“ဘယ်သူလဲ။”
ဟုန်ယွိ၏ အသံမှာ ‘အမိုးခုံးတဲ’ အတွင်း ဟိန်းထွက်သွားသည်နှင့် တစ်ပြိုင်နက် “ရက်စက် မိစ္ဆာ” ကာစီ၏ မျက်လုံးများက ဝင်းလက်သွားသည်။ သူသည် သူ့ဘေးရှိ ဓားရိုးကို ရွှေနက်ကြိုးများဖြင့် ကျစ်ရစ်ထားသည့် ခုနစ်ပေရှည်သော ‘ဓားကောက်’ ကြီးကို လှမ်းဆွဲ ကိုင်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်က ပုံရိပ်ယောင်တစ်ခုကဲ့သို့ လှုပ်ရှားသွားပြီး ခြေလှမ်းများမှာ တောဆင်ရိုင်း သို့မဟုတ် နွားလားဥဿဘကြီး တစ်ကောင်ကဲ့သို့ ပြင်းထန် လှသည်။ သူသည် အသံထွက်ပေါ်ရာ အရပ်သို့ ဝုန်းခနဲ ခုတ်ပိုင်းလိုက်တော့သည်။
ထိုရုတ်တရက် ခုတ်ချက်သည် ဓားအလင်းတန်းများကြားတွင် လူသေခေါင်းခွံတစ်ခု ပေါ်လာသကဲ့သို့ပင်။ ကြည့်နေသူများ၏ အမြင်တွင် ငရဲမှ မိစ္ဆာတစ်ကောင် လူ့ပြည်သို့ ဆင်းသက်လာသလား ထင်မှတ်ရသည်။
ဤဓားချက်၏ စိတ်ဝိညာဉ်နှင့် အရှိန်ဟုန်တို့မှာ အထွက်အထိပ်သို့ ရောက်ရှိနေပြီး၊ ဓားကောက်ကြီး တုန်ခါသွားသည့်အခါ စူးရှသော ကြေကွဲဖွယ်အသံတစ်ခု ထွက်ပေါ်နေ၏။ တဲကြီးတစ်ခုလုံးတွင် ခက်ထန်ပြီး၊ ရက်စက်ကြမ်းကြုတ်သော၊ ကြောက်မက်ဖွယ်ကောင်း သည့် သတ်ဖြတ်ခြင်း အငွေ့သက်များဖြင့် လွှမ်းခြုံသွားတော့သည်။
ဤအငွေ့အသက်သည် ‘ဆန်းကြယ်ကောင်းကင်ဘုံခန်းမ’ ရှိ အမှောင်နတ်ဘုရား၊ မဟာ ‘ဖျက်ဆီးခြင်းနတ်ဘုရား’ နတ်ဘုရားနှစ်ပါး ပေါင်းစပ်ထားသော အငွေ့အသက်နှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။
၎င်းမှာ “ရက်စက်မိစ္ဆာ” ကာစီ၏ မူရင်းကိုယ်ပိုင် သိုင်းပညာ၊ အနှိုင်းမဲ့ ဓားသိုင်းဖြစ်သော “မိစ္ဆာဓားသိုင်း” မှ သတ်ဖြတ်ခြင်းဓားကွက် “ဝိညာဉ်တစ်ထောင် သတ်ဖြတ်ခြင်း” ဓားချက် ပင် ဖြစ်သည်။
ဟုန်ယွိသည် လေဟာနယ်ထဲမှ ပေါ်ထွက်လာသည်နှင့် ဖျက်ဆီးအားပြင်းသော ဓားအလင်း တန်းများက သူ့ကို လွှမ်းခြုံထားပြီး ဖြစ်သည်။
“ဝိညာဉ်တစ်ထောင် သတ်ဖြတ်ခြင်း” ဓားချက်သည် လေထုကို ဖြတ်သန်းကာ လေတိုးသံ များ ထွက်ပေါ်နေသည်။ ဤမျှ ပြင်းထန်သော အရှိန်ဟုန်ဖြင့်ဆိုလျှင် ဆင်တစ်ကောင်ပင် လျှင် ဓားအလင်းတန်းများအောက်၌ အပိုင်းပိုင်း ပြတ်သွားနိုင်ပေသည်။
