ဤအချိန်တွင် လွင့်ထွက်သွားခဲ့သောယွန်းထျန်းမှာကမ္ဘာ့အစွန်းမှနေ၍ ပြန်လည် ပျံတက် လာခဲ့ပြန်သည်၊ ယခုအခါ သူ၏လက်ထဲတွင်နတ်ဘုရားခက်ရင်းတစ်ခု ရှိနေလေသည်။
ထိုနတ်ဘုရား ခက်ရင်းပေါ်တွင်သက်ဝင်လှုပ်ရှားနေသော ငွေနဂါးတစ်ကောင်ရစ်ပတ်နေ လေသည်။
“ငွေနဂါး နတ်ဘုရားခက်ရင်းလား” ဟု အမှောင်နဂါးက အံ့အားသင့်စွာ အော်ဟစ်လိုက် လေသည်။
ငွေနဂါး နတ်ဘုရားခက်ရင်းမှာ ရှေးဟောင်းငွေနဂါးမျိုးနွယ်၏ အဖိုးတန်ရတနာဖြစ်လေ သည်။
၎င်းမှာ အမှန်တကယ်ပင် ယွန်းထျန်း ၏ လက်ထဲသို့ ရောက်ရှိနေသည်တဲ့လား။
ယွန်းထျန်း သည် သူ၏နတ်ဘုရားစွမ်းအားများကို ထိုရတနာအတွင်းသို့ ထည့်သွင်းလိုက်ရာ ငွေနဂါးနတ်ဘုရားခက်ရင်းမှာ တောက်ပလှသောငွေရောင်အလင်းများကို ထုတ်လွှတ်လိုက်လေ သည်။ သူ၏တစ်ကိုယ်လုံးတွင် သွေးများဖုံးလွှမ်းနေသော်လည်း သူသည်လေထဲသို့ ပျံတက်လိုက်ကာ ဟိန်းဟောက်ရင်း ဆေးနံ့သာအိုးဆီသို့ ထိုခက်ရင်းဖြင့် ရိုက်ချလိုက်လေသည်။
ဆေးနံ့သာအိုးက အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး သူ၏အရွယ်အစားကို နောက်ထပ် တစ်ဆခန့် ထပ်မံချဲ့ထွင်လိုက်ပြန်လေသည်။ ရွှေရောင်မီးလျှံများတောက်လောင်နေသဖြင့် ပင်လယ် ပြင်တစ်ခုလုံးမှာနီမြန်းသွားခဲ့ပြီး မရေမတွက်နိုင်သောကျွန်းများမှာ မီးလောင်နေသလိုပင် ဖြစ်နေ တော့သည်။
“ဘုန်း...”
ဆေးနံ့သာအိုး၏အရှိန်အဟုန်မှာ အဆမတန်မြင့်တက်လာခဲ့ပြီး မရပ်မနားနိုင်သော အရှိန် အဟုန်ဖြင့် ယွန်းထျန်းကို နောက်တစ်ကြိမ်ထပ်မံ ရိုက်ခွဲပစ်လိုက်ပြန်လေသည်။
ယခုတစ်ကြိမ်တွင်မူ ယွန်းထျန်းမှာပင်လယ်အောက်ခြေအထိဖောက်ထွက်သွားအောင် ရိုက် သွင်းခံလိုက်ရလေသည်။
အတိုင်းအဆမဲ့သော ပင်လယ်ပြင်ကြီးမှာ တုန်ခါသွားတော့သည်။
ပင်လယ်ရပ်ခြား နိုင်ငံအသီးသီးမှ ပညာရှင်များမှာ ထိတ်လန့်သွားကြလေသည်။
ရောက်ရှိလာကြသောကြယ်စုတန်း နတ်ဘုရားနိုင်ငံတော်မှပညာရှင်များပင်လျှင် အကြီး အကျယ်ထိတ်လန့်သွားကြတော့သည်။
ငွေနဂါး နတ်ဘုရားခက်ရင်းမှာလည်း မည်သည့်နေရာသို့ရောက်သွားမှန်းမသိ လောက် အောင် အဝေးသို့လွင့်စင်သွားခဲ့ပြီး ဧရာမကျွန်းကြီးတစ်ကျွန်းကိုပင် ဖောက်ထွက်သွားခဲ့လေသည်။
