သူ့ရဲ့ နှလုံးသားထဲမှာ ဘယ်သူက အမှန်တကယ်အရေးကြီးတဲ့နေရာကို ယူဆောင်ထားတာလဲ။ လန်ကြွယ်ကိုယ်တိုင်က ဝန်ခံရန် တုန့်ဆိုင်းနေမိလျှင်ပင် ထိုအချိန်တွင် ဟီရာ၏ပုံရိပ်သည် အများကြီး လျော့ပါးသွားပြီး ကျိုးချန်လင်း၏ ပုံရိပ်က ထင်ရှားလာကြောင်း ဝန်ခံရပေမည်။ သို့သော် သူ့၏ နှလုံးသား ဟိုအောက်ဆုံးပိုင်းတွင်မူ ပုံရိပ်၂ခုက ထပ်နေသေးသည်။ ဒါကလည်း လန်ကြွယ်ကိုယ်တိုင် ဖြေရှင်းရခက်သည့် ကိစ္စဖြစ်သည်။
သို့သော် မည်သို့ပင်ဆိုစေ သူဟာ သူမကို ချစ်သည်။ လန်ကြွယ်ဟာ သူ့ကိုယ်သူ ခိုင်မာစွာပြောလိုက်၏။ အနည်းငယ်မျှ တုံ့ဆိုင်းမှု မရှိခဲ့ပေ။
တောင်ထိပ်သို့ ခပ်မြန်မြန် ရောက်သွားပြီးနောက် စက်ဘီးကို ရပ်ကာ တံခါးဆီသွားသည်။ တံခါးဘဲလ်ကို တီးလိုက်၏။
တံခါးဟာ အချိန်တိုအတွင်းပွင့်သွားသည်။ တံခါးလာဖွင့်သောသူမှာ ကျိုးချန်ကွမ်းဆိုသည့် ဟွားမန် နိုင်ငံရေးရာရုံးတော်မှ ခေါင်းဆောင်ဟောင်းဖြစ်သည်။
သူ့ကို မြင်သည့်အခါ လန်ကြွယ်ကပင် ရပ်သွားသည်။ သူဟာ ကျိုးချန်လင်းကို ခေါ်သွားခဲ့သည်ဆိုသော ကိစ္စက နှလုံးသားထဲမှ အထုံးဖြစ်နေခဲ့သည်။ မည်သို့ပင်ကြည့်ကြည့် သူဟာလည်း သူမ အပေါ်အပြစ်မကင်းသလို ခံစားရသည်။
"မင်းက ဘယ်သူ့ကို ရှာတာလဲ။ "
ကျိုးချန်ကွမ်းက သူ့ကို သံသယဝင်သလိုကြည့်သည်။
လူတိုင်းက ထျန်းရှောင် တောင်ပေါ်တက်နိုင်တာမဟုတ်ဘူး။
လန်ကြွယ် " ဦးလေး ငါ ကျိုးချန်လင်းကို ရှာတာပါ။ "
ကျိုးချန်ကွမ်းက ရှေ့မှ လူငယ်ကို စူးစမ်းလိုသလိုကြည့်သည်။
လန်ကြွယ်ဟာ မီးခိုးဖျော့ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အပြာရင့်ရောင်ရှပ် မီးခိုးဖျော့ရောင် နက်ခ်တိုင်နှင့် လည်သာဖိနပ်များကို ဝတ်ထားသည်။ ကိုယ်ကြပ်ဝတ်စုံက သူ၏ အရပ်ရှည်ရှည်နှင့် ချောမောသော ခန္ဓာကိုယ်ကို ထင်းထွက်နေစေသည်။ လေးထောင့် အိပ်ကပ်လေးထဲမှ ထွက်နေသော ငွေဖြူရောင် အနားစများကလည်း ထင်ရှားသည်။
"မင်းက ဘယ်သူလဲ။ "
ကျိုးချန်ကွမ်းက မေးသည်။
လန်ကြွယ် "သူမရဲ့ မိတ်ဆွေပါ သူမ အိမ်မှာရှိလား။ "
