့နောက် တံခါးဖွင့်ပြီးမေးလေသည်။
"နင် ဘယ်အချိန်က ပြန်လာလဲ။ "
လန်ကြွယ်က ခြောက်ကပ်စွာပြုံးသည်။
"အခု ကားဆရာရှိလား။ "
အပ်ချုပ်ဆရာမက ခေါင်းညိတ်သည်။
" ရှိတယ်လေ ဝင်လာခဲ့။ "
ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် အတွင်းခန်းတွင် စိမ်ပြေနပြေ ဝီစကီ ထိုင်သောက်နေသော ကားဆရာကို မြင်ရသည်။ လက်ချောင်းထဲတွင်လည်း စီးကရက်ကို ကိုင်ထား၏။ သူက လုံးဝ အေးဆေးနေသည်။
"မင်း ပြန်လာတာလား။ "
ကားဆရာက ပြောပြီး စားပွဲပေါ်မှ ဖန်ခွက်တစ်လုံးကို ကောက်ယူ၍ သူ၏ အရှေ့တွင် ချပေးသည်။ ထို့နောက် ပုလင်းကို သူ၏ အရှေ့တွင် ဖွင့်ကာ တစ်ခွက်ငှဲ့ပေးလေသည်။
လန်ကြွယ်ကလည်း လက်ထဲမှ ဝစ္စကီကို တစ်လုတ်ထဲနှင့် အကုန်ငုံသောက်လိုက်ပြီး ခြောက်ကပ်စွာပြုံးသည်။
"ငါ ပြန်မလာသင့်ဘူး။ မင်းတို့တွေထဲက ဘယ်သူကမှ ငါ့ကို ကြိုမပြောကြဘူး။ "
ကားဆရာက ရယ်သည်။
"ပေါက်ကရတွေ။ မင်း ပြန်မလာလို့ ရမယ်ထင်လား။ ဒါက ငါတို့ အမှားမဟုတ်ဘူးနော်။ ဝိုင်ဆရာက ငါတို့ကို အကုန် အမိန့်ပေးထားတာ။ ဒါ့အပြင် ငါတို့က ကောင်းတယ် ထင်တာပဲ မဟုတ်ဘူးလား။ အနာဂတ်မှာ မင်းက ကောင်းကင်မီးတောက်လမ်းကိုလွှဲယူသွားတာက မကောင်းလို့လား။ "
လန်ကြွယ်က မျက်လုံးပြူးသွားသည်။
"ကောင်းတယ် ဟုတ်လား။ ငါ ကောင်းကင်မီးတောက်လမ်းကို ဝင်တယ်ဆိုတာက ငါအေးအေးဆေးဆေး နေနိုင်ဖို့လေ။ အခု ဒီလောက်ကြီးတဲ့ တာဝန်ကြီးကို ငါ့ပုခုံးပေါ် အတင်း ထမ်းတင်နေတယ်။ ဒါကို ကောင်းတယ်လို့ လာပြောနေတာလား။ "
ကားဆရာက သူ့ကို နောက်တစ်ခွက် ထပ်ငှဲ့ပေးသည်။
" ကောင်းပြီ ကောင်းပြီ။ စိတ်အေးအေးထား။ တကယ်တော့ မင်း ထင်သလောက်ကြီးလည်း မခက်ခဲပါဘူး။ မင်း အခု ကောင်းကင်မီးတောက်လမ်းမှာ ငါတို့နဲ့ အတူနေနေတာ။ အချိန်တစ်ခုကြာပြီ ဟုတ်တယ်မလား။ နောက်ပြီးမမေ့နဲ့။ အားလုံးကလည်း သဘဝလွန် စွမ်းအားရှင်ပြိုင်ပွဲက မင်းရဲ့လုပ်ဆောင်မှုကို မြင်ပြီးသား။ ငါတို့တွေ မဟုတ်ဘူးနော်။ ကောင်းကင်မီးတောက်လမ်းပေါ်က သဘာဝလွန်စွမ်းအားရှိတဲ့သူတိုင်းက သိတယ်။ ဒီပြိုင်ပွဲကိုပြီးသွားပြီးတဲ့နောက်မှာ ငါတို့ရဲ့ကောင်းကင်မီးတောက်လမ်းက ကြယ်စင် မဟာမိတ်ထဲကို ဝင်လာတဲ့သူတွေက ၃၀ရာခိုင်နှုန်းကျော်ကျော်လောက်တောင် မြင့်တက်လာတာ။ ဘယ်သူ့ကြောင့်လာတယ်ထင်လဲ။ သံသယဝင်ဖို့ မလိုလောက်အောင်ပဲ မင်းကြောင့်ပေါ့။ ဆိုတော့ ကောင်းကင်မီးတောက်လမ်းပေါ်က မင်းရဲ့ လွှမ်းမိုးမှုကို အထင်မသေးသင့်ဘူး။ "
အပ်ချုပ်ဆရာမကလည်း လန်ကြွယ်၏ အရှေ့တွင်ရေခဲ ရေတစ်ခွက်ချပေးပြီး ခေါင်းညိတ်သည်။
" သူ ပြောတာ မှန်တယ်။ နင် အထင်မှားနေတာဖြစ်လိမ့်မယ်။ တကယ်တော့ ကော်မတီက နင့်ကိုကောင်းကင်မီးတောက် တပ်ရင်းကြီးတစ်ခုလုံးရဲ့ ခေါင်းဆောင်အဖြစ် ခန့်ချင်တာက ကြေညာလိုက်ရုံပဲရှိတယ်။ ဘယ်သူကမှ ငြင်းစရာ မရှိဘူး။ ဆိုလိုတာက အားလုံးက နင့်ကို အသိအမှတ်ပြုထားတယ်။ နင့်ရဲ့သဘာဝလွန် စွမ်းအားရှင်ပြိုင်ပွဲကလုပ်ဆောင်မှုကလည်း သက်သေပဲလေ။ နင်ကအရှင်သခင်နီးပါးအင်အားကို ထုတ်လာတယ်။ နောက်ပြီး ထိုက်ဝါးဂြိုလ်က လုပ်ခဲ့တဲ့ကိစ္စနဲ့ ပေါင်းသွားတော့။ နင့်ရဲ့အင်အား နင့်ရဲ့အကျင့်စရိုက်က လုံးဝကို လက်သင့်ခံ ယုံကြည်လောက်တဲ့အခြေအနေမျိုးဖြစ်သွားပြီ။ အဲ့သည်အတွက်ကြောင့်ပဲ ကောင်းကင်မီးတောက် တပ်ရင်းကို ဖွဲ့စည်းပြီး နင့်ကို ခေါင်းဆောင်တင်ထားတာက နင်ထင်သလောက်ခက်မနေတော့တာပေါ့။ ပိုဆိုးတာက ကော်မတီက နင့်ကို အပြည့်အဝ ထောက်ပံ့မယ်ဆိုကတည်းက ငါတို့အားလုံးက ကူညီမှာလေ ဟုတ်တယ်မလား။ ဆိုတော့ အားလုံးက နင့်ဘက်မှာ ရှိနေပေးတာ။ အဲ့သည်လို ရှိနေတဲ့အချိန်မှာ နင်က ပြဿနာတစ်ခုခုကိုကြုံတွေ့ရတာနဲ့ ငါတို့က အတူ ပူးပေါင်းကူညီပြီးဖြေရှင်းပေးကြမှာပဲ။ "
လန်ကြွယ်သည်လည်း ကားဆရာ၏ ပြောစကားကို သံသယဝင်နေသေးလျှင် အပ်ချုပ်ဆရာမက ပြောလာသောအခါ အများကြီး တည်ငြိမ်သွားလေသည်။
သူသည် ဖော်ပြရန် ခက်ခဲလောက်အောင် ဉာဏ်ကောင်းသည်။ သူ၏ စိတ်က အခြေအနေတစ်ခုလုံးကို လျင်မြန်စွာနှင့် သုံးသပ်ပစ်လိုက်သည်။
