ဆေးလုံးများကို ချီပင်လယ်အဆင့်နှင့် စိတ်ဝိညာဥ်အဆင့်ဟူ၍ ခွဲခြားထား၏။
ထိုအထဲတွင် ချီပင်လယ်အဆင့်ကို အခြေခံ၊ အလယ်အလတ်၊ အဆင့်မြင့်၊ ပြိုင်ဘက်ကင်းအဆင့်၊ ပြီးပြည့်စုံသောအဆင့်နှင့် အန္တိမအဆင့်ဟူ၍ အဆင့်ခြောက်ဆင့် ခွဲခြားထား၏။
စိတ်ဝိညာဥ်အဆင့် ဆေးလုံးများကို အဆင့်နိမ့်၊ အလယ်အဆင့်၊ အဆင့်မြင့်၊ ပြိုင်ဘက်ကင်းအဆင့်၊ သူတော်စင်အဆင့်၊ အင်ပါယာအဆင့်၊ ကောင်းကင်အဆင့်နှင့် တာအိုအဆင့်ဟူ၍ အဆင့်ရှစ်ဆင့် ခွဲခြားထား၏။
နိုင်းယွမ် ယခင်က ကြုံတွေ့ခဲ့ရသော ဆေးလုံးများ အားလုံးမှာ ချီပင်လယ်အဆင့် ဖြစ်ကြပြီး အားအကောင်းဆုံးများမှာပင် အန္တိမအဆင့်မျှသာ ဖြစ်ကာ စိတ်ဝိညာဥ်အဆင့် ဆေးလုံးများကို တစ်ခါမှ မကြုံဖူးခဲ့ချေ။
စိတ်ဝိညာဥ်အဆင့် ဆေးလုံးများက သူတို့၏ ကိုယ်ပိုင် အသိစိတ်ကို ပိုင်ဆိုင်ထားပြီး အားကောင်းသော စွမ်းအား ရှိသူများမှာ လူအဖြစ်ပင် ပြောင်းလဲနိုင်သည်။ သူတို့၏ ဆေးလုံးချီကို ဆေးကြောပစ်ပြီး အခြားသူများ သူတို့၏ တကယ့် သဘာဝကို မခွဲခြားနိုင်အောင် ပြုလုပ်နိုင်ပေသည်။
ထိုဆေးလုံးများက လူအဖြစ် ပြောင်းလဲနိုင်သည့် အဆင့်သို့ မရောက်သေးသော်လည်း ယင်းတို့မှာ အဆင့်နိမ့် စိတ်ဝိညာဥ်အဆင့် ဆေးလုံးများ ဖြစ်နေသေး၏။ သူတို့၏ ဆေးဖက်ဝင် ရနံ့ တစ်ခုတည်းကပင် လူတစ်ယောက်၏ စိတ်ကို များစွာ လန်းဆန်းတက်ကြွစေပြီး အစစ်အမှန်ချီ မကုန်ခမ်းဘဲ သုံးရက် သုံးည တိုက်ခိုက်နိုင်စေမည် ဖြစ်၏။
ဤနေရာတွင် ထိုကဲ့သို့ အဖိုးတန်သော ပစ္စည်းများ မည်သို့ ရှိနိုင်မည်နည်း။
နိုင်းယွမ်၏ ရင်ထဲတွင်တော့.... ယင်းတို့အား မြင်လိုက်သည်နှင့် စိတ်လှုပ်ရှားသွားပြီး ပြေးဝင်ကာ လူအုပ်နှင့် တိုက်ခိုက်ပြီး ထိုဆေးလုံးများကို မိမိအတွက် ရယူလိုစိတ်များ ပေါ်ပေါက်လာ၏။
"စိတ်အေးအေးထား... မျောလွင့်ကုန်းမြေတိုက်ကြီးမှာတောင် ဂိုဏ်းကြီး တချို့ပဲ အဆင့်နိမ့် စိတ်ဝိညာဥ်အဆင့် ဆေးလုံးတွေ ထုတ်လုပ်ရန် အရည်အချင်း ပြည့်မီတာ... ချီပင်လယ် ကုန်းမြေဆိုတာ မျောလွင့်ကုန်းမြေတိုက်ကြီးက ထိန်းချုပ်ထားတဲ့ မရေမတွက်နိုင်တဲ့ ကျွန်းတွေထဲက တစ်ခုလေးပဲ... ဒီမှာ ဒီလောက် အဖိုးတန်တဲ့ ပစ္စည်းတွေ ရှိနေဖို့ မဖြစ်နိုင်ဘူး... ကောင်းကင်မျက်လုံး ပါရမီ... သေချာ ဆန်းစစ်..."
