“ယွန်းထျန်းရဲ့သားပေါ့လေ...”
ရန်ရှောက်ထျန်းသည် သူ၏ရှေ့မှလူအုပ်ကိုဦးဆောင်လာသောလူငယ်ကိုစိုက်ကြည့် လိုက် ရာ သူ၏မျက်လုံးများတွင် အေးစက်မှုများပြည့်နှက်နေတော့သည်။
သူသည် လောလောဆယ်တွင် သူ၏နှလုံးသားထဲမှဒေါသများကိုအတင်းအကျပ် ဖိနှိပ်ထား ခြင်း ဖြစ်လေသည်။
ယခု ဤနေရာတွင် ယွန်းထျန်း၏သားနှင့်တွေ့ဆုံရသည်မှာ အတော်လေးအဆင်ပြေသွားခဲ့ပြီ ဖြစ်သည်၊ အရင်ဆုံး အတိုးလေးဘာလေးယူထားရပေမည်။
ယွန်းထျန်း မှာ ပင်လယ်ရပ်ခြားနိုင်ငံအသီးသီးတွင်အမြင့်မြတ်ဆုံးသော အဆင့်အတန်းတွင် ရှိသူဖြစ်လေသည်။
ကြယ်စုတန်း နတ်ဘုရားနိုင်ငံတော်မှ ပညာရှင်များသည် သူတို့ရှေ့မှလူငယ်လေးက သူတို့၏ နတ်ဘုရားဧကရာဇ်၏အမည်ကိုတိုက်ရိုက်ခေါ်ဆိုရဲသည်ကိုကြားလိုက်ရသဖြင့် ဒေါသတကြီး ဖြစ်သွားကြတော့သည်။
“မောက်မာလိုက်တာ”
“မင်းက အရှင်မင်းကြီးရဲ့ အမည်ကို တိုက်ရိုက် ခေါ်ရဲတယ်ပေါ့လေ”
ယွန်းထျန်း ၏ သားမှာလည်း အလွန်တရာ ဒေါသထွက်သွားတော့သည်။
သို့သော်လည်း သူ စကားပြောတော့မည့်ဆဲဆဲမှာပင် ရန်ရှောက်ထျန်း၏ အေးစက်သော အသံထွက်ပေါ်လာခဲ့သည်။
“သတ်ပစ်ကြစမ်း”
ချက်ချင်းဆိုသလိုပင် အမှောင်နဂါးနှင့်မိစ္ဆာမျောက်ဝံကြီးတို့မှာချက်ချင်းဆိုသလို အစွမ်းများ ပေါက်ကွဲထွက်လာကြတော့သည်။
အမှောင်နဂါးက လက်သီးဖြင့်ထိုးနှက်လိုက်ရာ အမှောင်ထုများကျဆင်းလာပြီး ဧရာမ နဂါးကြီးတစ်ကောင် ဟိန်းဟောက်ထွက်ပေါ်လာလေသည်။
မိစ္ဆာမျောက်ဝံကြီး၏ ပေတစ်သောင်းရှည်သောသံကြိုးကြီးမှာလည်း အသက်များကို နှုတ်ယူမည့် အလင်းတန်းနှစ်ခုအဖြစ်ပြောင်းလဲသွားပြီး ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော် ပညာရှင် များကို တစ်ဦးပြီးတစ်ဦး ချက်ချင်းဖောက်ထွက်သွားခဲ့လေသည်။
တိန်းဖုန်းနှင့် အခြားသောရှေးဟောင်းဘိုးဘေးငါးဦးတို့လည်း တစ်ပြိုင်နက်တည်း တိုက်ခိုက် လိုက်ကြလေသည်။
ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော်ပညာရှင်များမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခဲ့ကြ လေပြီ။
