“ဘုန်း”
အနောက်ဘက်ဒေသမှ သိုင်းသူတော်စင် အထွက်အထိပ် အဆင့်ရှိ မင်းသား၊ တော်ဝင်ချန် စစ်ရေးဌာနမှ ဆုငွေအမြောက်အမြား ထုတ်ထားခြင်းခံရသော “ရက်စက်မိစ္ဆာ” ကာစီသည် ဟုန်ယွိ၏ ဓားချက်ဖြင့် လည်ချောင်း အဖောက်ခံလိုက်ရသည်။ သူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေတော့သည်။ “ဆေးမီးလျှံ နတ်ဘုရားဓား” ၏ ထက်မြက်လှသော ဓားအငွေ့အသက်က သူ၏ အသက်စွမ်းအင် အားလုံးကို နှုတ်ယူသွားခဲ့ပြီ ဖြစ်သည်။
သူ၏ လည်ချောင်းအတွင်းမှ သလိပ်ကပ်နေသူတစ်ဦးကဲ့သို့ တဂွတ်ဂွတ် အသံများ ထွက်ပေါ်နေသည်။
“ဖူး”
ဟုန်ယွိသည် သူ၏ဓားကို ပြန်နှုတ်လိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ ခွေးတစ်ကောင် ကို အသာအယာ သတ်လိုက်သကဲ့သို့ပင် အေးစက်တည်ငြိမ်နေသည်။ သူ၏ အမူအရာကို ကြည့်ရုံနှင့် ယခုလေးတင် သူ၏ဓားအောက်တွင် သေဆုံးသွားသူမှာ ထိပ်တန်း သိုင်းသူတော်စင် တစ်ဦးဖြစ်သည်ဟု မည်သူမျှ ထင်မှတ်နိုင်မည်မဟုတ်ပေ။
“ရက်စက်မိစ္ဆာ” ကာစီသည် မြေပေါ်တွင် လဲကျနေရင်း သူ၏ လက်နှစ်ဖက်ကို အတင်း အကျပ် ဆုပ်နေသည်။ ၎င်းမှာ ရေနစ်နေသူတစ်ဦးက ကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်သ ကဲ့သို့ သူ၏ အသက်စွမ်းအင်များကို ခန္ဓာကိုယ်ထဲမှ ထွက်မသွားစေရန် အသည်းအသန် ကြိုးစားနေခြင်းဖြစ်သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။
ထိပ်တန်း သိုင်းသူတော်စင် ပညာရှင်တစ်ဦးအနေဖြင့် သူ၏ သွေးနှင့် စွမ်းအင်တို့မှာ အလွန် တရာ အားကောင်းလှပြီး အသက်စွမ်းအားမှာလည်း ပုံမှန်ထက် ထူးကဲလှသည်။ အကယ်၍ သာမန် ရတနာဓားတစ်လက်ဖြင့်သာ သူ့လည်ပင်းကို အထိုးခံရလျှင် သေချင်မှ သေလိမ့် မည်။ သို့သော် ဟုန်ယွိ၏ ‘ဆေးမီးလျှံနတ်ဘုရားဓား’ မှာ အလွန်ပင် အစွမ်းထက်ပြီး ထိုးနှက်လိုက်သည့်အခါ ပြင်းထန်သော ဓားအငွေ့အသက်ကိုပါ သယ်ဆောင်သွားခြင်း ဖြစ်သည်။
“ဒီခေါင်းကို တကယ်ပဲ အပေါ့စွန့်အိုးအဖြစ် သုံးလို့ရတာပဲ။ မင်းရဲ့ ခန္ဓာကိုယ်၊ သွေးနဲ့ အရိုးတွေကလည်း အဖိုးတန် ဆေးဝါးတွေပဲ၊ ဒါကြောင့် ငါတို့ အလဟဿ အဖြစ်မခံနိုင်ဘူး။ ‘ဗိုက်ဆာရင် လူရိုင်းသားစား၊ ရေငတ်ရင် လူရိုင်းသွေးသောက်’ဆိုတာ တော်ဝင်ချန် စစ်သည်တွေ လုပ်သင့်တဲ့ အလုပ်ပဲ။”
ပြောပြောဆိုဆို ဟုန်ယွိက သူ၏ဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ပြန်သည်။
“ရွှပ်”
“ရက်စက်မိစ္ဆာ” ကာစီ၏ ဧရာမ ဦးခေါင်းကြီးမှာ ပြတ်ကျသွားပြီး ကြည်လင်သော အလင်းတန်းတစ်ခုအတွင်း ပတ်ပတ်လည် လွှမ်းခြုံခြင်း ခံလိုက်ရသည်။ ထို့နောက် သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာလည်း အလင်းတန်းများအတွင်း လိပ်ဝင်ကာ ကျုံ့ဝင်သွားတော့ သည်။
ထိပ်တန်း သိုင်းသူတော်စင်တစ်ဦး၏ အလောင်းသည် ကျင့်ကြံသူများအတွက် ဆေးဝါးများ ဖော်စပ်ရန်နှင့် နတ်ဘုရားလက်နက်များ သွန်းလုပ်ရန် အကောင်းဆုံး ပစ္စည်းများ ဖြစ်သည်။ ‘ချီလင်’နှင့် နဂါးတို့မှလွဲ၍ ထိပ်တန်း သိုင်းသူတော်စင်များ၏ အလောင်းသည် မည်သည့် ဝိညာဉ်သားရဲထက်မဆို ပို၍ အဖိုးတန်သည်။
