ထိုအချိန်တွင် ဖျင်ကျင်းမြို့တစ်မြို့လုံးသည် မနေ့ညက ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို ဆွေးနွေး ပြောဆိုနေခဲ့ကြသည်။ မည်သို့ပင်ဆိုစေကာမူ မနေ့ညက ထျန်ဖုန်းသည် ယွမ်လီကို ဖျင်ကျင်းမြို့ တစ်ဝက်နီးပါးခန့် လှည့်လည်ပြသစေခဲ့သည် မဟုတ်ပါလား။
လမ်းမများပေါ်တွင်သာမက အရက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် တည်းခိုခန်းများတွင်ပါ ထိုအကြောင်းများကို ပြောဆိုနေကြသည်။
လူတိုင်းက မနေ့ညက ဝတ်လစ်စလစ်ဖြစ်နေသော လူတစ်ယောက် ဖျင်ကျင်းမြို့ထဲတွင် ပတ်ပြေးခဲ့ သည့် အဖြစ်အပျက်ကို ဆွေးနွေးနေကြခြင်း ဖြစ်သည်။
"ဘယ်သူကများ အဲဒီလောက်တောင် အရှက်မရှိတာလဲ…။"
"အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောစမ်းပါနဲ့။ သူတို့မှာလည်း သိက္ခာဆိုတာ ရှိသေးတယ်၊ သူတို့ မျက်နှာတွေကို ဖုံးထားကြတာပဲလေ…။"
"သူ့ရဲ့ ထူးခြားတဲ့ စွမ်းရည်တွေကို ကြည့်ရသလောက်တော့ သာမန်လူ မဖြစ်နိုင်ဘူး။ အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်တောင် ဖြစ်နိုင်တယ်….။"
"အနောက်ကနေ လိုက်ဖမ်းနေတာ။ အရှေ့ကလူက အဝတ်အစားတစ်ပုံကြီးကို သယ်သွားတယ်လို့ ထင်ရတာပဲ…။"
"မနေ့က ငါ့သူငယ်ချင်းတစ်ယောက် ပြည့်တန်ဆာရုံကို သွားခဲ့တယ်။ အဲဒီပြဿနာကောင်က ပြည့်တန် ဆာရုံကနေ ထွက်ပြေးသွားတာလို့ ကြားတယ်…။"
"မင်းသူငယ်ချင်းဆိုတာ မင်းကိုယ်မင်း ဆိုလိုတာတော့ မဟုတ်ပါဘူးနော်….။"
"အရှေ့ကလူက ပြည့်တန်ဆာရုံထဲက အဲဒီကိုယ်လုံးတီးပြရတာကို ဝါသနာပါတဲ့ကောင်ဆီကနေ အဝတ် အစားတွေကို ခိုးသွားတာများ ဖြစ်နိုင်မလား…။"
"ဝိုး... အဲဒါက တော်တော်လေး ဖြစ်နိုင်ခြေရှိတယ်။ ဒါပေမယ့် ဘယ်သူကများ အဲဒီလောက်တောင် ဆိုးသွမ်းရက်စက်ရတာလဲ…။"
"ကိုယ်ကျင့်တရားမရှိတဲ့အကြောင်း ပြောမှ လူတစ်ယောက်ကို သွားသတိရမိတယ်…။"
"ထျန်အာဖုန်းလား…။"
ထိုအချိန်မှာပင် ပို၍စိတ်ဝင်စားစရာကောင်းသော သတင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