မူလက ဟုန်ယွိသည် တဲတံခါးဝတွင် ပေါ်လာခြင်းဖြစ်ပြီး၊ ကာစီနှင့် ခြေလှမ်း နှစ်ရာ၊ သုံးရာခန့် ကွာဝေးသေးသည်။ သို့သော် ကာစီက သူ့ဓားသိုင်းကို ခုတ်ပိုင်းလိုက်သည့်အခါ, ခြေလှမ်းများမှာ မြေပြင်ကို ကျုံ့လိုက်သကဲ့သို့ အလွန်တရာပင် မြန်ဆန်လှသည်။ ၎င်းမှာ ခန္ဓာကိုယ်၏ စွမ်းရည်ကို လှုံ့ဆော်ပေးနိုင်သည့် ထူးဆန်းသော လျှို့ဝှက်နည်းစနစ်တစ်ခု ဖြစ်ဟန်တူသည်။ ‘မိုးကြိုးလျှပ်စီးဆေဘာကျမ်း’ ကဲ့သို့ပင် ခြေလှမ်း သုံးရာအကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခြင်း ဖြစ်သည်။ စဉ်းစားဖို့ပင် အချိန်မရလိုက်ပေ။ တတိယမင်းသား ကျိုးပင်လျှင် ဤဓားချက်ကို တုံ့ပြန်ရန် အချိန်မရဘဲ အလိုအလျောက် နောက်သို့ ဆုတ်လိုက်မိသည်။
သိုင်းပညာ၏ ကြောက်မက်ဖွယ်ကောင်းပုံမှာ ထင်ရှားလှသည်။ ခြေလှမ်း ငါးရာအတွင်း၌ တာအိုပညာရှင်များသည် သိုင်းပညာရှင်များ၏ ထက်မြက်သော တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ရန်သာ ကြိုးစားရပေလိမ့်မည်။
“ငါ ဗိုက်ဆာတဲ့အခါ လူရိုင်းအသားကို စားတယ်၊ ငါ ရေငတ်တဲ့အခါ လူရိုင်းသွေးကို သောက်တယ်။ ငါ့ရဲ့ ဓားရှည်နဲ့ ဝိညာဉ်တွေ မိစ္ဆာတွေကို သုတ်သင်မယ်၊ ငါ့ရဲ့ ထက်မြက်မှုနဲ့ ကောင်းကင်ဘုံရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ်... ငါ့ဓားချက်ကို ခံယူစမ်း၊ ‘မာနနဂါးရဲ့ နောင်တ’။”
“ဝိညာဉ်တစ်ထောင် သတ်ဖြတ်ခြင်း” ဓားအလင်းတန်းသည် ဟုန်ယွိထံသို့ ရောက်ခါနီးတွင် ဟုန်ယွိက ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ သူ၏လက်ထဲရှိ “ဆေးမီးလျှံ နတ်ဘုရား ဓား”သည် တုန်ခါသွားပြီး အဆုံးမရှိသော ဓားအလင်းတန်းများကို ပေါက်ကွဲထုတ်လွှတ် သည်။ ဓားအလင်းပွင့်များ အားလုံးသည် “ဝိညာဉ်တစ်ထောင် သတ်ဖြတ်ခြင်း” ဓားချက် နှင့် ထိပ်တိုက်တွေ့ဆုံကာ သံမဏိချင်း ထိခတ်သံများ တချွင်ချွင် မြည်ဟည်းသွားတော့ သည်။
ဟုန်ယွိသည် ဤအတွက် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သူ၏ ဓားချက်တွင် ‘မိုးကြိုး လျှပ်စီးဆေဘာကျမ်း’၊ ‘ဖန်ဆင်းခြင်းတာအို’ ဂိုဏ်း၏ သိုင်းပညာနှင့် အခြားသော သိုင်းပညာ ပေါင်းစုံအပြင် ‘ပြောင်းလဲခြင်းကျမ်း’မှ သူနားလည်ထားသော တာအိုသဘော တရားများကိုပါ ထည့်သွင်းပေါင်းစပ်ကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ချွင်….၊ ချွင်…၊ ချွင်….၊
လက်နက်ချင်း ထိခတ်မိပြီးနောက် “ရက်စက်မိစ္ဆာ” ကာစီသည် ဟုန်ယွိ၏ ဓားချက်အတွင်း မှ တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာသော အလွန်ပြင်းထန်ပြီး သူရဲကောင်းဆန်သော ဓားအရှိန်အဝါကို ခံစားလိုက်ရသည်။ သူက မျက်မှောင်ကြုတ်ကာ ဓားကို အလျားလိုက် ဝှေ့ယမ်းကာ ဓားအလင်းကို ဧရာမ ပူဖောင်းကြီးတစ်ခုသဖွယ် ဖန်တီး၍ ဓားအလင်းတန်း များကို ပတ်ပတ်လည်မှ ရစ်ပတ်ထားပြီး သူ၏ခန္ဓာကိုယ်က နောက်သို့ ရုတ်တရက် ဆုတ်ခွာသွားတော့သည်။