၎င်းမှာ နတ်ဘုရား ချပ်ဝတ်များ ပြုလုပ်ရန်အတွက်ပင် အကောင်းဆုံး ပစ္စည်းဖြစ်သည်။ ‘စုန်းတစ္ဆေဂိုဏ်း’ ၏ အလောင်းသန့်စင်ခြင်း နည်းလမ်းတွင် ‘ဧကရာဇ်အလောင်း’ ထက် သာလွန်သည့် အဆင့်မြင့် မိစ္ဆာသခင်တစ်ပါး ဖန်တီးရန် လတ်ဆတ်သော သိုင်းသူတော်စင် အလောင်းများကို လိုအပ်သည်။
အထူးသဖြင့် လတ်ဆတ်သော အလောင်းများ ဖြစ်သည်။
ဥပမာအားဖြင့် ကာစီ၏ အညစ်အကြေး ကင်းစင်သော လတ်ဆတ်သည့် သွေးများကို ခန္ဓာကိုယ် သန်မာစေရန် တိုက်ရိုက် သောက်သုံးနိုင်သည်။ မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူ တစ်ဦးသည် အထွက်အထိပ် သိုင်းသူတော်စင် တစ်ဦး၏ သွေးကို မကြာခဏ သောက်သုံးပေးလျှင် သိုင်းသူတော်စင် အဆင့်သို့ တက်လှမ်းနိုင်ခြေ ရှိသည်။ အဘယ်ကြောင့်ဆိုသော် သိုင်းသူတော်စင် တစ်ဦး၏ သွေးထဲတွင် ‘သိုင်းဆန္ဒ’များ ကိန်းအောင်းနေသောကြောင့် ဖြစ်သည်။
ယခုအခါ ကာစီ၏ အလောင်းနှင့် သွေးများကို ဟုန်ယွိ၏ အကာအကွယ်ဖြင့် ချိပ်ပိတ်ထား လိုက်ပြီ ဖြစ်သည်။ သွေးများ ခဲသွားခြင်း သို့မဟုတ် အလောင်း ပုပ်သိုးသွားခြင်းတို့ ဖြစ်တော့မည် မဟုတ်ပေ။
အလောင်းများကို သန့်စင်သည့် တာအိုပညာမှာ များသောအားဖြင့် မိစ္ဆာဂိုဏ်းများကသာ ကျင့်ကြံလေ့ရှိသော်လည်း၊ ကာစီကဲ့သို့ ရက်စက်ကြမ်းကြုတ်သော လူအတွက်မူ ဟုန်ယွိက သူ့အလောင်းကို သန့်စင်ခြင်းက ဝက်တစ်ကောင် သို့မဟုတ် ခွေးတစ်ကောင်ကို ပြုပြင် သကဲ့သို့သာ ဖြစ်ပြီး လူသားချင်းစာနာမှု သို့မဟုတ် တရားမျှတမှုတို့နှင့် ဆန့်ကျင်ဘက် မဖြစ်ဟု ယူဆထားသည်။
...
ဟုန်ယွိသည် ဓားကို အိမ်ထဲသို့ ပြန်သွင်းလိုက်ပြီး တတိယမင်းသား ကျိုးနှင့် ဆန်းဝေဝေ၊ ယွမ်ကုန်းမင်တို့ တိုက်ခိုက်နေသည်ကို ကြည့်လိုက်သည်။
ထိုအချိန်တွင် တတိယမင်းသား ကျိုးသည်လည်း ကိုယ်ပွားနှစ်ခုကို ထုတ်လွှတ်ထားပြီး သူ၏ အစစ်အမှန် ခန္ဓာကိုယ်ကိုမူ တစ်နေရာတွင် ဝှက်ထားသည်။ စိတ်ဝိညာဉ် အတွေးစများဖြင့် ဖွဲ့စည်းထားသော ထိုအင်မော်တယ် ကိုယ်ထည်နှစ်ခုမှာ ရှေးဟောင်း ကြေးနီရောင်ကဲ့သို့ အနီရင့်ရောင် ဖြစ်နေပြီး “ကောင်းကင်နဲ့ မြေကြီးက မီးဖို၊ ဖန်ဆင်းခြင်း က ပန်းပဲဆရာ၊ ယင်နှင့်ယန်က ကျောက်မီးသွေး၊ အရာခပ်သိမ်းက ကြေးနီ” ဟူသော အရှိန်အဝါများ လွှမ်းခြုံနေသည်။
၎င်းမှာ ကျိုးထိုက်ကျူ၏ အမြင့်ဆုံး နည်းစနစ်ဖြစ်သော “သွေးနီရောင် ကမ္ဘာဦး ကြေးသွန်း ခန္ဓာ” ပင် ဖြစ်သည်။
ခန္ဓာနှစ်ခုကို ဖန်တီးပြီးနောက် တတိယမင်းသား ကျိုးသည် ဧကရာဇ်တစ်ပါး၏ အတိုင်း အဆမဲ့ အာဏာစက် ပါဝင်နေသည့် သိုင်းဆန္ဒများကို ထုတ်ဖော်လိုက်သည်။ ၎င်းမှာ မဟာကျိုးမင်းဆက်၏ အနှစ်သာရဖြစ်သော “နတ်ဘုရား သုတ်သင်ခြင်း လက်သီး” ပင် ဖြစ်သည်။
တတိယမင်းသားကျိုးသည် အဆင့်သုံး မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦး၏ ကျင့်စဉ်အဆင့် ဖြင့် ဤသွေးနီရောင် ကမ္ဘာဦး ကြေးသွန်းခန္ဓာနှင့် နတ်ဘုရားသုတ်သင်ခြင်း လက်သီးကို ဖော်ထုတ်နေခြင်း ဖြစ်သည်။ ၎င်းမှာ ဟုန်ယွိ၏ တာအိုဗုဒ္ဓဓမ္မခန္ဓာနှင့် တံဆိပ် (၁၀) ပါး’ ကဲ့သို့ အစွမ်းမထက်သော်လည်း လက်ရှိအချိန်တွင် ဆန်းဝေဝေနှင့် ယွမ်ကုန်းမင်တို့၏ တိုက်ခိုက် မှုများကို ခုခံရန် လုံလောက်နေသည်။