"မင်းတို့ ကြားပြီးပြီလား။ မနေ့ညက ယီချွန်းပြည့်တန်ဆာရုံကို အင်မော်တယ်သခင် နှစ်ယောက် ရောက် လာတယ်တဲ့။ သူတို့က လက်တစ်ချက် ဝှေ့ယမ်းလိုက်တာနဲ့ ဧရာမ မီးလုံးကြီးတစ်လုံးကို ဖန်တီးနိုင် တယ်လို့ ပြောကြတယ်။ သူတို့က အဆင့်မြင့် ကျင့်ကြံသူတွေလို့ သံသယရှိရပြီး တချို့က တော့ မြစိမ်း တောင်ဂိုဏ်းကလာတာလို့တောင် ပြောနေကြတယ်…။"
ညစာစားပွဲတစ်ခုတွင် အမျိုးသားတစ်ဦးက သူ၏ အဖော်များကို တိတ်တစိတ်ပင် ကြွားလုံးထုတ် နေခဲ့လေသည်။
ဤဒေသရှိ လူများအတွက်မူ ချီစွမ်းအင်သန့်စင်ခြင်း အဆင့်(၇) သည်ပင်လျှင် လှမ်းမမီနိုင်သော ပန်းတိုင်တစ်ခု ဖြစ်နေသည်ပင်။
"ငါ အဲဒီအကြောင်း အရင်ကတည်းက ကြားဖူးပါတယ်ကွာ….။"
သူ၏အဖော်က ပေါ့ပေါ့တန်တန်ပင် ပြောလိုက်လေသည်။
"ပြည့်တန်ဆာရုံက ထုတ်ပြန်လိုက်တဲ့ သတင်းကိုရော မင်း သိပြီးပြီလား….။"
ထိုအမျိုးသားက အဓိပ္ပါယ်မျာစွာပါသော အပြုံးတစ်ခုဖြင့်ပြုံးလျက် မေးလိုက်သည်။
"ဘာသတင်းလဲ"
သူ၏အဖော်ဖြစ်သူမှာလည်း သိချင်စိတ် ပြင်းပြသွားခဲ့သည်။
"စဉ်းစားကြည့်လေကွာ... အင်မော်တယ်သခင်တစ်ယောက်က ပြည့်တန်ဆာရုံမှာ ဘာများ သွားလုပ် မှာလဲ…။"
"အဲဒါက... ဟုတ်သားပဲ…။"
"မနေ့ညက အဲဒီ အင်မော်တယ်သခင်နှစ်ယောက်က နာမည်ကြီး ပြည့်တန်ဆာ သုံးယောက်ကို ခေါ်သွား တယ်တဲ့။ အခု အဲဒီ နာမည်ကြီး ပြည့်တန်ဆာ သုံးယောက်က ဈေးတက်သွားပြီလေ။ ဘာပဲဖြစ်ဖြစ် အင်မော်တယ်သခင်တွေနဲ့ အတူတူ နေခွင့်ရတာ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ….။"
အမျိုးသားက သူ၏အဖော်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
"ဆိုင်ရှင်... ကျသင့်ငွေ ရှင်းမယ်…။"
"ဆိုင်ရှင်... ပိုက်ဆံ စားပွဲပေါ်မှာ တင်ခဲ့တယ်နော်…။"
"အိုဘုရားရေ... ငါ့ရဲ့ ဝက်မကြီး မွေးတော့မယ်၊ ငါ သွားမှဖြစ်တော့မယ်…။"
"တိုက်ဆိုင်လိုက်တာကွာ၊ ငါ့ဝက်မကြီးလည်း မွေးတော့မှာ…။"
"ငါက အင်မော်တယ်သခင်တွေနဲ့ သူငယ်ချင်းဖြစ်ပြီး ကျင့်ကြံဖက်တွေ ဖြစ်ချင်တာကွ…။"
ချက်ချင်းဆိုသလိုပင် ထိုသတင်းကို ကြားလိုက်ရသော ဘေးနားရှိ လူတိုင်းသည် သူတို့၏ မိသားစု များတွင် တစ်ခုခု အရေးပေါ်ဖြစ်နေပုံရသည့်အလား အလျင်စလို ထွက်ခွာသွားကြလေသည်။
