“ဒီဟာက မင်းပြောခဲ့တဲ့ အကြွေထည့်စက် လား”
လင်းဟုန်က ဖုန်းကို ကိုင်ထားပြီးတစ်ဖြည်းဖြည်းချည်းကပ်သွားသည်။
“ဟုတ်တယ် ဒီဟာပဲ အနုပညာရသကို လုံးဝဖျက်ဆီးပစ်နေတာ”
ဝူဟိုင်းက မျက်ခုံးတင်းတင်းကြုပ်ပြီး သူ့ဧ။်ဆီဆေးပန်းချီကား ကိုပဲ စဉ်းစားနေသေးသည်။
ထိုပန်းချီကားကို ရောင်းပြီးသွားတဲ့အခါ ဝူဟိုင်းက ဝယ်သူကို ပိုက်ဆံပေးပြီးတောင် ပြန်ဝယ်ခဲ့သည်။
ဒါက သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။ ထို့ကြောင့်ပဲ ကျန်းကျားဝေ့ကို အချို့ကိစ္စတွေမှာ အလျော်ပေးခဲ့ရသည်။
အကဲဖြတ်ရလျှင်
“စားသောက်ဆိုင် ရှေ့က ဖြတ်သွားဖြတ်လာများ”
ဆိုသည့် ဆီဆေးပန်းချီကား ကို ဝူဟိုင်း မည်မျှတန်ဖိုးထားလဲ ဆိုတာ သိနိုင်သည်။
သို့သော် ယခုတွင် အနုပညာအလှတရား တစ်ခုမှမရှိသည့် ထိုစက်ကြီးကို ယွမ်ကျိုးစားသောက်ဆိုင် တံခါးရှေ့မှာထားထားခြင်းကို ဝူဟိုင်း လုံးဝ သည်းမခံနိုင်တော့ပါ။
“တကယ်ပဲကွာ ဒီမှာ သောက်စရာတွေ ရောင်းနေသေးတယ်
ဒီအအေးတွေက လူတွေကို ဘာအကျိုးရှိလို့လဲ”
လင်းဟုန်က ဝူဟိုင်းနှင့် အမြင်တူသည်မှာ ရှားရှားပါးပါး အကြိမ်ဖြစ်သည်။
လင်းဟုန်မှာ ထိုကဲ့သို့ သောက်စရာတွေကို မသောက်ဖူးပေ။ တခြားအကြောင်းရင်းကြောင့်မဟုတ်ပဲ မကြိုက်၍သာ ဖြစ်သည်။
သူသည် ပိုက်ဆံချမ်းသာပြီး စိတ်ရှိတိုင်းလုပ်နိုင်သည့် ဒုတိယမျိုးဆက် သူဌေးသားဖြစ်ရာတခြားသူများကိုလည်း ထိုဈေးပေါသောသောက်စရာတွေ မသောက်စေချင်ခဲ့ပေ။
ဟုတ်ပေသည်။
ထိုသည်မှာ သူ၏ ရိုးရှင်းပြီး ယုတ္တိကျသော အတွေးဖြစ်သည်။
“ဟားဟား
ရောင်းလို့မရဘူးဆိုတဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ သူ့ကို သိအောင် လုပ်ပေးပစ်လိုက်မယ်”
ကျန်းချန်းရှီက လူနှစ်ယောက်ရဲ့နောက်မှာ ရပ်နေပြီး ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်သည်။
“ဟုတ်တာပေါ့”
ဝူဟိုင်းက သူ့ရဲ့ နှုတ်ခမ်းမွှေးလေးကို သပ်ရင်းခေါင်းညိတ်လိုက်သည်။
“လိုတဲ့ ပိုက်ဆံကို ငါ ထောက်ပံ့မယ်”
လူချမ်းသာကြီး လင်းဟုန်က ပြောလိုက်သည်။