ဤကြယ်စုတန်း နတ်ဘုရားနိုင်ငံတော်ပညာရှင်များမှာအစွမ်းမနည်းလှသော်လည်း သူတို့မှာ နတ်ဝိညာဉ်အဆင့်ပထမ သို့မဟုတ် ဒုတိယအလွှာတွင်သာရှိကြပြီး အစွမ်းထက်ဆုံးသူမှာပင် စတုတ္ထ သို့မဟုတ် ပဉ္စမအလွှာ၌သာရှိလေသည်။
သူတို့သည်အမှောင်နဂါး၊ မိစ္ဆာမျောက်ဝံကြီးနှင့် တခြားသူများ၏တိုက်ခိုက်မှုကို မည်သို့ တောင့်ခံနိုင်မည်နည်း။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော် ပညာရှင်ထက်ဝက်ကျော် မှာ အသတ်ခံလိုက်ရလေပြီ။
ကျန်ရှိနေသော ပညာရှင်များမှာထိတ်လန့်တကြားနိုးထလာကြပြီး ဒေါသတကြီးဖြင့် ပြန်လည် တိုက်ခိုက်ကြလေသည်။
“မင်းသား... မြန်မြန်ထွက်ပြေးပါ”
ကြယ်စုတန်း နတ်ဘုရားနိုင်ငံတော် ပညာရှင်တစ်ဦးမှာ ထိတ်လန့်မှုနှင့် ဒေါသများကြားမှပင် ယွန်းထျန်း ၏ သားကို ခေါ်ဆောင်ပြီး ထွက်ပြေးရန် ပြင်ဆင်လိုက်လေသည်။
သို့သော်လည်း သူတို့ ပျံတက်လိုက်သည်နှင့်တစ်ပြိုင်နက် အမှောင်နဂါး၏ လက်ဝါးချက်ဖြင့် ရိုက်ချခြင်းကို ခံလိုက်ရပြီး မြေပြင်ပေါ်သို့ တိုက်ရိုက် ရိုက်သွင်းခံလိုက်ရလေသည်။
ယွန်းထျန်း ၏ သားမှာမူ တိုက်ရိုက်ပင် အသားဖတ်များအဖြစ်သို့ ပေါက်ကွဲသွားခဲ့လေပြီ။
သူသည် အသားပုံကြီးတစ်ခု ဖြစ်သွားတော့သည်။
“မင်းသား...”
ကြယ်စုတန်း နတ်ဘုရားနိုင်ငံတော်ပညာရှင်များ၏မျက်နှာမှာ ထိတ်လန့်မှုကြောင့် သိသိသာ သာ ပြောင်းလဲသွားကြတော့သည်။
“မင်းတို့က ဘယ်သူတွေလဲ”
“မင်းတို့ မင်းသားကို သတ်ရဲတယ်ပေါ့လေ။ မင်းတို့ လွတ်မှာ မဟုတ်ဘူး၊ မင်းတို့ရဲ့ မျိုးနွယ်စု တစ်ခုလုံးကို အမြစ်ပြတ်သတ်ပစ်ရမယ်”
ကြယ်စုတန်း နတ်ဘုရားနိုင်ငံတော်ပညာရှင်များမှာမျက်လုံးများနီမြန်းလျက် တစ်ယောက် ပြီးတစ်ယောက် ဟိန်းဟောက်လိုက်ကြလေသည်။
သို့သော်လည်း သူတို့အားပြန်လည်တုံ့ပြန်လိုက်သည်မှာ အမှောင်နဂါးနှင့်မိစ္ဆာမျောက်ဝံ တို့၏ အတိုင်းအဆမဲ့သော သတ်ဖြတ်လိုစိတ်နှင့် ဖျက်ဆီးခြင်းစွမ်းအားများသာ ဖြစ်လေသည်။
အော်ဟစ်သံများမှာ ဆက်တိုက်ထွက်ပေါ်နေတော့သည်။
