ဤအချိန်တွင် ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်း၏ကွင်းပြင်၌ ယှဉ်ပြိုင်နေကြသော တပည့် နှစ်ဦးမှာ ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းတွင်ပါရမီအရှိဆုံးဖြစ်သော အမာခံတပည့်နှစ်ဦးဖြစ်လေ သည်။
တစ်ဦးမှာ ယောင်လေဟုအမည်ရပြီးအခြားတစ်ဦးမှာ ဝမ်ကျိယန်ဟု အမည်ရလေသည်။
ယောင်လေမှာ ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်း ရှေးဟောင်းဘိုးဘေးကြီး၏ တိုက်ရိုက်မျိုး ဆက်တစ်ဦးလည်း ဖြစ်လေသည်။
ယောင်လေနှင့် ဝမ်ကျိယန်တို့နှစ်ဦးစလုံးမှာ နတ်ဘုရားအလင်းများထွက်ပေါ်နေပြီး နှစ်ဦးစ လုံးမှာ ထိပ်တန်းအဆင့်နတ်ဘုရားခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကြလေသည်။
တစ်ဦးမှာ လျှပ်စီးဘုရင်နတ်ဘုရားခန္ဓာကိုယ်ဖြစ်ပြီး အခြားတစ်ဦးမှာရန်ကန်းနတ်ဘုရား ခန္ဓာကိုယ်ဖြစ်လေသည်။
ယောင်လေမှာ သူ၏ရင်ဘတ်အတွင်းမှဓားချီစွမ်းအင်များနှင့် ဓားနှလုံးသားစွမ်းအားများ ပေါက်ကွဲထွက်ပေါ်နေပြီး ကြီးမြတ်သောဓားနှလုံးသားကိုးခုအထိ ကျင့်ကြံထားနိုင်ခဲ့လေပြီ။
ဝမ်ကျိယန်မှာမူ သူကိုင်ဆောင်ထားသောဓားဖြင့်ဓားလှိုင်းများကို အလွှာလိုက်ဖြစ်ပေါ်စေ ကာတိုက်ခိုက်နေလေသည်။ သူ၏ဓားချီစွမ်းအားနှင့်အပူလှိုင်းများမှာ အလွန်တရာအံ့ဩဖွယ် ကောင်းလှသည်၊ အဘယ်ကြောင့်ဆိုသော် သူသည်ရှေးဟောင်းရန်နတ်ဘုရားဓားသိုင်းကိုကျင့်ကြံ နေသောကြောင့်ဖြစ်လေသည်။
ရှေးဟောင်း ရန်နတ်ဘုရားမှာ ရှေးဟောင်းသတ်ဖြတ်ခြင်းနတ်ဘုရားကဲ့သို့ပင် အတိတ်နှင့် ပစ္စုပ္ပန်ကို တုန်လှုပ်စေခဲ့သောပြိုင်ဘက်ကင်းပညာရှင်ကြီးတစ်ဦးဖြစ်လေသည်။ ဒဏ္ဍာရီများအရ ရှေးဟောင်းရန်နတ်ဘုရားမှာ လူသားမျိုးနွယ်မဟုတ်ဘဲ မီးဝိညာဉ်မျိုးနွယ်ဖြစ်ကာ တောက်လောင် နေသောမီးလျှံနတ်ဘုရားခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီး ၎င်းကိုအစွမ်းထက်ဆုံးမီးဓာတ်နတ်ဘုရား ခန္ဓာကိုယ်အဖြစ် လူသိများလေသည်။
ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမသည် ပင်မစင်မြင့်ထက်တွင်ထိုင်ကာ ယောင်လေနှင့် ဝမ်ကျိယန်တို့၏တိုက်ခိုက်မှုများကိုကြည့်ပြီး ကျေနပ်စွာပြုံးလိုက်ကာ ပြောလိုက်သည်။
“ယောင်လေနဲ့ ဝမ်ကျိယန်တို့နှစ်ယောက်စလုံးကတကယ်ကိုထူးချွန်ကြတယ်။ သူတို့ရဲ့ လက်ရှိအစွမ်းနဲ့တိုက်ခိုက်ရေးစွမ်းရည်အရဆိုရင် ချန်ဆန်းစံအိမ်တော်ရဲ့စစ်ဆေးမှုကို ဝင်ရောက် ယှဉ်ပြိုင်တဲ့အခါ သေချာပေါက်အောင်မြင်ကြလိမ့်မယ်”
