ယခင်က အမှောင်နဂါးသည် ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာကို အင်အားကြီးရန်သူတစ်ဦး အဖြစ်ရှုမြင်ခဲ့ပြီး ယခုအခါတွင်မူ သူသည်နောက်ထပ်လူတစ်ယောက်ကို အင်အားကြီးရန်သူအဖြစ် ရှုမြင်လိုက်ပြန်လေပြီ။
ဟင်းလင်းပြင်အတွင်းမှ သူတို့ဆီသို့တစ်လှမ်းချင်းလမ်းလျှောက်လာနေသော နတ်ဘုရား ဧကရာဇ်ယွန်းထျန်းကိုကြည့်ကာ သတ်ဖြတ်လိုစိတ်ပြင်းပြလှသော မိစ္ဆာမျောက်ဝံပင်လျှင် ထိုပုဂ္ဂိုလ်၏အရှိန်အဝါကြောင့် သူ၏တိုက်ခိုက်လိုစိတ်များပျောက်ကွယ်သွားသလို ခံစားလိုက်ရ လေသည်။
ယွန်းထျန်း ဟင်းလင်းပြင်အတွင်းမှ လှမ်းတက်လာသည်နှင့်အမျှ သူ၏အတိုင်းအဆမဲ့သော နတ်ဘုရားအရှိန်အဝါနှင့်ဧကရာဇ်အရှိန်အဝါများမှာ ကမ္ဘာပျက်တော့မည့် အတိုင်းအဆမဲ့သော ပင်လယ်ကြီးအလား တိန်းဖုန်းနှင့်ယင်လေဂိုဏ်းမှအစွမ်းထက်ဆုံး ရှေးဟောင်းဘိုးဘေးငါးဦးတို့ကို အသက်ရှူရကျပ်သွားစေတော့သည်။
ပြင်းထန်လွန်းပါလား...။
ဤအချိန်တွင် တိန်းဖုန်းနှင့် တခြားသူများခံစားနေရသောတစ်ခုတည်းသော ခံစားချက်မှာ ဤအချက်ပင်ဖြစ်လေသည်။
အမှောင်နဂါးက ရုတ်တရက်ဟိန်းဟောက်လိုက်ပြီး သူ၏တစ်ကိုယ်လုံးမှအမှောင်ထုနှင့် နဂါးစွမ်းအားများမှာ ကောင်းကင်ယံသို့ပျံတက်သွားကာအံ့ဩဖွယ်ကောင်းသော အမှောင်နဂါးစွမ်း အား အတားအဆီးတစ်ခုကိုဖြစ်ပေါ်စေလိုက်လေသည်။
သို့သော်လည်း ယွန်းထျန်းကရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း အမှောင်နဂါး၏အမှောင်န ဂါးစွမ်းအားအတားအဆီးမှာ အဝိုင်းတစ်ခုစီကျုံ့ဝင်သွားလေသည်။
ယွန်းထျန်းမှာ မည်သည့်သိသာထင်ရှားသောလှုပ်ရှားမှု သို့မဟုတ် တိုက်ခိုက်မှုမျှ မပြုလုပ်ရ သေးသော်လည်း အမှောင်နဂါး၏အမှောင်နဂါးစွမ်းအားအတားအဆီးမှာ ကြောက်မက်ဖွယ်ကောင်း သောဖိအားများကိုခံနေရသလိုပင် ဆက်တိုက်ဖိနှိပ်ခြင်းကို ခံနေရလေသည်။
ယွန်းထျန်း လူသူကင်းမဲ့သောကျွန်းပေါ်သို့ရောက်ရှိလာသောအခါ အမှောင်နဂါး၏အမှောင် နဂါးစွမ်းအားအတားအဆီးမှာ ဆယ်မိုင်ခန့်အထိကျုံ့ဝင်သွားခဲ့ပြီဖြစ်ကာ အလင်းရောင်များမှေးမှိန် နေပြီး အချိန်မရွေးပြိုလဲသွားနိုင်သောအခြေအနေသို့ရောက်ရှိနေတော့သည်။
သို့သော်လည်း ယွန်းထျန်းမှာလှုပ်ရှားခြင်း မပြုရသေးပေ။
အမှောင်နဂါး၏ နဖူးပေါ်တွင်ချွေးစေးများထွက်လာပြီး သူ၏မျက်နှာမှာဖြူဖျော့နေတော့ သည်။
ပင်လယ်ရပ်ခြား သမိုင်းတစ်လျှောက် နံပါတ်တစ်ဧကရာဇ်ဖြစ်သော ယွန်းထျန်း၏အစွမ်းမှာ သူ ထင်ထားသည်ထက် များစွာ ပို၍ကြောက်စရာကောင်းလှပေသည်။
