ထိုစဉ် ပိုမိုခန့်ညားထည်ဝါသော ဟင်းလင်းပြင်တစ်ခုက ထွက်ပြေးခြင်းစနစ်ကို လွှမ်းခြုံသွားလေသည်။
"ဘယ်သူလဲ… ဘယ်သူလဲ…"
ထွက်ပြေးခြင်းစနစ်သည် မလှုပ်ရှားနိုင်တော့ဘဲ ထိတ်လန့်တကြား အော်ဟစ်လေတော့သည်။ ဤ အဖြစ်အပျက်က ရုတ်တရက်ဆန်လွန်းသဖြင့် ၎င်းအနေဖြင့် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။
"ဟမ့်... အသုံးမကျတဲ့ အမှိုက်ကောင်၊ မင်းက ပိုင်ရှင်သေတာတောင် ပြန်ရှင်အောင်မလုပ်ပေးနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် စနစ်လို့ ခေါ်ရဲသေးတယ်လား…။"
သေလမ်းရှာစနစ်၏ လေသံမှာ အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေလေသည်။
ပိုင်ရှင်သေဆုံးခြင်းသည် သေလမ်းရှာစနစ်အတွက် ဘာမှမထူးခြားပေ။ အကြောင်းမှာ သေလမ်းရှာစနစ် စနစ်၏ ပိုင်ရှင်ဆိုသည်မှာ သေတွင်းထဲ ခြေစုံပစ်ဝင်ရမည့်သူမျိုးပင်ဖြစ်ရာ သေဆုံးနိုင်ခြေ အလွန်များ သောကြောင့် ဖြစ်သည်။ အကယ်၍ ပိုင်ရှင်သေဆုံးမှုက စနစ်ကို ထိခိုက်စေမည်ဆိုပါက သေလမ်းရှာ စနစ်သည် ပိုင်ရှင်အား မည်ကဲ့သို့ သေလမ်းရှာခိုင်းဝံ့ပါမည်နည်း။
"မင်း... မင်းက တကယ်တော့..."
ထွက်ပြေးခြင်းစနစ်၏ စကားသံမှာ ကြောက်မက်ဖွယ်ရာတစ်ခုခုနှင့် တွေ့လိုက်ရသကဲ့သို့ တုန်ရီနေခဲ့ သည်။
"ငြိမ်ငြိမ်လေးပဲ ငါ့ရဲ့ ဝါးမြိုတာကို ခံစမ်း…"
သေလမ်းရှာစနစ်က ခပ်တိုးတိုး ရယ်မောလိုက်သည်။ ခေတ္တမျှအကြာတွင် ထွက်ပြေးခြင်းစနစ်၏ အော်ဟစ်သံများမှာ တဖြည်းဖြည်း အားနည်းသွားပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားလေ တော့သည်။
"ဟား... ဟား..."
သေလမ်းရှာစနစ်သည် ကျေနပ်အားရစွာ ရယ်မောပြီးနောက် ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ် သွားခဲ့သည်။
နောက်တစ်ခဏတွင် ထျန်ဖုန်းသည် ပုံရိပ်ဖမ်းယူခဲ့သည့် နေရာ၌ လေဟာနယ်ထဲမှ ရုတ်တရက် ပြန်လည် ပေါ်လာခဲ့သည်။ သူ ပြန်လည်ရှင်သန်လာသည်နှင့် တစ်ပြိုင်နက် သေလမ်းရှာစနစ်၏ အသံကို ကြား လိုက်ရသည်။
