ဘင်္ဂလားပင်လယ်အော်၏ တိတ်ဆိတ် ငြိမ်သက်နေသော ရေနက်ပိုင်းတွင် ဝေလငါးကြီး တစ်ကောင်သည် အစာရှာဖွေနေစဉ် ရုတ်တရက် တစ်ခုခုကို ရှာတွေ့သွားပုံရကာ ၎င်း၏ ဆူးတောင်များကို ခတ်၍ ကူးခတ်သွားလေသည်။
အလင်းရောင်မရသော မီတာတစ်ထောင်နက်သည့် သမုဒ္ဒရာရေအောက်ကြမ်းပြင်တွင် တိုးညင်းသော လျှပ်စစ်စီးကြောင်း အသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
သံမဏိ သတ္တဝါကြီးတစ်ကောင်သည် ရေအောက်တွင် ဖြည်းညင်းစွာ ခုတ်မောင်းနေပြီး ၎င်း၏ ရေဘဝဲလက်တံကဲ့သို့ တုတ်ခိုင်သော လက်တံရှစ်ခုက ရေထဲတွင် တွန်းကန်ရွေ့လျားနေ၏။
ဝေလငါးများသည် ဉာဏ်ရည်မြင့်မားသော တိရစ္ဆာန်များ ဖြစ်ကြသည်။ ဇီဝဗေဒနှင့် သံမဏိ အစိတ်အပိုင်းများ ပေါင်းစပ်ထားသော အနှီ သင်္ဘောကြီးကို မြင်လိုက်ရသောအခါ ဝေလငါး၏ မျက်လုံးပြူးကြီးများတွင် အလွန်တရာ ဇဝေဇဝါဖြစ်မှုများ ပေါ်လွင်နေသည်။
ကူ... ကူ... ကူ...
ဝေလငါးကြီးသည် သံမဏိ သတ္တဝါကြီး၏ ဘေးပတ်လည်တွင် စူးစမ်းချင်စိတ်ဖြင့် ကူးခတ်နေသည်။ သို့သော် ရုတ်တရက် သံမဏိသတ္တဝါကြီးသည် အထက်သို့ ဖြည်းညင်းစွာ တက်လာပြီး ၎င်း၏ လက်တံရှစ်ခုမှ အရှိန်ပြင်းသော ရေပန်းများကို ပန်းထုတ်လိုက်သည်။
ဝေလငါးကြီးသည် ရေစီးကြောင်းကြောင့် မျက်စိလည်လမ်းမှားဖြစ်ကာ အော်ဟစ်သွားလေသည်။
မျိုစင်္ကြာ အတန်းအစား ရေနက်ပိုင်း ခရူဇာစစ်သင်္ဘောကြီးသည် အရှိန်တင်လိုက်ပြီး ဝေလငါးကြီးကို အနောက်တွင် ချန်ရစ်ခဲ့လေသည်။
ခရူဇာသင်္ဘောအတွင်း၌ သင်္ဘောသား တစ်ရာကျော်သည် အလုပ်များနေကြပြီး စစ်သင်္ဘော၏ ကိရိယာတန်ဆာပလာများမှ ထွက်ပေါ်နေသော မှိန်ပျပျ အလင်းရောင်သည် သူတို့၏ အာရုံစိုက်ပြီး တိတ်ဆိတ်နေသော မျက်နှာများပေါ်သို့ ကျရောက်နေသည်။
"အထက်ကို တက်နေပြီ... ရေအနက် ၉၅၈ မီတာ... ၇၀၀ မီတာ... ၃၀၀ မီတာ..."