ဆေးနံ့သာအိုးမှာ ကောင်းကင်ယံသို့ နောက်တစ်ကြိမ်ပျံတက်လိုက်ပြန်ပြီး ပင်လယ်အောက် ခြေရှိ ယွန်းထျန်းဆီသို့ ထပ်မံရိုက်ချလိုက်ပြန်လေသည်။
အတိုင်းအဆမဲ့သော ပင်လယ်ပြင်ကြီးမှာ ပြင်းထန်စွာ တုန်ခါနေတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများမှာလှိုင်းတစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်နေ လေသည်။
မရေမတွက်နိုင်သော ကျွန်းများပြိုကွဲပျက်စီးသွားခဲ့ပြီး ကျွန်းပေါ်ရှိမြို့များမှာလည်း ပေါက် ကွဲသွားခဲ့သဖြင့် မရေမတွက်နိုင်သောပင်လယ်ရပ်ခြားပညာရှင်များမှာ ထိတ်လန့်တကြား ထွက်ပြေး နေကြရလေသည်။
ပင်လယ်ရပ်ခြား ဒေသတစ်ခုလုံးမှာ ကမ္ဘာပျက်တော့မည့်အလား ဖြစ်နေတော့သည်။
သို့သော်လည်း မပြီးသေးပေ၊ ဆေးနံ့သာအိုးမှာလေထဲသို့ နောက်တစ်ကြိမ် ပျံတက်လိုက်ပြီး နောက်တစ်ကြိမ်သူ၏စွမ်းအားများကို ထပ်မံ ရိုက်ချလိုက်ပြန်လေသည်။
ပင်လယ်ရေပြင်မှာ ယိမ်းယိုင်သွားခဲ့ပြီးရောက်ရှိလာကြသော ကြယ်စုတန်းနတ်ဘုရား နိုင်ငံတော်ပညာရှင်များမှာလည်း ဟိန်းဟောက်နေသောစွမ်းအားများကြောင့် လွင့်ထွက်သွားခဲ့ကြပြီး သွေးများ အဆက်မပြတ် အန်ထုတ်နေကြရလေသည်။
ဆေးနံ့သာအိုးမှာ တစ်ကြိမ်ပြီးတစ်ကြိမ် လေထဲသို့ ပျံတက်လိုက်၊ ပြန်လည် ရိုက်ချလိုက်နှင့် ပြုလုပ်နေခဲ့လေသည်။
ဆယ်ကြိမ်ထက်မက ပြုလုပ်ပြီးနောက်မှသာ သူသည် လုံးဝ ရပ်တန့်သွားတော့သည်။
အမှောင်နဂါးနှင့် တခြားသူများမှာနှလုံးသားများတုန်ယင်လျက် ကြည့်နေကြရသည်၊ အကယ် ၍ဤသို့သာဆက်လုပ်နေမည်ဆိုပါက ပင်လယ်အောက်ခြေ ငရဲတွင်းကြီးမှာပင် ဖောက်ထွက်ခံလိုက် ရမလားဟု တွေးမိနေကြလေသည်။
ယွန်းထျန်း ၏ခန္ဓာကိုယ်မှာမူပျောက်ကွယ်သွားခဲ့ပြီဖြစ်လေသည်၊ သူသည် ပင်လယ်အောက် ခြေ၏ ပိုမိုနက်ရှိုင်းသောနေရာသို့ ရောက်သွားခဲ့သည် (သို့မဟုတ်) ပေါက်ကွဲသွားခဲ့ပြီ ဖြစ်လေသည်။
ဆေးနံ့သာအိုးမှာ ရန်ရှောက်ထျန်း၏ လက်ထဲသို့ ပြန်လည် ရောက်ရှိလာခဲ့လေသည်။
“ဆေးနံ့သာအိုး... သူ ဘယ်လိုနေလဲ” ဟု ရန်ရှောက်ထျန်းက မေးလိုက်သည်။
“မသေသေးဘူး” ဟု ဆေးနံ့သာအိုးက ခေါင်းခါလျက် ပြန်ဖြေလိုက်သည်။