ဟုန်ယွိ၏ လက်ထဲတွင် ရှုံးနိမ့်ခဲ့သည်မှလွဲ၍ တတိယမင်းသားကျိုးသည်လည်း တာအို ပညာတွင် ကမ္ဘာ့အစွမ်းထက်ဆုံး လူများထဲမှ တစ်ဦး ဖြစ်သည်။ သူသည် တော်ဝင်ချန် မင်းဆက်ကို နှစ်ပေါင်း ခြောက်ဆယ်တိုင်တိုင် ဒုက္ခပေးလာခဲ့သည့် ဆူးတစ်ချောင်းလည်း ဖြစ်သည်။
“မဟာမင်းဆရာ မဟာရွှမ်မင် နတ်ဘုရား၊ မူလရေနတ်ဘုရား။”
တတိယမင်းသားကျိုး၏ ပြင်းထန်သော တိုက်ခိုက်မှုကို မြင်သောအခါ ဆန်းဝေဝေက စူးရှစွာ ဟစ်အော်လိုက်ပြီး ‘ရွှမ်မင်ရေနတ်ဘုရား’ အစွမ်းကို ထုတ်ဖော်ကာ၊ စိတ်ဝိညာဉ် အတွေးစများကို စုစည်းပြီး အနက်ရောင် အကြေးခွံများ ဖုံးလွှမ်းထားပြီး မြွေကိုယ်ထည်နှင့် အမျိုးသမီးတစ်ဦးကို ဖန်တီးလိုက်သည်။ ထိုအမျိုးသမီးသည် လက်ထဲတွင် မှော်စာလုံးများ ဖုံးလွှမ်းနေသည့် နှင်တံရှည်တစ်ချောင်းကို ကိုင်ထားသည်။
သူမက ထိုနှင်တံကို ဝှေ့ယမ်းလိုက်သည့်အခါ နေရာအနှံ့တွင် လှိုင်းလုံးကြီးများ ရိုက်ခတ်သံ ကို ကြားလိုက်ရသည်။
ဖောက်…
ဤနှင်တံရှည်သည် ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားပြီး၊ ရိုက်ချလိုက်သည့်အခါဝယ် တောင်များကို ရွှေ့ပြောင်းနိုင်ပြီး ပင်လယ်များကို ဖုံးလွှမ်းနိုင်သည့် စွမ်းအားမျိုး ရှိနေဟန်ရ ပြီး၊ ဟုန်ယွိ၏ အလင်းနယ်မြေ အကာအကွယ်ကြီးပင် အနည်းငယ် တုန်ခါသွားရသည်။
“ရှေးဟောင်းမှော်လက်နက် - ပင်လယ်မှောက်လှန်နှင်တံ။”
နှင်တံပေါ်လာသည်နှင့် တတိယမင်းသား ကျိုးမှာ အလစ်အငိုက် မိသွားပြီး နှင်တံတစ်ချက် ရိုက်ခံလိုက်ရရာ သူ၏ စိတ်ဝိညာဉ်အတွေးစ ဒါဇင်ပေါင်းများစွာ ပေါက်ကွဲသွားတော့သည်။ သူသည် ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။ ပြင်းထန်သော ဟိန်းဟောက်သံနှင့် အတူ သူ၏ပါးစပ်ကို ဖွင့်ကာ အငွေ့အသက်များကို မှုတ်ထုတ်လိုက်ရာ ခရမ်းရောင် အခိုးအငွေ့များစွာ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ကို သံချပ်ကာတစ်ခုကဲ့သို့ လွှမ်းခြုံ ထားလိုက်သည်။
“ခရမ်းရောင် မဟာတိမ်တိုက်စွမ်းအင်။”
ဆန်းဝေဝေ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ မဟာရွှမ်မင် နတ်ဘုရားမသည် ‘ပင်လယ်မှောက်လှန်နှင်တံ’ ကို ပြင်းထန်စွာ ဝှေ့ယမ်းကာ ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။
ဆန်းဝေဝေ၏ ကျင့်စဉ်အဆင့်မှာ တတိယမင်းသားကျိုးထက် များစွာ နိမ့်ပါးသော်လည်း သူမ၏ မှော်လက်နက်မှာ အလွန်ပင် အစွမ်းထက်သည်။ ထို့အပြင် ယွမ်ကုန်းမင်ကလည်း သူမအတွက် ဖိအားများစွာကို လျှော့ချပေးထားသည်။ ဝရဇိန် ခွန်အားကြီး နတ်ဘုရား မျောက်ဝံကြီး ယွမ်ကုန်းမင်သည် အလွန်ပင် ရက်စက်ကြမ်းကြုတ်လှသည်။ သူသည် လက်ထဲမှ သံမဏိတုတ်ကြီးကို ကိုင်ကာ ‘နတ်ဆိုးမျောက်ဝံ ဖရိုဖရဲ နတ်ဘုရားတုတ်သိုင်း’ ထက် ပိုမိုပြင်းထန်၊ ပိုမိုရက်စက်ပြီး ပိုမိုစွမ်းအားကြီးသော တုတ်သိုင်းဖြင့် တိုက်ခိုက်နေ ခြင်း ဖြစ်သည်။
