ယွမ်ကျိုး ပြောပြီးသည်နှင့် ဒါရိုက်တာဝူက မစဉ်းစားဘဲ ချက်ချင်းသဘောတူလိုက်သည်။
"ငါဒီကိစွကို ၀င်မစွက်ဖက်တော့ဘူး၊
မင်း အဆင်ပြေသလိုသာ လုပ်"
ဒါရိုက်တာဝူက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“ရပါတယ် ကျွန်တော်က အေးအေးဆေးဆေးသမားပါ
သူ့ဘာသာ သူပဲ ရွှေ့သွားအောင် စောင့်လိုက်ပါ့မယ် ”
ယွမ်ကျိုး၏ တည်ကြည်သည့် မျက်နှာပေါ်မှာ မကျေနပ်မှု တစ်ချက်မှ မပေါ်ခဲ့ပါ ။
သို့သော် သူ့စိတ်ထဲမှာ ဘာတွေ စဉ်းစားနေသလဲဆိုတာကို ဘုရားသာ သိနိုင်လိမ့်မည်။
အဆုံးမှာတော့ ယွမ်ကျိုးက အမြဲတမ်းတရားမျှတတဲ့ လူတစ်ယောက်ပဲ ဖြစ် သည်။
“ကျိုးလေး၊ မင်း သွားပြီး သူ့ကို တခြားနေရာကို ရွှေ့ခိုင်းလိုက် ”
ဒါရိုက်တာဝူက ဘေးမှာ ရပ်နေတဲ့
သူ့လက်ထောက်ကို တိုက်ရိုက် ပြောလိုက် သည်။
“ကောင်းပါပြီ အခုသွားလိုက်ပါမယ် ”
ထိုမိန်းကလေးက ရှင်းလင်းစွာ ပြန်ဖြေလိုက်သည်။
“ဒုက္ခပေးမိပါပြီ ”
ယွမ်ကျိုးက သူတို့နှစ်ယောက်ကို ပြောပြီး လှည့်ထွက်သွား သည်။
“ဂရုစိုက်ပါ ယွမ်လေး၊ နောက်တစ်ခါ ဒီလိုကိစ္စတွေ ဖြစ်လာရင် ငါ့ကို ဖုန်းခေါ်လိုက်ပါ ”
ဒါရိုက်တာဝူက ယွမ်ကျိုးနောက်ကနေ ယဉ်ကျေးစွာ ပြောလိူက် သည်။
“အင်း”
ယွမ်ကျိုးက ခေါင်းညိတ်လိုက်သော်လည်း မှန်သည်မှားသည် မပြောခဲ့ပါ။
“တပ်တပ် တပ်”
ယွမ်ကျိုးရဲ့ ခြေသံတွေက တဖြည်းဖြည်း ဝေးကွာသွား သည်။
“ဒါရိုက်တာ၊ သူက မနေ့က ဒီကို လာခဲ့တဲ့ လူပဲ မဟုတ်လား”
ရှောင်ကျိုးက ဉာဏ်ကောင်းသောကြောင့် တိုက်ရိုက် မေးလိုက် သည်။
“ဟုတ်တယ် သူဌေးယွမ်က ငါတို့ကို အပြစ်မတင်တာ ကံကောင်းတာပဲ
အားလုံးက အဲဒီလူအဆွယ်ကောင်းလို့ ဖြစ်တာ၊ မြန်မြန်သွားပြီး သူ့ကို ရွှေ့ခိုင်းလိုက် ”
ဒါရိုက်တာဝူက ထိုလူကို နည်းနည်း စိတ်တိုနေ သည်။
သို့သော် ယွမ်ကျိုးက သူကိုယ်တိုင် ဖြေရှင်းမည် ပြောထားတာကြောင့် ယွမ်ကျိုး၏ အပျော်လေးကို မဖျက်ချင်ခဲ့ပါ ။
ဒါရိုက်တာဝူ စိတ်ထဲမှာတော့
“ဒါကို ယွမ်ကျိုးအတွက် အကျိုးမြတ်တစ်ခုလိုပဲ ထားလိုက်ရအောင်”
တွေးလိုက် သည်။
