ရေစီးမြန်သောထုံထျန်မြစ်မှာ လှေတစ်စင်းက မျှောလာ၏။ ရုတ်တရက် ကြီးမားသော လှိုင်းလုံးတစ်လုံးက လှေကိုပစ်ရိုက်ပြီး ၎င်းကို တိမ်းမှောက်လုနီးပါးဖြစ်သွားစေ၏။
ဆောင်းရာသီမှာပင် မြစ်ထဲရှိရေက အေးခဲမသွားပေ။ ယခုက ခြောက်သွေ့သော ရာသီဥတုဖြစ်သင့်သည်။ ထို့ကြောင့် ရေများကလည် နွေရာသီမှာထက် ပို၍ တည်ငြိမ်သင့်သည်။ ထို့ကြောင့် ဤကဲ့သို့ ပြင်းထန်သောလှိုင်းလုံးများနှင့် ကြုံတွေ့ရသည်မှာ မူမမှန်မှုဖြစ်သည်။
အခြားတစ်ဖက်မှာတော့ ရွက်များ၊ တိုင်များနှင့် အနုစိတ်ယက်လုပ်ထားသည့် ပုံစံငယ်မြက်လှေတစ်စင်းက ကြည်လင်သောရေများထည့်ထားသည့် ရေဇလုံတစ်လုံးထဲမှာ လွင့်မျောနေသည်။ ဖြူဖပ်ဖြူရော်လက်ချောင်းတစ်ချောင်းက ရေထဲကို ဖြည်းဖြည်းချင်းနှစ်ပြီး မွှေနှောက်ကာ ရေဇလုံထဲတွင် ရေဝဲကတော့တစ်ခုကို ဖြစ်ပေါ်လာစေ၏။ ထိုသို့ဖြင့် ပုံစံငယ်လှေသည် ရေဝဲကတော့ရှိရာသို့ အထိန်းအကွပ်မဲ့စွာဖြင့် တိမ်းစောင်းကာဝင်လာသည်။
တစ်ချိန်တည်းမှာပင် ထုံထျန်မြစ်မှာ ကြီးမားသော ရေဝဲကတော့တစ်ခုက ရုတ်တရက် ပေါ်ထွက်လာသည်။ ရေစီးကလည်း ပို၍ပြင်းထန်ကြမ်းတမ်းလာ၏။
လှေဝမ်းထဲကနေ အရပ်မြင့်မြင့်လူတစ်ယောက်ထွက်လာပြီး လှေဦးစွန်းမှာမတ်တတ်ရပ်ကာ တည်ငြိမ်နေသောအမူအရာဖြင့် ကြီးမားသော ရေဝဲကတော့ကို ငေးကြည့်နေသည်။
ဤလူက သာမန်အရပ်ဝတ်အဝတ်အစားကို ဝတ်ဆင်ထားသော်လည်း သူ့ခါးမှာ သေးငယ်သော ဆွဲပြားတစ်ခုကို ချိတ်ဆွဲထားသည်။ ထိုဆွဲပြားမှာ ‘တောင်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံး’ဟူသော စာလုံးကို ရွှေချရေးထွင်းထားပြီး သူ၏ သရုပ်သကန်ကို ဖော်ပြပေးနေသည်။
မဟာရွှမ်မင်းဆက် ဧကရာဇ်ကောင်းကျူသည် တပ်မငါးခု ကွပ်ကဲရေးရုံးကို ဖျက်သိမ်းပြီး ယခင်ဝေမင်းဆက်က ဖီးနစ်စိမ်းတပ်ဖွဲ့ကိုသာ ချန်ထားသည်။ ထို့ကြောင့် ဖီးနစ်စိမ်းတပ်ဖွဲ့သည် ဝေမင်းဆက်က ဧကရာဇ်ထိုက်ကျုံး တည်ထောင်ခဲ့သည့် စစ်မှုထမ်းအိမ်ထောင်စုစနစ်ကို ဆက်လက်အကောင်အထည်ဖော်ပြီး တပ်တွင်းစစ်ဆေးမှုများကို တာဝန်ယူထားသည့် စစ်ဘက်ကွပ်ကဲရေးရုံးကို ဆက်ထိန်းထားခဲ့သည်။
နောက်ပိုင်းမှာ ဧကရာဇ်ထိုက်ကျုံးသည် ဖီးနစ်စိမ်းတပ်ဖွဲ့၏ စစ်ဘက်ကွပ်ကဲရေးအဖွဲ့ကို နှစ်ဖွဲ့ခွဲထုတ်လိုက်သည်။ တောင်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံးသည် ဖီးနစ်စိမ်းတပ်ဖွဲ့အတွင်း အပြစ်ဒဏ်များအတွက် တာဝန်ယူထားပြီး မြောက်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံးသည် ဧကရာဇ်ကနေ ချမှတ်ပေးသည့် အမှုများကို တာဝန်ယူရသည်။ သူတို့၏ ဖမ်းဆီးမှု၊ စစ်ဆေးမေးမြန်းမှုနှင့် ကွပ်မျက်မှုတို့ကို သာမန်တရားစီရင်ရေး အဖွဲ့အစည်းများကနေ သွားစရာမလိုအပ်ပေ။