“မူလပေါင်းစည်း ကောင်းကင်ယံ၊ နေနှင့်လကို ဝါးမြိုခြင်း။”
ရိုင်းစိုင်းသော ဟစ်ကြွေးသံနှင့်အတူ ယွမ်ကုန်းမင်၏ သံမဏိတုတ်ကြီးသည် လေထုကို ဖြတ်သန်းသွားကာ မီးပွင့်များ လွင့်ထွက်သွားပြီး တတိယမင်းသားကျိုးကို ထိမှန်ကာ အကြိမ်ကြိမ် နောက်ဆုတ်ခွာသွားစေသည်။
“ကောင်းကင်က ဆန်းကြယ်၊ မြေကြီးကအဝါရောင်၊ အလယ်ဗဟိုက ဘုရင်၊ အစွန်းရောက် ဧကရာဇ် ပြောင်းပြန်လှန်ခြင်း။”
မိမိ အခြေအနေ မကောင်းသည်ကို မြင်သောအခါ တတိယမင်းသားကျိုး၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်လာသည်။ သူ၏ အင်မော်တယ် ခန္ဓာကိုယ်နှစ်ခုမှာ ရုတ်တရက် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး စိတ်ဝိညာဉ် အတွေးစ ၁,၀၀၀ ကျော် ပျံထွက်လာ ကာ ဆန်းကြယ်သော အစီအရင်တစ်ခုကို တည်ဆောက်လိုက်သည်။ အစီအရင်က ပြင်းထန်စွာ အသက်ဝင်လာသည်နှင့် တစ်ပြိုင်နက် ရုတ်တရက် ပေါက်ကွဲသွားတော့သည်။
၎င်းမှာ သူ့ကိုယ်ပိုင် စိတ်ဝိညာဉ် အတွေးစများကို ဖျက်ဆီး လောင်ကျွမ်းစေရသည့် အမြင့်ဆုံး တာအိုပညာရပ် တစ်မျိုးဖြစ်သော “အစွန်းရောက် ဧကရာဇ် ပြောင်းပြန်လှန်ခြင်း ပညာရပ်” ပင် ဖြစ်သည်။ မဟာကျိုးနိုင်ငံကို တည်ထောင်သူ ဘိုးဘေးကြီး ကျိုးထိုက်ကျူ သည် တစ်ခါက ဤနည်းစနစ်ကို အသုံးပြုကာ မုန့်ရှန်းကျီ၏ အသေသတ်ကွက်ကို ခုခံပြီး လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့သည်။
စိတ်ဝိညာဉ် အတွေးစများ ဖျက်ဆီးခံရပြီး လောင်ကျွမ်းသွားသည်နှင့် ဧရာမ စွမ်းအင်လှိုင်း ကြီးတစ်ခုမှာ ဘေးပတ်လည်ရှိ လေဟာနယ်ကို တွန်းထုတ်ပြီး ချေဖျက်လိုက်တော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆန်းဝေဝေနှင့် ယွမ်ကုန်းမင်တို့ နှစ်ဦးစလုံးသည် အချိန်များ နောက်ပြန် ဆုတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့၏ စိတ်ဝိညာဉ်များနှင့် အတွေးစ များ အားလုံးသည် တစ်လပြီးတစ်လ၊ တစ်နှစ်ပြီးတစ်နှစ် နောက်ပြန်ဆုတ်သွားကာ ကြီးရာမှငယ်၊ ငယ်ရာမှ ပို၍ ကျုံ့ဝင်လာတော့သည်။
အချိန်များ နောက်ပြန်ဆုတ်သွားသည့် ထိုခဏတွင် ယွမ်ကုန်းမင်၏ မျက်နှာမှာ ပျက်ယွင်း သွားသည်။ သူသည် နောက်သို့ ဆုတ်ကာ သူ၏ တိုက်ခိုက်မှုများကိုလည်း ရုပ်သိမ်းလိုက်ရ သည်။
“အတိတ် အမိတ္တဘ၊ ပစ္စုပ္ပန် တထာဂတ၊ အသက်မဲ့ အနာဂတ်၊ ကမ္ဘာသုံးရပ်၏ တာအိုဗုဒ္ဓများ၊ လေဟာနယ်ထဲတွင် ပုန်းကွယ်လျက်၊ အချိန်များ ကုန်လွန်သော်လည်း အမှန်တရားမှာ မပြောင်းလဲ။ ရပ်တန့်စေ။”
ထိုခဏတွင် ဟုန်ယွိသည် ‘အတိတ်ကျမ်း’၊ ‘ပစ္စုပ္ပန်ကျမ်း’ နှင့် ‘အနာဂတ်ကျမ်း’ သုံးခုစလုံး ကို တစ်ပြိုင်နက်တည်း အသုံးပြုလိုက်သည်။
ဝုန်း…။
အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို ဖြတ်သန်းနေသော ဧရာမ ရွှေရောင်အလင်းတန်းကြီး တစ်ခု ကောင်းကင်ယံတွင် ထွက်ပေါ်လာသည်။ ‘အစွန်းရောက် ဧကရာဇ် ပြောင်းပြန်လှန် ခြင်း’ ပညာကြောင့် ဖြစ်ပေါ်လာသော ‘အချိန်နောက်ပြန် စီးဆင်းမူ’မှာ ထိုရွှေရောင် အလင်း တန်းကြီး ထိုးဖောက်ခံရပြီးနောက် အမှန်ပင် ရပ်တန့်သွားပြီး၊ ပျက်ဆီးနေသော စိတ်ဝိညာဉ် အတွေးစ စွမ်းအင်လှိုင်းများမှာလည်း လုံးဝ ပျောက်ကွယ်သွားသည်။
အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ဟူသည့် ကြီးမားပြင်းထန်လှသော အတွေးစ (၃) ခုက အချိန်နောက်ပြန်စီးဆင်းမှုကို ဖိနှိပ်လိုက်ခြင်း ဖြစ်သည်။ အချိန်ကို မည်မျှပင် နောက်ပြန် စီးဆင်းနေပါစေ၊ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကြားတွင်သာ ပိတ်မိနေပြီး လွတ်ထွက် သွားခြင်း မရှိတော့ပေ။ ဟုန်ယွိသည် ‘အစွန်းရောက် ဧကရာဇ် ပြောင်းပြန်လှန်ခြင်း’ ပညာကို လွယ်ကူစွာပင် ချေဖျက်လိုက်နိုင်ပြီ ဖြစ်သည်။
“မင်း... မင်းက တာအိုပညာတစ်ခုတည်းနဲ့ ငါ့ရဲ့ အစွန်းရောက် ဧကရာဇ် ပြောင်းပြန်လှန် ခြင်းပညာကို ချေဖျက်လိုက်တာလား။ မင်း... မင်းက သိုင်းပညာတစ်ခုတည်းနဲ့ပဲ ရက်စက်မိစ္ဆာ ကာစီကိုလည်း သတ်ခဲ့တယ်။”
တတိယမင်းသားကျိုး၏ မျက်နှာမှာ ပြာနှမ်းသွားသည်။ သူသည် ဟုန်ယွိကို ကြည့်ရင်း လုံးဝ စိတ်ဓာတ်ကျသွားသည့် မျက်နှာအမူအရာ ရှိနေသည်။ သူ၏ အမြင့်ဆုံး နည်းစနစ်မှာ ချေဖျက်ခံလိုက်ရပြီး သူ၏ ယုံကြည်မှုအားလုံး ပျောက်ဆုံးသွားပြီ ဖြစ်သည်။ သူ၏ စိတ်ဝိညာဉ် အတွေးစအားလုံး ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားပြီး သူသည် ဟုန်ယွိ၊ ဆန်းဝေဝေနှင့် ယွမ်ကုန်းမင်တို့ကို မြွေပါသုံးကောင်ကို ကြည့်နေသည့် ကြက်ကလေး တစ်ကောင်ကဲ့သို့ ကြည့်နေသည်။ သူ၏ မျက်လုံးများမှာ တုန်လှုပ်နေပြီး အားကိုးရာမဲ့သည့် အသွင် ဆောင်နေသည်။
“အစွန်းရောက် ဧကရာဇ် ပြောင်းပြန်လှန်ခြင်းပညာရပ်က တကယ်ကို အစွမ်းထက်တာပဲ။ ကံကောင်းလို့ တတိယမင်းသားကျိုးရဲ့ တာအိုပညာက အားနည်းနေသေးတာရယ်၊ ပြီးတော့ သူ့အတွေးစ ၃,၀၀၀ ကို ငါ ဖျက်ဆီးလိုက်ပြီးနောက်၊ သူ့ကိုယ်သူ ပြန်မကုစားနိုင် သေးတာရယ်ကြောင့်ပဲ။ မဟုတ်ရင် ငါလည်း နည်းနည်း ဒုက္ခရောက်နိုင်တယ်။”
ယခုလေးတင် သူအသုံးပြုလိုက်သည့် နည်းစနစ်မှာ အချိန်ကို ပြောင်းပြန်လှန်နိုင်ခြင်း ဖြစ်သည်။ သဘာဝတရားကို ဆန့်ကျင်ပြီး အချိန်ကို နောက်ပြန်လှန်ခြင်းမှာ ကောင်းကင် ကို တုန်လှုပ်စေကာ နတ်ဘုရားများနှင့် ဝိညာဉ်များကို ငိုကြွေးစေနိုင်သည့် တာအိုပညာရပ် ဖြစ်သည်။ ထိုပညာရပ်ကို မုန့်ရှန်းကျီပင်လျှင် ကြောက်ရွံ့ရသည်မှာ မဆန်းတော့ပေ။
အကယ်၍ ဘိုးဘေးကြီး ကျိုးထိုက်ကျူသာ ဒဏ်ရာအပြင်းအထန်ရမည့် အန္တရာယ်ကို လျစ်လျူရှုပြီး ဤနည်းစနစ်ကို အသုံးပြုခဲ့လျှင်၊ မိုးကြိုးကပ်ဘေး အဆင့် (၆) ပညာရှင် တစ်ဦး၏ စိတ်ဝိညာဉ် စွမ်းအားနှင့်ဆိုပါက တတိယမင်းသားကျိုးထက် အဆပေါင်း ရာချီ ပိုပြီး ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။ ဟုန်ယွိ၏ လက်ရှိ တာအိုပညာဖြင့်ပင်လျှင် ဒဏ်ရာအပြင်းအထန် ရသွားနိုင်ပေသည်။ ဤပညာရပ်မျိုးသည် အသက်နှင့်လဲရသော နောက်ဆုံးလက်နက် တစ်မျိုးပင်။
ဤအချက်ကို တွေးမိရင်း ဟုန်ယွိသည် ရည်မှန်းချက်ကြီးမားပြီး ရက်စက်လှသော ဘိုးဘေးကြီးအပေါ် စိုးရိမ်စိတ် နောက်တစ်ဖန် တိုးလာရပြန်သည်။ ဤလူများ၏ တာအို ပညာမှာ သူ့ထက် နိမ့်ပါးနေဦးတော့၊ အကယ်၍ သူတို့က အသက်နှင့်လဲပြီး တိုက်ခိုက်လာ လျှင် မည်သူမဆို စိုးရိမ်ရမည်မှာ အမှန်ပင်။
