၎င်းမှာ အလွန်တရာ အိုမင်းနေသောလက်တစ်ဖက်ဖြစ်လေသည်။
အရိုးပေါ် အရေတင်နေသည်အထိ အိုမင်းနေခြင်းဖြစ်လေသည်။
သို့သော် ဤအိုမင်းနေသောလက်တစ်ဖက်ကပင် ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမ၏ အံ့ဩဖွယ်ကောင်းသော ဓားချီစွမ်းအင်ကိုတားဆီးလိုက်ခြင်း ဖြစ်လေသည်။
နတ်ဘုရား မိုးကြိုးသံပေါင်းသောင်းနှင့်ချီသောစွမ်းအားများပါရှိနေသည့် ပန်းပေါင်းတစ်ရာ ဓားနတ်ဘုရားမ၏ဓားချီစွမ်းအင်မှာ ထိုရှေးဟောင်းလက်ပေါ်သို့ရိုက်မိသွားသော်လည်း လက်မှာ ဖောက်ထွက်ခံရခြင်းမရှိသည့်အပြင် အနက်ရောင်အလင်းများတုန်ခါသွားကာ ဓားချီစွမ်းအင်ကို တိုက်ရိုက်ပင် ချေမှုန်းပစ်လိုက်လေသည်။
လူတိုင်းမှာ အလွန်တရာအံ့အားသင့်ပြီးထိတ်လန့်သွားကြကာ ရန်ရှောက်ထျန်း၏ဘေးရှိ အမှောင်နဂါးကို ကြည့်လိုက်ကြလေသည်။
လှုပ်ရှားလိုက်သူမှာ အခြားသူမဟုတ်ဘဲ အမှောင်နဂါးဖြစ်လေသည်။
ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမမှာမူ သူမ၏နှလုံးသားထဲတွင်ပို၍ပင် အံ့အားသင့်သွား တော့သည်။
ခုနက သူမ၏ဓားချက်မှာ မည်မျှအထိပြင်းထန်ကြောင်း သူမကောင်းကောင်းသိထားလေ သည်။
သာမန် ဓားနတ်ဘုရားတစ်ဦးပင်လျှင် သူမ၏ခုနကဓားချက်ကို အလွယ်တကူ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
သူမသည် အမှောင်နဂါးကို စိုက်ကြည့်လိုက်ကာ..
“ဒီကမိတ်ဆွေကြီးက ဘယ်သူလဲ” ဟု မေးလိုက်သည်။
အမှောင်နဂါးကရယ်မောလိုက်ပြီး သူ၏သွေးရောင်မျက်လုံးများဖြင့် ပန်းပေါင်းတစ်ရာ ဓားနတ်ဘုရားမကိုစိုက်ကြည့်လိုက်ရာ သူမ၏နှလုံးသားထဲတွင် အေးစိမ့်သွားသလိုခံစားလိုက်ရ သည်။
“မင်းကို သတ်မယ့်သူပဲ”
ပန်းပေါင်းတစ်ရာ ဓားနတ်ဘုရားမမှာ ဒေါသထွက်သွားသည်။
“ဝါကြွားလိုက်တာ”
သူမ၏ လက်ထဲတွင်ပန်းပေါင်းတစ်ရာ နတ်ဘုရားဓားပေါ်လာပြီးနောက် သူမသည်ဓားဖြင့် ရုတ်တရက်ထိုးနှက်လိုက်ရာ မရေမတွက်နိုင်သောဓားပန်းပွင့်များ ပွင့်လန်းလာတော့သည်။
၎င်းမှာ ပန်းပေါင်းတစ်ရာ ဓားလမ်းစဉ်ဖြစ်လေသည်။
သို့သော် သူမ၏ပန်းပေါင်းတစ်ရာဓားလမ်းစဉ်မှာ လွန်ခဲ့သောရက်များက သတ်ဖြတ်ခြင်း သားတော် မုန့်ပိုင်ပြသခဲ့သော ပန်းပေါင်းတစ်ရာဓားလမ်းစဉ်ထက် အဆပေါင်းသောင်းနှင့်ချီ၍ ပိုမို ပြင်းထန်လှပေသည်။
ဓားပန်းပွင့်များမှာ ကောင်းကင်ယံတွင်ပြည့်နှက်သွားသဖြင့် လူများမှာဓားပန်းပွင့်ကမ္ဘာ တစ်ခုအတွင်းသို့ ရောက်ရှိသွားသလိုပင် ခံစားလိုက်ရလေသည်။