ရုပ်ဖျက်ထားသော ထျန်ဖုန်းသည် လူများအားလုံး ငှက်များနှင့် သားရဲများကဲ့သို့ လူစုကွဲသွားသည်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ ဤသတင်းမှာ သူ ပေါက်ကြားစေခဲ့ခြင်း မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ သူသည် အရည်အချင်းပြည့်ဝသူ တစ်ယောက်ဖြစ်ပြီး ဤကဲ့သို့သော လုပ်ရပ်မျိုး ကို ဘယ်သောအခါမျှ လုပ်ဆောင်မည်မဟုတ်ပေ။ ဤသတင်းမှာ ပြည့်တန်ဆာခေါင်းမကြီးထံမှ ပေါက်ကြားလာခြင်းသာ ဖြစ်ရပေမည်။
…………
တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်တွင် ဟုန်မိသားစုကလည်း သဘာဝကျကျပင် သိရှိသွားခဲ့သည်။
ဟုန်ညီအစ်ကိုများသည် နှုတ်ဆိတ်နေခဲ့ကြသော်လည်း ထိုသတင်းက မြစိမ်းတောင်ဂိုဏ်းမှ လူ(၄) ယောက် ၏ နားထဲသို့ ရောက်ရှိသွားခဲ့သည်။
"ဖွီ… ငါ့ရဲ့ စီနီယာအစ်ကိုနှစ်ယောက်က ဒီလိုမျိုးဖြစ်နေမယ်လို့ ငါ တစ်ခါမှ မထင်ခဲ့မိဘူး။ ပြီးတော့ စီနီယာအစ်ကိုယွမ်က ပိုပြီးတောင် ဆိုးသေးတယ်...။"
ဂျူနီယာညီမငယ်က မျက်နှာရဲရဲဖြင့် တံတွေးထွေးကာ ပြောလိုက်သည်။
ဟုန်လင်း၏ နှုတ်ခမ်းများ မဲ့သွားသည်။ သူမ၏ စီနီယာအစ်ကိုနှစ်ယောက် ဂိုဏ်းမှ ထွက်လာပြီးပြီးချင်း ဤမျှလောက် အပျော်အပါး မက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
သို့သော်လည်း သူမက ယွမ်လီကို မည်သို့ပင်ဖြစ်စေ သဘောမကျသည့်အပြင် အထင်ပင်သေးနေသေး သဖြင့် ဤကိစ္စကို ဘာမှမဟုတ်သလို သဘောထားလိုက်သည်။
ယွမ်လီသည် မိသားစုနောက်ခံ ပိုကောင်းကောင်း ကောင်းနိုင်သော်လည်း သူ၏ အမှန်တကယ် ကျင့်ကြံ ခြင်း စွမ်းရည်မှာမူ သူမလောက် မကောင်းပေ။
"ဟွန့်... ယောက်ျားတွေ အားလုံးက အတူတူပဲ…။"
ထိုအချိန်တွင် ယွမ်လီနှင့် သူ၏ ဂျူနီယာညီလေးတို့လည်း ထိုသတင်းကို ကြားသွားခဲ့လေသည်။
ယွမ်လီ၏ မျက်နှာမှာ မှောင်မိုက်နေပြီး ဘာမှမပြောဘဲ တိတ်ဆိတ်နေခဲ့သည်။
