အေ့စ်က ခွင့်ပြုမိန့်ကို ပေးလိုက်သည့်အခါ သူ့ပတ်ပတ်လည်ရှိ မြူဆိုင်းနေသော ချီ များမှာ စတင်လှုပ်ခတ်လာပြီးနောက် သူ့ခန္ဓာကိုယ်ထဲသို့ အတင်းအဓမ္မ စုပ်ယူခြင်း ခံလိုက်ရသည်။
ထိုအခါ အထက်မှ ဆွဲငင်အားသည်လည်း ရုတ်တရက် ပျောက်ကွယ်သွားပြီး ချီများအားလုံးက အေ့စ်တစ်ဦးတည်းဆီသို့သာ စုပြုံစုပ်ယူခြင်း ခံရတော့သည်။ ဤစုပ်ယူနှုန်းမှာ ယခင်က ဆွဲငင်အားထက်ပင် ပိုမိုကြောက်မက်ဖွယ် ကောင်းနေတော့သည်။
ထိုအချိန်တွင် အီဗာ မျက်လုံး ဖွင့်လိုက်ရာ သူမမျက်နှာမှာ ဖြူဖျော့နေသည်။ ချီများမှာ အခြားနေရာတစ်ခုဆီသို့ ရုတ်တရက် စုဝေးသွားပြီး ယခင်က အမြုတေဟောင်းမှာ မည်သို့ကြောင့်မှန်းမသိ ပျောက်ကွယ်သွားသည်ကို သူမ သတိပြုမိလိုက်သည်။
သူမက အေ့စ်ကို သွားရောက်စစ်ဆေးရန် ပြင်လိုက်စဉ်မှာပင် ဆိုင်းရပ်စ်က အံ့သြတကြီး အော်ဟစ်လိုက်သည်။
"အာ... အစ်ကိုကြီးက အကုန်လုံးကို စုပ်ယူနေတာပဲ"
အီဗာ လန့်သွားပြီး ထိုကောင်လေးကို မသေချာသလို ကြည့်ကာ မေးလိုက်သည်။
"အဲဒါ အေ့စ်လား.."
ဆိုင်းရပ်စ်က ခေါင်းညိတ်ပြပြီး သူ့မျက်လုံးလေးများမှာ တလက်လက် ဝောက်ပနေသည်။
"ဟုတ်တယ်၊ ကျွန်တော် ရှင်းရှင်းလင်းလင်း ခံစားမိတယ်၊ မမှားနိုင်ဘူး"
အေ့စ်က အောက်ခြေမရှိသော တွင်းနက်ကြီးကဲ့သို့ ချီများကို စုပ်ယူနေသည်ကို ကြည့်ပြီး အီဗာ့မျက်လုံးများမှာ အံ့သြမှုကြောင့် အရောင်တောက်သွားသည်။
သူမက နှုတ်ခမ်းကို ဖိကိုက်လိုက်၏။
'ငါတောင်မှ သူ့ရဲ့ နည်းစနစ်ကို ထိုးဖောက်မမြင်နိုင်ဘူး၊ ဒါမှမဟုတ် ငါက အရမ်းအားနည်းနေတာလား.. သူ ဘယ်အဆင့်ကို ရောက်နေပြီလဲ'
တွေးလိုက်ရင်း သူမ စိုးရိမ်စိတ်တစ်ခု ဝင်လာသည်။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် ထူထပ်သော မြူများမှာ စတင်ကြည်လင်လာသည်။ အေ့စ်မှာ ဤချီများ၏ အလယ်ဗဟိုတွင် ရပ်နေကာ ၎င်းတို့ကို အပြည့်အဝ စုပ်ယူနေသည်ကို မြင်တွေ့လိုက်ရသည်။
အေ့စ်က ချီများကို ရိုးရိုးစုပ်ယူနေခြင်း မဟုတ်ဘဲ ၎င်းတို့၏ အနှစ်သာရကိုပါ စုပ်ယူနေသည်ကို ခံစားမိသောအခါ အီဗာမှာ ပို၍ပင် ထိတ်လန့်သွားသည်။ ဆိုလိုသည်မှာ အေ့စ်က ဤနေရာမှ ချီများကို အမြစ်ပြတ် လုယူနေခြင်းဖြစ်ပြီး ၎င်းတို့မှာ နောက်တစ်ကြိမ် ပြန်လည်ဖြစ်ပေါ်နိုင်တော့မည် မဟုတ်ပေ။
နတ်ဆိုး မျှော်စင်ပင်လျှင် အဆင့် ၇ သတ္ထုကော နှစ်ခုဖြစ်သော ထိုအနှစ်သာရများကို စုပ်ယူရန် မဝံ့ရဲဘဲ အဆိုပါသတ္ထုကျောများ ခန်းခြောက်မသွားစေရန် အဆင့်မြင့် ဆေးဖက်ဝင်အပင်များစွာကို အသုံးပြုကာ ထိန်းသိမ်းထားရခြင်း ဖြစ်သည်။
သို့သော် စနစ်ကမူ ဘာကိုမျှ ဂရုမစိုက်ဘဲ အကုန်အစင် ခန်းခြောက်အောင် စုပ်ယူနေတော့သည်။
"ကြည့်ဦး အစ်မ၊ ထူးဆန်းတဲ့ မျဉ်းကြောင်းတွေ ရှိနေတယ်.."