ထို့အပြင် ဓားပန်းပွင့်များမှာအဆုံးမရှိပြောင်းလဲနေသဖြင့် လူတို့၏စိတ်ဝိညာဉ်ကိုဝေဝါး သွားစေနိုင်လေသည်။
ဓားပန်းပွင့်များမှာလျှပ်စီးအလားမြန်ဆန်လှပြီးအမှောင်နဂါး၏တစ်ကိုယ်လုံးကို ဖောက် ထွက်တော့မည့်ပုံပင်။
ရုတ်တရက် အမှောင်နဂါး၏တစ်ကိုယ်လုံးတွင် အမှောင်စွမ်းအားများပေါက်ကွဲထွက်လာပြီး ဓားပန်းပွင့်များအားလုံးမှာ သူ၏ပတ်ဝန်းကျင်ရှိအမှောင်ထုအတွင်းသို့ နစ်မြုပ်သွားကြကာ ပင်လယ် ထဲသို့ ကျောက်တုံးတစ်တုံးကျသွားသလိုပင် အတိုင်းအဆမဲ့သောအမှောင်ပင်လယ်ကြီး၏ ဝါးမြို ခြင်းကို လုံးဝခံလိုက်ရလေသည်။
ပန်းပေါင်းတစ်ရာ ဓားနတ်ဘုရားမမှာ အကြီးအကျယ်ထိတ်လန့်သွားတော့သည်။
ဒါ ဘယ်လိုကျင့်စဉ်မျိုးလဲ။
သူမ၏ ပန်းပေါင်းတစ်ရာဓားချီစွမ်းအင်ကို အမှန်တကယ်ပင်တိုက်ရိုက်ဝါးမြိုပစ်လိုက် သည်တဲ့လား။
တစ်ခဏအတွင်းမှာပင် အမှောင်နဂါးသည်တစ်ဖက်လူ၏ဓားချီစွမ်းအင်အားလုံးကို အပြည့် အဝဝါးမြိုပစ်လိုက်ပြီး လူတိုင်းကိုအံ့အားသင့်စေသည်မှာ အမှောင်နဂါး၏တစ်ကိုယ်လုံးမှ အနက် ရောင်အလင်းများ ရုတ်တရက်ပေါက်ကွဲထွက်လာခြင်းဖြစ်လေသည်။
ယခုလေးတင် ဝါးမြိုခံလိုက်ရပါသော ဓားချီစွမ်းအင်သောင်းနှင့်ချီတို့သည် ပန်းပေါင်းတစ်ရာ ဓားနတ်ဘုရားမဆီသို့ ပိုမိုမြန်ဆန်သောအရှိန်ဖြင့် ပြန်လည်ပစ်လွှတ်လိုက်လေသည်။
ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမမှာ ထိတ်လန့်မှုကြောင့်မျက်နှာဖြူဖျော့သွားပြီး သူမ၏ လက်ထဲရှိပန်းပေါင်းတစ်ရာနတ်ဘုရားဓားကို အပြင်းအထန်လည်ပတ်လိုက်ကာ ပန်းပေါင်းတစ်ရာ ဓားကာကွယ်မှုကို ဖြစ်ပေါ်စေလိုက်လေသည်။
သို့သော် ပန်းပေါင်းတစ်ရာဓားကာကွယ်မှုမှာ ချက်ချင်းဆိုသလိုပင်အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားခဲ့လေပြီ။
ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမမှာ အံ့အားသင့်စွာဖြင့် နောက်သို့ ဆုတ်ခွာခဲ့ရပြီး တစ်ချိန်တည်းမှာပင် သူမ၏ပန်းပေါင်းတစ်ရာနတ်ဘုရားဓားမှအံ့ဩဖွယ်ကောင်းသောဓားဆန္ဒများ ပေါက်ကွဲထွက်လာကာ ဓားတစ်ချက်ထိုးနှက်လိုက်မှသာဓားချီစွမ်းအင်များမှာ ဒေါသတကြီး မိုးကြိုး သံအလား ပေါက်ကွဲသွားတော့သည်။
ထိုအခါမှသာ သူမသည်အမှောင်နဂါး၏တိုက်ခိုက်မှုကို မနည်းခုခံနိုင်လိုက်လေသည်။