“ကောင်းပါပြီ သူ့ကို နည်းနည်း ဝေးတဲ့နေရာကို ရွှေ့ခိုင်းလိုက်မယ် ”
ရှောင်ကျိုးက ခေါင်းညိတ်ပြီး အလေးအနက် ဖြေလိုက် သည်။
“အရမ်း ဝေးသွားအောင် မရွှေ့ခိုင်းနဲ့ မဟုတ်ရင် ယွမ်လေး စိတ်မကျေနပ်လောက်ဘူး ”
ဒါရိုက်တာဝူက အတွေ့အကြုံရှိသည့်
လူတစ်ယောက် ဖြစ်သည်။ ယခုလိုကိစ္စတွေကို ကောင်းကောင်း နားလည်သည်။
“နားလည်ပါတယ် ”
ဉာဏ်ကောင်းတဲ့ ရှောင်ကျိုးက ချက်ချင်း သဘောပေါက်သွား သည်။
ထိုလူသည် ယွမ်ကျိုး၏မြင်ကွင်းထဲတွင်ပင် ရှိရမှာ ဖြစ်သော်လည်း ယွမ်ကျိူးကို ထိခိုက်စေနိုင်မည်မဟုတ်ပေ။
ယွမ်ကျိုးက အရင် ထွက်သွားပြီး ရှောင်ကျိုးက ဒါရိုက်တာဝူနဲ့ နည်းနည်း စကားပြောပြီးမှ ထွက်လာခဲ့ သည်။
ထို့ကြောင့် အနောက်တိုင်း၀တ်စုံ ဝတ်ထားပြီး ကတုံးဆံတောက် ဆံပင်နဲ့ ထိုလူက ယွမ်ကျိုး တစ်ယောက်တည်း ပြန်လာတာကိုပဲ မြင်လိုက်ရသည်။
“ဟာ ဘယ်ကို သွားခဲ့တာလဲ၊ သူဌေးကြီး ”
ထိုအနောက်တိုင်း၀တ်စုံနှင့်လူက လွန်ခဲ့သည့်ရက်အနည်းငယ်က ယွမ်ကျိုးရှေ့မှာ မျက်နှာအောက်ကျစွာ ချော့ခဲ့ရတာကြောင့် ဆုံးရှုံးသွားသည့် ဂုဏ်သိက္ခာကို ပြန်ရချင်၍ ပြောလိုက်သည်။
ယခင်ကလိုပင် ယွမ်ကျိုးက သူ့ကို လုံးဝ ဂရုမစိုက်ခဲ့ပါ။
သော့ကို ထုတ်ပြီး တံခါးကို တိုက်ရိုက် ဖွင့်လိုက်သည်။
ထို့နောက် ဒုတိယထပ်ကို တက်သွားပြီး ထိုင်ခုံတစ်လုံးကို ယူလာကာ အောက်ထပ်မှာ ထိုင်ပြီး ပျော်စရာ မြင်ကွင်းကို ကြည့်ဖို့ ပြင်ဆင်လိုက် သည်။
“အင်း အချိန်ကတော့ တကယ် တိုက်ဆိုင်နေပြီ”
ယွမ်ကျိုး ထိုင်ပြီး မကြာခင်မှာပဲ ရှောင်ကျိုးရောက်လာ သည်။
“မစ္စတာ လျူ၊ ဒီနေရာမှာ အလိုအလျောက် အကြွေထည့်စက်ထားတာက ကျွန်မတို့ စည်းမျဉ်းနဲ့ မကိုက်ညီပါဘူး ကျေးဇူးပြုပြီး ရွှေ့ပေးပါ ”
ရှောင်ကျိုးက အဓိကအချက်ကို တိုက်ရိုက်ပြောလိုက် သည်။
“ဘာလို့လဲ မိန်းကလေး ရှောင်ကျိုး
မနေ့က ဒါရိုက်တာဝူက ဒီမှာ ထားဖို့ ခွင့်ပြုခဲ့တာ မဟုတ်ဘူးလား
ဘာလို့ အခုမှ စည်းမျဉ်းနဲ့ မကိုက်တော့ဘူးလို့ ပြောတာလဲ ”
အနောက်တိုင်း ဝတ်စုံနှင့်လူက ကသိကအောက်ဖြစ်စွာနှင့် သတိကြီးကြီးထားကာမေးလိုက်သည်။
