ချန်ဆန်းဓားဆိုသည်မှာ ချန်ဆန်းအရှင်သခင်၏ဓားဖြစ်လေသည်။
ရန်ရှောက်ထျန်းက ချန်ဆန်းဓားကိုရရှိထားခြင်းမှာ သူသည်ယခုအခါ ချန်ဆန်းတိုက်ကြီး၏ ချန်ဆန်းအရှင်သခင်အသစ်ဖြစ်လာပြီဟု ဆိုလိုခြင်းဖြစ်လေသည်။
ယောင်ဖုန်းဟွေးကို သတ်ရန်မဆိုထားနှင့်၊ သူသည် ချန်ဆန်းစံအိမ်တော်၏ နတ်ဘုရားလေး ပါးနှင့် ချန်ဆန်းစံအိမ်တော်အရှင်သခင်ကိုပင်သတ်ပိုင်ခွင့် ရှိလေသည်။
ထို့ကြောင့်လည်း ယောင်ဖုန်းဟွေး၊ ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမ၊ တိန်းဖုန်းနှင့် တခြားသူများမှာ ချန်ဆန်းဓားကိုမြင်လိုက်ရသောအခါမျက်နှာအမူအရာများ သိသိသာသာပြောင်း လဲသွားကြခြင်းဖြစ်လေသည်။
“ဒါ အမှန်တကယ်ပဲချန်ဆန်းဓားပါလား”
ယင်လေဂိုဏ်းမှ ရှေးဟောင်းဘိုးဘေးများမှာ အလွန်တရာစိတ်လှုပ်ရှားနေကြတော့သည်။
“ချန်ဆန်းဓားပေါ်လာပြီ”
“ကျွန်တော်တို့ ချန်ဆန်းအရှင်သခင်အသစ်ကို ဂါရဝပြုပါတယ်”
ချက်ချင်းဆိုသလိုပင် ယင်လေဂိုဏ်းမှရှေးဟောင်းဘိုးဘေးများနှင့် အကြီးအကဲများအားလုံး မှာ ဒူးထောက်လိုက်ကြပြီး စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်ကြလေသည်။
ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းမှ ရှေးဟောင်းဘိုးဘေးများနှင့် အကြီးအကဲများမှာလည်း စိတ်လှုပ်ရှားစွာ ဒူးထောက်လိုက်ကြသည်။
ပန်းပေါင်းတစ်ရာ ဓားနတ်ဘုရားမ၏မျက်နှာအမူအရာမှာသိသိသာသာ ပြောင်းလဲသွား တော့သည်။
ရန်ရှောက်ထျန်းက ချန်ဆန်းဓားကိုရရှိလိမ့်မည်ဟု သူမပင်လျှင်မထင်ထားခဲ့ပေ။
ရန်ရှောက်ထျန်းသည် ချန်ဆန်းဓားကိုကိုင်ဆောင်ကာယောင်ဖုန်းဟွေးဆီသို့ ဆက်လက် လမ်းလျှောက်သွားလေသည်။
ယောင်ဖုန်းဟွေး၏ အသံမှာတုန်ယင်နေပြီး မောက်မာမှုများ မရှိတော့ပေ။
“နတ်ဘုရားရန်... မဟုတ်ပါဘူး၊ ချန်ဆန်းအရှင်သခင်အသစ်... အရှင်မင်းကြီး၊ ကျွန်တော့်ကို ချမ်းသာပေးပါ၊ ကျွန်တော့်အသက်ကိုချမ်းသာပေးပါ၊ ကျွန်တော်မှားခဲ့ပါတယ်၊ ကျွန်တော်ဝေဝါးသွား ခဲ့တာပါ၊ ကျွန်တော် မသေနိုင်သောသေမင်းနတ်ဘုရားဆီမှာ မခိုလှုံခဲ့သင့်ပါဘူး”
ယောင်ဖုန်းဟွေး၏ ဝန်ခံချက်ကိုကြားလိုက်ရသောအခါ ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမ နှင့် ယောင်ဖုန်းဟွေး၏တပည့်များမှာ မျက်နှာဖြူဖျော့သွားကြတော့သည်။
