မီဂါလော့စ် မြို့ထဲက သီအိုနီယာ (Theonian) တွေရဲ့ မမျှော်လင့်ထားတဲ့ ထောင်ချောက်တွေက မားစီးယပ်စ် (Macias) တပ်တွေကို အကြီးအကျယ် ဒုက္ခပေးနေတယ်။ ဒါပေမဲ့ သူက အပေါ့စား ခြေလျင်တပ်တွေကို ရှေ့တန်းလွှတ်ပြီး လေးလံ လက်နက်ကိုင် ခြေလျင်တပ်တွေနဲ့ ပေါင်းကာ ပုန်းအောင်းနေတဲ့ ရန်သူတွေကို ရှင်းထုတ်ခိုင်းလိုက်တယ်။ ပြီးတော့ စစ်ကူတွေကို အမြန်ဆုံး လာပူးပေါင်းဖို့ လူလွှတ်ပြီး တိုက်တွန်းလိုက်တယ်။
သီအိုနီယာ ပထမ လီဂျင်တပ်မ တပ်သားတွေက မြို့တစ်မြို့လုံး ထောင်ချောက်တွေ လုပ်ထားလို့ မရဘူးလေ။ အထူးသဖြင့် သူတို့နဲ့ ပြည်နှင်ဒဏ်သင့်သူတွေ နေတဲ့ နေရာတွေမှာပေါ့။ ဒါကြောင့် အချိန်တစ်ခု ကြာတော့ ဆီရာကျု (Syracusan) တပ်သားတွေ အဲဒီနေရာတွေကို ရောက်လာကြတယ်။
ပထမ လီဂျင်တပ်မ တပ်သားတွေက ရှေ့ထွက်လာပြီး ကျဉ်းမြောင်းတဲ့ လမ်းကြားတွေမှာ ဆီရာကျုတွေကို ပိတ်ဆို့ တိုက်ခိုက်ကြတယ်။
သီအိုနီယာ တွေက လမ်းကြားတိုင်းကို ပိတ်ဆို့ထားတဲ့ ကျောက်တုံးကြီးတွေ လိုပဲ။ ဆီရာကျု တပ်သားတွေကတော့ ရေလိုပဲ။ လမ်းပိတ်နေရင် တခြား လမ်းကြားတွေကနေ စီးဆင်းပြီး ရှေ့ဆက်တိုးကြတယ်။
တိုက်ပွဲ ကြာလာတာနဲ့ အမျှ၊ ဆီရာကျု တပ်တွေက ပထမ လီဂျင်တပ်မ ရဲ့ ဘယ်၊ ညာ နှစ်ဖက်လုံးကနေ နောက်ကျောဘက်ကို ရောက်လာကြတယ်။
ပထမ လီဂျင်တပ်မ မှာ တပ်သား ၅,၀၀၀ ကျော် ရှိပေမယ့်၊ ၁,၀၀၀ က အပေါ့စား ခြေလျင်တပ် နဲ့ သံချပ်ကာ ပါးပါး ဝတ်ထားတဲ့ တပ်သားတွေ (Light-armoured soldiers)။ အင်အား နည်းနေပြီ ဖြစ်လို့၊ မိသားစုတွေကို ဆိပ်ကမ်း ပို့ပြီး ချက်ချင်း ပြန်ရောက်လာတဲ့ ပြည်နှင်ဒဏ်သင့်သူ စစ်သည် ၃,၀၀၀ ကျော်သာ နောက်ကျောဘက်က ဆီရာကျု တပ်သားတွေကို မတားဆီးပေးရင်၊ ပထမ လီဂျင်တပ်မ ညှပ်တိုက်ခံရတော့မှာ။
ပထမ လီဂျင်တပ်မ၊ ပြည်နှင်ဒဏ်သင့်သူတွေ နဲ့ ဆီရာကျု ပူးပေါင်း တပ်မတော် တို့ လမ်းကြားအသီးသီးမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ရင်း၊ အန်တိုနီးယော့စ် (Antonios) ရဲ့ စခန်းငယ်လေးကို ဗဟိုပြုပြီး ကာကွယ်ရေး စက်ဝိုင်း တစ်ခု ဖြစ်လာတယ်။
