နေမင်းကြီးက အနောက်ဘက် တောင်တန်းများဆီသို့ ဝင်ရောက်သွားပြီဖြစ်ရာ ကောင်းကင်ကြီးမှာ လိမ္မော်ရောင်သန်းနေပြီ ဖြစ်သည်။
နေဝင်ဆည်းဆာသည် နေ့လယ်ခင်းကဲ့သို့ ပြင်းထန်မှု မရှိတော့ဘဲ မှေးစက်ချင်စရာကောင်းပြီး အသက်ဝင်မှု ကင်းမဲ့နေခဲ့သည်။
ထိုအချိန်တွင် ဟုန်လင်းသည်လည်း အနားယူချင်နေပြီဖြစ်ပြီး ထိုင်ရလွန်းသဖြင့် သူမ၏ တင်ပါးများပင် နာကျင်နေပြီဖြစ်သည်။ သို့သော် သူမသည် ထျန်ဆန်းဖုန်းကို ယခုတိုင် မတွေ့ရသေးပေ။
သူမက အကြိမ်ရေ မရေမတွက်နိုင်အောင် ကျိန်ဆဲခဲ့ပြီး ခွေးကိုလည်း အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့ သဖြင့် ခွေးလေးမှာ ဒဏ်ရာတွေ ဗရပွဖြစ်နေပြီဖြစ်သော်လည်း မည်သူ့ကိုမျှ ရှာမတွေ့ခဲ့ပေ။
စောင့်ကြည့်နေသော လူအုပ်ကြီးမှာ လာလိုက် ပြန်လိုက်ဖြင့် မပြတ်တမ်း လည်ပတ်နေပြီး စပ်စုချင် သော လူအသစ်များ အဆက်မပြတ် ရောက်ရှိလာကြလေသည်။
ယွမ်လီမှာမူ လွန်ခဲ့သော နှစ်ညက အလွန်အမင်း ပင်ပန်းနွမ်းနယ်ခဲ့သဖြင့် ပြခန်းထဲတွင် အိပ်ငိုက်နေလေ သည်။
လွန်ခဲ့သော နှစ်ညက ဂျူနီယာညီလေးဝူသည် တားမြစ်သစ်သီးကို ပထမဆုံးအကြိမ် မြည်းစမ်းခွင့်ရခဲ့ ပြီး မနေ့ညကတော့ စကားတွေ ထစ်အကာ တွေဝေနေခဲ့သည်။
အချိန်အတော်ကြာအောင် စကားတွေ လှည့်ပတ်ပြောဆိုပြီးနောက် နောက်ဆုံးတွင် သူ၏ရည်ရွယ်ချက် ကို ထုတ်ဖော်ပြောဆိုလာခဲ့သည်။
ဟုန်လင်းက ဤကိစ္စကို သိပြီးသားဖြစ်သဖြင့် အစကတည်းက လက်လျှော့ထားခဲ့သော်လည်း ယွမ်လီ ကမူ သူ့ကို နောက်တစ်ကြိမ် ခေါ်သွားပေးရန် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် သဘောတူလိုက်လေသည်။
သူသည် ဟုန်ကျန့်လင်ထံမှ ငွေအချို့တောင်းယူကာ ညအမှောင်ကို အကာအကွယ်ယူပြီး ထွက်ခွာသွားခဲ့ သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ သူသည် သိုသိုသိပ်သိပ်သာ နေခဲ့ပြီး ထိုပြည့်တန်ဆာရုံသို့ မသွား တော့ဘဲ အလားတူ အရည်အသွေးရှိသော အခြားနေရာတစ်ခုသို့ သွားခဲ့လေသည်။
ဤတစ်ကြိမ်တွင်မူ သူသည် သင်ခန်းစာရသွားပြီဖြစ်ရာ တံခါးနှင့် ပြတင်းပေါက်အားလုံးကို သော့ခတ် ထားပြီး သူ၏ အဝတ်အစားများအားလုံးကို ခုတင်အောက်တွင် ထည့်ထားလိုက်သည်။ ထိုမိန်းကလေး က သူ့ကို တစ်ခုခု မှားယွင်းနေသည်ဟုပင် ထင်သွားခဲ့သေးသည်။
