တာအိုဗုဒ္ဓဓမ္မခန္ဓာ ပေါ်ထွက်လာပြီ။
လက်ဝါးတစ်ချက်တည်းတွင် တံဆိပ်တော်ပုံစံသုံးမျိုး ပါဝင်နေ၏။
မဟာတံဆိပ်တော်၊ လွတ်မြောက်ခြင်းတံဆိပ်တော်နှင့် ပါရမီတံဆိပ်တော်တို့သည် ကျိုးထိုက်ကျူ၏ ‘သွေးနီရောင် ကမ္ဘာဦး ကြေးသွန်းခန္ဓာ’နှင့် ‘ဖျက်ဆီးခြင်း မဟာ နတ်ဘုရားလက်သီး’ တို့ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ စွမ်းအားချင်း ကွာခြားမှုမှာ ချက်ချင်းပင် ပေါ်လွင်သွားတော့သည်။
မဟုတ်သေးပေ... ထိပ်တိုက်မတွေ့ဆုံမီကပင် စွမ်းအားကွာခြားချက်မှာ ထင်ရှားနေခဲ့ခြင်း ဖြစ်သည်။
ယခုပစ္စုပ္ပန်ကို လွှမ်းမိုးထားပြီး စွမ်းအားအားလုံးကို စုပ်ယူထားသည့် ‘ ပစ္စုပ္ပန်တာအိုဗုဒ္ဓ တံဆိပ်တော်၏ အရှိန်အဝါသည် ကျိုးထိုက်ကျူ၏ စွမ်းအားကို လုံးဝ ဖုံးလွှမ်းသွားခဲ့ပြီ။
ကျိုးထိုက်ကျူ၏ အတွေးစပေါင်း ၅၅,၅၅၅ ခုဖြင့် ဖွဲ့စည်းထားသော ‘သွေးနီရောင် ကမ္ဘာဦး ကြေးသွန်းခန္ဓာ’သည် ဟုန်ယွိ၏ ပစ္စုပ္ပန်တာအိုဗုဒ္ဓတံဆိပ်တော် အောက်တွင် ကြေမွပျက်စီးသွား ခဲ့ရပြီ ဖြစ်သည်။ အတွေးစများ ပေါက်ကွဲပျက်စီးသွားသည့် အသံမှာ ဗျောက်အိုးတန်းကြီး ကို မီးရှို့လိုက်သကဲ့သို့ တဖြောက်ဖြောက်နှင့် ဆူညံနေတော့သည်။
ဟန်ရှောင်ကျိသည် မိုးကြိုးကပ်ဘေး (၅) ကြိမ် ကျော်ဖြတ်ထားသည့် ပညာရှင်ဖြစ်ပြီး အတွေးစပေါင်း ၄၈,၀၀၀ ရှိသည်။ ကျိုးထိုက်ကျူမှာမူ မိုးကြိုးကပ်ဘေး (၆) ကြိမ်အထိ ကျော်ဖြတ်ထားသည့် ပြိုင်ဘက်ကင်း ပညာရှင်ဖြစ်ရာ သူ၏ အတွေးစပေါင်းမှာ ၆၀,၀၀၀ မှ ၇၀,၀၀၀ အထိ ရှိပေလိမ့်မည်။ သူသည် ထန်ဟိုင်လုံနှင့် မနှိုင်းယှဉ်နိုင်သော်လည်း ဤအတွေးစများကို မရေမတွက်နိုင်သော ကံကောင်းမှုများနှင့် ကျင့်ကြံမှုများမှတစ်ဆင့် ရရှိခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ဤ ‘သွေးနီရောင် ကမ္ဘာဦး ကြေးသွန်းခန္ဓာ’ တွင် သူ၏ စွမ်းအား ၈၀ ရာခိုင်နှုန်း ဖြစ်သော အတွေးစပေါင်း ၅၅,၀၀၀ ကျော်ကို အသုံးပြုထားခြင်း ဖြစ်ရာ ၎င်းမှာ အလွန် တရာ အစွမ်းထက်လှပေသည်။
သို့သော် ၎င်းကို ဟုန်ယွိက ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။ သူသည် လုံးဝ မခုခံနိုင်ခဲ့ပေ။
ဟုန်ယွိ၏ လက်ဝါးချက်မှာ ကျိုးထိုက်ကျူ၏ အတွေးစပေါင်း တစ်သောင်းနီးပါးကို ကြေမွ သွားစေခဲ့သည်။ ပျက်စီးသွားသော အတွေးစပေါင်းမှာ ရေတွက်၍ပင် မရနိုင်တော့သဖြင့် သူသည် အပြင်းအထန် ထိခိုက်ဒဏ်ရာ ရသွားခဲ့သည်။
ထိုကြေမွသွားသော အတွေးစများသည် လုံးဝ သေဆုံးသွားခြင်း ဖြစ်၏။ ၎င်းတို့သည် မည်သည့်အခါမျှ ပြန်လည်မရရှိနိုင်တော့ဘဲ ထိုအတွေးစများ ပြန်လည် ပြည့်ဝလာရန် အတွက် အချိန်အလွန်ကြာမြင့်စွာ ပြန်လည် ကျင့်ကြံရပေဦးမည်။
ကျိုးထိုက်ကျူသည် မည်မျှပင် သန်မာစေကာမူ ဟုန်ယွိကဲ့သို့ အတွေးစများကို ချက်ချင်း ပြန်လည်ကုစားနိုင်သည့် ‘အတိတ်ကျမ်း’ ကို ပိုင်ဆိုင်ထားခြင်း မရှိပေ။
