"ဝက်ဝံကြမ်း သိုင်းသင်တန်းကျောင်းက ကောင်တွေကတော့ အရင်အတိုင်းပဲ... မောက်မာတာကတော့ လွန်ရောပဲ"
"ငါတို့ ပါရမီရှင် လေ့ကျင့်ရေးစခန်းကလူတွေက ရိုင်းစိုင်းပြီး အနိုင်ကျင့်တတ်တယ်ဆိုတဲ့ ကောလာဟလတွေ ထွက်နေတာ မဆန်းပါဘူး... ဒီကောင်တွေကြောင့် ဖြစ်မှာပဲ"
မိုးကြိုးသိုင်းသင်တန်းကျောင်းမှ စကားဝိုင်းကို ကြားနေရသော လူအချို့က ခေါင်းကိုသာ အားမလိုအားမရ ခါယမ်းလိုက်ကြသည်။ ဝက်ဝံကြမ်း သိုင်းသင်တန်းကျောင်းက ကောင်တွေကသာ ပြဿနာရှာတတ်ကြခြင်းဖြစ်သော်လည်း ရလဒ်အနေဖြင့် ၎င်းတို့၏ မိုးကြိုးသိုင်းသင်တန်းကျောင်းပါ နာမည်ပျက်ရခြင်း ဖြစ်သည်။
"ဒါကတော့ ဘာမှလုပ်လို့မရဘူးလေ... ငါတို့ လေ့ကျင့်ရေးစခန်း နှစ်ခုကလည်း ကပ်နေတာကိုး၊ ပြီးတော့ အပြင်ထွက်ရင်လည်း အမြဲတမ်း အတူတူ လှုပ်ရှားနေကြတာပဲ"
"မင်းမှာသာ ညွှန်ကြားရေးမှူးဆုကို နေရာပြောင်းခိုင်းနိုင်တဲ့ အရည်အချင်းရှိရင် အကုန်လုံးက အဆင်ပြေသွားမှာပေါ့... မဟုတ်ဘူးလား လင်းဟွေ" ဘေးနားရှိ လူတစ်ဦးက ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။
"ညွှန်ကြားရေးမှူးဆု..."
အာဏာစက်ပြင်းပြီး အရပ်ရှည်ရှည်၊ အေးစက်စက် အရှိန်အဝါရှိသော ထိုပုံရိပ်ကို တွေးမိသည်နှင့်တင် လင်းဟွေတစ်ယောက် ကြက်သီးများပင် ထသွားကာ လက်ကို အသည်းအသန် ယမ်းပြလိုက်သည်။
"ငါသာ သူ့ကို အကြံပေးနိုင်တဲ့ အရည်အချင်းမျိုး ရှိနေရင် လေ့ကျင့်ရေးစခန်းကနေ ကျောင်းဆင်းတာ ကြာလှပြီကွ"
“ဆုချင်းလီ”
“နဝမအဆင့် မှော်သူတော်စင်”
“မိုးကြိုးသိုင်းသင်တန်းကျောင်း၏ အမြင့်ဆုံး အာဏာပိုင်”
သူက ပဉ္စမအဆင့် စွမ်းရည်ပိုင်ရှင်တစ်ဦး ဖြစ်သော်လည်း ထိုကဲ့သို့သော လူကြီးလူကောင်း ရှေ့မှောက်တွင်မူ စကားတစ်ခွန်းပင် ကျယ်ကျယ်မဟဝံ့ပေ။ နေရာပြောင်းခိုင်းဖို့ အကြံပေးရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။
"ဒါနဲ့... ကျောင်းအုပ်ကြီးက ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲကို သွားတယ်မလား"