ချန်ဆန်းစံအိမ်တော်သို့ ဝင်ရောက်နိုင်မည့် နည်းလမ်းနှစ်မျိုးရှိလေသည်။ ပထမတစ်နည်းမှာ ချန်ဆန်းကျောင်းတော်သို့ အရင်ဝင်ရောက်ရန်ဖြစ်ပြီး ဧကရာဇ်အဆင့်သို့တက်လှမ်းပြီးနောက် ချန်ဆန်းကျောင်းတော်၏ထောက်ခံမှုဖြင့် ချန်ဆန်းစံအိမ်တော်စစ်ဆေးမှုတွင် ပါဝင်ယှဉ်ပြိုင်ရခြင်း ဖြစ်လေသည်။
အခြားတစ်နည်းမှာမူ ချန်ဆန်းကျောင်းတော်သို့ဝင်ရန်မလိုဘဲ ချန်ဆန်းတိုက်ကြီးပေါ်ရှိ ထိပ်တန်းဂိုဏ်းကြီးများ၏ထောက်ခံမှုဖြင့် ချန်ဆန်းစံအိမ်တော်စစ်ဆေးမှုတွင် တိုက်ရိုက်ပါဝင်ယှဉ် ပြိုင်ရခြင်းဖြစ်လေသည်။
အခြားသော ရှေးဟောင်းဘိုးဘေးတစ်ဦးကပြုံးလိုက်ပြီး ပြောလိုက်သည်။
“နောက်လကျရင် ယောင်လေနဲ့ဝမ်ကျိယန်တို့ကိုချန်ဆန်းစံအိမ်တော် စစ်ဆေးမှုမှာ ဝင်ရောက်ယှဉ်ပြိုင်ခိုင်းမယ်။ အကယ်၍သူတို့အောင်မြင်သွားမယ်ဆိုရင် ငါတို့ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းက ချန်ဆန်းတိုက်ကြီးတစ်ခုလုံးမှာ နောက်တစ်ကြိမ်နာမည်ကြီးလာဦးမှာပဲ”
ဂိုဏ်းတစ်ခုတည်းမှ တပည့်နှစ်ဦးတစ်ချိန်တည်းမှာပင် ချန်ဆန်းစံအိမ်တော်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခြင်းမှာ အမှန်တကယ်ပင်ရှားပါးလှသောကိစ္စဖြစ်လေသည်။
ထိုစဉ်မှာပင် ရန်ရှောက်ထျန်းနှင့်အမှောင်နဂါးတို့သည်နောက်ဆုံး၌ ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်း၏ တောင်ဘက်မုဒ်တံခါးဝသို့ရောက်ရှိလာခဲ့ကြလေပြီ။
ကင်းလှည့်နေသော ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းမှတပည့်များမှာ ရန်ရှောက်ထျန်းနှင့် အမှောင်နဂါးတို့ကို တားဆီးလိုက်ကြပြီး မည်သည့်ကိစ္စရှိသလဲဟု မေးမြန်းလိုက်ကြလေသည်။
“မင်းတို့ ဂိုဏ်းချုပ်ကို တွေ့ချင်လို့” ဟု ရန်ရှောက်ထျန်းကအေးစက်သောမျက်နှာအမူ အရာဖြင့်ပြောလိုက်သည်။
“ငါတို့ ဂိုဏ်းချုပ်ကိုတွေ့ချင်တယ် ဟုတ်လား”
ကင်းလှည့်တပည့်က ရန်ရှောက်ထျန်းကို အထက်အောက်ကြည့်လိုက်ပြီး ရယ်မောလိုက် သည်။
“ကောင်လေး... မင်းရဲ့ အမွေးတွေတောင်စုံပြီလား။ ငါတို့ဂိုဏ်းချုပ်ကိုတောင် မင်းကတွေ့ချင် နေသေးတယ်ပေါ့လေ”
အခြားသော ကင်းလှည့်တပည့်များကလည်း ရယ်မောလိုက်ကြလေသည်။
ရန်ရှောက်ထျန်းက ဘာမှထပ်မပြောတော့ပေ။ သူ၏စိတ်စွမ်းအင်းတစ်ထောင့်နှစ်ရာ ကိုးဆယ့်ခြောက်ခုစလုံးမှစွမ်းအားများကို တစ်ပြိုင်နက်တည်းအသက်သွင်းလိုက်လေသည်။
ချက်ချင်းဆိုသလိုပင် သူ၏တစ်ကိုယ်လုံးမှ ရွှေရောင်အလင်းများပေါက်ကွဲထွက်လာပြီး လက်သီးတစ်ချက်ကို အပြင်းအထန်ထိုးနှက်လိုက်လေသည်။
“ဘုန်း...”