အန်တိုနီးယော့စ် က သူ့လက်ထောက်၊ ကိုယ်ရံတော် ၂၀ နဲ့ အမိန့်ပြန်တမ်း တပ်သားတွေကလွဲရင် ကျန်တဲ့ တပ်တွေ အကုန် ထုတ်သုံးလိုက်ပြီ။ အပြင်ပန်း တည်ငြိမ်နေပေမယ့်၊ မီဂါလော့စ် အုပ်ချုပ်သူ အိမ်ဟောင်း ၃ ထပ် တိုက်ခေါင်မိုးပေါ်မှာ ထိုင်နေတဲ့ အန်တိုနီးယော့စ် ရင်ထဲမှာ စိုးရိမ်နေတယ်။ ရန်သူတွေက ပထမ လီဂျင်တပ်မ ကို ဝိုင်းထားပြီမို့၊ သေတဲ့အထိ တိုက်ရုံကလွဲပြီး တခြား နည်းလမ်း မရှိတော့ဘူး! အရန်တပ် မရှိတော့လို့ ရန်သူက လမ်းကြား တစ်ခုကို ဖောက်ဝင်နိုင်တာနဲ့ ပထမ လီဂျင်တပ်မ ဇာတ်သိမ်းပြီ!
ဒါကြောင့် အန်တိုနီးယော့စ် က ဒိုင်းရှည် နဲ့ လှံကို ဘေးမှာ အသင့် ထားထားရုံတင် မကဘူး၊ သူ့လက်ထောက်၊ ကိုယ်ရံတော် နဲ့ အမိန့်ပြန်တမ်း တပ်သားတွေကိုပါ လက်နက် အပြည့်အစုံ တပ်ဆင်ခိုင်းထားတယ်။ အခြေအနေ ဆိုးလာတာနဲ့ ကိုယ်တိုင် ဝင်တိုက်ဖို့လေ။
"ဒုန်း! ဒုန်း! ဒုန်း!..."
အမိန့်ပြန်တမ်း တပ်သား တစ်ယောက် ခေါင်မိုးပေါ် အပြေးတက်လာပြီး မောဟိုက်စွာ ပြောတယ်။
"သတင်းပို့ပါတယ် လီဂျင်တပ်မှူး... အရှေ့ဘက်က... အရှေ့ဘက်က မဟာမိတ်တွေ တည်ငြိမ်ပါတယ်။ ရန်သူ ဖိအားပေးလို့ ဆုတ်ခွာရမယ့် အရိပ်အယောင် မရှိပါဘူး"
"အနောက်ဘက် တောင်တန်းတွေပေါ်မှာ ဆီကယ်လ် (Sicels) တွေ၊ ကြေးစားတွေ၊ တစ်ခါတလေ သားရဲတိရစ္ဆာန်တွေနဲ့ နှစ်ပတ်လည် တိုက်ခိုက်ခဲ့ရတယ် ဆိုတဲ့ သူတို့ စကားက မှန်ပုံပဲ။ သူတို့ သတ္တိ၊ တိုက်ခိုက်လိုစိတ် နဲ့ စွမ်းရည်တွေ မညံ့ဘူး။ စိတ်ချရတယ်"
အန်တိုနီးယော့စ် စိတ်အေးသွားတယ်။ ပြည်နှင်ဒဏ်သင့်သူတွေရဲ့ စွမ်းဆောင်ရည်ကို သူ အစိုးရိမ်ဆုံး ဖြစ်နေတာ။ ဒါကြောင့် အမိန့်ပြန်တမ်း တပ်သားတွေကို သူတို့ဆီ အထူးလွှတ်ပြီး စောင့်ကြည့်ခိုင်းထားတာ။
"ငါတို့ ညီအစ်ကိုတွေက ၃ ဖက် ကာကွယ်ပေးထားတော့၊ သူတို့က တစ်ဖက်တည်း လာတဲ့ ရန်သူကို တောင့်ခံနိုင်တာ သဘာဝပါပဲ။ ပြီးတော့ သူတို့မှာ လူ ၃,၀၀၀ ကျော် ရှိတာကိုး"