ဟုတ်တယ်။ ကောင်းကင် မီးတောက်လမ်းမှာအင်အားကြီးမားတဲ့သူတွေရှိတယ်ဆိုပေမယ့်လည်း သူက ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်တွေ အားလုံးနီးပါးနဲ့ ရင်းနှီးနေတာပဲ။ အုပ်ချုပ်သူ အများစုကလည်း သူ့ကို သေချာပေါက် ထောက်ပံ့ပေးကြမှာ။ နောက်ပြီး နဂို မူလကြယ်စင် မဟာမိတ်က အဖွဲ့ဝင်တွေ။ နောက်ပြီး အဲ့ဒီ နတ်ဘုရားအဆင့် မတ်ရှ်လေယာဥ်မှူးတွေ။ စီမံခန့်ခွဲမှုမှာ အတတ်နိုင်ဆုံး အနည်းငယ် ပြဿနာရှိနိုင်တယ်ဆိုပေမယ့်လည်း သူထင်သလောက်တော့ ခက်မနေလောက်ပါဘူး။
ကားဆရာ "ကောင်းပြီ။ အခု ဒါတွေ တွေးနေလို့ ဘာအသုံးဝင်မှာလဲ။ မစိုးရိမ်နဲ့။ ငါတို့အားလုံး မင်းကိုကူညီပြီးတပ်ရင်းကိုစီမံခန့်ခွဲပေးမယ် ငါ့အထင် အခုအရေးကြီးဆုံးလုပ်ရမယ့်ကိစ္စက ငါတို့ကောင်းကင် မီးတောက်တပ်ရင်းရဲ့ စီမံလည်ပတ်ပုံက သွားမယ့်အနာဂတ် ဦးတည်ရာဘက်ပဲ။ ငါတို့က သာမန်တပ်ဖွဲ့တွေနဲ့ မတူဘူး ဟုတ်တယ်မလား။ ဒါပေမယ့် ပေါ့ပေါ့လျော့လျော့ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့မျိုးဆိုတာက အားသာချက် မရှိတာမျိုး မဟုတ်ပြန်ဘူး။ အသက် ၆၀ အောက်က ဒီစွမ်းရည်အသုံးပြုသူအချို့က မတ်ရှ်တွေနဲ့ အဆက်အသွယ် အနည်းငယ်ပဲရှိတာ။ အများစုက မတ်ရှ်လေယာဥ်မှုးတွေဖြစ်နေကြတယ်။နောက်ပြီး တော်တော်လေး လုပ်နိုင်တဲ့သူတွေဆိုရင်လည်း ရှိနေသေးတယ်။ ဆိုတော့ ခြုံငုံအနေအထားအရ အချိန်ယူရပေမယ့် ငါ့အထင် မင်းက ငါတို့ကို အံ့ဩအောင်လုပ်နိုင်မယ်လို့ ယုံကြည်တယ်။ ဒါပေမယ့်လည်း မင်းအနေနဲ့အားလုံးကိုထိန်းချုပ်ဖို့ တပ်ဖွဲ့ထဲက နည်းလမ်းတွေကိုလည်း လာသုံးလို့ မရဘူးလို့။ အဲ့ဒီလိုလုပ်လိုက်ရင်တော့ကြာရှည်မခံဘူး။ "
လန်ကြွယ်က မျက်မှောင်ကြုံ့သည်။
"မင်းဆိုလိုတာက ငါတို့ကိုယ်ပိုင်အထူး တိုက်ခိုက်ရေးပုံစံမျိုး လိုတယ်ဆိုတဲ့ အဓိပ္ပာယ်လား။ "
ကားဆရာက လက်ဖျောက် ထ တီးသည်။
"ဟုတ်တာပေါ့။ ငါ ဆိုလိုတာ အဲ့တာပဲ။ "
လန်ကြွယ်၏ မျက်လုံးက လှုပ်သွားသည်။ တည်ငြိမ်နေသော စိတ်က ပြန်ပြီး လှုပ်ရှားပြန်လေသည်။
ဟုတ်တယ်။
ပိုပြီး အေးဆေးပေါ့ပါးတဲ့ ချဉ်းကပ်မှုကလည်း အားသာချက်ရှိတယ်။ ပိုဆိုးတာက တစ်ယောက်ချင်းစီတိုင်းရဲ့ တိုက်ခိုက်ရေးအင်အားအရဆိုရင် ကောင်းကင်မီးတောက်လမ်းရဲ့ ဒီစွမ်းရည် အသုံးပြုသူတွေက တပ်ဖွဲ့ထဲက ဘယ်အဖွဲ့အစည်းနဲ့ထက်မဆို သာတယ်။ လေ့ကျင့်မှုအတွက်ဆိုရင်တော့ အဲ့လိုတပ်ဖွဲ့က သက်ဆိုင်ရေးနည်းလမ်းမျိုးကိုလည်းအလားတူ သွားသုံးလို့ ဘယ်ဖြစ်ပါ့မလဲ။