ယခင်မင်းဆက်ကတည်းက ဧကရာဇ်ကိုယ်တိုင်ကိုင်တွယ်သည့် အမှုကြီးများကို တရားစီရင်ရေးဌာနကနေတစ်ဆင့် သွားခြင်းမရှိဘဲ မြောက်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံးသို့ လွှဲပြောင်းပေးလေ့ရှိသည်။
ထို့ကြောင့် နိုင်ငံရေးသမားများနှင့် အများလူထုသည် မြောက်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံးကို ကြောက်ရွံ့ကြသည်။ အများသူငါက ရည်ညွှန်းခေါ်ဆိုသည့် ဖီးနစ်စိမ်းတပ်ဖွဲ့ဆိုသည်မှာ အမှန်တကယ်တော့ မြောက်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံးကို ခေါ်ဆိုခြင်းဖြစ်သည်။ အမှုကိစ္စအများစုမှာ စစ်ဘက်ကွပ်ကဲရေးမှူးချုပ်သည် ဧကရာဇ်ထံ တိုက်ရိုက်အစီရင်ခံတင်ပြသည်။ ဖီးနစ်စိမ်းတပ်ဖွဲ့၏ အရှင်စစ်သေနာပတိပင် ကြားဝင်စွက်ဖက်ခွင့်မရှိပေ။
မြောက်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံး၏ ကျော်ကြားလှသော နာမည်ဂုဏ်သတင်းနှင့်ယှဉ်လျှင် တောင်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံးက မလွဲမသွေအနည်းငယ် မှေးမှိန်နေသည်။
သို့သော်လည်း ဖီးနစ်စိမ်းတပ်သားများအတွက်တော့ အများလူထုကိုကိုင်တွယ်သည့် မြောက်ဘက်စစ်ဘက်ကွပ်ကဲရေးရုံးသည် တပ်တွင်းအရေးကိစ္စများကို ထိန်းချုပ်ခြင်းမရှိဘဲ တပ်သားများက သူတို့ကို မကြောက်ရွံ့ကြပေ။ တစ်ဘက်မှာတော့ တောင်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံးသည် တပ်တွင်းအရေးကိစ္စများကို တာဝန်ယူထားသည်။ ဖီးနစ်စိမ်းတပ်သားများစွာ၏ တပ်တွင်းစည်းမျဉ်းစည်းကမ်းများသည် တောင်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံးကနေ လာခြင်းဖြစ်သည်။
ရှုခိုသည် ဖီနစ်စိမ်းတပ်ဖွဲ့ကနေ ထွက်ခွာချင်သည့်အခါ သူသည် တောင်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံး၏ တပ်သားများ အမဲလိုက်ခြင်းကို ခံခဲ့ရသည်။ သူတော်စင်ချင်းဝေ၏ ကြားဝင်စွက်ဖက်မှုနှင့် တာအိုဂိုဏ်းတော်နှင့် အင်ပါယာနန်းတော်အကြား ရင်းနှီးသောဆက်ဆံရေးကြောင့်သာ ရှုခိုက သေဘေးကနေ လွတ်မြောက်နိုင်ခဲ့ခြင်းဖြစ်သည်။
လှေဦးစွန်းကလူသည် တောင်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံးကဖြစ်ပြီး သူတို့အဖွဲ့သည် မြောက်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံးထက်ပင် ပို၍ လျှို့ဝှက်ဆန်းကြယ်သည်။