သို့သော်လည်း ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမမှာ တုန်လှုပ်နေဆဲဖြစ်လေသည်၊ သူမ၏ ချီနှင့် သွေးများမှာဆူပွက်နေပြီး သူမ၏လက်မောင်းမှာလည်းပြင်းထန်စွာနာကျင်နေကာ သူမသည် အတော်လေး အခြေအနေမကောင်းလှပေ။
သူမသည် အမှောင်နဂါးကို ထိတ်လန့်မှု၊ ဒေါသထွက်မှုများဖြင့် စိုက်ကြည့်လိုက်လေသည်။
ဤအဖိုးကြီး၏ အစွမ်းမှာ သူမထင်ထားသည်ထက် များစွာ ကျော်လွန်နေခြင်း ဖြစ်လေသည်။
ချန်ဆန်းတိုက်ကြီး၏ အမျိုးသမီးဓားနတ်ဘုရားမနှစ်ဦးထဲမှတစ်ဦးအနေဖြင့် သူမ၏ အစွမ်းမှာ မိစ္ဆာကောင်းကင် ဓားနတ်ဘုရားထက် မနိမ့်ကျလှပေ။
သို့သော်လည်း တစ်ချက်တည်းရင်ဆိုင်ပြီးနောက်မှာပင် သူမသည်အရေးနိမ့်သွားခဲ့လေပြီ။
“ဓားဆန္ဒတစ်ဆယ့်တစ်မျိုးလား၊ မဆိုးပါဘူး၊ ငါ့ရဲ့တိုက်ကွက်တစ်ကွက်ကိုတော့ မင်း ခုခံနိုင် သားပဲ” ဟု အမှောင်နဂါးက အေးစက်စွာ ပြောလိုက်သည်။
ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမ၏ ခုနက နောက်ဆုံးဓားချက်တွင် အံ့ဩဖွယ်ကောင်းသော ဓားဆန္ဒများပါရှိနေပြီး ဓားဆန္ဒတစ်ဆယ့်တစ်မျိုး ပါဝင်နေလေသည်၊ ထိုအခါမှသာ အမှောင်နဂါး၏ တိုက်ခိုက်မှုကို မနည်းခုခံနိုင်ခဲ့ခြင်း ဖြစ်လေသည်။
ယေဘုယျအားဖြင့်ပြောရလျှင် ဓားနှလုံးသားကိုးခုနှင့်အထက် ကျင့်ကြံနိုင်ခြင်းမှာ ဓားနတ် ဘုရားတစ်ဦးဖြစ်လာနိုင်မည့် ပါရမီရှိနေခြင်း ဖြစ်လေသည်။
သို့သော် ဓားနတ်ဘုရားတစ်ဦးဖြစ်လာရန်အတွက် ဓားနှလုံးသားကိုးခုနှင့်အထက် ကျင့်ကြံရုံ သာမကဘဲ နတ်ဝိညာဉ်အဆင့်သို့လည်းတက်လှမ်းရမည်ဖြစ်ပြီး ဓားဆန္ဒကိုးမျိုးနှင့်အထက် ကိုလည်း နားလည်သဘောပေါက်ထားရမည်ဖြစ်လေသည်။
သာမန် ဓားနတ်ဘုရားတစ်ဦးမှာ ဓားဆန္ဒကိုးမျိုးကိုသာနားလည်သဘောပေါက်ထားကြ လေသည်။
သို့သော် ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမမှာ ဆယ့်တစ်မျိုးအထိနားလည်ထားခြင်း ဖြစ်လေ သည်၊ ၎င်းမှာ သာမန်ဓားနတ်ဘုရားတစ်ဦးထက် နှစ်မျိုးပိုများနေခြင်းဖြစ်လေသည်။
ဓားဆန္ဒတစ်ဆယ့်တစ်မျိုးအထိနားလည်နိုင်သော ဓားနတ်ဘုရားများမှာအလွန်တရာ ရှားပါး လှပေသည်။
ချန်ဆန်းတိုက်ကြီး တစ်ခုလုံးမှာပင် လက်ချိုးရေတွက်နိုင်လေသည်။
သို့သော်လည်း ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမမှာ အမှောင်နဂါး၏ရှေ့တွင် အရေးနိမ့်နေ ဆဲဖြစ်လေသည်။