"တော်ပီဒိုများ တပ်ဆင်ပြီးပြီ။ ပစ်ခတ်မည့် ထောင့်ချိုးကို ချိန်ညှိနေသည်... ပစ်ခတ်ရန် အသင့်”
"တိုက်ခိုက်မှုကို တစ်မိနစ်တိတိတွင် စတင်မယ်။ တစ်ချိန်တည်းမှာပဲ ရေပေါ်သို့တက်ကာ အမြစ်ဖြတ် ချေမှုန်းမှုကို အဆုံးသတ်မယ်”
အမိန့်များသည် ခရူဇာသင်္ဘောတစ်စီးလုံးသို့ ပျံ့နှံ့သွားသည်။ မျိုစင်္ကြာ အတန်းအစား ခရူဇာသင်္ဘောကြီး၏ အတွင်းပိုင်းရှိ ဇီဝရေဒါနှင့် ဇီဝဆိုနာတို့သည် အမြင့်ဆုံးအရှိန်ဖြင့် လည်ပတ်နေပြီ ဖြစ်သည်။
ဆိုနာရေဒါ၏ အီလက်ထရောနစ် မျက်နှာပြင်ပေါ်တွင် ခရူဇာသင်္ဘောကြီးနှင့် ကီလိုမီတာ တစ်ရာကျော် အကွာရှိ သိပ်သည်းနေသော အလင်းစက်စုကြီးတစ်ခု ပေါ်လာသည်။
၎င်းတို့မှာ ဇီဝဆိုနာမှ ထောက်လှမ်းသိရှိထားသော အိန္ဒိယ ရေတပ်၏ ပင်မ ရေတပ်စုကြီးပင် ဖြစ်သည်။
မျက်နှာပြင်ပေါ်ရှိ အချက်အလက်များသည် ဆက်တိုက် လင်းလက်နေသည်။ မျိုစင်္ကြာ အတန်းအစား ခရူဇာသင်္ဘောကြီးသည် ကြိုတင်သတ်မှတ်ထားသော အမြင့်သို့ ရောက်ရှိသွားပြီးနောက် ထိန်းချုပ်မှု ခလုတ်ခုံပေါ်ရှိ တော်ပီဒို ပစ်လွှတ်ရေး ခလုတ်ကို နှိပ်လိုက်သည်။
ရေနက် ခရူဇာသင်္ဘောကြီး၏ ရေဘဝဲလက်တံ ရှစ်ခုသည် ရုတ်တရက် အထက်သို့ မြင့်တက်လာပြီး ၎င်းတို့၏ အစွန်းပိုင်းများသည် ကြောက်မက်ဖွယ်ကောင်းသော ဂန္ဓမာပန်းပုံစံ ကျင်းပေါက်ကြီးများ အဖြစ် ပွင့်အာသွားကာ ထိုအထဲမှ ပူဖောင်းများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ဒုံးကျည်စနစ်သုံး တော်ပီဒို ရှစ်စင်း ပစ်လွှတ်လိုက်လေသည်။
ဒုံးကျည်စနစ်သုံး တော်ပီဒိုများသည် ရေပြင်ကို ချက်ချင်း ဖောက်ထွက်သွားပြီး ၎င်းတို့၏ မီးတောက်နေသော အမြီးပိုင်းများသည် စက်ဝိုင်းပုံစံ ကျယ်ပြန့်သွားကာ အထက်သို့ တက်သွားသော ဒုံးကျည်များကဲ့သို့ ကီလိုမီတာ တစ်ရာကျော်အကွာရှိ ပစ်မှတ်ဆီသို့ ပျံသန်းသွားကြသည်။