ရန်ရှောက်ထျန်း၏ နှလုံးသားမှာ ချက်ချင်းဆိုသလိုပင် လေးလံသွားခဲ့လေသည်။
ယွန်းထျန်း မှာ မိုးပြာရောင် ဝက်ဝံနှင့် နှိုင်းယှဉ်နိုင်သော တည်ရှိမှုမျိုးဖြစ်သဖြင့် ဤမျှလောက် အလွယ်တကူဖြင့်သေဆုံးလိမ့်မည်မဟုတ်ပေ။ ထို့အပြင် သူသည်ပင်လယ်ပြင် နတ်ဘုရားခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားသူဖြစ်ရာအံ့ဩဖွယ်ကောင်းသောပြန်လည်သက်သာမှုကိုရရှိထားခြင်း ဖြစ်လေ သည်။
“မိုးကောင်းကင်ကိုးလွှာ ဘေးဒုက္ခမိုးကြိုးရေအငုံ ရှစ်ဆယ်လောက်မရှိရင်တော့ သူ့ကို လုံးဝ ရိုက်ခွဲပစ်ဖို့ မလွယ်ဘူး” ဟု ဆေးနံ့သာအိုးက ပြောလိုက်သည်။
ရန်ရှောက်ထျန်းမှာ ဆွံ့အသွားတော့သည်။
ခုနက ဆေးနံ့သာအိုး၏ဒေါသတကြီးတိုက်ခိုက်မှုအပြီးတွင် သူ၏လက်ထဲ၌မိုးကောင်းကင် ကိုးလွှာဘေးဒုက္ခ မိုးကြိုးရေမှာ နှစ်ငုံသာ ကျန်ရှိတော့ခြင်း ဖြစ်လေသည်။
“ဒါပေမဲ့ သူ အနည်းဆုံး တစ်လလောက်တော့ပြန်ပြီးမသက်သာနိုင်တော့ပါဘူး” ဟု ဆေးနံ့သာအိုးက ပြောလိုက်သည်။
ထို့ကြောင့် ရန်ရှောက်ထျန်းသည် ဤကာလအတွင်းမှာပင် ဟွန်ချွမ်မိစ္ဆာဂိုဏ်း ဘဏ္ဍာတိုက်ကို ရှာဖွေပြီး အတိုင်းအဆမဲ့သောပင်လယ်ပြင်ကြီးမှထွက်ခွာရမည်ဖြစ်လေသည်။ မဟုတ်လျှင် ယွန်းထျန်းပြန်လည် သက်သာလာသည်နှင့် ဆေးနံ့သာအိုးတွင်မိုးကောင်းကင်ကိုးလွှာ ဘေးဒုက္ခ မိုးကြိုးရေ နှစ်ငုံသာ ကျန်တော့သဖြင့် သူလည်း ဘာမှတတ်နိုင်တော့မည် မဟုတ်ပေ။
ရန်ရှောက်ထျန်း၏ နှလုံးသားမှာ လေးလံနေတော့သည်။
အကယ်၍ ယခု သူတို့ မိစ္ဆာကျွန်းဆီသို့ အစွမ်းကုန်အရှိန်ဖြင့် ဦးတည်မည်ဆိုပါက လဝက်ခန့် ကြာပေလိမ့်မည်။ အကယ်၍သူတို့ဟွန်ချွမ်မိစ္ဆာဂိုဏ်းဘဏ္ဍာတိုက်ကို ရှာတွေ့ခဲ့လျှင်ပင် တစ်လ အတွင်း အတိုင်းအဆမဲ့သော ပင်လယ်ပြင်ကြီးမှ ထွက်ခွာရန်မှာမဖြစ်နိုင်သလောက်ပင်။
ဤအချိန်တွင် မရေမတွက်နိုင်သော လေခွဲသံများထွက်ပေါ်လာလေသည်။
ကြယ်စုတန်း နတ်ဘုရားနိုင်ငံတော်မှနတ်ဘုရားအဆင့်ပညာရှင် အမြောက်အမြားမှာ သူတို့ဆီသို့ စုစည်းလာကြပြီ ဖြစ်လေသည်။
“သွားကြစို့”