“ရန်သူတွေ စခန်းထဲ ကျူးကျော်နေပြီ။ သူ့ကို သတ်ကြစမ်း။”
စစ်ဗိုလ်ချုပ် ကုလားထိုင်ဘေးသို့ ဆုတ်ခွာသွားပြီးနောက် ကာစီသည် စည်တီးသံကဲ့သို့ နက်ရှိုင်းသော အသံဖြင့် အမိန့်ပေးလိုက်သည်။
“နောက်ကျသွားပြီ။”
ဟုန်ယွိက လက်နှစ်ဖက်ကို နောက်ပစ်လိုက်သည်။ ရုတ်တရက် သူ၏ မျက်ခုံးနှစ်ခုကြားမှ အဆုံးမရှိသော စိတ်ဝိညာဉ် အတွေးစများ ထွက်ပေါ်လာသည်။ အတွေးစ တစ်ခုချင်းစီ သည် “ငရဲနတ်ဘုရားလှံ” အဖြစ် ပြောင်းလဲသွားသည်။ ထောင်ပေါင်းများစွာသော လှံများ သည် တဲအတွင်းရှိ ပညာရှင်အားလုံးကို ပစ်မှတ်ထားကာ ပျံသန်းသွားကြတော့သည်။
တစ်ချိန်တည်းမှာပင် သူ၏ ဦးခေါင်းအထက်တွင် အက်ကြောင်းတစ်ခု ပေါ်လာပြီး အတွင်း မှ ရွှေရောင်အမွှေးအမျှင်များနှင့် မျောက်ဝံကြီးတစ်ကောင် ခုန်ထွက်လာသည်။ ထိုမျောက် ဝံကြီးသည် လူ့ခြေထောက်ခန့် တုတ်ခိုင်သော သံမဏိတုတ်ကြီးကို ကိုင်ဆောင်ထားသည်။
ထိုမျောက်ဝံကြီးမှာ ‘ယွမ်ကုန်းမင်’ ပင် ဖြစ်သည်။ ဟုန်ယွိက သူ့ကို ထိန်းချုပ်ပြီးနောက် ‘ချီလင်’နှင့်အတူ ဟုန်ယွိ၏ ‘မိုးကြိုးကပ်ဘေး အဆင့် (၈) နတ်ဘုရား စိတ်ဝိညာဉ် အတွေးစ’၏ ဝိညာဉ်ဟင်းလင်းပြင် အသေးစားကမ္ဘာထဲတွင် ထည့်ထားခြင်း ဖြစ်သည်။ ယခုအခါ သူ ခုန်ထွက်လာသည်နှင့် ပြင်းထန်သော စွမ်းအားများ ထွက်ပေါ်လာသည်။ သူကိုင်ထားသော သံမဏိတုတ်ကြီးမှာ လေထုနှင့် ပွတ်တိုက်မိပြီး နားကွဲမတတ် အသံများ ထွက်ပေါ်နေကာ ပွတ်တိုက်အားကြောင့် မီးတောက်တော့မည့်အလား သံမဏိများ လောင်ကျွမ်းသည့် အနံ့များပင် ပျံ့လွင့်လာသည်။
၎င်းမှာ သူ၏ အရှိန်ဟုန် မည်မျှအထိ မြန်ကြောင်း သိသာလှသည်။
ဘုန်း… ဘုန်း… ဘုန်း….
ကာစီ၏ လက်အောက်မှ ‘ရှင်တန်သိုင်းသခင်အဆင့်’ ပညာရှင် သုံးလေးဦးမှာ ရှောင်တိမ်း ရန် အချိန်မရလိုက်ပေ။ သူတို့၏ သံချပ်ကာများနှင့် ခန္ဓာကိုယ်များမှာ ယွမ်ကုန်းမင်၏ တုတ်ချက်အောက်တွင် အပိုင်းပိုင်း အစအန ဖြစ်သွားပြီး အသားစပုံများသာ ကျန်ရစ်တော့ သည်။
ယွမ်ကုန်းမင်သည် ‘ခွန်အားကြီးနတ်ဘုရားမျောက်ဝံ’ မျိုးနွယ်ဖြစ်ပြီး သိုင်းပညာကို ကျင့်ကြံကာ ‘သိုင်းသူတော်စင်’အဆင့်သို့ ရောက်နေသူ ဖြစ်သည်။ သူ၏ ခွန်အားမှာ ‘သိုင်းသူတော်စင်’ အထွက်အထိပ်အဆင့်နှင့် နှိုင်းယှဉ်နိုင်သည်။ ဤတိုက်ကွက်မှာ အဆုံးမရှိသော နတ်ဘုရားခွန်အားများ ပေါက်ကွဲထွက်လာခြင်း ဖြစ်ရာ ‘မဟာဆရာသခင်’ အဆင့် ပညာရှင်များပင်လျှင် သူ၏ တစ်ချက်တည်းသော တိုက်ခိုက်မှုကို မခံနိုင်ပေ။
...
“ဆေးမီးလျှံအလင်းစက်….”