“အိုကေ ဒါဆို မနက်စာအချိန်မှာ လူတိုင်းကို ပဲနို့ ကို အခမဲ့ ပေးမယ့်ကိစ္စကို မနက်ဖြန်က စပြီးလုပ်မယ်”
ကျန်းချန်းရှီက အစီအစဉ်ကို ချက်ချင်း ဆုံးဖြတ်လိုက်သည်။
“ဒါ အလုပ်ဖြစ်မလား”
စီးပွားရေးကိစ္စတွေကို ဝူဟိုင်းက မသိသေးတာကြောင့် မေးလိုက်သည်။
“ပြဿနာမရှိဘူး လမ်းဘေးမှာ ရောင်းနေတဲ့ ပဲနို့တွေကို အကုန်ဝယ်ပြီး ဖောက်သည်တွေကို အခမဲ့ပေးမယ်
တန်းစီစက်ဘေးမှာ နေရာချပေးလိုက်ရင် ပြည့်စုံသွားပြီ”
လင်းဟုန်က ခေါင်းညိတ်ပြီး ပြောသည်။
“ဒီစက်ကို တိုက်ရိုက်ရွှေ့ပစ်လိုက်လို့ မရဘူးလား”
ဝူဟိုင်းက ရိုးရှင်းပြီး တိုက်ရိုက်ကျတဲ့ နည်းလမ်းကို စဉ်းစားလိုက်သည်။
“ပထမအချက်၊ဒီစက်ကို ဒီမှာထားဖို့ လမ်းစီမံထိန်းသိမ်းရေးရုံးက ခွင့်ပြုထားတာ ဖြစ်မယ်၊ ဒါကြောင့် အခုချက်ချင်း ရွှေ့ပစ်လိုက်ရင် မကောင်းဘူး ၊
ဒုတိယအချက်၊ကျွန်မတို့က ယဉ်ကျေးတဲ့လူတွေဆိုတော့ စီးပွားရေးလုပ်ရာမှာ လူတိုင်းကို သဘောကောင်းကောင်း ဆက်ဆံရမယ်”
ကျန်းချန်းရှီက ပြုံးပြီး ပြောသည်။
“ပဲနို့ကို အခမဲ့ပေးတာကလည်း ယဉ်ကျေးတာပဲလား”
ဝူဟိုင်းက တိုးတိုးလေးရေရွတ်ပြောလိုက်သည်။
“ဟုတ်တာပေါ့ ကျွန်မတို့က သူ့စီးပွားရေးကို ပွင့်ပွင့်လင်းလင်း ဖိနှိပ်နေတာပဲ မဟုတ်လား”
ကျန်းချန်းရှီက ဝူဟိုင်းကို ကြည့်ပြီး ညင်ညင်သာသာ ပြောသည်။
“သူဌေးယွမ်ကို ပြောလိုက်မယ် တန်းစီတဲ့စက်ဘေးမှာ စင်တစ်ခုထားမယ်လို့”
ဝူဟိုင်းက ကျန်းချန်းရှီရဲ့ အပြုံးကို မြင်ပြီး ချက်ချင်း ပြောလိုက်သည်။
“ဟုတ်ပြီ ဒီကိစ္စကို ကော်မတီက ဖောက်သည်တွေကို ပေးတဲ့ အကျိုးခံစားခွင့်တစ်ခုလို သဘောထားလိုက်ရအောင်”
လင်းဟုန်က လက်ဝှေ့ပြီး ကျယ်ကျယ်လောင်လောင် ပြောသည်။
“ဟမ့် ငါလည်း ပိုက်ဆံအများကြီးရှိတယ်နော်”
ဝူဟိုင်းက သူ့နှုတ်ခမ်းမွှေးလေးကို သပ်ပြီး ယွမ်ကျိုးစားသောက်ဆိုင်ထဲကို ဂုဏ်ယူစွာ ဝင်သွားသည်။
“ရွှားရွှား "
ယွမ်ကျိုးက LED ဘုတ်ပေါ်မှာ အလေးအနက်နဲ့ တစ်ခုခု ရေးနေသည်။
“သူဌေးယွမ်၊”
ဝူဟိုင်းက ယွမ်ကျိုးကိုLEDဘုတ် ကိုင်ထားပြီး လှေကားဘေးမှာ တစ်ခုခုရေးနေတာကို မြင်လိုက်သည်။