ယောင်ဖုန်းဟွေး ဘာမှထပ်မပြောနိုင်ခင်မှာပင် ရန်ရှောက်ထျန်းက သူ၏လက်ထဲရှိ ချန်ဆန်း ဓားဖြင့် တစ်ဖက်လူ၏လည်ပင်းတည့်တည့်သို့ ထိုးစိုက်လိုက်လေသည်။
သွေးများ ပန်းထွက်လာခဲ့လေပြီ။
ယောင်ဖုန်းဟွေး၏ လည်ပင်းမှအက်ရှရှ အသံတစ်ခုထွက်ပေါ်လာလေသည်။
ရန်ရှောက်ထျန်း၏ မျက်နှာအမူအရာမှာအေးစက်နေပြီး သူသည်ချန်ဆန်းဓားကိုတစ်ဖက် လူ၏ လည်ဂုတ်အထိဖောက်ထွက်သွားအောင် ဆက်လက်ထိုးစိုက်လိုက်လေသည်။
သို့သော်လည်း ယောင်ဖုန်းဟွေးမှာမသေသေးဘဲပါးစပ်ကိုဟကာ တစ်စုံတစ်ခုပြောရန် ကြိုးစားနေဆဲဖြစ်သဖြင့် ရန်ရှောက်ထျန်းကသူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီး တစ်ဖက်လူ၏ဦးခေါင်း ကို ဖြတ်ချလိုက်လေသည်။
ယောင်ဖုန်းဟွေး၏ ဦးခေါင်းမှာ မြေပြင်ပေါ်သို့ လိမ့်ကျသွားတော့သည်။
သူ၏ အလောင်းမှာ ပန်းပေါင်းတစ်ရာဓားနတ်ဘုရားမ၏ရှေ့တွင် ပြုတ်ကျသွားခဲ့လေသည်။
ရန်ရှောက်ထျန်းသည် ယောင်ဖုန်းဟွေးနှင့်ပတ်သက်သောတပည့်များကို ကြည့်လိုက်လေ သည်။
“အရှင်မင်းကြီး... ကျွန်တော်တို့ကို ချမ်းသာပေးပါ”
“ကျွန်တော်တို့ မသေနိုင်သောသေမင်းနတ်ဘုရားဆီမှာ မခိုလှုံခဲ့ပါဘူး”
ယောင်ဖုန်းဟွေး၏ လက်အောက်ရှိတပည့်ရာပေါင်းများစွာမှာ ထိတ်လန့်နေကြပြီး အသနား ခံကာ အပြင်းအထန်ဦးတိုက်နေကြတော့သည်။
“သူတို့ကို အရင်ဆုံးဖမ်းဆီးထားလိုက်၊ ပြီးမှစစ်ဆေးမယ်” ဟု ရန်ရှောက်ထျန်းက တိန်း ဖုန်းနှင့် တခြားသူများကိုပြောလိုက်သည်။
တိန်းဖုန်းနှင့် တခြားသူများက လေးစားစွာနာခံလိုက်ကြလေသည်။
ဤအချိန်တွင် ပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်း၏အပြင်စည်းတပည့်များ ဝင်းအတွင်း၌ နဂါးချင်းရွှမ်လေးမှာ စိုးရိမ်တကြီးဖြင့် ဟိုမှသည်လမ်းလျှောက်နေလေသည်။
ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းတစ်ခုလုံးမှာ အဆက်မပြတ်တုန်ခါနေသဖြင့် ထိုမျှ လောက်ကြီးမားသော တုန်ခါမှုနှင့်ဖျက်ဆီးခြင်းစွမ်းအားကို သူမသေချာပေါက်ခံစားမိနေခြင်း ဖြစ် လေသည်။
အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသောလူငယ်လေးတစ်ဦးမှာ ပန်းပေါင်းတစ်ရာနတ်ဘုရား ဂိုဏ်းသို့ ရှင်းပြချက်တောင်းရန် ရောက်ရှိလာကြောင်းသိရှိသွားသောအခါ သူမသည်ဝမ်းသာသလို စိုးရိမ်စိတ်လည်းဖြစ်မိလေသည်၊ သို့သော်အပြင်ဘက်တွင်တပည့်များက စောင့်ကြပ်နေသဖြင့် သူမသည် ထိုဝင်းအတွင်းမှ လုံးဝထွက်ခွာ၍ မရပေ။