သတင်းများက ဤမျှလောက် ကျယ်ကျယ်ပြန့်ပြန့်နှင့် မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားမည်ဟု သူ တစ်ခါမှ မတွေးမိခဲ့သလို ပြည့်တန်ဆာရုံကလည်း ဤကိစ္စကို အမှန်တကယ် ပြဿနာကြီးဖြစ်အောင် လုပ်ရဲ မည်ဟု မထင်ထားခဲ့ပေ။
*ငါ ဒီလိုလုပ်နေတာ ဘယ်လောက်ကြာပြီလဲ…။*
*ဟိုလူယုတ်မာ ခွေးကောင် ထျန်ဆန်းဖုန်းကြောင့် အစကတည်းက အရာအားလုံး ရှုပ်ထွေးသွားခဲ့ရတာ ပဲ…။*
ယွမ်လီက ဂျူနီယာညီလေးဝူကို မနာလိုစွာဖြင့် တစ်ချက်ကြည့်လိုက်သည်။
*ဟူး... တစ်ခါတလေ အရူးတွေက ကံကောင်းတတ်ကြတယ်ကွာ…*
"စီနီယာအစ်ကိုယွမ်...။"
ဂျူနီယာညီလေးဝူက အားနည်းသောအသံဖြင့် ခေါ်လိုက်လေသည်။
"မင်းပြောချင်တာကို ပြောလိုက်၊ မဟုတ်ရင်လည်း ပါးစပ်ပိတ်ထားစမ်း…။"
ယွမ်လီက သူ့ကို စိုက်ကြည့်ကာ ဒေါသတကြီး ပြောလိုက်လေသည်။
"စီနီယာအစ်ကိုယွမ်... စီနီယာအစ်မတို့ ဒီကိစ္စကို သိလောက်ပြီလို့ ထင်လား….။"
ဂျူနီယာညီလေးဝူမှာ အလွန်အမင်း စိုးရိမ်နေသော်လည်း သူ လုံးဝ နောင်တမရသည့်အပြင် စီနီယာ အစ်ကိုယွမ်ကိုလည်း အလွန် ကျေးဇူးတင်နေဆဲ ဖြစ်သည်။
"မင်းလို အရူးလေးတောင် ဒါကို သိနေမှတော့ သူတို့က ဘယ်လိုလုပ် မသိဘဲ နေမှာလဲကွ…။"
ယွမ်လီက စိတ်တိုတိုဖြင့် ပြောလိုက်သည်။
"သူတို့က ဂိုဏ်းကို ပြန်ပြောပြရင် ဘယ်လိုလုပ်မလဲ…။"
ဂျူနီယာညီလေးဝူ မျက်လုံးပြူးမျက်စံပြူးဖြင့်မေးလိုက်လေသည်။
ယွမ်လီမှာ ဆက်လက်သည်းခံနိုင်စွမ်းမရှိတော့ဘဲ ဂျူနီယာညီလေးဝူ၏ ဖင်ကို ကန်လိုက်ပြီး
"ဒါဆိုရင် မင်း သူတို့ကို ရအောင် ယူလိုက်ပေါ့ကွ….။"
"သောက်ကျိုးနည်း….။"
"ငါ မင်းကို ပြည့်တန်ဆာရုံကို ခေါ်သွားပေးမိတာ ငါတို့ကိစ္စ ပေါက်ကြားသွားရုံတင်မကဘဲ ငါ့ရဲ့ သိုလှောင်အိတ်လည်း အခိုးခံလိုက်ရသေးတယ်။ ပြီးတော့ ငါက လရောင်အောက်မှာ ငါ့ရဲ့ငှက်ကို ပြစား နေသလိုမျိုးတောင် ဖြစ်သွားလိုက်သေးတယ်လေ…။ ငါ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး…။"
"အဲဒါကို မင်းက ငါ့ကို ဘာလုပ်ရမလဲ လာမေးနေတာလား…။"
"ဘာလို့ ငါ့အစား အပြစ်တွေကို ခေါင်းခံမပေးတာလဲ…။"