လှေသမားသည် သာမန်အရပ်ဝတ်ကို ပြောင်းလဲဝတ်ဆင်ထားသည့် ဖီးနစ်စိမ်းတပ်သားဖြစ်သည်။ လှေဝမ်းထဲကနေ သူ့ခေါင်းဆောင်ထွက်လာသည်ကိုတွေ့မြင်သောအခါ သူက ချက်ချင်းပင် အနားကိုကပ်ပြီး ပြောလိုက်သည်။
“အရှင်… လေနဲ့လှိုင်းတွေက အရမ်းကိုပြင်းထန်လွန်းနေတယ်… အဲဒါက သံသယဝင်စရာကောင်း…”
သူ့စကားမဆုံးသေးခင် ကြီးမားသောလှိုင်းလုံးတစ်လုံးက လှေကိုပစ်ရိုက်ချပြီး ဖီးနစ်စိမ်းတပ်ဖွဲ့ခေါင်းဆောင်၏ ချည်သားဝတ်ရုံက ရေစိုလုမတတ်ဖြစ်သွားသည်။
ခေါင်းဆောင်က ချဉ်းကပ်လာသော ရေဝဲကတော့ကို တည်ငြိမ်သောအမူအရာအဖြင့် ကြည့်နေသည်။
“ယီရှန်မြို့နဲ့ပတ်သက်ပြီး မသင်္ကာစရာတကယ်ပဲရှိတယ်… ငါက ရုပ်ဖျက်ပြီးလာချင်ပေမဲ့ ယီရှန်မြို့ရဲ့ဝင်းတံခါးကို မရောက်ခင် ငါ့ရဲ့တည်နေရာကို တစ်ယောက်ယောက်ထောက် လှမ်းမိသွားလိမ့်မယ်လို့ ထင်မထားဘူး… သူတို့က ဒီလိုမျိုး လှည့်ကွက်တွေနဲ့ ငါ့ကို ရှောင်ကွင်းသွားဖို့တောင်မှ ကြိုးစားနေကြတယ်… ငါ တကယ်ပဲ ဘဝင်မြင့်သွားပြီ”
လက်အောက်ငယ်သားက မေးလိုက်သည်။
“အရှင်… ကျုပ်တို့ လှေကို ကမ်းကပ်သင့်လား”
ဖီးနစ်စိမ်းတပ်ဖွဲ့ခေါင်းဆောင်က ခေါင်းခါပြလိုက်သည်။
“မကပ်နဲ့… ရှေ့ကိုဆက်တက်… အဲဒီလူတွေက အင်ပါယာနန်းတော်ရဲ့ သံတမန် ငါ့ကို ဒီမြစ်ထဲမှာ မြှုပ်နှံပစ်ရဲမလား ကြည့်ရသေးတာပေါ့”
လှေသမားပုံစံဝတ်ထားသည့် လက်အောက်ငယ်သားက မတတ်သာဘဲ ရှေ့သို့ဆက်၍ ရွက်လွင့်လိုက်ရသည်။
ရေဇလုံထဲမှာ ရေကိုမွှေနှောက်နေသည့် ဖြူဖပ်ဖြူရော်လက်ချောင်းက ရပ်တန့်မသွားပေ။ ထို့အစား ၎င်းသည် ပုံစံငယ်လှေကို တိမ်းမှောက်လုနီးပါးဖြစ်သည်အထိ ညင်သာစွာလှုပ်ခတ်လိုက်သည်။ လှေက မှောက်ကျတော့မည့်ဆဲဆဲမှာ တစ်ဖန်ပြန်တည့်သွားသည်။ ခဏနေပြီးနောက် ဖြူဖပ်ဖြူရော်လူက စိတ်မရှည်နိုင်ဖြစ်လာပြီး ရွက်လှေကို ရုတ်တရက်ဖျစ်ညှစ်လိုက်သည်။
ရေလှိုင်းများ တလိပ်လိပ်ထိုးတက်နေသည့် ထုံထျန်မြစ်မှာ လှေ၏ ကိုယ်ထည်ပေါ်တွင် တုန်လှုပ်စရာကောင်းသော ချိုင့်ရာများနှင့် အက်ကွဲကြောင်းများ ပေါ်ထွက်လာသည်။ ထို့နောက် လှေကအပိုင်းပိုင်းကွဲထွက်ပြီး နစ်မြုပ်သွားတော့သည်။
အားလုံးပြီးဆုံးသွားပြီးနောက် ဖြူဖပ်ဖြူရော်လူက ရေစက်များကိုခါထုတ်ပြီး သူ၏ အင်္ကျီလက်ကို လိပ်တင်လိုက်သည်။ ရေဇလုံကလည်း တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားသည်။
. . . . .