နောက်ဆုံးတွင် ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော်ပညာရှင်တစ်ရာကျော်စလုံး လုံးဝချေမှုန်း ခံလိုက်ရပြီး တစ်ဦးမျှလွတ်မြောက်သွားခြင်း မရှိခဲ့ပေ။
ရန်ရှောက်ထျန်းနှင့် အမှောင်နဂါးတို့သည် ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော် ပညာရှင်များ ၏ အလောင်းများကို အမြန်ဆုံး ရှင်းလင်းပစ်လိုက်ကြလေသည်။
ယွန်းထျန်း ၏ သားကို ကိုင်တွယ်ပြီးနောက် ရန်ရှောက်ထျန်းနှင့် တခြားသူများမှာ အကြာကြီး မနေတော့ဘဲ ဟွန်ချွမ်မိစ္ဆာဂိုဏ်းဘဏ္ဍာတိုက်ရှိရာနေရာသို့ ဆက်လက်ထွက်ခွာခဲ့ကြလေသည်။ ယွန်းထျန်း ၏သားပျောက်ဆုံးသွားမှုမှာ ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော် ပညာရှင်များကို သေချာ ပေါက် သတိပြုမိသွားစေပေလိမ့်မည်။
ကြယ်စုတန်း နတ်ဘုရားနိုင်ငံတော်စစ်တပ်မှာ မကြာမီရောက်ရှိလာတော့မည်ဖြစ်ရာ သူတို့ သည် ဟွန်ချွမ်မိစ္ဆာဂိုဏ်းဘဏ္ဍာတိုက်ကို တတ်နိုင်သမျှမြန်မြန် ရှာဖွေရမည် ဖြစ်လေသည်။
မကြာမီမှာပင် ရန်ရှောက်ထျန်းနှင့်တခြားသူများမှာ ဟွန်ချွမ်မိစ္ဆာဂိုဏ်းဘဏ္ဍာတိုက် ရှိရာ နေရာသို့ ရောက်ရှိလာခဲ့ကြလေပြီ။
“ဘဏ္ဍာတိုက် မြေပုံအရဆိုရင် ဒါဟာ အဝင်ဝပါပဲ”
တိန်းဖုန်းက ဘဏ္ဍာတိုက်မြေပုံကိုထုတ်ယူကာ ရှေ့မှဂူပေါက်ကို လက်ညှိုးညွှန်ပြရင်း ပြော လိုက်သည်။
ရှေ့မှ ဂူပေါက်အတွင်း၌မိစ္ဆာချီစွမ်းအင်များဟိန်းဟောက်နေပြီး အထဲတွင်အနည်းဆုံး ပြင်းထန်သော အရှိန်အဝါဆယ်ဂဏန်းခန့် ရှိနေလေသည်။
သေချာပေါက်ပင် ဒါဟာ မိစ္ဆာကျွန်းရှိ သတ္တဝါများ၏ အသိုက်တစ်ခု ဖြစ်လေသည်။
“တိုးဝင်ကြမယ်” ဟု ရန်ရှောက်ထျန်းက အေးစက်စွာ ပြောလိုက်သည်။
အမှောင်နဂါး၊ မိစ္ဆာမျောက်ဝံကြီးနှင့်တိန်းဖုန်းတို့မှာ ချက်ချင်းဆိုသလိုပင် အတွင်းဘက်သို့ ပျံသန်းဝင်ရောက်သွားကြလေသည်။
ရုတ်တရက် ပြင်းထန်သော ပေါက်ကွဲသံ ထွက်ပေါ်လာလေသည်။
ရန်ရှောက်ထျန်း ဝင်သွားသောအခါမိစ္ဆာကျွန်းရှိ သတ္တဝါအလောင်းဆယ်ဂဏန်းခန့်မှာ မြေပြင်ပေါ်တွင် ဟိုတစ်စ ဒီတစ်စ လဲကျနေသည်ကို မြင်တွေ့လိုက်ရလေသည်။