“ဒါကလည်း ဒါရိုက်တာဝူရဲ့ ညွှန်ကြားချက်ပဲ ကျေးဇူးပြုပြီး မြန်မြန် ရွှေ့ပေးပါ ”
ရှောင်ကျိုးက မျက်နှာတည်တည်နဲ့ ပြောလိုက်သည်။
“ကောင်းပါပြီ နည်းနည်း ဘေးကို ရွှေ့လိုက်မယ် ”
အနောက်တိုင်း၀တ်စုံနှင့်လူက အင်တင်တင် သဘောတူလိုက် သည်။
သို့သော် သူက ယွမ်ကျိုးကို အဆင်မပြေစေချင်တာကြောင့် အကြွေထည့်စက်ကို ယွမ်ကျိုးရဲ့ တန်းစီစက်ရှေ့မှာပဲ ရွှေ့ထားဖို့ စီစဉ်လိုက် သည်။
“မရပါဘူး ဒီမှာလည်း မထားရပါဘူး အဲဒီဘက်ကို ရွှေ့ပါ ”
ရှောင်ကျိုးက လမ်းတစ်ဖက်ဘက်မှာရှိတဲ့ တန်းစီစက်နဲ့ ၅ မီတာ၊ ၆ မီတာလောက် ဝေးတဲ့ နေရာကို လက်ညှိုးညွှန်ပြီး ပြောလိုက် သည်။
သို့သော် ထိုနေရာက ယွမ်ကျိုးရဲ့ မျက်စိမြင်ကွင်းမှာ ရှိနေဆဲ ဖြစ် သည်။
“မိန်းကလေး ရှောင်ကျိုး
ဒီလောက် ဝေးသွားတာ မလွန်လွန်းဘူးလား ကြည့်ပါဦး
ဒီမှာ တရားဝင် တံဆိပ်တောင် ရှိတယ် ”
အနောက်တိုင်း၀တ်စုံနှင့်လူက ယွမ်ကျိုးကို စိတ်အနှောင့်အယှက် ဖြစ်စေဖို့ ဒီအခွင့်အရေးကို မလွှတ်ချင်ခဲ့ပါ။
“မြန်မြန် ရွှေ့လိုက်ပါ မဟုတ်ရင် ဒါရိုက်တာဝူ ဒီကို လာပြီး မြင်သွားရင် ဒီနားတစ်ဝိုက်မှာမှာတောင် စက်ကို ထားနိုင်တော့မှာမဟုတ်ဘူး ”
ရှောင်ကျိုးက မျက်နှာတည်တည်နဲ့ ပြောပြီး သူ့စကားကို နားမထောင်ချင်သလို ပြုမူလိုက် သည်။
“ကောင်းပြီ၊ ကောင်းပြီ မင်းက သူဌေးပဲ အခု ချက်ချင်း ရွှေ့လိုက်မယ် ”
အနောက်တိုင်း၀တ်စုံနှင့်လူက ဒေါသကြောင့် အံတင်းတင်းကြိတ်လိုက်သည်။
“အင်း ” ရှောင်ကျောက ဘေးမှာပဲ ရပ်ပြီး ကြည့်နေခဲ့ သည်။
သူတို့ စက်ကို တကယ် ရွှေ့ပြီးသွားတဲ့အထိ မထွက်သွားဖို့ စီစဉ်ထားသည့်အတိုင်းပင်။
“ဘာလုပ်နေကြတာလဲ မင်းတို့ကို ပိုက်ဆံ ပေးထားပြီးသားလေ လာပြီး စက်ကို ရွှေ့ပေးကြ”
အနောက်တိုင်း၀တ်စုံနှင့်လူက လမ်းစီမံထိန်းသိမ်းရေးရုံးက ရှောင်ကျိုးကို ဒေါသမထွက်နိုင်သော်လည်း စက်ရွှေ့ဖို့ ငှားထား
သည့်အလုပ်သမားတွေကိုတော့ ယဉ်ကျေးမနေပေ။
“မဟုတ်ဘူး သူဌေး ခုနက ဒီနေရာကို မင်းပဲ ပြောခဲ့တာ အခု ထပ်ရွှေ့ချင်ရင် နောက်ထပ် ၅၀ ယွမ် ပေးရမယ် မဟုတ်ရင် မဖြစ်နိုင်ဘူး ”