"ရလဒ်က ဘယ်လိုဖြစ်မလဲ မသိဘူးနော်... ဆရာမလင်းရွှမ်ကရော ပြန်လာဖို့ ရွေးချယ်ပါ့မလား... အကယ်၍ ဆရာမသာ ပြန်လာရင် ငါတို့သင်တန်းကျောင်းမှာ အဋ္ဌမအဆင့် အထွတ်အထိပ် ဆရာကြီး နောက်တစ်ယောက် ထပ်တိုးလာမှာပဲ" စကားစခဲ့သော လူက မျှော်လင့်တကြီး ပြောလိုက်သည်။
အဋ္ဌမအဆင့်လတ် အထွတ်အထိပ် ဆရာကြီး တစ်ဦးဖြစ်ပြီး Sအဆင့် ဟင်းလင်းပြင် စွမ်းရည်ကို ပိုင်ဆိုင်ထားသူမှာ အလွန်ပင် အစွမ်းထက်လှသည်။ နဝမအဆင့်အောက်တွင် သူမကို ယှဉ်နိုင်သူ မရှိသလောက်ပင်။ ထို့ကြောင့် မိုးကြိုးသိုင်းသင်တန်းကျောင်းမှ လူတိုင်းက ထိုကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်မျိုး ပြန်လာရန် မျှော်လင့်နေကြခြင်း ဖြစ်သည်။
"ဒါဆိုရင်တော့ ရှာလန်ကိုပဲ မေးကြည့်လိုက်တော့... ကျောင်းအုပ်ကြီးက သူမအတွက်ကြောင့် ဆရာမလင်းကို ပြန်ခေါ်ဖို့ သွားတာဆိုတော့ သူမမှာ အတွင်းသတင်းတွေ ရှိနိုင်တယ်"
လင်းဟွေက ပြုံးလျက် လက်ရန်းကို မှီနေသော မိန်းကလေးတစ်ဦးကို ကြည့်လိုက်သည်။ သူမ၏ အမည်ကို ကြားသည်နှင့် ဘေးနားရှိ လူအချို့ကလည်း စိတ်ဝင်တစား လှည့်ကြည့်လိုက်ကြသည်။
၎င်းမှာ အသက် ၂၀ ကျော်အရွယ်၊ နီလာပြာရောင် မျက်ဝန်းအစုံကို ပိုင်ဆိုင်ထားသော ချောမောလှပသည့် မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမက ဖြူစင်သော အမျိုးသမီး တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျပ်ထုတ်နေသော ဝတ်စုံအောက်တွင် သူမ၏ အချိုးအစားကျလှသော ခန္ဓာကိုယ်နှင့် သွယ်လျသော ခြေတံရှည်များမှာ အထင်သား ပေါ်လွင်နေသည်။ သူမ၏ ခါးအချိုးအစားမှာလည်း ပိုလျှံသော အဆီပို လုံးဝမရှိဘဲ အလွန်ပင် ဆွဲဆောင်မှု ရှိလှပေသည်။
ရှာလန်က စတုတ္ထအဆင့်မြင့် စွမ်းရည်ပိုင်ရှင်တစ်ဦးဖြစ်ပြီး အထူး Aအဆင့် ဟင်းလင်းပြင် စွမ်းရည်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူမက မကြာသေးမီကမှ မိုးကြိုးသိုင်းသင်တန်းကျောင်း၏ အထက်တန်းလွှာ လေ့ကျင့်ရေးစခန်းသို့ ဝင်ရောက်ခွင့် ရရှိခဲ့သူ ဖြစ်သည်။ လူတိုင်းက သူမကို ကြည့်နေကြသည်ကို မြင်သောအခါ ရှာလန်၏ နှုတ်ခမ်းနီနီလေးများက အနည်းငယ် လှုပ်ရှားသွားကာ အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။