ဆိုင်းရပ်စ်၏ စပ်စုလိုသော အသံက အီဗာ့ အာရုံကို ဆွဲဆောင်သွားသည်။
သူမ ပတ်ပတ်လည်ကို ကြည့်လိုက်မိသည်။ ထူထပ်သော မြူများကြောင့် ဤနေရာ၏ ပုံသဏ္ဌာန်အစစ်အမှန်ကို သူတို့ မမြင်နိုင်ခဲ့ကြပေ။ သို့သော် ယခုအခါ ချီများကို အေ့စ်က စဉ်ဆက်မပြတ် စုပ်ယူနေသောကြောင့် ပတ်ဝန်းကျင် ဟင်းလင်းပြင်မှာ မြင်သာလာခဲ့သည်။
ဤနေရာမှာ စတုရန်းမီတာ ၂၀၀ ကျော် ကျယ်ဝန်းပြီး အလွန်ထင်ရှားကာ တစ်ခုနှင့်တစ်ခု ရှုပ်ထွေးစွာ ယှက်နွယ်နေသည့် ထူးဆန်းသော အနက်ရောင် မျဉ်းကြောင်းများဖြင့် ပြည့်နှက်နေသည်။
၎င်းတို့မှာ အနက်ရောင် အလင်းများဖြင့် တောက်ပနေရုံသာမက အီဗာ အနီးကပ်ကြည့်လိုက်သောအခါ အေ့စ်က ချီများကို စုပ်ယူနေခြင်းကြောင့် ထိုတောက်ပမှုများမှာ ညှိုးနွမ်းလာသည်ကို တွေ့ရသည်။
ထို့အပြင် အချို့သော မျဉ်းကြောင်းများမှာ အလင်းရောင် လုံးဝမရှိတော့ဘဲ ၎င်းတို့၏ အခြေခံအုတ်မြစ် ပျောက်ဆုံးသွားသည့်အလား အက်ကွဲလာတော့သည်။
ချီများ ပို၍ပါးလွှာလာသည်နှင့်အမျှ မျဉ်းကြောင်းများ ပိုမိုများပြားစွာ အလင်းမှိန်လာပြီး အက်ကြောင်းများ ဖြစ်ပေါ်လာသည်။
အီဗာမှာ ထိုအနက်ရောင် မျဉ်းကြောင်းများကြောင့် တစ်ခုခုမှားနေပြီဟု ခံစားမိသဖြင့် စိုးရိမ်တကြီး အော်ပြောလိုက်သည်။
"အေ့စ်.. ချီတွေ စုပ်တာကို ရပ်လိုက်တော့။ တစ်ခုခုတော့ မဟုတ်တော့ဘူး"
အေ့စ်က ချက်ချင်း မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ အမှန်တကယ် စုပ်ယူနေသည်မှာ စနစ်ဖြစ်သောကြောင့် သူလည်း ကိုယ်လက်လှုပ်ရှား၍ ရနေသည်။ သူ၏ အမြင်အာရုံ ကြည်လင်လာသည်နှင့် ထိုအနက်ရောင် မျဉ်းကြောင်းများကို သူလည်း သတိပြုမိလိုက်သည်။
ထိုမျဉ်းကြောင်းများ ညှိုးနွမ်းလာသည်နှင့်အမျှ သူလည်း အလွန်ထူးဆန်းသော ခံစားချက်တစ်ခုကို စတင်ခံစားလိုက်ရသည်။
"စနစ်၊ အဲဒါတွေက ဘာလဲ.."