အမှောင်နဂါးမှာ လွန်ခဲ့သောနှစ်ပေါင်းသောင်းနှင့်ချီကဖူထုအင်ပါယာ၏နံပါတ်တစ် ပညာရှင် ဖြစ်ခဲ့သော်လည်း ယွန်းထျန်းမှာမူ လွန်ခဲ့သောနှစ်ပေါင်းနှစ်သိန်းကတည်းက ပင်လယ်ရပ်ခြားတွင် ပြိုင်ဘက်ကင်း ဖြစ်ခဲ့သူဖြစ်လေသည်။
လွန်ခဲ့သော နှစ်ပေါင်းနှစ်သိန်းကတည်းကပင်လယ်ရပ်ခြားရှိ သန်းပေါင်းရာနဲ့ချီသော ပညာရှင်များကြားတွင် မည်သူမျှသူ၏လက်သီးတစ်ချက်ကို မတောင့်ခံနိုင်ခဲ့ကြပေ။
ဒါဟာ ယွန်းထျန်း၏ အစွမ်းပင်ဖြစ်လေသည်။
ယွန်းထျန်း နှင့် ချန်ဆန်းကျောင်းတော်မှအင်ပါယာဆရာကြီးတို့မှာ ခေတ်ပြိုင်များဖြစ်ကြ လေသည်။ အင်ပါယာဆရာကြီး၏ပါရမီမှာအံ့ဩဖွယ်ကောင်းလှပြီး ရန်ရှောက်ထျန်းမတိုင်မီက ချန်ဆန်းကျောင်းတော်တွင် နတ်ဘုရားအကူခြောက်ရာကျော်ဖွင့်နိုင်ခဲ့သော တစ်ဦးတည်းသောပညာ ရှင် ဖြစ်လေသည်။
သို့သော်လည်းအင်ပါယာဆရာကြီးမှာ ယွန်းထျန်း၏အဆင့်သို့ရောက်ရန် အလွန်တရာ လိုအပ်နေသေးသည်။
ထိုနှစ်ဦးမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည်။
အင်ပါယာဆရာကြီးမှာ မြေပြင်ပေါ်တွင်ရှိနေသော်လည်း ယွန်းထျန်းမှာမူကောင်းကင်ယံ တွင် ရှိနေခြင်းဖြစ်လေသည်။
ယွန်းထျန်းက အမှောင်နဂါးကို တစ်ချက်ကြည့်လိုက်သည်။
ထိုအကြည့်တစ်ချက်တည်း၏အရှိန်အဝါနှင့်ပင် အမှောင်နဂါး၏နတ်ဘုရားပင်လယ်မှာ ပြင်းထန်သော ရိုက်ခတ်မှုကိုခံလိုက်ရသလိုပင် သူ၏အမှောင်နဂါးစွမ်းအားအတား အဆီးတစ်ခုလုံး မှာ ပြိုကွဲသွားခဲ့ပြီး သူသည်ဆက်တိုက် နောက်သို့ဆုတ်ခွာခဲ့ရကာ သွေးတစ်ငုံအန်ထုတ်လိုက်ရ လေ သည်။
မိစ္ဆာမျောက်ဝံကြီးနှင့် တိန်းဖုန်းတို့ အုပ်စုမှာလည်း အသက်ရှူမှားသွားကြလေသည်။
အကြည့်တစ်ချက်တည်းနှင့်ပင် အမှောင်နဂါးကို သွေးအန်ပြီး ဒဏ်ရာရစေနိုင်သည်တဲ့လား။
ရန်ရှောက်ထျန်းလည်း ထိတ်လန့်သွားတော့သည်။
ပင်လယ်ရပ်ခြား သမိုင်းတစ်လျှောက် နံပါတ်တစ် ဧကရာဇ်ဟုတ်လား။
ချန်ဆန်းအရှင်သခင်နှင့် မိုးပြာရောင်ဝက်ဝံတို့နှစ်ပေါင်းများစွာကြာသည်အထိ ပင်လယ် ရပ်ခြား နိုင်ငံများကို ဘာကြောင့်မနှိမ်နင်းနိုင်ခဲ့ကြသလဲဆိုတာ မဆန်းတော့ပေ။
ဒဏ္ဍာရီများအရ ချန်ဆန်းအရှင်သခင်သည် ယွန်းထျန်း၏ ဆရာကြီးနှင့် ရက်ပေါင်းများစွာ အပြတ်အသတ် မတိုက်ခိုက်နိုင်ဘဲ ယှဉ်ပြိုင်ခဲ့ဖူးကြောင်း သိရလေသည်။
ဤယွန်းထျန်း ၏ အစွမ်းမှာ သူ၏ ဆရာကြီးထက်မနိမ့်ကျနိုင်သလို...