တာဝန်ခံ အလုပ်သမားက အသံနိမ့်နိမ့်နဲ့ ပြောလိုက် သည်။
“ဒါက လုယက်တာပဲ မင်းတို့ ဒီလို စီးပွားရေး မလုပ်သင့်ဘူး ”
ခေါက်ဆွဲဆိုင်ပိုင်ရှင် အမျိုးသမီးသူဌေးက ဒီဘက်ကို အမြန် ပြေးလာပြီး အော်လိုက် သည်။
“တောင်းပန်ပါတယ် သူဌေး ကျွန်တော်တို့ သွားတော့မယ် ”
အလုပ်သမားတွေက ထိုစကားတွေကို
လုံးဝ ဂရုမစိုက်ပဲ သူတို့ ထပြီး ထွက်သွားဖို့ ပြင်လိုက် သည်။
“သွားကြ ငါ ကိုယ်တိုင် ရွှေ့ပစ်မယ် ”
အမျိုးသမီးသူဌေးက နှာခေါင်းရှုံ့ပြီး ပြောလိုက် သည်။
“ကောင်းပါပြီ အေးအေးဆေးဆေး လုပ်ပါ ” တာဝန်ခံ အလုပ်သမားက မထီမဲ့မြင် ပြုံးလိုက် သည်။
“အခြေအနေတွေက အရမ်း မြန်မြန် ပြောင်းလဲတတ်တာပဲ စိတ်ဝင်စားဖို့ ကောင်းတယ် ”
အလုပ်သမားတွေ ထွက်သွားတာကို ကြည့်ပြီး ယွမ်ကျိုးက တိတ်တိတ် ပြောလိုက် သည်။
“သူမက အလုပ်သမားတွေကို ဒေါသမရှိတဲ့ လူတွေလို ထင်နေတာပဲ
ဒီစက်က အနည်းဆုံး ၁၅၀ ကီလိုဂရမ် လောက်တော့ ရှိမယ် ဟားဟား”
ယွမ်ကျိုးက အတွင်းစိတ်မှာ ဒီလို စဉ်းစားပေမယ့် မျက်နှာမှာတော့ မပေါ်လာပေ။
ပျော်စရာ မြင်ကွင်းကို ကြည့်ပြီးနောက် ယွမ်ကျိုးက ဆိုင်ထဲကို ပြန်ဝင်သွား သည်။ အဲဒီလူကို ပြန်တုန့်ပြန်ဖို့ ပြင်ဆင်ရမည့် အရာတွေကို စတင် ပြင်ဆင်လိုက် သည်။
သို့သော် ထိုအရာကိုတော့ မနက်ဖြန်မှ ထုတ်ပြမည် ဖြစ်သည်။
အမြင့်ကနေ ကျလာရင် ပိုပြီး နာကျင်တတ်သည် မဟုတ်ပါလား။
“ငါက လူကောင်း တစ်ယောက်ပါပဲ ”
ယွမ်ကျိုးက တစ်ယောက်တည်း ရေရွတ်ပြီး စာရေးနေသည်။
အနောက်တိုင်း၀တ်စုံနှင့်လူနှင့် အနီးနားက ခေါက်ဆွဲဆိုင်ပိုင်ရှင် အမျိုးသမီးသူဌေးတို့ အကြွေထည့်စက်ကို အားစိုက်ပြီး သယ်နေကြသည့်မြင်ကွင်းကတော့ ယွမ်ကျိုးနဲ့ မဆိုင်တော့ပါ ။
အဆုံးမှာတော့ သူတို့ လုပ်ခဲ့သည့်အကျိုးဆက်ကို သူတို့ပဲ ခံရတာ ဖြစ်သည်။
ယွမ်ကျိုးမြင်ကွင်းတွင် အလုပ်သမားများက ကောင်းကောင်းမွန်မွန် အလုပ်လုပ်နေကြသော်လည်း ထိုအနောက်တိုင်း၀တ်စုံနှင့်လူက အော်ငေါက်၍ ဒေါသထွက်သွားခြင်းဖြစ်ကြောင်းကို အလွယ်တကူ မြင်နိုင်သည်။
