အမှန်မှာ ယွမ်ကျိုး၏ ကြော်ငြာချက်မှာ အချိုရည်သောက်ရသည်ကို နှစ်သက်ပြီး ဆိုင်မှာလည်း အရသာရှိတာတွေကို စားချင်သည့် ဖောက်သည်များအပေါ် များစွာ သက်ရောက်မှု့မရှိခဲ့ပါ။
ထိုသူများက အချိုရည် အရင်သောက်ပြီးမှ ဆိုင်မှာ လာစားကြမှာဖြစ်သည်။
ရလဒ်အနေနှင့် သက်ရောက်မှု့အရှိဆုံးအရာမှာအနောက်တိုင်း၀တ်စုံနှင့်လူ၏ အကြွေထည့်စက်ထဲမှ သောက်စရာများပင်ဖြစ်သည်။
“ဘာဖြစ်တာလဲ မနက်ဘက်မှာ အချိုရည် မသောက်ကြတော့ဘူးလား ”
ဆိုင်ရှင်အမျိုးသမီးက စိတ်ထဲမှာ နည်းနည်း စိုးရိမ်လာသည်။
ဖောက်သည်တွေ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားဖို့ ပြင်ဆင်နေကြတာကို မြင်လိုက်တော့ သူမက မိန်းကလေးတစ်ယောက်ဆီ သွားပြီး မေးလိုက်သည်။
“ညီမလေး မနက်ဘက် အချိုရည် မသောက်ဘူးလား ”
သူမရဲ့ လိမ္မာထက်မြက်တဲ့ မျက်နှာပေါ်မှာ အပြုံးများပြည့်လျက် မေးလိုက်သည်။
“အခုကစပြီး မသောက်တော့ဘူး သူဌေးယွမ် ရဲ့ အကြံကို လိုက်နာရမယ် ”
မိန်းကလေးက အလေးအနက် ပြောလိုက်သည်။
“အဲဒီစားသောက်ဆိုင်ပိုင်ရှင်က မသောက်ဖို့ ပြောတာလား ”
ဆိုင်ရှင်အမျိုးသမီးက ချက်ချင်း ပြန်မေးလိုက်သည်။
“ဟုတ်တယ် သူက ကျွန်မတို့ကို အရမ်း ဂရုစိုက်တာ”
မိန်းကလေးက ပြောပြီး ချက်ချင်း လှည့်ထွက်သွား သည်။
“သွားပါပြီ အဲဒီကောင်လေးက ဖောက်သည်တွေကို ဘာတွေ ပြောထားတာလဲ ”
ဆိုင်ရှင်အမျိုးသမီးက ယွမ်ကျိုးရဲ့ ဆိုင်ဘက်ကို စိုက်ကြည့်ပြီး ဒေါသအပြည့်ဖြင့် ရေရွတ်လိုက်သည်။
“ငါ သေချာ စုံစမ်းရမယ် ”
သူမက လွယ်လွယ်နှင့် လက်လျှော့မယ့် လူမျိုး မဟုတ်ပါ။
တစ်နာရီလောက်ပဲ ကြာခဲ့သော်လည်း
သူမက ဖောက်သည် သုံးယောက်ကို မေးမြန်းပြီးသွားပြီဖြစ်သည်။
သို့သော် အဖြေက တစ်မျိုးတည်းပင်။
ယွမ်ကျိုး၏' နွေးထွေးစွာသတိပေးချက်'ကြောင့်ပင်ဖြစ်သည်။
“ဒီကောင်လေးက ငါ့ငွေရတဲ့ လမ်းကို ပိတ်ချင်တာလား”
ဆိုင်ရှင်အမျိုးသမီးက ဒေါသထွက်လာပြီး ထို ကြော်ငြာ ကို သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
ကြော်ငြာ ထားတဲ့နေရာက အတော်လေးထင်ရှားသည့် ယွမ်ကျိုးဆိုင် တံခါးရှေ့တည့်တည့်မှာ ဖြစ်၍ အနီးကပ်တာနှင့် ချက်ချင်း မြင်လိုက်ရသည်။