ကင်းလှည့်တပည့်များအားလုံးမှာ အလွန်တရာပြင်းထန်သောဟာရီကိန်းမုန်တိုင်းကြီး တစ်ခု နှင့် တိုက်မိသွားသလိုပင် လွင့်ထွက်သွားကြတော့သည်။
ရန်ရှောက်ထျန်း၏ လက်သီးချက်မှာရပ်တန့်မသွားဘဲ ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်း၏ တောင်ဘက်တံခါးကို ရိုက်မိသွားလေသည်။
မီတာဆယ်ဂဏန်းအထိမြင့်မားသော ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်း၏ တောင်ဘက် တံခါးမှာလွင့်ထွက်သွားတော့သည်။
ချက်ချင်းဆိုသလိုပင် သူ၏လက်သီးချက်မှာ အဝေးမှတောင်ထိပ်ဆီသို့ပင် ဦးတည်သွားပြန် လေသည်။
မိုးခြိမ်းသံကဲ့သို့သောပေါက်ကွဲသံနှင့်အတူ ထိုတောင်ထိပ်ကြီးမှာ တိုက်ရိုက်ဖောက်ထွက်ခံ လိုက်ရလေသည်။
တောင်ထိပ်ပေါင်း ဆယ်ဂဏန်းကိုဆက်တိုက်ဖောက်ထွက်သွားပြီးနောက်မှသာ ရန်ရှောက် ထျန်း၏လက်သီးချက်မှာ ရပ်တန့်သွားတော့သည်။
လွင့်ထွက်သွားခဲ့ကြသော ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းမှ ကင်းလှည့်တပည့်ရာပေါင်း များစွာမှာ မြေပြင်ပေါ်သို့ပြုတ်ကျကုန်ကြပြီး သူတို့၏မျက်နှာများမှာ ထိတ်လန့်မှုကြောင့်ဖြူဖျော့ နေတော့သည်။
လက်သီးတစ်ချက်တည်းဖြင့် တောင်ထိပ်ပေါင်းဆယ်ဂဏန်းကို ဖောက်ထွက်သွားနိုင်သည် အထိ ဤလူငယ်မှာဘယ်လိုမိစ္ဆာမျိုးလဲ။
သူတို့ ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်း၏ တောင်ထိပ်များမှာစိန့်အဆင့်ပညာရှင်များ၏ စွမ်းအားဖြင့် ခိုင်မာအောင်လုပ်ထားခြင်းဖြစ်လေသည်။ သူတို့ဂိုဏ်း၏အစွမ်းထက်ဆုံး အမာခံ တပည့်များပင်လျှင် တောင်ထိပ်တစ်ခုကိုပင်ဖောက်ထွက်နိုင်ရန်မဖြစ်နိုင်ပေ။
ရန်ရှောက်ထျန်းသည် ကင်းလှည့်တပည့်များကိုလျစ်လျူရှုလိုက်ပြီး အမှောင်နဂါးနှင့်အတူ ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းအတွင်းသို့ ပျံသန်းဝင်ရောက်သွားလေသည်။
ဤအချိန်တွင် ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမနှင့် ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းမှ ပညာရှင်များအားလုံးမှာ နားကွဲမတတ်ပြင်းထန်သောပေါက်ကွဲသံကိုကြားလိုက်ကြရပြီး မြေပြင်မှာ အဆက်မပြတ်တုန်ခါနေသဖြင့် အကုန်လုံးအံ့အားသင့်သွားကြလေသည်။
“ဘာဖြစ်တာလဲ”
ပန်းပေါင်းတစ်ရာ ဓားနတ်ဘုရားမ၏ လှပသောမျက်နှာမှာ မှောင်မိုက်သွားတော့သည်။
“ဂိုဏ်းချုပ်... အဖိုးကြီးတစ်ယောက်နဲ့လူငယ်တစ်ယောက်က ကျွန်တော်တို့ ပန်းပေါင်း တစ်ရာနတ်ဘုရားဂိုဏ်းထဲကိုအတင်းဝင်လာနေပါတယ်” ဟု ခဏအကြာတွင် ထိတ်လန့်နေသော ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းမှ အကြီးအကဲတစ်ဦးကလာရောက်သတင်းပို့လေသည်။
အဖိုးကြီးတစ်ယောက်နဲ့ လူငယ်တစ်ယောက်ဟုတ်လား။
ဒူမေ၏ စိတ်ထဲတွင်တစ်စုံတစ်ခု လက်သွားပြီး သူမကအော်ဟစ်လိုက်သည် -
“ဟိုလူငယ်လေး ရောက်လာတာ ဖြစ်နိုင်မလား”
ပန်းပေါင်းတစ်ရာ ဓားနတ်ဘုရားမလည်း သဘောပေါက်သွားပြီးလှောင်ပြောင်လိုက်သည်။
