ဟုန်ကျန့်လင်က ဟုန်ကျန့်ချင်းကို စူးစိုက်ကြည့်ပြီး တစ်လုံးချင်း ပြောလိုက်သည်။
"ညီငယ်... မင်းက အဲ့လောက်တောင် အသုံးမကျတာလား…။"
ဟုန်ကျန့်ချင်း၏ မျက်နှာက မည်းမှောင်သွားသည်။
"အစ်ကိုကြီးက ဘာကိုဆိုလိုတာလဲ…။"
"မင်းလို ဂုဏ်သိက္ခာရှိတဲ့ ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၅) ရောက်နေတဲ့သူက ချီစွမ်းအင်သန့်စင်ခြင်း အဆင့်(၃)ပဲ ရှိတဲ့သူကိုတောင် မဖမ်းနိုင်ဘူးဆိုတော့ အသုံးမကျဘူးဆိုတာထက် ပိုပြီး ဘာဖြစ်နိုင်ဦး မှာလဲ…။"
"အစ်ကိုကြီး မသိလို့ပါ။ အဲဒီကောင်လေးရဲ့ ခြေလှမ်းနည်းစနစ်က အရမ်းစွမ်းအားကြီးတယ်။ ကျွန်တော့် အထင် အနည်းဆုံးတော့ နက်နဲအဆင့်မှာ ရှိနိုင်တယ်…။"
ဟုန်ကျန့်ချင်းက အလျင်ေအမြန် ရှင်းပြလိုက်လေသည်။
ဟုန်ကျန့်လင်သည် ညီဖြစ်သူကို လျစ်လျူရှုလိုက်ပြီးနောက် မာန်မဲလိုက်သည်။
"မနေ့က သခင်လေးကို ဘယ်သူတွေ အစောင့်ချထားတာလဲ။ ရှေ့ထွက်ခဲ့စမ်း…။"
ပြီးခဲ့သည့်ညက ဟုန်ထို့အား စောင့်ကြပ်ခဲ့သူ အနည်းငယ်ကို ရှေ့သို့ ခေါ်ဆောင်လာခဲ့သည်။ ထိုလူများ သည် မြေပြင်ပေါ်တွင် ချက်ချင်း ဒူးထောက်ကာ ခေါင်းကိုကြမ်းပြင်နှင့်ထိ၍ ရှိခိုးတောင်းပန် ကြတော့ သည်။
"သခင်ကြီး... ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ….။"
"သခင်ကြီး... သေချာ စုံစမ်းစစ်ဆေးပေးပါ…။"
"သခင်လေးကိုယ်တိုင်ကပဲ ကျွန်တော်တို့ကို အဝေးမှာနေဖို့ ပြောခဲ့တာပါ…။"
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ သခင်လေးက... သခင်လေးက (အဲဒီလိုကိစ္စလုပ်နေလို့) ကျွန်တော်တို့ကို ထွက်သွားခိုင်းတာပါ။ ဒီလိုဖြစ်နေတာ နှစ်တော်တော်ကြာနေပါပြီ….။"
ဤစကားကို ကြားသောအခါ ဟုန်ကျန့်လင်က ပို၍ပင် ဒေါသထွက်သွားသည်။
သူ၏သားဖြစ်သူမှာ နောင်တွင် ထိုလုပ်ဆောင်ချက် (ယောက်ျားစွမ်းရည်) ရှိတော့မည်မဟုတ်သည်ကို သူတို့က ဒီနေရာမှာ လာပြီး ဒီလိုစကားမျိုး ပြောရဲသေးတယ်ပေါ့လေ။
နောင်တွင် သူ့အတွက် ချီပိုးရမည့် မြေးဆိုတာ ရှိလာတော့မည်မဟုတ်ပေ။ သူ ငယ်ရွယ်ခွန်အားရှိနေတုန်း နောက်ထပ် ကလေးတစ်ယောက် ထပ်ယူသင့်သလား။
ဤအကြောင်းကို တွေးမိသောအခါ ဟုန်ကျန့်လင်သည် အမှန်တကယ်ပင် အနည်းငယ် စိတ်ပူပန်မိ သွားလေသည်။