"ပြဿနာရှာတတ်တဲ့ အဲဒီလူယုတ်မာ မရှိတော့ တကယ့်ကို သာယာတဲ့ညလေးပဲ….။"
ပြခန်းထဲရှိ ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေရင်း ယွမ်လီသည် မျက်လုံးများကိုမှိတ်ကာ မနေ့ညက အသေးစိတ်အချက်အလက်များကို ပြန်လည်စဉ်းစားရင်း နှုတ်ခမ်းသပ်နေမိသည်။
ယနေ့ညတွင် ဂျူနီယာညီလေးကို မည်သို့ စကားပြောလာအောင် လုပ်ရမည်ကို သူ စိတ်ကူးယဉ်နေ မိသည်။ ထို့နောက် သူက တစ်ဝက်တစ်ပျက်သာ သဘောတူယောင်ဆောင်ပြီး တည်ကြည်လေးနက် စွာဖြင့် အကြိမ်အနည်းငယ် ဆုံးမစကားပြောကာ နောက်ဆုံးတွင် မတတ်သာသည့်အလား ခေါ်သွား ပေးမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဂျူနီယာညီလေးဝူက ဘေးတွင် ထိုင်နေသည်။ သူသည် သူ၏ စီနီယာအစ်ကိုကို တဖြည်းဖြည်း ပို၍ ကျေးဇူးတင်လာမိသည်။ မည်သည့် အကြီးအကဲကမျှ သူ့အပေါ် ဤမျှ မကောင်းခဲ့ ဖူးသလို အရေးအကြီးဆုံးမှာ သူ့ကို အစားအသောက်များပင် ကျွေးမွေးနေခြင်းဖြစ်သည်။
သို့သော် ဟုန်လင်းမှာမူ ထိုအချိန်တွင် အခြေအနေ မကောင်းလှပေ။ သူမ၏ တင်ပါးများမှာ ထိုင် ရလွန်းသဖြင့် ထုံကျင်နေပြီဖြစ်သော်လည်း အမျိုးသမီးကောင်းတစ်ယောက်၏ ပုံရိပ်ကို ထိန်းသိမ်းရန် အတွက် သူမ ပွတ်သပ်၍ မရနိုင်ပေ။
သူမသည် သွေးပတ်လည်မှု ကောင်းစေရန် အနည်းငယ် လမ်းလျှောက်ရန် ရည်ရွယ်ကာ မတ်တတ်ရပ် လိုက်လေသည်။ အခြေအနေကို ဖုံးကွယ်ရန်အတွက် သူမက နောက်ထပ် အကြိမ်အနည်းငယ်မျှ ထပ်မံ ကျိန်ဆဲလိုက်ပြန်သည်။
ရုတ်တရက်... စင်မြင့်အောက်မှ လူတစ်ယောက် ခုန်တက်လာခဲ့၏။ သူက ဟုန်လင်းကို တိုက်ခိုက်မည့် အစား ဘေးနားရှိ ခွေးကို ဓားဖြင့် အလျင်အမြန် ခုတ်ပိုင်းလိုက်သည်။
"မင်း ဘယ်လောက်တောင် သတ္တိရှိလို့လဲ…။"
အစပိုင်းတွင် ဟုန်လင်း အံ့သြသွားသော်လည်း ထျန်ဆန်းဖုန်းသည် သူ၏ ဒုတိယအစ်ကို ထပ်မံအရှက်ခွဲ မခံရစေရန် ခွေးကို လာသတ်ခြင်းဖြစ်ကြောင်း အမြန်သဘောပေါက်သွားသဖြင့် သူ့ကို အလိုကျ အခွင့် အရေးပေး၍ မဖြစ်ပေ။
သူမသည် သိုလှောင်အိတ်ထဲမှ ရှည်လျားသော ဓားကို ဆွဲထုတ်ကာ ဓားတစ်ချက်ဖြင့် ကာကွယ်လိုက် သည်။