ထိုသို့ဝမ်းနည်း ဒေါသထွက်စွာ ပြောဆိုပြီးနောက် သူသည် လှည့်ထွက်သွားပြီး အနောက်တွင် ကျန်ရစ် ခဲ့သော သူ၏ အရူး ဂျူနီယာညီလေးကို လျစ်လျူရှုထားလိုက်လေတော့သည်။
"ငါ တကယ်ပဲ လုပ်နိုင်ပါ့မလား…။"
ဂျူနီယာညီလေးဝူသည် သူ၏မျက်နှာကို စမ်းသပ်ကြည့်ရင်း ယနေ့နံနက်က ယီချွန်းပြည့်တန်ဆာရုံမှ မိန်းကလေးက သူ မည်မျှ ချောမောကြောင်း ပြောခဲ့သည်များကို ပြန်လည်သတိရသွားသည်။
"ဒါပေမယ့် စီနီယာအစ်မလင်းရဲ့ မက်မွန်သီးတွေက အများကြီး ပိုကြီးတာပဲ….။"
……………
"ဟား ဟား ဟား ဟား….။"
ဟုန်ထို့၏ အခန်းထဲမှ အချိန်ကြာမြင့်စွာ ပျောက်ကွယ်နေခဲ့သော အရိုင်းဆန်သည့် ရယ်မောသံကြီး တစ်ခု ထွက်ပေါ်လာလေသည်။
သူသည် အိမ်ထဲမှ မထွက်ဘဲနှင့်ပင် အချို့သောအရာများကို သိရှိနိုင်ပေသည်။
"သူက ကိုယ်လုံးတီးပြရတာကို ဝါသနာပါတဲ့ကောင် ဖြစ်နေတာကိုး၊ ဖျင်ကျင်းမြို့တစ်ဝက်လောက်ကို လရောင်အောက်မှာ သူ့ရဲ့ငှက်လေး ပြရင်း လမ်းလျှောက်ခဲ့တာပဲ…။"
သူသည် အရေအတွက်နည်းပါးမှုကို မစိုးရိမ်ဘဲ မမျှတမှုကိုသာ စိုးရိမ်တတ်သူဖြစ်သည်။ ထျန်ညီအစ်ကို များ၏ နှိပ်စက်ခြင်းကို သူ တစ်ယောက်တည်း ခံရစဉ်က အလွန် ဒေါသထွက်ခဲ့သော်လည်း အခြားသူ များပါ အနှိပ်စက်ခံရသည်ကို တွေ့ရသောအခါ သူ၏စိတ်ထဲတွင် တော်တော်လေး နေသာထိုင်သာ ရှိသွားခဲ့သည်။
"ထျန်ညီအစ်ကိုတွေက အရင်တိုင်းပဲကွ….။"
"ဒီလို ကလေးမျိုးကို ဘယ်လို မိဘတွေကများ မွေးထုတ်ခဲ့တာလဲဆိုတာ ငါ တကယ်ကို မသိတော့ပါ ဘူး…။"
ဟုန်ထို့က အနည်းငယ် ပြုံးလိုက်သည်။ သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ထျန်ညီအစ်ကိုများ က အခြားသူများကိုပါ ပြဿနာပိုရှာရန်ပင် ဖြစ်သည်။ ပျော်ရွှင်မှုကို တစ်ယောက်တည်း ခံစားရသည် ထက် မျှဝေခံစားရသည်က ပိုကောင်းသည် မဟုတ်ပါလား။
ဒီလိုလူတွေ ပိုများလာရင် ဘယ်သူကများ သူတို့ကို ရယ်ရဲတဲ့ သတ္တိရှိဦးမှာတဲ့လဲ။
နောက်တစ်နေ့သို့ ရောက်ရှိလာပြန်ပြီ…။
ဟုန်လင်းမှာ စိတ်မရှည်တော့ပေ။ သူမသည် ထျန်ဆန်းဖုန်းကို ရှင်းလင်းရန် ဖျင်ကျင်းမြို့သို့ ပြန်လာ ခဲ့ခြင်းဖြစ်ပြီး ထိုကိစ္စပြီးပါက ကျင့်ကြံရန်အတွက် ဂိုဏ်းသို့ ပြန်ရဦးမည်ဖြစ်သည်။ ဖျင်ကျင်းမြို့တွင် ဤမျှလောက် အချိန်ဖြုန်းနေရန် သူမတွင် အချိန်ဘယ်မှာ ရှိမည်နည်း။
