ပင်လယ်နက်၏ အလွန်နက်ရှိုင်းသော နေရာတွင် တော်ဝင်နတ်ဆိုး မျှော်စင်၏ အပိုင်းအစများသည် ပင်လယ်ကြမ်းပြင်ပေါ်၌ ပျံ့ကျဲနေပြီး၊ နောက်ထပ် အပိုင်းအစများစွာသည်လည်း အောက်သို့ နစ်မြုပ်နေဆဲဖြစ်သည်။
ယခင်က ပျက်စီးယိုယွင်းနေသည့်တိုင် တစ်စစီမကွဲထွက်ခဲ့သော မျှော်စင်ကြီးသည် ယခုအခါတွင်မူ တစ်စစီ စတင်ပြိုကျလာနေပြီဖြစ်သည်။
မျှော်စင်၏ အောက်ခြေသည် ပင်လယ်ကြမ်းပြင်ထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နေပြီး ကျယ်ဝန်းသော မြေအောက်ကွင်းပြင်တစ်ခုအထိ ရောက်ရှိနေသည်။ ထိုကွင်းပြင်တစ်ခုလုံးတွင် ရှုပ်ထွေးလှသော ရွန်းစာလုံးများဖြင့် ပြည့်နှက်နေ၏။
မျှော်စင်ဟာ ထိုရွန်းကွင်းပြင်၏ ၉၅ ရာခိုင်နှုန်းခန့်ကို ဖုံးလွှမ်းထားပြီး ၎င်းသည် ပေ ၂၀၀၀ ကျော်ခန့် အရွယ်အစားရှိသည်။
ထိုစဉ်တွင်ပင် မျှော်စင်၏ ပေတစ်ရာမြင့်သော အနက်ရောင်တံခါးကြီးဟာ အချိန်အတော်ကြာပြီးနောက် တကျီကျီမြည်ကာ ပွင့်လာပြီး၊ လက်ချင်းတွဲထားသော အေ့စ် နှင့် အီဗာတို့ ထွက်လာကြသည်။
အေ့စ်က အပြင်ဘက်ကို ကြည့်လိုက်ရာ သူ့မျက်လုံးများက အပြင်ဘက် ကြမ်းပြင်ပေါ်တွင် ထွင်းထုထားသော ရွန်းစာလုံးများပေါ်သို့ ကျရောက်သွားသည်။
"ဒီဖွဲ့စည်းမှုက ငါဒီကိုလာတုန်းက သုံးခဲ့တဲ့တစ်ခုထက် အဆပေါင်းရာနဲ့ချီပြီး ပိုကြီးတာပဲ။ ဘယ်သူက ဒီလျှို့ဝှက်နယ်မြေကို တည်ဆောက်ပြီး ဘာလို့ စွန့်ပစ်သွားခဲ့တာလဲဆိုတာ ငါသိချင်မိတယ်"
အေ့စ်က အသံထွက်၍ ရေရွတ်လိုက်သည်။
"ဒါမှမဟုတ် အဲဒီအဖိုးကြီးက ဒီကဒေသခံတွေကို သတ်ဖြတ်ပြီး သူတို့ရဲ့ အရင်းအမြစ်တွေကို အကုန်သိမ်းယူသွားတာလည်း ဖြစ်နိုင်တာပဲ"
အီဗာက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
အေ့စ်ကလည်း သူမစကားကို လုံးဝထောက်ခံသည်။ ထိုတစ္ဆေအိုကြီးမှ ထိုကဲ့သို့အရာမျိုးကို လုပ်နိုင်စွမ်းရှိမှန်း သူသိထားပြီးသားဖြစ်သည်။
