ထိုဆန်းကြယ်သောအသံက တစ်ခါက ပြောခဲ့ဖူးသည်မှာ မိမိ၏ သစ်ပင်အိမ်ကို ဘယ်သောအခါမှ စွန့်ခွာခြင်းမပြုရန်ပင်။
အခြားရှင်ကျန်သူတစ်ဦး၏ သစ်ပင်အိမ်တွင် တစ်ညတာ တည်းခိုခြင်းသည် မိမိအိမ်ကို စွန့်ခွာခြင်း ဖြစ် မဖြစ်သူ သိချင်နေမိသည်။
သူသည် ဤအချက်ကို စမ်းသပ်ရန် တစ်စုံတစ်ယောက်ကို ရှာဖွေချင်သော်လည်း စမ်းသပ်ခံရမည့်သူမှာ လီဝမ်ရှီးတော့ မဖြစ်သင့်ပေ။
ရွှီရှင်းက ဤအတွေးကို ပြောပြလိုက်သောအခါ လီဝမ်ရှီးလည်း အတွေးနက်သွားတော့၏။
"အင်း... တကယ်ပဲ အန္တရာယ်များပုံရတယ်၊ ကောင်းပါပြီလေ... ဒါဆိုရင်တော့ ထားလိုက်ပါတော့။ နောက်ခါ တည်နေရာကူးပြောင်းစက်တွေ တပ်ဆင်ပြီးမှပဲ အိပ်တော့မယ်။ မဟုတ်ရင် ရှင်လည်း ညကြီးမင်းကြီး ကျွန်မကို ပြန်လိုက်ပို့နေရတာ အလုပ်ရှုပ်နေဦးမယ်"
လီဝမ်ရှီးက မတင်မကျဖြင့် သဘောတူလိုက်ရ၏။
"အလုပ်မရှုပ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ငါက မင်းကို ပြန်လိုက်ပို့ပေးရမှာပဲလေ။ ငါ လိုက်မပို့ရင် မင်းက တစ်ယောက်တည်း ပြန်ရမှာကိုး"
"ဪ... ဟုတ်သားပဲ..."
သူတို့ စကားပြောနေစဉ်မှာပင် ငွေရောင်ဘုရင်၏ အရှိန်မှာ လျော့မသွားသည့်အပြင် ပို၍ပင် မြန်လာခဲ့သည်။
ရွှီရှင်းသည် ငွေရောင်ဘုရင်၏ ကိုယ်ပေါ်ရှိ သွေးစင်းများမှာ ပုံမှန်ထက် ပို၍ ထင်ရှားတောက်ပလာသည်ကို ရုတ်တရက် သတိပြုမိလိုက်၏။
ဘာဖြစ်တာလဲ..။
ရွှီရှင်း ချက်ချင်းပင် သတိကပ်လိုက်၏။
ပြီးခဲ့သည့်အကြိမ်က ငွေရောင်ဘုရင်၏ သွေးစင်းများ လင်းထိန်လာခဲ့သည်မှာ အနီရောင်မြူများ ကို ဖြတ်ကျော်စဉ်က ဖြစ်သည်။
ယခု ပတ်ဝန်းကျင်သည်လည်း အနီရောင်မြူများ နှင့် ဆင်တူနေ၍လား။
"ငွေရောင်ဘုရင်... ရပ်လိုက်ဦး"
ရွှီရှင်းက ငွေရောင်ဘုရင်ကို ရပ်ခိုင်းလိုက်သည်။
ယခုဆိုလျှင် ရှေ့က သစ်ပင်အိမ်မှာ သူတို့နှင့် တစ်ကီလိုမီတာပင် မဝေးတော့ပေ။
မီတာရာဂဏန်း အကွာအဝေးမှနေ၍ နှစ်ထပ်သစ်ပင်အိမ်၏ ပုံသဏ္ဌာန်ကို အတိုင်းသား မြင်နေရပြီ ဖြစ်သည်။
ငွေရောင်ဘုရင်က ရုတ်တရက် ရပ်လိုက်သဖြင့် လီဝမ်ရှီးမှာ အော်ဟစ်သွားရသည်။
ကံကောင်းထောက်မစွာဖြင့် ရွှီရှင်းက သူမကို တင်းတင်းကျပ်ကျပ် ဖက်ထားသဖြင့် လွှင့်ထွက်မသွားခြင်း ဖြစ်သည်။
"ဘာ... ဘာဖြစ်လို့လဲ။ ပတ်ဝန်းကျင်မှာ တစ်ခုခု ရှိလို့လား။"
လီဝမ်ရှီးက စောဒကမတက်ဘဲ ဘေးဘီကို သတိကြီးစွာဖြင့် ကြည့်ရင်း မေးလိုက်သည်။
"တစ်ခုခု ရှိနေနိုင်တယ်။ ငွေရောင်ဘုရင်ရဲ့ အခြေအနေက ပုံမှန်မဟုတ်ဘူး"
ရွှီရှင်းက ငွေရောင်ဘုရင်၏ ထူးထူးခြားခြား လင်းထိန်နေသော သွေးစင်းများကို တည်ကြည်သော မျက်နှာပေးဖြင့် ကြည့်လိုက်၏။
ပတ်ဝန်းကျင်က တစ်ခုခုက သူ့ပေါ် သက်ရောက် စေတာလား။