ဤမိစ္ဆာကျွန်းရှိသတ္တဝါများတွင် မိစ္ဆာချီစွမ်းအင်များဖုံးလွှမ်းနေပြီး ပါးစပ်တွင်လည်း အစွယ် များရှိကြကာ ဟွန်ချွမ်မိစ္ဆာဂိုဏ်းအပျက်အစီးများအတွင်းရှိအလောင်းမိစ္ဆာများနှင့် အတော်လေး ဆင်တူလှပေသည်။
သူတို့မှာ ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ အလောင်းချီစွမ်းအင်များကြောင့်ဖြစ်ပေါ်လာသော မိစ္ဆာများ ဖြစ်နိုင်ခြေ ရှိလေသည်။
ရန်ရှောက်ထျန်းနှင့်တခြားသူများမှာ ဂူအတွင်းသို့ဆက်တိုက်ပျံသန်းဝင်ရောက်သွား ကြလေ သည်။
ပို၍နက်ရှိုင်းသောနေရာသို့ရောက်လေလေ မိစ္ဆာချီနှင့်တစ္ဆေချီစွမ်းအင်များမှာ ပိုမို၍ ပြင်းထန် လာလေလေဖြစ်ပြီး ထိုချီစွမ်းအင်များကြားတွင် အလောင်းချီစွမ်းအင်များလည်း ပါဝင်နေလေသည်။
ကံကောင်းသည်မှာ ရန်ရှောက်ထျန်းတွင် ၎င်းတို့ကိုဖိနှိပ်ရန်အတွက် ဗုဒ္ဓပေါင်းတစ်ထောင် နတ်ဘုရားမီးလျှံမီးတောက်ရှိနေသဖြင့် သူတို့အုပ်စုမှာဂူ၏အနက်ရှိုင်းဆုံးနေရာရှိ မြေအောက် ခန်းမဆောင်သို့ ဘေးကင်းစွာရောက်ရှိသွားခဲ့လေသည်။
မြေအောက်ခန်းမဆောင်၏ အနက်ရှိုင်းဆုံးနေရာ၏အဆုံးတွင် ဧရာမအရိုးတံခါးကြီးတစ်ခု ရှိနေလေသည်။
ဤအရိုးတံခါးမှာ ဟွန်ချွမ်ဘိုးဘေး၏ ဂူဗိမာန်မှ အရိုးတံခါးနှင့် အတော်လေး ဆင်တူလှသည်၊ ၎င်းမှာ အလောင်းမြစ်အတွင်းရှိအလောင်းသားရဲများ၏အရိုးများဖြင့်ပြုလုပ်ထားခြင်း ဖြစ်ရပေ မည်။
အရိုးတံခါးပေါ်တွင် အံ့ဩဖွယ်ကောင်းသောသေမင်းချီစွမ်းအင်များဖုံးလွှမ်းနေပြီး ၎င်း၏ သေမင်းချီစွမ်းအင်မှာ ဟွန်ချွမ်ဘိုးဘေး၏ဂူဗိမာန်ထက်မနိမ့်ကျလှပေ။
ရန်ရှောက်ထျန်းသည် ဆေးနံ့သာအိုးကို သူ့အားကာကွယ်ခိုင်းလိုက်ပြီး အရိုးတံခါးရှေ့သို့ လာကာ ထာဝရနတ်ဘုရားခန္ဓာကိုယ်စွမ်းအားကိုလည်ပတ်လိုက်ပြီး သူ၏လက်ဝါးများကို အရိုး တံခါးပေါ်သို့ တင်လိုက်လေသည်။
အချိန်စွမ်းအားအောက်တွင် အရိုးတံခါးမှာတဖြည်းဖြည်း ဝါးမြိုခံလာရတော့သည်။
သို့သော်လည်း အရှိန်မှာနှေးကွေးနေဆဲဖြစ်သဖြင့်ရန်ရှောက်ထျန်းသည် အရှိန်မြှင့်ရန် အတွက် အချိန်စွမ်းအားကိုအစွမ်းကုန်အသက်သွင်းလိုက်လေသည်။