စာတွေကို တစ်ကြောင်းပြီးတစ်ကြောင်း ဖတ်ပြီးနောက်မှာတော့ ဆိုင်ရှင်အမျိုးသမီးက စိတ်ထဲမှာ ရယ်လိုက်သည်။
“ဒါလား ငါကတော့ တစ်ခုခု ထင်ခဲ့တာ ”
သူမက ချက်ချင်း စိတ်အေးသွားသည်။
သူမအမြင်တွင် ယခုလို ကြော်ငြာစာက မည်သည့်အကျိုးမျှ ရှိမည်မဟုတ်။
အခုခေတ် လူငယ်များက တခြားသူများ၏ အကြံအတိုင်း မလိုက်နာကြပေ။
မိဘတွေ၏ စကားတောင် နားမထောင်သည်ကို ယခုလို စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက် ပြောတာကို နားထောင်တဲ့လား။
“လူငယ်တွေက ဆုံးမတာကို မကြိုက်ဘူးဆိုတာ သူမသိဘူးထင်တယ် တကယ်ကို အပြစ်ကင်းတဲ့ ကောင်လေးပဲ ”
သူမက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြန်သွားလိုက်သည်။
မနက်စာအချိန် ပြီးသွားပြီး မကြာခင်မှာပဲ
အနောက်တိုင်းဝတ်စုံနှင့်အဲဒီလူကအချိုရည်တွေ ပြည့်နေတဲ့ ဗန်ကား တစ်စီးကို မောင်းပြီး ရောက်လာသည်။
“ဒါတွေက များလွန်း တယ် သိမ်းဖို့ နေရာမလုံလောက်ဘူး ”
ဗန် ထဲ ပြည့်နေသည့် အချိုရည်တွေကို ကြည့်ပြီး ဆိုင်ပိုင်ရှင်က စိတ်ရှုပ်သွားသည်။
“စားပွဲအောက်မှာ ထားလိုက်ပါ ဘာပဲဖြစ်ဖြစ် သိမ်းလို့ရပါတယ် ”
ဆိုင်ရှင်အမျိုးသမီးက မစိုးရိမ်သည့်အသံနဲ့ ပြောလိုက်သည်။
“ဟုတ်တယ် စားပွဲအောက်မှာ ထားလိုက်ရင် လိုတဲ့အချိန် လွယ်လွယ် ယူလို့ရမယ် ”
ထိုလူက ချက်ချင်း ထောက်ခံလိုက်သည်။
“တကယ်ပဲ မနေ့က တစ်နေ့လုံး အချိုရည်တွေ ရွှေ့ရတာနဲ့ ပင်ပန်းသွားတာပဲ ”
ဆိုင်ရှင်အမျိုးသမီးက ပြောရင်း မကျေနပ်သလို ပြောပေမယ့် မျက်နှာပေါ်မှာတော့ ဂုဏ်ယူတဲ့ အပြုံး ရှိနေသည်။
“ဟုတ်တယ် မနေ့က နေ့တစ်၀က်တောင် မရောက်သေးဘူး
အချိုရည် ၃၅ကတ်လောက် ရောင်းပြီးသား မဟုတ်လား ”
အနောက်တိုင်းဝတ်စုံနှင့်လူကလည်း ပျော်ရွှင်နေသည်။
“ဟုတ် တယ် ခဏကြာရင် ထပ်ပြီး ဖြည့်ရတော့မယ် ”
ဆိုင်ရှင်အမျိုးသမီးက ခေါင်းညိတ်လိုက်သည်။
“ဒီ ၆၅ ကတ် လောက်နဲ့ ညနေထိ ရောင်းဖို့ လုံလောက်မလား ”
အနောက်တိုင်းဝတ်စုံနှင့်လူက ပြုံးပြီး မေးလိုက်သည်။
“မသေချာဘူးနော် ”
ဆိုင်ရှင်အမျိုးသမီးကလည်း ပြုံးပြီး ပြန်ပြောလိုက်သည်။