သူတို့ အပြင်သို့ လျှောက်လာကြစဉ် ထိုနေရာသည် အတော်ပင် ကျယ်ဝန်းကြောင်း သူ မြင်လိုက်ရသည်။ မျှော်စင်ဟာ မျက်နှာကျက်ကို ဖောက်ထွက်နေပြီး မျက်နှာကျက်ပေါ်တွင် ယခုအခါ ပျက်စီးနေပြီဖြစ်သော ထူးဆန်းသော ထွင်းထုချက်အချို့ ရှိနေသည်။
"ဒီမျှော်စင်ကို ဖယ်လိုက်တာနဲ့ ဒီနေရာက ရေတွေချက်ချင်း နစ်သွားတော့မှာ။ အဲဒါက ပြဿနာမဟုတ်ပေမယ့်၊ မေးစရာရှိတာက ချီ စွမ်းအင်တွေ ထွက်လာတဲ့နေရာကို သွားဖို့အတွက် ဒီမျှော်စင်ကို အဝေးပို့ပစ်ဖို့ လိုသလားဆိုတာပဲ"
သူက အီဗာကို ကြည့်ရင်း မေးလိုက်သည်။
အမှန်အတိုင်းပြောရလျှင် မျှော်စင်အောက်ခြေရှိ နေရာသည် ဟင်းလင်းပြင်အမြုတေ အမှန်တကယ် ရှိသည့်နေရာ ဟုတ်မဟုတ် မသေချာသေးသဖြင့်၊ အကယ်၍ မှားယွင်းခဲ့ပါက သူတို့ ပိတ်မိသွားနိုင်သောကြောင့် အေ့စ်က မျှော်စင်ကို အဝေးသို့ မပို့လိုသေးပေ။
အီဗာက အချက်ကျကျပင် ပြောလိုက်သည်။
"နင်က တူးချင်တယ်ဆိုရင် ဒီကြမ်းပြင်ကို ဖျက်ရလိမ့်မယ်၊ ပြီးတော့ ဒီအောက်ခြေကို ဖျက်ဆီးလိုက်တာနဲ့ ကူးပြောင်းခြင်းအစီအရင်က အလုပ်လုပ်တော့မှာ မဟုတ်ဘူးလို့ ငါထင်တယ်။ မျှော်စင်ကို ဒီမှာထားပြီး ကြမ်းပြင်ကို ဖျက်လိုက်ရင်လည်း ဖွဲ့စည်းမှုက သုံးစားမရဖြစ်သွားမှာပဲ၊ မျှော်စင်ကလည်း ဒီမှာပဲ ကျန်နေလိမ့်မယ်။ ဒါမှမဟုတ်ရင်..."
သူမက နံရံကို ကြည့်ပြီး ဆွဲဆောင်မှုရှိရှိ ပြုံးလိုက်သည်
"ဒါမှမဟုတ်ရင် ငါတို့ ဟိုဘက်နံရံကို ဖျက်ပြီး အဲဒီကနေပဲ ဖောက်တူးကြမလား"
အေ့စ်က ရယ်မောလိုက်၏။
"ငါကတော့ နောက်ဆုံးအချိန်အထိ ရွေးချယ်စရာတွေ အကုန်ရှိနေတာကိုပဲ ပိုသဘောကျတယ်။ ဒီမှာတင် ပိတ်မိနေမယ့်အစား နတ်သူငယ်တွေနဲ့ ရင်ဆိုင်ရတာကမှ ပိုကောင်းဦးမယ်။ တူးတဲ့ကိစ္စကတော့ ငါက အခုဆိုရင် ကျွမ်းကျင်သူ ဖြစ်နေပြီလေ"
"ဟဲဟဲ၊ အကြံကောင်းတာပဲ"
အီဗာက သဘောကျစွာ ရယ်မောလိုက်သည်။
"အနည်းဆုံးတော့ ငါတို့ထဲက တစ်ယောက်ကတော့ ပျော်နေတာပဲပေါ့"
"ဘာလဲ၊ ရှင့်ကို ကူတူးပေးစေချင်လို့လား.."