[ဂုဏ်ယူပါသည် ပိုင်ရှင်... ထူးဆန်းဆန်းပြားစွာ သေလမ်းရှာနိုင်ခဲ့သည့်အတွက် ဂုဏ်ပြုပါသည်။ သင် သည် ဝမ်ချိုက်နှင့်အတူ အတူတူ သေဆုံးခဲ့ပါသည်။ နှစ်၊ လ၊ ရက် မတူဘဲ မွေးဖွားခဲ့သော်လည်း နှစ်၊ လ၊ ရက် တူညီစွာ သေဆုံးခဲ့ကြသည့် ဤသံယောဇဉ်မှာ မှတ်တမ်းတင်ထိုက်ပေသည်။ အဆင့်သစ် တိုက်ပွဲ ဝင်အမှတ် အဖြစ် ချီစွမ်းအင်သန့်စင်ခြင်းအဆင့် ( ၂) ကို ရရှိပါသည်။]
ထျန်ဖုန်းမှာ သွေးအန်မတတ် ဖြစ်သွားရပြီး ဆဲဆိုလိုက်သည်။
"သွားစမ်းပါ….။ ဝမ်ချိုက်နဲ့ အတူတူ သေတာ မဟုတ်ပါဘူးကွ…"
ဤအခိုက်အတန့်တွင် ထျန်ဖုန်းသည် ဤစနစ်က တကယ်ပဲ အားကိုးရပါ့မလားဟု သံသယဝင်မိသွား သည်။ သို့သော်လည်း သူသည် ထိုအသေးအဖွဲကိစ္စများကို ဆက်မစဉ်းစားတော့ဘဲ အံ့အားသင့်သွား ရသည်။
"ဟာ... ငါက တကယ်ကြီး မသေနိုင်တာပဲ…။"
"ပြီးတော့ ဒီ ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၂) ကျင့်ကြံမှု အဆင့်ကလည်း တကယ်ပဲ…။"
သူ့အတွင်းရှိ စွမ်းအားများကို ခံစားကြည့်ရင်း သူသည် ပိုမိုမြန်ဆန်ပြီး သန်မာလာသည်ဟု ခံစားရသည်။ ယခုအခါ သူသည် သာမန်လူတစ်ယောက် မဟုတ်တော့ဘဲ ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၂) ကျင့်ကြံသူ ဖြစ်နေပြီဖြစ်သည်။
သို့သော် လေမုန်တိုင်းများ ခေါ်ယူခြင်း သို့မဟုတ် ပင်လယ်မြစ်ချောင်းများကို ပြောင်းပြန်လှန်ခြင်းကဲ့သို့ စွမ်းအားမျိုးတော့ မရှိသေးဘဲ ရုပ်ပိုင်းဆိုင်ရာအရသာ သာမန်ထက် သန်မာနေခြင်း ဖြစ်သည်။
"ဟားဟား…။"
အေးမြသော လေညင်းက တိုက်ခတ်လာရာ ထျန်ဖုန်းသည် အားရပါးရ ရယ်မောလိုက်သည်။ ဤကမ္ဘာသို့ ကူးပြောင်းလာပြီးနောက်ပိုင်း သူသည် ယခုမှ အပေါ့ပါးဆုံး ခံစားရခြင်း ဖြစ်သည်။
"တကယ်ကြီး ပြန်ရှင်လာနိုင်တာလား...။ အကယ်၍ ငါက မသေနိုင်ဘူးဆိုရင် အရာရာကို ငါ စိတ်ကြိုက် လုပ်လို့ ရပြီပေါ့…။"
*ဒါပေမဲ့ ဒီလေက အတော်လေး အေးနေတာ မဟုတ်လား…။*
ထျန်ဖုန်း တွေးမိလိုက်သည်။ သူ့ပေါင်ကြားထဲတွင် အေးစိမ့်နေမှုကို ခံစားလိုက်ရသဖြင့် ငုံ့ကြည့်လိုက်ရာ ချက်ချင်းပင် ဆွံ့အသွားလေတော့သည်။ သူ၏ တစ်ကိုယ်လုံး ဗလာကျင်း နေခဲ့ခြင်းပင်။
"ဟာ... ငါ့အဝတ်အစားတွေ ဘယ်ရောက်ကုန်တာလဲ…။"
[ဒါက ဘာဖြစ်လို့လဲ ပိုင်ရှင်။ သေသွားရင် အဝတ်အစားတွေက ကျန်ခဲ့မှာပေါ့။]
"မင်းက ငါ့အဝတ်အစားတွေကိုပါ ယူမလာပေးဘူးလား.."