ကြယ်စုတန်း နတ်ဘုရားနိုင်ငံတော်စစ်ခံတပ်မှာမကြာမီရောက်ရှိလာတော့မည်ဖြစ်ရာ သူသည်တတ်နိုင်သမျှအမြန်ဆုံး၊ အမြန်ဆုံးနှင့်ပိုမို၍ပင်မြန်ဆန်အောင်လုပ်ဆောင်ရမည် ဖြစ်လေ သည်။
နောက်ဆုံးတွင် ဘဏ္ဍာတိုက်၏အရိုးတံခါးပေါ်တွင် ဧရာမအပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ လေပြီ။
ရန်ရှောက်ထျန်းနှင့်တခြားသူများမှာဘာမှမပြောဘဲအတွင်းသို့ဝင်ရောက်လိုက်ကြလေ သည်။
အတွင်းသို့ရောက်သည်နှင့် မြင်တွေ့လိုက်ရသောမြင်ကွင်းကြောင့် လူအုပ်ကြီးမှာ အလွန် တရာဝမ်းသာသွားကြတော့သည်၊ အဆုံးမရှိသောဝိညာဉ်ကျောက်တုံးများ၊ ဝိညာဉ်ဆေးပင်များ၊ သတ္တုပစ္စည်းများနှင့် လက်နက်ကောင်းများကို မြင်တွေ့လိုက်ရခြင်းဖြစ်လေသည်။
အဆိပ်နဂါးနန်းတော်ဘဏ္ဍာတိုက်မှာ လုံလောက်အောင်ကြီးမားခဲ့သော်လည်း သူတို့ရှေ့ရှိ ဟွန်ချွမ်မိစ္ဆာဂိုဏ်း ဘဏ္ဍာတိုက်နှင့်နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ပေ။
ဟွန်ချွမ်မိစ္ဆာဂိုဏ်းမှာ ဟိုတုန်းကချန်ဆန်းတိုက်ကြီး၏ ပထမဆုံးမိစ္ဆာဂိုဏ်းဟူသော ဂုဏ်သ တင်းနှင့်အညီ သူတို့၏အံ့ဩဖွယ်ကောင်းသောဘဏ္ဍာတိုက်မှာ အဆိပ်နဂါးနန်းတော်ထက်များစွာ သာလွန်လေသည်။
ရန်ရှောက်ထျန်းသည်အမှောင်နဂါး၊ မိစ္ဆာမျောက်၊ တိန်းဖုန်းနှင့် တခြားသူများကိုဘဏ္ဍာတိုက် အတွင်းရှိပစ္စည်းအားလုံးကို အပြည့်အဝသယ်ဆောင်ရန်ခိုင်းစေလိုက်ပြီး သူကိုယ်တိုင်မူ ဘဏ္ဍာတိုက် ၏ ပို၍နက်ရှိုင်းသော နေရာဆီသို့ပျံသန်းသွားလေသည်။
သူသည် မိုင်ပေါင်းဘီလီယံနှင့်ချီသောခရီးကိုနှင်ပြီးပင်လယ်ရပ်ခြားရှိ ဟွန်ချွမ်ဘဏ္ဍာတိုက် ကိုလာရောက်ရှာဖွေခြင်း၏ အဓိကရည်ရွယ်ချက်မှာကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက် တုံးနှင့် ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်အတွက်သာဖြစ်လေသည်။
သူသည်ထိုဝိညာဉ်ကျောက်တုံးများ၊ ဝိညာဉ်ဆေးပင်များ၊ သတ္တုပစ္စည်းများနှင့်လက်နက် များကိုစိတ်မဝင်စားပေ။