"ငွေရောင်ဘုရင်... မင်း တစ်ခုခု ထူးခြားတာ ခံစားရလား"
ရွှီရှင်း မေးလိုက်၏။
"အူးးး"
ငွေရောင်ဘုရင်က သူ၏ ခေါင်းကြီးကို ရွှီရှင်းဘက်သို့ စောင်းကြည့်လာရာ သူ၏ မျက်ဝန်းများတွင် ဇဝေဇဝါ ဖြစ်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေပုံရသည်။
ဒီလောက်ကြာအောင် ပြေးလာခဲ့သော်လည်း ၎င်းမှာ ပင်ပန်းနွမ်းနယ်သည့် ပုံစံမရှိဘဲ အရင်ကထက်ပင် ပို၍ အားအင်ပြည့်ဝနေပုံရသည်။
ဒါက ထူးဆန်းလှ၏။
အရင်က ကျိချောင်းယန်၏ မြင်းဖြူ နှင့်အတူ စမ်းချောင်းဘေးမှာ ပြေးစဉ်က ငွေရောင်ဘုရင် ပင်ပန်းနေသဖြင့် ခဏနားခဲ့ရသေးသည်။
အခု လူနှစ်ယောက်တောင် တင်ထားတာကို ဘာလို့ ပိုပြီး တက်ကြွနေရတာလဲ...။
သို့သော် ငွေရောင်ဘုရင်၏ တုံ့ပြန်မှုကို ကြည့်ရလျှင် ထူးခြားသည့် အန္တရာယ်ကို အာရုံခံမိပုံ မရပေ။
"ငွေရောင်ဘုရင်လား။ အို... သူ့ကိုယ်ပေါ်က သွေးစင်းတွေက တကယ်ကို လင်းနေတာပဲ"
လီဝမ်ရှီးက အံ့သြတကြီးဖြင့် ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရေရွတ်လိုက်သည်။
"နွားမလေးထက် အများကြီး ပိုပြီး တောက်ပနေတာပဲ"
ရွှီရှင်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။
သစ်ပင်အိမ်နှင့် နီးကပ်လာသည်မှအပ အခြားဘာမှ မရှိပေ။
ယခုအခါ တောအုပ်မှာ အရွက်များမရှိဘဲ ခြောက်သွေ့နေသဖြင့် ပတ်ဝန်းကျင် အလှအပများကို တစ်ချက်ကြည့်ရုံနှင့် မြင်နိုင်၏။
စိမ်းလန်းနေသော သစ်ပင်အိမ်မှအပ အခြားထူးခြားမှု ရှိပုံမရပေ။
ဒီသစ်ပင်အိမ်ကြောင့်လား...။
အဲဒီအိမ်က တစ်ခုခု ထူးဆန်းနေလို့လား..။
ရွှီရှင်းသည် မီတာရာဂဏန်းအကွာရှိ သစ်ပင်အိမ်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
နှစ်ထပ်သစ်ပင်အိမ် ဖြစ်ပြီး သစ်ပင်နံရံတွင် သစ်သားမြားစက်ကြီး နှစ်လက် တပ်ဆင်ထား၏။
တည်နေရာအရဆိုလျှင် ဤအိမ်ရှင်မှာ နယ်မြေ ၁၈၈ က ဖြစ်ရမည်ဖြစ်ပြီး၊ ထို မြားစက်ကြီးများကိုလည်း စူးစမ်းရှာဖွေသူများ ထံမှ ဝယ်ယူထားခြင်း ဖြစ်ပေလိမ့်မည်။
ထိုအချက်မှလွဲ၍ အခြားထူးခြားမှု မရှိပေ။
သာမန်သစ်ပင်အိမ် တစ်လုံးမျှသာ။
"ရွှီရှင်း... ငွေရောင်ဘုရင်ရဲ့ သွေးစင်းတွေ ပြန်မှိန်သွားပြီ"
လီဝမ်ရှီးက သူ့လက်မောင်းကို ဆွဲကာ ပြောလိုက်၏။
ရွှီရှင်း ငွေရောင်ဘုရင်ကို ချက်ချင်း ပြန်ကြည့်လိုက်သည်။
မှန်ပေသည်၊ သွေးစင်းများမှာ စောစောကလို မတောက်ပတော့ဘဲ စက္ကန့်ပိုင်းအတွင်း မူလအရောင်သို့ ပြန်ပြောင်းသွားချေပြီ။
မူလအရောင်သို့ ပြန်ရောက်သွားသည်ဆိုသော်လည်း လီဝမ်ရှီး၏ နွားမနှင့် နှိုင်းယှဉ်လျှင်တော့ ပို၍ ထင်ရှားနေဆဲပင်။
"ဒါက..."