“အင်း ဆိုင်စဖွင့်မယ့်ချိန်အထိ မိနစ်နှစ်ဆယ် ကျန်သေးတယ်”
ယွမ်ကျိုးက ဘောပင် ချပြီး အလေးအနက်နဲ့ ပြောသည်။
“သိပါတယ်၊ သိပါတယ် အချိန်ကို ကျွန်တော် အလွတ်မှတ်ထားတယ်”
ဝူဟိုင်းက ခေါင်းညိတ်သည်။
ယွမ်ကျိုးက ဝူဟိုင်းကို တိတ်တိတ်ကြည့်နေပြီး မျက်နှာအမူအရာက
“အားလုံးသိပြီးပြီဆိုတော့ ဘာလို့ ဒီမှာ ရပ်နေသေးတာလဲ အပြင်မထွက်ဘူးလား”
ပြောဟန် ဖြစ်နေသည်။
“ပြောစရာရှိလို့ပါ မင်းရဲ့ တန်းစီတဲ့စက်ဘေးမှာ ခြင်းတောင်းလေးတစ်ခု ထားပြီး တန်းစီနေတဲ့ ဖောက်သည်တွေကို သောက်စရာပေးချင်တယ်”
ဝူဟိုင်းက ယွမ်ကျိုး၏ အဓိပ္ပါယ်ကို ချက်ချင်းနားလည်ပြီး ပြောလိုက်သည်။
“အိုကေ နေရာ အများကြီး မယူပါနဲ့”
ယွမ်ကျိုးက ခေါင်းညိတ်လိုက်သည်။
ယွမ်ကျိုးအတွက်တော့ ထိုနေရာမှာ ခြင်းတောင်းလေးတစ်ခု ထားလိုက်တာက အရေးကြီးတဲ့ ကိစ္စမဟုတ်ပါ။
ထို့အပြင် သောက်စရာတွေကို အခမဲ့ပေးမည်ဆိုတာကိုလည်း သူ အရမ်းသေချာနေခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ဝူဟိုင်းက စီးပွားရေးလုပ်တာမှာ ကျွမ်းကျင်တဲ့ လူမျိုးဟု မထင်ခဲ့ပေ။
“ကောင်းပြီ ဒါဆိုရင် အိုကေပြီ”
ဝူဟိုင်းက ပြောပြီး လှည့်ထွက်သွားသည်။
ဝူဟိုင်း လင်းဟုန်နဲ့ ကျန်းချန်းရှီတို့ သုံးယောက်လုံးက သူတို့ရဲ့ ရည်ရွယ်ချက်ကို ယွမ်ကျိုးကို မပြောဖို့ ဆုံးဖြတ်ထားကြသည်။
ထိုသည်က တန်းစီကော်မတီ၏ ကိစ္စဖြစ်သည်။
ယွမ်ကျိုးကလည်း ဖြေရှင်းနည်းကောင်းတစ်ခုကို စဉ်းစားပြီးသား ဖြစ်သည်။
နေ့လည်ပိုင်း ဆိုင်စဖွင့်ချိန် ရောက်လာတာနှင့်အမျှ အပြင်ဘက်က ဖောက်သည်တွေက ယခင်လိုပဲ တဖြည်းဖြည်း များလာသည်။
ရာသီဥတုက နည်းနည်း အေးနေပြီး အကြွေထည့်စက် ထဲမှာလည်း ပူပူနွေးနွေး သောက်စရာတွေ ရှိနေသည်။
ထို့အပြင် ယွမ်ကျိုးစားသောက်ဆိုင်နားမှာပဲ တည်ရှိနေတဲ့အတွက် ဝယ်ယူဖို့ လာတဲ့ လူတွေ ပိုများလာသည်။
စီးပွားရေး စတင်ပြီး မိနစ် သုံးဆယ်တောင် မပြည့်သေးခင်မှာပဲ ခေါက်ဆွဲဆိုင်ပိုင်ရှင်အမျိုးသမီးက သောက်စရာတွေကို သုံးကြိမ်တိုင်တိုင် ပြန်ဖြည့်ပြီး ဖြစ်နေပြီ။