သူမ ပြဿနာကို မဖြေရှင်းနိုင်သေးခင်မှာပင် သူမဘက်မှ လူတစ်ယောက်က တစ်ဖက်လူ၏ လှည့်စားခြင်းကို ခံလိုက်ရသေးသည်။
"သူက ထွက်မလာဘူးဆိုမှတော့ ငါက ပြောင်းပြန်လှည့်စားတဲ့ နည်းပညာကို သုံးရတာပေါ့…။"
ဖျင်ကျင်းမြို့အလယ်တွင် အမြင့် တစ်မီတာကျော်နှင့် အကျယ်အဝန်း စတုရန်းမီတာ ရာဂဏန်းမျှရှိသော စင်မြင့်တစ်ခုကို ဆောက်လုပ်ထားလေ၏။
ခွေးတစ်ကောင်ကို အလယ်တွင် ခေါ်ဆောင်လာပြီး တစ်စုံတစ်ယောက်က ထိုခွေးကို တစ်ခါတစ်ရံ ကြာပွတ်ဖြင့် ရိုက်နှက်နေခဲ့သည်။
ဟုန်လင်းက စင်မြင့်၏ တစ်ဖက်ရှိ ကုလားထိုင်ပေါ်တွင် ခန့်ညားထည်ဝါစွာ ထိုင်နေပြီး ဟုန်ကျန့်လင် လည်း ထိုနေရာတွင် ရှိနေခဲ့သည်။
ယွမ်လီနှင့် သူ၏ ဂျူနီယာညီလေးတို့မှာမူ ထိုနေရာတွင် မရှိကြပေ။ သူများ မှတ်မိသွားမည်ကို စိုးရိမ် သဖြင့် သူသည် အနီးအနားရှိ ပြခန်းတစ်ခုတွင် ပုန်းအောင်းကာ အောက်ဘက်ရှိ ဆူညံပွက်လောရိုက် နေမှုများကို အပေါ်စီးမှ ကြည့်ရှုနေခဲ့လေသည်။
ဟုန်လင်းသည် ထျန်ဖုန်းကို ထွက်လာစေရန်အတွက် ကောလာဟလအမျိုးမျိုးကို ဖြန့်ထားပြီးဖြစ်သည်။
ထိုအချိန်တွင် သူမက စင်မြင့်ပေါ်မှနေ၍ အော်ဟစ်နေသည်။
"ထျန်ဆန်းဖုန်း... မင်းလို သတ္တိကြောင်တဲ့ကောင်က ငါလို မိန်းမတစ်ယောက်လောက်တောင် အဆင့်မရှိ ဘူးလား….။"
"မင်းမှာ သတ္တိရှိရင် ထွက်ခဲ့စမ်း….။ မျက်နှာကို ဖုံးကွယ်ထားရတဲ့ ကိစ္စမျိုးတွေ မလုပ်နဲ့…။"
"ဒီခွေးကို မြင်လား။ အဲဒါ မင်းရဲ့ ဒုတိယအစ်ကိုရဲ့ အရိုးပြာတွေကို စားခဲ့တဲ့ခွေးပဲ….။"
"ဟွန့်... မင်းရဲ့ ဒုတိယအစ်ကိုက ယုတ်မာတဲ့ ခွေးကောင်ဆိုတော့ သူ့ရဲ့ အရိုးပြာတွေကတောင် ညစ်ပတ် နေတာပဲ။ ဒီခွေးက မင်းအစ်ကိုရဲ့ အရိုးပြာတွေကို စားထားတာဆိုတော့ အခုဆို သူ့ရဲ့သွေးတွေ စွန်းထင်း နေပြီလေ။ ငါက ဒီကောင်ကို တစ်ခါတလေ ကြာပွတ်နဲ့ ရိုက်ပေးရဦးမယ်…။"
ထိုသို့ပြောပြီးနောက် သူမက ခွေးကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ရာ ခွေးမှာ စူးစူးဝါးဝါး အော်ဟစ် လေတော့သည်။