[ဒါက စနစ်ရဲ့ တာဝန်ဝတ္တရားထဲမှာ မပါဘူး]
ထျန်ဖုန်းသည် စကားပင်မပြောနိုင်တော့ဘဲ ကမ်းပါးဆီသို့ ခိုးကြောင်ခိုးဝှက် ပြန်ပြေးရလေတော့သည်။ လမ်းတွင် တစ်ယောက်ယောက်နှင့် တွေ့သွားပါက သူ၏ သိက္ခာမှာ အမှုန့်ခြေဖျက်ဆီးခံရပေလိမ့်မည်။ သူ့အတွက်တော့ အရှက်ကွဲခြင်းက သေရခြင်းထက် ပို၍ နာကျင်ရပေသည်။
.................
"ဝမ်ချိုက်က ဘာလို့ အခုထိ ပြန်မလာသေးတာလဲ….။"
ဟုန်ထို့သည် အနည်းငယ် ဇဝေဇဝါ ဖြစ်နေသော်လည်း တစ်ယောက်ယောက်က ဝမ်ချိုက်ကို သတ်ရဲ လိမ့်မည်ဟုတော့ မတွေးမိပေ။
"ခွေးကို ရိုက်ရင် သခင်ကို ကြည့်ရတယ်" ဆိုသည့်အတိုင်း သူ၏ခွေးကို ရန်ပြုခြင်းသည် သူ့မျက်နှာကို ဖြတ်ရိုက်ခြင်းဖြစ်ပြီး သေလမ်းရှာစနစ်ခြင်းပင် ဖြစ်သည်။
"သခင်လေး... ဝမ်ချိုက်က ကစားရတာ ပျော်ပြီး ခေတ္တ မေ့နေတာ ဖြစ်မှာပါ…။"
"သခင်လေး စိတ်အေးအေးထားပါ ဖျင်ကျန်းမြို့ တစ်မြို့လုံးမှာ ဝမ်ချိုက်က သခင်လေးရဲ့ခွေးဆိုတာ ဘယ်သူမသိဘဲ နေမလဲ။ ခွေးကို ရိုက်ဖို့တောင် သခင်ကို ကြည့်ရတာပဲလေ…။"
ဘေးတွင် ရပ်နေသော လူအချို့က ဖားယားသော လေသံဖြင့် ပြောဆိုနေကြသည်။
"ဟမ့်... အဲ့ဒီကောင်က ငါ့ရဲ့ ဝမ်ချိုက်ကို တစ်ချက်လောက်တောင် ထိခိုက်အောင် လုပ်ရဲရင် ငါ သူ့အရေခွံ ကို နွှာပစ်မယ်။ ဝမ်အားကော်... မင်း သွားကြည့်လိုက်စမ်း…။"
"ဟုတ်ကဲ့ပါ သခင်လေး…"
ခက်ခက်ခဲခဲ ကြိုးစားပြီးနောက် ထျန်ဖုန်းသည် အဝတ်အစားအချို့ကို ဝတ်ဆင်နိုင်ခဲ့သည်။
"ဟူး... အနည်းဆုံးတော့ ဖုံးစရာ ရှိသွားတာပေါ့…။"
အဝတ်အစားများက စုတ်ပြတ်နေသော်လည်း အနည်းဆုံးတော့ အဝတ်မပါတာထက်စာရင် တော်သေး သည်။ အဝတ်စုတ် ဝတ်ထားလျှင် "လူဆင်းရဲ" ဟုသာ အခေါ်ခံရမည်ဖြစ်သော်လည်း အဝတ်မပါလျှင်မူ "တဏှာရူး" ဟု သတ်မှတ်ခံရပေလိမ့်မည်။
ဝမ်ချိုက်၏ အလောင်းကို ကြည့်ပြီး ထျန်ဖုန်းက ကျိန်ဆဲလိုက်သည်။
"ဒီခွေးကောင်က သေရတာ သက်သာလွန်းသေးတယ်။ သူ့သခင်ရဲ့ အရှိန်အဝါကို သုံးပြီး လူပေါင်းများစွာ ကို ဒုက္ခပေးခဲ့တာ…။"
သူသည် ဝမ်ချိုက်၏ အလောင်းကို မပြီး ပြန်လာခဲ့သည်။ ခွေးသားကင် စားရန် စိတ်ကူးလိုက်သည်။