အမှောင်နဂါးစကားပြောပြီးသည်နှင့် သူ၏ပုံရိပ်မှာဝေဝါးသွားပြီး ပန်းပေါင်းတစ်ရာဓားနတ် ဘုရားမ၏ရှေ့တွင် ချက်ချင်းပေါ်လာခဲ့လေပြီ၊ သူ၏ခြောက်သွေ့နေသောလက်များကို ဆန့်ထုတ် လိုက်ကာ အင်အားအများကြီးပင်မစိုက်ထုတ်ဘဲ အသာအယာသာ တွန်းထုတ်လိုက်လေသည်။
ဟင်းလင်းပြင်မှာ အမှန်တကယ်ပင် အတွင်းဘက်သို့ ပြိုလဲသွားတော့သည်။
အတိုင်းအဆမရှိသော စွမ်းအားတစ်ခုမှာ ဟင်းလင်းပြင်အလွှာများကို ဖောက်ထွက်ပြီး တစ်ဖက်လူဆီသို့ ဟိန်းဟောက်တိုးဝင်သွားတော့သည်။
ပန်းပေါင်းတစ်ရာ ဓားနတ်ဘုရားမ၏မျက်နှာမှာဖြူဖျော့သွားပြီး သူမ၏တစ်ကိုယ်လုံးမှ ဓားချီစွမ်းအင်များပေါက်ကွဲထွက်လာကာ သူမ၏နောက်ကျောတွင်ဓားနတ်ဘုရားပုံရိပ် ကိုးခု ပေါ်ထွက်လာလေသည်။
သူမသည် ဓားကိုရုတ်တရက် ဝှေ့ယမ်းလိုက်လေသည်။
ဓားနတ်ဘုရား ပုံရိပ်ကိုးခုမှာလည်း တစ်ပြိုင်နက်တည်း ဓားကိုဝှေ့ယမ်းလိုက်ကြလေသည်။
ဓားတစ်ချက်တည်းနှင့်ပင်။
သူမ၏ ရှေ့ရှိ ဟင်းလင်းပြင်မှာ နှစ်ပိုင်းကွဲထွက်သွားတော့သည်။
သို့သော် ၎င်းမှာ အသုံးမဝင်ခဲ့ပေ။
အတိုင်းအဆမဲ့သော စွမ်းအားမှာဟင်းလင်းပြင်အလွှာများကိုဖောက်ထွက်ပြီး သူမဆီသို့ တိုးဝင်လာဆဲ ဖြစ်လေသည်။
“ဘုန်း...”
ပန်းပေါင်းတစ်ရာ အမျိုးသမီးဓားနတ်ဘုရားမမှာ ဥက္ကာခဲတစ်ခုအလားလွင့်ထွက်သွားပြီး အဝေးရှိ တောင်တန်းကြီးအတွင်းသို့ တိုက်မိသွားတော့သည်။
ဓားဆန္ဒတစ်ဆယ့်တစ်မျိုးအထိနားလည်ထားသော ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမမှာ တိုက်ကွက်နှစ်ကွက်တည်းနှင့် အရေးနိမ့်သွားခဲ့လေပြီ။
အမှောင်နဂါးက တစ်ဖက်လူကိုအေးစက်စွာ ကြည့်လိုက်သည်။
“မင်းရဲ့ ဓားနတ်ဘုရားလမ်းစဉ်က ကျင့်ကြံမှုကောင်းပါတယ်၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ မင်းက ကိုးဆင့်မြောက်အထိပဲ ကျင့်ကြံထားနိုင်သေးတာပဲ”
ဓားနတ်ဘုရားလမ်းစဉ်မှာ ရှေးဟောင်းပါရမီပေါင်းစုံဓားနတ်ဘုရားဖန်တီးခဲ့သော အမြင့် မြတ်ဆုံး ဓားလမ်းစဉ်ဖြစ်လေသည်။
ပါရမီပေါင်းစုံဓားနတ်ဘုရားမှာ အမှောင်နဂါးနှင့်ခေတ်ပြိုင်ဖြစ်သော အမြင့်မြတ်ဆုံးပညာ ရှင်ကြီးတစ်ဦးဖြစ်လေသည်။
ဟိုတုန်းက ပါရမီပေါင်းစုံဓားနတ်ဘုရားမှာ ဓားနတ်ဘုရားလမ်းစဉ်ကိုတစ်ဆယ့်လေးဆင့် မြောက်အထိကျင့်ကြံနိုင်ခဲ့မှသာ အမှောင်နဂါးနှင့်သရေဖြစ်အောင် မနည်းတိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ် လေသည်။
ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမမှာ သွေးများအန်ထုတ်လိုက်သဖြင့် သူမ၏အဝတ်အစား များတွင် သွေးများစွန်းထင်သွားတော့သည်။