ချင်းပိုင်ဘုရားကျောင်းမှာ။
ကျောင်းထိုင်ဆရာပိုင်ယုံကွမ်းသည် မိတ်ဆွေတချို့ထံ အလည်ထွက်သွားသည်။ တပည့်နှစ်ဦးဖြစ်သော ပိုင်ယွဲ့နှင့်လုယွီက နေ့လည်စာစားဖို့အတွက် ဆရာကတော်ကို စောင့်နေကြသည်။ ဆရာကတော်က ရောက်ရှိလာပြီး သူမထံမှ မွှေးရနံ့က ကြိုင်သင်းနေသည်။ ဘေးဘက်မှာထိုင်နေသော လုယွီ၏ မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခုပေါ်ထွက်လာ၏။ ဆရာကတော် လီကျန်းအာကို အလိုလိုလှည့်ကြည့်လိုက်စဉ် သူမကလည်း တစ်ချိန်တည်းမှာ သူ့ကို ပြန်စိုက်ကြည့်နေသည်။ သူတို့ အကြည့်ချင်းဆုံသွားသည့်အချိန်မှာ လီကျန်းအာက ဖျားယောင်းလိုသောအကြည့်ဖြင့် သူ့ကို မျက်စိမှိတ်ပြလိုက်သည်။ သို့သော်လည်း ဤအခိုက်အတန့်က ခဏမျှသာဖြစ်သည်။
သူတို့ အကြည့်ချင်းဆုံပြီးသွားမှ ပိုင်ယွဲ့က လှည့်ကြည့်လာပြီး သူမ၏ ဆရာကတော်က စားပွဲမှာ ဣန္ဒြေရစွာထိုင်နေသည်ကို တွေ့မြင်သည်။ သူ၏ ဂျူနီယာမောင်လုယွီကတော့ ခါးကိုမတ်မတ်ထားပြီး ရှေ့ကိုသာ ကြည့်နေ၏။ ပိုင်ယွဲ့က သူတို့နှစ်ယောက်ကြား မူမမှန်မှုတစ်စုံတစ်ရာကို မတွေ့မြင်လိုက်ရပေ။
အခန်းထဲရှိ လေထုက ကသိကအောက်ဖြစ်လာသည်။ သူတို့၏ ဆရာ ပိုင်ယုံကွမ်းမရှိသောကြောင့် မည်သူကမှ စကားမပြောကြပေ။
လီကျန်းအာက အစားစားချင်စိတ် သိပ်မရှိပေ။ သူမက ပန်းကန်တစ်ဝက်သာလျှင်စားပြီး စားပွဲကနေ ထွက်သွားသည်။ တပည့်နှစ်ဦးကသာ စားပွဲမှာ ကျန်ရစ်ခဲ့သည်။
လုယွီက သာမန်ကာလျှံကာ မေးလိုက်သည်။
“စီနီယာအစ်မ… ငါ ဝယ်စရာတချို့ရှိလို့ မြို့ကိုသွားမလို့… နင်မှာစရာရှိသေးလား”
ပိုင်ယွဲ့က သူမ၏ ဇလုံကို အောက်သို့ချပြီး တည်တံ့စွာ စဉ်းစားတွေးတောလိုက်သည်။
“ငါ့ဖို့ ပါးနီတစ်ဘူး ဝယ်လာပေး”
“ချင်းမိုင်ဘုရားကျောင်းမှာ ငါတို့သုံးယောက်ပဲရှိတာကို… နင်က ဘယ်သူ့အတွက် အလှပြင်ဦးမလို့လဲ” လုယွီက စနောက်လိုက်သည်။
ပိုင်ယွဲ့က သူ့ကိုမျက်စောင်းထိုးပြီး ဘာမှမပြောဘဲ ဆက်စားနေသည်။
နေ့လယ်စာစားပြီးနောက် လုယွီက သာမန်အဝတ်အစားကိုလဲဝတ်ပြီး ချင်းမိုင်ဘုရားကျောင်းကနေ ထွက်ခွာကာ ယီရှန်မြို့သို့ ဦးတည်သွား၏။
ယီရှန်မြို့သည် အရမ်းစည်ကားခြင်းမရှိသော်လည်း တည်းခိုခန်းများနှင့် စားသောက်ဆိုင်များအပါအဝင် အရာရာတိုင်းက အစုံအလင်ရှိလေသည်။