ထို့ကြောင့် သူတို့ စက်ကို မရွှေ့ပေးတော့ခြင်းက အံ့ဩစရာ မဟုတ်ပါ။
ရှောင်ကျိုးက ဘေးမှာ ရပ်ပြီး သူတို့ စက်ကို ရွှေ့နေတဲ့အထိ ကြည့်နေခဲ့ သည်။ စက်ကို သတ်မှတ်ထားတဲ့ နေရာကို ရွှေ့ပြီးမှသာ ထွက်သွားခဲ့ သည်။
မထွက်ခင်မှာလည်း ယွမ်ကျိုးကို အထူး သွားပြီး နှုတ်ဆက်ခဲ့ သည်။
ယွမ်ကျိုးက ယခု အကြွေထည့်စက်ထားထားသည့် နေရာကို တော်တော်လေး ကျေနပ်နေသည်။
ကြည့်ရသည်က မလှပသော်လည်းဆိုင်ပုံရိပ်ကို မထိခိုက်ပါချေ။
ထို့အပြင် ထိုလူအား နောက်ပိုင်းအချိန်များတွင် မောင်းထုတ်ရန် အကြောင်းပြချက်အများကြီး ပေးထားသကဲ့သို့ ဖြစ်နေသည်။
“လမ်းထိန်းသိမ်းစီမံရေးရုံးက လူတွေကတော့ အတွေ့အကြုံရှိကြတာပဲ”
ထပ်၍ စဉ်းစားကြည့်သောအခါ ဒါရိုက်တာဝူက အကြွေထည့်စက်ကို ထိုနေရာမှာ ထားခိုင်းခြင်းက မည်သည့်အကြောင်းကြောင့်ကိုပါ
ယွမ်ကျိုး နားလည်သွားသည်။
နေ့လည်ပိုင်း ဆိုင်ဖွင့်ရန် အချိန် မရောက်ခင် နာရီဝက်လောက်အလိုမှာ ဝူဟိုင်က အောက်ထပ်ကို စောစော ဆင်းလာသည်။
မနက်ခင်းပိုင်းတစ်လျှောက်လုံး ပန်းချီပညာရပ်အကြောင်းတွေချည်း စဉ်းစားနေခဲ့ရ၍ စိတ်ကြည်ရန် လေနည်းနည်းရှူဖို့ လိုလာသည်။
မနက်စာစား၍ ပြန်အိပ်သွားပြီး မနက် ၁၀ နာရီခွဲမှ နိုးလာခြင်းကိုတော့ ထည့်မပြောနေတော့ပါ။
အောက်ထပ် ဆင်းလာတာနှင့်ချက်ချင်း
ဝူဟိုင်းက ယွမ်ကျိုးစားသောက်ဆိုင်ဘက်ကို တိုက်ရိုက် လမ်းလျှောက်သွားသည်။
သို့သော် လမ်းတစ်ဝက်လောက် ရောက်လာချိန်မှာတော့ သူ နောက်ကို နည်းနည်း ပြန်လှမ်းလိုက်သည်။
“ဒါ ဘာကြီးလဲ ဘာလို့ ဒီမှာ ရောက်နေတာလဲ ” အကြွေထည့်စက်ကို ကြည့်ပြီး ဝူဟိုင်းက မျက်ခုံးကြုပ်ပြီး ပြောလိုက်သည်။
သူ အကြွေထည့်စက်ကို ကြည့်ပြီး နောက်တစ်ခါ ယွမ်ကျိုးဆိုင်ကို ပြန်ကြည့်လိုက်သည်။
“ဒါ ဘာကြီးလဲ ဒီမှာ ထားထားတာ ကြည့်မကောင်းဘူးလေ အနုပညာအလှတရားကိုလည်း ထိခိုက်နေတယ်
မဖြစ်ဘူး၊ဒီလို အရာကြီးကို ဒီမှာ ဘယ်လို ထားနိုင်ရတာလဲ ”
ဝူဟိုင်းက တစ်ယောက်တည်း ရေရွတ်နေစဉ် မျက်ခုံးတွေက ပိုပြီး တင်းလာသည်။