"ကျွန်မမှာ ဘာအတွင်းသတင်းမှ မရှိပါဘူး... ဆရာမလင်း ပြန်လာမှာလား မလာဘူးလားဆိုတာလည်း မသေချာဘူး ပြီးတော့ ကျောင်းအုပ်ကြီးက ကျွန်မအတွက်ကြောင့် လိဂ်ပြိုင်ပွဲကို သွားတာမဟုတ်ဘူး... အဲဒီ SSအဆင့် နိုးထသူကြောင့် သွားတာ"
"ဟုတ်သားပဲ... ဒီနှစ်မှာ ပေါ်ထွက်လာတဲ့ လျှပ်စီးဓာတ် SSအဆင့် နိုးထသူ ရှုကျင်းမင်က ကျောင်းအုပ်ကြီးရဲ့ အဓိက ပစ်မှတ်ပဲ"
ထိုစကားကို ကြားသောအခါ လင်းဟွေနှင့် အခြားလူများမှာ ချက်ချင်းပင် စိတ်ဝင်စားသွားကြသည်။
"ငါ ကြားတာတော့ ကျောင်းအုပ်ကြီးက အဲဒီမှာ ၁၀ ရက်လောက်တောင် နေခဲ့တာတဲ့... ဒါတောင် အဲဒီကောင်ကို စည်းရုံးလို့ မရသေးဘူးဆိုပဲ"
"အဲဒီကောင်က တကယ်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ... ငါသာဆိုရင်တော့ ချက်ချင်း သဘောတူလိုက်မှာ ကြာလှပြီ"
ဤလူစုမှာ ပါရမီရှင် လေ့ကျင့်ရေးစခန်းသို့ မဝင်ရောက်မီကပင် ပြင်းထန်လှသော စမ်းသပ်မှုများကို ကျော်ဖြတ်ခဲ့ကြရသူများ ဖြစ်သည်။ ၎င်းတို့က လေ့ကျင့်ရေးစခန်းသို့ မဝင်ခင်အထိ ဆုချင်းလီကို လူကိုယ်တိုင်ပင် မမြင်ဖူးခဲ့ကြပေ။ အကယ်၍ ညွှန်ကြားရေးမှူးဆုကသာ ကိုယ်တိုင်ကိုယ်ကျ ဖိတ်ခေါ်မည်ဆိုပါက ၎င်းတို့က ချက်ချင်း သဘောတူမည့်အပြင် အိပ်မက်ထဲမှာပင် ပြုံးနေမိကြမည် ဖြစ်သည်။
"ဒါနဲ့... ရှုကျင်းမင်က တကယ်ကို အစွမ်းထက်တာပဲနော် အသက် ၁၉ နှစ်ပဲ ရှိသေးတယ်... စတုတ္ထအဆင့်နိမ့်ကို ရောက်နေပြီ... အကယ်၍ သူသာ ငါတို့ လေ့ကျင့်ရေးစခန်းကို ဝင်လာရင် အသက်အငယ်ဆုံး အဖွဲ့ဝင် ဖြစ်လာလိမ့်မယ်" လင်းဟွေက သက်ပြင်းချလိုက်သည်။
မိုးကြိုးသိုင်းသင်တန်းကျောင်း၏ အထက်တန်းလွှာ လေ့ကျင့်ရေးစခန်းမှ အဖွဲ့ဝင်များ၏ ပျမ်းမျှအသက်မှာ ၂၃ နှစ်ခန့် ဖြစ်သည်။ ၂၁ နှစ်အရွယ် အဖွဲ့ဝင်ကိုပင် အလွန်ငယ်သည်ဟု သတ်မှတ်ထားရာ ၁၉ နှစ်အရွယ် အဖွဲ့ဝင်တစ်ဦး ဝင်လာမည်ဆိုခြင်းမှာ အံ့ဩစရာပင်။