ထိုစဉ်က ချန်ဆန်းအရှင်သခင်ထက်လည်း မနိမ့်ကျနိုင်ပေ။
ယွန်းထျန်းသည် ကောင်းကင်ယံတွင်မြင့်မားစွာရပ်တည်နေရင်း ရန်ရှောက်ထျန်းကို ငုံ့ကြည့် လိုက်ကာ -
“ကောင်လေး... မင်းအဖိုးကြီးချန်ရှုံးရဲ့ချန်ဆန်းဓားကို ရထားတာလား။ ငါ့ရဲ့ ပင်လယ်ရပ်ခြား နယ်နိမိတ်ထဲကိုလာရဲတာ မင်း တော်တော်သတ္တိရှိတာပဲ”
ရန်ရှောက်ထျန်း၏ မျက်နှာအမူအရာမှာတည်ငြိမ်နေဆဲဖြစ်သည်။
“ကမ္ဘာကြီးက ကျယ်ဝန်းလှပါတယ်၊ ကျုပ်ကြိုက်တဲ့နေရာ ကျုပ် သွားမှာပဲ”
ယွန်းထျန်း ၏မျက်လုံးများမှာကျဉ်းမြောင်းသွားပြီးနောက် သူကကျယ်လောင်စွာ ရယ်မော လိုက်သည်။
“ကောင်းတယ်... ကောင်လေး၊ မင်းရဲ့သတ္တိကိုတော့ချီးကျူးပါတယ်၊ ဒါပေမဲ့နောက်ကျရင် လည်း မင်းအခုလိုမျိုးစကားတွေကို ရဲရဲဝံ့ဝံ့ ပြောနိုင်ဦးမယ်လို့ငါ မျှော်လင့်ပါတယ်”
“ငါ စပ်စုချင်နေတာကတော့... မင်းအနက်ရှိုင်းဆုံးပင်လယ်အရှင်သခင်ကို ဘယ်လိုမျိုး ဖမ်းခဲ့သလဲဆိုတာကိုပဲ”
ထိုသို့ ပြောပြီးနောက် သူသည်ရန်ရှောက်ထျန်းဆီသို့ လမ်းလျှောက်လာခဲ့လေသည်။
ယွန်းထျန်း က ပေါ့ပေါ့ပါးပါးပြောဆိုနေသော်လည်း ရန်ရှောက်ထျန်းဆီသို့ လမ်းလျှောက် လာသည်နှင့်အမျှ သူ၏စိတ်ဝိညာဉ်တစ်ခုလုံးမှာရန်ရှောက်ထျန်းဆီသို့ဦးတည်နေပြီး သူ၏ အပြောင်း အလဲများကို စောင့်ကြည့်နေလေသည်။
ထိုအခိုက်
“ဆေးနံ့သာအိုး.သတ်စမ်း” ဟု ရန်ရှောက်ထျန်းက ရုတ်တရက်အော်ဟစ်လိုက်လေသည်။
ဆေးနံ့သာအိုးဟုတ်လား။
ယွန်းထျန်း၏မျက်လုံးများကျဉ်းမြောင်းသွားသည်နှင့်တစ်ပြိုင်နက် ရုတ်တရက်တောက်ပ လှသောရွှေရောင်ဧရာမအိုးကြီးတစ်လုံးသည်ဟင်းလင်းပြင်ကိုဖောက်ထွက်ပြီး ပျံတက်လာခဲ့လေ ပြီ။
ဆေးနံ့သာအိုးမှာ အတိုင်းအဆမရှိကြီးမားလှသဖြင့် အတိုင်းအဆမဲ့သောပင်လယ်ပြင်ကြီး ကိုဖုံးလွှမ်းသွားသလိုပင်ဖြစ်နေကာ ရွှေရောင်မီးတောက်မီးလျှံများဖြင့်ယွန်းထျန်းဆီသို့ ချက်ချင်း ရိုက်ချလိုက်လေတော့သည်။