ရွှီရှင်း ဇဝေဇဝါဖြင့် ငွေရောင်ဘုရင်ကို သေသေချာချာ စစ်ဆေးကြည့်နေမိသည်။
"ဘာဖြစ်တာလဲ။ နယ်မြေကြောင့် မဟုတ်ဘဲ ငွေရောင်ဘုရင်ရဲ့ ကိုယ်ပိုင်ပြဿနာများလား"
ငွေရောင်ဘုရင်ကလည်း ဘာမှ ထူးထူးခြားခြား မခံစားရသဖြင့် ဇဝေဇဝါ အသံပြုနေရှာ၏။
ထားလိုက်ပါတော့လေ၊ အခု ဒီကိစ္စနဲ့ အချိန်ကုန်နေလို့လည်း မထူးပါဘူး..။
အပြန်ကျရင် ဒီနေရာကို ဖြတ်တဲ့အခါ အခြေအနေကို ထပ်စစ်ကြည့်ရမယ်...။
"ရှေ့က အိမ်ကို သွားကြည့်ရအောင်။ ငါတို့လူ ဖြစ်မှာပါ"
ငွေရောင်ဘုရင်က အရှိန်ဖြင့် ပြေးထွက်သွားရာ စက္ကန့်အနည်းငယ်အတွင်းမှာပင် သစ်ပင်အိမ်အောက်သို့ ရောက်ရှိသွားတော့သည်။
"ဒီအိမ်က တကယ်ကို သေးတာပဲ..."
လီဝမ်ရှီးက တိုးတိုးလေး ရေရွတ်လိုက်၏။
"ငါတို့အတွက် နေရာလောက်ပါ့မလား"
"လုပ်ဆောင်ချက် ဧရိယာ တစ်ခု၊ နှစ်ခုလောက်ပဲ ရှိရင်တော့ လောက်ပါတယ်"
"ဪ... အဲဒီလိုလား..."
သစ်ပင်အိမ်အတွင်း၌ မည်သည့်လှုပ်ရှားမှုမျှ မရှိပေ။
လီဝမ်ရှီးက သစ်ပင်အိမ် ပြတင်းပေါက်ကို မော့ကြည့်ကာ လှမ်းခေါ်လိုက်သည်။
"ဟေး... တစ်ယောက်ယောက် ရှိလားရှင့်"
သူမ အော်လိုက်ပြီးနောက် သစ်ပင်အိမ်၏ ပထမထပ်မှ ခြေသံများ ရုတ်တရက် ထွက်ပေါ်လာသည်။
သစ်ပင်အိမ်မှာ သုံးမီတာခန့်သာ မြင့်သဖြင့် ခြေသံများကို ပြတင်းပေါက်မှ အတိုင်းသား ကြားနေရခြင်း ဖြစ်သည်။
ထို့နောက် သစ်ပင်နံရံပေါ်ရှိ သစ်သားမြားစက်ကြီးများမှာ ရုတ်တရက် လှုပ်ရှားသွားပြီး ရွှီရှင်းနှင့် လီဝမ်ရှီးတို့ရှိရာသို့ ချိန်ရွယ်လိုက်တော့၏။
တစ်ပြိုင်နက်တည်းမှာပင် သစ်ပင်အိမ်ထဲမှ သတိကြီးသော အသံတစ်သံ ထွက်ပေါ်လာ၏။
"ဘယ်သူလဲ။ဒီကို ဘာလာလုပ်တာလဲ"
"အမျိုးသမီးတစ်ယောက်ပဲ"
လီဝမ်ရှီး၏ မျက်လုံးများ တောက်ပသွားသည်။
နယ်မြေများပွင့်လာပြီးနောက် ရွှီရှင်းတွေ့ဆုံရသည့် ခြောက်ယောက်မြောက် လူသား ဖြစ်သည်။
ကျန်ရှိသူများမှာ လဲ့ယိုဖန်၊ လုဖေးအာ၊ ကျိချောင်းယန်၊ လီဝမ်ရှီး၊ မာဟုန်ဝေနှင့် ယခု အမျိုးသမီးတို့ ဖြစ်ကြသည်။