"သူတို့ကို အပြင်ဆွဲထုတ်ပြီး သတ်လိုက်စမ်း….။"
နောက်ထပ် ကလေးတစ်ယောက် ထပ်ယူမည့်ကိစ္စကို နောက်မှစဉ်းစားပေတော့မည်။ ပထမဆုံး အနေ ဖြင့် ဘာတစ်ခုမှ ဖြစ်မြောက်အောင် မလုပ်နိုင်သော ဤအသုံးမကျသည့်လူများကို အရင်ဆုံး သတ်ပစ် ရပေမည်။
ထိုအထဲတွင် ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၂) ရှိသည့် ကျင့်ကြံသူတစ်ဦးလည်း ပါဝင်နေသော်လည်း ထိုသူက ခုခံရန် မရဲဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် ခုခံခြင်းသည် အချည်းနှီးသာဖြစ်ပြီး ပို၍ ရက်စက် ကြမ်းကြုတ်သော ညှဉ်းပန်းနှိပ်စက်မှုများကိုသာ ဖိတ်ခေါ်သလို ဖြစ်သွားခဲ့မည်ကို သူ သိထားသော ကြောင့်ပင်ဖြစ်လေ၏။
"တစ်မြို့လုံး အနှံ့ရှာကြစမ်း... ဘယ်နေရာမှ မလွတ်စေနဲ့….။"
"အဲဒီခွေးကောင်လေးကို မိအောင်ဖမ်း... ငါ သူ့ကို အကြောဆွဲထုတ်ပြီး အရေခွံဆုတ်ပစ်မယ်…။"
...
ညအချိန်သို့ ရောက်ရှိလာသောအခါ ထျန်ဖုန်းသည် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။
သူသည် တစ်နေကုန် ကျင့်ကြံနေခြင်း သို့မဟုတ် ကျင့်ကြံခြင်းနည်းစနစ်များကို လေ့လာခြင်းဖြင့်သာ အချိန်ကုန်ဆုံးစေခဲ့သည်။
ထာဝရစိမ်းလန်းခြင်းနည်းစန်၊ ကိုယ်ဖျောက်နည်းစနစ်၊ မိုးတိမ်ခြေလှမ်း နှင့် နက်နဲသော သတ်ဖြတ်ခြင်း ဓားနည်းစနစ် တို့ဖြစ်လေသည်။
နက်နဲသော သတ်ဖြတ်ခြင်း ဓားနည်းစနစ်မှာ နက်နဲအဆင့်၊ အလယ်အလတ်အဆင့် ဓားနည်းစနစ် တစ်ခု ဖြစ်ပြီး ထျန်ဖုန်းက အပြေးဒင်္ဂါး (၈၀) ဖြင့် ဝယ်ယူထားခြင်းဖြစ်သည်။
ယခုအချိန်တွင် ထျန်ဖုန်းသည် အေးစက်ချွန်ထက်သည့် အဖြူရောင် ရတနာဓားတစ်လက်ကို ကိုင် ဆောင်ထားလေသည်။ ဓားသွားမှာ လက်နှစ်လုံးခန့် အကျယ်ရှိပြီး ဓားကိုယ်ထည်မှာ နှစ်ပေကျော် ရှည်လျားလေသည်။
ဤဓားမှာ အပြေးဒင်္ဂါး (၅၀) ပေး၍ စနစ်ထံမှ ဝယ်ယူထားသော နှင်းခဲဓား ပင်ဖြစ်လေသည်။ သူသည် နက်နဲသော သတ်ဖြတ်ခြင်း ဓားနည်းစနစ်ကို လေ့ကျင့်နေခြင်းဖြစ်သည်။
ဓားနည်းစနစ်ကို ဝယ်ယူပြီးနောက် သဘာဝကျကျပင် သူသည် နည်းစနစ်ကို အခြေခံနားလည်သွားခဲ့ သော်လည်း အခြေခံအဆင့်လောက်ကိုသာ သူ လိုချင်ခဲ့ခြင်း မဟုတ်ပေ။