ယွန်းထျန်း ၏ မျက်နှာအမူအရာမှာ သိသိသာသာပြောင်းလဲသွားပြီး သူ၏တစ်ကိုယ်လုံးတွင် နတ်ဘုရားအလင်းတန်းများစွာပေါ်ထွက်လာကာ သူ၏ဦးခေါင်းအထက်တွင် ဧရာမနတ်သားရဲ ပုံရိပ်ကြီးတစ်ခု ပေါ်လာလေသည်။
ထိုနတ်သားရဲ ပုံရိပ်မှာ အတိုင်းအဆမဲ့သောအမှောင်ထုအတွင်းတည်ရှိနေပြီး အလွန်တရာ ဧရာမကြီးမားလှပေသည်၊ ၎င်းမှာဟိုတုန်းကအနက်ရှိုင်းဆုံး ပင်လယ်အရှင်သခင်ထက် အနည်းငယ် မျှသာ သေးငယ်လေသည်။
တစ်ချိန်တည်းမှာပင် ယွန်းထျန်းသည် သူ၏လက်သီးများကိုရူးသွပ်စွာထိုးနှက်လိုက်လေ သည်။
ကြောက်မက်ဖွယ်ကောင်းသော လက်သီးစွမ်းအားမှာ ဆေးနံ့သာအိုးဆီသို့ ဦးတည်သွားတော့ သည်။
“ဘုန်း...”
ဆေးနံ့သာအိုးနှင့် ယွန်းထျန်း၏ကြောက်မက်ဖွယ်ကောင်းသော လက်သီးစွမ်းအားတို့ ထိပ်တိုက်တွေ့ဆုံသွားကြလေသည်။
သို့သော် ယွန်းထျန်း၏ကြောက်မက်ဖွယ်ကောင်းသော လက်သီးစွမ်းအားမှာ ချက်ချင်းဆိုသ လိုပင် ပေါက်ကွဲသွားခဲ့လေပြီ။
ချက်ချင်းဆိုသလိုပင် ဆေးနံ့သာအိုးမှာအတိုင်းအဆမဲ့သောစွမ်းအားတို့ဖြင့် ယွန်းထျန်း ကို ကျွန်း၏ အောက်ခြေအထိအောင် ရိုက်သွင်းလိုက်လေတော့သည်။
ကျွန်းကြီးမှာ ပေါက်ကွဲသံနှင့်အတူ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခဲ့လေပြီ။
ယွန်းထျန်း မှာလည်း ပင်လယ်အောက်ခြေအထိ ရိုက်သွင်းခံလိုက်ရလေသည်။
လှိုင်းလုံးများမှာ အလွှာပေါင်းထောင်ချီ၍ပေါက်ကွဲထွက်သွားခဲ့ပြီး မိုင်ပေါင်းမရေမတွက် နိုင်သော ပင်လယ်ရေပြင်မှာ ခန်းခြောက်သွားသလိုပင်ဖြစ်သွားတော့သည်။
မိုးပြာရောင် ဝက်ဝံနှင့်နှိုင်းယှဉ်နိုင်သော ယွန်းထျန်းကဲ့သို့အစွမ်းထက်သူပင်လျှင် ပြန်လည် ခုခံနိုင်စွမ်း လုံးဝမရှိဘဲ ရိုက်သွင်းခံလိုက်ရခြင်းဖြစ်လေသည်။
သို့သော်လည်း ရန်ရှောက်ထျန်း အနည်းငယ်စိတ်အေးသွားစဉ်မှာပင် ရုတ်တရက်ပင်လယ် ရေမျက်နှာပြင်မှာပေါက်ကွဲသွားပြီး ပုံရိပ်တစ်ခုလေထဲသို့ပျံတက်လာခဲ့သည်၊ သူသည်အခြားသူ မဟုတ်ဘဲ ပင်လယ်အောက်ခြေသို့ ရိုက်သွင်းခံလိုက်ရသော ယွန်းထျန်းပင် ဖြစ်နေလေသည်။