သောက်စရာတွေကို သယ်လာတိုင်း သူမရဲ့ မျက်နှာမှာ ဒေါင်းတစ်ကောင်ကဲ့သို့ မာနကြီးဟန် ပေါက်လာသည်။
စတုတ္ထအကြိမ် ပြန်ဖြည့်သည့်အချိန်မှာ အမျိုးသမီးသူဌေးက သူဌေးထုံကို တိုက်ရိုက် ပြောလိုက်သည်။
“အိုး ပင်ပန်းလိုက်တာ
ဘာလို့ ငါ့စီးပွားရေးက ဒီလောက်ကောင်းနေရတာလဲ မသိဘူး၊ ၂ ယွမ်တောင် ပိုစျေးတင်ထားတာပေမယ့် လူတွေ အများကြီး ဝယ်နေကြတုန်းပဲ”
သူမ၏ အသံတွင် မောက်မာမှု့ကို ဖုံးမထားနိုင်တော့ပေ။
“ဟွန်း”
သူဌေးထုံက အေးစက်စက် နှာခေါင်း ရှုံ့လိုက်သည်။
သူ့မ၏ ပိန်ပါးပါးမျက်နှာပေါ်မှာ သဘောမကျသည့်အရိပ်အယောင် ပေါ်လာသည်။
“မင်းတို့က အားလုံး သူဌေးကြီးတွေဆိုတော့ ဒီလို ပိုက်ဆံနည်းနည်းကိုဂရုစိုက်မှာမဟုတ်ဘူး၊
ဒါပေမယ့် ငါကတော့ လိုချင်တယ်၊
ငါက ဆင်းရဲတယ်လေ
ကြည့်ပါဦး အခုလေးတင်ပဲ အချိန်တိုလေးအတွင်း အမြတ် ၂၀၀ ကျော် ရသွားပြီ”
ထိုအမျိုးသမီးက ပါးစပ်ကို လက်နဲ့ ဖုံးပြီး ၀င့်ကြွားစွာ ပြောလိုက်သည်။
သူမပြောတာ မှန်ပါသည်။
ကတုံးဆံတောက် ဆံပင်နဲ့အနောက်တိုင်း၀တ်စုံ ဝတ်ထားသည့်လူက သူဌေးထုံကို ဒုတိယအကြိမ် သွားရှာခဲ့ပေမယ့် သူမက တိုက်ရိုက် ငြင်းခဲ့သည်။
အကြောင်းကတော့ သူဌေးထုံက ယွမ်ကျိုးသည် လူများကို နှစ်ကြိမ်တိုင်တိုင် ငြင်းခဲ့သည့် အဖြစ်ကို ကိုယ်တိုင် ကြုံတွေ့ထားပြီး ဖြစ်သည်။
သူ့မအမြင်အရ လူတစ်ယောက်ရဲ့ ဖောက်သည်တွေကို အသုံးချပြီး စီးပွားရေးလုပ်ချင်လျှင် အရင်ဆုံး သူတို့၏ ခွင့်ပြုချက်ကို ယူသင့်သည်။
သူ့မ၏ စီးပွားရေးက ယွမ်ကျိုးကြောင့် ကောင်းလာခြင်းကိုတောင် သူဌေးထုံက ကျေးဇူးတင်ခဲ့သေးသည်။
ယခုအချိန်မှာ ယွမ်ကျိုး စီးပွားရေးကို ခိုးယူချင်တဲ့ အနောက်တိုင်း၀တ်စုံနှင့်လူကိုသဘောတူစရာ မရှိပေ။
“ဒီလိုနည်းနဲ့ ရတဲ့ ပိုက်ဆံကိုတော့ ငါ တကယ် စိတ်မဝင်စားဘူး”
ယွမ်ကျိုးကဲ့သို့ သူဌေးထုံက ပြေပြစ်စွာ မပြောတော့ပဲ တိုက်ရိုက်ပဲ ပြောလိုက်သည်။
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ
ဒါပေမယ့် သူဌေးယွမ်ကတော့ တကယ်ကောင်းတဲ့ လူပါပဲ၊
သူ့ကြောင့်ပဲ ငါတို့ ပိုက်ဆံ ရနေတာ”