တစ်နည်းအားဖြင့်ဆိုသော် ဟုန်ယွိ၏ လက်ဝါးချက်တစ်ချက်မှာ သူ၏ စွမ်းအားတစ်ဝက်ကို ဖျက်ဆီးပစ်လိုက်ခြင်းပင်။
မိုးကြိုးကပ်ဘေး (၆) ကြိမ်ကျော်ဖြတ်ထားသည့် ပညာရှင်တစ်ဦး၏ စွမ်းအားတစ်ဝက်ကို ဟုန်ယွိက တိုက်ကွက်တစ်ကွက်တည်းဖြင့် ဖျက်ဆီးနိုင်ခဲ့ခြင်းက ပစ္စုပ္ပန်တာအိုဗုဒ္ဓတံဆိပ်တော် ၏ စွမ်းအားနှင့် ‘စကြာဝဠာအိတ်’ မှ ဟင်းလင်းပြင် စွမ်းအားများနှင့် ပေါင်းစပ်ထားသော ဟုန်ယွိ၏ အတွေးစများမှာ မည်မျှအထိ အစွမ်းထက်ကြောင်း သက်သေပြနေခြင်းပင်။
မှန်ပေသည်၊ ဟုန်ယွိသည် သူ၏ စွမ်းအားအားလုံးကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤနေရာရှိ လူအားလုံးထဲတွင် ကျိုးထိုက်ကျူမှာ သူအကြောက်ရွံ့ရဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဟုန်ယွိသည် ‘အစွန်းရောက် ဧကရာဇ်၏ ပြောင်းပြန်လှန်ခြင်း’ ဟူသည့် နတ်ဘုရားပညာရပ်ကို မြင်တွေ့ခဲ့ဖူးပြီး ၎င်းမှာ မည်မျှ ကြောက်စရာကောင်း ကြောင်း သိထားသောကြောင့်ပင်။
အကယ်၍ ကျိုးထိုက်ကျူသာ ရှက်စိတ်ကြောင့် ဒေါသတကြီးဖြစ်ကာ ထိုပညာရပ်ကို အသုံးပြုလိုက်ပါက ဟုန်ယွိသည် နောင်တတရားနှင့်အတူ သေဆုံးသွားနိုင်ပေသည်။
ယခုမူ သူသည် လက်သီးတစ်ချက်တည်းနှင့် အတွေးစများစွာကို ဖျက်ဆီးလိုက်နိုင်ပြီဖြစ်ရာ ကျိုးထိုက်ကျူက ထိုအစွန်းရောက် ဧကရာဇ် ပြောင်းပြန်လှန်ခြင်းပညာကို အသုံးပြုမည် ဆိုပါက သူ၏ စွမ်းအားမှာ ပိုမိုအားနည်းသွားမည် ဖြစ်ပြီး အခြားသူများ၏ အခွင့်ကောင်းယူ တိုက်ခိုက်ခြင်းကို ခံရပေလိမ့်မည်။
“သူ့ရဲ့ ရက်စက်တဲ့ စရိုက်အရဆို ဒီလက်ဝါးချက်ပြီးရင် သူ ဆက်တိုက်မှာ မဟုတ်ဘူး။ ငါ ချက်ချင်း ထွက်သွားမှ ဖြစ်မယ်။”
ဟုန်ယွိ၏ ‘တာအိုဗုဒ္ဓဓမ္မခန္ဓာ’ သည် လက်ဝါးချက် ရိုက်ထုတ်လိုက်ပြီးနောက် နောက်ထပ် လက်ဝါးချက်တစ်ခုကို ထပ်မံ ထုတ်ဖော်လိုက်ပြန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မဟာကမ္ဘာတံဆိပ်တော်၊ ပညာတံဆိပ်တော်နှင့် ဗောဓိတံဆိပ်တော်တို့ကို တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်ရာ နန်းတော်အတွင်း၌ လက်ရှိခေတ်၏ အမြင့်ဆုံးအုပ်စိုးသူတစ်ပါး ကြွမြန်းလာသကဲ့သို့ အသံများ ပဲ့တင်ထပ်သွားတော့သည်။
…
မျှော်လင့်ထားသည့်အတိုင်းပင် ‘သွေးနီရောင် ကမ္ဘာဦး ကြေးသွန်းခန္ဓာ’ ပျက်စီးသွားပြီး နောက် အတွေးစပေါင်း သောင်းချီ ပျံလွင့်နေစဉ်မှာပင် ကျိုးထိုက်ကျူ၏ ရူးသွပ်နေသော အသံ ထွက်ပေါ်လာသည်။
“ပစ္စုပ္ပန်တာအိုဗုဒ္ဓတံဆိပ်တော်... တံဆိပ်တော်သုံးမျိုး... ဒါဟာ ‘ပစ္စုပ္ပန်ဓမ္မကျမ်း’ ရဲ့ အနှစ်ချုပ်ပဲ။ ဒီလက်သီးသိုင်းက ပျောက်ကွယ်သွားတာ ကြာပြီလေ။ မင်း ဒါကို ဘယ်က သင်ခဲ့တာလဲ...။ ဒီနေ့ရဲ့ ရန်ကြွေးဟာ ငါတို့ထဲက တစ်ယောက်ယောက် သေမှပဲ ပြေတော့မယ်။”