နဂါးချင်းရွှမ်လေး အလွန်တရာစိုးရိမ်နေစဉ်မှာပင် အဝေးမှကောင်းကင်ယံတွင် အပြာနု ရောင်ပုံရိပ်တစ်ခု ပေါ်လာသည်ကို မြင်တွေ့လိုက်ရလေသည်။
ထိုအပြာနုရောင် ပုံရိပ်မှာ လေထဲမှတစ်ဆင့် သူမဆီသို့ လမ်းလျှောက်လာသည်ကို ကြည့်ကာ နဂါးချင်းရွှမ်လေး၏ လှပသောမျက်လုံးလေးများတွင် မျက်ရည်များပင် ရစ်ဝဲလို့လာလေတော့သည်။
မျက်ရည်များကြားမှပင် ရန်ရှောက်ထျန်းမှာ နဂါးချင်းရွှမ်လေး၏ခြံဝင်းရှေ့သို့ နောက်ဆုံး၌ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
“ရပ်လိုက်စမ်း”
ပန်းပေါင်းတစ်ရာ ဓားနတ်ဘုရားမ၏အမိန့်ဖြင့် အပြင်ဘက်တွင်စောင့်ကြပ်နေသော တပည့် မှာ ရန်ရှောက်ထျန်းကို အော်ဟစ်တော့မည့်ဆဲဆဲမှာပင် ရန်ရှောက်ထျန်း၏လက်သီးတစ်ချက်ဖြင့် လွင့်ထွက်သွားခဲ့လေပြီ။
ထိုအခိုက်ရန်ရှောက်ထျန်းက တံခါးကိုတွန်းဖွင့်ဝင်လာပြီး နဂါးချင်းရွှမ်လေး၏ရှေ့သို့ ရောက် ရှိလာခဲ့လေသည်။
“အစ်ကို ရှောက်ထျန်း... ဒါ အစ်ကိုပဲမလားဟင်” ဟူသောအကြည့်လေးများဖြင့် နဂါးချင်း ရွှမ်လေးသည် သူမ၏ရှေ့မှပြိုင်ဘက်ကင်းလူငယ်လေးကိုကြည့်ကာ ဝမ်းနည်းလွန်းသောဟန် အမူရာလေးဖြင့် သူမ၏လှပသောမျက်နက်ဝန်းမျက်လုံးအိမ်လေးတို့မှ မျက်ရည်စလေးများတို့က တသွင်သွင်းစီးဆင်းလျက်ပြည့်လျှံကာနေရင်းမေးလိုက်လေတော့သည်။
“ဟုတ်ပါတယ် အစ်ကိုပါ ဘာမှပူမနေပါနဲ့တော့နော်”
ရန်ရှောက်ထျန်းက ရှေ့သို့လှမ်းတက်လိုက်ပြီး ဟိုတုန်းကတည်းကဖြူစင်စွာနဲ့ချစ်စရာ ကောင်းသော မိန်းကလေးငယ်လေးကိုသတိရရင်း ကြည့်နေမိလိုက်လေသည်။
“အစ်ကို ရှောက်ထျန်း... ကျေးဇူးတင်ပါတယ်”
အားငယ်စိတ်များဖြင့် ပြည့်လျှံနေခဲ့သောချစ်စရာမိန်းမပျိုနဂါးချင်းရွှမ်လေးမှာ အားကိုးရာ အစ်ကိုတစ်ယောက်လုံး သူ၏အရှေ့သို့ရောက်ရှိလာခဲ့လေပြီဟူသောခံစားချက်များတို့ဖြင့် သူ၏ရင် ထဲမှာ ပေါက်ဖွားလျက်ရှိပါသော ရင်ခုန်သံတို့ကိုထိန်းချုပ်မထားနိုင်လေသည်လည်းဖြစ်ရာ အရှေသို့ တက်လှမ်းတိုးလိုက်ပြီး ရန်ရှောက်ထျန်း၏ရင်ခွင်ထဲသို့မနေနိုင်စွာပြေး၍ဖက်ထားလိုက်မိလေတော့ သည်၊ သူမသည်ဟိုတုန်းကအတိုင်းပင် ရန်ရှောက်ထျန်း၏နွေးထွေးမှုကိုခံစားလိုက်ရလေတော့ သည်။
“အစ်ကိုနောက်ကျသွားခဲ့ပါတယ်”
“ဟင့်အင်း... မနောက်ကျပါဘူးအစ်ကို”
***
ချန်ဆန်းစံအိမ်တော်။