"ဟင်းလင်းပြင်အူတိုင်ကို စုပ်ယူလိုက်ပြီ ဖြစ်သောကြောင့် လျှို့ဝှက်နယ်မြေကို တည်မြဲအောင် ထိန်းထားပေးသည့် ဟင်းလင်းပြင်တံဆိပ်များမှာ ညှိုးနွမ်းနေပြီ ဖြစ်သည်။ ဤဖြစ်စဉ်မှာ ကြာရှည်သင့်သော်လည်း ပိုင်ရှင်က ဤနယ်မြေ၏ ချီများကို စုပ်ယူနေခြင်းကြောင့် ဖြစ်စဉ်မှာ သဘာဝအလျောက် ပိုမိုပြင်းထန် မြန်ဆန်လာခြင်း ဖြစ်သည်"
"ထိုတံဆိပ်များ လုံးဝမပျက်စီးမီ အရိပ်တော်ဝင် နတ်ဆိုးကို သိမ်းဆည်းထားရန် စနစ်က အကြံပြုသည်။ သို့မဟုတ်ပါက သူမ၏ တည်ရှိမှုမှာ ရှာဖွေတွေ့ရှိခြင်း ခံရလိမ့်မည်"
"မင်း ငါ့ကို ဒီထက်စောစော သတိပေးသင့်တာပေါ့"
နောက်ဆုံးစကားကို ကြားလိုက်ရသောအခါ အေ့စ်မှာ မကျေမနပ် ဖြစ်သွားသည်။
သို့သော် ဟင်းလင်းပြင်တံဆိပ် တစ်ဝက်ကျော်မှာ အက်ကွဲနေပြီဖြစ်သောကြောင့် သူ့တွင် အချိန်မရှိတော့ပေ။ သူက ခေါင်းကိုလှည့်၍ စိုးရိမ်နေသော အီဗာ့ မျက်နှာကို ကြည့်လိုက်သည်။
သူက စိတ်မကောင်းစွာ သက်ပြင်းချလိုက်၏။
"ငါ့လက်ကို ကိုင်ထား"
အေ့စ်က ပြောရင်း စုပ်ယူအား၏ အပြင်ဘက်သို့ လက်လှမ်းလိုက်သည်။
"ဘာလို့လဲ.."
တစ်ခုခုမှားနေပြီဟု ခံစားမိသောကြောင့် အီဗာက မေးလိုက်သည်။ သို့သော် သူမ ရှေ့တိုးသွားပြီး ခက်ခဲစွာဖြင့် အေ့စ်လက်ကို ထိမိအောင် ကိုင်လိုက်၏။
"ဒီနယ်မြေက ပေါင်းစည်းတော့မယ်။ မင်း ငါ့ရဲ့ နယ်မြေထဲကို ဝင်ရမယ်၊ အတင်းမရုန်းနဲ့။"
ဤသို့ ရုတ်တရက်ကြီး ဖြစ်သွားလိမ့်မည်ဟု သူ မရည်ရွယ်ခဲ့သောကြောင့် အေ့စ်က ဝမ်းနည်းစွာဖြင့် ဖွင့်ပြောလိုက်သည်။
သူ့ဘာသာ လောဘတက်မိပြီး စနစ်ကိုသေချာမမေးမြန်းမိခဲ့သည့်အတွက် ကိုယ့်ကိုယ်ကိုသာ အပြစ်တင်နိုင်တော့သည်။ မဟုတ်ပါက ဤအခြေအနေကို လွယ်ကူစွာ ရှောင်လွှဲနိုင်မည် ဖြစ်သည်။
အီဗာ့မျက်နှာ ပြောင်းလဲသွားပြီး တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် သူမကို ဝါးမြိုတော့မည့် ကြောက်မက်ဖွယ် ဆွဲငင်အားတစ်ခုကို ခံစားလိုက်ရသည်။ သို့သော် ထိုအားမှာ အေ့စ်၏ လက်မှ လာနေခြင်းဖြစ်သောကြောင့် သူက သူမကို သူ့နယ်မြေထဲသို့ ဆွဲသွင်းနေခြင်းဖြစ်မှန်း သိလိုက်သည်။
ထို့ကြောင့် သူမ မရုန်းကန်တော့ဘဲ နူးညံ့သော အချစ်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် သူ့ကို ကြည့်လိုက်ပြီးနောက် ဆိုင်းရပ်စ်နှင့်အတူ ပျောက်ကွယ်သွားတော့သည်။
အေ့စ်ဟာ သူ့လက်ချောင်းများပေါ်တွင် သူမ၏ နွေးထွေးသော အထိအတွေ့ကို ခံစားနေရဆဲဖြစ်သဖြင့် စိတ်မသက်မသာ ဖြစ်သွားပြီး အော်ဟစ်လိုက်သည်။
"အားး မင်း ဒါ တမင်လုပ်တာပဲ.."
