“ဘုန်း...”
မြေပြင်မှာ တုန်ခါသွားတော့သည်။
ဖုန်မှုန့်များမှာ ဟိုမှသည် ပျံဝဲနေပြီး ဖျက်ဆီးခြင်းစွမ်းအားများမှာ ပျံ့နှံ့သွားခဲ့လေပြီ။
ဆေးနံ့သာအိုး၏ ရိုက်နှက်မှုအောက်တွင် ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာအဖိုးကြီးမှာ လိမ့်တက် နေသောမိစ္ဆာချီစွမ်းအင်များအဖြစ်သို့ ပေါက်ကွဲသွားခဲ့လေသည်။
အမှောင်နဂါး၊ မိစ္ဆာမျောက်ဝံကြီးနှင့် တိန်းဖုန်းတို့မှာလည်း နိုးထလာကြလေပြီဖြစ်သည်။
လူတိုင်းမှာ ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာပြောင်းလဲသွားသော မိစ္ဆာချီစွမ်းအင်များမှာ ကောင်း ကင်ယံတွင်ပြည့်နှက်သွားပြီးနောက် ကောင်းကင်နှင့်မြေကြီးကြားတွင် ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ကြရလေသည်။
ရန်ရှောက်ထျန်းမှာ ဆွံ့အသွားတော့သည်။
ရှေးဟောင်း စိတ်ဝိညာဉ်မိစ္ဆာ၏အစွမ်းမှာ မသေနိုင်သောသေမင်းနတ်ဘုရားထက်ပင် သာလွန်နေခြင်းဖြစ်ရာ ဤမျှလောက်အလွယ်တကူဖြင့် ရိုက်ခွဲပစ်ခံရလိမ့်မည်မဟုတ်ပေ။
ဤအချိန်တွင် ဆေးနံ့သာအိုး၏အသံမှာ ထွက်ပေါ်လာတော့သည်။
“ဒါဟာ တာအိုနှလုံးသား မိစ္ဆာခန္ဓာတစ်ခုပဲ လာခဲ့တာ”
ရန်ရှောက်ထျန်းမှာ အံ့အားသင့်သွားသည်။
“ဆေးနံ့သာအိုး... အဲဒါကရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာရဲ့ကိုယ်ပွားတစ်ခုပဲလို့ ကျုပ်ကို ပြောချင်တာလား”
“ဟုတ်တယ်” ဟု ဆေးနံ့သာအိုးက ပြောလိုက်သည်။
“တာအိုနှလုံးသားမိစ္ဆာကျမ်းစာဆိုတာ အလွန်တရာအစွမ်းထက်တဲ့ မိစ္ဆာကျမ်းစာတစ်အုပ် ပဲ။ အဲဒါကိုအပြည့်အဝကျင့်ကြံနိုင်ရင် မိစ္ဆာခန္ဓာအမြောက်အမြားကိုစုစည်းနိုင်လိမ့်မယ်။ ခုနက လာတာက ရှေးဟောင်း စိတ်ဝိညာဉ်မိစ္ဆာရဲ့ ကိုယ်ပွားတွေထဲကတစ်ခုပဲ”
ရန်ရှောက်ထျန်းမှာ ထိတ်လန့်သွားတော့သည်။
ကိုယ်ပွားတစ်ခုတည်းတင် အမှန်တကယ်ပင် ဤမျှအထိ အစွမ်းထက်နေသည်တဲ့လား။
ကိုယ်ပွားတစ်ခု၏ စကားတစ်ခွန်းတည်းကပင် အမှောင်နဂါးကဲ့သို့သော ပညာရှင်များကို စိတ်ကူးယဉ် အာရုံချောက်ခြားမှုကမ္ဘာအတွင်းသို့ ကျရောက်သွားစေနိုင်သည်တဲ့လား။ ဒါဆိုရင် ရှေးဟောင်း စိတ်ဝိညာဉ်မိစ္ဆာ၏အစစ်အမှန်ခန္ဓာကိုယ်က ဘယ်လောက်တောင် အစွမ်းထက်နေမလဲ။