အောင်မြင်မှု မရနိုင်သည်ကို မြင်သောအခါ တိုက်ခိုက်သူသည် သူ၏ ဓားရှည်ကို ချက်ချင်း ပြန်ရုပ်သိမ်း လိုက်ပြီး နောက်တစ်ကြိမ် ထပ်မံဆွဲထုတ်ကာ ဤတစ်ကြိမ်တွင် သူမ၏ လည်ချောင်းကို ချိန်ရွယ်လိုက် သည်။
ဟုန်လင်းသည် တည်ငြိမ်အေးဆေးစွာဖြင့် အသက်ရှူမှန်မှန်ထားကာ ဓားကို အပေါ်သို့ အားကုန်ခုတ်ချ လိုက်လေသည်။
"ချွင်…"
လာရောက်တိုက်ခိုက်သူ၏ ဓားသည် သူမ၏ ရိုက်ထုတ်ခြင်းကို ခံလိုက်ရသည်။
သူမ အံ့သြဝမ်းသာမဖြစ်ခင်မှာပင် သူမ၏ ရင်ဘတ်တွင် တင်းကျပ်မှုတစ်ခုကို ခံစားလိုက်ရသည်။
အောက်သို့ ငုံ့ကြည့်လိုက်သောအခါ သူမ၏ မို့မောက်နေသော မက်မွန်သီးနှစ်လုံးကို သန်မာသော လက် နှစ်ဖက်က ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
သူ့လက်ဖဝါးမှ နွေးထွေးမှုနှင့် ခွန်အားကို သူမ ခံစားလိုက်ရပြီး ထိုအချိန်တွင် သူမ လုံးဝ မှင်တက်သွား လေသည်။
"အား……"
သူမတစ်ယောက်တည်း မှင်တက်သွားခြင်း မဟုတ်ပေ။
ထိုအချိန်တွင် ဟုန်ကျန့်လင်လည်း မှင်တက်သွားသလို ကူညီရန် အောက်သို့ ခုန်ဆင်းတော့မည့် ယွမ်လီ သည်လည်း မှင်တက်သွားခဲ့သည်။
ထျန်ဖုန်း တစ်ယောက်တည်းသာ အေးခဲမသွားခဲ့ပေ။ သူ၏လက်ထဲမှ နူးညံ့မှုကို ခံစားရင်း သူက ပို၍ အားစိုက်ပေးလိုက်သည်။
ဟုန်လင်းထံမှ မသိမသာ ညည်းတွားသံလေးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထျန်ဖုန်းသည် အနည်းငယ်မျှ တွန့်ဆုတ်မနေဘဲ သုံးစက္ကန့်ခန့်သာ ဆုပ်ကိုင်ထားပြီးနောက် လွှတ်ပေးကာ ထွက်ခွာသွားခဲ့လေသည်။
ထိုအချိန်ထိပင် ဟုန်လင်းသည် အံ့သြမှင်တက်နေဆဲ ဖြစ်သည်။
သူမသည် လာရောက်တိုက်ခိုက်သူ၊ သူမရှေ့ရှိ နှာဗူးကောင်ကို ကြောင်တောင်တောင် ကြည့်နေမိသည်။
သူမရှေ့ရှိ လူသည် ထက်မြက်သော မျက်ခုံးများ၊ တောက်ပသော မျက်လုံးများနှင့် အလွန်ကောင်းမွန် သော အသွင်အပြင်ရှိသော်လည်း သူ၏မျက်နှာမှာ ဒေါသပေါက်ကွဲတော့မည့်အလား မှောင်မိုက်နေ သဖြင့် ဟုန်လင်းမှာ လုံးဝ ခေါင်းရှုပ်သွားခဲ့ရသည်။
သူမတင်သာမကဘဲ အခြားလူတိုင်းကလည်း ထျန်ဖုန်း၏ မှောင်မိုက်နေသော မျက်နှာကိုကြည့်ကာ နားမလည်နိုင်အောင် ဖြစ်နေကြသည်။
*မင်းက သာယာနေရမှာ မဟုတ်ဘူးလား…။*