“ယွမ်ကျိုးက ဒီလိုကို သဘောတူမယ် မထင်ဘူး၊
လမ်းစီမံထိန်းသိမ်းရေးရုံးကလည်း ဒီလောက် မမိုက်မဲနိုင်ဘူး
ခဏလေး သူတို့က ခွင့်ပြုတာလည်း ဖြစ်နိုင်တယ်
အဲဒါဆိုရင်တော့ အနောက်တိုင်း၀တ်စုံနဲ့လူက လှည့်ကွက် တစ်ခုခု သုံးထားတာပဲ ဖြစ်ရမယ်”
ဝူဟိုင်းက ချက်ချင်း အခြေအနေကိုသဘောပေါက်သွားသည်။
အဘယ့်ကြောင့်ဆိုသော် အနောက်တိုင်း၀တ်စုံနှင့်လူက ယွမ်ကျိုးနှင့်စကားပြောချိန်တိုင်း ထောင်လွှားနေသည့် လေသံနှင့် ပြောတတ်သည်ကို ဆိုင်ရဲ့ ပုံမှန်ဖောက်သည်တွေ အားလုံး သိထားကြသည်။
ယွမ်ကျိုးဆိုင် လမ်းတစ်ဖက်ဘက်မှာ ရပ်ပြီး ဝူဟိုင်းက အကြွေထည့်စက်ကို ဓာတ်ပုံတစ်ပုံ ရိုက်လိုက်သည်။
ထို့နောက် တန်းစီကော်မတီ ရဲ့ စကားပြောအုပ်စု ထဲကို တင်လိုက်သည်။
Group ထဲမှာ လူနည်းနည်းပဲ ရှိသည်။ “သုံးကြိမ်အရှုံးသမား" ခေါ် သော
အမျိုးသမီး CEO ကျန်းချန်းရှီနဲ့ ဒုတိယမျိုးဆက် သူဌေးသား လင်းဟုန်တို့ နှစ်ယောက်ပဲ အွန်လိုင်းမှာ ရှိနေသည်။
“ဒါက အဲဒီ စိတ်ရှုပ်စရာ လူရဲ့ အကြွေထည့်စက်မဟုတ်လား သူ တကယ် အောင်မြင်သွားတာလား ”
ကျန်းချန်းရှီက ဂရု ထဲမှာ အမေးအာမေဋိတ်အကြီးကြီး တစ်ခု ပို့လိုက်သည်။
သူမက အနောက်တိုင်း၀တ်စုံနှင့်လူအား
အကောင်းမမြင်နိုင်ပေ။
သူမက လှပပြီး ကုမ္ပဏီကြီးတစ်ခုရဲ့ CEO လည်း ဖြစ်သည်။
သို့သော် ထိုလူက သူမကို ပထမဆုံး မြင်သည့်အချိန်မှာ သူမတစ်ကိုယ်လုံးကို အငမ်းမရ ကြည့်ခဲ့သည်။
ထို့ကြောင့် သူမ အတော်လေး မနှစ်မြို့ခဲ့ပေ။
သို့သော် ထိုလူကို သင်ခန်းစာ ပေးဖို့ သင့်တော်သည့်အခွင့်အရေးကို မရခဲ့ပါ။
“လူတွေ ဘာလို့ ဒီလို သောက်စရာတွေ သောက်ကြတာလဲ မသိဘူး ငါကတော့ တစ်ခါမှ မကြိုက်ဘူး”
ဒါက လင်းဟုန်ရဲ့ တုံ့ပြန်မှု ဖြစ်သည်။
“ဒါဆို သူ့ကို ဖယ်ရှားလိုက်ကြစို့”
ဝူဟိုင်းက တိုက်ရိုက် ဆုံးဖြတ်လိုက်သည်။
သို့နှင့်ပင် တန်းစီကော်မတီရဲ့ ခေါင်းဆောင် သုံးယောက်ဖြစ်သည့် ဝူဟိုင်း လင်းဟုန်နဲ့ ကျန်းချန်းရှီ တို့ သဘောတူညီမှု တစ်ခု ရရှိသွားကြသည်။
ယွမ်ကျိုး အပိုင်း (၄၈၁)
ပြီးပါပြီ။
***