ကျန်းယုံကျန်းသည် သူ၏လက်ထဲရှိရှေးဟောင်းစာအုပ်တစ်အုပ်ကို လေ့လာနေစဉ်မှာပင် ရုတ်တရက်ဓားနတ်ဘုရားရှီးလုံမှာ အလွန်တရာစိတ်လှုပ်ရှားနေသောပုံစံဖြင့်ပြေးဝင်လာခဲ့ လေ သည်။
“မင်းကတော့... အသက်ကြီးလှပြီ၊ စိတ်ကတော့ အခုထိ မြန်တုန်းပဲ” ဟု ကျန်းယုံကျန်းက ရှီးလုံ၏ စိတ်လှုပ်ရှားနေမှုကို မြင်သောအခါ ပြုံးလျက် ပြောလိုက်သည်။
ထို့နောက်တွင် သူသည်ရှီးလုံ၏စိတ်လှုပ်ရှားစွာ ပြောလိုက်သောစကားကိုကြားလိုက်ရ သည်။
“စံအိမ်တော်အရှင်သခင်... ချန်ဆန်းဓား ပေါ်လာပါပြီ”
“ဘာ... ချန်ဆန်းဓားဟုတ်လား”
ကျန်းယုံကျန်းမှာ ရုတ်တရက်မတ်တပ်ရပ်လိုက်ပြီး အလွန်တရာစိတ်လှုပ်ရှားသွားတော့ သည်။
“ချန်ဆန်းဓား ပေါ်လာပြီ ဟုတ်လား”
“ဟုတ်ပါတယ်၊ ရှောက်ထျန်းကချန်ဆန်းဓားကိုဆင့်ခေါ်ခဲ့တယ်လို့ ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းဆီကနေ သတင်းခုလေးတင်ရောက်လာတာပါ” ဟု ရှီးလုံက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ရှောက်ထျန်းက ချန်ဆန်းဓားကို ရသွားတာလား”
ကျန်းယုံကျန်းမှာ အလွန်တရာတက်ကြွသွားပြီးနောက် စိတ်လှုပ်ရှားစွာပြောလိုက်သည်။
“ကောင်းတယ်... အရမ်းကောင်းတယ်၊ ရှောက်ထျန်းက ချန်ဆန်းဓားကို ရသွားပြီ”
ထို့နောက် သူက ဆက်ပြောလိုက်သည်။
“မြန်မြန်... နတ်ဘုရားတွေအားလုံးကိုခေါ်လိုက်စမ်း၊ ငါနဲ့အတူ ပန်းပေါင်းတစ်ရာ နတ်ဘုရား ဂိုဏ်းကိုသွားပြီး ငါတို့ရဲ့ ချန်ဆန်းအရှင်သခင်အသစ်ကို ဂါရဝပြုကြရအောင်”
ရှီးလုံသည် ကျန်းယုံကျန်း၏စိတ်လှုပ်ရှားနေမှုကိုမြင်သောအခါ အနည်းငယ်ဆွံ့အသွား တော့သည်။ ခုနက သူက ငါ့ကို စိတ်မြန်တယ်လို့ ပြောခဲ့ပြီးတော့ အခုကျတော့ သူက ငါ့ထက်တောင် စိတ်မြန်နေသေးတယ်လေ။ ဖူထုအင်ပါယာကဒီနားမှာမဟုတ်ဘူး။ အကယ်၍ နတ်ဘုရားတွေ အားလုံး ချန်ဆန်းစံအိမ်တော်ကနေထွက်သွားကြရင် မသေနိုင်သောသေမင်းနတ်ဘုရားနဲ့ ဟွန်ချွမ် ဂိတ်က လူတွေလာတိုက်ရင် ဘယ်လိုလုပ်မလဲ။
“စံအိမ်တော်အရှင်သခင်... ဖူထုအင်ပါယာက ဒီနားမှာ မဟုတ်ဘူးလေ” ဟု ရှီးလုံက အမြန် ပြောလိုက်သည်။
“ဒါ့အပြင် ရှောက်ထျန်းနဲ့ ယင်လေဂိုဏ်းကတိန်းဖုန်းတို့က ပန်းပေါင်းတစ်ရာ နတ်ဘုရား ဂိုဏ်းကနေ ထွက်သွားကြပြီလို့လည်း ကျွန်တော်သတင်းရထားပါတယ်”
“ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းကနေထွက်သွားကြပြီ ဟုတ်လား”
ကျန်းယုံကျန်း အံ့အားသင့်သွားတော့သည်။
“ဟုတ်ပါတယ်”