သူတို့နှစ်ယောက်၏ အပြုံးတွေကတော့ အလွန် ဂုဏ်ယူနေတဲ့ အပြုံးတွေဖြစ်သည်။
“စားပွဲအောက်မှာ ထားလိုက်ရင် ဖောက်သည်တွေ ဘယ်လိုလာစားမလဲ ”
ဆိုင်ပိုင်ရှင်က အားမလိုအားမရ ပြောလိုက်သည်။
“ရှင်ရဲ့ ခေါက်ဆွဲကို စားမယ့် လူ ဘယ်လောက်များတယ်လို့ ထင်နေလဲ
အချိုရည်ရောင်းတာတောင် ခေါက်ဆွဲရောင်းတာထက် ပိုကောင်းနေပြီ ”
ဆိုင်ရှင်အမျိုးသမီးက ချက်ချင်း ပြန်တုန့်ပြန်လိုက်သည်။
“ကောင်းပြီ မင်းပဲ ဆုံးဖြတ်ပါ ”
သူ့ဇနီးက ထိုကဲ့သို့ ပြောလိုက်၍ ဆိုင်ရှင်က မတတ်သာပဲ လက်ခံရတော့သည်။
“အကုန်လုံးကို အထဲ သယ်လာလိုက်"
လင်မယားနှစ်ယောက် စကားပြောနေစဉ်တွင် အနောက်တိုင်းဝတ်စုံနှင့်လူသည် အလုပ်သမားများကို ဦးဆောင်ပြီး အချိုရည်များကို ဆိုင်အတွင်းသို့ သယ်လာခဲ့သည်။
“ဒီလိုပါ ဒီအချိုရည်တွေကို စျေးကွက်ပေါက်ဈေးနဲ့ မင်းဝယ်လိုက်၊ အကြွေထည့်စက်ရဲ့ ကုန်ကျစရိတ်နဲ့ ပြုပြင်ထိန်းသိမ်းမှုကိုတော့ ငါ တာဝန်ယူမယ်၊ အချိုရည်ရောင်းဈေးကို မင်းကိုယ်တိုင် ဆုံးဖြတ်၊
ဒီမှာ ၆၅ကတ်ရဲ့ စုစုပေါင်းကုန်ကျစရိတ်ပါ”
အနောက်တိုင်းဝတ်စုံနှင့်လူသည်ဂဏန်းပေါင်းစက် ထုတ်ကာ စုစုပေါင်းငွေကို တွက်ချက်ပြီး ဆိုင်ရှင်အမျိုးသမီးထံ ပေးခဲ့သည်။
“ပြဿနာမရှိပါဘူး”
ဆိုင်ရှင်အမျိုးသမီးသည် ထပ်မံတွက်ချက်ကြည့်ပြီး ငွေပမာဏကို အတည်ပြုပြီးနောက် ချက်ချင်း သဘောတူလိုက်သည်။
ပုံမှန်အားဖြင့် အအေးကတ် တစ်ခုတွင် ပုလင်း ၁၂ ပုလင်း ပါဝင်ပြီး ဝယ်သူကို အပိုပုလင်း ၅ ပုလင်းလောက် ထပ်ပေးတတ်သည်။
မဟုတ်ရင် ၂.၅ ယွမ်နဲ့ ဝယ်ပြီး ၃ ယွမ်နဲ့ ပြန်ရောင်းတတ်သည်။
သို့သော် ဒီတစ်ခါမှာတော့ ဆိုင်ရှင်အမျိုးသမီးက စျေးကွက်ပေါက်ဈေးအတိုင်းပဲ ဝယ်ခဲ့သည်။
အကြောင်းကတော့ ဒီနေရာက ဈေးရောင်းကောင်းလွန်း၍ ဖြစ်သည်။
ထို့နောက် ကျန်ရှိသည့် အမြတ်များကိုတော့ အနောက်တိုင်းဝတ်စုံနှင့်လူက ရယူမည်ဖြစ်သည်။
ထို အမျိုးသမီး သူ ယခင်က ယွမ်ကျိုးဆိုင်အနားမှာ အကြွေထည့်စက်ထားဖို့ အားထုတ်ခဲ့သည့်အကြောင်းရင်းဖြစ်သည်။
လူတိုင်းကတော့ ငွေရှာနိုင်တဲ့ အခွင့်အရေးကို မလွယ်လွယ် လက်မလွှတ်တတ်ကြပေ။