ဒုံးကျည်စနစ်သုံး တော်ပီဒိုများ (သို့မဟုတ်) ရေငုပ်သင်္ဘောဖျက် ဒုံးကျည်များတွင် ဒုံးကျည်ပျံသန်းမှု စနစ်နှင့် အသံလမ်းညွှန် တော်ပီဒိုတို့ ပါဝင်သည်။ ၎င်းတို့သည် တော်ပီဒိုကို ဒုံးကျည် အဖြစ်ဖြင့် သယ်ဆောင်သွားပြီး ကြိုတင်သတ်မှတ်ထားသော နေရာသို့ ရောက်ရှိသောအခါ အသံလမ်းညွှန် တော်ပီဒိုသည် ဒုံးကျည်မှ ခွဲထွက်ကာ ရေထဲသို့ ဝင်ရောက်သွားပြီး ကြိုတင်ထည့်သွင်းထားသော ပရိုဂရမ်အတိုင်း ရေငုပ်သင်္ဘောများကို အလိုအလျောက် ရှာဖွေကာ ၎င်း၏ ဧရိယာ အတွင်းရှိ မည်သည့် ရေငုပ်သင်္ဘောကိုမဆို ဖျက်ဆီးပစ်သည်။
၎င်းတို့သည် ရေငုပ်သင်္ဘောများကို တိုက်ခိုက်ရာတွင် အလွန် ထက်မြက်သော လက်နက်များ ဖြစ်ကြသည်။ တစ်ချိန်တည်းမှာပင် တိုက်ခိုက်မှုကို စတင်လိုက်သည်မှာ ဤမျိုစင်္ကြာ အတန်းအစား ရေနက်ပိုင်း ခရူဇာသင်္ဘော တစ်စီးတည်း မဟုတ်ပေ။
အိန္ဒိယ ရေတပ်စု၏ ပတ်လည်တွင် ချုံခိုစောင့်ဆိုင်းနေသော အခြား မျိုစင်္ကြာ အတန်းအစား ခရူဇာသင်္ဘော လေးစီးသည်လည်း အထက်သို့ တက်လာပြီး ဒုံးကျည်စနစ်သုံး တော်ပီဒိုများကို ပစ်လွှတ်ကာ ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုကို စတင်လိုက်ပြီ ဖြစ်သည်။
စစ်သင်္ဘောကို ထိန်းချုပ်ကာ တိုက်ပွဲကို ကွပ်ကဲသည့် ဦးနှောက်အဖြစ် တာဝန်ယူထားသော ဗီကရန့် လေယာဉ်တင်သင်္ဘော၏ တံတားဦးပိုင်းတွင်…
လူစည်ကားနေသင့်သော တံတားဦးပိုင်းသည် အလွန်တရာ ဖိစီးမှုများသော လေထုဖြင့် လွှမ်းခြုံနေသည်။ ကူးမားနှင့် အခြားသော အကြီးတန်း ရေတပ်စု အရာရှိများသည် ကြက်သေသေနေကြပြီး သူတို့၏ မျက်နှာများသည် ပြာနှမ်းနေသည်။
သူတို့၏ သင်္ဘောတင် တိုက်လေယာဉ် အုပ်စုတစ်စုလုံး လုံးဝ အမြစ်ပြတ်သွားပြီဆိုသည့် သတင်းကို သူတို့ ရရှိပြီးပြီ ဖြစ်သည်။ MiG-29K တိုက်လေယာဉ် ဆယ့်နှစ်စီးစလုံး ပျက်စီးသွားခဲ့ပြီး ကျဲခယ်အဖွဲ့၏ ကိုယ်ပျောက် ခရူဇာသင်္ဘောကို ခြစ်ရာလေးတစ်ခုပင် မထင်စေနိုင်ခဲ့ပေ။
"ဘယ်လိုလုပ် ဒီလို ဖြစ်နိုင်မှာလဲ... ဒီလောက်များတဲ့ သင်္ဘောတင် လေယာဉ်တွေ... အကုန်လုံး ပျောက်ကွယ်သွားပြီတဲ့လား”
ကူးမားသည် ရက်စက်လှသော အမှန်တရားကို လက်မခံချင်ဘဲ တီးတိုး ရေရွတ်နေမိသည်။
အဲဒါက လက်နက် အပြည့်အဝ တပ်ဆင်ထားတဲ့ MiG-29K တိုက်လေယာဉ် ၁၂ စီးလေကွာ။