ယွမ်လီက ထျန်ဖုန်း၏ မျက်နှာအစစ်အမှန်ကို တစ်ခါမှ မမြင်ဖူးသဖြင့် ဤသူသည် သူ၏ သိုလှောင် အိတ်ကို ခိုးယူသွားသူဖြစ်ကြောင်း ချက်ချင်း သတိမထားမိခဲ့ပေ။
"ရှင်... ရှင် လူယုတ်မာ နှာဗူးကောင်၊ ရှင့်ကို ကျွန်မ သတ်ပစ်မယ်….။"
နောက်ဆုံးတွင် ဟုန်လင်း ဘာဖြစ်နေသည်ကို သဘောပေါက်သွားသည်။ သူမ၏ မျက်နှာသည် ဒေါသ ကြောင့် နီရဲသွားပြီး တစ်ဖက်လူကို အပိုင်းပိုင်း ဆွဲဖြဲပစ်ရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း…။"
ထိုအမျိုးသားက ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ သဖြင့် လူတိုင်း ချက်ချင်း တိတ်ဆိတ်သွားကြသည်။
သူ၏မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းနေပြီး ဟုန်လင်းကို အလွန် စိတ်ရှုပ်ထွေးနေသော မျက်နှာ ထားဖြင့် ကြည့်ကာ ပြောလိုက်သည်။
"မြစိမ်းတောင်ဂိုဏ်းက နတ်မိမယ်တွေက လူတိုင်းကို မလှည့်စားတတ်တဲ့ ရိုးသားတဲ့သူတွေလို့ ငါ အရင် က ထင်ခဲ့တာ။ ဒါပေမယ့် မင်းက လူတိုင်းကို လှည့်စားလိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ထားခဲ့ဘူး…။"
"ဘာ... ဘာကို ဆိုလိုတာလဲ…။"
ဟုန်လင်းမှာ လုံးဝ ခေါင်းရှုပ်သွားပြီး သူမ လူသတ်တော့မည်ကိုပင် မေ့သွားခဲ့သည်။
"ငါဘာကို ဆိုလိုတာလဲဆိုတာ မင်း ကောင်းကောင်း သိနေတာပဲ မဟုတ်ဘူးလား။ ငါက အတိအလင်း ပြောပြဖို့ လိုသေးလို့လား…။"
ထျန်ဖုန်းက ဟုန်လင်းကို စိုက်ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"သူက ထန်..."
ဟုန်ကျန့်လင်သည် ထျန်ဖုန်းကို အရင်က မြင်ဖူးသဖြင့် ချက်ချင်း သတိပေးရန် ရည်ရွယ်လိုက်သည်။
မမျှော်လင့်ဘဲ ထျန်ဖုန်းက သူ့ကို အေးစက်စွာ စိုက်ကြည့်ကာ ပြောလိုက်သည်။
"ခင်ဗျားလည်း ပါးစပ်ပိတ်ထားစမ်း။ ခင်ဗျားသမီးအတွက် စကားလမ်းကြောင်း လွှဲချင်နေတာလား…။"
လူတိုင်း အံ့သြမှင်တက်သွားကြသည်။
*ဟုန်လင်းက ဘာများ ဖြစ်ထားလို့လဲ…။*
"ရှင် ပြောချင်တာကိုသာ ပြောလိုက်စမ်းပါ။ ငါ ဟုန်လင်းက ဖြောင့်မတ်မှန်ကန်တဲ့လူ တစ်ယောက်ပါ။ ငါက ဘာလို့ တခြားသူတွေကို လှည့်စားရမှာလဲ….။"
ဟုန်လင်းသည်လည်း မေးခွန်းများ ပြည့်နှက်နေပြီး အကြောင်းရင်းကို သိချင်နေသည်။