အမျိုးသမီးဘော့စ်က ရယ်ပြီး ပြောသည်။
“အခု မင်းက အရမ်းပျော်ပြီး ထောင်လွှားနေပေမယ့် မင်းအပျော်က ယုန်အမြီးလိုပဲ တိုတိုလေး မကြာခင်ပဲ ပြီးသွားလိမ့်မယ်”
သူဌေးထုံက ထိုအမျိုးသမီးကို လက်ညှိုးညွှန်ပြီး တဲ့တိုး ပြောလိုက်သည်။
သူဌေးယွမ် ဆိုင်မဖွင့်တော့တဲ့နေ့မှပဲ ဖြစ်လိမ့်မယ်”
ထိုအမျိုးသမီးက စိတ်ဆိုးစွာ ပြန်ပြောပြီး လှည့်ထွက်သွားသည်။
သူမအတွက် အရေးကြီးဆုံးအကြွေထည့်စက် ထဲက သောက်စရာတွေ ရောင်းကုန်သွားပြီလား ဆိုတာ စစ်ဆေးရတာပဲ ဖြစ်သည်။
ရောင်းကုန်သွားပြီဆိုရင် ချက်ချင်း ပြန်ဖြည့်ရမည်။
ဒါကသာ သူမအတွက် အရေးအကြီးဆုံး ကိစ္စဖြစ်သည်။
သူဌေးထုံအတွက် သူမကို မနာလိုဖြစ် နေ
သည့် အသက်ကြီးကြီးအမျိုးသမီးတစ်ယောက်ပဲ ထင်ထားခဲ့သည်။
ယွမ်ကျိုးစားသောက်ဆိုင်ထဲမှာ ယခင်လိုပဲ လူများစွာနှင့် အလုပ်ရှုပ်နေဆဲပဲ ဖြစ်သည်။
ဖောက်သည်တွေက လက်ရှိဖြစ်ပေါ်နေတဲ့ သတင်းတွေကို ပြောကြပြီး အစားအစာအကြောင်းတွေကို ဆွေးနွေးကြသည်။ ယတချို့ကတော့ အမျိုးမျိုးသော လှည့်ကွက်တွေ သုံးပြီး တခြားသူရဲ့ အစားအစာကို စားရဖို့ ကြိုးစားနေကြသည်။
လူတိုင်းက ယခင်လိုပဲ ပုံမှန်အတိုင်း လည်ပတ်နေကြသည်။
ကွာခြားမှု တစ်ခုသာရှိမည်ဆိုပါက လူတိုင်း
၏လက်ထဲမှာ သောက်စရာတစ်ခုစီ ကိုင်ထားတာပဲ ဖြစ်နိုင်သည်။
တချို့က ပုံမှန်အပူချိန်ရှိတဲ့ကာဗွန်နိတ် အအေး ကို သောက်နေကြပြီး တချို့ကတော့ ပူပူနွေးနွေး နို့လက်ဖက်ရည် ကို သောက်နေကြသည်။
“အင်း လူတွေ အတော်များများ ဝယ်နေကြပုံပဲ
” ယွမ်ကျိုးက တိတ်တိတ် ခေါင်းညိတ်လိုက်သည်။
ယွမ်ကျိုးကတော့ လုံးဝ မစိုးရိမ်ပါပေ။
အဘယ့်ကြောင့်ဆိုသော် ယနေ့ စီးပွားရေးကောင်းမှ မနက်ဖြန်မှာ စီးပွားရေးမကောင်းခြင်းကို နှိုင်းယှဉ်မြင်နိုင်မှာ ဖြစ်သည်။
နှိုင်းယှဉ်မှု ရှိလာတဲ့အခါ နာကျင်မှုလည်း ဖြစ်လာမှာပင်။
ယွမ်ကျိုးတစ်ယောက်တည်း မဟုတ်ပါပေ။ သဘောတူညီချက်ရပြီးသား ဖြစ်သည့် ကျန်းချန်းရှီ၊ လင်းဟုန်နဲ့ ဝူဟိုင်း သုံးယောက်လည်း ထိုအတိုင်း စဉ်းစားနေကြသည်။