ထျန်ဖုန်းသည် အသံကျယ်ကျယ် မထွက်စေရန်အတွက် သူ၏လှုပ်ရှားမှုများကို ညင်သာစေပြီး အသံကို နှိမ့်ထားလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဤနေရာက ရန်သူ့နယ်မြေဖြစ်နေသောကြောင့်ဖြစ်သည်။
သို့သော်လည်း လှုပ်ရှားမှုများက ညင်သာနေသော်ငြား ဓား၏ ခုတ်ချက်နှင့် အနေအထားတိုင်းက ထက်မြက်နေဆဲဖြစ်ပြီး ကြည့်ရှုသူတိုင်းကို ကြက်သီးထစေနိုင်လောက်အောင် အေးစက်မှုကို ဆောင်ကြဉ်းပေးနေခဲ့သည်။
ထျန်ဖုန်းသည် သူ၏ဓားကို ဓားအိမ်ထဲသို့ ပြန်သွင်းလိုက်ပြီး မျက်လုံးကိုမှိတ်ကာ စဉ်းစားဆင်ခြင် လိုက်သည်။ ခန္ဓာကိုယ်ဖွဲ့စည်းပုံ တိုးတက်လာသည်နှင့်အမျှ သူ၏ နားလည်သဘောပေါက်နိုင်စွမ်း မှာလည်း သိသိသာသာ တိုးတက်လာသည်ဟု သူ ခံစားလိုက်ရသည်။
စိတ်ထဲတွင် သူသည် ဓားလေ့နည်းစနစ်အတွင်း ရရှိမှုများနှင့် ဆုံးရှုံးမှုများကို ပြန်လည်သုံးသပ်နေခဲ့ သည်။
ခဏအကြာတွင် သူ မျက်လုံးများကို ဖွင့်လိုက်သည်။
"မှောင်သွားပြီ။ လှုပ်ရှားရမယ့် အချိန်ရောက်ပြီ….။"
ထိုအချိန်တွင် နေဝင်သွားခဲ့သည်မှာ ကြာပြီဖြစ်ပြီး ညဉ့်နက်နေပြီဖြစ်သည်။
ယခု ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၄) ဖြင့် ကိုယ်ဖျောက်နည်းစနစ်ကို အသုံးပြုရသည်မှာ ယခင်က ထက် များစွာ ပိုကောင်းမွန်လှလေသည်။
"ကိုယ်ဖျောက်နည်းစနစ်က သာမန်လူတွေနဲ့ ရင်ဆိုင်တဲ့နေရာမှာ တကယ်ကို အသုံးဝင်တာပဲ….။"
ထျန်ဖုန်း သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ နောင်တွင် ကျင့်ကြံခြင်းအဆင့် ပိုမြင့်မားသော ကျင့်ကြံသူ များကို ရင်ဆိုင်ရသည့်အခါ ဤနည်းစနစ်က ထိရောက်မှုရှိချင်မှ ရှိနိုင်တော့မည်ဖြစ်၍ နှမြောစရာ ပင်ဖြစ်သည်။
"ဒါကို အသုံးပြုလို့ ရနေသေးတဲ့အချိန်မှာ လူတစ်ချို့ကို ပြဿနာပိုရှာပေးလိုက်ဦးမယ်…။"
ထျန်ဖုန်း၏ မျက်နှာပေါ်တွင် နက်နဲသော သနားကြင်နာမှုအသွင်က အပြည့်ဝပေါ်လွင်နေခဲ့သည်။
*ရောက်လာခဲ့မှတော့ ဘယ်လိုလုပ် လက်ချည်းသက်သက် ပြန်သွားလို့ ဖြစ်ပါ့မလဲ…။*
ညအမှောင်ကို အကာအကွယ်ယူကာ ဟုန်ထို့၏ အဆောင်ဆီသို့သွားရာလမ်းကို သူ ထပ်မံ၍ အသားကျ အောင် အာရုံခံလိုက်သည်။ အနီးတစ်ဝိုက်တွင် အစောင့်(၁၀)ယောက်ကျော် ချထားသော်လည်း လုံခြုံ ရေး မှာ သိပ်မတင်းကျပ်ကြောင်း ရှင်းလင်းစွာ မြင်တွေ့နေရသည်။