ယွန်းထျန်း ၏ နတ်ဘုရားဝတ်စုံမှာ လုံးဝဆွဲဖြဲခံလိုက်ရသလို ဖြစ်နေပြီး သူ၏ ပါးစပ်ထောင့်မှ သွေးများထွက်နေကာ သူ၏မျက်နှာတွင်ဒေါသများနှင့်ပြင်းပြသော တိုက်ခိုက်လိုစိတ်များပြည့်နှက် နေတော့သည်။
“ဗဟို ကောင်းကင် နတ်ဘုရားလက်သီး” ဟု ယွန်းထျန်း က ရုတ်တရက်ဟိန်းဟောက် လိုက်ပြီး ဆေးနံ့သာအိုးဆီသို့ လက်သီးများကို အဆက်မပျက်ထိုးနှက်လိုက်လေသည်။
လက်သီးစွမ်းအားများတို့မှာ ဟိန်းဟောက်နေတော့သည်။
ဟင်းလင်းပြင်ကို ဆွဲဖြဲပစ်လိုက်သလိုပင်။
ကောင်းကင်ကြီးကိုပင် လက်သီးဖြင့် ထိုးဖောက်တော့မည့်ပုံပင်။
ဆေးနံ့သာအိုး၏ တစ်ကိုယ်လုံးတွင် ရွှေရောင်မီးလျှံများတောက်လောင်နေပြီး အတိုင်းအဆ မဲ့သောပင်လယ်ပြင်ကြီးကို လင်းထိန်သွားစေကာ နောက်တစ်ကြိမ်ထပ်မံရိုက်ချလိုက်ပြန်လေသည်။
ယခုတစ်ကြိမ်တွင် ယွန်းထျန်းမှာ မိုင်ပေါင်းမရေမတွက်နိုင်အောင် နောက်သို့ လွင့်ထွက်သွားခဲ့ လေပြန်တော့သည်။
မိုင်ပေါင်း ထောင်ချီကျယ်ဝန်းသော ဧရာမလမ်းကြောင်းကြီးတစ်ခုမှာ လှိုင်းလုံးများကြားတွင် ပေါ်လာတော့သည်။
တိုက်ကြီးတစ်ခုကဲ့သို့သော ကျွန်းကြီးတစ်ကျွန်းမှာ ယွန်းထျန်းနှင့်တိုက်မိသဖြင့် အလယ်မှ နေ၍ တိုက်ရိုက်ပေါက်ကွဲသွားခဲ့လေသည်။
နောက်ဆုံးတွင် ယွန်းထျန်း မှာ ပင်လယ်အဆုံးတွင် ပြုတ်ကျသွားခဲ့လေပြီ။
အမှောင်နဂါးနှင့် တိန်းဖုန်းတို့အုပ်စုမှာ ဤမြင်ကွင်းကိုကြည့်ကာ အလွန်တရာတုန်လှုပ် နေကြတော့သည်။
တိန်းဖုန်းနှင့် တခြားသူများမှာ ထာဝရကောင်းကင်ဂူဗိမာန်အတွင်း၌ မသေနိုင်သောသေမင်း နတ်ဘုရားလွင့်ထွက်သွားခဲ့ရသည့်မြင်ကွင်းကို မနေနိုင်ဘဲပြန်လည် မြင်ယောင်လာခဲ့ကြလေသည်။
သို့သော်လည်း တိန်းဖုန်းနှင့်တခြားသူများ၏နှလုံးသားထဲမှ ထိတ်လန့်မှုမှာ ယခုအခါတွင်မူ ပို၍ပင် ကြီးမားလှပေသည်။
အဘယ်ကြောင့်ဆိုသော် ပင်လယ်ရပ်ခြားသမိုင်းတစ်လျှောက်နံပါတ်တစ်ဧကရာဇ်၏ အစွမ်း မှာ မသေနိုင်သောသေမင်းနတ်ဘုရားထက်ပင်သာလွန်သော်လည်း သူသည်ဆေးနံ့သာအိုး၏ ရိုက်နှက်မှုကို ခံနေရဆဲ ဖြစ်သောကြောင့်ဖြစ်လေသည်။