“သူက အမှန်တကယ်ပဲငါ့ရဲ့ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းကိုလာပြီး ရှင်းပြချက် တောင်းရဲလိမ့်မယ်လို့ငါမထင်ထားခဲ့ဘူး” ဟုပြောရင်း သူမကရုတ်တရက်မတ်တပ်ရပ်လိုက်သည်။
“သူက ငါ့ရဲ့ ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းဆီကနေဘယ်လိုရှင်းပြချက်တောင်းမလဲဆို တာ ငါ သိချင်သေးတယ်”
ထို့နောက်တွင် သူမသည်လေထဲသို့ပျံတက်လိုက်ပြီး တောင်ဘက်မုဒ်တံခါးဆီသို့ ပျံသန်းသွား လေတော့သည်။
၎င်းကို မြင်သောအခါ ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းမှ အဆင့်မြင့်အရာရှိများနှင့် တပည့် အမြောက်အမြားမှာလည်း ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမ၏နောက်မှလိုက်ပါသွားကြလေသည်။
ဒူမေသည် ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမ၏နောက်မှ လိုက်ပါသွားသော်လည်း သူမ၏ နှလုံးသားထဲတွင်မူ စိုးရိမ်မှုများရှိနေလေသည်။ တစ်စုံတစ်ခုသောအကြောင်းရင်းကြောင့် သူမသည် မသက်မသာ ဖြစ်နေမိခြင်းဖြစ်လေသည်။
ရန်ရှောက်ထျန်းနှင့် အမှောင်နဂါးတို့သည် ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းအတွင်းသို့ ဝင်ရောက်လာပြီးနောက် လမ်းတောက်လျှောက်တွင်သူတို့၏လမ်းကိုပိတ်ဆို့ထားသော ပန်းပေါင်း တစ်ရာနတ်ဘုရားဂိုဏ်းမှ ပညာရှင်များနှင့်တပည့်အမြောက်အမြားနှင့်ကြုံတွေ့ခဲ့ရလေသည်။
သို့သော် သူတို့အားလုံးမှာ အမှောင်နဂါး၏လက်ညှိုးတစ်ချက်ခတ်လိုက်ရုံဖြင့် လွင့်ထွက် သွားခဲ့ကြလေသည်။
ခဏအကြာတွင် ရန်ရှောက်ထျန်းသည်ဂိုဏ်းအတွင်းမှပျံထွက်လာသော ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းမှ ပညာရှင်များကိုမြင်တွေ့လိုက်ရလေသည်။
လူအမြောက်အမြားရှိနေပြီး သောင်းနှင့်ချီ ရှိပေလိမ့်မည်။
သူတို့သည် အားကောင်းမောင်းသန်ဖြင့် သူနှင့်အမှောင်နဂါးဆီသို့ ပျံသန်းလာကြလေသည်။
၎င်းကို မြင်သောအခါ ရန်ရှောက်ထျန်း ရပ်တန့်လိုက်လေသည်။
ပန်းပေါင်းတစ်ရာ ဓားနတ်ဘုရားမသည် ရန်ရှောက်ထျန်း၏ ရှေ့သို့ ရောက်လာပြီး အဝေးတွင် အမှောင်နဂါး၏လက်ညှိုးချက်ကြောင့် လွင့်ထွက်သွားခဲ့ကြသောပညာရှင်များကိုကြည့်ကာ သူမ၏ လှပသောမျက်နှာမှာတင်းမာနေတော့သည်။
သူမသည်အမှောင်နဂါးကိုတစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏အကြည့်မှာရန်ရှောက် ထျန်းဆီသို့ ရောက်ရှိသွားတော့သည်။
“မင်းက အတော်လေးသတ္တိရှိတာပဲ၊ ငါ့ရဲ့ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းကို အမှန်တ ကယ်လာရဲတယ်ပေါ့”
“ဒါပေမဲ့ မင်းကလူတစ်ယောက်တည်းကိုပဲခေါ်ပြီး ငါ့ရဲ့ ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်း ဆီကနေ ရှင်းပြချက်တောင်းဖို့လာတာလား”
ရန်ရှောက်ထျန်း၏ မျက်နှာအမူအရာမှာတည်ငြိမ်နေဆဲ ဖြစ်လေသည်။
“ခင်ဗျားတို့ ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းကိုဖျက်ဆီးဖို့ဆိုရင် လူတစ်ယောက်ခေါ်လာ တာနဲ့တင်လုံလောက်ပါတယ်”
“ဘာ...”