သူ ကျိန်ဆဲလိုက်သော တည်ရှိမှု (စနစ်) ကမူ အမြဲတမ်းလိုပင် အေးစက်နေမြဲ ဖြစ်သည်။
စိတ်တိုနေသော်လည်း ဒေါသကို ဖိနှိပ်ကာ သူခိုးနယ်မြေထဲသို့ လှမ်းကြည့်လိုက်သည်။
အီဗာနှင့် ဆိုင်းရပ်စ်တို့မှာ မှောင်မည်းနေသော နယ်မြေထဲသို့ ရောက်ရှိသွားသော်လည်း အေ့စ်က စိတ်ကူးဖြင့်ပင် တန်ဖိုးအရှိဆုံးဖြစ်သည့် တောက်ပသော အလင်းကျောက်တုံးများကို အသုံးပြုကာ သူခိုးနယ်မြေ၏ အရပ်လေးမျက်နှာတွင် ကပ်လိုက်ရာ နယ်မြေတစ်ခုလုံးမှာ သက်တံရောင် အလင်းတန်းများဖြင့် လင်းထိန်သွားတော့သည်။
ထို့နောက် အေ့စ်က အရာအားလုံးကို ထောင့်များဆီသို့ ရွှေ့လိုက်ပြီး ခဏအတွင်းမှာပင် နယ်မြေကို ရှင်းလင်းလိုက်ရာ ၎င်းတို့မှာ သက်ရှိများဖြစ်ကြသည့် ဥအချို့နှင့် အလယ်တွင်ရှိသော အနက်ရောင် အိပ်ရာခင်းတို့သာ ကျန်တော့သည်။ ယင်းအပြင်... ပေ၂၀x၂၀ ရှိသော အနက်ရောင် သံတုံးအကျဉ်းထောင် တစ်ခုလည်း ရှိနေသေးသည်။
၎င်းမှာ သူ၏ အကျဉ်းသားများက သူခိုးနယ်မြေ၏ ပုံစံအစစ်အမှန်ကို မမြင်နိုင်စေရန် ပြုလုပ်ထားသော ထောင်တစ်ခုဖြစ်ပြီး ဤသံတုံးကို သာမန်သတ္တုဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပေ။ ၎င်းမှာ ဝိညာဉ်နယ်ပယ် အထွတ်ထိပ် အောက်ရှိ ကျင့်ကြံသူများကို ဖိနှိပ်ရန် အထူးပြုလုပ်ထားသည့် အဆင့် ၅ အနိမ့်စား ရတနာတစ်ခု ဖြစ်သည်။ သူက ၎င်းကို ကျင့်ကြံသူတစ်ဦး၏ သိုလှောင်လက်စွပ်ထဲမှ ရရှိခဲ့ခြင်း ဖြစ်၏။
သူခိုးနယ်မြေမှာ သူအလိုရှိပါက အတွင်းရှိ သတ္တဝါများကို အပြည့်အဝ ဖိနှိပ်ထားနိုင်သောကြောင့် အေ့စ်က ဤရတနာကို သာမန်အကျဉ်းထောင်တစ်ခုကဲ့သို့သာ အသုံးပြုနေခြင်း ဖြစ်သည်။
အီဗာလည်း ဤနေရာတွင် သဘာဝအလျောက် ရင်းနှီးမှုကို ခံစားလိုက်ရသဖြင့် အံ့သြသွားပြီး အကြောင်းပြချက် တစ်ခုခုကြောင့် ဤနေရာမှ လုံးဝ မထွက်သွားချင်တော့ပေ။
ထို့အပြင် ဤနေရာတွင် ကျင့်ကြံခြင်းက ပြင်ပရှိ နယ်မြေ၏ အကောင်းဆုံး အခြေအနေထက်ပင် ပိုမို၍ အကျိုးကျေးဇူးများ ရရှိနိုင်သည်ကို သူမ ခံစားမိသည်။
သူမအနေဖြင့် အေ့စ်၏ နောက်ကွယ်ရှိ နတ်ဘုရားကို တစ်ဖန် ပြန်လည် အကဲဖြတ်ရတော့မည်ဖြစ်ပြီး တော်ဝင် သွေးမျိုးဆက်ရှိလျှင်ပင် ထိုတည်ရှိမှုကို ယှဉ်နိုင်ရန် မလုံလောက်နိုင်တော့ဟု သူမ အပြည့်အဝ ယုံကြည်သွားသည်။