သူ ပြေးဝင်သွားပြီး ယင်းတို့ကို လုယူလိုစိတ်ကို အတင်းအကျပ် ဖိနှိပ်ထားလိုက်သည်။ နိုင်းယွမ် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းကာ ကောင်းကင်မျက်လုံး ပါရမီကို နောက်တကြိမ် အသက်သွင်းလိုက်တော့သည်။
မျောလွင့်ကုန်းမြေတိုက်ကြီးက ကျယ်ပြန့်ပြီး အဆုံးအစ မရှိပေ။ ယခင်ဘဝက နိုင်းယွမ်ပင်လျှင် ယင်း၏ အရွယ်အစား အတိအကျကို မသိခဲ့ချေ။ ကုန်းမြေတိုက်ကြီးက သဲပွင့်များကဲ့သို့ မရေမတွက်နိုင်သော ကျွန်းများကို အုပ်ချုပ်ပေသည်။ ချီပင်လယ် ကုန်းမြေမှာ မျောလွင့်ကုန်းမြေတိုက်ကြီး၏ မျက်လုံးထဲတွင် အနည်းငယ် ပိုကြီးသော ကျွန်းတစ်ကျွန်းဟုသာ သတ်မှတ်ခံရ၏။ ထိုကဲ့သို့သော နေရာမျိုးတွင် စိတ်ဝိညာဥ်အဆင့် ဆေးလုံးများ မည်သို့ ရှိနိုင်မည်နည်း။
စိတ်ဝိညာဥ်အဆင့် ဆေးလုံးများ ဖော်စပ်ရန် ဖန်ဆင်းခြင်းချီကို အသုံးပြုရန် လိုအပ်ပြီး ချီပင်လယ် ကုန်းမြေ တစ်ခုလုံးတွင် ထိုသို့သော ချီအရင်းအမြစ် မရှိချေ။ သူတို့ မည်သို့များ အောင်မြင်စွာ ဖော်စပ်နိုင်မည်နည်း။
အကျိုးအကြောင်းတို့ ပုံမှန်မဟုတ်သည့်အခါ အဖျက်တစ်ခုခု ရှိရပေမည်။ လင်ရှီးကောင်းကင်နန်းတော်သို့ ဝင်ရောက်ပြီးနောက် သူ အဆက်မပြတ် လှည့်စားခံနေရသည်မို့ ရူးရူးမိုက်မိုက် မလှုပ်ရှားလိုတော့ချေ။
ရွှေရောင်အလင်းတန်း သူ၏ မျက်လုံးများတွင် လက်ခနဲ ဖြစ်သွားပြီး သူ၏ ရှေ့တည့်တည့်မှ စိတ်ဝိညာဥ်အဆင့် ဆေးလုံးများကို သေချာစွာ စစ်ဆေးလိုက်၏။ အနီးကပ် စစ်ဆေးကြည့်သောအခါ သူ အမှန်တကယ်ပင် ထူးဆန်းသော အရာတစ်ခုကို တွေ့လိုက်ရသည်။
"ဒါ တကယ်တော့ ဝင်္ကပါ တစ်ခုက ဖန်တီးထားတဲ့ ပုံရိပ်ယောင်ပဲ... ပြီးတော့ ဝင်္ကပါရဲ့ အခြေခံက တကယ်တော့ ဟင်းလင်းပြင် ဝိညာဉ်ကျောက်တုံးလား..."