"လီဂျင်တပ်မှူး... သူတို့ဆီက လူတချို့ ခေါ်ပြီး အရန်တပ်ဖွဲ့သစ် တစ်ခု ဖွဲ့ရင် ကောင်းမလား"
လက်ထောက်က အကြံပြုတယ်။
အန်တိုနီးယော့စ် စိတ်ဝင်စားသွားတယ်။ နေက အနောက်ဘက် ယွန်းနေတာကို ကြည့်ပြီး၊ လမ်းကြားတိုင်းကို ပြန်စစ်ဆေးကြည့်လိုက်တယ်။ ရန်သူ့ထက် အများကြီး နည်းတဲ့ ပထမ လီဂျင်တပ်မ တပ်သားတွေက ရဲရဲဝံ့ဝံ့ တိုက်ခိုက်နေကြတယ်။ ရန်သူ့ တိုက်စစ်ကို တားဆီးရုံတင် မကဘူး၊ ရန်သူ့ကို ကမောက်ကမ ဖြစ်အောင်ပါ လုပ်နိုင်နေတယ်။
"တိုက်ပွဲ စတာ မကြာသေးဘူး။ သိပ်မပူနဲ့ဦး... ခဏ စောင့်ကြည့်ရအောင်..."
. . . . . . . . . . . . .
တစ်ရက်ကျော်ကြာ ဘယ်လစ်စတာ (Ballistae) နဲ့ အဆက်မပြတ် ဗုံးမိုးရွာထားလို့ မီဂါလော့စ် လမ်းကြားတွေမှာ အပျက်အစီးတွေ၊ ကျောက်တုံးကြီးတွေ ပြည့်နှက်နေတယ်။ ဒါကြောင့် ဆီရာကျု ပူးပေါင်း တပ်မတော်က တပ်ဖြန့်လို့ မရဘူး။ လူအုပ်ကြီးက ကွဲထွက်ကုန်ပြီး သီအိုနီယာ တပ်သားတွေကို တွန်းထုတ်ဖို့ စုပေါင်းအင်အား မသုံးနိုင်တော့ဘူး။
ဆန့်ကျင်ဘက် အနေနဲ့ သီအိုနီယာ တပ်သားတွေက အပျက်အစီးတွေ ကြားက နေရာလွတ်တွေကို အသုံးပြုပြီး တပ်ဖွဲ့ကာ ရန်သူကို အနီးကပ် တိုက်ခိုက်ကြတယ်။ ဒီလို တိုက်ပွဲမျိုးမှာ သီအိုနီယာ တပ်သားတွေရဲ့ ဒိုင်းရှည် နဲ့ ဓားတို (Short sword) က အစွမ်းကုန် အသုံးဝင်တယ်။
ပထမ လီဂျင်တပ်မ တပ်သားတွေက ပုံမှန်လို တိုက်ပွဲ မစခင် လက်ထဲက လှံတို (Javelins) ၂ ချောင်းကို မပစ်ကြဘူး။ အဲဒီအစား နောက်တန်းက ရဲဘော်တွေကို ပေးလိုက်တယ်။ နောက်တန်းက လူတွေက အပျက်အစီးတွေပေါ် တက်၊ ရှေ့က ရဲဘော်တွေ ကြားကနေ လှံတို ပစ်ပြီး အကာအကွယ်မဲ့နေတဲ့ ရန်သူကို တိုက်ခိုက်ကြတယ်။ ဒါကြောင့် လူနည်းပေမယ့် ရန်သူကို ယှဉ်နိုင်ရုံတင် မကဘူး၊ အသာစီးတောင် ရနေတယ်။