“မင်းက တော်တော်လေး စိတ်ဓာတ်ပျော့သေးတာပဲ။ အံ့သြစရာ မရှိပါဘူး၊ ဒါကြောင့် လည်း မင်းက အခုထိ တော်ဝင်ချန် နန်းတော်က သတိထားမိရုံလောက်ပဲ လုပ်နိုင်ပြီး စစ်မီးကို မတောက်လောင်စေနိုင်ခဲ့တာ။ မင်း အခုနက အတွေးစ ၁,၀၀၀ ကိုပဲ သုံးပြီး အစွန်းရောက် ဧကရာဇ် ပြောင်းပြန်လှန်ခြင်းပညာကို သုံးခဲ့တာမလို့ ငါက တစ်ချက်တည်း နဲ့ ချေဖျက်နိုင်ခဲ့တာ။ မင်းသာ အကုန်ပုံအောသုံးခဲ့ရင် အတွေးစ ၃,၀၀၀ နဲ့ဆို မင်း တကယ် ပဲ လွတ်မြောက်သွားနိုင်တယ်။”
ဟုန်ယွိက တတိယမင်းသားကျိုးကို အေးစက်စွာ ကြည့်လိုက်သည်။
တတိယမင်းသားကျိုးသည် မိုးကြိုးကပ်ဘေး (၃) ကြိမ် ကျော်ဖြတ်ထားပြီး မူလက အတွေးစ ၇,၀၀၀ ရှိသည်။ ဟုန်ယွိက ၃,၀၀၀ ကို ဖျက်ဆီးလိုက်ပြီးနောက် ၄,၀၀၀ သာ ကျန်တော့သည်။ ယခုလေးတင် အစွန်းရောက် ဧကရာဇ် ပြောင်းပြန်လှန်ခြင်း ပညာကို သုံးလိုက်သဖြင့် နောက်ထပ် ၁,၀၀၀ ပျောက်ကွယ်သွားရာ သနားစဖွယ် အတွေးစ ၃,၀၀၀ သာ ကျန်တော့သည်။ ဤအတွေးစ ၃,၀၀၀ မှာ သူ၏ အသက်ရှင်သန်မှုအတွက် အခြေခံ အုတ်မြစ်ဖြစ်သည်။ အကယ်၍ သူသာ ဤနည်းစနစ်ကို ထပ်သုံးလျှင် သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်နှစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။
“အခုတော့ ငါက ကျားပါးစပ်ထဲက သိုးတစ်ကောင်၊ စဉ်းနှီတုံးပေါ်က ငါးတစ်ကောင် ဖြစ်နေ ပါပြီ။ မင်း သဘောရှိသလို သတ်နိုင်ပါတယ်။” တတိယမင်းသားကျိုးက ဟုန်ယွိကို ကြည့်ရင်း ပြောလိုက်သည်။ “မင်း ငါ့ကို သတ်ချင်တာလား။”
“သေချာတာပေါ့၊ မင်းရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ် နှစ်ခုလုံးကို ငါ ဖျက်ဆီးပစ်ချင်တာ။ ဟိုးတုန်းက ငါ့ရဲ့ တာအိုလက်တွဲဖော် မိုးကြိုးကပ်ဘေး ရင်ဆိုင်နေတုန်းမှာ မင်းက သူမရဲ့ အတွေးစတွေကို ဝါးမြိုဖို့ ကြိုးစားခဲ့တယ်။ ဒါက ငါ့ဇနီးကို သတ်ဖို့ ကြိုးစားခဲ့တဲ့ ပုဂ္ဂိုလ်ရေး ရန်ငြိုးပဲ၊ ဘယ်လိုမှ ပြန်မပြေနိုင်တဲ့ ရန်ငြိုးပေါ့။ အခုလည်း မင်းက တိုင်းတစ်ပါးသားတွေနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို ဒုက္ခပေးနေပြန်ပြီ၊ ဒါကလည်း တစ်ချက်ချင်း အစိတ်စိတ် အမွှာမွှာ ခုတ်ပိုင်းခံရမယ့် ရာဇဝတ်မှုပဲ။ ဒါကတော့ အများပြည်သူနဲ့ဆိုင်တဲ့ ရန်ငြိုးပဲ။ ပုဂ္ဂိုလ်ရေးအရရော၊ အများအကျိုးအတွက်ပါ မင်းကို ငါသတ်တာ မှားတယ်လို့ မင်းထင် လား။”
ဟုန်ယွိသည် ဓားကို ကိုင်ကာ ရပ်နေသည်။ တတိယမင်းသားကျိုးက အသက်နှင့်လဲသည့် ထိုနည်းစနစ်ကို ထပ်သုံးလာမည်ကိုလည်း သူ မကြောက်ပေ။ အကယ်၍ အတွေးစ ၃,၀၀၀ စလုံး ဖျက်ဆီးခံရလျှင် ၎င်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းပင် ဖြစ်သည်။ တတိယ မင်းသားကျိုးမှာ ဤမျှအထိ သတ္တိမရှိသလို၊ ဒီအတိုင်းလည်း အသေခံမည် မဟုတ်ပေ။ ဟုန်ယွိအနေဖြင့် အတွေးစ ၁,၀၀၀ ထပ်မံ ဖျက်ဆီးခံရမည်ကိုလည်း မကြောက်ပေ။