ကောင်းကင်မျက်လုံးက ထိပ်တန်း ဆယ်ခုစာရင်းဝင် ထိပ်တန်းပါရမီ တစ်ခုအဖြစ် သူ၏ ဂုဏ်သတင်းနှင့် အမှန်တကယ် ထိုက်တန်ပေသည်။ ခဏမျှ ကြည့်ရှုပြီးနောက် နိုင်းယွမ် အမှန်တကယ်ပင် လှည့်ကွက်ကို မြင်တွေ့သွားသည်။ ထိုစိတ်ဝိညာဥ်အဆင့် ဆေးလုံးများက မယုံနိုင်လောက်အောင် အသက်ဝင်နေပြီး သူတို့၏ ပုံပန်းသဏ္ဌာန် သို့မဟုတ် အရှိန်အဝါမှ ခွဲခြားရန် ခက်ခဲသော်လည်း ယင်းတို့မှာ တကယ်တမ်းတွင် ပါးနပ်သော ပုံရိပ်ယောင် တစ်ခုမျှသာ ဖြစ်၏။
ယင်းမှာ ပုံရိပ်ယောင် ဖြစ်ကြောင်း သိသဖြင့် နိုင်းယွမ် ထိုလူများနှင့် တိုက်ခိုက်ရန် စိတ်မဝင်စားတော့ချေ။ သို့သော် ထိုပုံရိပ်ယောင် ဝင်္ကပါအတွက် ဝင်္ကပါ အခြေခံမှာ အလွန် ရှားပါးသော ဟင်းလင်းပြင် ဝိညာဉ်ကျောက်တုံး ဖြစ်သည်ကို သူ မြင်သောအခါ သွေးများ ထပ်မံ ဆူပွက်သွားရ၏။
ဟင်းလင်းပြင် ဝိညာဉ်ကျောက်တုံးက ဝင်္ကပါများ ခင်းကျင်းရန်အတွက် အကောင်းဆုံး ရတနာ တစ်ခု ဖြစ်၏။ လက်နက်များ ဖော်စပ်ရန်အတွက် ဆန်းကြယ်ကျောက်စိမ်းကဲ့သို့ပင် အနည်းငယ်မျှ ထည့်လိုက်ရုံဖြင့် ဝင်္ကပါ တစ်ခုလုံး၏ အရည်အသွေးကို သိသိသာသာ မြှင့်တင်ပေးနိုင်ပေသည်။
ထိုဝင်္ကပါက လက်တွေ့နှင့် လုံးဝ တူညီအောင် အတုခိုးနိုင်ပြီး ယွမ်ရှန်းအဆင့် ပညာရှင်များကိုပင် လှည့်စားနိုင်သည်မှာ အံ့သြစရာ မရှိတော့ချေ။
ထိုပစ္စည်းများက မျောလွင့်ကုန်းမြေတိုက်ကြီးတွင် အလွန် အဖိုးတန်ပြီး တန်ဖိုးကြီးကာ ရရှိရန် ခက်ခဲလှ၏။ ဂိုဏ်းကြီး အများအပြားက သူတို့၏ ဂိုဏ်းကာကွယ်ရေး ဝင်္ကပါများ တည်ဆောက်ရန် ယင်းတို့ကို စုဆောင်းကြပြီး အပြင်တွင် လုံးဝနီးပါး မရောင်းချကြချေ။ သူ ထိုနေရာတွင် ယင်းတို့အား မြင်တွေ့ရလိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ခဲ့ဖူးချေ။
သူ ခဏမျှ ကြည့်ရှုပြီးနောက် သွေးမျက်လုံး ပါရမီနှင့် ခြေရာခံ ပါရမီကို အသက်သွင်းကာ ယင်းတို့ကို သေချာစွာ စစ်ဆေးလိုက်၏။ ယင်းတို့က အမှန်ပင် ဟင်းလင်းပြင် ဝိညာဉ်ကျောက်တုံးများ ဖြစ်ကြောင်း အတည်ပြုပြီးနောက် နိုင်းယွမ် နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးသွားကာ ခန်းမဆောင်ကြီးထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်သွား၏။
"မူကျယ်... မင်းလား... မင်း အချိန်ကိုက် ရောက်လာတာပဲ... သေလိုက်စမ်း..."