ဒုတိယ ကမ္ဘာစစ်အတွင်း လေယာဉ်တင်သင်္ဘောများ ခေတ်စားလာကတည်းက လေယာဉ်တင် သင်္ဘောများ၏ အသာစီးရမှု သီအိုရီသည် ရေတပ်စစ်ပွဲများတွင် အမှန်တရားတစ်ခု ဖြစ်လာခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည် ၎င်းတို့၏ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေး အုပ်စု ၁၂ ခုကို အားကိုးခြင်းဖြင့် ကမ္ဘာမြေ၏ ဗိုလ်ကျစိုးမိုးသူ ဖြစ်လာခဲ့ခြင်းဖြစ်သည်။
ခရူဇာသင်္ဘောတွေဆိုသည်မှာ ခေတ်နောက်ကျနေသော စစ်သင်္ဘောအမျိုးအစားတွေသာ ဖြစ်သည်။ လက်ရှိ၌ မည်သည့် နိုင်ငံကမျှ ခရူဇာစစ်သင်္ဘောများကို မတည်ဆောက်တော့ချေ။ ယခုကဲ့သို့ ပင်လယ်ပြင်၏ ဘုရင် ဟု ဆိုနိုင်သော လေယာဉ်တင်သင်္ဘောနှင့် ခေတ်ဟောင်းမင်းသား ခရူဇာသင်္ဘောတို့ ထိပ်တိုက် တွေ့ကြသည့်အခါ သူတို့က စတင် အရေးနိမ့်ခဲ့ရသည်တဲ့လား…။ ဤသည်က အိန္ဒိယရေတပ် အတွက် လုံးဝ လက်သင့်မခံနိုင်သော အရာတစ်ခုပင်…။
"တပ်မှူးကြီး... ကျွန်တော်တို့မှာ အဲဒီ ကိုယ်ပျောက် ခရူဇာသင်္ဘောကို ပစ်ခတ်နိုင်တဲ့ အကွာအဝေး အတွင်း ရောက်တော့မယ့် ဖျက်သင်္ဘော တပ်ဖွဲ့ နှစ်ဖွဲ့ ရှိပါသေးတယ်။ အဲဒီအချိန်ကျရင် ရန်သူက ကျွန်တော်တို့ရဲ့ လက်ဖဝါးပေါ် ရောက်လာမှာပါ”
ကူးမားဘေးမှ ရေတပ် စစ်ဦးစီးအရာရှိတစ်ဦးက တိတ်ဆိတ်နေမှုကို ချိုးဖျက်ကာ ပြောလိုက်သည်။
"ကျွန်တော်တို့ရဲ့ ဖျက်သင်္ဘောတွေက အမြင့်ဆုံး အမြန်နှုန်း ရေမိုင် ၃၂ နှုန်းနဲ့ သွားနိုင်တယ်။ သူ ထွက်ပြေးလို့ မလွတ်နိုင်ပါဘူး”
"ကိုယ်ပျောက် ခရူဇာသင်္ဘောကို နစ်မြုပ်ပစ်နိုင်သရွေ့ အခုလောက် အနစ်နာခံရတာက လက်ခံနိုင်ပါတယ်”
"လေယာဉ်တင်သင်္ဘောက ရှိနေသေးတာပဲ။ နောက်ပိုင်း သင်္ဘောတင် လေယာဉ် အသစ်တွေ ထပ်ဖြည့်လိုက်ရင် တိုက်ခိုက်ရေး စွမ်းရည်ကို ပြန်လည် ရယူနိုင်ပါတယ်။ တန်ချိန် ၄၀,၀၀၀ ကနေ ၅၀,၀၀၀ အထိရှိတဲ့ ခရူဇာသင်္ဘောကြီးကို နစ်မြုပ်ပစ်နိုင်တာနဲ့ ယှဉ်ရင် ကျွန်တော်တို့ရဲ့ အောင်ပွဲက ပိုကြီးမားပါတယ်”
အစည်းအဝေး စားပွဲရှိ အရာရှိများသည် တစ်ယောက်တစ်ပေါက် ဝင်ပြောကြပြီး အားလုံးက သူတို့၏ ရှုံးနိမ့်မှုအတွက် ဆင်ခြေရှာရန် ကြိုးစားနေကြသည်။