“သူ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်က ဒဏ်ရာတွေမသက်သာသေးလို့ဖြစ်ရမယ်၊ အဲဒါကြောင့် သူ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကလာမတိုက်တာပါ” ဟု ဆေးနံ့သာအိုးက ပြောလိုက်သည်။
ရန်ရှောက်ထျန်း၏ မျက်နှာအမူအရာမှာ လေးနက်နေတော့သည်။
ရှေးဟောင်း စိတ်ဝိညာဉ်မိစ္ဆာ၏အစစ်အမှန်ခန္ဓာကိုယ်မှ ဒဏ်ရာများမသက်သာသေးဘဲ စုစည်းထားသော ကိုယ်ပွားတစ်ခုတည်းတင် ဤမျှအထိအစွမ်းထက်နေခြင်းဖြစ်လေသည်။ အကယ် ၍ သူ၏အစစ်အမှန်ခန္ဓာကိုယ်မှဒဏ်ရာများပြန်လည်သက်သာသွားမည်ဆိုပါက သူသည် မည်မျှအ ထိ အစွမ်းထက်နေမည်နည်း။
အမှောင်နဂါး၊ မိစ္ဆာမျောက်ဝံကြီးနှင့်တိန်းဖုန်းတို့မှာလည်း ခုနက စိတ်ကူးယဉ်အာရုံချောက် ခြားမှုကမ္ဘာအတွင်းသို့ ကျရောက်သွားခဲ့ရသည်ကိုပြန်လည်သတိရမိကြပြီး ချွေးစေးများထွက်လာ ကြတော့သည်။
သူတို့သည် ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာမှာ ကြောက်စရာကောင်းကြောင်းသာ သိထားကြ သော်လည်း ယခုအခါတွင်မူအမှန်တကယ်ကိုယ်တိုင် ခံစားခဲ့ရခြင်းဖြစ်လေသည်။
အမှောင်နဂါးမှာ လွန်ခဲ့သောနှစ်ပေါင်းသောင်းနှင့်ချီက ဖူထုအင်ပါယာ၏နံပါတ်တစ် ပညာ ရှင်ကြီးဖြစ်လေသည်။ အမှောင်နဂါး၏အစွမ်းမှာ ချန်ဆန်းစံအိမ်တော်၏နတ်ဘုရားလေးပါးထက် မနိမ့်ကျလှသော်လည်း ယခုလေးတင်ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာနှင့်ရင်ဆိုင်ရချိန်တွင် သူသည် ပြန်လည် ခုခံနိုင်စွမ်းလုံးဝမရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် အမှောင်နဂါးမှာတစ်ဖက်လူ၏ မိစ္ဆာအသံကြောင့် မထိန်းချုပ်ခံရမီ မှာပင် လှုပ်ရှားခြင်းပင် မပြုနိုင်ခဲ့သောကြောင့်ဖြစ်လေသည်။
“တာအိုနှလုံးသားမိစ္ဆာကျမ်းစာ..သေချာပေါက်အမြင့်မြတ်ဆုံးမိစ္ဆာကျမ်းစာပဲ”ဟု အမှောင်နဂါးက ပါးစပ်ခြောက်ကပ်စွာဖြင့် ပြောလိုက်သည်။
“အရှင် ချန်ရှုံးက ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာကိုတားနိုင်ပါ့မလားလို့ ကျုပ် သိချင်မိတယ်” ဟု တိန်းဖုန်းက ရုတ်တရက်ပြောလိုက်သည်။
လူတိုင်း တိတ်ဆိတ်သွားကြလေသည်။