ထိုနေရာတွင် ဖြစ်ပျက်ခဲ့သည့် သတင်းများက ဖျင်ကျင်းမြို့တစ်ဝက်ခန့်သို့ အလျင်အမြန် ပျံ့နှံ့သွား ခဲ့သည်။
စားသောက်ဆိုင်ရှိ ဆွေးနွေးပြောဆိုသံများကို ကြားလိုက်ရသဖြင့် ထျန်ဖုန်းလည်း ထိုကိစ္စကို သိရှိ သွားခဲ့လေသည်။
သို့သော် ဤကိစ္စက စားသောက်နေစဉ် သူ၏ စိတ်အခြေအနေကို လုံးဝ မထိခိုက်စေခဲ့သည့်အပြင် သူက အသံထွက်အောင်ပင် ရယ်မောလိုက်သေးသည်။
'အစ်ကိုကြီး၊ ဒုတိယအစ်ကို... မင်းတို့ တော်တော်လေး ဆိုးဆိုးရွားရွား သေဆုံးခဲ့ရတာပဲ…။'
'ဘယ်လောက်တောင် ယုတ်မာလိုက်သလဲ။ သူတို့က ငါ့ရဲ့ ဒုတိယအစ်ကိုရဲ့ အရိုးပြာတွေကို ခွေးကျွေး လိုက်တယ်တဲ့လေ…။'
ထျန်ဖုန်းမှာ ရင်ကွဲမတတ် ဖြစ်သွားသည်။ သူသာ ထိုအချိန်က သူမ မိသားစု၏ ဘိုးဘွားအုတ်ဂူများကို တူးဖော်ပြီး သူမ၏ ဘိုးဘွားအရိုးပြာများကို ခွေးကျွေးရန် ချန်ထားခဲ့သင့်သည်။
*အရိုးပြာတွေကို စားလိုက်ရင် ခွေးက သွေးမျိုးဆက် ရသွားရောလား…။*
သူက ဟုန်လင်းကို မက်မွန်သီးသာကြီးပြီး ဦးနှောက်မရှိသော မိန်းမဟုပင် စိတ်ထဲမှ ကျိန်ဆဲလိုက်သေး သည်။
သူမပြောပုံအရဆိုလျှင် ခွေးတစ်ကောင်က သူမ၏ မစင်များကို စားလိုက်ပါက သူမ မိသားစု၏ သွေးမျိုးဆက်ကို ရသွားသည်ဟု ဆိုလိုခြင်းလော။
*ဒါဆိုရင် ငါသာ ကြိုသိခဲ့မယ်ဆိုရင် ဟုန်ထို့ကို အစကတည်းက ကန်မယ့်အစား ဓားကိုပဲ ယူလိုက်သင့် တာပေါ့….။*
*သူမက အဲဒါကို ဖြတ်ပြီး ခွေးကို ကျွေးလိုက်တယ်။ ပြီးတော့ အဲဒီခွေးက သူမမိသားစုရဲ့ သွေးမျိုးဆက် ရှိနေပြီလို့ လူတိုင်းကို ပြောလိုက်တာပဲ…။*
စားသောက်နေစဉ် ထျန်ဖုန်းသည် ဟုန်လင်းကို မည်သို့လှည့်စားရမည်ကို စဉ်းစားနေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူမသည် ဆူညံသံအများဆုံး ပြုလုပ်ခဲ့သူဖြစ်သော်လည်း ထိုက်တန်သော ပြစ်ဒဏ်ကို မရရှိသေးပေ။
*လူတွေက တရားမျှတပြီး အဂတိကင်းရမယ်လေ။ ဘာလို့ သူမရဲ့ စီနီယာအစ်ကိုက လရောင်အောက် မှာ သူ့ရဲ့ငှက်ကို ပြရင်း လမ်းလျှောက်နေရချိန်မှာ သူမကကျတော့ အပြစ်ပေးမခံရဘဲ လွတ်မြောက်နေ ရတာလဲ…။*
***