သူက ခေါင်းခါသည်။
"ဒီမနက်အစောပိုင်းတည်းက ထွက်သွားတာပဲ။ ပြန်မလာသေးဘူး။ မင်း ဘာလို့ ကြယ်တာရာဆက်သွယ်ရေးဆက်ကနေ မခေါ်တာလဲ "
လန်ကြွယ်ဟာ ခြောက်ကပ်စွာပြုံးသည်။
"ငါတို့ကြားမှာ နားလည်လွဲမှားတာ နည်းနည်းရှိနေလို့ ငါ့ရဲ့ဖုန်းကို မဖြေဘူး"
" နားလည်မှုလွဲတယ် ဟုတ်လား။ " ကျိုးချန်ကွမ်းက သူ့ကို အံ့သြတကြီး ကြည့်သည်။
"ကျေးဇူပြုပြီး ဝင်လာခဲ့ပါ။ "
သူဟာ တံခါးဖွင့်ပေးလိုက်သည်။ သူကိုယ်တိုင်ကလည်း ထိုတောင်ထိပ်ပေါ်သို့ တက်လာခဲ့သော လူငယ်က ဘာမှန်း မသိသည့်တိုင်အောင် သူ၏ လူကဲခတ်နိုင်သော စွမ်းရည်အရ ထိုလူငယ်ဟာ မကောင်းတဲ့စိတ်မျိုး မရှိကြောင်း ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။
လန်ကြွယ်သည် ထိုအိမ်ထဲသို့ ပုံမှန် လူလိုသူလို ဝင်ဖူးသည်မှာ ဒါ ပထမဦးဆုံးအကြိမ် ဖြစ်သည်။ စံအိမ်ကြီးမှာ လက်တွေ့ကျကျသာ ပြင်ဆင်ထားပြီး ပရိဘောဂများကလည်း ကုန်ကျစရိတ်နည်းပါးစွာနှင့် စတိုင်ကျကျလှပသော ပုံစံမျိုးဖြင့် ပြင်ဆင်ထားသည်။ အနည်းငယ်ပင် ရှေးဆန်သည့် ခံစားချက်မျိုးကို ရသေးသည်။
ကျိုးချန်ကွမ်းက သူ့ကို ဆိုဖာတွင် ထိုင်ရန် ဖိတ်ခေါ်သည်။
" မင်း ဘယ်သူလဲဆိုတာ မပြောရသေးဘူးနော်။ "
" အား။ တောင်းပန်ပါတယ် ဦးလေး ငါက လန်ကြွယ်ပါ။ အစောပိုင်းက ရိုင်းပြမှုအတွက် တကယ်ကိုတောင်းပန်ပါတယ်။ "
သူ၏ စိတ်အား အနည်းငယ် ဖိအားများသွားသည်။ သို့မဟုတ်ပါက ယခုလိုမျိုး ချောချောမွေ့မွေ့ စကားမပြောနိုင်သည့် ကိစ္စမျိုး ရှိလာမည် မဟုတ်ပေ။
"လန်ကြွယ် ဟုတ်လား။ "
ကျိုးချန်ကွမ်း၏ မှတ်ဉာဏ်ထဲတွင် ထိုနာမည်ကို လိုက်ရှာခဲ့ပြီးနောက် ခေါင်းကိုညင်သာစွာခါသည်။
" စိတ်မရှိပါနဲ့။ မင်းက ချန်လင်းပြောတာတော့ မကြားဖူးဘူး။ မင်းတို့ နှစ်ယောက် ဘယ်လိုတွေ့တာလဲ။ "
လန်ကြွယ်ပင် ကြောင်သွားသည်။ ထိုနောက်ပြောသည်။
"ငါက သူမရဲ့ ကျောင်းက ဆရာပါ။ ငါ လူနေမှု ဘဝအကြောင်း သင်ကြားပေးတဲ့အတန်းကလေ။ "
သူဟာ ဆရာဖြစ်ကြောင်း ကြားသော် ကျိုးချန်ကွမ်းအမူအရာက အတိုင်းအတာတစ်ခုထိ နူးညံ့သွားသည်။