ဟုန်ယွိသည် ‘ငရဲနတ်ဘုရားလှံ’ ကို အသုံးပြုပြီးနောက် ယွမ်ကုန်းမင်ကို သတ်ဖြတ်ခိုင်းနေ စဉ် သူကိုယ်တိုင်လည်း ဘာမှ ထိန်ချန်မထားတော့ပေ။ လက်သီးဆုပ်ခန့်ရှိသော “မီးဓာတ်အနှစ်” ကို စုစည်း၍ လေထဲတွင် ဖောက်ခွဲလိုက်ရာ အပ်ခေါင်းခန့်ရှိသော မီးတောက် ထောင်ပေါင်းများစွာအဖြစ် ပြောင်းလဲပြီး ပညာရှင်များထံသို့ ပျံသန်းသွားတော့ သည်။
ဖောက်… ဖောက်… ဖောက်…။
ပထမဆုံးအနေဖြင့် ထိုင်ခုံများတွင် ထိုင်နေသော ဝတ်ရုံဖြူဝတ် တာအိုပညာရှင် ၁၀၀ ကျော်မှာ တုံ့ပြန်ရန် အချိန်မရခင်မှာပင် ‘ငရဲနတ်ဘုရား လှံ’ များ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။ သူတို့၏ ခန္ဓာကိုယ်များ ပေါက်ကွဲသွားပြီးနောက် စိတ်ဝိညာဉ်များစွာ လွင့်ထွက်လာသည်။ ဟုန်ယွိက လက်တစ်ဖက်ဖြင့် လှမ်းဖမ်းလိုက်ရာ လေထုထဲတွင် ဧရာမ ဝိညာဉ်စုပ်ဝဲကြီးတစ်ခု ပေါ်လာပြီး ထိုစိတ်ဝိညာဉ်အားလုံးကို စုပ်ယူလိုက်တော့ သည်။
ထိုပညာရှင်များထဲတွင် ‘တစ္ဆေအင်မော်တယ်’ တစ်ဦးမှ မပါဝင်ပေ။ အကယ်၍, ပါလာလျှင် ပင် ဟုန်ယွိ၏ တာအိုပညာကို ယှဉ်နိုင်ကြမည် မဟုတ်ပေ။
စစ်သည်များမှာမူ တာအိုပညာရှင်များထက် တုံ့ပြန်မှု နှစ်ဆ ပိုမြန်သည်။ ‘လှံ’ များ ပျံထွက်လာသည်နှင့် သူတို့သည် ဓားများကို ဆွဲထုတ်ကာ လှံများကို ခုတ်ပိုင်းကြသည်။ တစ်ချိန်တည်းမှာပင် ဟိန်းဟောက်သံများ ပြိုင်တူ ထွက်ပေါ်လာသည်။
သို့သော်လည်း သူတို့၏ ဓားများ လှံကို ထိမိချိန်တွင် ‘ဆေးမီးလျှံ’ အလင်းအစက်အပြောက် များက ပျံသန်းလာသည်။ ဝူးခနဲ အသံနှင့်အတူ ထိုမီးစက်လေးများသည် စစ်သည်များ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားသည်။ သူတို့၏ သံချပ်ကာများပင် အရည်ပျော်သွားပြီး အားလုံးမှာ မီးကျွမ်းကာ သေဆုံးကုန်ကြတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် စစ်သည် ၁၀၀ ကျော်နှင့် တာအိုပညာရှင် ၁၀၀ ကို ဟုန်ယွိက သတ်ဖြတ်လိုက်သည်။ တစ်ယောက်မှ မလွတ်ပေ။
ယခင်က ဟုန်ယွိသည် ‘တစ္ဆေအင်မော်တယ်’ အဆင့် မရောက်ခင်ကပင် ‘ရှင်တန် သိုင်းသခင်အဆင့်’ အထွက်အထိပ်ရှိ ‘အစိမ်းရောင်မျက်ခုံး’ ကို မီးရှို့သတ်ဖြတ်နိုင်ခဲ့သည်။ ယခုကဲ့သို့ အဆင့်မြင့်နေသော အချိန်တွင်မူ “ဆေးမီးလျှံ အလင်းအစက်အပြောက်”ကို မည်သူ ခုခံနိုင်မည်နည်း။
လှံများနှင့် မီးတောက်များကို ထုတ်လွှတ်နေစဉ်မှာပင် ဟုန်ယွိသည် သူ၏ ဓားရှည်ကို ထိုးချိန်ကာ လျှပ်စီးကဲ့သို့ မြန်သော ခြေလှမ်းများဖြင့် “ရက်စက်မိစ္ဆာ” ကာစီ၏ မျက်ခုံး နှစ်ခုကြားသို့ ထိုးနှက်လိုက်သည်။
“ငရဲနတ်ဘုရားလှံ ဟုတ်လား။”
ကာစီသည် အမှန်ပင် မှင်သက်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤပညာရပ်မှာ အနှစ်သာရ နတ်ဘုရားကျောင်း၏ အစွမ်းထက်ဆုံး တာအိုပညာ ဖြစ်နေပြီး၊ ထိုပညာရပ်က ဟုန်ယွိ၏ လက်ထဲတွင် ပေါ်လာခြင်းကြောင်း ဖြစ်သည်။ ထိုခဏတာ မှင်တက်သွားခြင်း ကြောင့် သူသတိပြန်ဝင်လာသည့် အချိန်တွင် တုန့်ပြန်ရန် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ သူ၏ လက်အောက်ငယ်သားများ အားလုံး သေဆုံးကုန်ပြီ ဖြစ်သည်။
“အား...”