အီဗာက ပြုံးလျက် မေးလိုက်သော်လည်း ထိုအပြုံးသည် အန္တရာယ်ရှိသော အနက်အဓိပ္ပာယ်များဖြင့် ပြည့်နှက်နေသည်။
"မင်းက ငါ့ကို ဘယ်သူထင်လို့လဲ"
အေ့စ်က ခပ်ပြတ်ပြတ်ပင် တုံ့ပြန်လိုက်သည်။
အီဗညက ပြန်မဖြေဘဲ ပြုံးရုံသာ ပြုံးပြလိုက်ရာ အေ့စ်မှာ တွန့်သွားပြီး သူ့အလုပ်သူ စလုပ်တော့သည်။
သို့သော် ထိုသို့မလုပ်မီ သူက ဆိုင်းရပ်စ်ကို ပြန်ထုတ်လိုက်ရာ၊ ထိုငှက်ကလေးသည် သူ့ဆန္ဒမပါဘဲ ရုတ်တရက် ပြန်ပို့ခံလိုက်ရသည့်အတွက် မကျေမနပ်နှင့် ချက်ချင်းပင် ရန်တွေ့တော့သည်။
အေ့စ်က သူ့ပုခုံးပေါ်က စိတ်ဆိုးနေသော ငှက်ကလေးကို ကြည့်ရင်း ဗျာများစွာဖြင့် ပြောလိုက်၏။
"ကဲပါ၊ ငါမှားသွားပါတယ်။ အခုတော့ အန္တရာယ်ကို သတိထားကြည့်ပေးဦး"
ဆိုင်းရပ်စ်၏ အာရုံခံနိုင်စွမ်းမှာ မည်မျှ တိကျကြောင်း သူသိထားသဖြင့် ဤကဲ့သို့ အခြေအနေမျိုးတွင် သူ့ကို အသုံးမချလျှင် နှမြောစရာ ဖြစ်ပေလိမ့်မည်။
မြေအောက်အနက်ပိုင်းတွင် တစ်စုံတစ်ရာ အန္တရာယ်နှင့် ကြုံတွေ့ရပါက ဆိုင်းရပ်စ်က သူ့ကို ချက်ချင်း သတိပေးနိုင်မည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ ကံကြမ္မာမြေပုံမှာ ဤလျှို့ဝှက်နယ်မြေအတွင်း ကောင်းကောင်းအလုပ်မလုပ်ဘဲ အရောင်များကိုသာ ပြသနေသောကြောင့်ဖြစ်သည်။
လောလောဆယ်တွင် ဤနေရာသည် မီးခိုးရောင်နယ်မြေ ဖြစ်နေသော်လည်း မြေအောက်အနက်ပိုင်းတွင်မူ သူ မသေချာပေ။
"ငါတို့ ဘယ်သွားမှာလဲ"
အေ့စ်၏ အမိန့်ကို ကြားသည်နှင့် ဆိုင်းရပ်စ်က ချက်ချင်း စိတ်ဝင်စားသွားသည်။
သို့သော် အေ့စ် မဖြေနိုင်ခင်မှာပင် အီဗာက ဆိုင်းရပ်စ်ကို သူ့ပုခုံးပေါ်မှ ချီလိုက်ပြီးသား ဖြစ်နေသည်။ ဆိုင်းရပ်စ်မှာ အစက လန့်သွားသော်လည်း အီဗာဖြစ်နေသဖြင့်သာ တော်တော့သည်။ တခြားသူသာဆိုလျှင် ထိုလက်များကို ပြာဖြစ်အောင် သူ ရှို့ပစ်လိုက်မိမှာ ဖြစ်သည်။
တောက်ပသော မျက်လုံးလေးများရှိပြီး အလွန်နူးညံ့နွေးထွေးသော ငှက်ကလေးကို ကြည့်ကာ ပြောလိုက်သည်။
"နင့်ရဲ့ အစ်ကိုကြီးက မြေတူးတော့မှာ၊ အဲဒါကြောင့် နင်က ငါ့ဆီမှာပဲ နေလိုက်၊ မဟုတ်ရင် နင် ပေကုန်လိမ့်မယ်"