ဤအချိန်တွင် သူတို့သည်ဆေးနံ့သာအိုး၏ပြိုင်ဘက်ကင်းသော နတ်ဘုရားအရှိန်အဝါကို နောက်တစ်ကြိမ် ထပ်မံခံစားလိုက်ရပြန်လေသည်။
သို့သော် ထိုစဉ်မှာပင် ရုတ်တရက်ပင်လယ်အဆုံးမှပြန်လည် ပေါက်ကွဲသွားပြန်ပြီး ပင်လယ် အဆုံးသို့ လွင့်ထွက်သွားခဲ့သော ယွန်းထျန်း မှာ နောက်တစ်ကြိမ် ပျံတက်လာပြန်လေသည်။
ထို့အပြင် ယွန်းထျန်း၏တစ်ကိုယ်လုံးတွင် အနက်ရောင်မီးလျှံများတောက်လောင်နေပြီး သူ၏တိုက်ခိုက်လိုစိတ်များမှာဟိန်းဟောက်နေကာ တိုက်ခိုက်လေလေ ပို၍အစွမ်းထက်လာလေ လေ ဖြစ်နေပုံရလေသည်။
ယွန်းထျန်း ၏ နတ်ဘုရားဝတ်စုံမှာ လုံးဝပျက်စီးနေသော်လည်း သူ၏ တိုက်ခိုက်လိုစိတ်များ ပိုမို ပြင်းထန်လာသည်ကိုကြည့်ကာ ရန်ရှောက်ထျန်းအံ့အားသင့်သွားသည်၊ ဤယွန်းထျန်း က အမှန်တကယ်ပင် ဤမျှအထိ အစွမ်းထက်နေသည်တဲ့လား။
“ပင်လယ်ပြင် နတ်ဘုရားခန္ဓာကိုယ်”
ဆေးနံ့သာအိုးသည် ယွန်းထျန်း၏တစ်ကိုယ်လုံးမှ နတ်ဘုရားအလင်းများကို ကြည့်ကာ ဟင်းလင်းပြင်အတွင်းမှ နောက်တစ်ကြိမ်ထိုးနှက်လိုက်ပြန်လေသည်၊ သူ၏ရွှေရောင်မီးလျှံများမှာ အဆမတန် တိုးတက်လာခဲ့ပြီး ယွန်းထျန်း ဆီသို့ ရိုက်ချလိုက်လေပြန်သည်။
ပင်လယ်ပြင် နတ်ဘုရားခန္ဓာကိုယ်။
၎င်းမှာ ယွန်းထျန်း ၏ နတ်ဘုရားခန္ဓာကိုယ်ပင် ဖြစ်လေသည်။
ပင်လယ်ပြင် နတ်ဘုရားခန္ဓာကိုယ်ဆိုသည်မှာ ပင်လယ်ထဲတွင်ပြိုင်ဘက်ကင်းသော နတ်ဘု ရားခန္ဓာကိုယ်အဖြစ် လူသိများလေသည်။
ဤနတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်းမှာ မသေနိုင်သောခန္ဓာကိုယ်ကို ရရှိထားသ လိုပင် ဖြစ်လေသည်။
ပင်လယ်ထဲတွင် ပင်လယ်ပြင်နတ်ဘုရားခန္ဓာကိုယ်သည် ပင်လယ်ပြင်ကြီး၏စွမ်းအားကို အသုံးပြုပြီး ဒဏ်ရာများကိုလျင်မြန်စွာ ပြန်လည်သက်သာစေနိုင်လေသည်။ ထို့ကြောင့်လည်း ယွန်းထျန်း မှာ ဆေးနံ့သာအိုး၏ပြိုင်ဘက်ကင်းသော ရိုက်နှက်မှုနှစ်ချက်ကို ခံခဲ့ရသော်လည်း အစွမ်းထက်နေဆဲဖြစ်ခြင်း ဖြစ်လေသည်။