"လူနေမှု ဘဝအကြောင်းဟုတ်လား။ လူကြီးမင်း လန်က တကယ်ကို အကြိုက်ကောင်းသိတဲ့ လူမျိုးဖြစ်ပါလိမ့်မယ်။ ချန်လင်းကတော့ အိမ်မှာ မရှိဘူး ငါလည်း ခဏနေရင် အစည်းအဝေး ရှိသေးတယ်ဆိုတော့ မင်းကို အကြာကြီး ခေါ်မထားနိုင်လောက်ဘူး။ "
သူ့ကို ပြန်လွှတ်နေတာလား။
လန်ကြွယ်ဟာ အနည်းငယ် ကူကယ်ရာမဲ့သွားသည်။ သို့သော် မတ်တပ် ချက်ချင်း ထရပ်လိုက်သေးသည်။
"ဦးလေး ငါ့အတွက် ကြယ်တာရာ ဆက်သွယ်ရေးစက်ကနေ ခေါ်ပေးနိုင်မလား။ သူမနဲ့ အရေးကြီး ဆွေးနွေးစရာရှိလို့ပါ။ "
ကျိုးချန်ကွမ်း "ရတာပေါ့။ ဒါပေမဲ့ လူကြီးမင်း လန် ငါ မင်းကို သတိပေးမှ ရမယ်နော်။ မင်းက ချန်လင်းရဲ့ ဆရာဆိုနေကတည်းက ငါတို့ကလည်း အခြားလူတွေကို ညီတူမျှတူ ဆက်ဆံတာအကောင်းဆုံးပဲ။ ငါ့ကို ဦးလေးလို့ ခေါ်စရာမလိုပါဘူး။ "
အိုး။ ထက်မြက်လိုက်တာ။
အေးပေါ့။ သူက ခေါင်းဆောင်ဖြစ်နေတာပဲ။
လန်ကြွယ်ကလည်း ထိုအချိန်တွင် ပြန်မငြင်းနိုင်ပဲ ခေါင်းသာညိတ်သည်။
"ကောင်းပါပြီ။ လူကြီးမင်း ကျိုး ဒုက္ခပေးလိုက်မိပြီ"
ကျိုးချန်ကွမ်းက ကျိုးချန်လင်း၏ ဆက်သွယ်ရေးစက်ကို လှမ်းဆက်သည်။ တစ်ခဏခန့် မြည်ပြီးနောက် ဖုန်းက ဝင်သွားသည်။
" အဖေ ဘာဖြစ်လို့လဲ။ "
တစ်ဖက်မှ ကျိုးချန်လင်း၏ အသံကထွက်လာသည်။
လန်ကြွယ်ကပင် ခါးသီးစွာပြုံးသည်။ သေချာပေါက်ကိုပဲ သူ့ကို တမင်တကာ မဖြေတာ။
ကျိုးချန်ကွမ်း " အိမ်ကို ဧည့်သည်တစ်ယောက်ရောက်လာတယ် မင်းရဲ့ ဆရာလို့ပြောတယ်။ နာမည်က လန်ကြွယ်တဲ့။ သူက သမီးနဲ့ အရေးတကြီး ဆွေးနွေးစရာရှိတယ်လို့ပြောတယ်"
"ဒါဆိုလည်း သူ့ကို ပေးလိုက်ပါ။"
ကျိုးချန်လင်းက တည်ငြိမ်စွာပြောသည်။
ကျိုးချန်ကွမ်းက ကြယ်တာရာ ဆက်သွယ်ရေးစက်အား လန်ကြွယ်ကို ပေးသည်။ လန်ကြွယ်က ခပ်မြန်မြန်ယူသည်။
"ဆရာ လန်။ ငါ အတန်းဖော် နည်းနည်းနဲ့ ခရီးထွက်သွားတာ ဘာများလုပ်ပေးရမလဲ"
ကျိုးချန်ကွမ်း၏ ရှေ့တွင် လန်ကြွယ်ဟာ တိုက်ရိုက်ပြော၍ မရပေ။
"ငါတို့ တွေ့ပြီး စကားပြောလို့ ရမလား။ "
"စိတ်မရှိပါနဲ့။ အခု ထျန်းဟော်မြို့က ထွက်လာပြီ။ "