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကာစီသည် ကောင်းကင်သို့ မော့ကာ အော်ဟစ်လိုက် သည်။ သူ၏ မျက်လုံးများတွင် မျက်ရည်များပင် ဝဲနေသည်။ အကယ်၍ သူသာ စောစော စီးစီး ဟစ်ကြွေးနိုင်ခဲ့လျှင် ဟုန်ယွိ၏ တာအိုပညာကို အနည်းငယ် ဟန့်တားနိုင်ပြီး သူ၏ လက်အောက်ငယ်သားများ စုစည်းတိုက်ခိုက်ရန် အချိန်ရနိုင်မည် ဖြစ်သည်။
သို့သော် သူ အော်ဟစ်လိုက်သည်နှင့် ဟုန်ယွိ၏ ဓားစွမ်းအားက သူ၏ အသံကို ချက်ချင်းပင် ဖြတ်တောက်လိုက်တော့သည်။
“မင်းက ဘယ်သူလဲ”
ဓားဦး ရောက်လာသည်နှင့် ကာစီသည် သူ၏ ဓားကောက်ကို ဘယ်ညာ ဝှေ့ယမ်းကာ ဟုန်ယွိ၏ ဓားစွမ်းအင်ကို တန်ပြန်ရင်း အေးစက်စက် အသံဖြင့် မေးမြန်းလိုက်သည်။
“မင်းလို အရိုင်းအစိုင်း တိရစ္ဆာန်တစ်ကောင်က ငါ့နာမည်ကို မေးဖို့ တန်တယ် ထင်လား။”
ဟုန်ယွိက ဓားကို ကိုင်ကာ ရပ်လိုက်သည်။ ထို့နောက် သူ့လက်ကို တစ်ချက် ဝှေ့ယမ်းလိုက် ရာ ကောင်းကင်ကုလားကာကဲ့သို့ ‘လေးထောင့်ပုံစံ လှောင်အိမ်တစ်ခု ကျဆင်းလာသည်။ ရုတ်တရက် တဲအတွင်းပိုင်း တစ်ခုလုံးမှာ လေးထောင့်ပုံစံ ဖန်သားတုံးကြီး တစ်လုံးအဖြစ် ပြောင်းလဲသွားတော့သည်။
တတိယမင်းသား ကျိုး၊ ကာစီ၊ ဟုန်ယွိနှင့် ယွမ်ကုန်းမင်တို့သည် ဤလေးထောင့် လှောင်အိမ်အတွင်းသို့ ရောက်ရှိသွားပြီး ပြင်ပကမ္ဘာနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားတော့သည်။
“ဟုန်ယွိ”
တတိယမင်းသား ကျိုးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ပြီးခဲ့သည့်အကြိမ်က ဟုန်ယွိသည် သူ၏ စိတ်ဝိညာဉ် အတွေးစ ၃,၀၀၀ ကို သိမ်းယူသွားသဖြင့် သူ၏ စိတ်ဝိညာဉ် စွမ်းအား တစ်ဝက်ခန့် ထိခိုက်ခဲ့ရသည်။ ယခုတိုင် ပြန်မကောင်းသေးဘဲ ထိုမှတ်ဉာဏ်များ မှာ သူ၏ စိတ်ထဲတွင် လတ်လတ်ဆတ်ဆတ် ရှိနေဆဲ ဖြစ်သည်။
“ရှင့်ရဲ့ ဝတ်စားဆင်ယင်ပုံကို ကြည့်ရတာ တတိယမင်းသား ကျိုး ဖြစ်ရမယ်။ ရှင်က ကိုယ်ကျိုးစီးပွားအတွက်နဲ့ လူရိုင်းတွေနဲ့ ပူးပေါင်းတယ်ပေါ့။ ရှင် တကယ်ကို သေချင်နေ တာပဲ။”
ဆန်းဝေဝေလည်း ထိုဖန်သားလှောင်အိမ်အတွင်း ပေါ်လာပြီး တတိယမင်းသား ကျိုးကို ရင်ဆိုင်လိုက်သည်။
“မင်းက ဆန်းဝေဝေလား။ ‘ရွှီ’ ပြည်နယ် ဆန်းမိသားစုက တာအိုပညာရှင်၊ ‘ရှေးဟောင်း တာအိုပညာ’ အချို့ကို ရထားတဲ့ မိန်းကလေးပေါ့။ မင်းရဲ့ တာအိုပညာက ငါ့ကို ယှဉ်နိုင်မယ် ထင်နေတာလား။” တတိယမင်းသား ကျိုးသည် ဟုန်ယွိကိုရော၊ သွေးအသားစများ ပေကျံ နေသည့် တုတ်ကြီးကို ကိုင်ထားသော ယွမ်ကုန်းမင်ကိုပါ သတိထားကြည့်ရင်း ပြောလိုက် သည်။ သူ၏ မျက်လုံးများမှာ သတိကြီးစွာ ထားနေသော်လည်း စကားလုံးများမှာမူ ရန်စလိုသော အမူအရာ ပါဝင်နေသည်။
“ဟွန့်”
ဆန်းဝေဝေမှာ ကြောက်ရွံ့ခြင်း မရှိပေ။ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် ဧရာမ လက်ဝါးကြီးတစ်ခု ထွက်ပေါ်လာကာ တတိယမင်းသား ကျိုးကို ပြင်းထန်စွာ ဖမ်းဆွဲလိုက် တော့သည်။ တစ်ချိန်တည်းမှာပင် ယွမ်ကုန်းမင်ကလည်း သူ၏ တုတ်ကြီးကို ဝှေ့ယမ်းကာ ရိုက်ချလိုက်တော့သည်။
“ဝူး”