‘ပစ္စုပ္ပန်တာအိုဗုဒ္ဓကျမ်း’ ၏ အနှစ်ချုပ်မှာ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ ဘုန်းတော်ကြီးယန်ယွဲ့ပင်လျှင် ၎င်း၏ မိတ္တူနှင့် အပ်စိုက်မှတ် ၁၀၈ ချက်ကို စုစည်းသည့် နည်းလမ်းကိုသာ သင်ယူခဲ့ရခြင်း ဖြစ်၏။
အနှစ်ချုပ်အတွင်းရှိ လက်သီးတံဆိပ်တော် ၁၀ မျိုးမှာ အကြီးမားဆုံးသော စွမ်းအားကို ကိုယ်စားပြုသည်။
ရုတ်တရက်ပင် ကျုံ့သွားသော ‘အဝီစိပလ္လင်’ သည် ကျိုးထိုက်ကျူ၏ ခန္ဓာကိုယ်အစစ်ကို လွှမ်းခြုံကာ လေထဲသို့ ပျံတက်သွားပြီး နန်းတော်အတွင်းမှ ထွက်ခွာသွားတော့သည်။
သူ ပျံထွက်သွားစဉ်မှာပင် အတွေးစပေါင်း ထောင်ချီမှာ ဟုန်ယွိ၏ တာအိုဗုဒ္ဓဓမ္မခန္ဓာလက်ဝါး ကြောင့် ကြေမွသွားခဲ့ရသေးသည်။
ကျိုးထိုက်ကျူမှာ ဤတိုက်ကွက်ကြောင့် အကြီးအကျယ် ရှုံးနိမ့်သွားခဲ့ရသည်။ ခန့်မှန်း သည့်အတိုင်းပင် သူသည် ထိုနေရာတွင် ဆက်မနေဝံ့တော့ဘဲ ပျံထွက်သွားတော့သည်။
တိုက်ကွက်တစ်ကွက်တည်းဖြင့် ဘိုးဘေးကြီးမှာ အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီ။
သူ ထွက်ပြေးသွားပြီ။
ထိုအချိန်တွင် နန်းတော်တစ်ခုလုံး၌ ဟုန်ယွိ၏ ‘လူသားအင်မော်တယ်ကိုယ်ပွား’ နှင့် ဧရာမ ချီလင်နက်ကြီးတို့သည် ယဇ်ပုရောဟိတ် ဘုန်းတော်ကြီးနှင့် နာလန်ယိဟုန်တို့ကို အပြင်းထန်ဆုံး တိုက်ကွက်များဖြင့် ရင်ဆိုင်နေကြသည်။
ဟုန်ယွိ၏ ‘လူသားအင်မော်တယ်ကိုယ်ပွား’၏ စွမ်းအားမှာ သိသိသာသာ တိုးတက်လာ ခဲ့ပြီး၊ ၎င်းကို သူ အပြည့်အဝ ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။ ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်နှင့် ‘သေမင်းအလင်း နတ်ဘုရားလှံ’ တို့မှာ တစ်ခုနှင့်တစ်ခု အားဖြည့် ပေးနေကြသည်။
အကန့်သတ်မဲ့ သတ်ဖြတ်ခြင်းလမ်းစဉ်၏ လှံချက်တစ်ချက်သည် ပေါက်ကွဲထွက်လာပြီး၊ ယဇ်ပုရောဟိတ် ဘုန်းတော်ကြီးထံသို့ ဦးတည်သွားသည်။ ကြမ်းတမ်းလှသော လှံချက် သည် လေတိုးသံများနှင့်အတူ ဘုန်းတော်ကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ မှော်ပညာအကာကွယ် အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
ဒိုင်း ဒိုင်း ဒိုင်း…။
ပလက်တီနမ် ဒိုင်းလွှားများအားလုံးမှာ ကြေမွသွားပြီး ကောင်းကင်ယံတွင် အလင်းစက်များ အဖြစ် ပြန့်ကျဲသွားတော့သည်။
၎င်းမှာ ‘ပျက်ဆီးခြင်းမဲ့မှော်ဒိုင်း’ ဖြစ်ပြီး၊ ‘အလွှာတစ်ထောင် ငရဲနတ်ဘုရားဥ’ထက်ပင် ပိုမိုအစွမ်းထက်သည့် မှော်ပညာဖြစ်သည်။ အတွေးတစ်ချက်ဖြင့်ပင် ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး၏ ပတ်ပတ်လည်တွင် ပေါ်ထွက်လာနိုင်စွမ်း ရှိသည်။