“ဂိုဏ်းချုပ်ကို ကာကွယ်ကြစမ်း”
ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းမှ ရှေးဟောင်းဘိုးဘေးများမှာ ထိတ်လန့်တကြား နိုးထလာ ကြပြီး ဟိန်းဟောက်လိုက်ကြလေသည်။
“ပန်းပေါင်းတစ်ရာ နတ်ဘုရား မဟာအစီရင်ကို အသက်သွင်းကြစမ်း”
ချက်ချင်းဆိုသလိုပင် ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းအတွင်းမှ ဓားချီစွမ်းအင်များမှာ ကောင်းကင်ယံသို့ပျံတက်သွားကြသည်၊ ဓားချီစွမ်းအင်များမှာပင်လယ်ကြီးအလား ပန်းပေါင်း တစ်ရာနတ်ဘုရားဂိုဏ်း၏ အထက်ရှိကောင်းကင်ယံကိုဖုံးလွှမ်းသွားခဲ့ပြီး တစ်ချိန်တည်းမှာပင် အတိုင်းအဆမရှိသောဓားချီစွမ်းအင်များမှာ ရန်ရှောက်ထျန်းနှင့် အမှောင်နဂါးဆီသို့ ရိုက်ချလိုက်လေ သည်။
သူ့ဆီသို့ တိုးဝင်လာသော ပန်းပေါင်းတစ်ရာဓားချီစွမ်းအင်များကို ကြည့်ကာ အမှောင်နဂါးက အေးစက်စွာနှာခေါင်းရှုံ့လိုက်လေသည်၊ သူ၏တစ်ကိုယ်လုံးမှ အနက်ရောင်အလင်းများတုန်ခါသွား ပြီး ဓားချီစွမ်းအင်အားလုံးကိုချေမှုန်းပစ်လိုက်ကာ ရုတ်တရက်လက်သီးတစ်ချက်ကို ထိုးနှက်လိုက် လေသည်။
မရေမတွက်နိုင်သော အမှောင်စွမ်းအားများမှာဟိန်းဟောက်ထွက်ပေါ်လာသဖြင့် ပန်းပေါင်း တစ်ရာနတ်ဘုရားဂိုဏ်းမှ ရှေးဟောင်းဘိုးဘေးများမှာ ဆက်တိုက်နောက်သို့ဆုတ်ခွာခဲ့ကြရလေ သည်။
အခင်းဖြစ်ပွားရာနေရာရှိ ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းမှတပည့်များမှာ သူတို့၏ နတ်ဘုရားအဆင့် ရှေးဟောင်းဘိုးဘေးဆယ်ဂဏန်းနှင့် စိန့်အဆင့်ရှေးဟောင်းဘိုးဘေး ထောင်ပေါင်း များစွာတို့ပူးပေါင်းတိုက်ခိုက်လျှင်ပင် သူတို့ရှေ့ရှိအဖိုးကြီး၏ နောက်သို့ဆုတ်ခွာစေမှုကို ခံလိုက်ရ သည်ကို မြင်သောအခါ အလွန်တရာတုန်လှုပ်သွားကြတော့သည်။
အမှောင်နဂါးက ထပ်မံ၍တိုက်ခိုက်တော့မည့်ဆဲဆဲတွင် ရုတ်တရက်ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်း၏ တားမြစ်နယ်မြေအတွင်းမှဟိန်းဟောက်သံတစ်ခု ထွက်ပေါ်၍လာသည်။
“ရပ်လိုက်စမ်း”
ဟင်းလင်းပြင်အတွင်းမှ ပုံရိပ်တစ်ခုပျံထွက်လာခဲ့သည်၊ သူ၏ခန္ဓာကိုယ်မှာ မောက်မာသော နဂါးတစ်ကောင်အလားဖြစ်နေပြီး လက်သီးနှစ်ဖက်ကိုထိုးနှက်လိုက်ရာ အတိုင်းအဆမဲ့သော နတ်ဘုရားစွမ်းအားများမှာ ဧရာမနတ်နဂါးကြီးနှစ်ကောင်အဖြစ်ပြောင်းလဲသွားပြီး အမှောင်နဂါး ဆီသို့ တိုးဝင်လာတော့သည်။