"ထွက်သွားတယ် ဟုတ်လား။ "
လန်ကြွယ်က မှင်သက်သွားသည်။
"ဘယ်ချိန်ပြန်လာမှာလဲ။ "
ကျိုးချန်လင်း " ငါ မသိဘူး။ ကိစ္စမရှိဘူးဆိုရင် ဒီတိုင်းပဲ ထားလိုက်ပါ။ "
လန်ကြွယ်က ခပ်မြန်မြန်ပြောသည်။
"အဲ့ဒီနေ့ဖြစ်တာ ဒီနေ့ဖြစ်သွားတာက နားလည်မှုလွဲတာ။ "
သူဟာ ထိုမျှထိသာ ပြောရသေးသည်။ ကျိုးချန်လင်းက ဖုန်းချသွား၏။
ကျိုးချန်ကွမ်း၏ အနည်းနဲ့အများဆိုသလို ထူးဆန်းသည့်အကြည့်အောက်တွင် လန်ကြွယ်က ဖုန်းကိုပြန်ပေးလိုက်ရသည်။ ခါးသီးသော မျက်နှာနှင့် သူက ကူကယ်ရာမဲ့စွာ ခေါင်းခါသည်။
"ဦးလေး။ ငါ ဦးလေးကို အနှောင့်အယှက်မပေးတော့ပါဘူး"
လန်ကြွယ်က ကျိုးချန်ကွမ်းကို ဦးညွတ်ကာ လှည့်ထွက်လိုက်သည်။ သူဟာ မမှန်ကန်စွာ ရည်ညွှန်း ခေါ်ဆိုလိုက််မိကြောင်း သတိမထားမိလိုက်ပါပေ။ သို့ရာတွင် ဒီတစ်ခေါက်တွင်မူ ကျိုးချန်ကွမ်းက သူ့အား အမှန် မပြင်ပေးတော့ပေ။ ထွက်ခွာသွားသော သူ၏ကျောပြင်ကိုကြည့်နေချိန်တွင် သူ၏ မျက်နှာပေါ်တွင် ဖျော့တော့သော အပြုံးက ပေါ်လာသည်။
စက်ဘီးစီး၍ တောင်ကုန်းအောက်သို့ ဆင်းနေချိန်တွင် လန်ကြွယ်၏ စိတ်အခြေအနေက ရှင်းလင်းစွာပင် စိတ်ဓာတ်ကျနေသည်။ ဒါဟာ သူ လုံးဝ မမျှော်လင့်ထားသော ကိစ္စလည်းဖြစ်သည်။ လုံးဝ ရင်မဆိုင်လိုသော ကိစ္စလည်းဖြစ်သည်။
သို့ရာတွင် သူမဟာ နှုတ်ဆက်စကားပင် မဆိုပဲ ထွက်သွားခဲ့သည်။ တစ်ဖက်လူက မရှိတော့တည်းက သူသည်လည်းမတတ်နိုင်ပေ။
"ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမယ်။ "
သူဟာ စိတ်ထဲတွင် သက်ပြင်းချရင်း ပြန်စီးလာလိုက်သည်။
"အိုး။ ဟုတ်သားပဲ ငါဖြေရှင်းရမဲ့ ကိစ္စရှိသေးတာပဲ။ အဲ့တာကို အရင် လုပ်ရမယ်။ "
နေဦး။ ဟုတ်သားပဲ။ သူမက အတန်းဖော်နဲ့ ခရီးသွားတယ်ဆိုတည်းက ငါ အကယ်ဒမီကို အရင်သွားကြည့်ပြီးတော့ သူမက ဘယ်သူနဲ့သွားလဲ ဘယ်ကိုသွားလဲဆိုတာ ကြည့်ရမယ်။ အချိန်သာအဆင်ပြေရင်တော့ သွားရှာလိုက်မယ်လေ။ နောက်ပြီး သူမရဲ့ စကားအတိုင်းဆိုရင် ထျန်းဟော်မြို့ကထွက်သွားတယ်ဆိုပေမဲ့လည်း ဒီဂြိုလ်ထဲက ထွက်သွားတယ်ဆိုတဲ့စကားမပါသွားဘူး ဆိုတော့ ဒီဂြိုလ်ပေါ်မှာပဲနေလောက်တယ်။