ရောက်လာသူမှာ "မူကျယ်" ဖြစ်ကြောင်း မြင်လိုက်ရသည်နှင့် မူရှန် စူးရှစွာ အော်ဟစ်ကာ တည့်တည့် ပြေးဝင်လာသည်။
မူရှန်နှင့် မူကျယ်တို့တွင် ရှေးကတည်းက ရန်ငြိုး ရှိပုံ ရသော်လည်း အကြောင်းရင်းကို နိုင်းယွမ် မသိရှိချေ။
သူ၏ ခန္ဓာကိုယ်မှာ ဆွဲထားသော လေးတစ်စင်းကဲ့သို့ ဖြစ်နေပြီး မူရှန်က သားကောင်ကို မြင်လိုက်ရသော ကျားသစ်တစ်ကောင်ကဲ့သို့ ခုန်ဝင်လာ၏။ သူ လှုပ်ရှားလိုက်သည်နှင့် သူ၏ ပျံ့နှံ့နေသော ဖန်ဆင်းခြင်းချီမှာ ဧရာမ အလင်းဒိုင်း တစ်ခု ဖြစ်ပေါ်လာပြီး နိုင်းယွမ်ကို အရပ်မျက်နှာ အားလုံးမှ ဝန်းရံလိုက်၏။
"ဟမ့်..."
သို့တိုင် နိုင်းယွမ် ခြေတစ်လှမ်း နောက်ဆုတ်ကာ လက်ဝါးဖြင့် ရိုက်ထုတ်လိုက်၏။
"သေလိုက်စမ်း..."
မူရှန်လည်း "မူကျယ်" ထိုမျှ ပြင်းထန်သော တိုက်ကွက်ကို ရှောင်တိမ်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူ၏ ခန္ဓာကိုယ် လေထဲတွင် လိမ်ယှက်သွားပြီး လက်ချောင်း ဆယ်ချောင်းမှာ ချိတ်များကဲ့သို့ ဖြစ်နေကာ နိုင်းယွမ်၏ လက်ဖဝါးနှင့် တိုက်ရိုက် ထိခတ်သွားတော့သည်။
သူ၏ အမြင်တွင် သူတို့၏ အင်အားမှာ သိပ်မကွာခြားချေ။ လက်ရှိအခြေအနေတွင် သူက ဦးစွာ တိုက်ခိုက်လိုက်ခြင်း ဖြစ်ပြီး အားကုန်သုံးထားသည်။ သူ နိုင်းယွမ်ကို အနိုင်ယူနိုင် သို့မဟုတ် သတ်ပစ်နိုင်သည်မှာ သေချာလှ၏။
"အသိဉာဏ်မဲ့လိုက်တာ..."
အေးစက်သော နှာခေါင်းရှုံ့သံနှင့်အတူ နိုင်းယွမ် လက်ကို လက်ဆန့်လိုက်၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအင်ကိုပင် အသုံးမပြုဘဲ ခန္ဓာခွန်အား သက်သက်ကိုသာ သုံးလိုက်ခြင်းပင်။
ဘန်း...
လက်သီးနှင့် လက်ဖဝါး ထိခတ်သွား၏။
ဝုန်း...
တိုးညှင်းသော အသံနှင့်အတူ လေထဲရှိ မူရှန်မှာ ကြိုးပြတ်သွားသော စွန်တစ်စင်းကဲ့သို့ နောက်ပြန် လွင့်စင်သွားပြီး မြေကြီးပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွား၏။ သူ့လက်မောင်းရှိ အရိုးများ အားလုံး ကြေမွသွားပြီး အသက်ရှူရန်ပင် မနည်း ကြိုးစားနေရသည်။
စိတ်ဝိညာဥ်အဆင့် ဝိညာဉ်က သူ၏ အစစ်အမှန်ချီကို ထိန်းချုပ်ထားသဖြင့် နိုင်းယွမ် ယွမ်ရှန်းအဆင့် ပညာရှင်များကိုပင် တိုက်ခိုက်နိုင်ပြီး ဖန်ဆင်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက်မျှသာ ဆိုလျှင် ပြောစရာပင် မလိုတော့ချေ။
"သူ ဘယ်လိုလုပ် ဒီလောက် အားကောင်းနေတာလဲ..."
"ဒါ မဖြစ်နိုင်ဘူး..."