ဤမှော်ဒိုင်းကို ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး၏ အဆင့်ခြောက် မိုးကြိုးကပ် တာအို ကျင့်စဉ်အဆင့်ဖြင့် အားဖြည့်ထားခြင်း ဖြစ်ရာ၊ ၎င်းကို ဖျက်ဆီးနိုင်သည့်အရာ မရှိသလောက်ပင်။
သို့သော် ယခုမူ ‘လူသားအင်မော်တယ်ကိုယ်ပွား’ ၏ လှံချက်အောက်တွင် ၎င်းမှာ ဥခွံတစ်ခု ကဲ့သို့ ကြေမွသွားရတော့သည်။
ဒေါင်….။
ထိုဒိုင်းကို ဖျက်ဆီးပြီးနောက်တွင်လည်း လှံ၏အရှိန်ဟုန်မှာ ရပ်မသွားခဲ့ပေ။ မရေမတွက် နိုင်သော အလင်းတန်းများ လက်ခနဲ လက်ခနဲ လင်းလက်သွားခဲ့ပြီး၊ ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး၏ ကိုယ်ပေါ်ရှိ အခြားသော အကာကွယ် မှော်ပညာပေါင်းများစွာမှာ တစ်ခု ပြီးတစ်ခု ပျက်စီးသွားရသည်။
‘ပျက်ဆီးခြင်းမဲ့မှော်ဒိုင်း’အပြင် ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး၏ ကိုယ်ပေါ်တွင် ကာကွယ်ရေး အလွှာပေါင်း တစ်ရာကျော် ရှိနေသေးသည်။ ၎င်းတို့မှာ အလွန်ထူထပ်လှသ ဖြင့် မည်သို့မျှ မဖျက်ဆီးနိုင်သည့် ခံစားချက်ကို ပေးစွမ်းနေသည်။
သို့သော် ‘သေမင်းအလင်း နတ်ဘုရားလှံ’ အောက်တွင်မူ ၎င်းတို့မှာ မခိုင်ခံ့တော့ဘဲ ခြောက်သွေ့နေသော မြက်ပင်များကို နင်းချေသကဲ့သို့ လွယ်ကူနေတော့သည်။
လျှပ်စီးကဲ့သို့ မြန်ဆန်လှသော လှံချက်မှာ အလွှာပေါင်း တစ်ရာကျော်ကို ဖောက်ထွက်ကာ ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး၏ လည်ချောင်းဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွား သည်။ ပြင်းထန်သော လေရှိန်ဟုန်ကြောင့် ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး၏ မျက်နှာဖုံး ပုဝါပင် လွင့်စင်သွားရာ အလွန်လှပသော မျက်နှာတစ်ခု ပေါ်ထွက်လာ၏။ အနောက်ဘက် ဒေသရှိ လူဦးရေ သန်းရာချီ၏ မြင့်မြတ်လှသော စိတ်ဝိညာဉ်ရေးရာ ခေါင်းဆောင်ကြီးသည် အမျိုးသမီးတစ်ဦး ဖြစ်နေသည်မှာ အံ့အားသင့်စရာပင်။
သို့သော် ဤသည်မှာ သဘာဝကျလှသည်။ အနှစ်သာရနတ်ဘုရားကျောင်း၏ ယဇ်ပုရော ဟိတ် ဘုန်းတော်ကြီးမှာ အမြဲတမ်း အမျိုးသမီးသာ ဖြစ်လေ့ရှိပြီး ၎င်းမှာ ‘မူလဝိညာဉ် နတ်ဘုရား’ ၏ ဗျာဒိတ်တော်အရ ဖြစ်၏။ ယဇ်ပလ္လင်ရှိ သူတော်စင်မိန်းမပျိုကို စောင့်ကြပ် သော နတ်သမီးလေးမှာလည်း ပြိုင်ဘက်ကင်း လှပသူတစ်ဦး ဖြစ်ပေသည်။
ဟုန်ယွိ၏ ကိုယ်ပွားသည် မျက်နှာဖုံးပုဝါ လွင့်သွားသည်ကို အာရုံမရဘဲ လှံကို လည်ချောင်း ဆီသို့ ရက်ရက်စက်စက် ထိုးသွင်းလိုက်သည်။
လှံသွားသည် လည်ချောင်းသို့ ထိတော့မည့် အခိုက်အတန့်မှာပင် သူမ၏ လက်ထဲမှ ‘ဘုန်းတန်ခိုးအာဏာစက်လှံတော်’ သည် လေထဲသို့ ပျံတက်လာပြီး သူမ၏ သွယ်လျသော လက်ချောင်းလေးများဖြင့် ‘သေမင်းအလင်းနတ်ဘုရားလှံ’ ကို တားဆီးလိုက်သည်။
ဤသည်မှာ အနှစ်သာရနတ်ဘုရားကျောင်း၏ အမြင့်ဆုံး သိုင်းပညာ ဖြစ်သည်။
‘မူလမိစ္ဆာတိုက်ကွက်’။
ဒေါင်... ဒေါင်... ဒေါင်...