ဖန်သားလှောင်အိမ်ကြီး ကျဆင်းလာသည်ကို မြင်သောအခါ ကာစီက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ အသံလှိုင်းများ ရိုက်ခတ်သွားသည်။ တစ်ချိန်တည်းမှာပင် မမြင်ရ သော အငွေ့အသက်တစ်ခုက မီးရှူးတိုင်မှ ထွက်သော မီးခိုးများကဲ့သို့ သူ၏ ဦးခေါင်းမှ ကောင်းကင်သို့ ထိုးတက်သွားသည်။ ပြင်းထန်သော သတ်ဖြတ်ခြင်း အငွေ့အသက်က လှောင်အိမ်၏ အပေါ်ဘက်သို့ ပြေးဝင်ဆောင့်သည်။ သို့သော်လည်း ထိုလေးထောင့် ဖန်သားလှောင်အိမ်မှာ အနည်းငယ် တုန်ခါသွားပြီးနောက် ငြိမ်သက်သွားသည်။ ၎င်းမှာ ဖျက်ဆီး၍ မရနိုင်ပေ။
“အပိုပဲ။ ဒါက ငါ့ရဲ့တာအိုပညာ မဟာအလင်းနယ်မြေကို အသုံးပြုပြီး ဖန်တီးထားတဲ့ ‘စိတ်ဝိညာဉ် ဟင်းလင်းပြင်’ အသေးစားကမ္ဘာတစ်ခုပဲ။ အခု မင်းနဲ့ငါက အဲဒီနယ်မြေထဲမှာ ရောက်နေတာ။ မင်းက လူသားအင်မော်တယ် မဟုတ်သေးတဲ့အတွက် မင်းရဲ့အသံနဲ့ အရှိန်ဝါက ဒီအကာအကွယ်ကို ဖောက်ထွက်နိုင်မှာ မဟုတ်ဘူး။”
ဟုန်ယွိသည် ဓားကိုကိုင်ကာ ကာစီကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ “မင်းရဲ့ သိုင်းပညာက ရက်စက်ကြမ်းကြုတ်လွန်းတယ်။ မင်းက ကျုးလစ်မြို့စားထက် အများကြီး ပိုစွမ်းထက်တယ်။ ငါ့ကို ဒီလောက်အထိ သတ်ဖြတ်ချင်စိတ် ဖြစ်ပေါ်စေတဲ့လူမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ ဒီ ‘မဟာအလင်း နယ်မြေ’ ကို ငါ ထုတ်သုံးလိုက်ရတာက မင်းကို ငါ့ရဲ့ သိုင်းပညာနဲ့ သတ်ဖြတ်ပြီး၊ သိုင်းသူတော်စင် အထွက်အထိပ်အဆင့်ကို တက်လှမ်းနိုင်ဖို့ အသုံးချချင်လို့ပဲ။ ဒီနေ့ မင်း သေရမယ်။”
ဟုန်ယွိသည် ဆန်းဝေဝေနှင့်အတူ ခိုးဝင်လာစဉ်က ကာစီသည် အကမယ်လေး၏ ခေါင်းကို ဖြတ်ကာ ဝိုင်ခွက်လုပ်ရန် ခိုင်းနေသည်ကို မြင်ခဲ့ရသည်။ ထိုရက်စက်သော မြင်ကွင်းက ဟုန်ယွိ၏ လူသတ်လိုစိတ်ကို တစ်ခါမျှ မရှိဖူးသော အမြင့်ဆုံးအဆင့်သို့ ရောက်ရှိစေခဲ့ခြင်း ဖြစ်သည်။
ဟုန်ယွိသည် သူ၏ သတ်ဖြတ်လိုစိတ်ကို သေချာ သိရှိလိုက်သည်နှင့် ဤရက်စက်သော မိစ္ဆာကို သူ၏ ကိုယ်ပိုင် သိုင်းပညာဖြင့် သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။ ပထမ အချက် မှာ သူ၏သိုင်းပညာကို မြှင့်တင်ရန်ဖြစ်ပြီး၊ ဒုတိယအချက်မှာ သိုင်းပညာ၏ ‘သိုင်းဆန္ဒ’ ကို နားလည်ရန် ဖြစ်သည်။
ယခုအခါ ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ သူ၏ အစစ်မှန် သွေးသားခန္ဓာကိုယ်ပင် ဖြစ်သည်။ စိတ်ဝိညာဉ် မဟုတ်ပေ။ သူ ‘စကြာဝဠာအိတ်’ ဆုံးရှုံးသွားကတည်းက လူသား အင်မော်တယ် ကိုယ်ပွားသည် အဆင့်ရှစ် မိုးကြိုးကပ်ဘေး စိတ်ဝိညာဉ် ဟင်းလင်းပြင်ထဲ၌ ဝှက်ထားပြီး၊ ပုံမှန်အားဖြင့်ဆို သူ့အစစ်မှန် ခန္ဓာကိုယ်ကိုလည်း ပုန်းကွယ်ထားလေ့ ရှိသည်။
“မင်းရဲ့ သိုင်းပညာနဲ့ ငါ့ကို သတ်မယ် ဟုတ်လား။ ရယ်စရာပဲ။”
ကာစီသည် သူ၏ ဓားကောက်ကြီးကို မတ်မတ်ကိုင်လိုက်ရာ သူ၏ အနှစ်သာရစွမ်းအင်၊ အငွေ့အသက် အားလုံးမှာ ခန္ဓာကိုယ်ထဲသို့ ပြန်လည် စုစည်းသွားသည်။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်မှာ တဖျစ်ဖျစ် မြည်အသံများနှင့်အတူ ပိုမို ကြီးထွားလာပြီး ရက်စက်သော ရယ်မောသံကြီးကို ထုတ်ဖော်လိုက်သည်။ သူ၏ မျက်လုံးများမှာ လျင်မြန်စွာ လှုပ်ရှားနေ ပြီး သူဘာတွေးနေမှန်း မသိနိုင်ပေ။
“လာစမ်း!”