ချန်ရှုံး၏ အစွမ်းမှာ လူတိုင်းသိရှိကြပြီးသား ဖြစ်လေသည်။
သို့သော် ရှေးဟောင်း စိတ်ဝိညာဉ်မိစ္ဆာမှာလည်း အလားတူပင်ခန့်မှန်းရ ခက်ခဲလှပေသည်။
ရှေးဟောင်း စိတ်ဝိညာဉ်မိစ္ဆာ၏ပေါ်ထွက်လာမှုကြောင့် လူတိုင်းမှာပိုမို၍သတိရှိလာကြပြီး အနည်းငယ်မျှပင် ပေါ့ဆခြင်းမပြုရဲကြတော့ပေ။
ရန်ရှောက်ထျန်းနှင့်တခြားသူများမှာ ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာ၏ နောက်ထပ်တိုက်ခိုက် မှုများကိုသတိထားပြီးစောင့်ကြပ်နေကြစဉ်တွင် အဝေးမှလူသူကင်းမဲ့သော တောင်တန်းကြီးတစ်ခု အတွင်း၌ ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာ၏အစစ်အမှန်ခန္ဓာကိုယ်မှာ သူ၏မျက်လုံးများကို ဖွင့်လိုက် လေသည်၊ သူ၏မျက်လုံးများအတွင်းမှမိစ္ဆာချီစွမ်းအင်များမှာ ဒေါသတကြီးဟိန်းဟောက်နေတော့ သည်။
“အစ်ကို စိတ်ဝိညာဉ်မိစ္ဆာ... ဘယ်လိုလဲ” ဟု သူ၏ဘေးရှိမသေနိုင်သောသေမင်းနတ် ဘုရားကမေးလိုက်သည်။
ရှေးဟောင်း စိတ်ဝိညာဉ်မိစ္ဆာကခေါင်းခါပြလိုက်သည်။
“ငါ သူ့ကို မသတ်နိုင်ခဲ့ဘူး။ မင်း ပြောတာ မှန်တယ်၊ ရန်ဆိုတဲ့ကောင်လေးရဲ့ အနားမှာ ရှိနေတဲ့ ဧရာမအိုးကြီးက တကယ်ကိုကြောက်စရာကောင်းလောက်အောင် အစွမ်းထက်တာပဲ”
မသေနိုင်သောသေမင်းနတ်ဘုရားမှာ ၎င်းကိုကြားလိုက်ရသဖြင့် စိတ်ပျက်သွားသလို ခံစား လိုက်ရလေသည်။
“ငါ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်က အစွမ်းတွေမသက်သာသေးလို့ပါ။ ငါ့ရဲ့ဒဏ်ရာတွေ သက် သာပြီးအစွမ်းတွေပြန်ရတာနဲ့ ငါ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်နဲ့ အဲဒီဧရာမအိုးကြီးကို ကိုယ်တိုင်ရင်ဆိုင် ကြည့်မယ်”
ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာ၏မျက်လုံးများမှာ အေးစက်နေတော့သည်။
“စိတ်မပူပါနဲ့၊ ရန်ဆိုတဲ့ကောင်လေးက အကြာကြီးအသက်မရှည်နိုင်တော့ပါဘူး”
ထို့နောက် သူကမသေနိုင်သောသေမင်းနတ်ဘုရားကိုကြည့်လိုက်သည်။
“မင်း ချန်ဆန်းမှတ်စုကို သေချာပေါက် ရအောင်ယူရမယ်”
အဘယ်ကြောင့်ဆိုသော် ချန်ဆန်းမှတ်စုထဲတွင် ကြယ်စင်နတ်ဘုရားသစ်ပင်အကြောင်းတင် မကဘဲ အခြားသောဘဏ္ဍာများအကြောင်းကိုလည်း မှတ်တမ်းတင်ထားသောကြောင့်ဖြစ်လေသည်။