တိုက်ပွဲ အခြေအနေ သိရတော့ မားစီးယပ်စ် (Macias) က သီအိုနီယာ တွေရဲ့ တိုက်ရည်ခိုက်ရည်ကို အံ့သြသွားတယ်။ ဒါပေမဲ့ ပိုစိုးရိမ်တာက လူအင်အား အသာစီးကို အပြည့်အဝ မသုံးနိုင်တာပဲ။ စဉ်းစားပြီးနောက် နောက်တန်းက တပ်သားတွေကို လှေကားတွေ သယ်၊ လမ်းဘေးက အိမ်တွေပေါ် တက်ပြီး ပိတ်မိနေတဲ့ တပ်သားတွေကို ကူညီခိုင်းလိုက်တယ်။ သီအိုနီယာ တပ်တွေ ကွဲသွားအောင်ပေါ့။
မူလက မြို့သိမ်းတိုက်ပွဲတိုင်း လှေကား ပြင်ဆင်တာ မားစီးယပ်စ် အကျင့် ဖြစ်ပေမယ့်၊ ဒီတစ်ခါ ဘယ်လစ်စတာ အများကြီး ပါလာတော့ သုံးဖြစ်မယ် မထင်ခဲ့ဘူး။ အခုတော့ အသုံးဝင်လာပြီ။
တပ်သားတွေ လှေကားတွေ သယ်ပြီး အိမ်တွေပေါ် တက်ကြတယ်။
ဂရိ အိမ်တွေ (သူဌေး ဖြစ်ဖြစ်၊ ဆင်းရဲသား ဖြစ်ဖြစ်) က နံရံ ၄ ဘက်၊ အမိုး တစ်ခု နဲ့ အလယ်မှာ ခြံဝင်း ပါတဲ့ ပုံစံမျိုး။ ပျက်စီးနေတဲ့ အိမ်တွေ တစ်လုံးပြီး တစ်လုံး ကျော်ဖြတ်ရတာ ခက်ခဲပြီး အန္တရာယ် များတယ်။ တစ်ခါတလေ ပုန်းနေတဲ့ သီအိုနီယာ အပေါ့စား ခြေလျင်တပ်တွေနဲ့ တိုက်ရသေးတယ်။
နာရီဝက်လောက် ကြာတော့ အန်တိုနီးယော့စ် ဆီ အရေးပေါ် သတင်းတွေ ရောက်လာတယ်။
"သခင်ကြီး... ပထမ တပ်မဟာ၊ ပထမ တပ်ရင်းမှူး ဂျော်ဂရစ် (Giorgris) ပြောတာက... ရန်သူတွေ လူနေအိမ်တွေကနေ ဝင်လာပြီး သူ့တပ်ရဲ့ ဘေးနှစ်ဖက်ကို ခြိမ်းခြောက်နေပါတယ် တဲ့။ သူ့မှာ တားဆီးဖို့ တပ်သား မကျန်တော့လို့ အရင် ဆုတ်ခွာခွင့် ပြုပါ တဲ့!"
"လီဂျင်တပ်မှူး... ဒုတိယ တပ်မဟာ၊ ပထမ တပ်ရင်းမှူး ဇန်တီကလီးစ် (Xanticles) ဆီကပါ..."
"ဆုတ်! တပ်မဟာ အားလုံး နဲ့ ပြည်နှင်ဒဏ်သင့်သူတွေ စစ်မတိုက်ခင် ဆွေးနွေးထားတဲ့ နေရာဆီ ဆုတ်ခွာပြီး ခံစစ် ဖာလင့် (Defensive phalanx) ဖွဲ့ခိုင်းလိုက်! ဆစ်ဒ် (Cid) ကိုလည်း အပေါ့စား ခြေလျင်တပ် အားလုံး ခေါ်ပြီး ဒီကို လာဖို့ ပြောလိုက်!"
"အမိန့်အတိုင်းပါ!"
တိုက်ပွဲ မစခင် တပ်ရင်းမှူးတွေနဲ့ ဆွေးနွေးတုန်းက အဆိုးဆုံး အခြေအနေကို ထည့်စဉ်းစားပြီး တန်ပြန် အစီအစဉ် ဆွဲထားခဲ့တယ်။ ဒါပေမဲ့ ဒီနောက်ဆုံး အဆင့်ထိ ဒီလောက် မြန်မြန် ရောက်လာလိမ့်မယ် လို့ မထင်ထားဘူး။
"ဒီ ဆီရာကျု ခေါင်းဆောင်က သာမန် မဟုတ်ဘူး!"