လှံဦးမှာ လှုပ်ရှားသွားပြီး ‘သေမင်းအလင်း နတ်ဘုရားလှံ’ကို လွှမ်းခြုံထားသည့် အလွန် အေးစက်သော ကြယ်တာရာအလင်းစက်များမှာ ပေါက်ကွဲထွက်နေသည်။ ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး၏ ရာဇလှံတံမှာလည်း မှော်ပညာတစ်ခုကဲ့သို့ ဝှေ့ယမ်းကာ သေမင်းအလင်း နတ်ဘုရားလှံချက်တိုင်းကို တားဆီးနေသည်။ တစ်ချိန်တည်းမှာပင် သူမ၏ ခန္ဓာကိုယ်မှာ ငှက်မွေးတစ်မျှ ပေါ့ပါးစွာ လေထဲသို့ ပျံတက်သွားပြီး လှံ၏အရှိန်ဟုန်ကို အားမစိုက်ဘဲ သစ်ရွက်တစ်ရွက်ကဲ့သို့ လိုက်ပါသွားတော့သည်။
၎င်းသည် အနှစ်သာရနတ်ဘုရားကျောင်း၏ ပြိုင်ဘက်ကင်း ကိုယ်ဖော့ပညာ ‘လွင့်မျော ငွေငန်း’ပင်။ နာမည်မှာ တော်ဝင်ချန်ဘာသာစကားဖြင့် ပြန်ဆိုထားသော ကဗျာဆန်သည့် အမည်ဖြစ်ပြီး ‘တိုင်ရှန်တာအို’ဂိုဏ်း၏ လျှပ်တပြက်အလင်းရိပ် ဖြတ်သန်းခြင်း ကိုယ်ဖော့ ပညာနှင့် အဆင့်တူသည်။
သို့သော် ဟုန်ယွိသည် သူမနှင့် အချိန်မဖြုန်းချင်ပေ။ သူ၏ တိုက်ခိုက်မှုမှာ တားဆီးခံလိုက် ရသော်လည်း သူကသာ အသာစီးရနေခြင်း ဖြစ်သည်။ သူမမှာ အသက်ပင် ဝဝမရှူနိုင်ဘဲ လွတ်အောင်ရှောင်နေရခြင်း ဖြစ်၏။
လှံ၏အရှိန်မှာ ရုတ်တရက် ပြောင်းလဲသွားပြီး ဟုန်ယွိ၏ ကိုယ်ပွားသည် ကောင်းကင် တုန်ဟီးသွားအောင် ဟိန်းဟောက်လိုက်သည်….၊ ‘မန္တန်ပေါက်ကွဲခြင်း’။ ဆက်တိုက် လှံချက်သုံးချက် ထိုးနှက်လိုက်ပြီးနောက် ယဇ်ပုရောဟိတ် ဘုန်းတော်ကြီးမှာ နန်းတော် အထက်သို့ ပျံသန်းသွားတော့သည်။ ထိုအခိုက်တွင် သူသည် ရုတ်တရက် နောက်သို့လှည့် ကာ ဟွာလျှိုဧကရာဇ် အသောက၏ ဓားကောက်ကြီးကို ရိုက်ချလိုက်သည်။
ဧကရာဇ်သည် သူ၏ ဓားကောက်ကြီးဖြင့် ‘မဟာလေဟာနယ်လက်ဝါး’ ကို ရက်စက်စွာ ခုတ်ပိုင်းနေသည်။ တစ်ချိန်တည်းမှာပင် သူသည် လက်ကိုမြှောက်ကာ သွေးတစ်စက်ကို ရှေးဟောင်း ရာရှိုမွန်အတွင်းသို့ ချလိုက်သည်။
ဧကရာဇ်သည် သူ၏သွေးကို အသုံးပြု၍ ရာရှိုမွန်၏ စွမ်းအားကို နှိုးဆော်ရန် ကြိုးပမ်း နေခြင်း ဖြစ်ပုံရသည်။
သို့သော် သွေးစက်မှာ တံခါးအတွင်းသို့ ဝင်တော့မည့် အခိုက်အတန့်မှာပင် ကောင်းကင် ယံမှ လှံတစ်ချက် ရောက်ရှိလာပြီး ထိုသွေးစက်ကို လှံကိုယ်ထည်အတွင်းသို့ စုပ်ယူလိုက် တော့သည်။ တစ်ချိန်တည်းမှာပင် ထိုလှံသည် ရှေးဟောင်း ရာရှိုမွန်၏ အောက်ခြေကို ထိုးစိုက်ကာ ပြင်းထန်စွာ မြှောက်တင်လိုက်သည်။
“ကြွတက်စမ်း”
ကျယ်လောင်လှသော ဟိန်းဟောက်သံကြီးက နန်းတော်ကို တုန်ခါသွားစေပြီး နန်းတော် အတွင်းရှိ မှန်ချပ်အားလုံးကို ကြေမွသွားစေတော့သည်။
သေးငယ်သော်လည်း အလွန်လေးလံလှသော ရှေးဟောင်း ရာရှိုမွန်ကို ဟုန်ယွိ၏ ‘လူသား အင်မော်တယ်ကိုယ်ပွား’က လှံတစ်ချက်တည်းနှင့် မြှောက်တင်လိုက်ရာ ၎င်းမှာ လေထဲ တွင် လွင့်မျောသွားတော့သည်။