အဘယ်ကြောင့်ဆိုသော် လူအင်အားအများစုကို သူ့အားရှာဖွေရန် စေလွှတ်ထားသောကြောင့် ဖြစ် သည်။
ဟုန်ကျန့်လင်သည် မနေ့ကဖြစ်ရပ်များကို ကြားသိထားပြီးဖြစ်ကာ တရားခံသည် ဟုန်ထို့၏ အသက်ကို ယူရန် ရည်ရွယ်ချက်မရှိကြောင်းကိုလည်း သိထားသည်။
ထို့ကြောင့် ဟုန်ထို့အား စောင့်ကြပ်နေသည့် လူအရေအတွက်မှာ သိပ်မများလှပေ။
ထို့ပြင် ထျန်အာဖုန်းဆိုတဲ့ကောင်က သေရမှာကို မကြောက်ဘူးလား ဟုပင်တွေးမိလေသည်။
ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၃) သာရှိသော သူတစ်ယောက်က ဟုန်အိမ်တော်ထဲသို့ တစ်ကြိမ်တောင် ဝင်ရောက်ကျူးကျော်ရဲခဲ့သည်မှာ ထူးခြားသည့် သတ္တိကို ပြသပြီးသားဖြစ်သည်။
*တစ်ကြိမ် အောင်မြင် ပြီးနောက် နောက်တစ်ကြိမ် ထပ်ဝင်လာဖို့က သူ တကယ်ပဲ သေရမှာကို မကြောက်လို့လား…။*
မည်သူမှ မျှော်လင့်မထားခဲ့သည်မှာ ထျန်ဖုန်းသည် အမှန်တကယ်ပင် သေရမည်ကို မကြောက်ခြင်းပင် ဖြစ်သည်။ ယခု သူသည် ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၄) သို့ရောက်ရှိနေပြီဖြစ်ပြီး သူ၏လက်ထဲတွင် ကိုယ်ဖျောက်နည်းစနစ်လည်း ရှိနေသည်ပင်။
အကယ်၍ ဤသုံးချက်ထဲမှ တစ်ခုခုသာ လိုအပ်နေမည်ဆိုပါက ယနေ့ညတွင် သူ အောင်မြင်လိမ့်မည် မဟုတ်ပေ။
ဟုန်ထို့၏ အခန်းဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာရင်း ထျန်ဖုန်းသည် မည်သူ့မှသတိမထားမိစေဘဲ ဝင်ရောက်ရန် မဖြစ်နိုင်ကြောင်းကို နားလည်လိုက်လေသည်။
နှင်းခဲဓားကို လက်တွင်ကိုင်ဆောင်ထားလျက် ကိုယ်ဖျောက်နည်းစနစ်ကို ရုပ်သိမ်းလိုက်သည့် အခိုက် အတန့်တွင် ထျန်ဖုန်းသည် သူ၏ မိုးတိမ်ခြေလှမ်း ကို အပြည့်အဝ ထုတ်ဖော်ကာ အားနည်းသည့် နေရာ တစ်ခုဆီသို့ တိုက်ရိုက် ဦးတည်သွားလိုက်သည်။
ယင်းမှာ လူနှစ်ယောက် စောင့်ကြပ်နေသော အလုံပိတ်ထားသည့် ပြတင်းပေါက်တစ်ခု ဖြစ်သည်။
တစ်ယောက်က သာမန်လူဖြစ်ပြီး အခြားတစ်ယောက်မှာ ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၂) ရှိသည့် ကျင့်ကြံသူဖြစ်သည်။
"ရွှင်…."
ထျန်ဖုန်း၏ ထက်မြက်သော ဓားသွားသည် အိမ်ထဲမှ ထွက်ပေါ်လာချိန်တွင် အေးစက်သော အလင်း ရောင်တစ်ခု လက်သွားခဲ့သည်။
"ဒုက္ခပဲ..."
"ဟိုမှာ..."