ထို့အပြင် သူသည် အကယ်ဒမီသို့ မရောက်သည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် သွားကြည့်သင့်သည်။ ထို့အပြင် အထူးလေ့ကျင့်ရေးအတန်းမှ ကျောင်းသားများနှင့်လည်း ဆက်သွယ်ပြီး သူတို့၏ အစီအစဥ်ကို ကြည့်ရဦးပေမည်။ သူတို့ကသာ ကြယ်မဟာမိတ်နှင့်ပူးပေါင်းလိုစိတ်ရှိလျှင် အဆင်ပြေသည်။
အနည်းဆုံးတော့ဖြင့် သူ၏ အမိန့်ကို နာခံသည့် အသင်းတစ်သင်းအနေဖြင့် အကျိုးအမြတ်ကိုကောင်းကောင်းရပေလိမ့်မည်။ သူတို့အတွက်လည်း အားသာချက် အများကြီး ရှိသည်။ အခွင့်အရေးများလည်း အများကြီး ရှိသည်။ ထျန်းဟော်လမ်းက ထောက်ပံ့ပေးမည့် ပစ္စည်းများကတင် အလွန်မင်း ကောင်းမွန်သည်။
သို့ရာတွင်လည်း သူဟာ အခုလိုမျိုး အကယ်ဒမီသို့ မသွားနိုင်သေးပေ။ ဒါဟာ သိသာထင်ရှားလွန်းသည်။ ကားဆရာ၏ စကားကို ကြားပြီးနောက် သူဟာ ပြိုင်ပွဲကို ဝင်ရောက်ပြိုင်ပြီးတည်းက အနုပညာရှင်တစ်ယောက်နီးပါးပင် ဖြစ်သွားသည်။ ထို့ကြောင့် သတိထားလျှင် ကောင်းပေလိမ့်မည်။ ဟုတ်တယ်။ မဟုတ်ရင် ပြဿနာများလိမ့်မယ်။
ထိုသို့ဖြင့် လန်ကြွယ်က သူ၏ စက်ဘီးကို ဆက်မစီးတော့ပဲ သူနှင့် ကျိုးချန်လင်းတို့ လမ်းခွဲနေကြ ထောင့်တစ်နေရာသို့သွားကာ စက်ဘီးကို ထိုနေရာတွင် ချန်ထားခဲ့လိုက်သည်။ ထို့နောက် သူကိုယ်တိုင်က ဦးထုတ်ဆောင်း မက်စ်တပ် နေကာမျက်မှန်ပါတပ်လိုက်ပြီး အကယ်ဒမီထဲသို့ ဝင်သည်။
မည်သူ့မှ ရှာမတွေ့ရန်အလို့ငှာ သူသည် အဓိက ဂိတ်မှပင် မဝင်ပဲ နံရံပေါ်မှ ကျော်တက်သည်။ အဓိက ဂိတ်မှအစောင့်များက ရုပ်ဖျက်ထားသော သူ့ကို မြင်သွားခဲ့ပါက စစ်ဆေးပေလိမ့်မည်။ ထိုအခါတွင် နောက်ခံက ပေါ်သွားပေလိမ့်မည်။ ထိုအခါ ဒုက္ခပိုများ၏။
ဟွားမာန် နိုင်ငံ အကယ်ဒမီ၏ နံရံများကလည်း သိပ်မနိမ့်ပဲ ခုန်တက်နိုင်ခြင်း မရှိအောင် လျှပ်စစ်ခြံစည်းရိုးဖြင့် ကာထားသည့်တိုင်အောင် သူ့အတွက်ပြဿနာ မရှိပေ။
အကယ်ဒမီထဲသို့ တိတ်တဆိတ် ဝင်ရောက်ပြီးနောက် လန်ကြွယ်က ထောင့်တစ်နေရာသို့ ကွေ့လိုက်ကာ အဓိက လမ်းပေါ်သို့ ပြန်တက်သည်။