သူ မြှောက်တင်လိုက်သည့်အခါ ရာရှိုမွန်မှာ တုန်ခါသွားပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် မှာလည်း တဖြောက်ဖြောက်နှင့် ပေါက်ကွဲသံများ ပေါ်ထွက်လာသည်။ ကြည့်ရသည်မှာ တစ်စုံတစ်ဦး ချိတ်ဆက်ထားသော လျှို့ဝှက်လိုင်းကြောင်းများ ပြတ်တောက်သွားပုံရသည်။
ထို ‘ပုံရိပ်ယောင်တံခါး’ များအတွင်းသို့ ပေါက်ကွဲစေတတ်သော အရာများ ပစ်ထည့်လိုက် သကဲ့သို့ပင်။ တဝုန်းဝုန်းနှင့် အဆက်မပြတ် ပေါက်ကွဲနေကြတော့သည်။ ထို့နောက် မူလ ဖရိုဖရဲ စွမ်းအင်အငွေ့များသည် အရပ်မျက်နှာအသီးသီးသို့ လှိမ့်တက်သွားပြီး ထူထဲသော မီးခိုးများကဲ့သို့ ကွယ်ပျောက်သွားတော့သည်။
ရှေးဟောင်း ရာရှိုမွန်ကို မြှောက်တင်လိုက်သည်နှင့် တစ်ပြိုင်နက် ‘ပုံရိပ်ယောင်တံခါး’ လည်း ကွယ်ပျောက်သွားခဲ့ပြီဟု ဆိုရမည်။
“ကောင်းလိုက်တာ။”
ဤမြင်ကွင်းကို မြင်သောအခါ ဟုန်ယွိသည် အလွန်အမင်း ဝမ်းသာသွားပြီး အားပါပါ ဟိန်းဟောက်လိုက်သည်။ ‘ပုံရိပ်ယောင်တံခါး’များ ကွယ်ပျောက်သွားသရွေ့ အနောက် ဘက်ဒေသ ပူးပေါင်းစစ်တပ်မှာ ပြိုလဲသွားမည်ဖြစ်ပြီး သူတို့၏ တိုက်ခိုက်မှု များမှာလည်း စက္ကူကျားများသာ ဖြစ်သွားတော့မည် မဟုတ်ပါလား။
“အနန္တသက်တမ်း၊ အနန္တအလင်း၊ တောက်ပသော မန္တလာ၊ ချိပ်ပိတ်။”
‘လူသားအင်မော်တယ်ကိုယ်ပွား’ က လှံဖြင့် ရာရှိုမွန်ကို မြှောက်တင်လိုက်ပြီးနောက် ‘တာအိုဗုဒ္ဓဓမ္မခန္ဓာ’က လက်ကို ဝှေ့ယမ်းလိုက်ရာ ပုံဆောင်ခဲအလင်းတန်းများစွာ ထွက်ပေါ်လာ ပြီး အဆုံးမရှိသော တောက်ပမှုနှင့်အတူ ထိုနတ်ဘုရားလက်နက်ကို အတွင်း၌ ချိပ်ပိတ် လိုက်တော့သည်။
“ဝိုး... ဒီလက်နက်ရဲ့ စွမ်းအားက ချီလင်ထက်တောင် ပိုပြင်းထန်တာပဲ။” ရာရှိုမွန်ကို ချိပ်ပိတ်လိုက်ပြီးနောက် ထိုလက်နက်တွင် ကိုယ်ပိုင်အသိစိတ် ရှိနေသကဲ့သို့ ဟုန်ယွိ ခံစားလိုက်ရသည်။ ၎င်းသည် ပြင်းထန်စွာ တုန်ခါနေပြီး အပြင်သို့ ဖောက်ထွက်ပြေးရန် ကြိုးစားနေ၏။
ထိုတုန်ခါမှုမှာ လူသူကင်းမဲ့သော တောရိုင်းမြေတွင် ချိပ်ပိတ်ခံထားရသော ချီလင်ထက်ပင် ပိုမိုပြင်းထန်လှသည်။ အမှန်စင်စစ် ၎င်းမှာ ချီလင်နှစ်ကောင်၏ စွမ်းအားနှင့် ညီမျှနေပြီး ဟုန်ရွှန်ကျိကို ချိပ်ပိတ်ရသကဲ့သို့ပင် အားစိုက်နေရ၏။
“ကောင်းကင်အမှောင်ထု၊ မူလသက်တမ်း၊ အမှောင်မန္တလာ၊ ချိပ်ပိတ်။”
ထိုအခိုက်အတန့်တွင် အလင်းအကာအကွယ်မှာ အက်ကွဲသံများ ထွက်ပေါ်လာသည်။ ဟုန်ယွိ၏ အတွေးစများမှာ ရာရှိုမွန်၏ ပြင်းထန်သော တုန်ခါမှုကြောင့် ကြေမွကုန်သည်။
သို့သော် သူသည် ‘အတိတ်ကျမ်း’ ကို အသုံးပြုလိုက်သည့်အခါ ထိုကြေမွသွားသော အတွေးစများမှာ ချက်ချင်းပင် အားအင် ပြန်လည်ပြည့်ဝလာကြသည်။
ထို့နောက် အလင်းအကာအကွယ်၏ အပေါ်တွင် ‘အမှောင်အကာအကွယ်’ ကို ချက်ချင်း ထပ်လောင်းလိုက်ပြန်သည်။ ရွှမ်ထျန်းတာအိုသခင်နှင့် ဗေရောစနတာအိုဗုဒ္ဓတို့၏ လက်များမှာ ရုတ်တရက် ယှက်နွယ်သွားကြသည်။