ထိုအချိန်တွင် နေရာတစ်ခုလုံး တိတ်ဆိတ်နေပြီး လူတိုင်းက သိချင်စိတ် ပြင်းပြစွာဖြင့် စောင့်ကြည့်နေ ခဲ့ကြသည်။ ထျန်ဖုန်းက လှည့်ထွက်သွားပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေသည်။
"ငါ မပြောသင့်ပါဘူးလေ... ဘာပဲဖြစ်ဖြစ် မိန်းကလေးတစ်ယောက်ရဲ့ သိက္ခာအတွက် တကယ် မကောင်းဘူး….။"
ထိုစကားကို ကြားသောအခါ အောက်ဘက်ရှိ လူတိုင်းက မျက်လုံးများ ပင့်သွားလိုက်ကြသည်။
*မင်းက သူ့..... ကိုင်ထားပြီးမှ သိက္ခာအကြောင်း ပြောရဲသေးတာလား…။*
ဟုန်လင်း တစ်ယောက်သာ အံကြိတ်နေခဲ့သည်။
"ဒါပေမယ့် မင်းရဲ့ လှည့်စားမှုကို တစ်လောကလုံး ခံနေရတာကိုတော့ ငါ ကြည့်မနေနိုင်ဘူး….။"
ထျန်ဖုန်း၏ အသံမှာ အပြစ်ရှိသလို ခံစားနေရပုံပေါ်ပြီး ကြီးလေးသော ဝန်ထုပ်ဝန်ပိုးတစ်ခုကို ထမ်းပိုး ထားရသကဲ့သို့ ဖြစ်နေသည်။
သူက ရုတ်တရက် လှည့်လာပြီး ဟုန်လင်း၏ ရင်ဘတ်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"မင်းရဲ့ တွေက... အတုတွေပဲ…။"
ဤသတင်းက ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေခဲ့သည်။ လုံးဝကို အံ့သြစရာပင်….။
"ဘာ…။"
"အိုဘုရားရေ... ဒါတကယ်ကြီးလား…။"
'ငါတို့အားလုံး လိမ်ညာခံခဲ့ရတာလား…။'
"နတ်မိမယ်ဟုန်လင်းရဲ့ မက်မွန်သီးတွေက ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ…။"
"မဟုတ်ဘူး၊ ငါ မယုံဘူး။ သူ လိမ်နေတာ ဖြစ်ရမယ်…။"
ဟုန်လင်း နောက်သို့ ခြေနှစ်လှမ်း ဆုတ်သွားပြီး သူမ၏ ဒေါသများက ဒြပ်ထုတစ်ခုအဖြစ်သို့ ပြောင်းလဲ သွားသကဲ့သို့ ဖြစ်နေသည်။
သူမက ဓားရှည်ဖြင့် ထျန်ဖုန်းကို ချိန်ရွယ်ကာ အေးစက်စွာဖြင့် ပြောလိုက်သည်။
"အရှက်မရှိတဲ့ လူယုတ်မာ၊ နင်က ဒီလို အဓိပ္ပာယ်မရှိတာတွေကို ဘယ်လိုလုပ် ပြောရဲရတာလဲ။ နင့်ကို ငါ သတ်ပစ်မယ်…။"
"သူ့ကို သတ်လိုက်၊ သူက ထျန်ဆန်းဖုန်းပဲ….။" ထိုအချိန်တွင် ဟုန်ကျန့်လင်က ပြောလိုက်သည်။
"ဘာ... သူက ထျန်ဆန်းဖုန်းလား။ ငါ့ရဲ့ သိုလှောင်အိတ်ကို ခိုးသွားတဲ့ကောင်လား။ သူက သေချင်နေ တာပဲ….။"
ထိုစကားကို ကြားသောအခါ ယွမ်လီက အပြေးအလွှား ရောက်လာပြီး ချက်ချင်းပင် တိုက်ခိုက်ရန် ပြင်လိုက်သည်။