အန်တိုနီးယော့စ် သက်ပြင်းချပြီး ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ ပြီးတော့ ဆီရာဖီးနပ်စ် (Seraphinus) ဘက် လှည့်မေးလိုက်တယ်။
"ခင်ဗျားတို့ ပုန်ကန်မှု အစီအစဉ် စပြီလား"
ပထမ လီဂျင်တပ်မ အခြေအနေ မကောင်းမှန်း သိလို့ ဆီရာဖီးနပ်စ် ချက်ချင်း ဖြေတယ်။
"အန်ထရာပိုလစ် (Antrapolis) အကြောင်း ကျွန်တော် နားလည်သလောက် ဆိုရင်... ခင်ဗျားဆီ အကူအညီ တောင်းရဲမှတော့ သူ အကုန် ပြင်ဆင်ပြီးသား ဖြစ်မှာပါ။ လက်ရှိ အချိန် အရ ဆိုရင် ပြီးတောင် ပြီးလောက်ပြီ"
ဆီရာဖီးနပ်စ် စကားကြောင့် အန်တိုနီးယော့စ် စိတ်သက်သာရာ ရသွားတယ်။
"ဒါဆိုရင်... ပထမ လီဂျင်တပ်မ နဲ့ ဆီရာကျု တွေရဲ့ နောက်ဆုံး တိုက်ပွဲကို ဒီနေရာမှာပဲ အဆုံးသတ်ကြတာပေါ့!"
ပထမ လီဂျင်တပ်မ တပ်သားတွေ ဖြည်းဖြည်းချင်း စနစ်တကျ ဆုတ်ခွာကြတယ်။
မြေပြင် အနေအထား နဲ့ လှံတို ပစ်ခံရမှာ ကြောက်တာကြောင့် ဆီရာကျု တပ်သားတွေ ပြင်းပြင်းထန်ထန် မတိုက်ရဲကြဘူး။ သတိထား ရှေ့တိုးကြတယ်။ ဒါကြောင့် ပထမ လီဂျင်တပ်မ က တပ်စိတ်၊ တပ်ရင်း အလိုက် လမ်းကြားတွေကနေ ချောချောမွေ့မွေ့ ဆုတ်ခွာနိုင်ခဲ့တယ်။
ကံဆိုးတာက ပြည်နှင်ဒဏ်သင့်သူတွေ အတွက်တော့ မချောမွေ့ဘူး။ လေ့ကျင့်မှု မရှိ၊ ဆုတ်ခွာတဲ့ အတွေ့အကြုံ မရှိတော့ နည်းနည်း လန့်သွားကြတယ်။ ဆီရာကျုတွေက အခွင့်ကောင်း ယူပြီး တိုက်စစ် မြှင့်လိုက်တော့ ပိုရှုပ်ထွေးကုန်တယ်။ ကံကောင်းတာက သူတို့မှာ လူအင်အား များပြီး၊ ဆီရာကျု တပ်သား အနည်းဆုံး ဘက်ကို ရင်ဆိုင်နေရတာ။ ပြီးတော့ ဆီရာကျု တွေကို နက်နက်ရှိုင်းရှိုင်း မုန်းတီးမှုကြောင့် အသေအပျောက် များပေမယ့် နောက်မဆုတ်၊ မထွက်ပြေးကြဘူး။ နောက်ဆုံးတော့ လမ်းကြားတွေကနေ ဆုတ်ခွာနိုင်ခဲ့တယ်။
မီဂါလော့စ် အုပ်ချုပ်ရေး ဗဟိုချက် ဖြစ်တဲ့ အန်တိုနီးယော့စ် နေတဲ့ အုပ်ချုပ်သူ အိမ်တော် နားမှာ လူနေအိမ်တွေ မရှိဘူး။ ကြိုတင် စီစဉ်ထားမှုကြောင့် ပထမ လီဂျင်တပ်မ နဲ့ ပြည်နှင်ဒဏ်သင့်သူတွေက အိမ်တော်ကို ဗဟိုပြုပြီး ထူထပ်သိပ်သည်းတဲ့ စစ်ကြောင်းကြီး ဖွဲ့လိုက်နိုင်တယ်။