မတွေ့ရသေးသော ချီရွှယ်ဖေး အပါအဝင် သူတို့အားလုံး၏ သစ်ပင်အိမ်များမှာ ဤနယ်မြေအတွင်း၌ပင် ရှိနေကြပြီး လဲ့ယိုဖန်နှင့် ယခုအမျိုးသမီးမှလွဲ၍ ကျန်နေသူအားလုံးမှာ နယ်မြေ၏ ထိပ်သီးဆယ်ယောက်စာရင်းဝင်များ ဖြစ်ကြသည်။
ဤနယ်မြေမှာ အမှန်တကယ်ပင် ထူးခြားလှသည်။
သူသိထားသလောက် ဤနေရာတွင် အမျိုးသား လေးဦးနှင့် အမျိုးသမီး လေးဦး စုစုပေါင်း ရှစ်ဦး ရှိနေရာ ရှင်ကျန်သူများ၏ ကျား၊ မ အချိုးမှာ အတော်လေး မျှတနေပုံရသည်။
"မလန့်ပါနဲ့ ၊ ငါက ရွှီရှင်းပါ၊ သူကတော့ လီဝမ်ရှီး။ ငါတို့ နာမည်ကို မင်းကြားဖူးမှာပါ"
ရွှီရှင်းက နွေးထွေးစွာ ပြောလိုက်သည်။
အစိမ်းရောင်အဆင့် သစ်သားမြှားစက်ကြီးများမှာ ယခုအခါ သူတို့အတွက် အန္တရာယ် မဖြစ်စေနိုင်တော့ပေ။
ငွေရောင်ဘုရင်၏ အရှိန်ဖြင့်ဆိုလျှင်လည်း သူမ၏ ပစ်ခတ်မှုများကို အသာလေး ရှောင်တိမ်းနိုင်၏။
"ရွှီရှင်း..လီဝမ်ရှီး..။ ရှင်တို့... ရှင်တို့က စူးစမ်းရှာဖွေသူများ အဖွဲ့ကလား"
ထိုအမျိုးသမီး၏ လေသံမှာ ချက်ချင်း ပြောင်းလဲသွားသည်။
အစပိုင်းက ကြောက်စိတ်ရောနေသော ခြိမ်းခြောက်သံမှသည် အံ့သြဝမ်းသာမှု၊ စိတ်လှုပ်ရှားမှုနှင့် သံသယအချို့ ရောပြွမ်းနေသော အသံသို့ ပြောင်းသွားခြင်း ဖြစ်သည်။
သူမသည် ပြတင်းပေါက်မှ ခေါင်းပြူကြည့်လာပြီး မျက်လုံးအဝိုင်းသားဖြင့် သူတို့နှစ်ဦးကို ကြည့်နေတော့၏။
သူမသည် လီဝမ်ရှီးနှင့် ရွယ်တူခန့်ရှိပြီး တက္ကသိုလ်ကျောင်းသူတစ်ဦး ဖြစ်နိုင်ကာ ဆံပင်ရှည်များကို ပခုံးပေါ် ချထား၏။
အလွန် ချောမောလှပသူတော့ မဟုတ်သော်လည်း ကြည့်ပျော်ရှုပျော် ရှိလှသည်။
သူမက အစိမ်းရောင်အဆင့် မြှားသေနတ် ကိုင်ထားသည်ကို မြင်သောအခါ ရွှီရှင်း အနည်းငယ် အံ့သြသွားသည်။
သူတို့တွေ မြှားသေနတ် ကို လူထုဆီ မချရပြသေးဘူး မဟုတ်ပါလား..။
မြှားသေနတ် ဆိုသည်မှာ သတ္တုလက်နက် ဖြစ်သဖြင့် သူနှင့် ကျိချောင်းယန်တို့သာ ထုတ်လုပ်နိုင်ပြီး ထိုစဉ်က သံသတ္တုရှားပါးမှုကြောင့် လူအများကြီးထံ ကုန်သွယ်မှု မလုပ်ခဲ့ပေ။
ယခုအခါ လီဝမ်ရှီး၏ အရင်းအမြစ်များကြောင့် အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ပြီ ဆိုသော်လည်း သူနှင့် ကျိချောင်းယန်တို့မှာ အခြားကိစ္စများကို လုပ်ဆောင်နေရသဖြင့် သတ္တုလက်နက် ကုန်သွယ်မှုကို ရက်ရွှေ့ထားခဲ့ခြင်း ဖြစ်သည်။