သူတို့ စကားစပြောလိုက်သည်နှင့် တစ်ပြိုင်နက် ထျန်ဖုန်းသည် ဓားဖြင့် ခုတ်ပိုင်းလိုက်ပြီးဖြစ်လေသည်။
သူ၏နောက်ကွယ်တွင် ပြတ်တောက်သွားသော ခန္ဓာကိုယ်နှစ်ခုကို လျစ်လျူရှုကာ ပြတင်းပေါက်ကို ချိုးဖျက်ပြီး အထဲသို့ ဝင်ရောက်သွားလိုက်သည်။
ဤနေရာမှ ဆူညံသံများသည် အခြားသူများ၏ အာရုံကိုလည်း ဆွဲဆောင်သွားခဲ့သည်။
"ရန်သူ လာတိုက်နေပြီ…။"
"သခင်လေးကို ကာကွယ်ကြ…။"
အခန်းထဲသို့ ဝင်ဝင်ချင်း ထျန်ဖုန်း ပထမဆုံး မြင်လိုက်ရသည်မှာ ကုတင်ပေါ်တွင် မျက်လုံးမှိတ်၍ လှဲလျောင်းနေသော ဟုန်ထို့ပင် ဖြစ်သည်။
*ဘုရားရေ... အခန်းတစ်ခုလုံးတွင် သူတစ်ယောက်တည်းသာ ရှိနေပြီး မူလက မျက်နှာကြက်ကို ငေးမောကြည့်နေခဲ့ခြင်း ဖြစ်တန်ရာသည်။*
ဆူညံသံများကို ကြားလိုက်ရသောအခါ သူသည် ချက်ချင်း လှမ်းကြည့်လိုက်သည်။
"ဝါး..."
ထျန်ဖုန်းမှန်း မြင်လိုက်ရသောအခါ သူသည် တကယ်ပင် ငိုကြွေးလေတော့သည်။ အခန်းထဲတွင် သူတစ်ယောက်တည်း ရှိနေရခြင်းမှာ သူက လူတိုင်းကို အပြင်သို့ မောင်းထုတ်ထားသောကြောင့် ဖြစ်သည်။
ကျား၊ မ မရွေး သူတို့တွေ အခန်းထဲမှာ ရှိနေသရွေ့ သူ့ကို လှောင်ပြောင်နေကြသည်ဟု သူ ခံစားနေရ ခြင်းကြောင့်ဖြစ်လေသည်။
စကားမစပ်ရသေးခင်မှာပင် ထျန်ဖုန်းသည် တံခါးဝမှ ဝင်လာသည်နှင့်တစ်ပြိုင်နက် ဟုန်ထို့ဆီသို့ ပြေးသွားလိုက်လေသည်။
"သခင်မလေး ဟုန်... တကယ်ကို မတွေ့ရတာ ကြာပြီနော်….။"
ထျန်ဖုန်းက ဟုန်ထို့ကို ပြုံးပြကာ ပြောလိုက်သည်။
"အခု မင်း ထိုင်ရတာ အဆင်ပြေလား၊ ဒါမှမဟုတ် ရပ်နေရတာ ပိုအဆင်ပြေလား…။"
စကားပြောနေစဉ်မှာပင် သူ၏ခြေထောက်က ရပ်တန့်မနေဘဲ ဟုန်ထို့ကို ထပ်မံ၍ ကန်လိုက်လေသည်။
ဤတစ်ကြိမ်တွင်မူ သူ တစ်ချက်သာ ကန်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ အရမ်းများများ ကန်မိလျှင် ဟုန်ထို့ နာကျင်သွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
သူတစ်ပါး၏ ဆင်းရဲဒုက္ခအပေါ်တွင် မိမိ၏ ပျော်ရွှင်မှုကို တည်ဆောက်ခြင်းမှာ မှားယွင်းသော လုပ်ရပ် ဖြစ်သော်လည်း ထျန်ဖုန်း၏ စရိုက်အရ သူက ယင်းကို အမှန်တကယ်ပင် သဘောကျနေခဲ့သည်ပင်။
"အား..."