"ဒီခွေးကောင်က လူတွေ အများကြီးကို ဒုက္ခပေးခဲ့တာ သူ့အသားကိုစား၊ သူ့သွေးကိုသောက်မှ တရား မျှတမှု ရှိမှာ…။"
သူ ပြောရင်းပင် ပါးစပ်ဘေးမှ သွားရည်များကို သုတ်လိုက်သည်။ ရက်အနည်းငယ်ကြာအောင် ထမင်း ကောင်းကောင်း မစားရသေးသဖြင့် ဗိုက်ဆာနေပြီ ဖြစ်၏။
"စနစ်... မင်း ထွက်ပြေးခြင်းစနစ်ကို ဝါးမြိုလိုက်ပြီလား…။"
[ပြဿနာမရှိပါဘူး အဲ့ဒီအမှိုက်ကောင်က ငါ့ကို မယှဉ်နိုင်ပါဘူး။ ပိုင်ရှင်ကိုတောင် ပြန်ရှင်အောင် မလုပ် ပေးနိုင်ဘဲနဲ့ ဘဝင်မြင့်နေတာ။ အခုတော့ ငါ သူ့ကို ပေါင်းစည်းလိုက်ပြီ သူ့ရဲ့ စွမ်းရည်တွေလည်း ငါ့မှာ ရှိသွားပြီ။]
ထျန်ဖုန်းသည် ဝမ်းသာသွားပြီး စနစ်မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။ စနစ်တွင် မျက်နှာပြင် နှစ်ခု ရှိနေရာ တစ်ခုမှာ 'ထွက်ပြေးခြင်းစနစ်' နှင့် နောက်တစ်ခုမှာ သေလမ်းရှာစနစ် ဖြစ်သည်။
စမ်းသပ်ကြည့်ပြီးနောက် သူ အချို့ကို နားလည်သွားသည်။
'ထွက်ပြေးခြင်းစနစ်' ဆိုသည်မှာ ရန်သူများ၏ လိုက်လံဖမ်းဆီးခြင်းကို ခံရချိန်တွင် ရန်သူနှင့် နီးကပ် လေလေ၊ ရန်သူများလေလေ၊ ရန်သူသန်မာလေလေ၊ ရန်သူ ဒေါသထွက်လေလေ 'အပြေးဒင်္ဂါးများ' ကို ပိုမိုရရှိမည်ဖြစ်သည်။ ထိုဒင်္ဂါးများကို စနစ်ဆိုင်တွင် ပစ္စည်းဝယ်ရန် သုံးနိုင်သည်။ ထို့ပြင် လိုက်လံ၍ ဖမ်းဆီးခံရချိန်တွင် ရန်သူ၏ ခွန်အားပေါ် မူတည်ပြီး အမြန်နှုန်း မြှင့်တင်ပေးခြင်းနှင့် ထွက်ပြေးသည့် နည်းစနစ်များကို နားလည်စေခြင်းတို့ ပံ့ပိုးပေးမည် ဖြစ်သည်။
သေလမ်းရှာစနစ် မှာမူ ပြဿနာရှာရန် ဖြစ်သည်။ ပြဿနာကြီးလေ တိုက်ပွဲဝင်အမှတ်များလေ ဖြစ်ပြီး သေဆုံးသည့်ပုံစံမှာ ထူးဆန်းလေလေ တိုက်ပွဲဝင်အမှတ်များလေ ဖြစ်သည်။ ဤစနစ်တွင် ပုံရိပ်ဖမ်းယူ ခြင်းဖြင့် ပြန်လည်ရှင်သန်နိုင်သည့် စွမ်းရည် ရှိ၏။ အခြားသူမမြင်နိုင်သော နေရာတွင် ပုံရိပ်တစ်ခု သတ်မှတ် ထားလိုက်ရုံဖြင့် သေဆုံးချိန်တွင် ထိုနေရာ၌ ပြန်လည်ရှင်သန်နိုင်သည်။
(မှတ်ချက်- ပုံရိပ်မသတ်မှတ်ထားပါက ပြန်လည်ရှင်သန်ရန် (၁) နှစ် ကြာမြင့်မည် ဖြစ်သည်။)
စနစ်နှစ်ခုလုံးကို နားလည်ပြီးနောက် ထျန်ဖုန်းသည် တိုက်ပွဲဝင်အမှတ်များ ရရန်အတွက် ပြဿနာရှာရ မည် ဖြစ်ကြောင်း သဘောပေါက်သွားလေသည်။