သူဟာ အနည်းငယ် တုန့်ဆိုင်းသွားလေသည်။ ထို့နောက် ကျောင်းသားရေးရာသို့ သွားကာ ဝူကျွင်းယီကို မရှာတော့ပဲ ဆရာများအဆောင်သို့ တန်းသွားလိုက်ကာ ဝမ်ဟုန်ရွမ်ကို သွားရှာလိုက်သည်။ ဝမ်ဟုန်ရွမ်က ထိုနေရာတွင် ရှိသည်။ သူဟာ လေ့ကျင့်ရေးအတန်းနှင့် ပတ်သတ်သည့် လက်ရှိ အခြေအနေများကို ပြောပြပေးနိုင်ပေလိမ့်မည်။ ခရီးလမ်းကလည်း အလွန်ချောမွေ့သည်။ သူဟာ တတ်နိုင်သမျှ ခိုးကြောင်ခိုးဝှက်သွားသည်။ မည်သူကမျှလည်း သူ့အား သတိမထားမိပေ။ ကျောင်းသားအများစုက စာသင်ခန်းထဲတွင်သာ ဖြစ်သည်။ ထို့ကြောင့် အကယ်ဒမီက လူရှင်းနေသည်။
လန်ကြွယ်က စိတ်အေးသွားပြီး သူ အဆောင်သို့ရောက်တော့မည့်အချိန်တွင် သိပ်မဝေးသော တစ်နေရာမှ စူးရှသောအော်သံက ရုတ်တရက်ထွက်လာသည်။
"ရပ်စမ်း။ ငါ နင့်ကို ပြောနေတာ။ ဟိုအကောင် ဦးထုပ်နဲ့ မျက်မှန်နဲ့ ကောင်။ "
လန်ကြွယ်က မှင်သက်သွားပြီးနောက် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။ ရင်းနှီးကျွမ်းဝင်သည့်မျက်နှာက လန်ကြွယ်ကို ဆွံအစေသည်။ ငါ ဒီမိန်းမနဲ့ ကျိန်စာမိနေတာလား ဟင်။ ဘယ်လိုဖြစ်လို့ သူမနဲ့ပဲ တိုးနေတာလဲ။ နောက်ပြီး ဒီလိုအခြေအနေမျိုးနဲ့ပဲ။ "
ကြမ်းတမ်းနတ်ဘုရားမ ထန်လင်းရုံက လျင်မြန်စွာရောက်ရှိလာပြီး လန်ကြွယ်၏ လမ်းကို ပိတ်သည်။
"နင်က ဘယ်သူလဲ။ အကယ်ဒမီထဲမှာ ခိုးကြောင်ခိုးဝှက်နဲ့ ဘာလာလုပ်တာလဲ။ ဦးထုပ်ကိုချွတ် မက်စ် ကို ချွတ်စမ်း။ နေကာမျက်မှန်ကို ချွတ်စမ်း။ မဟုတ်ရင်တော့ ငါ့ကို မယဥ်ကျေးဘူးဆိုပြီးတော့တော့ အပြစ်မတင်နဲ့နော်။ "
အား။ အရင်ကအတိုင်း ကြမ်းတမ်းတုန်းပဲ။
လန်ကြွယ်က သက်ပြင်းချသည်။
"မင်းရဲ့ ဒေါသကိုပြောင်းနိုင်မယ်လို့ ငါ မထင်ဘူး။ ငါတို့ တကယ်ကို ဆက်ဆံရေး အဆင်မပြေလာနိုင်ဘူးလား။ ဘယ်လိုဖြစ်လို့ မင်းက ပြဿနာပဲ ရှာနေတာလဲ။ "
သူက ထို့သို့ ပြောပြီး ခေါင်းကိုမော့ကာ ဦးထုပ်ကိုချွတ်လိုက်ပြီး နေကာမျက်မှန်နှင့် မက်စ်ကိုပါ ဖယ်ပြလိုက်သည်။