ဟုန်ထို့က အသည်းကွဲမတတ် အော်ဟစ်လိုက်လေသည်။
သူ၏ မကျက်သေးသော ဒဏ်ရာများမှ သွေးများ ပြန်လည် စီးကျလာခဲ့လေသည်။
ဟုန်ထို့သည် ဒဏ်ရာကို ထိမိမည်ကို စိုးရိမ်သောကြောင့် တကယ်ပင် စကတ်တစ်ထည်ကို ဝတ်ဆင်ထား ခဲ့ပုံရလေသည်။
"အိုး... သခင်မလေးဟုန်၊ မင်းရဲ့ စကတ်က တော်တော်လှတာပဲ မဟုတ်လား။ မင်းနဲ့ တော်တော်လေး လိုက်ဖက်တယ်…။"
ဟုန်ထို့၏ ငိုကြွေးသံများကို လျစ်လျူရှုကာ ထျန်ဖုန်းသည် ဟုန်ထို့၏ စကတ်ကို လှန်တင်လိုက်သည်။
"ဝိုး... သခင်မလေးဟုန်၊ မင်း ဓမ္မတာလာနေတာလား….။"
ထိုသို့ပြောပြီးနောက် သူက အနီရောင်အမှုန့်ထုပ် တစ်ထုပ်ကို ထုတ်ယူလိုက်သည်။
"ကိစ္စမရှိပါဘူး။ ဒီငရုတ်သီးမှုန့်က ပိုးမွှားတွေကို သေစေပြီး နာကျင်မှုကို သက်သာစေနိုင်တယ်။ မင်းရဲ့ လစဉ်ဓမ္မတာလာတဲ့ရက်တွေကို သက်တောင့်သက်သာ ဖြစ်စေမှာပါ….။"
ရုတ်တရက် ဟုန်ထို့သည် ငိုရန်ပင် မေ့သွားခဲ့သည်။ သူက စူးစူးဝါးဝါးအသံဖြင့် အသကုန် အော်ဟစ် လိုက်လေသည်။
"ဟင့်အင်း... မလုပ်ပါနဲ့၊ ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး မလုပ်ပါနဲ့...။ "
*ဒီခွေးကောင်ရဲ့ ဦးနှောက်ထဲမှာ တစ်ခုခုများ ချို့ယွင်းနေတာလား။ ဒီအရာက နာကျင်မှုကို သက်သာ စေနိုင်မတဲ့လား…။*
ဟုန်ထို့ မျှော်လင့်ချက်မဲ့သွားသည်။
*ဒီလို အရူးတစ်ယောက်ကို သူ ဘယ်လိုလုပ် သွားရန်စမိပါလိမ့်…။*
ထျန်ဖုန်းက ဂရုမစိုက်ဘဲ အကုန်လုံးကို လောင်းချလိုက်လေသည်။
ချက်ချင်းပင် ဟုန်ထို့၏ ငိုကြွေးသံများက ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားပြီး အကြိမ်အနည်းငယ် ရုန်းကန်ပြီးနောက် နာကျင်လွန်းသဖြင့် သတိလစ်သွားလေတော့သည်။
"ဟူး... ဒါဆို အမျိုးသမီးတွေ ဓမ္မတာလာရင် နာကျင်ရတာ ဒီလောက်တောင် ကြောက်စရာကောင်း တာလား…။"
ထျန်ဖုန်း ခေါင်းခါမ်းလိုက်ပြီး ညင်သာစွာ သက်ပြင်းချလိုက်သည်။
"နာကျင်စရာ မလိုပါဘူး လစဉ်လာတဲ့ကိစ္စတွေက သက်သောင့်သက်သာပါပဲ…။"
"ရပ်လိုက်စမ်း…။"
အပြင်ဘက်ရှိ အစောင့်များသည် နောက်ဆုံးတွင် အပြေးအလွှား ဝင်ရောက်လာကြလေသည်။ ဝင်လာ သည်နှင့် တစ်ပြိုင်နက် တစ်သက်လုံး မေ့မရနိုင်တော့မည့် ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်း ကို သူတို့ မြင်တွေ့လိုက်ရလေတော့သည်။
ချက်ချင်းပင် သူတို့၏ ပေါင်ကြားတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရသည်။