ရှီးလုံက ရန်ရှောက်ထျန်းပန်းပေါင်းတစ်ရာနတ်ဘုရားဂိုဏ်းသို့ သွားရောက်စဉ်က ဖြစ်ပျက် ခဲ့သမျှအားလုံးကို အမြန်ပြန်လည် ပြောပြလိုက်လေသည်။
ယောင်ဖုန်းဟွေးက မသေနိုင်သောသေမင်းနတ်ဘုရားဆီမှာခိုလှုံခဲ့သည်ကို ကြားလိုက်ရ သောအခါ ကျန်းယုံကျန်း၏ မျက်လုံးများမှာ အေးစက်သွားတော့သည်။
“သတ်တာ ကောင်းတယ်”
သူသည် မသေနိုင်သော သေမင်းနတ်ဘုရားကို လုံးဝ ရွံရှာသူ ဖြစ်လေသည်။
“အရှင်မင်းကြီး အခု ဘယ်ကိုသွားတယ်ဆိုတာမင်းသိလား” ဟု ကျန်းယုံကျန်းက ရန်ရှောက်ထျန်းကို ရည်ညွှန်းပြီး မေးလိုက်သည်။
ရှီးလုံက ပြောလိုက်သည်။
“ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းကနေထွက်သွားပြီးနောက် သူ၊ အမှောင်နဂါး၊ မိစ္ဆာမျောက်ဝံနဲ့ တိန်းဖုန်းတို့က ပင်လယ်ရပ်ခြားအရပ်မျက်နှာဆီကို ဦးတည်သွားကြတယ်လို့ သိရပါ တယ်”
“ပင်လယ်ရပ်ခြား အရပ်မျက်နှာ ဟုတ်လား”
ကျန်းယုံကျန်း အံ့အားသင့်သွားသည်။
“အရှင်မင်းကြီးက ပင်လယ်ရပ်ခြား နိုင်ငံတွေဆီကို သွားနေတာလား”
“ဖြစ်နိုင်ပါတယ်” ဟု ရှီးလုံက ပြောလိုက်သည်။
“ဒါပေမဲ့ အမှောင်နဂါးတို့ ရှိနေတာဆိုတော့ ဘာအန္တရာယ်မှ ရှိမှာ မဟုတ်ပါဘူး”
ထို့နောက် သူက သက်ပြင်းချလိုက်မိသည်။
“အရှင်မင်းကြီးက နတ်ဘုရားအရိပ်ဓားတင်မကဘဲ ချန်ဆန်းဓားကိုပါရလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး”
“ဒီကောင်လေးက ချန်ဆန်းဓားကို ဘယ်တုန်းကရခဲ့တာလဲမသိဘူး၊ သူ ချန်ဆန်းစံအိမ် တော်ကို မဝင်ခင်ကတည်းက ဖြစ်ရမယ်”
“ထာဝရနတ်ဘုရားခန္ဓာကိုယ်၊ ဟွန်ယွမ်ကောင်းကင်ကံကြမ္မာ၊ အမြင့်မြတ်ဆုံး ဘုရင် သိုင်းဝိညာဉ်၊ နှစ်သန်းတန်ဝိညာဉ်ကွင်းဆက်၊ နတ်ဘုရားအဆင့်ရွှေအမြုတေဆေးလုံးနှစ်လုံး၊ ပြီးတော့ သူကနတ်ဘုရားအရိပ်ဓားနဲ့ ချန်ဆန်းဓားကိုပါရထားသေးတာပဲ။ သူကိုယ်တိုင်လည်း ဓားနှလုံးသားတစ်ဆယ့်နှစ်ခုထက်ပိုရှိတယ်လို့ဝန်ခံထားတယ် မဟုတ်လား၊ ဒါဆိုရင်တစ်ဆယ့်သုံးခု လောက် ရှိနေတာလား မသိဘူး”
ကျန်းယုံကျန်းနှင့် ရှီးလုံတို့ခံစားချက်များပြည့်နှက်နေစဉ်မှာပင် ရန်ရှောက်ထျန်းက ချန်ဆန်းဓားကိုရရှိထားသည်ဟူသောသတင်းမှာ ချန်ဆန်းတိုက်ကြီးတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့ သွားခဲ့လေပြီ။
ကျန်းချန်ချန်နှင့် မင်းသမီးဝမ်နင်းတို့လည်း ထိုသတင်းကို ရရှိခဲ့ကြလေသည်။