“သေတွင်းတူးနေတာပဲ”
“သေချင်နေတာလား”
ရန်ရှောက်ထျန်း၏ စကားထွက်လာသည်နှင့်တစ်ပြိုင်နက် ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်း မှ ပညာရှင်များနှင့် တပည့်များအားလုံးမှာ ချက်ချင်းဆိုသလိုပင်ဒေါသထွက်သွားကြတော့သည်။
ယောင်လေနှင့် ဝမ်ကျိယန်တို့မှာမူရန်ရှောက်ထျန်းဆီသို့ဒေါသတကြီးဖြင့် လက်သီးများ ကိုပင်တစ်ပြိုင်နက်တည်းထိုးနှက်လိုက်ကြလေသည်။
သူတို့၏ နတ်ဘုရားခန္ဓာကိုယ်များမှနတ်ဘုရားအလင်းများတောက်ပလာပြီး သူတို့၏ လက်သီးချက်များမှာ ဟာရီကိန်းနတ်သားရဲကြီးများရှေ့သို့ တိုးဝင်လာသကဲ့သို့ပင်မြည်ဟည်းနေ တော့သည်။
သူတို့နှစ်ဦးမှာ ရန်ရှောက်ထျန်း၏ ရှေ့သို့ ချက်ချင်းရောက်ရှိလာခဲ့ကြလေပြီ။
သူတို့နှစ်ဦး၏ လက်သီးချက်များက ရန်ရှောက်ထျန်းကိုထိမှန်တော့မည့်ဆဲဆဲတွင် ရန်ရှောက် ထျန်းက သူ၏လက်ကိုမြှောက်လိုက်ရုံမျှဖြင့် သူတို့၏လက်သီးများကိုဖမ်းဆွဲလိုက်ပြီး သဲအိတ်များ ကဲ့သို့ပင် တိုက်ရိုက်ဝှေ့ယမ်း ပစ်ပေါက်လိုက်လေသည်။
ထိုနှစ်ဦးမှာ ဥက္ကာခဲဗုံးများအလား အဝေးရှိရေကန်ကြီးအတွင်းသို့ ပျံဝင်သွားကြသည်ကို တွေ့လိုက်ရလေသည်။
ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူအဝေးရှိရေကန်မှရေများမှာလွင့်စင်သွားပြီး ရေကန်ကြီး တစ်ခုလုံး ပျောက်ကွယ်သွားခဲ့ကာ ထိုနှစ်ဦးမှာရေကန်အောက်ခြေတွင် နစ်မြုပ်သွားကြတော့သည်။
ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းမှ တပည့်များမှာ ဆွံ့အသွားကြတော့သည်။
“မင်းက ဧကရာဇ်အဆင့်မဟုတ်ဘူးလား”
အထူးသဖြင့် ဒူမေနှင့်တိန်းချွမ်းတို့မှာ အကြီးအကျယ်တုန်လှုပ်သွားကြလေသည်။
ဝိညာဉ်သားရဲတောအုပ်မှ ပြန်လာပြီးကတည်းက သူတို့နှစ်ဦးစလုံးမှာ ရန်ရှောက်ထျန်းသည် နဂါးချင်းရွှမ်ကဲ့သို့ပင် သိုင်းဧကရာဇ်တစ်ဦးသာဖြစ်လိမ့်မည်ဟု ထင်ထားခဲ့ခြင်းဖြစ်လေသည်။
သို့သော် ယခုလေးတင် ရန်ရှောက်ထျန်းက နတ်ဘုရားအဆင့်ပထမအလွှာတွင် ရှိနေသော ယောင်လေနှင့် ဝမ်ကျိယန်တို့ကို တိုက်ရိုက်ကိုင်ပေါက်ပစ်လိုက်ခြင်း ဖြစ်လေသည်။
သဲအိတ်များကဲ့သို့ ပစ်ပေါက်လိုက်ခြင်း ဖြစ်လေသည်။
ယောင်လေနှင့် ဝမ်ကျိယန်တို့မှာ ပြန်လည် ခုခံနိုင်စွမ်းလုံးဝ မရှိခဲ့ကြပေ။
ထိုနှစ်ဦးမှာ စိန့်အဆင့်ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေခဲ့ခြင်း ဖြစ်လေသည်။