အခြား သုံးယောက်လည်း သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် ချက်ချင်း လန့်သွားကြ၏။
သူတို့၏ အင်အားမှာ မူရှန်နှင့် သိပ်မကွာခြားချေ။ သို့မဟုတ်ပါက သူတို့ခြင်း ထိုမျှ ကြာကြာ တိုက်ခိုက်နေရမည် မဟုတ်ချေ။ မူရှန် လက်သီးတစ်ချက်တည်းဖြင့် သတိလစ်သွားသည်ကို မြင်သော် ထိုလူ၏ အင်အားမှာ ယခုအခါ သူတို့ထက် များစွာ သာလွန်နေကြောင်း သိလိုက်ကြ၏။
သို့တိုင် သူတို့ အားလုံး အတူတူ ကြီးပြင်းလာခဲ့ကြပြီး သူတို့၏ အင်အားများမှာ တူညီသင့်သည် မဟုတ်လား။ ထိုမူကျယ်၏ အင်အား ရုတ်တရက် ထိုမျှ တိုးပွားလာသည်မှာ မည်သို့များ ဖြစ်နိုင်မည်နည်း။
"မူကျယ်က အရင်က သူ့အင်အားကို ဖုံးကွယ်ထားတာ... ငါတို့ ပူးပေါင်းရင် အခွင့်အရေး ရှိသေးတယ်... မဟုတ်ရင် ငါတို့ အားလုံး ဒီမှာ သေရလိမ့်မယ်... အတူတူ တိုက်ခိုက်ကြစို့..."
ရုတ်တရက် လူငယ်တစ်ယောက် တစ်ခုခုကို နားလည်သွားပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ သူ၏ သံယပ်တောင်ကို လှုပ်ရှားလိုက်သည်နှင့် သူ၏ ဖန်ဆင်းခြင်းချီက ဟင်းလင်းပြင်ကို ဖြတ်တောက်သွားသည့် ချီစီးကြောင်းအသွင်များ ဖြစ်ပေါ်လာပြီး ရှေ့သို့ ပြင်းထန်စွာ တိုးဝင်သွားတော့သည်။
"ဟုတ်တယ်... အတူတူ တိုက်ခိုက်ကြစို့..."
ကျန်ရှိနေသော နှစ်ယောက်သည်လည်း မိုက်မဲကြသည် မဟုတ်ချေ။ သူတို့ ယခု မလှုပ်ရှားပါက တစ်ယောက်တည်း ကျန်ခဲ့လျှင် ပိုမို အားနည်းသွားမည်ကို ကောင်းကောင်း သိထားကြ၏။ ထို့ကြောင့် သူတို့ တစ်ယောက်ချင်းစီ၏ အသန်မာဆုံး ရတနာများကို ထုတ်လွှတ်ပြီး နိုင်းယွမ်ကို တိုက်ခိုက်လာတော့သည်။
"ပူးပေါင်းတာက အကြံကောင်းပဲ... ဒါပေမဲ့ အသုံးမဝင်ဘူး..."
ထိုသုံးယောက်၏ မုန်တိုင်းကဲ့သို့သော တိုက်ခိုက်မှုများကို ရင်ဆိုင်ရသော်လည်း နိုင်းယွမ် တိုးညှင်းစွာ ရယ်မောလိုက်ပြီး နောက်မဆုတ်ဘဲ ရှေ့သို့ တိုးလာ၏။ သူ လက်ကြီး တစ်ဖက်ဖြင့် လှမ်းဆွဲလိုက်ရာ သူ့ဝိညာဉ်စွမ်းအားမှာ အစစ်အမှန်ချီဖြင့် ဝန်းရံပြီး လေထဲတွင် ဧရာမ လက်ဖဝါး တစ်ခု ဖြစ်ပေါ်လာ၏။
လက်ဝါးကြီးက တဖက်ရှိ တိုက်ခိုက်မှုများကို သိမ်းကြုံးရိုက်ချလိုက်သည်။
ဘုန်း...
လေထဲရှိ မရေမတွက်နိုင်သော တိုက်ခိုက်မှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး ယင်းတို့ ဘယ်တော့မှ မပေါ်ပေါက်ခဲ့သကဲ့သို့ ဖြစ်သွားကြသည်။
"ငါတို့ရဲ့ ပူးပေါင်း တိုက်ခိုက်မှုတွေက သူ့တစ်ယောက်တည်းကိုတောင် အနိုင်မယူနိုင်ဘူးလား... ငါ မယုံဘူး..."
"ဒါ လုံးဝ မဖြစ်နိုင်ဘူး..."