မည်သို့ပင်ဆိုစေကာမူ ဤအရာအားလုံးမှာ အေ့စ်၏ အရာများ ဖြစ်သောကြောင့် သူမလည်း သူ့အတွက် သဘာဝကျစွာပင် ပျော်ရွှင်မိပြီး ယခင်ကကဲ့သို့ စိုးရိမ်မနေတော့ပေ။
"ဒါက.. ပိုကျယ်လာတာပဲ"
ဆိုင်းရပ်စ်က အံ့သြတကြီး အော်လိုက်သည်။ အကြောင်းမှာ ယခင်က ဤနေရာမှာ ဤမျှ မကျယ်ဝန်းကြောင်း သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသောကြောင့် ဖြစ်ကာ ဤနေရာမှာ သူ၏ အိမ် မဟုတ်ပါလား။
နောက်ဆုံးတွင် နယ်မြေ၏ အလယ်ဗဟိုမှာလည်း ရှင်းလင်းသွားပြီဖြစ်ပြီး လက်စွပ်တံတိုင်းကြီး ရှိနေစဉ်ကကဲ့သို့ အာရုံနောက်စရာ မကောင်းတော့ပေ။
"တော်တော် ကျယ်တာပဲ"
အီဗာကလည်း ခေါင်းညိတ်ကာ စပ်စုသလို ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ထောင့်လေးထောင့်တွင် ပျံ့နှံ့နေသော သန်းနှင့်ချီသည့် သိုလှောင်လက်စွပ်များကို မြင်သောအခါ အံ့သြသွားသည်။
"ဒါတွေ အားလုံးကို နင် ခိုးထားတာလား"
သူမ မအောင့်နိုင်ဘဲ လွှတ်ခနဲ မေးလိုက်သည်။
"မဆိုးဘူး မဟုတ်လား"
အေ့စ် အသံမှာ ဂုဏ်ယူဝံ့ကြွားစွာ ထွက်ပေါ်လာသည်။ သူက အီဗာ၏ တုံ့ပြန်မှုကို ကျေနပ်နေသည်။
အေ့စ် ဖြတ်သန်းခဲ့ရသည့် စွန့်စားခန်းအားလုံးကို သူမ တွေးကြည့်လိုက်သောအခါ ဤအရာမှာ မထူးဆန်းတော့ပေ။ သူဟာ အပြင်ဘက် အသူရာပြည်နယ်များ၏ အကြီးဆုံး အဖွဲ့အစည်းကြီးများ၏ ဘဏ္ဍာတိုက်များကို အကုန်အစင် ပြောင်သလင်းခါအောင် ခိုးခဲ့သူ မဟုတ်ပါလား။
"ဘယ်သူလဲ..ဒါက ဘယ်နေရာလဲ"
ထိတ်လန့်တကြား အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာရာ အားလုံး၏ အာရုံမှာ အနက်ရောင် အကျဉ်းထောင်ကြီးဆီသို့ ရောက်သွားကြသည်။
"အဟမ်း... မင်းပဲ ကိုင်တွယ်ပေးမလား"
လီဗီယာအား ဖမ်းဆီးပြီးနောက် လုံးဝ မေ့လျော့နေခဲ့သောကြောင့် အေ့စ်က အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် မေးလိုက်သည်။
အီဗာ့ နှုတ်ခမ်းများမှာ ကွေးညွတ်သွားပြီး နတ်ဆိုးတစ်ဦးကဲ့သို့ ပြုံးလျက် ခေါင်းညိတ်လိုက်၏။