သို့သော်လည်း သူတို့တွင် အခွင့်အရေး ရှိသေးသည်ဟု အမှန်တကယ် ခံစားနေရဆဲ ဖြစ်သည်။ သူတို့၏ ဧရာမ ရေတပ်စုကြီးသည် အထိအခိုက်မရှိ ကျန်ရှိနေသေးပြီး ဖျက်သင်္ဘောများ၏ အမြန်နှုန်းသည် ခရူဇာသင်္ဘောထက် သေချာပေါက် ပိုမြန်သည်။ ရန်သူသည် ၎င်း၏ တည်နေရာကို ဖော်ပြလိုက်ပြီဖြစ်ရာ လိုက်လံ ဖမ်းဆီးမှုမှ မလွတ်မြောက်နိုင်တော့ပေ။
ရေတပ် အရာရှိများစွာက စိတ်ကူးယဉ် အိပ်မက်မက်နေကြစဉ်မှာပင် သတိပေး ခေါင်းလောင်းသံ တစ်ခုက လေထုကို ထိုးဖောက် ဝင်ရောက်လာသည်။
ပြင်ပ အစောင့်စစ်သင်္ဘောများထံမှ ဒုံးကျည်များ လာနေကြောင်း သတင်းရရှိထားသော ဆက်သွယ်ရေးအရာရှိသည် စကားတစ်ခွန်းမျှ မဆိုဘဲ လေယာဉ်တင်သင်္ဘော၏ လေကြောင်းရန် ကာကွယ်ရေး သတိပေးချက်ကို ချက်ချင်း ဖွင့်လိုက်သည်။
လေယာဉ်တင်သင်္ဘောပေါ်ရှိ အိန္ဒိယ သင်္ဘောသားများသည် သတိပေးသံကြောင့် လန့်ဖျပ်သွားကြပြီး လေ့ကျင့်မှု အားနည်းသဖြင့် ခေတ္တမျှ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသေးသည်။
လေယာဉ်တင်သင်္ဘော တံတားဦးပိုင်းရှိ ရေဒါ သတိပေးစခန်းတွင် ရေဒါအော်ပရေတာ၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ဗီကရန့် လေယာဉ်တင် သင်္ဘောသည်လည်း လာနေသော ဒုံးကျည်များကို ထောက်လှမ်းမိသွားသောကြောင့် ဖြစ်သည်။
လေယာဉ်တင်သင်္ဘောတွင် လေကြောင်း စောင့်ကြည့်ရေးနှင့် လေယာဉ်ပစ် ဒုံးကျည်များ၏ နောက်ဆုံးအဆင့် လမ်းညွှန်မှု အတွက် ရေဒါနှင့် အီလက်ထရောနစ် စက်ကိရိယာ အမြောက်အများကို တပ်ဆင်ထားသဖြင့် အားကောင်းသော သတိပေး အချက်အလက်များကို ပေးစွမ်းနိုင်သည်။
"တပ်မှူးကြီး... ရေဒါက ကျွန်တော်တို့ ရေတပ်စုဆီ တည့်တည့်လာနေတဲ့ အမည်မသိ ဒုံးကျည် အစင်း လေးဆယ်ကို ထောက်လှမ်းမိပါပြီ”
လာနေသော ဒုံးကျည်များ၏ အနီရောင် မီးလုံးများ လင်းလက်လာပြီး ရေဒါအော်ပရေတာသည် အထက်လူကြီးများ အမြန်ဆုံး အစီအစဉ်တစ်ရပ် ချမှတ်နိုင်စေရန် မျှော်လင့်လျက် ပိုမို အသေးစိတ်ကျသော သတင်းအချက်အလက်များကို ချက်ချင်း သတင်းပို့လိုက်သည်။
***