ထိုသုံးယောက် သူတို့၏ ပူးပေါင်း တိုက်ခိုက်မှုက ပြိုင်ဘက်၏ အကာအကွယ်ကိုပင် မဖောက်ထွက်နိုင်သည်ကို မမျှော်လင့်ထားခဲ့ကြချေ။ သူတို့၏ မျက်နှာထား တစ်ပြိုင်နက်တည်း ပြောင်းလဲသွားပြီး စူးရှသော ဟိန်းဟောက်သံများနှင့်အတူ နိုင်းယွမ်ကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်၏။
"ခေါင်းမာတဲ့ လူမိုက်တွေ... အဲဒီလိုဆိုရင် မင်းတို့ မူရှန်လိုပဲ အဆုံးသတ်ရလိမ့်မယ်..."
နိုင်းယွမ် အေးစက်စက် နှာခေါင်းရှုံလိုက်ကာ ထိုလူများနှင့် အချိန်ပို မဖြုန်းတော့ချေ။ သူ့လက်ကို နောက်တစ်ကြိမ် လွဲကာ အားလုံးကို ရိုက်ချလိုက်သည်။
ဘန်း ဘန်း ဘန်း....
ရှေးဟောင်းမြို့တော်၏ အကျော်ကြားဆုံး ပါရမီရှင် သုံးယောက်တို့ ထိုလူငယ်လေး မည်သို့ တိုက်ခိုက်ခဲ့သည်ကိုပင် ရှင်းလင်းစွာ မမြင်လိုက်မီမှာပင် သူတို့၏ ရင်ဘတ်များ ဆွဲဖြဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏ အမြင်အာရုံ မည်းမှောင်သွားကာ အလောင်းများကဲ့သို့ "ဘုတ်" ခနဲ မြေကြီးပေါ်သို့ ပြုတ်ကျသွားကြ၏။
သူတို့၏ ကံကြမ္မာကို မသိနိုင်သော်လည်း သူတို့ ပြန်လည် ရှင်သန်လာလျှင်ပင် မသန်စွမ်း ဖြစ်သွားမည်မှာ သေချာလှ၏။
နိုင်းယွမ် လှုပ်ရှားသည်နှင့် ညှာတာမှု မပြချေ။ ထိုအတွေးအခေါ်က နိုင်းယွမ်၏ အရိုးထဲသို့ စိမ့်ဝင်နေပြီး ဖြစ်၏။ သူ ဘယ်တော့မှ စိတ်မပျော့ဘဲ မိမိအတွက် ဒုက္ခ မဖန်တီးချေ။ မည်သို့ပင်ဖြစ်စေ ထိုလူများသည် သူ့ကို သတ်ရန် ရည်ရွယ်ခဲ့ကြသဖြင့် လူကောင်းများ မဟုတ်သလို သူတို့ကို သတ်ပစ်လျှင်ပင် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး မဖြစ်ပါချေ။
"ကောင်းကင်မျက်လုံး စစ်ဆေး.... ဟင်းလင်းပြင် ဝိညာဉ်ကျောက်တုံး... ဒီကို လာခဲ့..."
ကောင်းကင်မျက်လုံး၏ စစ်ဆေးမှုအောက်တွင် နိုင်းယွမ် ပုံရိပ်ယောင် ဝင်္ကပါ၏ အားနည်းချက်များကို လျင်မြန်စွာ ရှာဖွေတွေ့ရှိသွား၏။ သူ၏ လက်ချောင်းငါးချောင်းကို ဖြန့်ကားကာ ရှေ့သို့ လှမ်းဆွဲပြီး ဝင်္ကပါ၏ အခြေခံအုတ်မြစ် ဖြစ်သည့် ဟင်းလင်းပြင် ဝိညာဉ်ကျောက်တုံးကို ဆုပ်ကိုင်လိုက်၏။
စုစုပေါင်း ကိုးတုံး ရှိပြီး တစ်တုံးစီတိုင်းက သစ်ကြားသီး အရွယ်အစား ရှိကာ ကြွယ်ဝသော ဝိညာဉ်ချီကို ထုတ်လွှတ်နေပေသည်။
"ပစ္စည်းကောင်းတွေပဲ... စုဆောင်း..."
သူ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး အားလုံးကို သိုလှောင်ဒန်တျန်ထဲသို့ သိမ်းဆည်းလိုက်၏။
ဝှစ်....