"မှတ်ထားကြ... ငါက ပေါင်ကြားကို ကန်တဲ့နေရာမှာ ပြိုင်ဘက်ကင်းတဲ့ ကျွမ်းကျင်သူပဲ။ အဲဒီထက်ပိုပြီး လောကီအာရုံစွန့်လွှတ်စေတဲ့ မဟာဆရာသခင်ကြီးလည်း ဟုတ်တယ်။ မင်းတို့ရဲ့ အဖေတွေ လိုအပ်ရင် မေးကြည့်လိုက်၊ ငါက အခမဲ့ ဝန်ဆောင်မှု ပေးနိုင်တယ်။ ပြီးတော့ ဟုန်ထို့... မင်းက တကယ်ကို အံ့ဩ စရာကောင်းတာပဲ…။"
ထျန်ဖုန်းသည် အချိန်ဆွဲမနေရဲဘဲ လှည့်ကာ ထွက်ခွာသွားလိုက်သည်။
ဦးဆောင်လာသော အစောင့်မှာ ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၃) တွင်သာ ရှိသဖြင့် ထွက်ခွာရန် ဆုံးဖြတ်ထားသော ထျန်ဖုန်းကို လုံးဝ မတားဆီးနိုင်ခဲ့ပေ။
ထျန်ဖုန်းသည် အချိန်ဆွဲမနေသလို အပြေးဒင်္ဂါးများကို ရှာဖွေစုဆောင်းရန်လည်း မရည်ရွယ်ထားပေ။
ဤနေရာတွင် ကျင့်ကြံခြင်းမရှိသည့် သာမန်လူများ သို့မဟုတ် ကျင့်ကြံခြင်းအဆင့်နိမ့်သော ကျင့်ကြံသူ များသာ ရှိသောကြောင့် သူ အပြေးဒင်္ဂါးများစွာ ရရှိမည်မဟုတ်ပေ။
ထို့အပြင် ယခုအချိန်တွင် ဟုန်အိမ်တော်အပြင်ဘက်၌ လူပေါင်းမြောက်မြားစွာ ရှိနေသည်။ အကယ်၍ အချိန်ဆွဲနေမိပြီး အပြင်ဘက်ရှိ လူများက ဟုန်အိမ်တော်ကို ဝိုင်းရံလိုက်မည်ဆိုပါက ကိုယ်ဖျောက်နည်း စနစ် ရှိနေလျှင်တောင် လွတ်မြောက်ရန် ခက်ခဲသွားမည်ဖြစ်ပြီး သူ ပြန်လည်ရှင်သန်ထမြောက်နိုင်သည့် လျှို့ဝှက်ချက်ပင် ပေါက်ကြားသွားနိုင်သည်။
သူသည် ဟုန်အိမ်တော်၏ နံရံကို အလွယ်တကူ ကျော်တက်ကာ အမှောင်ထုထဲသို့ ပြေးဝင်သွားပြီး ကိုယ်ဖျောက်နည်းစနစ်ကို အသုံးပြုပြီးနောက် မုအိမ်တော်ဆီသို့ တိုက်ရိုက် ဦးတည်သွားလိုက်သည်။
ဤညကို မုအိမ်တော်တွင် ကုန်ဆုံးရန် သူ စီစဉ်ထားခဲ့၏။
"စနစ်... ဆုလာဘ်က ဘယ်မှာလဲ…။"
[ဂုဏ်ယူပါသည် ပိုင်ရှင်၊ ပိုင်ရှင်သည် အပြေးဒင်္ဂါး (၃၀) နှင့် တိုက်ပွဲဝင်အမှတ် (၅၀) ကို ရရှိပါသည်…။]
"ဘာလို့ (၅၀) ပဲ ရတာလဲ…။"
[ (၅၀) ဆိုတာ မဆိုးပါဘူး ပိုင်ရှင်။ ပိုင်ရှင်က သူ့ကို တစ်ကြိမ် နင်းခြေခဲ့ပြီးပြီလေ။ အကယ်လို့ သူက နောက်ဆုံးမှာ နာကျင်လွန်းလို့ သတိမလစ်သွားဘူးဆိုရင် ပိုင်ရှင်က (၃၀) လောက်ပဲ ရနိုင်မှာပါ။]
"ကောင်းပြီလေ…"
ဘာပဲဖြစ်ဖြစ် ဒါက ဟုန်ထို့၏ ဆင်းရဲဒုက္ခများမှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်သောကြောင့် ဟုန်ထို့၏ ပံ့ပိုးပေး မှုကို သူ အထင်မသေးနိုင်ပေ။
[အပြေးဒင်္ဂါး : (၃၀၀)။]
[တိုက်ပွဲဝင်အမှတ် : (၅၀)။]
ထျန်ဖုန်းသည် သူ၏ လက်ကျန်အမှတ်များကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ဟုန်ထို့... မင်း တကယ်ကို ကြိုးစားခဲ့တာပဲ။ မင်း တစ်ရေးလောက်တော့ ကောင်းကောင်း အိပ်သင့် တယ်။ အချိန်ရရင် ဖရဲစေ့နဲ့ ငရုတ်သီးမှုန့် နည်းနည်းဝယ်ပြီး မင်းဆီ လာလည်ပါ့မယ်လေ….။"
***