ထျန်ဖုန်းက ဟုန်လင်း၏ ဓားကို အလွယ်တကူ ရှောင်တိမ်းလိုက်၏။ ဟုန်ကျန့်လင်၊ ယွမ်လီနှင့် ဂျူနီယာ ညီလေးဝူတို့ တိုက်ခိုက်တော့မည်ကို မြင်သောအခါ သူက အမြန်ပင် ပြောလိုက်သည်။
"မင်းတို့အားလုံး ဒီကိစ္စကို သိထားပုံရတယ်နော်။ ဒါကို ဖုံးကွယ်ထားဖို့အတွက် ငါ့ကို သတ်ပစ်ဖို့ စီစဉ် နေတာလား။ ကောင်းပြီလေ... ဒီကိစ္စကို ငါနဲ့ ကမ္ဘာကြီးပဲ သိထားရမယ်ထင်တယ်…။"
ထျန်ဖုန်းက မိမိကိုယ်ကိုယ် လှောင်ပြောင်သည့် ရယ်မောသံတစ်ခုကို ထုတ်လွှတ်လိုက်ပြီး သူ၏ မျက်နှာ အမူအရာမှာ အထီးကျန်ဆန်နေပုံရလေသည်။
ထိုစကားကို ကြားသောအခါ အောက်ဘက်ရှိ ပရိသတ်များ ချက်ချင်း နားလည်သွားကြသည်။
"ထင်တဲ့အတိုင်းပဲ၊ ဒါက ကိစ္စကို ဖုံးကွယ်ဖို့ လူသတ်တာပဲ…။"
"ဒီလူတွေက အားလုံး သိထားကြပုံရတယ်နော်…။"
"သူတို့က ဘယ်လိုလုပ် သိတာလဲ…။"
"ဟက်... အဲဒါက မေးစရာ လိုသေးလို့လား…။"
ပရိသတ်များ၏ မှတ်ချက်စကားများကို ကြားသောအခါ ဟုန်လင်းမှာ ဒေါသကြောင့် မျက်နှာများ ဖြူရော်သွားခဲ့သည်။
"အားလုံး ရပ်လိုက်ကြစမ်း…။"
သူမက အော်ဟစ်လိုက်ပြီး သူမ လုပ်နေသည်များကို ရပ်တန့်လိုက်သည်။ အကယ်၍ သူသာ ထိုလူကို သတ်လိုက်လျှင် သက်သေပြစရာ လမ်းစရှိတော့မည် မဟုတ်ပေ။
ထိုစကားကို ကြားသောအခါ ဟုန်ကျန့်လင်နှင့် ဂျူနီယာညီလေးဝူတို့ ရပ်တန့်သွားကြပြီး ယွမ်လီက ခဏမျှ တွန့်ဆုတ်သွားပြီးနောက် သူလည်း ရပ်တန့်သွားခဲ့သည်။
"ရှင်းပြစမ်း….။" ဟုန်လင်းက ထျန်ဖုန်းကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။
"မင်း အဲဒီထဲမှာ တစ်ခုခု ထည့်ထားတာပဲ…။"
"ငါမလုပ်ဘူး၊ နင် လိမ်နေတာ….။"
ဟုန်လင်း၏ မျက်လုံးများ နီရဲနေပြီး ငိုတော့မလို ဖြစ်နေသည်။ မည်သည့် အမျိုးသမီးက လူပုံအလယ် တွင် ထိုကဲ့သို့ ပြောဆိုခံရခြင်းကို သည်းခံနိုင်မည်နည်း။
ထိုအချိန်တွင် လူအတော်များများက သံသယဖြစ်လာကြပြီး ဟုန်လင်း၏ ခန္ဓာကိုယ်ကို မလွတ်တမ်း စိုက်ကြည့်နေကြသည်။
ဟုန်ကျန့်လင်ပင်လျှင် ယိမ်းယိုင်လာခဲ့သည်။
ယွမ်လီက ဟုန်လင်း၏ မက်မွန်သီးများကို ကြည့်ကာ စိတ်ထဲမှ လှောင်ပြောင်လိုက်ပြီး တွေးလိုက် သည်။