"ဒါနဲ့... ဆရာမချန် မဂျစ်စီးတီး တက္ကသိုလ်မှာလည်း ယဉ်ကျေးမှု အပျက်အစီးတွေအတွက် နေရာတွေ ရှိတယ်မလား... အခုတစ်ခေါက် မဂျစ်စီးတီး တက္ကသိုလ်အဖွဲ့ထဲမှာ ရှုကျင်းမင် ပါလာလား" လင်းဟွေက ဘေးနားရှိ အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးကို စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ သူကိုယ်တိုင်ပင်လျှင် တစ်နိုင်ငံလုံး ကျော်ကြားနေသော ထိုပါရမီရှင်နှင့် မိတ်ဖွဲ့ချင်နေမိသည်။
"မပါဘူး... ရှုကျင်းမင်ရဲ့ မူလဝင်ခွင့်လက်မှတ်ကို မဂျစ်စီးတီး တက္ကသိုလ်က နည်းပြတစ်ယောက်ကို ပေးလိုက်တယ်လို့ ကြားတယ်... တက္ကသိုလ်အဖွဲ့က မနေ့ကတည်းက ထွက်သွားပြီ... အဲဒီထဲမှာ ရှုကျင်းမင် မပါဘူး" ဆရာမချန်က ခေါင်းခါပြလိုက်သည်။
"ဪ... အဲဒါဆိုရင်တော့ နှမြောစရာပဲ" လင်းဟွေက နှမြောတသဟန်ဖြင့် ခေါင်းခါလိုက်သော်လည်း သူ နားလည်နိုင်ပါသည်။ "ဟုတ်တာပေါ့... သူက SSအဆင့် နိုးထသူလေ... ဂျပန်မှာ တစ်ခုခုဖြစ်သွားရင် ဒုက္ခရောက်မှာစိုးလို့ အခုလို လှုပ်ရှားမှုမျိုးမှာ မပါဝင်တာကလည်း ပုံမှန်ပါပဲ"
"အစ်ကိုလင်း... အဲဒါတော့ ခင်ဗျား မှားလိမ့်မယ်... ရှုကျင်းမင်က မဂျစ်စီးတီး တက္ကသိုလ်အဖွဲ့ထဲမှာ မပါတာနဲ့ သူ မလာဘူးလို့ မဆိုလိုဘူးလေ... ဖြစ်နိုင်တာက သူ အမှတ်အသားကို ပြောင်းပြီး ဂျပန်ကို သွားနေတာ ဖြစ်နိုင်တယ်... ဒါမှမဟုတ် အခု ကျွန်တော်တို့နဲ့ အတူတူ သင်္ဘောတစ်စင်းတည်းပေါ်မှာတောင် ရှိနေနိုင်တယ်" ဘေးနားရှိ လူတစ်ဦးက ရယ်မောလျက် ပြောလိုက်သည်။
၎င်းတို့၏ စကားဝိုင်းမှာ တိုးတိုးတိတ်တိတ် ပြောနေကြခြင်း မဟုတ်ပေ။ ကမ်းခြေကုလားထိုင်ပေါ်တွင် လှဲလျောင်းနေသော ရှုကျင်းမင်က စတုတ္ထအဆင့်နိမ့် စွမ်းရည်ပိုင်ရှင်တစ်ဦးဖြစ်သဖြင့် ထိုစကားများကို အတိုင်းသား ကြားနေရသည်။
သူ၏ မျက်နှာမှာ ချက်ချင်းပင် ထူးဆန်းသွားတော့သည်။ “ဟား... နတ်ဆရာများလားပဲ မင်းရဲ့ ခန့်မှန်းချက်က တကယ်ကို မှန်နေတာပဲ...”