ဟင်းလင်းပြင် ဝိညာဉ်ကျောက်တုံးကို ယူဆောင်သွားသည်နှင့် ခန်းမဆောင်ကြီး တစ်ခုလုံးရှိ ပုံရိပ်ယောင်တို့ ပျောက်ကွယ်သွားပြီး ရှေ့သို့ တည့်တည့် ဆန့်တန်းနေသော အမှောင် လိုဏ်ခေါင်း တစ်ခု ပေါ်လာလေသည်။ သို့တိုင် ယင်းအား သူ၏ ကောင်းကင်မျက်လုံးပင် ထွင်းဖောက်မမြင်နိုင်နေချေ။
"ဂုဏ်ယူပါတယ်... မင်းရဲ့ ဇွဲလုံ့လ၊ ပညာဉာဏ်နဲ့ နောက်ဆုံး စမ်းသပ်မှုကို အောင်မြင်သွားပြီ... အခု ဒီလိုဏ်ခေါင်းအတိုင်း အဆုံးအထိ လိုက်သွား... ပြီးရင် မင်း ငါ့ကို တွေ့လိမ့်မယ်... ငါ့ရဲ့ အသိအမှတ်ပြုမှုကို ရရှိပြီး ဒီပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်လာလိမ့်မယ်..."
ပုံရိပ်ယောင် ပျောက်ကွယ်သွားသည်နှင့် ရှေးကျသော အသံ ထပ်မံ ထွက်ပေါ်လာသည်။
"ဟူး..."
အသံ၏ တောင်းဆိုချက်ကို ကြားသောအခါ နိုင်းယွမ် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။ သူ၏ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည်နှင့် ရွှမ်ယုဓား ပေါ်လာကာ ယင်းအား တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ဝိညာဉ် လှုပ်ရှားသွားပြီး အလယ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ရာကို မိစ္ဆာသူတော်စင် ရှေးဦးအလောင်း အတွင်းသို့ ထည့်သွင်းလိုက်၏။
သတိထားခြင်းက အမြဲတမ်း ပိုကောင်းပေသည်။
ပြင်ဆင်ပြီးနောက် နိုင်းယွမ် ဖြည်းညှင်းစွာ လိုဏ်ခေါင်းထဲသို့ လျှောက်သွား၏။ လိုဏ်ခေါင်းက ယခင် စင်္ကြံနှင့် လုံးဝ ကွဲပြားနေ၏။ ယင်းမှာ အနည်းငယ် ကျဉ်းမြောင်းပြီး နံရံဆေးရေးပန်းချီများ မရှိသလို နံရံများမှာ ဗလာကျင်းပြီး အနက်ရောင် ဖြစ်နေပေသည်။
ယင်းမှာ သူ၏ ကောင်းကင်မျက်လုံးပင် ထွင်းဖောက်မမြင်တွေ့နိုင်သော အနက်ရောင်ကျောက်ပင်။
သူ လျင်မြန်စွာ လျှောက်သွားပြီးနောက် မည်သည့် မမျှော်လင့်သော အဖြစ်အပျက်မျှ မကြုံတွေ့ဘဲ မကြာမီမှာပင် အဆုံးသို့ ရောက်ရှိသွား၏။
လိုဏ်ခေါင်း၏ အဆုံးတွင် ဧရာမ စမ်းချောင်းဝ တစ်ခု ရှိ၏။ စမ်းချောင်းဝ အထက်တွင် အားကောင်းကာ စိတ်လှုပ်ရှားဖွယ် အရှိန်အဝါတို့ လွင့်ပျံနေပေသည်။
လင်ရှီးစမ်းချောင်း...
"ဒါက လင်ရှီးစမ်းချောင်းလား... ဒီအချိန်တစ်လျှောက်လုံး ငါ့ကို စကားပြောနေတာ ဒါကြီးလား..." ဧရာမ စမ်းချောင်းက သက်မဲ့အရာတစ်ခုနှင့် ဘာမှ မခြားနားသည်ကို မြင်သောအခါ နိုင်းယွမ် မနေနိုင်ဘဲ သံသယ ဖြစ်သွားရ၏။
"ဟုတ်တယ်... မင်းကို စကားပြောနေတာ ငါပဲ... မရေမတွက်နိုင်တဲ့ နှစ်တွေ ကြာခဲ့ပြီ... ဒါက တစ်စုံတစ်ယောက်က စမ်းရေကို အသုံးချပြီး ငါနဲ့ ဆက်သွယ်နိုင်တာ ပထမဆုံး အကြိမ်ပဲ... ငါ မမှားဘူးဆိုရင်... မင်းက သားရဲသခင် တစ်ယောက် ဖြစ်ရမယ်..."