ရန်ရှောက်ထျန်းက တုံ့ဆိုင်းမနေဘဲတွင်းနက်ကြီးပျံသန်းရေးယာဉ်ကို ထုတ်ယူကာ အမှောင်နဂါး၊ တခြားသူများနှင့်အတူ ယာဉ်ပေါ်သို့ တက်လိုက်ပြီး တွင်းနက်ကြီး ပျံသန်းရေးယာဉ်ကို အစွမ်းကုန် အရှိန်မြှင့်ကာ ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး ထွက်ခွာခဲ့လေတော့သည်။
သူသည် ယခုအချိန်မှာတုံ့ဆိုင်းနေရမည့်အချိန်မဟုတ်ကြောင်း သိရှိထားလေသည်၊ ဘာပဲဖြစ်ဖြစ် သူတို့ မိစ္ဆာကျွန်းဆီသို့သွားပြီး ဟွန်ချွမ်မိစ္ဆာဂိုဏ်းဘဏ္ဍာတိုက် ကျန်ရှိနေသေးသလား ဆိုတာကို သွားရောက်ကြည့်ရှုရမည် ဖြစ်လေသည်။
ရန်ရှောက်ထျန်းနှင့် တခြားသူများထွက်ခွာပြီးမကြာမီမှာပင် ကြယ်စုတန်းနတ်ဘုရားနိုင်ငံ တော်မှ ပညာရှင်အမြောက်အမြားမှာ ဒီရေအလားရောက်ရှိလာခဲ့ကြလေသည်။
ခေါင်းဆောင်မှာ ယွန်းထျန်း၏လက်အောက်မှ မဟာဝက်ဝံကြယ်နတ်ဘုရားလန်ကျင်း ပင် ဖြစ်လေသည်။
ယွန်းထျန်း ၏ လက်အောက်တွင် အမြင့်မြတ်ဆုံးပညာရှင်လေးဦး ရှိလေသည် - မဟာဝက်ဝံ၊ အနောက်၊ အရှေ့ နှင့် တောင်ကြယ်နတ်ဘုရားများ ဖြစ်ကြလေသည်။
ထိုကြယ်နတ်ဘုရား လေးပါးမှာလည်းအတိုင်းအဆမဲ့သော ပင်လယ်ပြင်ကြီးအတွင်း၌ ပြိုင်ဘက်ကင်းသောတည်ရှိမှုများဖြစ်ကြပြီး သူတို့၏အစွမ်းမှာယွန်းထျန်းပြီးလျှင် ဒုတိယအစွမ်း အထက်ဆုံးသူများ ဖြစ်ကြလေသည်။
အချို့က ယွန်းထျန်း၏လက်အောက်မှကြယ်နတ်ဘုရားလေးပါးမှာ ချန်ဆန်းစံအိမ်တော်မှ နတ်ဘုရားလေးပါးထက်ပင် ပို၍အစွမ်းထက်ကြောင်း ပြောကြလေသည်။
မဟာဝက်ဝံလန်ကျင်းသည် တွင်းနက်ကြီးပျံသန်းရေးယာဉ်ပျောက်ကွယ်သွားသော ကောင်းကင်ယံကို ကြည့်လိုက်ကာ သူ၏မျက်လုံးများမှာအေးစက်နေတော့သည်။
“လိုက်ကြစမ်း။ အရှင်မင်းကြီးရဲ့အမိန့်အတိုင်းပဲ အသက်ရှင်ရင်လူကိုယူခဲ့၊ သေရင် အလောင်းကိုယူခဲ့”
“ဘာပဲဖြစ်ဖြစ် ရန်ရှောက်ထျန်းကို ပင်လယ်ထဲကနေ လွတ်ထွက်မသွားစေနဲ့”
“သူတို့ဘက်ကမိုးပြာရောင်ဝက်ဝံနဲ့ကျန်းယုံကျန်းတို့ ရောက်လာရင်တောင်မှရန်ရှောက် ထျန်းကို ပင်လယ်ထဲမှာပဲ မြှုပ်နှံပစ်ရမယ်”
ထိုအချင်းအရာတွေသည်မှာ ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော်က ရန်ရှောက်ထျန်းကို သတ် ရန် မည်မျှအထိဆုံးဖြတ်ထားကြောင်း ပြသနေလေသည်။