သို့သော် ၎င်းမှာဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။ သူတို့ရှေ့ရှိလူငယ်လေးမှာ အသက်ဆယ့်ငါး၊ ဆယ့်ခြောက်နှစ်သာ ရှိသေးသည်၊ သူကဘယ်လိုလုပ်ပြီး စိန့်အဆင့်သို့ရောက်ရှိနေနိုင်မည်နည်း။
ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမပင်လျှင် အလွန်တရာအံ့အားသင့်သွားပြီး သူမမြင်တွေ့နေ ရသည်ကို မယုံကြည်နိုင်အောင်ဖြစ်နေလေသည်။
“မင်းကဘယ်သူလဲ” ဟု သူမသည်ရန်ရှောက်ထျန်းကို သံသယဖြင့်စိုက်ကြည့်လိုက် လေသည်။
ရန်ရှောက်ထျန်းက ပြန်မဖြေဘဲ ဒူမေကို စိုက်ကြည့်လိုက်ကာ…
“မင်း ကျုပ်မှာကြားလိုက်တဲ့စကားတွေကို ဒီအဘွားကြီးကိုပြောပြခဲ့ရဲ့လား” ဟု မေးလိုက် သည်။
ဒူမေမှာ ဆွံ့အသွားတော့သည်။
“အဘွားကြီး ဟုတ်လား။”
ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမ၏မျက်နှာမှာ ဒေါသကြောင့်ပို၍ပင်ဖြူဖျော့သွားတော့ သည်။ ဤလူငယ်လေးသည် ယခုလေးတင် သူမကိုအဘွားကြီးဟုခေါ်လိုက်သည်တဲ့လား။ သူက သူမကို အဘွားကြီးဟု အမှန်တကယ်ခေါ်လိုက်သည်တဲ့လား။
“ကောင်လေး... မင်းသေချင်နေတာပဲ”
ပန်းပေါင်းတစ်ရာ ဓားနတ်ဘုရားမ၏မျက်လုံးများတွင်သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွား တော့သည်။
“မင်း ဘယ်သူပဲဖြစ်ဖြစ်ဂရုမစိုက်ဘူး၊ ဒီနေ့တော့ငါ့ရဲ့ဓားနဲ့မင်းကိုသေချာပေါက် ခုတ်သတ် ပစ်မယ်”
ထိုသို့ပြောပြီးနောက် သူမသည်သူမ၏ပန်းပေါင်းတစ်ရာနတ်ဘုရားဓားကိုပင် အသုံးမပြု သေးဘဲ သူမ၏ညာလက်ကိုဝှေ့ယမ်းလိုက်ရာ အံ့ဩဖွယ်ကောင်းသောဓားချီစွမ်းအင်တစ်ခုသည် ရန်ရှောက်ထျန်းဆီသို့ ချက်ချင်းပစ်လွှတ်လိုက်လေသည်။
ဓားချီစွမ်းအင်မှာ နတ်ဘုရားမိုးကြိုးသံပေါင်းသောင်းနှင့်ချီ ဟိန်းဟောက်နေသကဲ့သို့ပင် တိုးဝင်လာတော့သည်။
အမျိုးသမီးဓားနတ်ဘုရားမ၏ အရှိန်အဝါကိုအပြည့်အဝထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်လေ သည်။
ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမမှာ အမှန်တကယ်ပင်ချန်ဆန်းတိုက်ကြီး၏ ကြီးကျယ် သော အမျိုးသမီးဓားနတ်ဘုရားမနှစ်ဦးထဲမှတစ်ဦးဖြစ်လေသည်၊ သူမ၏အစွမ်းမှာသာမန် ဓားနတ် ဘုရားများထက်များစွာသာလွန်လေသည်။
သူမ၏ ဓားချီစွမ်းအင်က ရန်ရှောက်ထျန်း၏လည်ပင်းကိုဖောက်ထွက်တော့မည့်ဆဲဆဲတွင် ရုတ်တရက်လက်တစ်ဖက်မှာ မည်သည့်နေရာကမှန်းမသိပေါ်ထွက်လာခဲ့လေသည်။
***