တစ်ယောက်ချင်းစီ အသေဖြစ်သလိုမျိုး ပိုင်ဆိုင်ထားတဲ့စွမ်းရည်မျိုးတွေနဲ့ ဒီလူတွေကို ပူးပေါင်းခိုင်းဖို့က ခက်လိမ့်မယ်။ ဘာဖြစ်ဖြစ်အားလုံးရဲ့ စွမ်းရည်တွေက မတူညီကြဘူး။ ဒါပေမယ့် သီးသန့်တိုက်ခိုက်ကြရင် ဘယ်လို ဖြစ်သွားမှာလဲ။
ကြွယ်တာရာ ခေတ် ပျောက်ကြားစနစ်မျိုးတွေနဲ့ ထိုကဲ့သို့သော အခြေအနေမျိုးဟာ ပုံမှန်သာ ဖြစ်သည်။ ပေါ့လျော့သော တပ်ဖွဲ့၏ ဖွဲ့စည်းပုံနှင့်ပတ်သက်ပြီး အကောင်းဆုံး ကိုယ်စားပြုပြနိုင်သည့်နမူနာဆိုလျှင်။
ထိုသို့ တွေးမိသော်လည်း လန်ကြွယ်၏ မျက်လုံးကတစ်ချက်လက်သည်။ သူက အကြံအချို့ ရလာလေသည်။
"သောက်ရအောင်။ "
ကားဆရာက ခွက်ကို မြှောက်ပြီး သူနှင့် ခွက်ချင်းတိုက်သည်။
လန်ကြွယ်က ဝစ္စကီ တစ်ငုံသောက်ပြီး နွေးထွေးသော ခံစားချက်က ရင်ဘက်အတွင်း ပျံ့သွားသည်။ ထို့နောက် ဝစ္စကီ၏ ထူးခြားသောရနံ့တစ်မျိုးကလည်း ပျံ့ထွက်လာသည်။
"ဒီကိစ္စက ဂရုတစိုက် စဥ်းစားရမှာ။ ငါတို့နောက်မှပဲတွေ့ပြီး ကြယ်စင် မဟာမိတ်က လူတွေကို ဖိတ်ခေါ်ကြတာပေါ့။ "
ကားဆရာက ခေါင်းညိတ်သည်။
"ဒါလည်း ရတာပဲ အားလုံးရှိတယ်။ ကံကြမ္မာဟောသူက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတော့မှာဆိုတော့ သူ ထွက်လာတဲ့အထိ စောင့်ရအောင်။ "
ထိုသို့ပြောပြီးနောက် သူ၏ မျက်လုံးက အနည်းငယ်မဲမှောင်သွားသည်။ လန်ကြွယ်နှင့် နှိုင်းယှဥ်သော် ကံကြမ္မာဟောသူသည် သူ့အပေါ်ကြီးမားတဲ့သက်ရောက်မှုရှိသည်။
လန်ကြွယ်က သက်ပြင်းသာချသည်။ သူသည်လည်း ထိုအခြေအနေကို မရှောင်နိုင်မှန်း သိသည်။ကံကြမ္မာဟောသူကသာ ကျန်းမာရေး ကောင်းနေလျှင် သူသည်လည်း အတတ်နိုင်ဆုံး ငြင်း၍ ရသည်။ ရွေးချယ်စရာ မရှိဘဲ ထိုတာဝန်ကြီးကို ထမ်းရတော့ပေမည်။