ရန်ရှောက်ထျန်းနှင့် တခြားသူများဟွန်ချွမ်မိစ္ဆာဂိုဏ်းဘဏ္ဍာတိုက်ကို စတင်သယ်ယူနေစဉ် မှာပင် ယွန်းထျန်း၏သားပျောက်ဆုံးသွားမှုမှာကြယ်စုတန်းနတ်ဘုရားနိုင်ငံတော် ပညာရှင်များကို နောက်ဆုံး၌ သံသယဖြစ်ပေါ်လာစေခဲ့လေပြီ။
“ဘာ... မင်းသားက လွန်ခဲ့တဲ့လဝက်ကတည်းက အဆက်အသွယ်ပြတ်နေတာ ဟုတ်လား” ဟု မဟာဝက်ဝံ ကြယ်နတ်ဘုရား လန်ကျင်း က အံ့အားသင့်စွာ မေးလိုက်သည်။
“ဟုတ်ပါတယ်၊ မင်းသားနဲ့သူတို့အုပ်စုကမိစ္ဆာကျွန်းထဲကိုဝင်သွားခဲ့ကြတာပါ၊ သူတို့က ဖန်စီ နတ်ဘုရားမြက်ကို ရှာတွေ့ခဲ့တယ်လို့ ပြောပုံရပါတယ်” ဟု ကြယ်စုတန်း နတ်ဘုရားနိုင်ငံတော် ပညာရှင်က အမြန်ပြန်လည်လျှောက်တင်လိုက်သည်။
“ဒါပေမဲ့ လွန်ခဲ့တဲ့လဝက်ကစပြီး မင်းသားတို့အုပ်စုနဲ့ အဆက်အသွယ် ပြတ်သွားတာပါ”
“မိစ္ဆာကျွန်းဟုတ်လား”
မဟာဝက်ဝံကြယ်နတ်ဘုရားလန်ကျင်း ဇဝေဇဝါဖြစ်သွားသည်၊ မိစ္ဆာကျွန်းမှာ အန္တရာယ် များသော်လည်း မင်းသားတို့အုပ်စု၏ အစွမ်းအရဆိုလျှင် ဘာအန္တရာယ်မှ ရှိရန်မဖြစ်နိုင်ပေ။
သူ တွေးမိလေလေ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားရလေလေ ဖြစ်နေတော့သည်။
“စစ်တပ်ကို စေလွှတ်လိုက်စမ်း၊ မိစ္ဆာကျွန်းကို ဝိုင်းထားလိုက်ကြ”
မဟာဝက်ဝံကြယ်နတ်ဘုရားလန်ကျင်း က ချက်ချင်းအမိန့်ပေးလိုက်သလို၊ တစ်ပြိုင်နက် တည်းမှာပင် သူနှင့်အခြားသောကြယ်နတ်ဘုရားသုံးပါးတို့မှာ မိစ္ဆာကျွန်းဆီသို့လျင်မြန်စွာ ပျံသန်း သွားကြလေတော့သည်။
လန်ကျင်း ၏ အမိန့်အောက်တွင် ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော် စစ်တပ် ဘီလီယံနှင့်ချီ၍ ဒီရေအလား ထွက်ပေါ်လာခဲ့လေပြီ။
တစ်ချိန်တည်းမှာပင် ရန်ရှောက်ထျန်းသည် ဟွန်ချွမ်ဘဏ္ဍာတိုက်၏ အနက်ရှိုင်းဆုံး နေရာသို့ နောက်ဆုံး၌ ရောက်ရှိလာခဲ့လေပြီ။
ဟွန်ချွမ် ဘဏ္ဍာတိုက်၏အနက်ရှိုင်းဆုံးနေရာသို့ရောက်သည်နှင့် သူသည်ကောင်းကင် ကံကြမ္မာနတ်ဘုရားကျောက်တုံး၏စွမ်းအားကိုအာရုံခံမိလိုက်လေသည်။ ရန်ရှောက်ထျန်းမှာ အလွန်တရာဝမ်းသာသွားပြီး ရှေ့သို့ပျံသန်းသွားရာ သေချာပေါက်ပင်ဘဏ္ဍာတိုက်၏ အနက်ရှိုင်းဆုံး နေရာရှိနေရာတစ်ခုတွင် ကောင်းကင်ကံကြမ္မာနတ်ဘုရားကျောက်တုံးများကို မြင်တွေ့လိုက်ရ လေသည်။