ထို့နောက် ငှက်ကလေးက မျက်နှာသေနှင့် ဖြစ်နေသော အေ့စ်ကို ကြည့်လိုက်သော်လည်း အေ့စ်က ဘာမှမပြောပေ။ ထို့နောက် ဆိုင်းရပ်စ်သည် အီဗာ၏ နူးညံ့သော အပြုံးကို ပြန်ကြည့်ကာ တည်တည်တံ့တံ့ပင် ခေါင်းငြိမ့်ပြလိုက်သည်။
"ကောင်းပြီလေ"
"လိမ္မာတယ်"
အီဗာ ကျေနပ်သွားပြီး ငှက်ကလေးကို သူမ၏ ပုခုံးပေါ်တင်လိုက်ကာ အေ့စ်ကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။
"ဟမ့်..ရှင်က ဘာလို့ မတူးသေးတာလဲ"
အေ့စ်မှာ မကျေမနပ်ဖြစ်လျက်၊ သူမ၏ နူးညံ့သော ပုခုံးပေါ်တွင် ပျော်ရွှင်စွာ ထိုင်နေသည့် သစ္စာဖောက် ငှက်ကလေးကိုသာ စိုက်ကြည့်နေမိတော့သည်။
ထို့နောက် အလင်းဓားဖြူများက နံရံဆီသို့ လျှပ်စီးကဲ့သို့ ပြေးဝင်သွားတော့သည်။
အေ့စ်ကို စနောက်၍ ပျော်နေသော အီဗာမှာ ထိုအလင်းဓားများနှင့် ၎င်းတို့မှ ထွက်ပေါ်နေသော အန္တရာယ်ရှိသည့် အငွေ့အသက်များကို မြင်သောအခါ လန့်သွားရသည်။
သူမက အေ့စ်ကို အံ့ဩတကြီး ကြည့်ရင်း လွှတ်ခနဲ မေးလိုက်မိသည်။
"ရှင်က ဓားရယ်ရွယ်ချက်ကို နားလည်သွားတာလား"
အေ့စ်မှာ သူမ၏ အံ့အားသင့်နေသော မျက်နှာကိုကြည့်ပြီး ကျေနပ်မဆုံး ဖြစ်သွားသည်။
သူ၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် ကျွမ်းကျင်မှုများအကြောင်း သူမကို မပြောရသေးသဖြင့် သူမ အံ့သြသွားသည်မှာ သဘာဝကျသည်။
သူက မော်ကြွားစွာဖြင့် ပြောလိုက်၏။
"ဒါက သာမန် ဓားရည်ရွယ်ချက်ပါပဲ။ အဲဒီလောက်ကြီး တုံ့ပြန်နေဖို့ လိုလို့လား"
အီဗာမှာ စကားမပြောနိုင်လောက်အောင် ဖြစ်သွားပြီးမှ အေ့စ်က သူမကို ပြန်စနေမှန်း သိလိုက်ကာ နှာခေါင်းရှုံ့လိုက်၏။
"ကြွားလိုက်တာ"
သို့သော် စိတ်ထဲတွင်မူ သူမ တော်တော်လေး အံ့ဩနေမိသည်။
'ငါ သူ့ကို တကယ်ပဲ အထင်သေးခဲ့မိတာပဲ။ သူက ငါ့အကူအညီတောင် လိုချင်မှ လိုမှာပဲ'
အေ့စ်က သူမနှင့် ဆက်ပြီး စကားများမနေတော့ဘဲ သူမ၏ လေးနက်နေသော မျက်နှာကိုကြည့်ကာ အောင်နိုင်သူအပြုံး ပြုံးလိုက်သည်။
သူမက သူ့အတွက် အလွန်စိုးရိမ်နေပြီး သူ့ကို လွန်ခဲ့သော ၁၅ နှစ်ကအတိုင်း ထင်နေတုန်းဖြစ်ကြောင်း သူသိသည်။