စမ်းချောင်း တစ်ခုလုံး တဂျိမ်းဂျိမ်း မြည်သွားပြီး ရှေးကျသော အသံ ဆက်လက် ထွက်ပေါ်လာသည်။
ဤတစ်ကြိမ်တွင် အသံက အသံလှိုင်းများ ပုံစံဖြင့် ဖြစ်ပြီး ယခင်လို စိတ်မှ ပြောလာခြင်း မဟုတ်ပေ။
"ဟုတ်တယ်... ကျုပ်က သားရဲသခင် တစ်ယောက်ပဲ..." နိုင်းယွမ် ခေါင်းညိတ်လိုက်၏။
"သားရဲသခင်... သတ္တဝါ အားလုံးရဲ့ သခင်... မိစ္ဆာသားရဲ အားလုံးကို ယဥ်ပါးစေနိုင်တယ်... ငါက စမ်းချောင်း တစ်ခုသက်သက် ဆိုပေမဲ့... မရေမတွက်နိုင်တဲ့ နှစ်တွေ နေထိုင်ခဲ့ပြီး... ငါ့ရဲ့ ကိုယ်ပိုင် အသိစိတ် တိုးတက်လာခဲ့တယ်... မိစ္ဆာသားရဲ တစ်ကောင်နဲ့ နည်းနည်းတူလာတယ်... ဒါကြောင့် မင်း သားရဲထိန်းချီကနေတစ်ဆင့် ငါနဲ့ ဆက်သွယ်နိုင်တာ..."
"ဒီလိုကိုး..." နိုင်းယွမ် ခေါင်းညိတ်လိုက်၏။
နှစ်တစ်ထောင် နေထိုင်သော ဝိညာဉ်ဆေးပင်များပင် အသိစိတ် တိုးတက်လာပြီး သူတို့ဘာသာ ထွက်ပြေးနိုင်ကြ၏။ ထိုစမ်းချောင်းသည် ရှေးကတည်းက တည်ရှိခဲ့ပြီး နှစ်သောင်းချီ နေထိုင်ခဲ့သဖြင့် အသိစိတ် ဖြစ်တည်လာခြင်းမှာ အံ့သြစရာ မရှိချေ။
ကမ္ဘာပေါ်ရှိ ထူးခြားသော ပါရမီ ထောင်ပေါင်းများစွာထဲတွင် ကောင်းကင်နှင့် မြေကြီး၏ မဟာတာအိုနှင့် လုံးဝ ကိုက်ညီပြီး ဝိညာဉ်ဆိုင်ရာ သတ္တဝါများနှင့် ဆက်သွယ်နိုင်သူများမှာ အလွန် ရှားပါးလှ၏။
အကျော်ကြားဆုံးမှာ သားရဲဆက်သွယ်သူ ဖြစ်ကာ သားရဲစကားချီကို ဖွဲ့စည်းနိုင်ပြီး ဝိညာဉ်သားရဲများနှင့် ဝိညာဉ်ဆိုင်ရာ သတ္တဝါများနှင့် သဘာဝကျစွာ ဆက်သွယ်နိုင်ပေသည်။ အခြား အမျိုးအစား တစ်ခုမှာ သားရဲသခင်ပင်။
သားရဲသခင် တစ်ယောက်က မိစ္ဆာ အိမ်မွေးတိရစ္ဆာန်များကို နှိမ်နင်းနိုင်ပြီး သားရဲထိန်းချီမှတစ်ဆင့် သူတို့နှင့် ဆက်သွယ်နိုင်ပေသည်။
ထိုစမ်းချောင်းက သူ၏ ဝိညာဉ်သားရဲ သို့မဟုတ် ဝိညာဉ်သတ္တဝါ မဖြစ်သေးသော်လည်း သူတို့၏ ရည်ရွယ်ချက်များ ကိုက်ညီပြီး ခုခံမှု မရှိသ၍ ဆက်သွယ်မှုမှာ ဖြစ်နိုင်သေးပေသည်။
အခန်း ၃၈၉ ပြီး
***