ညစာအချိန်ရောက်လာတဲ့အခါ အကြွေထည့်စက်ဧ။်ရောင်းအားက ပိုတောင် ကြောက်စရာကောင်းလာသည်။
အမျိုးသမီးက သောက်စရာတွေကို ၁၅ မိနစ် တစ်ကြိမ်လောက် ပြန်ဖြည့်ရလောက်အောင်ဖြစ်နေခြင်းပင်။
ထိုသို့ဖြင့် ယွမ်ကျိုး ဆိုင်ပိတ်တဲ့အချိန်ထိ ထိုအတိုင်းဆက်ဖြစ်နေသည်။
“ပင်ပန်းလိုက်တာ ပိုက်ဆံထည့်တဲ့သေတ္တာက လည်း သေးလွန်းတယ်”
သူမရဲ့ မျက်နှာပေါ်က မောက်မာ၀င့်ကြွားမှု့က ပေါ်လွင်နေသည်။
“ငါ ပြောထားတာပဲ မဟုတ်လား
အလုပ်ဖြစ်မယ်လို့၊
အခု ကြည့်ပါဦး၊ ငါ မှန်နေတယ်
သောက်စရာတွေ စျေးနည်းနည်း ပိုတင်ထားတာ အရေးမပါပါဘူး၊
ငါက ဒီထက်ပိုတင်ထားတာရှိသေးတယ်၊ ဒါတောင် ပုံမှန်ပဲ ရောင်းကောင်းတုန်း”
အမျိုးသမီးက သူမရဲ့ ခင်ပွန်းကို မာနကြီးစွာ ပြောလိုက်သည်။
“အင်း… မင်း ပြောတာ မှန်ပါတယ်” ခေါက်ဆွဲဆိုင်သူဌေးက ရိုးသားတဲ့ လူဖြစ်သည်။
ထို့ကြောင့် သူက မတွေးဘဲ သဘောတူပြီး ပြောလိုက်သည်။
“အဲဒါပေါ့ငါ မှန်တာပဲလေ
အခု အဲဒီလူကို ဖုန်းခေါ်ပြီး သောက်စရာတွေ ထပ်မှာရမယ်
ပိုပြီး သိမ်းထားတာက ပိုကောင်းတယ်
များလေလေ ကောင်းလေလေပဲ”
အမျိုးသမီးက ဉာဏ်ကောင်းစွာ စဉ်းစားလိုက်သည်။
“ကောင်းပြီ ငါ သွားပြီး စီစဉ်ထားလိုက်မယ်” ယောက်ျားဖြစ်သူက နာခံစွာ ပြောလိုက်သည်။
ဖုန်းခေါ်ပြီးချိန်မှာ အနောက်တိုင်း၀တ်စုံနှင့်လူက မိမိကိုယ်ကို ကြွားဝါပြောဆိူလိုက်သည်။သူတို့အချင်းချင်း ချီးကျူးပြီးနောက် နောက်နေ့တွင်လည်း ပစ္စည်းများပိုယူရန် သဘောတူညီချက် ပြုလိုက်ကြသည်။
သို့သော် နောက်နေ့ မနက်စောစောမှာယွမ်ကျိုးစားသောက်ဆိုင် တံခါးရှေ့တွင် LED ဘုတ်ပြားတစ်ခု ထားထားခြင်းကို တွေ့လိုက်ရသည်။
အရင်အတိုင်းပင် ယွမ်ကျိုး၏ကိုယ်ပိုင်စတိုင်ဖြစ်သည့် ရောင်စုံ နီယွန်မီးလေးတွေ တောက်ပနေသည်။
သို့သော် ယခုအကြိမ်သည် ဟင်
းအသစ်ကြော်ငြာခြင်း မဟုတ်သကဲ့သို့ ပရိုမိုးရှင်း ဆင်းခြင်းလည်း မဟုတ်ပါ။
ခေါင်းမော့ကြည့်လိုက်တာနှင့် ဖောက်သည်တွေက “ နွေးထွေး စွာ သတိပေးချက်” ဆိုတဲ့ စာတန်းကို လွယ်လွယ်ကူကူ မြင်နိုင်သည်။
ယွမ်ကျိုး အပိုင်း (၄၈၂)
ပြီးပါပြီ။
***