"ရှင်က ဟိုကို မရောက်သေးဘူး... ရှင့်နာမည်ကတော့ တစ်ခွင်လုံးမှာ ကျော်ကြားနေပြီနော်" အီဗာ၏ ရယ်မောသံက နားထဲသို့ ရောက်လာသည်။
"ဒီလို ကျော်ကြားမှုမျိုးတော့ ငါ အလိုမရှိပါဘူးကွာ" ရှုကျင်းမင်က ပခုံးတွန့်လိုက်သည်။
သူက မိုးကြိုးသိုင်းသင်တန်းကျောင်း၏ အထက်တန်းလွှာ လေ့ကျင့်ရေးစခန်းသို့ သွားရန် ဆုံးဖြတ်ထားသည်မှာ အမှန်ပင်။ SSအဆင့် နိုးထသူဆိုသော ဂုဏ်ပုဒ်မှာ သာမန်စွမ်းရည်ပိုင်ရှင်များအပေါ်တွင်မူ ဟန့်တားနိုင်စွမ်း ရှိကောင်းရှိနိုင်သော်လည်း ပါရမီရှင် လေ့ကျင့်ရေးစခန်းသို့ ဝင်ရောက်နိုင်သူများမှာမူ မိမိကိုယ်ကိုယ် ယုံကြည်မှု အလွန်မြင့်မားသူများ ဖြစ်ကြသည်။ “SSအဆင့်ဆိုတာ ဘာလဲ...” လက်တွေ့ မတိုက်ကြည့်ဘဲနဲ့တော့ သူတို့က ယုံကြည်ကြမည့်သူများ မဟုတ်ပေ။
အချို့သော တိုက်ခိုက်ရေးရူးသွပ်သူများဆိုလျှင် ပါရမီရှင်ဟု အမည်ထွက်နေသူများကိုပင် တကူးတက လိုက်လံ စိန်ခေါ်တတ်ကြသေးသည်။ နောင်တွင် သူ လေ့ကျင့်ရေးစခန်းသို့ ရောက်သောအခါ ရင်ဆိုင်ရမည့် စိန်ခေါ်မှုများကို ရှုကျင်းမင် ကြိုတင် မြင်ယောင်နေမိသည်။
"အီဗာ... အင်တာနက်ပေါ်က ငါ့ရဲ့ အချက်အလက်အားလုံးကို ဖျက်ပစ်လို့ရမယ့် နည်းလမ်းရှိလား" ရှုကျင်းမင်က အသံတိုးတိုးဖြင့် မေးလိုက်သည်။
"ရှင် ဖျက်ဖို့ ကြိုးစားရင်တောင် နောက်ကျသွားပါပြီ... လိဂ်ပြိုင်ပွဲတုန်းက ရှင့်ရဲ့ စွမ်းဆောင်ရည်တွေကို လူတိုင်းက သိနေကြပြီလေ ပြီးတော့ ကျွန်မ အရင်က ပြောခဲ့သလိုပဲ... ရှင့်မှာ ကျောင်းအုပ်ကြီးရဲ့ လုပ်ပိုင်ခွင့်ထက် သာလွန်တဲ့အရာရှိရင် ကျွန်မ ရှင်ခိုင်းတာ လုပ်ပေးနိုင်ပါတယ ကျွန်မကတော့ ဟိုအဘိုးကြီး ကျောင်းအုပ်ကြီးထက်စာရင် ရှင်လို ချောချောလှလှ လူငယ်လေးကို သခင်အဖြစ် ပိုသဘောကျပါတယ်..." အီဗာက ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ရှုကျင်းမင်၏ မျက်နှာမှာ ချက်ချင်း ပျက်သွားတော့သည်။ အီဗာ၏ ဉာဏ်ရည်မှာ တကယ်ကို မယုံကြည်နိုင်လောက်အောင် ဖြစ်သည်။ ၎င်းအပြင် အကယ်၍ မဂျစ်စီးတီး တက္ကသိုလ် ကျောင်းအုပ်ကြီးသာ ဤစကားကို ကြားသွားလျှင် သူကိုယ်တိုင်ပင် “မိန်းကလေးငယ်တစ်ဦးကို မဟုတ်ဘူး... ဉာဏ်ရည်တုတစ်ခုကို ပြန်ပေးဆွဲနေသည်”ဟု စွပ်စွဲခံရနိုင်ပေသည်။
***