မဟာဝက်ဝံလန်ကျင်းမှာ လေထဲသို့ပျံတက်လိုက်ပြီး ဆက်လက်လိုက်လံဖမ်းဆီးခဲ့လေ သည်။
ကြယ်စုတန်း နတ်ဘုရားနိုင်ငံတော်မှနတ်ဘုရားများလည်း နောက်မှထပ်ကြပ်မကွာ လိုက်ပါ သွားကြလေသည်။
သို့သော်လည်း တွင်းနက်ကြီးပျံသန်းရေးယာဉ်မှာ အမှန်တကယ်ပင်စစ်မှန်သောနတ်ဘုရား အဆင့်ပျံသန်းရေးယာဉ်ဖြစ်လေသည်။ ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးများဖြင့် အစွမ်းကုန် မောင်းနှင်ထားသဖြင့် ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော်မှနတ်ဘုရားများနှင့် အကွာအဝေးမှာ တဖြည်းဖြည်း ဝေးကွာသွားခဲ့လေပြီ။
နောက်ဆုံးတွင် မဟာဝက်ဝံလန်ကျင်းနှင့် ကြယ်နတ်ဘုရားလေးပါးတို့သာ လိုက်မီနိုင်တော့ သည်။
နေ့တစ်နေ့နှင့် ညတစ်နေ့ ကုန်ဆုံးသွားခဲ့လေပြီ။
မဟာဝက်ဝံလန်ကျင်း နှင့် ကြယ်နတ်ဘုရားလေးပါးတို့မှာ အပြင်းအထန်လိုက်လံဖမ်းဆီး နေကြဆဲ ဖြစ်လေသည်။
သို့သော်လည်း မဟာဝက်ဝံလန်ကျင်း နှင့် ကြယ်နတ်ဘုရားလေးပါးတို့မှာ အပြင်းအထန် လိုက်လံဖမ်းဆီးနေကြသော်လည်း သူတို့၏နတ်ဘုရားစွမ်းအားများစွာကုန်ဆုံးသွားခဲ့ပြီး သူတို့၏ အရှိန်မှာလည်း တဖြည်းဖြည်းနှေးကွေးလာသည်ကို ရန်ရှောက်ထျန်း မြင်နိုင်လေသည်။
သူ့နောက်မှ အပြင်းအထန်လိုက်နေသောကြယ်နတ်ဘုရားလေးပါးကိုကြည့်ကာ ရန်ရှောက် ထျန်းသည် သူ၏အစွမ်းကိုတိုးတက်အောင်လုပ်ဆောင်ရန် အရေးတကြီးလိုအပ်နေကြောင်း နောက် တစ်ကြိမ် ခံစားမိလိုက်ပြန်လေသည်။ အကယ်၍သူသာနတ်ဝိညာဉ်အဆင့်သို့ တက်လှမ်းနိုင်မည် ဆိုပါက သူသည်ပြိုင်ဘက်ကင်းဖြစ်သွားပြီး အားလုံးကို ချေမှုန်းပစ်နိုင်ပေလိမ့်မည်။
လန်ကျင်း နှင့် ကြယ်နတ်ဘုရားလေးပါးကိုမဆိုထားနှင့်၊ သူသည်ယွန်းထျန်း ကိုပင်လျှင် အစိတ်စိတ်အမြွှာမြွှာ ရိုက်ခွဲပစ်နိုင်ပေလိမ့်မည်။
သူ နတ်ဝိညာဉ်အဆင့်သို့ တက်လှမ်းနိုင်သရွေ့ပေါ့။
နတ်ဝိညာဉ်အဆင့်။
ရန်ရှောက်ထျန်း သူ၏လက်သီးများကို တင်းတင်းဆုပ်လိုက်မိသည်။
နှစ်ရက်နှင့် နှစ်ညကြာပြီးနောက်တွင် နောက်ဆုံး၌မဟာဝက်ဝံလန်ကျင်းနှင့် ကြယ်နတ်ဘုရား လေးပါးတို့၏အရှိန်မှာပို၍ပို၍နှေးကွေးလာခဲ့ပြီး တွင်းနက်ကြီးပျံသန်းရေးယာဉ်၏ နောက်သို့ ပြတ်ကျန်ရစ်ခဲ့ကာ သူတို့၏အမြင်အာရုံမှ ပျောက်ကွယ်သွားခဲ့လေပြီ။