အမှောင်နဂါးက ပြန်လည်ထိုးနှက်လိုက်ရာ တစ်ဖက်လူ၏နတ်ဘုရားစွမ်းအား နတ်နဂါးများ ကို ချေမှုန်းပစ်လိုက်လေသည်။
ရောက်ရှိလာသူမှာ အခြားသူမဟုတ်ဘဲ ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်း၏ ရှေးဟောင်း ဘိုးဘေးကြီး ယောင်ဖုန်းဟွေးဖြစ်လေသည်။
သူသည် နဂါးချင်းရွှမ်လေးကို အတင်းအကျပ်ခိုင်းစေခဲ့သူလည်း ဖြစ်လေသည်။
ရန်ရှောက်ထျန်းက တစ်ဖက်လူကိုစိုက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“ရှေးဟောင်း နတ်နဂါးကျင့်စဉ်တဲ့လား။ ခင်ဗျားကအမှန်တကယ်ပဲမသေနိုင်သော သေမင်း နတ်ဘုရားဆီမှာ ခိုလှုံခဲ့တာပဲ”
“ဘာ... မသေနိုင်သောသေမင်းနတ်ဘုရားဟုတ်လား”
ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းမှလူတိုင်းမှာယောင်ဖုန်းဟွေးကို ထိတ်လန့်တကြား ကြည့် လိုက်ကြပြီး ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမပင်လျှင် ဆွံ့အသွားတော့သည်။
“ကောင်လေး... မင်း ငါ့ကို မဟုတ်မတရား စွပ်စွဲနေတာပဲ”
ယောင်ဖုန်းဟွေးသည် ရန်ရှောက်ထျန်းကို စိုက်ကြည့်လိုက်ကာ သူ၏သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲလာတော့သည်။
“အားလုံး... ဒီမှာ သူ သွေးခွဲနေတာကို နားမယောင်ကြနဲ့” ဟု ပြောရင်း သူကရန်ရှောက် ထျန်းဆီသို့ လက်သီးတစ်ချက်ကို ရုတ်တရက်ထိုးနှက်လိုက်လေသည်။
နတ်ဘုရားစွမ်းအား နတ်နဂါးများမှာနောက်တစ်ကြိမ် ပျံထွက်လာပြန်လေသည်။
သို့သော် အနားတွင်ရှိနေသည့်အမှောင်နဂါးကလက်သီးတစ်ချက် ပြန်လည်ထိုးနှက်လိုက်ရာ အနက်ရောင်နဂါးနက်ကြီးတစ်ကောင်မှာ ဟိန်းဟောက်ထွက်ပေါ်လာပြီး တစ်ဖက်လူ၏နတ်နဂါးကို ချက်ချင်းဖျက်ဆီးပစ်လိုက်ကာ အမှောင်နဂါး၏လက်သီးစွမ်းအားတို့မှာ လျော့နည်းမသွားပါဘဲ ယောင်ဖုန်းဟွေးဆီသို့ တိုက်ရိုက်တိုးဝင်သွားသဖြင့် ယောင်ဖုန်းဟွေးမှာအလွန်တရာ အခြေအနေ မကောင်းလှဘဲ နောက်သို့ ဆုတ်ခွာခဲ့ရလေသည်။
“အမှောင် နဂါးအစစ်အမှန်လား။ ခင်ဗျား... ခင်ဗျားက အရှင်..အရှင်အမှောင်နဂါးပဲ
ယောင်ဖုန်းဟွေးမှာ အမှောင်နဂါးကိုစိုက်ကြည့်လိုက်ရင်း သူ၏မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။
“အရှင် အမှောင်နဂါး ဟုတ်လား”
ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းမှလူတိုင်း အကြီးအကျယ်ထိတ်လန့်သွားကြလေသည်။