*ဒါတွေက ဒီလောက်ကြီးနေတာကို ငါသိသားပဲ… မင်းက ဘာလို့ ငါ့ကို ကိုင်ခွင့်မပေးရတာလဲ…*
"ဒါကြောင့်ကိုး... ဒါကြောင့် ဒီလောက်ကြီးနေတာကိုး…"
"တကယ်ကြီးလား…"
"ဘယ်သူသိမှာလဲ။ ငါ ကိုင်ကြည့်ရမှပဲ သိမယ်…။"
"ငါကတော့ နတ်မိမယ်လင်းကို ယုံကြည်တုန်းပဲ…။"
"ငါလည်း အတူတူပဲ။ ဘာပဲဖြစ်ဖြစ် ဘယ်မိန်းမကမှ အဲဒီလောက်ထိ အရှက်မမဲ့ပါဘူး…။"
အောက်ဘက်ရှိ စကားများကို ကြားရသောအခါ ဟုန်လင်း၏ မျက်နှာမှာ ဖြူရော်သွားပြီးနောက် ခရမ်း ရောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
သူမက လုံးဝ သက်သေမပြနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သက်သေပြရန်အတွက် သူမက ချွတ်ပြရမည်ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် သက်သေပြရန်အတွက် ချွတ်ပြရမည်ဆိုလျှင် လုံးဝ သက်သေမပြသည်က ပိုကောင်းပေသည်။
အခြားအမျိုးသမီးများကို စစ်ဆေးခိုင်းမည်ဆိုလျှင်လည်း လူနည်းလွန်းပါက အရှက်ရစရာဖြစ်ပြီး လူများလွန်းပါကလည်း ထိုနည်းတူပင် ရှက်စရာကောင်းပေလိမ့်မည်။
ဟုန်လင်းသည် မြစ်ဝါမြစ်ထဲသို့ ခုန်ချလိုက်လျှင်တောင်မှ သူမ၏ နာမည်ကို ရှင်းလင်း၍ မရနိုင်တော့ ကြောင်း ထိုအချိန်မှသာ သဘောပေါက်သွားတော့သည်။
ထျန်ညီအစ်ကိုများသည် ကိုယ်ကျင့်တရားမရှိကြောင်း ပြောဆိုခဲ့ကြသော ထိုသားကောင်များ၏ ခံစားချက်ကို သူမ ထိုအချိန်မှသာ နားလည်သွားတော့သည်။
အရင်က သူမသည် ထျန်ညီအစ်ကိုများမှာ လေလွင့်ကျင့်ကြံသူ အနည်းငယ်မျှသာဖြစ်ပြီး သူမက သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း ဤမျှလောက် ကြီးမားသော ဆုံးရှုံးမှုကို ခံစားရလိမ့်မည်ဟု သူမ တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။
အကယ်၍ သူမကို အခွင့်အရေး နောက်တစ်ကြိမ်သာ ထပ်ပေးမည်ဆိုလျှင် သူမသည် ဖျင်ကျင်းမြို့သို့ ဘယ်တော့မှ ပြန်မလာတော့ပေ။ ဤကဲ့သို့သော လူယုတ်မာမျိုးမှာ သာမန်လူတစ်ယောက် ရင်ဆိုင်နိုင် သောလူမျိုး မဟုတ်ပေ။
ထိုအချိန်တွင် သူမ အလုပ်ချင်ဆုံးအရာမှာ ဟုန်ထို့ကို ပါးရိုက်ချင်ခြင်းပင် ဖြစ်သည်။
*နင်က ဘာလို့ သူ့အစ်ကိုကို သွားရန်စရတာလဲ။ ပြီးတော့ နင်က သူ့ကိုတောင် သတ်ပစ်လိုက်သေး တယ်လေ….။*
***