ယီရှန်မြို့က တည်းခိုခန်းအများစုသည် ပုံမှန်အသုံးပြုနေကျ နှစ်ထပ်အဆောက်အအုံများမဟုတ်ပေ။ ထိုအစား ယီရှန်မြို့က တည်းခိုခန်းများသည်ကျယ်ပြန့်သော နေရာတစ်ခုစီကို သိမ်းယူထားသည့် သီးခြားခြံဝန်းငယ်များဖြစ်သည်။
ယီရှန်မြို့သည် ဗုဒ္ဓထွန်းကားရာလမ်းကြောင်းမှာ တည်ရှိသောကြောင့် ခရီးသွားလာသူများ များပြားပြီး တည်းခိုခန်းများက စီးပွားရေးကောင်းကြသည်။
လုယွီက မြို့ထဲသို့ဝင်ရောက်လာပြီးနောက် သူက တည်းခိုခန်းကို တန်းသွားကာ ဧည့်ခန်းတစ်ခန်းနှင့် ပင်မခန်းမငယ်တစ်ခုပါသော သီးခြားခြံဝန်းတစ်ခုကို ငှားရမ်းလိုက်သည်။ သူက သေရည်နှင့် စားစရာတချို့ကိုလည်းမှာပြီး စားပွဲထိုးကို ပင်မခန်းမသို့ ပို့ခိုင်းလိုက်သည်။
သူက စားပွဲထိုးကို အမိန့်ပေးလိုက်သည်။
“ငါ မင်းကိုမခေါ်ရင် မလာခဲ့နဲ့… ပန်းကန်တွေသိမ်းဖို့နဲ့ သန့်ရှင်းရေးလုပ်ဖို့ မနက်ဖြန်မနက်မှပဲ ပြန်လာခဲ့”
စားပွဲထိုးထွက်သွားပြီးနောက် လုယွီက ခြံဝင်းတံခါးကို မင်းတုပ်ချလိုက်၏။ သို့သော်လည်း သူက စားစရာကို လက်ဖြင့်မထိဘဲ တစ်ယောက်ယောက်ကို စောင့်ဆိုင်းနေပုံရသည်။
တစ်နာရီခန့်ကြာပြီးနောက် ဇာပုဝါခေါင်းခြုံပါသော ခမောက်ကိုဆောင်းထားသည့် လူတစ်ယောက်က ခြံဝန်းနံရံကိုကျော်ပြီး ဝင်ရောက်လာသည်။
ဤအမျိုးသမီးဆောင်းထားသည့် ဇာခေါင်းခြုံပါသောခမောက်သည် ခေတ်ဟောင်းပုံစံဖြစ်ပြီး ဇာအနားက သူမ၏ခါးထိ ရောက်ရှိလေသည်။ ၎င်းသည် ယနေ့ခေတ်မှာ လူကြိုက်များလာသော ခပ်ပါးပါးဖော်ထားသည့်ပုံစံဖြင့် မတူပေ။
ခမောက်ကနေ တွဲလောင်းချထားသည့် ဇာပုဝါကနေတစ်ဆင့် အမျိုးသမီး၏ ကြော့ရှင်းသော ခန္ဓာကိုယ်ကို တွေ့မြင်နိုင်သည်။
သူမကို တွေ့မြင်ပြီးနောက် လုယွီက အသံခပ်တိုးတိုးဖြင့် အရင်စတင်နှုတ်ဆက်လိုက်၏။
“ဆရာကတော်… ခင်ဗျားစောစောက သိပ်မစားခဲ့ဘူးမလား.. အဲဒါကြောင့် ခင်ဗျားအတွက် စားစရာနဲ့သေရည်တချို့ ကျုပ်မှာပေးထားတယ်”
အမျိုးသမီးက သူမ၏ ဇာခေါင်းခြုံခမောက်ကို ချွတ်လိုက်သည်။ သူမက ကျောင်းထိုင်ဆရာ၏ ဇနီး လီကျန်းအာဖြစ်သည်။