အလင်းနှင့်အမှောင် အကာအကွယ်မှာ ပြင်းထန်စွာ တုန်ခါနေပြီး အဆက်မပြတ် ပေါက်ကွဲ နေသည်။ ထိုအခိုက်အတန့်တွင် မမြင်ရသော ရွှေရောင်တံတား အသိစိတ်တစ်ခုသည် လေထဲသို့ ပျံတက်လာပြီး အလင်းနှင့်အမှောင် ပေါက်ကွဲမှုများအကြားသို့ ဝင်ရောက်ကာ ပေါက်ကွဲနေသော အသိစိတ်များနှင့် ပေါင်းစပ်သွားတော့သည်။
ထို့နောက် ပေါက်ကွဲနေသော အသိစိတ်မှာ ၎င်း၏ မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားပြီး တုန်ခါမှုများ ရပ်တန့်သွားတော့သည်။ အလင်းနှင့်အမှောင်တို့မှာ ရွှေရောင်တံတားနှင့်အတူ လုံးဝသဟဇာတ ဖြစ်သွားကြပြီး ၎င်းတို့ကို ပေါင်းစပ်ရန် အဆင့်ရှစ် မိုးကြိုးကပ်ဘေး ဝိညာဉ်ထိန်းစွမ်းအင်ပုတီးစေ့ပင် မလိုအပ်တော့ပေ။
ဟုန်ယွိ၏ သိုင်းဆန္ဒဖြစ်သော ပါရမီတံတားသည် အလင်းနှင့်အမှောင်ကို လုံးဝ သဟဇာတ ဖြစ်စေသည့် ရလဒ်မျိုးကို ရရှိစေခဲ့ခြင်း ဖြစ်သည်။
ပါရမီတံတားမှာ အပြည့်အဝ ပုံမပေါ်သေးသော်လည်း ၎င်းတွင် ကောင်းကင်နှင့်မြေပြင်၊ လေနှင့်မိုးကြိုးတို့၏ လျှို့ဝှက်ချက်များနှင့် ကောင်းကင်နှင့်လူသားတို့၏ အခြေခံ သဘော တရားများ ပါဝင်နေသည်။ ၎င်းကို အသိစိတ်နှင့် ပေါင်းစပ်လိုက်သည့်အခါ အလင်းနှင့် အမှောင်ကို အပြည့်အဝ သဟဇာတဖြစ်စေနိုင်ခြင်း ဖြစ်သည်။
ဤအခိုက်အတန့်တွင် ဟုန်ယွိ၏ အလင်းနှင့်အမှောင် အကာအကွယ်အတွက် ဝိညာဉ်ထိန်း စွမ်းအင်ပုတီးစေ့ကို မလိုအပ်တော့ပေ။ ထို့ကြောင့်လည်း ဟုန်ယွိသည် ဧကရာဇ်လေးပါးကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ဝံ့ခြင်း ဖြစ်သည်။ သူတို့အားလုံး အငိုက်မိသွားကြ သည်။
အလင်းနှင့်အမှောင်သည် တခဏအတွင်းမှာပင် ဟန်ချက်ညီသွားပြီး၊ အကာအကွယ် အစီအရင်တစ်ခုလုံးမှာ အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် ကျုံ့သွားတော့သည်။ ၎င်းသည် တည်ရှိခြင်းနှင့် မတည်ရှိခြင်းအကြားမှ သေးငယ်သော အစက်ကလေးတစ်စက် ဖြစ်သွား သည်အထိ ကျုံ့သွားပြီးနောက် ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။
ထိုပြင်းထန်သော ပေါက်ကွဲမှုအတွင်းမှာပင် လျှို့ဝှက်ဆန်းပြားလှသော ရှေးဟောင်း ရာရှိုမွန်မှာ လှုပ်ရှားမှု တခဏမျှ ရပ်တန့်သွားပြီး လေထဲတွင် ပေါ့ပါးစွာ လွင့်မျောနေပြီး မူလက လေးလံလှသော အလေးချိန်မှာလည်း ခေတ္တမျှ ပျောက်ကွယ်သွားခဲ့သည်။
သို့သော် ဤသည်မှာ ယာယီမျှသာ ဖြစ်၏။
အကြောင်းမှာ ဟုန်ယွိသည် ခုနက အလင်းနှင့်အမှောင် အကာအကွယ်၏ ပေါက်ကွဲမှုသည် ထိုလက်နက်ကို သန့်စင်ပေးလိုက်ရုံသာရှိပြီး၊ ခေတ္တမျှ ဖိနှိပ်ထားရုံသာ ရှိသေးသည်ကို ခံစားမိသောကြောင့် ဖြစ်သည်။
ဤလက်နက်မှာ ဟုန်ယွိ မြင်ဖူးသမျှ လက်နက်များအနက် အဆန်းကြယ်ဆုံး လက်နက်ပင် ဖြစ်သည်။ ဖန်ဟွမ်အသက်ဝိညာဉ်ဓားပင် ဤမျှ မဆန်းကြယ်ပေ။