သူမက ဒီမြှားသေနတ် ကို ဘယ်ကရတာလဲ..။
ဂူထဲမှာ ရှာတွေ့တာလား..။
"ရှင်တို့... ရှင်တို့က တကယ်ပဲ ရွှီရှင်းနဲ့ လီဝမ်ရှီးလား"
ထိုမိန်းကလေးက စိတ်လှုပ်ရှားမှု၊ မယုံကြည်နိုင်မှုနှင့် သံသယစိတ်များ ရောပြွမ်းနေသော မျက်နှာဖြင့် မေးလိုက်၏။
"အတိအကျပေါ့"
လီဝမ်ရှီးက သူမ၏ ဘယ်ဘက်လက်ကို မြှောက်ကာ နာရီကို ပြလိုက်သည်။
စူးစမ်းရှာဖွေသူများ အဖွဲ့ဝင်များသည် သစ်ပင်အိမ်အပြင်ဘက်မှ ဆက်သွယ်နိုင်ကြောင်း အားလုံး သိကြသည် မဟုတ်ပါလား။
"အခု ငါတို့ ဘယ်သူဘယ်ဝါဆိုတာကို သီးသန့်စာ နဲ့ အတည်ပြုလို့ ရပါတယ်။ မင်းနာမည်က ဘယ်သူလဲ"
"ကျွန်မ... ကျွန်မ နယ်မြေချန်နယ်မှာ စာတစ်စောင် ပို့လိုက်ပါမယ်..."
"ဝါး... ငါတို့က မျိုးရိုးနာမည်ချင်း တူတာပဲ။ 'လီ' ဆိုတဲ့ မျိုးရိုးက ဒီကမ္ဘာမှာလည်း တကယ်ကို ပေါများတာပဲနော်"
ထိုမိန်းကလေးမှာလည်း သူမနှင့် မျိုးရိုးတူနေသည်ကို သိရသဖြင့် လီဝမ်ရှီး အတော်လေး သဘောကျသွား၏။
"အဲဒါက 'လီ' မျိုးရိုးတွေ ဒီကမ္ဘာမှာ အများကြီး အနစ်နာခံလိုက်ရတယ်လို့ ဆိုလိုတာပေါ့"
ရွှီရှင်းက နောက်ပြောင်သလိုဖြင့် သတိပေးလိုက်၏။
"အမလေး... စကားကို ကောင်းကောင်းပြောစမ်းပါ"
လီဝမ်ရှီးက သူ့ကို စနောက်သလိုဖြင့် တစ်ချက်ထိုးလိုက်ပြီးနောက် နယ်မြေချန်နယ်ကို ဖွင့်ကာ ထိုမိန်းကလေး၏ စာကို ရှာလိုက်သည်။
သူမက အစက် လေးတစ်ခုသာ ပို့ထားခြင်း ဖြစ်သည်။
လီဝမ်ရှီးက ထိုမိန်းကလေး၏ ပရိုဖိုင် ကို နှိပ်ကာ သီးသန့်စာမျက်နှာကို ဖွင့်လိုက်ပြီး သူမ၏ နာရီထဲသို့ စကားပြောလိုက်သည်။
"ဟယ်လို"
ထိုမိန်းကလေးမှာ လီဝမ်ရှီး၏ သီးသန့်စာကို ချက်ချင်း လက်ခံရရှိသွား၏။
၎င်းကို ဖွင့်ကြည့်ပြီးနောက် သူမမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားသဖြင့် ထခုန်မတတ် ဖြစ်သွားရကာ မျက်ရည်များပင် ချက်ချင်း ဝဲတက်လာတော့သည်။
"တကယ်ကြီး ရှင်တို့ပဲ။ နောက်ဆုံးတော့ ရှင်တို့ ရောက်လာကြပြီပေါ့... အဟင့်..."
---
အခန်း ၂၄၂ ပြီး
***