သို့သော်လည်း ရန်ရှောက်ထျန်းမှာလျော့ရဲမနေဘဲ တွင်းနက်ကြီးပျံသန်းရေးယာဉ်ကို အစွမ်း ကုန်အရှိန်မြှင့်ကာ မိစ္ဆာကျွန်းဆီသို့ ဆက်လက်မောင်းနှင်နေခဲ့လေသည်။
ဆယ်ရက်ကျော် ကြာပြီးနောက်တွင် သူတို့သည်မိစ္ဆာကျွန်းသို့ နောက်ဆုံး၌ ရောက်ရှိလာခဲ့ကြ လေပြီ။
ဤအချိန်တွင် ညချမ်းအချိန်သို့ ရောက်ရှိနေပြီဖြစ်ကာ မိစ္ဆာကျွန်းပေါ်တွင် မိစ္ဆာချီစွမ်းအင်များ မှာ ဟိန်းဟောက်နေပြီး လူသားတို့၏ မိစ္ဆာနယ်မြေတစ်ခုအလား ဖြစ်နေတော့သည်။
မိစ္ဆာကျွန်းမှာ ပင်လယ်ရပ်ခြားရှိ အန္တရာယ်ရှိသော နေရာတစ်ခု ဖြစ်လေသည်။
နေ့ခင်းဘက်တွင်ပင် သာမန်နတ်ဘုရားအဆင့်ပညာရှင်များမှာ ဤနေရာသို့ ခြေချရန်မဝံ့ရဲ ကြပေ။ ဤနေရာရှိမိစ္ဆာချီစွမ်းအင်နှင့်တစ္ဆေချီစွမ်းအင်များမှာ အလွန်တရာသိပ်သည်းလှပြီး မိစ္ဆာ သတ္တဝါတစ်မျိုးလည်း ဤနေရာတွင်နေထိုင်လေသည်။ အမှားအယွင်း အနည်းငယ်ရှိသွားရုံဖြင့် နတ်ဘုရားတစ်ပါးပင်လျှင် အရိုးဖြူများအဖြစ် ဝါးမြိုခံရနိုင်လေသည်။
ရန်ရှောက်ထျန်းသည် သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ်ကို အသက်သွင်းလိုက်ပြီး ဗုဒ္ဓပေါင်းတစ်ထောင် နတ်ဘုရားမီးလျှံမီးတောက်မှာ သူ၏ခန္ဓာကိုယ်ပတ်လည်တွင် ပျံဝဲနေကာ မိစ္ဆာချီနှင့် တစ္ဆေချီစွမ်းအင်များကို တိုက်ရိုက်ရိုက်ခွဲပစ်ရင်း သူနှင့်တခြားသူများမှာ မိစ္ဆာကျွန်းအတွင်း သို့ ဝင်ရောက်ခဲ့ကြလေသည်။
အမှောင်နဂါး၊ တိန်းဖုန်းနှင့်တခြားသူများမှာ ဗုဒ္ဓပေါင်းတစ်ထောင်နတ်ဘုရားမီးလျှံမီး တောက်ကိုပထမဆုံးအကြိမ် မြင်ဖူးကြခြင်းဖြစ်ရာ အံ့အားသင့်သွားကြတော့သည်။
ရန်ရှောက်ထျန်းနှင့် တခြားသူများ မိစ္ဆာကျွန်း၏အနောက်တောင်ထောင့်ဆီသို့ ဦးတည်နေစဉ် မှာပင် ရုတ်တရက် ရှေ့ဘက်မှ လူသားမျိုးနွယ်ပညာရှင်များ၏ အသံသဲ့သဲ့ကို ကြားလိုက်ရလေသည်။
ထိုအသံများကို ကြားလိုက်ရသဖြင့် သူတို့အံ့အားသင့်သွားကြသည်၊ မိစ္ဆာကျွန်းသို့ တစ်စုံ တစ်ယောက်အရင်ဆုံးရောက်ရှိနေလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြပေ။ ဒါဆိုရင်တစ်ဖက်လူက လည်း ဟွန်ချွမ်မိစ္ဆာဂိုဏ်း ဘဏ္ဍာတိုက်အတွက် ရောက်လာတာလား။