"ငါကတော့ နောင်တချိန်မှာ သူရဲကောင်း ဖြစ်လာဖို့ မဖြစ်နိုင်တော့ဘူးထင်တယ်…။"
သူသည် ဝမ်ချိုက်၏ အလောင်းကို စနစ်၏ သိုလှောင်ခန်းထဲသို့ ထည့်လိုက်သည်။ စနစ်နှစ်ခုလုံးတွင် သိုလှောင်ခန်း ပါရှိလေသည်။ လူသူမရှိသော ထောင့်တစ်ခုတွင် ပုံရိပ်တစ်ခု သတ်မှတ်ပြီးနောက် သူ၏ အနာဂတ်အတွက် စီစဉ်လေတော့သည်။
သူသည် ဟုန်မိသားစုကို ကလဲ့စားချေရမည်။ အကြောင်းမှာ ထိုမိသားစုကြောင့် ဒုက္ခရောက်ခဲ့ရသူများ စွာ ရှိနေသကဲ့သို့ သူကိုယ်တိုင်လည်း နှိပ်စက်ခံခဲ့ရသောကြောင့် ဖြစ်သည်။ ဟုန်မိသားစုသည် ဒေသ တွင်း၌ အင်အားကြီးသည်။ ထို့ပြင် ဟုန်မိသားစု၏ သမီးဖြစ်သူ ဟုန်လင်းမှာ 'မြစိမ်းတောင်ဂိုဏ်း' ၏ တပည့်ရင်းတစ်ဦး ဖြစ်နေသဖြင့် အခြားအင်အားကြီးသူများပင် ဟုန်မိသားစုကို မထိရဲကြပေ။
ထို့ကြောင့်ပင် ဟုန်မိသားစုဝင်များသည် ပိုမိုမောက်မာလာကာ လူသတ်ခြင်း၊ မီးရှို့ခြင်းနှင့် အမျိုးသမီး များကို အဓမ္မပြုကျင့်ခြင်းများအထိ ရဲရဲတင်းတင်း လုပ်ဆောင်လာကြခြင်း ဖြစ်သည်။ အခြားသူများက ဟုန်မိသားစုကို ကြောက်ကောင်းကြောက်နိုင်သော်လည်း သေလမ်းရှာစနစ် ရှိသော ထျန်ဖုန်းကမူ မကြောက်တော့ပေ။
သူ၏ ခန္ဓာကိုယ်မှ ဒဏ်ရာများမှာ ပြန်လည်ရှင်သန်ခြင်းကြောင့် ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း သူခံစားခဲ့ရသော နာကျင်မှုနှင့် အရှက်ရမှုများကိုမူ သူ ဘယ်တော့မှ မေ့တော့မည်မဟုတ်ပေ။
*ဒါနဲ့... ဝမ်ချိုက် ပြန်မလာတာ ကြာနေပြီဆိုတော့ ဟုန်ထို့တို့က တစ်ယောက်ယောက်ကို လွှတ်ပြီး ကြည့်ခိုင်းမှာပဲ…။*
*ငါ သူတို့ကို ချောင်းမြောင်းပြီး ပညာပေးဖို့ အခွင့်အရေး ရှာရမယ်…။*
ထျန်ဖုန်းသည် လမ်းတစ်လျှောက်ရှိ တိရစ္ဆာန် မစင်များကို ကောက်ယူကာ သိုလှောင်ခန်းထဲသို့ ထည့်လိုက်သည်။
[ပစ်လိုက်စမ်း… ဒီအပုပ်အသိုးတွေကို ထွက်ပြေးခြင်းစနစ် ရဲ့ သိုလှောင်ခန်းထဲမှာပဲ ထည့်စမ်း]
သေလမ်းရှာစနစ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဤညစ်ပတ်သည့် အရာများကို နေ့တိုင်း ကြည့်နေရမည်ဆိုလျှင် ၎င်းမှာ ရွံရှာလွန်း၍ သေသွားနိုင်ပေသည်။