မနေ့က နေ့တစ်ဝက်အတွင်း ရောင်းအားကို ကြည့်လိုက်ရုံနဲ့တင် အံ့ဩစရာကောင်းလောက်အောင် များနေကြောင်း သိနိုင်သည်။
ထို့အပြင် ရာသီဥတုအေးချိန်တွင် ရောင်းခဲ့ရခြင်း ဖြစ်သည်။
ပူသည့်နေ့များတွင် အချိုရည် ရောင်းအား ပိုမိုများနိုင်ခြေရှိသည်။
အကြွေထည့်စက်မှာ ရောင်းသည့်အရာတွေက စတိုးဆိုင်တွေထက် စျေးပိုမြင့်တာ သာမန်ပင်။
စတိုးဆိုင်များတွင် ဈေးတင်ပြီးရောင်း၍ မရပေ။
အကြောင်းက အကြွေထည့်စက်ကို နည်းပညာမြင့် စက်ပစ္စည်းဟု လူတွေ မြင်ကြ၍ဖြစ်သည်။
နှစ်ဖက်စလုံး သဘောတူညီမှုကို ပျော်ရွှင်စွာ ပြုလုပ်ပြီးနောက် အနောက်တိုင်းဝတ်စုံနှင့်လူက အကြွေထည့်စက်ကို သွားကြည့်ဖို့ အကြံပြုလိုက်သည်။
“သွားကြည့်ကြရအောင် ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က တစ်ခြားသူရဲ့ အခွင့်အရေးကို ယူထားတာပဲ၊ဆိုတော့ သူ့လုပ်ငန်းကို သက်ရောက်မှု ရှိမရှိ သိချင်တယ်ဗျာ”
အနောက်တိုင်းဝတ်စုံနှင့်လူက ပျော်ရွှင်သည့်ဟန်ပန်ဖြင့် ပြောလိုက်သည်။
“ဟုတ်တယ်အချိုရည်တွေ ထပ်ဖြည့်ရမလားလည်း ကြည့်ရအောင်”
ဆိုင်ရှင်အမျိုးသမီးက ယွမ်ကျိုးရဲ့အခြေအနေကို ကြည့်ချင်၍ ပြောလိုက်သည်။
“ဟုတ်တယ် သွားကြမယ်”
အနောက်တိုင်းဝတ်စုံနှင့်လူက ခေါင်းညိတ်လိုက်သည်။
“တက် တက် တက်”
နှစ်ယောက်လုံး အကြွေထည့်စက်ရှိရာသို့ နှစ်မိနစ်တောင် မကြာဘဲ လျှောက်သွားကြသည်။
သို့သော် ကြည့်လိုက်သောအခါ အချိုရည်များ အများကြီး ကျန်ရှိနေသေးသည်ကို တွေ့လိုက်ရသည်။
“ဘာလို့ အချိုရည်တွေ ဒီလောက် မရောင်းရသေးတာလဲ”
ဆိုင်ရှင်အမျိုးသမီးက တိတ်တဆိတ်မျက်မှောင်ကြုပ်ကာ ပြောလိုက်သည်။
“အခုထိ နေ့လယ်စာအချိန် မရောက်သေးဘူးဝယ်သူနည်းတာ ပုံမှန်ပါပဲ
ပြီးတော့ မင်းရဲ့ဈေးက တခြားဆိုင်တွေထက် ပိုမြင့်နေတယ်
လမ်းသွားလမ်းလာတွေကတော့ အဲ့ဒီဘက်က စတိုးဆိုင်မှာ ဝယ်ကြမှာပဲ”
အနောက်တိုင်းဝတ်စုံနှင့်လူက ဈေးနှုန်း နှစ်ဆနီးပါး ဖြစ်နေကြောင်း မြင်လိုက်တာနဲ့ ချက်ချင်း အကြောင်းရင်းကို သိလိုက်သည်။
“ဟုတ်တယ်နော် တန်းစီနေတဲ့ ဖောက်သည်တွေ မလာသေးဘူး”
“ဒါကြောင့် မစိုးရိမ်ပါနဲ့”
အနောက်တိုင်းဝတ်စုံနှင့်လူက နှစ်သိမ့်သလို ပြောလိုက်သည်။