ထိုဘဏ္ဍာများထဲမှတစ်ခုမှာ ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာအတွက် အလွန်တရာအရေးပါလှ ပေသည်။
မသေနိုင်သောသေမင်းနတ်ဘုရားကခေါင်းညိတ်ပြလိုက်သည်။
“စိတ်မပူပါနဲ့၊ ငါ ပြင်ဆင်နေပါပြီ။ ဒီတစ်ကြိမ်တော့ ငါ ချန်ဆန်းမှတ်စုကို သေချာပေါက် ရအောင်ယူပါ့မယ်”
ထို့နောက် သူကလှောင်ပြောင်လိုက်သည်။
“ဒါပေမဲ့ ရန်ဆိုတဲ့ကောင်လေးက အခုပင်လယ်ထဲကိုသွားနေတာဆိုတော့ ငါတို့ လှုပ်ရှားဖို့ တောင်မလိုတော့ဘူးထင်တယ်”
ပင်လယ်ရပ်ခြား နိုင်ငံပေါင်းသောင်းနှင့်ချီတို့မှာ ချန်ဆန်းတိုက်ကြီးကို တပ်မက်နေကြခြင်း ဖြစ်လေသည်။ အကယ်၍ရန်ရှောက်ထျန်းပင်လယ်ရပ်ခြားသို့ရောက်ရှိလာသည်ကို သူတို့သိရှိသွား ကြမည်ဆိုပါက သူတို့သည် သူ့ကိုသေချာပေါက် အစိတ်စိတ်အမြွှာမြွှာ ဆွဲဖြဲပစ်ချင်ကြပေလိမ့်မည်။
နောက်တစ်နေ့ အရုဏ်တက်ချိန်။
ရန်ရှောက်ထျန်းနှင့် တခြားသူများ ခရီးကို ဆက်လက်ထွက်ခွာခဲ့ကြလေသည်။
မကြာမီမှာပင် သူတို့သည်အတိုင်းအဆမဲ့သောပင်လယ်ပြင်ကြီးကို မြင်တွေ့လိုက်ကြရ လေသည်။
လှိုင်းလုံးကြီးများမှာဟိန်းဟောက်တက်လာလိုက်၊ ပြန်ကျသွားလိုက်နှင့် ဒေါသတကြီးဖြစ်နေ တော့သည်။
နေရောင်ခြည်အောက်တွင် အတိုင်းအဆမရှိသောအန္တရာယ်များမှာ ဖုံးကွယ်နေကြလေ သည်။
အတိုင်းအဆမဲ့သောပင်လယ်ပြင်ကြီးမှာ ပင်လယ်ရပ်ခြားနိုင်ငံပေါင်း သောင်းနှင့်ချီနေထိုင် ရာနေရာဖြစ်ရုံသာမကဘဲ အစွမ်းထက်လှသောပင်လယ်သားရဲများစွာလည်း နေထိုင်ကြလေသည်။ ထိုပင်လယ်သားရဲအချို့မှာ မိစ္ဆာမျောက်ဝံ၊ တိန်းဖုန်းသို့မဟုတ်အမှောင်နဂါးတို့ကဲ့သို့ပင် အစွမ်းထက် လှပေသည်။
သေချာပေါက်ပင် အမှောင်နဂါးကဲ့သို့သော တည်ရှိမှုမျိုးမှာအတိုင်းအဆမဲ့သော ပင်လယ် ပြင်ကြီးအတွင်းမှာပင် ဖီးနစ်ငှက်အမွေးနှင့် နဂါးအကြေးခွံကဲ့သို့ အလွန်တရာရှားပါးလှပေသည်။
ရန်ရှောက်ထျန်းသည် တွင်းနက်ကြီးပျံသန်းရေးယာဉ်ကိုမောင်းနှင်လိုက်ပြီး ပင်လယ်လေကို ဖောက်ထွက်ကာ အတိုင်းအဆမဲ့သော ပင်လယ်ပြင်ကြီးအတွင်းသို့ ဝင်ရောက်ခဲ့လေသည်။
နောက်ရက်အနည်းငယ်မှာ...။
အလွန်တရာ အေးချမ်းလှပေသည်။