ကံကြမ္မာဟောသူက သူ၏ လုပ်ဆောင်မှုတိုင်းကို အမြဲတစေ ကြိုးကိုင်နေသည်အား ခံရသည့် ခံစားချက်က အလွန်အမင်း မသက်မသာ ဖြစ်စေသော်လည်း လန်ကြွယ်သည် ထိုအနာဂတ်မျက်လုံးအပေါ်မည်သည့်မုန်းတီးမှုမှ မရှိပါပေ။ သူ၏ ထိန်းချုပ်မှုအောက်တွင် အရာအားလုံးဟာ သူ့အတွက် ကောင်းရန်သာ ဖြစ်လာသည်။ ထိန်းချုပ်ခံရခြင်းဟာ စိတ်မသက်မသာဖြစ်စေသော်လည်း ကံကြမ္မာဟောသူကသူ့အပေါ်လုပ်ပေးခဲ့သည့် မည်သည့်အရာနှင့်မျှ မယှဥ်နိုင်ပေ။ ထိုအပြင် အရာအားလုံးကလည်း ကောင်းကင်မီးတောက်လမ်းအတွက် သို့မဟုတ် လူသားတစ်မျိုးနွယ်လုံး၏ အနာဂတ်အတွက်ဖြစ်နေသည်။
လန်ကြွယ်၏ အမူအရာ အပြောင်းအလဲကို မြင်သည်နှင့် ကားဆရာက ကျေနပ်သွားသည်။
ထိုနေရာတွင် နာရီဝက်နီးပါးထိုင်နေပြီးနောက် လန်ကြွယ်က ကိုယ်တိုင်းချုပ် အပ်ချုပ်ဆိုင်မှ ထွက်သွားပြီး စက်ဘီးပေါ်တက်၍ ထျန်းရှန် တောင်ဆီသို့သွားသည်။
ပြင်ပရေးရာ ချိန်းခြောက်မှုများကို မကိုင်တွယ်ခင်သူ၏ အတွင်းပိုင်း တည်ငြိမ်မှုကိုလည်း ထိန်းသိမ်းရပေမည်။ သူသည်လည်း သေလောက်အောင်အလုပ်များလောက်သည်။ သို့သော် ထိုမတိုင်ခင်အထိ စိတ်ထဲမှ အရေးကြီးဆုံးကိစ္စကို လုပ်ရပေမည်။ သူသည် ကျိုးချန်လင်းနှင့် စကားကောင်းကောင်းပြောပြီး နားလည်လွဲမှားမှုတိုင်းကိုရှင်းလင်းရန် လိုအပ်သည်။ သို့မဟုတ်ပါက သူ၏ အလုပ်ပေါ် အာရုံမစိုက်နိုင်လောက်ပေ။
ဒီတစ်ခေါက်တွင် လန်ကြွယ်ဟာ ခိုးမဝင်လိုက်ပေ။ ထို့အစား ပေါ်တင် ရိုးရိုးသားသား ဝင်သည်။ မည်သည့်စစ်ဆေးသည့် နေရာကမျှ သူ့ကို မတားခဲ့ပေ။ လမ်းတောက်လျှောက်တွင် လန်ကြွယ်ဟာ ဝိုင်ဆရာကို ခေါ်ခြင်းအားဖြင့် ထိုကိစ္စကို ကိုင်တွယ်ခိုင်းထားခြင်း ဖြစ်သည်။ ထို့နောက် လန်ကြွယ်သည် တရားဝင် အမိန့်အာဏာကို ရပြီး အဆင့်မြင့် ကြယ်တာရာဆက်သွယ်ရေး ဆက်သွယ်ခွင့်ကိုပိုင်ဆိုင်ထားသည်။
သူဟာ ပါ့စဝက်ကို စကန်ဖတ်ပြီးသည်နှင့်တောင်ပေါ်သို့ တက်နိုင်သွားသည်။
သူ၏ စက်ဘီးကို တွန်းကာ တောင်ကုန်းပေါ်သို့တက်နေသည့်အချိန်တွေ လန်ကြွယ်၏ နှလုံးသားကတဖြည်းဖြည်း တည်ငြိမ်လာသည်။ သူ၏ စိတ်ထဲတွင် ပုံရိပ်နှစ်ခုက ရောထွေးသွားလေသည်။
တစ်ခုက ဟီရာ ဖြစ်သည်။ အခြားတစ်ခုကမူ ကျိုးချန်လင်းဖြစ်သည်။
အပိုင်း ၅၀၈ ပြီး၏။
***