“မစိုးရိမ်ပါဘူး မနေ့က ရောင်းအားကို ကြည့်လိုက်ရင် သိသာနေပြီ”
ဆိုင်ရှင်အမျိုးသမီးက ဂုဏ်ယူသလို ပြောလိုက်သည်။
“အင်း အဲ့ဒါ ဘာလဲ”
အနောက်တိုင်းဝတ်စုံနှင့်လူက ယွမ်ကျိုးဆိုင်ရှေ့မှာ ရောင်စုံအလင်းများ တောက်ပနေသော ဘုတ်ပြား ကို လက်ညှိုးထိုးပြပြီး မေးလိုက်သည်။
“အဲဒါလား အချိုရည် မသောက်ဖို့ကြော်ငြာထားတာတဲ့လေ"
ဆိုင်ရှင်အမျိုးသမီးက ပြောပြီး ထိုစာထဲမှာ ဘာတွေ ရေးထားသည်ကို အသေးစိတ် ရှင်းပြလိုက်သည်။
တစ်ချိန်တည်းမှာပဲ သူမရဲ့ ကိုယ်ပိုင်အမြင်ကိုလည်း ထည့်ပြောရန် မမေ့ခဲ့ပါ။
“ဟားဟား ဒီလို မိုက်မဲတဲ့ နည်းလမ်းကို စဉ်းစားရတာပဲလား
တကယ်ကို ရယ်စရာပဲ
အချိုရည် မသောက်ရဘူးလို့ မင်းပြောလိုက်တာနဲ့ လူတွေ လိုက်နာမယ်လို့ ထင်နေတာလား
မင်းရဲ့ ဆိုင်လုပ်ငန်းကျသွားရင်လည်း ငါတို့လုပ်ငန်းကို မထိခိုက်စေနဲ့ပေါ့”
အနောက်တိုင်းဝတ်စုံနှင့်လူက ယွမ်ကျိုးကို အလွန် မထီမဲ့မြင် အမြင်ဖြင့် ကြည့်ကာ ရယ်မောလိုက်သည်။
ယွမ်ကျိုးကတော့ ထိုအချိန်တွင် ပန်းပုလုပ်နေဆဲ ဖြစ်သည်။
“ဒီစက်က မင်းတို့ရဲ့ ဟာလား”
ရုတ်တရက် ဝူဟိုင်း သည် လှေကားပေါ်မှ ဆင်းလာပြီး မေးလိုက်သည်။
“ဟုတ်ပါတယ်ကြိုက်တဲ့ဟာကို ရွေးပြီး ငွေပေထည့်လိုက်ရင် ယူသွားလို့ရပါတယ်”
ဆိုင်ရှင်အမျိုးသမီးက ချက်ချင်း ပျော်ရွှင်စွာ ကြိုဆိုလိုက်သည်။
သူမက ဝူဟိုင်းကို ချမ်းသာသည် ထင်သဖြင့်ယဉ်ကျေးစွာ ပြောလိုက်သည်။
"ခင်ဗျားပြောတာ ဒီကြော်ငြာက ဘာမှမဟုတ်ဘူးပေါ့လေ"
ဝူဟိုင်းက အမျိုးသမီးကို မကြည့်ဘဲ အနောက်တိုင်း၀တ်စုံနှင့်လူကိုသာ ကြည့်ပြီးမေးလိုက်သည်။
"အင်းလေ အဲ့သူဌေးက အမြင်မရှိတာဗျာ ဘယ်သူက သူ့အကြံကို လက်ခံမှာလဲ"
ထိူလူက ပမာမခန့်ပြောလိုက်သည်။
"ဟာ ဒါဆိူ နေ့လည်ထိစောင့်ဦး ပျော်စရာလေးပွဲလေးတွေကြည့်သွား ဦးပေါ့ဗျာ"
ဝူဟိုင်းက နှုတ်ခမ်းမွှေးသပ်ရင်း ဆိုလိုက်သည်။
"ဘာပျော်စရာပွဲလဲဗျ
"
"အဲ့ပွဲနာမည်က သူဌေးယွမ်ကို အခွင့်ကောင်းယူလို့်မရဘူး'လို့ ခေါ်တယ်ဗျ"
"မှန်တာပေါ့ကွာ"
လှေကား ကနေ အခုမှဆင်းလာသည့် လင်းဟုန်က ခေါင်းငြိမ့်ပြီး ထောက်ခံလိုက်သည်။
ယွမ်ကျိုး အပိုင်း (၄၈၄)
ပြီးပါပြီ။
***