ဆုတ်ခွာတဲ့ ရန်သူနောက် လိုက်လာတဲ့ ဆီရာကျု ပူးပေါင်း တပ်မတော် တပ်သားတွေကတော့ ပြင်ဆင်မှု မရှိဘူး။ လမ်းကြားတွေက ထွက်လာတော့ အဖွဲ့တွေကြား ဟာကွက်တွေ၊ ရှုပ်ထွေးမှုတွေ ဖြစ်ကုန်တယ်။
ပထမ လီဂျင်တပ်မ က အပြည့်အဝ ခံစစ် မပြင်သေးဘဲ၊ ဒီအခွင့်အရေးကို ယူပြီး ရန်သူဆီ တပ်ရင်း အလိုက် တန်ပြန် တိုက်စစ် ဆင်လိုက်တယ်။
တပ်ရင်းတွေ တိုက်စစ်ဆင်နေချိန်မှာ၊ အိမ်တော် ခေါင်မိုးပေါ်က သတ္တမ တပ်မဟာ တပ်သားတွေက ဝင်လာတဲ့ ရန်သူတွေဆီ လှံတိုတွေ၊ မြှားတွေ မနားတမ်း ပစ်ထည့်ကြတယ်။ လက်မောင်းတွေ ထုံကျင်နေတာတောင် ဂရုမစိုက်ဘူး။
ဒီနည်းဗျူဟာတွေကြောင့် ဆီရာကျု ပူးပေါင်း တပ်မတော် ရှုပ်ထွေးကုန်တယ်။
ဒါမြင်တော့ မားစီးယပ်စ် က တိုက်ပွဲခရာ မှုတ်ခိုင်းပြီး၊ သူ့ကြေးစား ရာပေါင်းများစွာကို တန်းစီခိုင်းကာ ဆုတ်ခွာတဲ့ တပ်သားတွေကို ရှေ့တက်ဖို့၊ မတက်ရင် သတ်ပစ်မယ် လို့ ခြိမ်းခြောက်ခိုင်းတယ်။ သူနဲ့ ပါလာတဲ့ စီကူရီ (Sikuri)၊ ကာတာနီးယား၊ လီယွန်တီနွိုင်း (Leontinoi) အာဏာရှင်တွေကိုလည်း သူတို့ တပ်တွေကို သွားထိန်းခိုင်းတယ်။
ကံကောင်းစွာနဲ့ သတိကြီးတဲ့ အန်တိုနီးယော့စ် က အလုံးအရင်းနဲ့ တိုက်စစ် မဆင်ခဲ့ဘူး။ ပြည်နှင်ဒဏ်သင့်သူတွေ ကောင်းကောင်း မပူးပေါင်းနိုင်မှာ စိုးရိမ်လို့။ ပြီးတော့ ပထမ လီဂျင်တပ်မ မှာ လူနည်းလို့ တပ်ဖွဲ့ကနေ ထွက်လိုက်ရင် ဝိုင်းခံရနိုင်တယ်လေ။ ဆီရာဖီးနပ်စ် ပြောတာကို သူ ယုံကြည်တယ်။ ဒါကြောင့် ဆီရာကျု ပူးပေါင်း တပ်မတော် အသက်ရှူချောင်သွားတယ်။ ရှုပ်ထွေးမှုတွေ ငြိမ်သွားတော့ ဆီရာကျု ခေါင်းဆောင်တွေက တပ်သားတွေကို ပြန်စုစည်းကြတယ်။
ရုတ်တရက် မားစီးယပ်စ် အမိန့်ပေးလိုက်တယ်။
"သွား! ဘယ်လစ်စတာ တချို့ ယူလာခဲ့!"
အံ့သြသွားတဲ့ လက်ထောက်က ပြောတယ်။
"ခေါင်းဆောင်... ကျွန်တော်တို့ တပ်သားတွေနဲ့ ရန်သူတွေ ရောနေတာ၊ ကိုယ့်လူတွေ ထိကုန်မှာ စိုးရတယ်..."
အပိုင်း (၅၅၃) ပြီးဆုံး
***