ပန်းပေါင်းတစ်ရာ ဓားနတ်ဘုရားမလည်းအံ့အားသင့်သွားတော့သည်၊ ဤအဖိုးကြီးမှာ အမှန်တကယ်ပင် လွန်ခဲ့သောနှစ်ပေါင်းတစ်သိန်းကျော်က သူတို့ဖူထုအင်ပါယာ၏ နံပါတ်တစ် ပညာရှင်ကြီး အရှင်အမှောင်နဂါး ဖြစ်နေသည်တဲ့လား။
သို့သော်လည်း လွန်ခဲ့သောရက်များက အရှင်အမှောင်နဂါးနှင့် အဆိပ်နဂါးနန်းတော် ဂိုဏ်းချုပ်တို့မှာ လွန်ခဲ့သောရက်အနည်းငယ်က လျှို့ဝှက်ဆန်းကြယ်သူတစ်ဦး၏သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်းကောလာဟလများရှိခဲ့သည်မဟုတ်ပါလော။ သူက ဘာဖြစ်လို့အသက်ရှင်နေသေး တာလဲ။ ပြီးတော့ ဒီလူငယ်လေးရဲ့ နောက်မှာ ဘာလို့လိုက်နေရတာလဲ။
ဒီလူငယ်လေးကကော အမှန်တကယ် ဘယ်သူလဲ။
“သတ်ပစ်လိုက်” ဟု ရန်ရှောက်ထျန်းက အေးစက်စွာ ပြောလိုက်သည်။
ယခင်က ကောင်းကင်ဖျက်ဆီးမိစ္ဆာဘိုးဘေးက ယောင်ဖုန်းဟွေးသည် ရှေးဟောင်းနဂါးမျိုး နွယ်ကျင့်စဉ်ကိုရရှိခဲ့ကြောင်းပြောစဉ်ကတည်းက သူ တစ်စုံတစ်ခုကို သံသယရှိခဲ့ခြင်း ဖြစ်လေသည်၊ ယခုအခါတွင်မူ အတည်ပြုလိုက်နိုင်ပြီ ဖြစ်သည်၊ တစ်ဖက်လူသည် အမှန်တကယ်ပင် မသေနိုင်သော သေမင်းနတ်ဘုရားဆီတွင် ခိုလှုံခဲ့ခြင်းဖြစ်လေသည်။
ထိုသို့ဆိုလျှင် ဤယောင်ဖုန်းဟွေးမှာ သေကိုသေရမည်ဖြစ်လေသည်။
အမှောင်နဂါးသည် ယောင်ဖုန်းဟွေးဆီသို့နောက်ထပ်စွမ်းအားပျင်းလှသော လက်သီးတစ် ချက်ကို ရုတ်တရက်ထိုးနှက်လိုက်ပြန်လေသည်။
ယောင်ဖုန်းဟွေးက ဒေါသတကြီးဟိန်းဟောက်အမိန့်ပေးလိုက်သည်။
“အဲဒီ ကောင်လေးကိုငါ့အတွက်သတ်ပေးကြစမ်း။ အမှောင်နဂါးကမသေနိုင်သောသေမင်း နတ်ဘုရားဆီမှာခိုလှုံနေတာကြာလှပြီ၊ အဲဒီကောင်လေးကလည်း မသေနိုင်သောသေမင်းနတ်ဘုရား ရဲ့ လူပဲ။ သူ့တို့ကို မြန်မြန်သတ်ကြစမ်း”
ယောင်ဖုန်းဟွေး၏ လက်အောက်ရှိစိန့်အဆင့်အကြီးအကဲတစ်ဦးမှာ ဓားဖြင့်ရန်ရှောက် ထျန်း၏ လည်ပင်းကိုထိုးနှက်လိုက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“မသေနိုင်သော သေမင်းနတ်ဘုရားက ချန်ဆန်းတိုက်ကြီးကိုသတ်ဖြတ်နေတာ၊ မသေနိုင် သော သေမင်းနတ်ဘုရားနဲ့ပတ်သက်တဲ့သူ မှန်သမျှသေသင့်တယ်”
“အားလုံး... သူ့ကို အတူတူ သတ်ကြစမ်း”
ထိုစိန့်အဆင့် အကြီးအကဲ၏ဓားက ရန်ရှောက်ထျန်း၏ လည်ပင်းဆီသို့ရောက်ရှိတော့မည့် ဆဲဆဲတွင် ရုတ်တရက်ရန်ရှောက်ထျန်း၏တစ်ကိုယ်လုံးမှ အလင်းတန်းများပေါက်ကွဲထွက်လာပြီး အချိန်စွမ်းအားများက ဟိန်းဟောက်လို့လာကာ ဧရာမရွှေရောင်ဟွန်ယွမ်ကောင်းကင်ကံကြမ္မာတစ်ခု ပျံထွက်လာခဲ့လေသည်။
***