သို့သော်လည်း ယခုအချိန်မှာတော့ သူမတွင် ဣန္ဒြေကြီး၍ တည်ကြည်ခံ့ညားသောပုံစံ မရှိတော့ပေ။ သူမက ရမ္မက်ပြင်းသည့်ပုံပေါ်ပြီး ညှို့ဓာတ်ကို ထုတ်ဖော်ထားသည်။
လုယွီက လက်ထုတ်ပြီး သူ့ဆရာဇနီးကို တွဲခေါ်လိုက်သည်။
လီကျန်းအာသည် အသက်သုံးဆယ်ကျော်အရွယ်မှာရှိပြီး လမ်းလျှောက်ဖို့အတွက် တခြားသူ၏ အကူအညီကို သေချာပေါက်မလိုအပ်ပေ။ သို့သော် သူမက လုယွီကို ညုတုတုဖြင့် တစ်ချက်မျှသာကြည့်ပြီး သူမ၏ ခန္ဓာကိုယ်ဖြင့် သူ့ကို မှီလိုက်သည်။
လုယွီက သူ့ဆရာဇနီးကို ပင်မခန်းမထဲ တွဲခေါ်သွားပြီး သူတို့နှစ်ယောက်က ဘေးချင်းယှဉ်ထိုင်လိုက်ကြသည်။ လီကျန်းအာ၏ လုံးကြီးပေါက်လှခန္ဓာကိုယ်သည် သူမ၏ ဇာပုဝါခြုံထည်အောက်မှာ အပြည့်အဝပေါ်လွင်နေသည်။ လုယွီက ထိုင်နေဆဲဖြစ်သော်လည်း သူသည် မမြင်သင့်သည့်အရာများကို မြင်နေရပြီဖြစ်သည်။ ဤအချိန်မှာ ခပ်ဖျော့ဖျော့မွှေးရနံ့တစ်ခုက သူ၏နှာဝကို တိုးဝင်လာပြီး သူက အနည်းငယ်ရီဝေသွားသည်။
ပွင့်လင်းစွာပြောရလျှင် လီကျန်းအာက ရှားရှားပါးပါး အချောအလှတစ်ဦးဖြစ်သည်။ သူမက အသက်သုံးဆယ်ကျော်အရွယ်မှာရှိလျှင်တောင် နူးညံ့သောအသားအရေ၊ တောက်ပသောမျက်လုံးများနှင့် ဖြူဖွေးသောသွားများကြောင့် အသက်နှစ်ဆယ်ကျော်အရွယ်မှာ ရှိသည့်ပုံပေါ်သည်။ သူမ၏ခန္ဓာကိုယ်က ပျော့ပျောင်းပြီး လမ်းလျှောက်သည့်အခါ သူမ၏ တင်ပါးက တုန်ခါသွားတတ်သည်။ သူမမှာ ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ ညှို့ငင်ဓာတ်ရှိပြီး သူမကိုတွေ့မြင်ရသောလူတိုင်းက သူမ၏ ချောမောလှပမှုကို ချီးကျူးကြသည်။
လီကျန်းအာက သေရည်နှစ်ခွက်ကိုဖြည့်ပြီး လုယွီကို တစ်ခွက်ကမ်းပေးလိုက်သည်။ သူမက တစ်ခွက်ကိုကောက်ယူပြီး သူနှင့် လက်ချင်းချိတ်ကာ သောက်လိုက်သည်။
သေရည်သောက်ပြီးနောက် လီကျန်းအာက မူးလာသယောင်ဟန်ဆောင်ကာ လုယွီ၏ ရင်ခွင်ထဲ တိုးဝင်သွားသည်။
လုယွီက အရိပ်အမြွက်ကို ရရှိသွားပြီး သူမကို ပွေ့ချီလိုက်၏။ သူက သူမကို အခန်းထဲသို့ မြန်မြန်ဆန်ဆန်ခေါ်သွားလေသည်။
သူမ၏ ခန္ဓာကိုယ်မှာ အရိုးတစ်ချောင်းမှမရှိသည့်အလား နူးညံ့ပျော့ပျောင်းနေသည်။ သူမ၏ ဖြူဖွေးသွယ်လျသော လက်နှစ်ဖက်ဖြင့် သူ့လည်ပင်းကို သိုင်းဖက်ထားပြီး သူမ၏ ချစ်စဖွယ်ကောင်းသောမျက်နှာကိုမော့ကာ သူမ၏ ဆွဲဆောင်မှုရှိသောမျက်လုံးများကို မှေးကျဉ်းထားသည်။