သူ့ဘေးကင်းရေးနှင့် ပတ်သက်လျှင် သူမကို စိတ်အေးစေချင်ရုံသာ ဖြစ်သည်။ သူဟာ မိမိကိုယ်ကို ကာကွယ်ရန် လုံလောက်သော စွမ်းရည်ရှိပြီး သူ့ကို သတ်ရန်မှာလည်း မလွယ်ကူပေ။
အေ့စ်က သူ၏ ဓားရည်ရွယ်ချက်ဖြင့် လိုဏ်ခေါင်းဖောက်နေစဉ် အီဗာမှာ သူ၏ ထိန်းချုပ်နိုင်စွမ်းကို မြင်ပြီး ပို၍ပင် အံ့အားသင့်နေရသည်။ သူမမှာ အနည်းငယ် ဂဏှာမငြိမ် ဖြစ်လာသည်။
အဘယ်ကြောင့်ဆိုသော် သူမက အေ့စ် အားကိုးနိုင်မည့် ဒိုင်းတစ်ခုသာ ဖြစ်ချင်ခဲ့ပြီး သူမ၏ သွေးမျိုးဆက်သစ်ကို ရရှိပြီးနောက်တွင်လည်း အလွန်ယုံကြည်မှု ရှိနေခဲ့သောကြောင့် ဖြစ်သည်။ သို့သော် အေ့စ်က ဤအတိုင်းသာ ဆက်ပြီး တိုးတက်နေမည်ဆိုပါက သူမက သူနှင့် အဆင့်တူ တိုက်ခိုက်နိုင်ရန်ပင် အရည်အချင်း မပြည့်မီသေးဟု ခံစားလာရသည်။
သူမ၏ လက်ရှိ ကျင့်ကြံဆင့်ဖြင့်ဆိုလျှင် သူမ၏ အထူးစွမ်းရည်များနှင့် လျှို့ဝှက်ပညာရပ်များ မပါဘဲ ဓားရည်ရွယ်ချက် ရှိသူတစ်ဦးကို ယှဉ်နိုင်မည်မဟုတ်ကြောင်း သူမ သိသည်။ ထို့ကြောင့် သူမက ကျင့်ကြံခြင်းကို အာရုံစိုက်ပြီး အင်အားတိုးတက်အောင် လုပ်ရန် အလွန်လေးနက်သွားတော့သည်။
တစ်ဖက်တွင်မူ ဆိုင်းရပ်စ်က အီဗာနှင့် ပျော်ပျော်ပါးပါး စကားပြောနေပြီး သူ၏ အတွေ့အကြုံလေးများကို ပြောပြနေသည်။ အထူးသဖြင့် အေ့စ် ကျင့်ကြံဆင့် တက်လှမ်းစဉ်က အကြောင်းမှာ သူ့အတွက် အမှတ်ရဆုံး ဖြစ်သည်။
အေ့စ်ဟာ သူ၏ ထူးခြားသော ကျင့်ကြံဆင့်တက်နည်းအကြောင်း အီဗညကို ပြောပြထားပြီးသား ဖြစ်သဖြင့် ဆိုင်းရပ်စ် ပြောပြနေသည်ကို မတားဆီးခဲ့ပေ။
သို့သော်လည်း အေ့စ်က ချန်လှပ်ထားခဲ့သော ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း အကြောင်းကို ဆိုင်းရပ်စ်က ပြောပြသောအခါ အီဗာမှာ တုန်လှုပ်သွားရပြီး စိတ်မကောင်းစွာဖြင့် နားထောင်နေမိသည်။
ဤသို့ဖြင့် တစ်နာရီခန့် ကြာသွားပြီးနောက် ဆိုင်းရပ်စ်က စကားပြောခြင်းကို ရုတ်တရက် ရပ်လိုက်ပြီး ရှေ့ကို ကြည့်ကာ အော်လိုက်သည်။
"အစ်ကိုကြီး..အဲဒီနံရံနောက်မှာ တစ်ခုခု ရှိနေတယ်..”
***