သဘာဝလွန် စွမ်းအားရှင် ပြိုင်ပွဲပြီးနောက် သူ၏ နောက်ခံဟာ သံသယဝင်စရာ မရှိတော့လောက်အောင် လုံခြုံခြင်း မရှိတော့ပေ။ ထို့အပြင် ထန်လင်းရုံက ရှာတွေ့သွားသည်မှာ မဆိုးဝါးပါဘူး။ အနည်းဆုံးတော့ သူမဟာလည်း အထူးလေ့ကျင့်ရေးအတန်း၏ အခြေအနေကို သိထားသည်။
မျက်နှာအစစ်အမှန်ကို ထုတ်ပြလာသော အမျိုးသားကို မြင်လိုက်ရသည့်အခါ ထန်လင်းရုံက ချက်ချင်းပြောလိုက်သည်။
"နင်ပဲ ဖြစ်ပြန်ပြီ။ နင် ဘာကောင်းကျိုးမှ။ "
သူမ၏ အသံက ရုတ်တရက် ပြတ်သည်။
နင် နင် နင် နင် နင်နင်။ "
လန်ကြွယ်က ကို့ယို့ကားယားပြောသည်။
"ဟုတ်တယ်။ ငါ ဘာကောင်းကျိုးမှ ဘာဖြစ်တယ် ဆရာမ ထန် ငါ ဘာလုပ်ပေးရမလဲ။ "
ထန်လင်းရုံက သူ့ကို မှင်သက်စွာ စိုက်ကြည့်သည်။ နေရာတွင်ပင် တောင့်ခဲနေပြီး စကားတစ်ခွန်းမှ ဆက်မပြောနိုင်ပေ။
ပြိုင်ပွဲအဆုံးသတ်သွားပြီးနောက် သူမသည် သူပြန်လာမည်အချိန်ကို စောင့်နေခဲ့သည်။ သူဟာ အကယ်ဒမီသို့ ပြန်လာပါမည်လားလည်း မသေချာခဲ့ပေ။ သို့သော် စိတ်ထဲတွင်မူ သူ ပြန်လာရန် မျှော်လင့်ခဲ့သည်။
သူ ပြန်လာနိုင်သော အခွင့်အရေးက နည်းပါးမှန်းလည်း သိသည်။ သူ၏ နောက်ခံက ပေါ်သွားပြီဖြစ်သည်။ သူ၏ လက်ရှိ ကျော်ကြားမှုမျိုးနှင့်ဆိုလျှင့် သူ ပြန်လာသည်နှင့် လှုပ်လှုပ်ရှားရှားဖြစ်သွားပေလိမ့်မည်။ ဒါဟာ သူ မလိုချင်သောအရာမျိုးဖြစ်နိုင်သည်။ သို့တိုင်အောင် သူမကလည်း တိတ်တဆိတ် ဆုတောင်းခဲ့ပြီး သူ အမှန်တကယ်ပြန်လာရန်မျှော်လင့်နေခဲ့သည်။
ယခုမူ ထိုလူဟာ သူမ၏ ရှေ့တွင်ပေါ်လာသည်။ သူမကမူ စကားမပြောနိုင်ပဲ ဖြစ်သွား၏။ ခံစားချက်များကလည်း လျင်မြန်စွာ ရွှေ့ပြောင်းနေသည်။
သူက လေ့ဖုန်းလား။ တကယ်ပဲ သူလား။ သူ အဲ့ဒီမိစ္ဆာညွှန်ကြားသူ။
အဲ့ဒီ နတ်ဆိုးညွှန်ကြားသူ။ သူက သူ သူ သူ ဇုစ်လား။
ဒါပေမဲ့ ဇုစ်က ဒီလိုလား။ မဟုတ်ဘူး ဘာလို့ နွမ်းလျနေတာလဲ။
သူမ၏ စိတ်ထဲတွင် မရေမတွက်နိုင်သော မေးခွန်းပေါင်းများစွာက ပေါ်လာသည်။ သူမ၏ ရှေ့တွင် ရပ်နေသော သူဟာ သူမကပင် အစစ်အမှန်ဟု မယုံကြည်နိုင်လွန်းတော့သော လူမျိုးဖြစ်သည်။
အပိုင်း ၅၀၉ ပြီး၏။
***