လုယွီက ရင်တထိတ်ထိတ်ခုန်လာပြီး သူမကို ခေါင်းငုံ့ကာ နမ်းလိုက်မိသည်။
တစ်ချိန်တည်းမှာပင် တည်းခိုခန်းဘေးကနေ အသက်ကြီးကြီးတာအိုဆရာတစ်ဦးက ဖြတ်သွားသည်။ တာအိုဆရာက ခြံဝန်းတံခါးရှေ့မှာ ခဏမျှရပ်တန့်ပြီးနောက် မှင်သေသေဖြင့် ထွက်ခွာသွားလေသည်။
နှစ်နာရီခန့်ကြာပြီးနောက် လီကျန်းအာက သူမ၏ ဇာခေါင်းခြုံခမောက်ကို တစ်ဖန်ပြန်ဆောင်းပြီး တည်းခိုခန်းထဲကနေ အရင်ဆုံးထွက်ခွာသွားသည်။
လုယွီက နောက်တစ်နာရီနေပြီးမှ ထွက်ခွာသွား၏။ သူထွက်လာသည်နှင့် သူ့ထံသို့ လျှောက်လှမ်းလာနေသည့် ငယ်ရွယ်သော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို တွေ့မြင်လိုက်ရသည်။ သူတို့နှစ်ယောက်စလုံးက ဆင်တူခြုံထည်များကို ဝတ်ဆင်ထားကြသည်။
သူသည် ကျောက်စိမ်းနေပြည်တော်ကနေ ထွက်လာခဲ့သည်မှာ ဆယ်နှစ်နီးပါးရှိသွားခဲ့ပြီဆိုလျှင်တောင် ဤခြုံထည်များသည် ကျောက်စိမ်းနေပြည်တော်ရှိ တစ်မူထူးခြားသော အဝတ်အစားဆိုင်မှ လက်ရာများဖြစ်သည်ကို သိရှိသောကြောင့် အံ့အားသင့်သွားသည်။
လုယွီက တွေးလိုက်သည်။
‘ကျောက်စိမ်းနေပြည်တော်က တာအိုဆရာနှစ်ဦးက ဒီကိုဘာလာလုပ်တာပါလိမ့်။’
ဤသို့စဉ်းစားရင်း လုယွီက နောက်ထပ်တစ်ချက်ကြည့်လိုက်သည်။ အမျိုးသမီးက ပြောလောက်စရာမဟုတ်သော်လည်း အမျိုးသား၏ခါးက အနည်းငယ်ဖောင်းနေပြီး လက်နက်များကိုဆောင်လာခြင်းဖြစ်လောက်သည်။ သူ့လက်ထဲမှာ အထုပ်တစ်ထုပ်ကိုလည်း ကိုင်ထားသည်။
ဤအခိုက်အတန့်မှာ အမျိုးသားက လုယွီ၏ အကြည့်ကို သတိထားမိသွားပုံရပြီး သူ့ကိုလှည့်ကြည့်လိုက်သည်။
လုယွီက အလျင်အမြန်အကြည့်လွှဲကာ ညင်သာစွာချောင်းဟန့်လိုက်သည်။ ထို့နောက် သူက ခေါင်းငုံ့ပြီး တည်းခိုခန်းထဲကနေ ထွက်ခွာ၍ အလှပြင်ပစ္စည်းရောင်းသောဆိုင်သို့ ဦးတည်လိုက်သည်။ သူ့စီနီယာအစ်မပိုင်ယွဲ့က ပါးနီတစ်ဘူးမှာလိုက်သည်ကို သူ မှတ်မိနေသေးသည်။
ချီရွှမ်းစုက လုယွီ၏ သုတ်သီးသုတ်ပျာပုံစံကို ကြည့်ပြီး မေးလိုက်သည်။
“ချင်းရှောင်… အဲဒီလူက တာအိုတပည့်ဂိုဏ်းသားတစ်ဦးဖြစ်မယ်လို့ မထင်ဘူးလား”
“အင်း.. ဟုတ်လောက်တယ်”
ကျန်းယွဲ့လုက ခေါင်းညိတ်ပြလိုက်သည်။
***