သူသည် ဤလက်နက်ကို ချိပ်ပိတ်နိုင်ခဲ့သော်လည်း ၎င်း၏ စွမ်းဆောင်ရည်များကိုမူ ဟုန်ယွိ မသိသေးသလို အသုံးလည်း မပြုနိုင်သေးပေ။ သို့သော် ဤလက်နက်ကို အရင်ဆုံး ယူဆောင်သွားရန်မှာ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဟုန်ယွိ သိသည်။ ကျန်ရှိသည်များကိုမူ နောက်ပိုင်း သန့်စင်ပြီးမှ လေ့လာရမည်။
“ချီလင်... သွားကြစို့”
ရှေးဟောင်း ရာရှိုမွန်ကို အလင်းနှင့်အမှောင် အကာအကွယ်ဖြင့် ချိပ်ပိတ်ကာ ၎င်း၏ တုန်ခါမှုများကို ဖိနှိပ်ပြီးနောက် ဟုန်ယွိက ဟိန်းဟောက်လိုက်ရာ အဆင့်ရှစ် မိုးကြိုး ကပ်ဘေး နတ်ဘုရားအသိစိတ်မှာ ပျံထွက်လာပြီး တောက်ပသော အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲသွားတော့သည်။
ဤအတွေးစမှာ ဤနေရာရှိ လူအားလုံး၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။
ချက်ချင်းပင် အနှစ်သာရနတ်ဘုရားကျောင်း ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး၊ ဟွာလျို ဧကရာဇ်၊ ယွန်မင်ဧကရာဇ် နာလန်ယိဟုန်တို့သည် နောက်သို့ အလျင်အမြန် ဆုတ်ခွာ လိုက်ကြရသည်။
ဟုန်ယွိသည် အစွမ်းကုန် ခုန်တက်လိုက်ပြီး ချီလင်နှင့်အတူ နတ်ဘုရားအသိစိတ်၏ ဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်ကာ ထိုမှတဆင့် အဝေးသို့ ပျံသန်း ထွက်ခွာသွားတော့ သည်။
ထိုခုန်ချက်နှင့်အတူ သူသည် တိမ်တိုက်များ၏ အပေါ်သို့ ရောက်ရှိသွားသည်။ အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ ခံတပ်များ၊ ဆိုင်ခန်းများနှင့် စည်ကားလှပနေသော မြို့ကြီး တစ်မြို့ကို မြင်လိုက်ရသည်။ ၎င်းမှာ အနောက်ဘက်ဒေသ၏ ဟန်ပန်များဖြင့် ပြည့်နှက် နေပြီး လူပေါင်း သန်းနှင့်ချီ၊ သောင်းနှင့်ချီ ရှိနေသည့် မြို့ကြီးတစ်မြို့ပင် ဖြစ်၏။
ညအချိန် ရောက်နေပြီဖြစ်သော်လည်း မိုင်ပေါင်းရာနှင့်ချီ၍ ရှည်လျားလှသော မီးရောင်များ ကြောင့် ဤနေရာမှာ မအိပ်စက်သော မြို့ကြီးတစ်မြို့ ဖြစ်နေသည်။
နန်းတော်အတွင်းမှ ပေါက်ကွဲသံနှင့် တုန်ခါမှုကြောင့် လူပေါင်းများစွာ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။ ဟုန်ယွိသည် အစွမ်းထက်လှသော နတ်ဘုရား စိတ်ဝိညာဉ် အတွေးစ ပေါင်းများစွာ သူ့ထံသို့ ဦးတည်လာနေသည်ကို ခံစားလိုက်ရပြီး အရပ်မျက်နှာ အသီးသီးမှ လည်း ‘ယင်’ နှင့် ‘ယန်’ လေပြင်းများ ထွက်ပေါ်လာနေသည်။
“သူတော်စင်တောက်ဖူဟာ တော်ဝင်ချန်မြို့တော်ပေါ်မှာ ပျံသန်းခဲ့ပြီး၊ ချက်ချင်းပဲ အသတ်ခံလိုက်ရတယ်။ ငါလည်း အခု အနောက်ဘက်ဒေသ ယဉ်ကျေးမှုမြို့တော်ရဲ့ နန်းတော်ပေါ်မှာ ရောက်နေတာဆိုတော့ မြန်မြန် ထွက်သွားတာ ပိုကောင်းလိမ့်မယ်။”
ဟုန်ယွိသည် တစ်ချက်ကြည့်လိုက်ပြီးနောက် ဆက်မစဉ်းစားတော့ဘဲ ဟင်းလင်းပြင်ကို ဖြတ်သန်းကာ အဝေးသို့ ပျံသန်းသွားတော့သည်။
သူ၏ နောက်ကွယ်မှာတော့ အလင်းတန်းအချို့မှာ အလျှော့မပေးဘဲ ပြင်းထန်စွာ လိုက်လံ တိုက်ခိုက်နေကြတော့သည်။
***