ဟုန်ယွိသည် ဓားကို နှာခေါင်းထိပ်တွင် မတ်မတ်ကိုင်ထားဟန်ဖြင့် သူ၏ ခန္ဓာကိုယ်ကို ကိုင်းညွတ်လိုက်ရာ အဆစ်အမြဲများ တုန်ခါသွားပြီး မိုးခြိမ်းသံကဲ့သို့သော အသံသဲ့သဲ့ ထွက်ပေါ်လာသည်။
ဝူး….
စုဆောင်းထားသော အားအင်များနှင့်အတူ ဟုန်ယွိက ခုတ်ပိုင်းလိုက်ရာ ဓားစွမ်းအားမှာ လျှပ်စီးကဲ့သို့ လေဟာနယ်ကို ဖြတ်သန်းသွားသည်။ ၎င်းမှာ ကမ္ဘာကို တုန်လှုပ်စေမည့် ဓားချက်တစ်ခုပင်။
ထိုဓားချက်သည် ဟုန်ယွိ ‘သိုင်းပညာရှင်’ စာမေးပွဲတွင် နားလည်ခဲ့သော “မဟာကျိ နတ်ဘုရားဆေဘာ” ၏ တိုက်ကွက် ဖြစ်ပြီး၊ ယခုအခါ ထိုဓားကွက်ကို ဓားစွမ်းအားထဲသို့ အားလုံး ပေါင်းစပ်ထားခြင်း ဖြစ်သည်။
ဤတိုက်ကွက်ကို ရင်ဆိုင်ရသောအခါ ကာစီ၏ မျက်လုံးများက နေမွန်းတည့်ချိန် နေရောင် အောက်ရှိ ကြောင်တစ်ကောင်၏ မျက်လုံးကဲ့သို့ ကျုံ့သွားခဲ့သည်။ သူ၏ မျက်လုံးများမှ အလင်းတန်းတစ်ခုက သူ့လက်ထဲက ဓားအလင်းနှင့် ထပ်တူကျသွားပြီး ဟုန်ယွိ၏ ဓားချက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ဓားချင်း ထိတွေ့မိချိန်တွင် ဟုန်ယွိ၏ ခန္ဓာကိုယ်က ကျုံ့ဝင်သွားပြီး “ဝိညာဉ်ကြွက် ဆီပူအိုး တွင်းလှုပ်ရှားမှု” ပညာကို သဘာဝကျကျ အသုံးပြုလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ လိမ့်ထွက်သွားပြီး ကာစီ၏ နောက်ကျောသို့ ရောက်ရှိသွားကာ အသံမထွက်ဘဲ ကာစီ၏ လည်ပင်းနောက်ဘက်သို့ ဓားဖြင့် ထိုးသွင်းလိုက်တော့သည်။
ကာစီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ၏ လက်မောင်းက အရိုးမရှိသကဲ့သို့ လိမ်သွားပြီး ဓားကောက်ကြီးကို နောက်ပြန်ခုတ်ပိုင်းကာ ဟုန်ယွိ၏ ဓားကို ကာကွယ်လိုက် သည်။ တစ်ချိန်တည်းမှာပင် သူက ခြေဖြင့် နောက်ပြန်ကန်လိုက်ပြီး နောက်ပြန် လှမ်းဖမ်း ကာ ဟုန်ယွိ၏ ဦးခေါင်းကို ဆုပ်ကိုင်ရန် ကြိုးစားတော့သည်။
“ကောင်းကင်မိစ္ဆာ ဖမ်းဆုပ်ခြင်းလက်”
ဧရာမ လက်ဝါးကြီးမှာ ကြီးထွားလာပြီး လက်သည်းများ ထွက်ပေါ်လာသည်။ စိမ်းဖန့်ဖန့် သွေးကြောများမှာ မြွေများကဲ့သို့ ဖောင်းကြွနေပြီး သူ ဖမ်းဆွဲလိုက်ပုံမှာ ဘယ်ကမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာသော ကောင်းကင်မိစ္ဆာ တစ်ကောင်နှင့် တူလှသည်။ ၎င်းမှာ ကာစီ၏ အစွမ်းထက်ဆုံး သိုင်းပညာ ဖြစ်သည်။
ဟုန်ယွိသည် ‘အတွေးမဲ့ ငြိမ်သက်ခြင်း’ အခြေအနေသို့ ရောက်ရှိသွားသည်။ “ကောင်းကင် မိစ္ဆာဖမ်းဆုပ်လက်” ကို ရင်ဆိုင်ရင်း သူသည် သူ၏ ဦးခေါင်းထက်သို့ လက်တစ်ဖက်ကို မြှောက်ကာ “မဟာကမ္ဘာတံဆိပ်” ဖြင့် တုန့်ပြန်လိုက်သည်။