ထို့အပြင် ၎င်းတို့မှာ အတော်လေးများပြားလှပြီး အခုနှစ်ဆယ်ကျော် ရှိလေသည်။
ရန်ရှောက်ထျန်းမှာဝမ်းသာအားရဖြင့် ထိုကောင်းကင်ကံကြမ္မာနတ်ဘုရားကျောက်တုံး နှစ်ဆယ်ကျော်စလုံးကို သေချာစွာသိမ်းဆည်းလိုက်လေသည်။
ကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံးများနှင့် မနီးမဝေးတွင်ရန်ရှောက်ထျန်းသည် အရိုးလက်စွပ်တစ်ကွင်းကို ရှာတွေ့ခဲ့လေသည်။ ဤအရိုးလက်စွပ်မှာလည်း အလောင်းမြစ်အတွင်းရှိ အလောင်းသားရဲများ၏ အရိုးများဖြင့် သန့်စင်ထားခြင်း ဖြစ်လေသည်။
ထို့အပြင် ၎င်း၏ သေမင်းချီစွမ်းအင်မှာ အရိုးတံခါးထက်ပင် ပိုမို ပြင်းထန်လှပေသည်။
“ဟွန်ချွမ်လက်စွပ်”
သူသည် အခုရက်ပိုင်းအတွင်းဟွန်ချွမ်ဘိုးဘေး၏ မှတ်စုများကို အမြောက်အမြား ဖတ်ရှုခဲ့ပြီး ဖြစ်လေသည်။
ထို့ကြောင့် ဤအရိုးလက်စွပ်ကိုမြင်သည်နှင့် ရန်ရှောက်ထျန်းမှာ ၎င်းမှာ ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ အမွေအနှစ်ရတနာဖြစ်သော ဟွန်ချွမ်လက်စွပ် ဖြစ်ကြောင်း ချက်ချင်းသိလိုက်ရလေသည်။
ဤဟွန်ချွမ်လက်စွပ်မှာ ဟိုတုန်းကဟွန်ချွမ်ဘိုးဘေးသည် အလောင်းသားရဲတစ်ကောင်၏ မာကျောလှသော ဦးခေါင်းခွံတစ်ခုလုံးကို အသုံးပြုပြီး သန့်စင်ခဲ့ခြင်း ဖြစ်လေသည်။
ရန်ရှောက်ထျန်းသည် ဟွန်ချွမ်လက်စွပ်ကို သူ၏လက်ထဲသို့ ယူလိုက်ပြီး ဟွန်ချွမ်ဘိုးဘေး၏ လျှို့ဝှက်နည်းလမ်းကို အသုံးပြုကာ အတွင်းရှိတားမြစ်ချက်ကို ဖွင့်ရန် ကြိုးစားလိုက်လေသည်။
မမျှော်လင့်ဘဲ ၎င်းမှာ အလွန်လျင်မြန်စွာ ပွင့်သွားခဲ့လေသည်။
၎င်း ပွင့်သွားသောအခါ ဟွန်ချွမ်လက်စွပ်အတွင်း၌ လေးစားဖွယ်ကောင်းသော လျှို့ဝှက်ကျမ်းတစ်စောင်ဖြစ်သည့် “ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်” ကိုထားရှိထားသည်ကို တွေ့လိုက်ရ လေသည်။
ခဏမျှ အံ့အားသင့်သွားပြီးနောက် ရန်ရှောက်ထျန်းအလွန်တရာဝမ်းသာသွားတော့သည်၊ ဟွန်ချွမ်နတ်ဘုရားကျင့်စဉ်က အမှန်တကယ်ပင် ဟွန်ချွမ်လက်စွပ်အတွင်း၌ ရှိနေသည်တဲ့လား။
***