"ဘာကို စိတ်ပူနေတာလဲ ဒါတွေက မင်းစားဖို့မှ မဟုတ်တာ…။"
ထျန်ဖုန်းသည် စနစ်၏ စရိုက်ကို နားလည်သွားပြီဖြစ်၍ ပြန်လည်ဆဲဆိုကာ မစင်များကို ထွက်ပြေးခြင်း စနစ်၏ သိုလှောင်ခန်းထဲသို့ ထည့်လိုက်သည်။
"မင်းတို့ နှစ်ခုက ပေါင်းစည်းသွားပြီ မဟုတ်ဘူးလား။ ဘယ်နေရာမှာ ထည့်ထည့် အတူတူပဲ မဟုတ်လား"
[ငါက အဓိက စနစ်ပဲ။ အိမ်သာနဲ့ အိပ်ခန်းက တစ်အိမ်တည်းမှာ ရှိနေပေမဲ့ မင်းက မစင်တွေကို အိပ်ခန်းထဲမှာ ထားမှာလား ]
ထျန်ဖုန်းက ထိုစကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ သူ ဘာမှထပ်မပြောတော့ဘဲ မစင်များကို ဆက်လက်ကောက်ယူနေခဲ့သည်။
"ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၂).. "
ထျန်ဖုန်းသည် ကမ်းပါးအောက်ရှိ လူရိပ်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ ထိုသူမှာ သူ့ကဲ့သို့ ပင် အဆင့် (၂) ရှိကြောင်း သူ သိလိုက်သည်။ သို့သော် အမှန်တကယ် တိုက်ခိုက်လျှင်မူ သူက ရှုံးနိုင်ခြေ ရှိသည်။ အကြောင်းမှာ သူသည် တိုက်ခိုက်ရေးပညာ တစ်ခုမှ မတတ်မြောက်ထားသေးသောကြောင့် ဖြစ်သည်။
ဝမ်အားကော်မှာမူ ကမ်းပါးပေါ်မှ သူ့ကို တစ်ယောက်ယောက်က ချောင်းကြည့်နေသည်ကို လုံးဝ မသိပေ။ သူသည် မြေပြင်ပေါ်ရှိ စိုစွတ်နေသော ခွေးသွေးများကို လက်ဖြင့် တို့ကြည့်ရင်း မျက်နှာ ပျက်သွားသည်။
ဝမ်ချိုက်၏ အလောင်းကို မတွေ့ရသော်လည်း သေသွားပြီမှာ သေချာသည်။
"တောက်... ဘယ်သူက ဝမ်ချိုက်ကို သတ်ရဲတာလဲ…။"
ဝမ်အားကော်သည် ကမ်းပါးပေါ်သို့ ပြန်တက်ကာ ဟုန်ထို့ထံ သတင်းပို့ရန် ပြင်လိုက်သည်။
"ဗုန်း…"
ထိုစဉ် လေတိုးသံတစ်ခုနှင့်အတူ ဝမ်အားကော်သည် သူ၏ ဦးခေါင်းတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး မျက်စိထဲ၌ မှောင်အတိ ကျသွားလေတော့သည်။ လက်ဖဝါးခန့်ရှိသော ကျောက်တုံး တစ်တုံးမှာ မြေပြင်ပေါ်သို့ ကျလာခဲ့သည်။
"မင်းက မင်းရဲ့ ညီအရင်းခေါက်ခေါက် (ဝမ်ချိုက်) ကို လိုက်ရှာနေတာလား…။"
ထျန်ဖုန်းသည် ကမ်းပါးစွန်းတွင် ရပ်ရင်း ဝမ်အားကော်ကို ယဉ်ကျေးပျူငှာစွာ မေးလိုက်လေတော့သည်။
***