ဆေးနံ့သာအိုး မိမိဆီသို့ ရိုက်ချလာသည်ကို မြင်သောအခါ ယွန်းထျန်း က ကောင်းကင်ယံသို့ ဟိန်းဟောက်လိုက်သည်။
“ကောင်းကင်တုန်ခါ နတ်ဘုရားဓား”
ဟင်းလင်းပြင်အတွင်းမှ နတ်ဘုရားဓားတစ်စင်း ပျံထွက်လာခဲ့လေသည်။
ကောင်းကင်တုန်ခါ နတ်ဘုရားဓားမှာ ဟိုတုန်းကဟွန်ချွမ်မိစ္ဆာဂိုဏ်းမှ ကောင်းကင်တုန်ခါဓား နတ်ဘုရား၏ ကိုယ်ပိုင်ဓားဖြစ်လေသည်။
ယခုအခါတွင်မူ ၎င်းမှာ ယွန်းထျန်း၏ လက်ထဲသို့ ရောက်ရှိနေခြင်း ဖြစ်လေသည်။
ယွန်းထျန်းသည် ကောင်းကင်တုန်ခါနတ်ဘုရားဓားကိုကိုင်ဆောင်ကာ ဓားတစ်ချက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်လေသည်။
သန်းပေါင်း ရာနဲ့ချီသော ဓားချီစွမ်းအင်များ ပေါက်ကွဲထွက်လာတော့သည်။
ဓားချီစွမ်းအင်မှာ အလွန်တရာပြင်းထန်လှသဖြင့် သန်းပေါင်းရာနဲ့ချီသော ပင်လယ်ရေများ ကိုလှုပ်ခတ်သွားစေပြီး ပင်လယ်ရေနှင့်ဓားချီစွမ်းအင်တို့ပေါင်းစပ်သွားကာ ပင်လယ်ပြင်တစ်ခုလုံး မှာ ဓားချီစွမ်းအင်များဖြစ်သွားသလိုပင်။
သို့သော်လည်း သန်းပေါင်းရာနဲ့ချီသောကောင်းကင်တုန်ခါဓားချီစွမ်းအင်များမှာ နောက် တစ်ကြိမ်ပေါက်ကွဲသွားခဲ့ပြန်ပြီး ယွန်းထျန်းမှာသွေးများအန်ထုတ်ကာ လွင့်ထွက်သွားခဲ့လေပြီ။
ပြင်းထန်သော ပေါက်ကွဲသံများကြားတွင် ကျွန်းများမှာတစ်ခုပြီးတစ်ခု နစ်မြုပ်သွားကြ တော့သည်။
ရန်ရှောက်ထျန်းသည် လွင့်ထွက်သွားသောကောင်းကင်တုန်ခါနတ်ဘုရားဓားကို ကြည့်ကာ အံ့အားသင့်သွားသည်၊ ကောင်းကင်တုန်ခါနတ်ဘုရားဓားက အမှန်တကယ်ပင်ယွန်းထျန်း၏ လက်ထဲမှာရှိနေသည်တဲ့လား။ ဒါဆိုရင်ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ဘဏ္ဍာတိုက်ကို ယွန်းထျန်းက ရရှိသွား ခဲ့ပြီလား။
၎င်းမှာ မဖြစ်နိုင်သည်တော့မဟုတ်ပေ။
အကယ်၍ ထိုသို့သာဆိုလျှင် သူတို့၏ပင်လယ်ရပ်ခြားခရီးစဉ်မှာ အလဟဿဖြစ်သွားပေ လိမ့်မည် မဟုတ်ပါလော။
***