ဘုန်း….။
လက်နှစ်ဖက် အပြင်းအထန် ထိမှန်သွားပြီးနောက် ကာစီ၏ ခန္ဓာကိုယ်မှာ နောက်သို့ သုံးခြေလှမ်းခန့် ဆုတ်သွားရပြီး သူ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။
“ဒါက ဘယ်လို လက်ဝါးသိုင်းလဲ။”
ဤတစ်ချက်ဖြင့် ဟုန်ယွိက အသာစီး ရသွားပြီ ဖြစ်သည်။
သို့သော် ဟုန်ယွိက လျှော့မပေးပေ။ သူ၏ ခန္ဓာကိုယ်မှာ ရှေ့သို့ ခုန်ထွက်လာပြီး ရုတ်တရက် ဓားအလင်းတန်းများ ပေါက်ကွဲထွက်လာကာ လေးကြိမ်ဆက်တိုက် တိုက်ခိုက် လိုက်သည်။ ဓားအလင်းတန်းများကြားမှ ဟုန်ယွိ၏အသံ ထွက်ပေါ်လာသည် “ဒါက ငါ အခု လေးတင် နားလည်ထားတဲ့ ‘ပြောင်းလဲခြင်းလမ်းစဉ်’ ရဲ့ ဓားလေးချက်ပဲ။ ဒီဓားလေးချက် ကို ယဇ်ပူဇော်ဖို့ မင်းကို အသုံးပြုမယ်။ ကောင်းကင်ဓား၊ မြေပြင်ဓား၊ လေဓား၊ မိုးကြိုးဓား၊ ကောင်းကင် မြေပြင် လေ မိုးကြိုး။”
ရွှမ်း… ရွှမ်း… ရွှမ်း…. ရွှမ်း… ဓားလေးချက် တစ်ပြိုင်နက် ထွက်ပေါ်လာသည်။
ပထမဓားသည် ကောင်းကင်ယံကဲ့သို့ မြင့်မြတ်ပြီး ခန့်နားထည်ဝါလှသည်။ ၎င်းမှာ ‘ကောင်းကင်ဓား’ ဖြစ်သည်။ ဒုတိယဓားသည် မြေကြီးကဲ့သို့ လေးလံပြီး ခိုင်မာကာ ခွန်အား အမျိုးမျိုးဖြင့် ပြည့်နှက်နေ၏။ ၎င်းမှာ ‘မြေပြင်ဓား’ ဖြစ်သည်။ တတိယဓားသည် လေကဲ့သို့ မြန်ဆန်ပြီး ပုံသဏ္ဌာန်မဲ့ကာ အစအန ရှာမရပေ။ ၎င်းမှာ ‘လေဓား’ ဖြစ်သည်။ စတုတ္ထဓား သည် မိုးကြိုးကဲ့သို့ ပြင်းထန်ပြီး တိုက်ခိုက်ရေးဝိညာဉ် ကိန်းအောင်းနေကာ အရှိန်အဟုန် နှင့် တိုးဝင်လာသည်။ ၎င်းမှာ ‘မိုးကြိုးဓား’ ဖြစ်သည်။
ထိုဓားလေးချက်များကြောင့် ကာစီမှာ မလှုပ်ရှားနိုင်တော့ဘဲ သူ၏ ခြေလှမ်းများ ပျက်ယွင်း သွားရတော့သည်။
ရုတ်တရက် ဟုန်ယွိက အခွင့်ကောင်းယူကာ လျှပ်စီးကဲ့သို့ လျင်မြန်စွာ ထိုးသွင်းလိုက်ရာ “အဆုံးမဲ့ သတ်ဖြတ်ခြင်းတာအို”က ဓားစွမ်းအင်ထဲသို့ စီးဝင်သွားပြီး ကာစီ၏ လည်ချောင်း ကို ဖောက်ထွက်သွားတော့သည်။ သွေးများ ပန်းထွက်လာပြီး သူ၏ လည်ချောင်းမှာ ပွင့်ထွက်သွားသည်။
ဓားသည် လည်ချောင်းမှ ဝင်ကာ လည်ပင်းနောက်ဘက်မှ ထွက်သွားခြင်း ဖြစ်သည်။
ချက်ချင်းပင် ဟုန်ယွိသည် သူ၏သိုင်းပညာအဆင့်က ဝုန်းခနဲ အသံနှင့်အတူ နောက် တစ်ဆင့်သို့ မြင့်တက်သွားသည်ကို ခံစားလိုက်ရ၏။ ၎င်းမှာ စိတ်ဝိညာဉ်၏ တုန်ခါမှုပင် ဖြစ်တော့သည်။
***