“ဒီလူကတော့ အလှလေးတစ်ယောက်အတွက်နဲ့ ဒေါသထွက်ခဲ့တာပဲ။ သူက ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းကို ကိုယ်တိုင်သွားခဲ့ပြီး နဂါးချင်းရွှမ်အတွက် ပန်းပေါင်းတစ်ရာ နတ်ဘုရားဂိုဏ်းရဲ့ ရှေးဟောင်းဘိုးဘေးကြီးယောင်ဖုန်းဟွေးကိုသတ်ပစ်ခဲ့တာလေ။ အခုဆိုရင် ချန်ဆန်းတိုက်ကြီးပေါ်မှာ သူ့ကိုအိပ်မက်ထဲကချစ်သူအဖြစ်သတ်မှတ်နေကြတဲ့ မိန်းကလေးတွေ ဘယ်လောက်တောင် များနေပြီလဲ မသိဘူး” ဟု ဝမ်နင်းက ပြောလိုက်သည်။
ကျန်းချန်ချန်က ပြုံးလိုက်ပြီး။
“ဘာဖြစ်လို့ ငါ့နားထဲမှာ မနာလိုဖြစ်နေတဲ့ လေသံမျိုး ကြားနေရတာလဲ”
ဝမ်နင်း၏ လှပသော မျက်နှာမှာ နီမြန်းသွားပြီး ပြုံးလျက် ပြောလိုက်သည်။
“ငါ မနာလို မဖြစ်ပါဘူး”
“ဟုတ်ပါတယ်... ဟုတ်ပါတယ်၊ နင်မနာလိုမဖြစ်ပါဘူး၊ နင်ကရှာလကာရည်အိုးကိုပဲ တိုက်မိသွားတာပါ”
ထိုအမျိုးသမီးငယ် နှစ်ဦးမှာရယ်မောရင်း တစ်ဦးကိုတစ်ဦး စနောက်နေကြလေသည်။
ဤအချိန်တွင် ရန်ရှောက်ထျန်း၊ မိစ္ဆာမျောက်ဝံနှင့်အမှောင်နဂါးတို့မှာ တွင်းနက်ကြီး ပျံသန်း ရေးယာဉ်ဖြင့် ပင်လယ်ရပ်ခြားသို့ သွားနေကြလေသည်။
ရန်ရှောက်ထျန်းနှင့်အတူ တိန်းဖုန်းနှင့် ယင်လေဂိုဏ်းမှ အစွမ်းထက်ဆုံးရှေးဟောင်းဘိုးဘေး ကြီး ငါးဦးတို့လည်း လိုက်ပါလာကြလေသည်။
ယခုတစ်ခေါက် သူတို့၏ရည်ရွယ်ချက်မှာ ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ဘဏ္ဍာတိုက်ကို ရှာဖွေရန် ဖြစ်လေသည်။
ယင်လေဂိုဏ်းသည် ဟွန်ချွမ်မိစ္ဆာဂိုဏ်းဘဏ္ဍာတိုက်၏မြေပုံကို အမှန်တကယ် ရရှိထားခြင်း ဖြစ်ပြီး ထိုမြေပုံအရ ဘဏ္ဍာတိုက်မှာပင်လယ်ရပ်ခြားတွင် ဖုံးကွယ်ထားခြင်းဖြစ်လေသည်။
ဟိုတုန်းက လူအမြောက်အမြား ဟွန်ချွမ်မိစ္ဆာဂိုဏ်းအပျက်အစီးများထဲတွင် ဘဏ္ဍာတိုက်ကို ရှာဖွေသော်လည်း ရှာမတွေ့ခဲ့ကြသည်မှာ မဆန်းတော့ပေ။
သို့သော် ဤခရီးစဉ်တွင် ပင်လယ်ရပ်ခြားနိုင်ငံများမှ ပညာရှင်များနှင့်တွေ့ဆုံရမည်ဆိုပါက အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စရာရှိနိုင်လေသည်၊ သေချာပေါက်ပင် ၎င်းမှာစိတ်အနှောင့် အယှက် ဖြစ်စရာမျှသာဖြစ်ပေလိမ့်မည်။
ရန်ရှောက်ထျန်း ပင်လယ်ရပ်ခြားသို့ ဦးတည်နေစဉ်မှာပင် မသေနိုင်သောသေမင်းနတ်ဘုရား၊ ငရဲနတ်ဘုရား၏သားတော်ယန်ဖျင်နှင့် တခြားသူများမှာလည်း ချန်ဆန်းဓားပေါ်ထွက်လာသည်ဟူ သော သတင်းကို ရရှိခဲ့ကြလေပြီ။