"စိတ်မပူနဲ့၊ ငါ အစေခံတစ်ယောက် လိုချင်နေတာ ကြာပြီ။ မင်းသမီးတစ်ယောက်ကို အစေခံလုပ်ခိုင်းတာက ငါ့ရဲ့ အဆင့်အတန်းနဲ့ ပိုလိုက်ဖက်တာပေါ့။ မဟုတ်ဘူးလား ဆိုင်းရပ်စ်"
ဆိုင်းရပ်စ်မှာ ဇဝေဇဝါ ဖြစ်သွားသည်။
"အစေခံဆိုတာ ဘာလဲ မမကြီး.. ကျွန်တော်ရော တစ်ယောက်လောက် ရနိုင်မလား"
ဆိုင်းရပ်စ်၏ အပြစ်ကင်းသော မေးခွန်းကြောင့် အီဗာမှာ ခဏမျှ ကြောင်သွားပြီးနောက် ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
"ရတာပေါ့၊ လာ... မမက အဲဒါအကြောင်း သေသေချာချာ သင်ပေးမယ်"
ထိုသူနှစ်ဦး ပြောနေသည်ကို နားထောင်နေသော အေ့စ်မှာ အနက်ရောင် အကျဉ်းထောင်နှင့် ၎င်းဆီသို့ စိတ်လှုပ်ရှားစွာ သွားနေကြသော အီဗာနှင့် ဆိုင်းရပ်စ်တို့ကို ကြည့်ကာ ထူးဆန်းသော မျက်နှာပေး ဖြစ်နေသည်။ လီဗီယာအတွက်လည်း သူ သနားမိသွားသလို၊ ဆိုင်းရပ်စ်ကို ဤနတ်ဆိုးမလေးထံတွင် ပညာသင်ခိုင်းမိခြင်းမှာ မှန်ကန်ပါ့မလားဟု သူ တွေးနေမိသည်။
'ထားပါတော့လေ၊ သူ ပျော်နေသရွေ့ ကျန်တာ ဘာမှ အရေးမကြီးပါဘူး'
အီဗာမှာ ဝမ်းမနည်းတော့ဘဲ အထီးကျန်မနေတော့သည်ကို မြင်ရသဖြင့် အေ့စ်က နူးညံ့စွာ ပြုံးလိုက်ပြီးနောက် သူခိုးနေရာမှ အာရုံလွှဲလိုက်တော့သည်။
နာရီဝက်ခန့် ကြာပြီးနောက် စနစ်၏ အသံ ထွက်ပေါ်လာသည်။
=====
[အဆင့် ၇ ချီကျောက်တုံးေကျာကို အပြည့်အဝ စုပ်ယူပြီးပါပြီ]
[အဆင့် ၇ ဝိညာဉ်ပုံဆောင်ခဲ အရင်းအမြစ်ကို အပြည့်အဝ စုပ်ယူပြီးပါပြီ]
--
[ပိုင်ရှင်သည် ယခုအခါ ကျင့်ကြံမှု နယ်ပယ် ကန့်သတ်ချက်နှင့်အညီ အဆင့် ၄ မှ အဆင့် ၇ အထိ ချီကျောက်တုံးများနှင့် ဝိညာဉ်ပုံဆောင်ခဲများကို EXP နှင့် SP အဖြစ် ပြောင်းလဲနိုင်ပါပြီ]
[၊ ကောင်းကင်ဘုံ အမှောင်ပင်လယ် အူတိုင်နယ်ပယ် နဝမအဆင့်နှင့် ကောင်းကင်ဘုံ အနီရောင် လေဝိညာဉ် အူတိုင်နယ်ပယ် နဝမအဆင့်သို့ ရောက်ရှိသွားသည့်အတွက် ဂုဏ်ယူပါသည် ပိုင်ရှင်]
[ပိုင်ရှင်၏ အခြေအနေကို အဆင့်မြှင့်တင်ပြီးပါပြီ]
[သိုင်းပညာ ကျင့်ကြံခြင်း - ကောင်းကင်ဘုံ အမှောင်ပင်လယ် အူတိုင်နယ်ပယ် (အဆင့် ၉)]
[EXP: ၅၁,၂၉၁,၇၈၀ / ၂၅၀,၀၀၀,၀၀၀]
[ဝိညာဉ် ကျင့်ကြံခြင်း - ကောင်းကင်ဘုံ
လေဝိညာဉ် အူတိုင်နယ်ပယ် (အဆင့် ၉)]
[SP: ၅၀,၃၂၂,၀၁၀ / ၂၅၀,၀၀၀,၀၀၀]
[ဒြပ်စင်လုံး: ၀ / ၁]
***