ပင်လယ်ထဲတွင် သူတို့သည် ရံဖန်ရံခါတွင် ပင်လယ်ရပ်ခြား နိုင်ငံအသီးသီးမှ ပညာရှင်များနှင့် ပင်လယ်ဓားပြအချို့နှင့် ကြုံတွေ့ခဲ့ရသော်လည်း ပိတ်ဆို့မှုများနှင့်ကြုံတွေ့ရတိုင်း ရန်ရှောက်ထျန်း သည် ပျံသန်းရေးယာဉ်ကိုမောင်းနှင်ပြီး တိုက်ရိုက်တိုးဝင်ဖောက်ထွက်ခဲ့လေသည်။
ပြဿနာများကို လျှော့ချရန်အတွက် သူတို့သည်လူသူမရှိသော ကျွန်းပျက်များကိုသာ ညစဉ် နားခိုရန်အတွက် ရွေးချယ်ခဲ့ကြလေသည်။
ရံဖန်ရံခါတွင် သူတို့သည် ညဘက်တွင်လည်း ခရီးဆက်လေ့ ရှိကြလေသည်။
သို့သော် ညဘက်တွင်ပင်လယ်မှာပို၍အန္တရာယ်များလှပြီး ပျံသန်းရေးယာဉ်မှာ ပင်လယ်သား ရဲများ၏တိုက်ခိုက်မှုကို ခဏခဏခံရလေ့ရှိလေသည်။
ဆက်တိုက် တိုက်ခိုက်ခံနေရသည်ကို စိတ်ကုန်လာသဖြင့် ရန်ရှောက်ထျန်းသည် ပျံသန်းရေး ယာဉ်မှ အနက်ရှိုင်းဆုံး ပင်လယ်အရှင်သခင်၏ အရှိန်အဝါကို တိုက်ရိုက်ထုတ်လွှတ်လိုက်လေသည်။
သေချာပေါက်ပင် ထိုပင်လယ်သားရဲများမှာ ထပ်မံ၍ မတိုက်ခိုက်ရဲကြတော့ပေ။
ချန်ဆန်းတိုက်ကြီး၏ တစ်ဖက်ကမ်းတွင် ဓားပေါင်းတစ်သောင်းတိုက်ကြီးရှိလေသည်။
တိုက်ကြီး နှစ်ခုကို အတိုင်းအဆမဲ့သောပင်လယ်ပြင်ကြီးကခြားထားခြင်း ဖြစ်လေသည်။
အတိုင်းအဆမဲ့သော ပင်လယ်ပြင်ကြီးမှာ မည်မျှအထိကျယ်ဝန်းသလဲဆိုတာကို မည်သူမျှ မသိနိုင်ကြပေ။
တစ်ခါက နတ်ဘုရားအဆင့်ပညာရှင်တစ်ဦးသည် မရပ်မနားဘဲမျဉ်းဖြောင့်အတိုင်း နှစ်အနည်းငယ်ကြာအောင်ပျံသန်းခဲ့မှသာအတိုင်းအဆမဲ့သော ပင်လယ်ပြင်ကြီးကို ဖြတ်ကျော်ပြီး ဓားပေါင်းတစ်သောင်းတိုက်ကြီးသို့ ရောက်ရှိခဲ့ခြင်း ဖြစ်လေသည်။
၎င်းမှာ မျဉ်းဖြောင့်အတိုင်း ပျံသန်းခဲ့ခြင်း ဖြစ်လေသည်။
ထို့ကြောင့် နတ်ဘုရားအဆင့်ပျံသန်းရေးယာဉ်မရှိဘဲနှင့် ချန်ဆန်းတိုက်ကြီးမှ ဓားပေါင်း တစ်သောင်းတိုက်ကြီးသို့ သွားရောက်ရန်မှာ အလွန်တရာခက်ခဲလှပေလိမ့်မည်။
တစ်နေ့တွင် ရန်ရှောက်ထျန်း သူ၏ပျံသန်းရေးယာဉ်ကိုမောင်းနှင်နေစဉ်တွင် ရုတ်တရက် သူ၏ ရှေ့၌ ဧရာမပျံသန်းရေးယာဉ်ကြီးတစ်စင်းကို မြင်တွေ့လိုက်ရလေသည်။