“မမှားပါဘူး။” တတိယမင်းသားကျိုးက ဟုန်ယွိကို ကြည့်ပြီး ခန္ဓာကိုယ်ကို လှုပ်ရှားလိုက် သည်။ “လုံးဝ မမှားပါဘူး။ ဒါပေမဲ့ ငါ မင်းကို သတင်းတစ်ခု ပေးမယ်၊ အဲဒီသတင်းအတွက်နဲ့ ငါ့အသက်ကို ချမ်းသာပေးဖို့ ငါ မျှော်လင့်ပါတယ်။ ဒါက ‘ချန်ပီယံမြို့စား’ အကြောင်းပဲ။ ဒီသတင်းက တစ်ကမ္ဘာလုံးကို တုန်လှုပ်စေပြီး ကသောင်းကနင်း ဖြစ်သွားစေနိုင်တယ်။”
“ဘာသတင်းလဲ။” ဟုန်ယွိက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ဝေဝေဝါးဝါး ခံစားချက်အရ ဤသတင်းမှာ သာမန်မဟုတ်ဟု သူ ခံစားမိသည်။
“ပထမသတင်းကတော့ မူလဝိညာဉ်နတ်ဘုရားဟာ လူသားအဖြစ် ပြောင်းလဲသွားပြီး လူသားခန္ဓာကိုယ်နဲ့ ကျင့်ကြံနေပြီ ဆိုတာပဲ။” တတိယမင်းသားကျိုးက ဟုန်ယွိ၏ မျက်လုံး များကို ကြည့်ကာ သတိကြီးစွာထားရင်း ပြောလိုက်သည်။
“ဒီသတင်းက ဘာမှ မဆန်းပါဘူး။ မူလဝိညာဉ်နတ်ဘုရားက နတ်ဘုရားအားလုံးထက် ကျော်လွန်နေပြီ၊ သူရဲ့တန်ခိုးစွမ်းအားက စိတ်ကူးလို့မရနိုင်တဲ့ အဆင့်ကို ရောက်နေပြီ။ သူ့အတွက် လူသားအဖြစ် ပြောင်းလဲဖို့ဆိုတာ မခက်ပါဘူး။” ဟုန်ယွိက အေးအေး ဆေးဆေးပင် ပြောလိုက်သည်။
“ဒုတိယသတင်းကတော့ မူလဝိညာဉ်နတ်ဘုရားရဲ့ ခန္ဓာကိုယ်ကို မုန့်ရှန်းကျီရဲ့ ‘လေဟာနယ်ထဲမှ သက်ရှိဖန်ဆင်းခြင်း’ နည်းစနစ်နဲ့ တည်ဆောက်ထားတာပဲ။ မုန့်ရှန်းကျီ ရဲ့ ဖန်ဆင်းရှင်နယ်ပယ် နည်းစနစ်နဲ့ဆိုရင် မူလဝိညာဉ်နတ်ဘုရားဟာ တကယ့် လူသား ခန္ဓာကိုယ် အစစ်အဖြစ် ပြောင်းလဲနိုင်ပြီ။ အဲဒီအတွက် အလဲအလှယ်ကတော့ မူလဝိညာဉ် နတ်ဘုရားက မုန့်ရှန်းကျီကို 'ဘုံသုံးပါး မူလစွမ်းအင်အမြောက်'ဆိုတဲ့ လျှို့ဝှက်ကျမ်းစာကို ကြည့်ခွင့်ပေးလိုက်တာပဲ...” တတိယမင်းသားကျိုးက သူ့နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက် သည်။
“မင်း ဘာပြောလိုက်တယ်” ဟုန်ယွိ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်! “ဒီလောက်ကြီးမားတဲ့ လျှို့ဝှက်ချက်ကို မင်းက လုပ်ကြံပြောနေတာလား၊ ခန့်မှန်းနေတာ လား။”
“ငါ့ရဲ့သတင်းက ၇၀ ရာခိုင်နှုန်း မှန်တယ်လို့ပဲ ပြောနိုင်တယ်၊ ဘာလို့လဲဆိုတော့ ငါ့ရဲ့ ဘိုးဘေးကြီးဆီက ဒီသတင်းစကားကို ငါ ရခဲ့လို့ပဲ။” တတိယမင်းသားကျိုးက သက်ပြင်းချ ကာ ဆက်ပြောသည် “တတိယသတင်းလည်း ရှိသေးတယ်။ ‘ချန်ပီယံမြို့စား’ က ငါ့ဆီ သတင်းပို့ထားတာကတော့ သူဟာ မူလဝိညာဉ်နတ်ဘုရားနဲ့ သွေးသောက်ညီအစ်ကို ဖွဲ့ထားပြီတဲ့။ မူလဝိညာဉ်နတ်ဘုရားက သူရဲ့ အစ်ကိုကြီးပေါ့၊ ပြီးတော့ တစ်ခုခုလုပ်ဖို့ အတွက် သူရဲ့ ‘ဖန်ဟွမ် အသက်ဝိညာဉ်ဓား’ကို ခဏ ငှားချင်နေတာ။ မူလဝိညာဉ် နတ်ဘုရားကလည်း သူ့ကို အကျိုးကျေးဇူးတွေ အများကြီး ပေးထားတယ်။ မုန့်ရှန်းကျီနဲ့ မူလဝိညာဉ်နတ်ဘုရားတို့ ပူးပေါင်းပြီး သူ့ရဲ့ကျင့်စဉ်အဆင့်ကို မြှင့်ပေးထားကြတယ်။ အဲဒီနောက် ကမ္ဘာတုန်ခါလောက်တဲ့ လျှို့ဝှက်နည်းစနစ်ကို သုံးပြီး သူရဲ့ ‘စိတ်ဝိညာဉ်’ နဲ့ ‘ခန္ဓာကိုယ်’ကို ခွဲထုတ်လိုက်ကြတယ်။ တာအိုပညာပေါ့။ အခု ‘ချန်ပီယံမြို့စား’ ဟာ ‘ချင်းကျိုး’ ပြည်နယ်ကို ပြန်သွားပြီး တိတ်တဆိတ် ပုန်ကန်ဖို့ ကြံစည်နေပြီ။ အနောက်ဘက်ဒေသမှာ တကယ့်စစ်ပွဲကြီး စတာနဲ့ သူက ချက်ချင်း ပုန်ကန်တော့မှာ၊ ပြီးတော့ သူက ကောင်းကင်မြွေဘုရင်မနဲ့ ဆန်းကြယ်ကောင်းကင်ဘုံခန်းမရဲ့သခင်တို့နဲ့ပါ ပူးပေါင်းပြီး သူ့ကို ‘မဟာဧကရာဇ်’ အဖြစ် တင်မြှောက်ဖို့ လုပ်နေကြပြီ။”