“ဒါ အမှန်တကယ်ပဲ ဖန်စီ နတ်ဘုရားဆေးပင်ပါလား”
“ဒီ ဖန်စီ နတ်ဘုရားဆေးပင် ဆယ်ပင်ကျော်နဲ့ဆိုရင် ငါတို့ ဖန်စီ နတ်ဘုရားဆေးလုံးတွေကို ဖော်စပ်နိုင်ပြီပေါ့”
၎င်းကို ကြားလိုက်ရသောအခါ ရန်ရှောက်ထျန်း စိတ်အေးသွားတော့သည်။ ဒါဆိုရင် သူတို့က ဟွန်ချွမ်မိစ္ဆာဂိုဏ်း ဘဏ္ဍာတိုက်အတွက်ရောက်လာကြခြင်းမဟုတ်ဘဲ ဤနေရာတွင် ဖန်စီနတ်ဘုရား ဆေးပင်များကို ရှာတွေ့ခဲ့ကြခြင်းသာဖြစ်လေသည်။
ဖန်စီနတ်ဘုရားဆေးပင်မှာ ထိပ်တန်းအဆင့်နတ်ဘုရားဆေးလုံးဖြစ်သော ဖန်စီနတ်ဘုရား ဆေးလုံးကိုဖော်စပ်ရာတွင်အသုံးပြုရသည့်အရေးအကြီးဆုံးနှင့် အလွန်တရာရှားပါးလှသော ဆေး ဘက်ဝင်အပင်များထဲမှ တစ်ခုဖြစ်လေသည်။
“ဘယ်သူလဲ”
ထိုစဉ်မှာပင် ရှေ့မှလူအုပ်ကြီးက သူတို့ကို သတိထားမိသွားကြလေသည်။
ရန်ရှောက်ထျန်းက အမှောင်နဂါးနှင့် တခြားသူများကို ဦးဆောင်ပြီး လမ်းလျှောက်သွားခဲ့လေ သည်။
မြက်ပင်အုပ်ကြီးကိုဖြတ်ကျော်ပြီးနောက် ရန်ရှောက်ထျန်းနှင့် တခြားသူများမှာ တစ်ဖက်လူ များကို မြင်တွေ့လိုက်ရလေသည်။
လူအမြောက်အမြား ရှိနေပြီး လူပေါင်း ရာနှင့်ချီ ရှိလေသည်။
သို့သော်လည်း သူတို့၏ဝတ်စုံများကိုမြင်လိုက်ရသောအခါ ရန်ရှောက်ထျန်းအံ့အားသင့်သွား တော့သည်။ တစ်ဖက်လူများမှာအမှန်တကယ်ပင် ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော်မှ ဖြစ်ကြပြီး သူတို့ကို ဦးဆောင်လာသောလူငယ်မှာ ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော်ဘုရင့်မိသားစုမှ ဖြစ်ကာ ကြယ်စုတန်း နတ်ဘုရားနိုင်ငံတော်၏ ဘုရင့်နဂါးဝတ်စုံကို ဝတ်ဆင်ထားခြင်း ဖြစ်လေသည်။
ဤလူငယ်က ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော်၏ဘုရင့်နဂါးဝတ်စုံကို ဝတ်ဆင်ထားသဖြင့် သူ၏ မည်သူမည်ဝါဖြစ်ကြောင်းမှာ ရှင်းလင်းလှပေသည်။
သူသည် ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော်၏အိမ်ရှေ့မင်းသားဖြစ်ရပေမည်။
ရန်ရှောက်ထျန်းသည် ယွန်းထျန်း၏သားနှင့် ဤနေရာတွင်တွေ့ဆုံရလိမ့်မည်ဟု မထင်ထားခဲ့ ပေ။
***