သင်္ဘောကိုယ်ထည်ပေါ်ရှိ တံဆိပ်ကိုမြင်လိုက်ရသောအခါ ရန်ရှောက်ထျန်းမှာအံ့အားသင့် သွားတော့သည်။ ဒါဟာနတ်ဘုရားပေါင်းတစ်သောင်းအင်ပါယာမှ ဖုန်းဟွမ်ကုန်သည်အသင်း၏ ပျံသန်းရေးယာဉ်မဟုတ်ပါလား။
ဤနေရာတွင် ဖုန်းဟွမ်ကုန်သည်အသင်း၏ပျံသန်းရေးယာဉ်နှင့် တွေ့ဆုံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ရန်ရှောက်ထျန်းသည် သတိထားရန်မရည်ရွယ်သော်လည်း သူ၏ပျံသန်းရေးယာဉ်က ဖုန်းဟွမ်ကုန်သည်အသင်း၏ပျံသန်းရေးယာဉ်ကိုဖြတ်ကျော်စဉ်တွင် တစ်ဖက်သင်္ဘောမှ အံ့ဩသံ တစ်ခု ထွက်ပေါ်၍လာသည်။
“သခင်လေး နတ်ဘုရားရန်”
ရန်ရှောက်ထျန်း လှည့်ကြည့်လိုက်ရာ တစ်ဖက်ပျံသန်းရေးယာဉ်ပေါ်တွင်ရပ်နေသော လူတစ် ယောက်ကိုမြင်လိုက်ရသည်၊ သူသည်အခြားသူမဟုတ်ဘဲ ဖုန်းဟွမ်ကုန်သည်အသင်း၏ ဥက္ကဋ္ဌ ဖုန်းဟွမ်ရှန့်ဆိုသောမိန်းကလေးပင်ဖြစ်လေသည်။
၎င်းကိုမြင်သောအခါ ရန်ရှောက်ထျန်းမှာမနေနိုင်ဘဲရပ်တန့်လိုက်ကာလက်အုပ်ချီပြီး ပြုံး လိုက်သည်။
“ဒါက ဥက္ကဋ္ဌ ဖုန်းဟွမ်ပါလားခင်ဗျာ”
သူ၏ နတ်ဘုရားအိမ်တော်မှာ ဖုန်းဟွမ်ရှန့်ထံမှဝယ်ယူခဲ့ခြင်းဖြစ်သလို၊ သူသည် ဖုန်းဟွမ်ရှု နှင့်လည်းရင်းနှီးပြီး သူ့ကိုအဆောက်အအုံပစ္စည်းများဝယ်ယူရန်အတွက်ပင် အကူအညီ တောင်းခဲ့ ဖူးလေသည်။ ထို့ကြောင့် ရန်ရှောက်ထျန်းမှာ ဖုန်းဟွမ်ရှန့် အပေါ် အလွန်တရာ ယဉ်ကျေးလှပေသည်။
“ဒီနေရာမှာ သခင်လေးနတ်ဘုရားရန်နဲ့တွေ့ရလိမ့်မယ်လို့ ကျွန်မမထင်ထားခဲ့ဘူး” ဟု ဖုန်းဟွမ်ရှန့် က အလွန်တရာစိတ်အားထက်သန်စွာဖြင့်ပြုံးလျက်ပြောလိုက်သည်။
“သခင်လေး နတ်ဘုရားရန်... စိတ်မရှိရင်ခဏလောက်သင်္ဘောပေါ် တက်ပြီးထိုင်ပါဦးလား”
၎င်းကို ကြားလိုက်ရသဖြင့် ရန်ရှောက်ထျန်းသည် သူ၏ပျံသန်းရေးယာဉ်ကို သိမ်းဆည်း လိုက်ပြီး အမှောင်နဂါး၊ တခြားသူများနှင့်အတူ ဖုန်းဟွမ်ကုန်သည်အသင်း၏ ပျံသန်းရေးယာဉ်ပေါ်သို့ ပျံတက်လိုက်လေသည်။
မိန်းကလေးဖုန်းဟွမ်ရှန့်က ဖုန်းဟွမ်ကုန်သည်အသင်းမှပညာရှင်များကိုဦးဆောင်ပြီး သူတို့ကို ကြိုဆိုခဲ့လေသည်။ သူသည်ရန်ရှောက်ထျန်း၏ရှေ့သို့လာကာ လက်အုပ်ချီပြီးပြုံးလိုက်သည်။
“ပညာရှိတစ်ယောက်ကို သုံးရက်ကြာရင် အသစ်တစ်ဖန် ပြန်ကြည့်ရမယ်ဆိုတာ ဒါမျိုးပဲပေါ့။ အခုဆိုရင် ကျွန်မကသခင်လေးနတ်ဘုရားရန်ကို အရှင်မင်းကြီးလို့ပဲ ခေါ်ရတော့မှာပါ”