“ရှင် ဘာပြောတယ်။ ‘ချန်ပီယံမြို့စား’ က ပုန်ကန်တော့မယ် ဟုတ်လား။”
ဤနေရာတွင် ဆန်းဝေဝေ၏ မျက်နှာအမူအရာပင်လျှင် ရုတ်တရက် ပြောင်းလဲသွားတော့ သည်။
အနောက်ဘက်ဒေသသည် အင်အားအလုံးအရင်းနှင့် စစ်တိုက်တော့မည်။ အကယ်၍ ‘ချန်ပီယံမြို့စား’သာ ‘ချင်းကျိုး’တွင် ပုန်ကန်လိုက်ပါက တစ်ကမ္ဘာလုံး ချက်ချင်း ပြိုလဲသွား ပြီး မကြုံစဖူး ကသောင်းကနင်း ဖြစ်ရပ်ကြီး ပေါ်ပေါက်လာပေလိမ့်မည်။ ဆန်းဝေဝေကို ထားပါဦး၊ ကြောက်မက်ဖွယ်ကောင်းသော တာအိုပညာနှင့် နတ်ဘုရားတန်ခိုးများ ပိုင်ဆိုင် ထားသည့် ဟုန်ယွိပင်လျှင် တတိယမင်းသားကျိုး ပြောပြသော လျှို့ဝှက်ချက် (၃) ခုကို ကြားရသည့်အခါ သူ၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်သွားရသည်။
အကယ်၍ တတိယမင်းသားကျိုး ပြောပြသည့် ဤသတင်း (၃) ခုသာ အမှန်ဖြစ်ခဲ့လျှင်၊ အခြေအနေများ ပျက်စီးသွားသည့်အခါ သူသည်လည်း လှိုင်းတံပိုးများကြားမှ ရေမှော်ပင် တစ်ပင်ကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။
မူလဝိညာဉ်နတ်ဘုရား၊ မုန့်ရှန်းကျီ၊ ဤထိပ်သီး ပညာရှင်နှစ်ဦး ပူးပေါင်းသွားပြီဆိုလျှင် သူတို့သည် ‘စိတ်ယန်ဝိညာဉ်’ (ယန်နတ်ဘုရား) အဆင့်နှင့်ပင် နှိုင်းယှဉ်နိုင်နေပြီ ဖြစ်သည်။ မည်သူက သူတို့ကို ယှဉ်နိုင်တော့မည်နည်း။
“ဒီသတင်း (၃) ခုက ငါ့အသက်နဲ့ လဲဖို့ လုံလောက်တယ် မဟုတ်လား။ ‘ကျွမ့်ယွမ်’ သခင်လေးက ကတိတည်တဲ့ လူကြီးလူကောင်းတစ်ယောက် ဖြစ်တယ်လို့ ငါ ကြားဖူးပါ တယ်။ မင်းရဲ့ ကတိက ရွှေထက် တန်ဖိုးရှိပါတယ်။” သတင်းများကို ပြောပြီးနောက် တတိယမင်းသားကျိုး သက်ပြင်းချလိုက်သည်။ သူသည် ဟုန်ယွိ၏ ရန်သူ ဖြစ်သော်လည်း ဟုန်ယွိ၏ ကတိတည်ပုံကို သူ သိနေသည်။ ဟုန်ယွိက သူ့ကို သတ်မည် မဟုတ်တော့ပေ။
“ဒီသတင်း (၃) ခုက အမှန်လား၊ အမှားလား ဆိုတာ ပြောဖို့ ခက်သေးတယ်။ အဲဒီအပြင် မုန့်ရှန်းကျီက မူလဝိညာဉ်နတ်ဘုရားနဲ့ တကယ်ပဲ ပူးပေါင်းနေတာလား။ အနောက်ဘက် ဒေသက ကုဋေပေါင်းများစွာသော ပြည်သူတွေကရော။ မူလဝိညာဉ်နတ်ဘုရားက သူ့ပြည်သူတွေကို စွန့်လွှတ်လိုက်ပြီလား။ ဒါပေမဲ့ ‘ချန်ပီယံမြို့စား’ရဲ့ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ် ပေါင်းစည်းသွားပြီးမှ လျှို့ဝှက်နည်းစနစ်နဲ့ ပြန်ခွဲထုတ်ပြီး တာအိုပညာရပ်တွေ ကို အမြန်ပြန်ကျင့်နေတယ်ဆိုတော့... သူ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ဖို့ လအနည်း ငယ်ပဲ လိုတော့မှာပေါ့။ အထွက်အထိပ် သိုင်းသူတော်စင် တစ်ယောက်ရဲ့ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို ခွဲထုတ်နိုင်တာက မုန့်ရှန်းကျီနဲ့ မူလဝိညာဉ်နတ်ဘုရားလို ပညာရှင်မျိုးမှပဲ လုပ်နိုင်မှာ။ သူတို့ကလွဲရင် ငါလည်း မလုပ်နိုင်ဘူး။” ဟုန်ယွိက အေးအေးဆေးဆေးပင် ပြောလိုက်သည်။
***