ရန်ရှောက်ထျန်းက ချန်ဆန်းဓားကိုရရှိထားသဖြင့် သူသည်ချန်ဆန်းတိုက်ကြီး၏ အရှင်သခင် အသစ်ဖြစ်လေသည်။
ဖုန်းဟွမ်ရှန့် ဆိုသောမိန်းကလေးမှာ ချန်ဆန်းတိုက်ကြီး၏နံပါတ်တစ်ကုန်သည်အသင်း၏ ဥက္ကဋ္ဌဖြစ်နေလျှင်ပင် သူသည်ရန်ရှောက်ထျန်းကိုအရှင်မင်းကြီးဟု လေးစားစွာခေါ်ဆိုရမည် ဖြစ်လေ သည်။
ရန်ရှောက်ထျန်းက လက်ကိုဝှေ့ယမ်းလိုက်ပြီးပြုံးကာ ပြောလိုက်သည်။
“ဥက္ကဋ္ဌ ဖုန်းဟွမ်... ခင်ဗျားကအရမ်းယဉ်ကျေးနေပါပြီ။ ကျုပ်ကို ရှောက်ထျန်း သို့မဟုတ် သခင်လေး နတ်ဘုရားရန်လို့ပဲ ခေါ်လို့ ရပါတယ်”
ဤအချိန်တွင် ဖုန်းဟွမ်ကုန်သည်အသင်းမှပညာရှင်များအားလုံးမှာ ရန်ရှောက်ထျန်းကို လေးစားသောအမူအရာများဖြင့် အပြင်းအထန်ဦးညွှတ်လိုက်ကြသည်။
“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”
ဤဖုန်းဟွမ် ကုန်သည်အသင်းပညာရှင်များကြားတွင် နတ်ဘုရားအဆင့်ပညာရှင် အမြောက် အမြားပါဝင်သော်လည်း ယခုအခါရန်ရှောက်ထျန်းနှင့်ရင်ဆိုင်ရချိန်တွင် သူတို့သည် အနည်းငယ်မျှပင် မလေးမစားမပြုရဲကြပေ။
ရန်ရှောက်ထျန်းမှာ ဧကရာဇ်တစ်ဦးမျှသာဖြစ်သော်လည်း သူသည်ထာဝရနတ်ဘုရား ခန္ဓာကိုယ်၊ နှစ်သန်းတန်ဝိညာဉ်ကွင်းဆက်နှင့် ဟွန်ယွမ်ကောင်းကင်ကံကြမ္မာတို့ကိုပိုင်ဆိုင်ထားပြီး ဒဏ္ဍာရီများစွာကိုဖန်တီးခဲ့သူဖြစ်လေသည်။
ရန်ရှောက်ထျန်းက ချန်ဆန်းဓားကိုရရှိထားသည်ဟူသောသတင်း ပျံ့နှံ့သွားသောအခါ လူတိုင်းမှာစိတ်လှုပ်ရှားမှုနှင့်ပြင်းပြသောကိုးကွယ်မှုများကိုသာခံစားခဲ့ကြရပြီး မည်သည့် မကျေနပ်မှု သို့မဟုတ် မလေးစားမှုမျှမရှိခဲ့ကြပေ။
ချန်ဆန်းတိုက်ကြီးပေါ်ရှိလူတိုင်းနီးပါးမှာ ရန်ရှောက်ထျန်းကို ချန်ဆန်းတိုက်ကြီး၏ အရှင် သခင်အသစ်အဖြစ် အသိအမှတ်ပြုထားကြပြီး ဖြစ်လေသည်။
“စီနီယာတို့... ဒီလောက်အထိယဉ်ကျေးနေဖို့မလိုပါဘူး”
ရန်ရှောက်ထျန်းက ခေါင်းညိတ်ပြလိုက်လေသည်။
ထို့နောက်တွင် ဖုန်းဟွမ်ရှန့်က ရန်ရှောက်ထျန်းနှင့်တခြားသူများကို ကုန်သည်သင်္ဘော၏ ပင်မခန်းမဆောင်အတွင်းသို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ခဲ့လေသည်။
***